← Chapters

မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ

Vol. 102 Ch. 1526

မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ

Vol. 102 Ch. 1526

“ မင်း … မင်း ဒါ ဘာလုပ်နေတာလဲ…”

လင်းရီ ရုတ်တရက်ကြီး ဓားမြောင်ထုတ်လာသည်ကို မြင်တော့ မာကျင်းစုန့် ရုတ်ချည်း ကြောက်ရွံ့လာခဲ့တော့သည်။

သာမန်လူက ဓားမြောင်တစ်ချောင်းကို သာမန်လျှံကာ ဆောင်ထားမည် မဟုတ်ချေ။

ထို့ပြင် ဓားမြောင်၏ ပုံစံကလည်း ထူးဆန်းလှ၏။ သာမန် ပစ္စည်းတော့ ဟုတ်ဟန်မတူချေ။

“ မင်း … မင်း ဘယ်သူတုန်း …”

“ ငါ ဘယ်သူလဲ အရေးမကြီးဘူး … အရေးကြီးတာ မင်းငါ့ကို ဘာပြောမှာလဲ ဆိုတာပဲ…”

မူလက ယုံကြည်မှုတို့ ပြည့်လျှံနေသည့် မာကျင်းစုန့်သည် ချက်ချင်းဆိုသလို စိတ်ဓာတ် ဟိုးအောက်ဆုံး ကျလာခဲ့တော့၏။

လင်းရီကို စကားတစ်ခွန်းပင် ပြန်မပြောဝံ့သည်အထိ ကြောက်ရွံ့နေမိတော့သည်။

ဓားမြောင်၏ သွင်ပြင်ထက် လင်းရီထံက ထုတ်လွှတ်နေသည့် လူသတ်ချင်သည့် အကြည့်တို့က သူ့အား ပို၍ ခြောက်ခြားသွားစေသည်။

“ ငါ့ … ငါ့သူဌေးက ဒါရိုက်တာရန်ကို စိတ်ဝင်စားနေလို့ မင်းကို မောင်းထုတ်ခိုင်းလိုက်တာ .. သူက ဒါရိုက်တာရန်ကို သူနဲ့ အတူနေပြီး သောက်ခိုင်းစေချင်နေတာ …”

လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားပြီး ရက်စက်သည့် အရိပ်အယောင်တို့ လှစ်ဟာပြလာသည်။

“ မင်းရဲ့ သူဌေးက ဘယ်သူလဲ … သူ အခု ဘယ်မှာလဲ…”

“ သူ့နာမည်က ချိန်ခဲ့ … သူက လျန်ယင် ရိုက်ကူးရေး အုပ်စုရဲ့ ဒုဥက္ကဌ … အခု အခန်း ၁၇၀၄ မှာ…”

….

သီးသန့်ခန်းထဲတွင် ကျန်ရှိသည့် ဝိုင်နီ တစ်ဝက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ရန်စီသည် သူမ၏ နဖူးကို ပေါ့ပေါ့ပါးပါး ပင့်ထောက်ထားပြီး သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားနေရ၏။ “ ဥက္ကဌချိန် … ကျွန်မ သောက်ပြီးပြီ… အရင်ပြန်တော့မယ်.. မဟုတ်ရင် ကျွန်မ ချစ်သူ စိတ်ပူနေတော့မှာ…”

ထောက် …

ချိန်ခဲ့ စီးကရက်ကို မီးညှိလိုက်ပြီး “ ဒါရိုက်တာရန် … ကျုပ် ခုလေးတင် သန့်စင်ခန်းသွားတုန်းက ဖုန်းဝင်လာလို့ ဖုန်းထွက်ပြောတာ အောက်ထပ်မှာ မင်းပြောတဲ့လူကို မမြင်မိဘူးနော်… ဘာလဲ ကျုပ်တို့နဲ့ မသောက်ချင်တိုင်း ဆင်ခြေတွေ လျှောက်ပေးနေတာလား…”

“ ဆင်ခြေတွေ လျှောက်ပေးတယ်… ဘယ်လိုလုပ် ဖြစ်နိုင်မှာ..” ရန်စီ ပြောလိုက်ပြီး “ သူ ကျွန်မကို ခုလေးတင် ဖုန်းဆက်ပြီး အောက်ထပ်မှာ စောင့်နေတယ် ပြောခဲ့တာ… သူ သန့်စင်ခန်း သွားတာနဲ့ ကြုံလို့ ဥက္ကဌချိန် မမြင်တာ ဖြစ်ရင် ဖြစ်မှာပေါ့…”

“ ဟုတ်လား … ကျုပ်တော့ မထင်ဘူးနော်…” ချိန်ခဲ့ ပြောလိုက်ပြီး “ ဒါရိုက်တာရန် … ဒီလို လုပ်ရင်ကော … အပြင်သွားပြီး တစ်ချက် သွားကြည့်ကြစို့ … တကယ်လို့ မင်းရဲ့ ကောင်လေးက တကယ်ကြီး ဒီမှာ ရှိရင် သူနဲ့ ပြန်လိုက်သွားလို့ရတယ်… တကယ်လို့ မရှိဘူးဆို ငါတို့နဲ့ နေပြီး အတူဆက်သောက်ရမယ်… ဒီ တောင်းဆိုမှုက မလွန်ဘူး မလား …”

“ ဒါပေါ့ … ဘယ်လွန်မှာ…”

ရန်စီ များများစားစား တွေးတောမနေခဲ့ချေ။ လင်းရီ၏ အကျင့်စရိုက်ဖြင့် သူက လာသည်ဆိုကတည်းက သူကျိန်းသေပေါက်ကို လာခဲ့လိမ့်မည်။

ချိန်ခဲ့၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မာကျင်းစုန့်က ဖြေရှင်းပြီးပြီဟူ၍ မက်ဆေ့ချ်ပို့ထားပြီး ဖြစ်သည်။

ယခုလောက်ဆို သူ မောင်းထုတ်ထားပြီး ဖြစ်၏။ အကယ်၍ သူမသာ သူ့ကို သွားရှာမည် ဆိုပါက သူ့ချစ်သူမှာ အိမ်ပင် ပြန်ရောက်နေလောက်ပြီ ဖြစ်သည်။

ရန်စီ သူမ၏ ဟန်းဘတ်အိတ်ကို လွယ်ပြီး အရင်ဦးဆုံး ထလိုက်၏။

အခြားသူများလည်း စားပွဲက ထလိုက်ကြသည်။ သို့သော် ၎င်းတို့၏ အိတ်များ၊ အင်္ကျီများကို ယူဆောင်ခြင်းတော့ မပြုကြချေ။ သူတို့က ပြန်လာပြီး သောက်စားကြဦးပေမည်။

ရန်စီနှင့် အတူ ညစာစားပွဲသို့ တက်ရောက်လာသည့် စွန်းချင်သည် တိတ်တဆိတ် ခေါင်းခါရမ်းမိလိုက်၏။ ဥက္ကဌချိန်၏ သဘောထားက သိသာထင်ရှားလှသည်။ သူက သူမနှင့် ပိုပြီး ထိတွေ့ဆက်ဆံချင်သော်ငြားလည်း ဤမိန်းမက ထွက်ခွာချင်နေဆဲပင်။

ဤသို့သော အကျင့်စရိုက်မျိုးဖြင့် ဆိုပါက ဖျော်ဖြေရေး လောက၌ ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ချေ။

အုပ်စုမှာ သီးသန့်ခန်းထဲက ထွက်လာပြီး ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ချိန်ခဲ့ လှမ်းကြည့်လိုက်တော့ ဟောခန်းမထဲတွင် လူတော်တော်များများ ရှိမနေသည်ကို သတိပြုမိလိုက်လေသည်။ အနည်းအကျဉ်းကလည်း သက်ကြီးပိုင်းများသာ ဖြစ်ပြီး မည်သူကမျှ သူမ၏ ကောင်လေး ဖြစ်နိုင်သည့်ပုံစံ မပေါ်ချေ။

“ ဒါရိုက်တာရန် … ဘယ်တစ်ယောက်က မင်းရဲ့ ချစ်သူကောင်လေးလဲ … ငါတို့ကို မိတ်ဆက်ပေးပါလား..”

ရန်စီ ခေတ္တမျှ ခြေဖျားထောက်ကြည့်လိုက်ပြီး အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ရှုသော်ငြား လင်းရီကို မမြင်တွေ့မိချေ။

“ သူ သန့်စင်ခန်း သွားနေလို့များလား…”

ရင်ထဲတွင် ထိုသို့ ရေရွတ်ရင်း ရန်စီ သူမ၏ ဖုန်းကို ထုတ်၍ ပြုံးလိုက်၏။

“ ကျွန်မချစ်သူဆီ ဖုန်းဆက်ပြီး သူ ဘယ်ရောက်နေလဲ မေးကြည့်လိုက်မယ်…”

“ ဒါရိုက်တာရန် … မင်း ဖုန်းဆက်နေစရာ မလိုပါဘူး …” ချိန်ခဲ့ ပြောလိုက်ပြီး “ မင်း ငါတို့နဲ့ အတူမသောက်ချင်ဘူးဆိုလည်း ဒီတိုင်း တည့်ပြောလိုက်… ဒီလို ဆင်ခြေတွေ ပေးစရာ မလိုပါဘူး….”

“ ဥက္ကဌချိန်… ရှင် နားလည်မှု လွဲနေပြီ… ဒီတိုင်း ကျွန်မက သောက်တဲ့နေရာမှာ မတော်လို့ ကျွန်မ အများကြီး သိပ် မသောက်နိုင်လို့ပါ…”

“ ရတယ်လေ… ဝိတ်တာကို အသီးဖျော်ရည် ယူလာခိုင်းလိုက်မယ်.. ဒါမှမဟုတ် သွားဖို့ နောက်တစ်နေရာ ရှာကြတာပေါ့ .. ငါတို့ အတူမဆုံဖြစ်တာလည်း ကြာပြီဆိုတော့ ကြုံတုန်းလေး အတူတူပျော်ကြတာပေါ့…”

“ ဥက္ကဌချိန် ပြောတာ မှန်တယ်…” စွန်းချင် ပြောလိုက်ပြီး “ ရန်ရန်… မင်း ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်ကားက နောက်နှစ်ဆို ဖြန့်ဝေတော့မှာ မလား … ရုပ်ရှင်ရုံတွေရဲ့ ပံ့ပိုးမှုကို ကျိန်းသေပေါက် လိုတယ်… ဒီ အခွင့်အရေးကြီးနဲ့ လွဲချော်သွားခဲ့ရင် စိတ်မကောင်းစရာပဲနော်…”

ရန်စီမှာ အနည်းငယ် ဆုံးဖြတ်ရ ကြပ်သွားခဲ့ရ၏။ ဤသည်က အမှန်ပင် ရှားပါး အခွင့်အရေး တစ်ရပ်ဖြစ်သည်။

သို့သော် သူမလည်း မတတ်နိုင်ပေ။ သူမ သည့်ထက်ပို၍ ဆက်မသောက်နိုင်တော့ချေ။

မဟုတ်ပါက မကောင်းသည့်အရာ တစ်ခုခု ဖြစ်ပျက်သွားနိုင်သည်။ ဖျော်ဖြေရေးနယ်ပယ်အတွင်း၌ လူကောင်းသူကောင်းဟူသည် ဂျိုနှင့်လားဟူ၍ မေးခွန်းထုတ်စရာ ဖြစ်သည်အထိကို ဆိုးရွားလွန်းလှသည်။

“ ဘာတွေ တွေဝေနေတာ … မင်းကောင်လေးက ရှိမှမရှိဘဲကို ပြန်သွားပြီး ဆက်သောက်ကြစို့ …”

ပြောပြီးနောက် ချိန်ခဲ့သည် ရန်စီ၏ လက်ကို ဆွဲ၍ သူမကို သီးသန့်ခန်းထဲ ပြန်ခေါ်သွားချင်နေဟန်ပင်။

ဖြန်း …

ရန်စီ မသိစိတ်အလျောက် ချိန်ခဲ့ကို ပါးရိုက်လိုက်ပြီး လူတိုင်းကို ကြက်သေသေသွားစေခဲ့၏။

“ ရှင် ဒါ ဘာလုပ်တာလဲ … ကျွန်မက အဲ့လို လူစားမျိုးမဟုတ်ဘူး …”

ချိန်ခဲ့ သူ၏ မျက်နှာကို အုပ်ထားရင်း ရန်စီ၏ လက်ဝါးကြောင့် ကြက်သေသေနေမိသည်။

ဒါရိုက်တာ အသေးစားလေးက သူ့အား ရိုက်ဝံ့သည်အထိ သတ္တိကောင်းနေလိမ့်မည်လို့ သူ ထင်မထားခဲ့ချေ။

“ မင်း စောက်ရှက် လာမမဲ့နဲ့ …” ချိန်ခဲ့ ကျိန်ဆဲလိုက်ပြီး “ မင်းကို လှလို့ ဒီလောက်ထိ လိုက်လျောပေးနေတာကို အတင်းအကြပ် မလုပ်ဝံ့ဘူးများ ထင်နေတာလား … ငါ ပြောလိုက်မယ်… မင်း ခုကစပြီး . . . . . အာ့ …”

ချိန်ခဲ့ စကားဆုံးသည်အထိ မပြောနိုင်ခင်မှာပဲ ရုတ်ချည်းဆိုသလို နောက်ကနေ တစ်စုံတစ်ယောက်၏ ပိတ်ကန်ခြင်းကို ခံလိုက်ရပြီး သုံးလေးမီတာ အထိ လွင့်ထွက်သွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ မျက်နှာအပ်သွားခဲ့တော့၏။

“ မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ….”

“ လင်းရီ …”

သူ့နောက် ရှိနေသူက လင်းရီ ဖြစ်နေကြောင်း သိလိုက်ရတော့ ရန်စီ ပျော်မြူးသွားခဲ့သည်။ သူမ အလျင်အမြန် ဘေးသို့ ရောက်လာပြီး သူ၏ လက်ကို တက်တက်ကြွကြွ ရှိသည့် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ တွယ်ဖက်ထားလိုက်၏။

လူတိုင်းက ရုတ်ချည်းဆိုသလို ချိန်ခဲ့အား ပိတ်ကန်လိုက်သည့်လူမှာ လူငယ်လေး တစ်ယောက် ဖြစ်ကြောင်းကို သတိပြုမိသွားခဲ့ကြသည်။

သို့သော် လူတစ်ချို့က ဆောင်းလယ်ရောက်နေသကဲ့သို့ ဣန္ဒြေပင် မဆည်နိုင်သည်အထိ မရပ်မနား တုန်ယင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လင်းရီကို မှတ်မိကြသောကြောင့်ပင်။

“ ငိုးပဲ … ဘယ်ကောင် ငါ့ကို ကန်တာတုန်းကွ… ငါ လူလွှတ်ပြီး လည်လှီးခိုင်းပစ်မယ်ဆိုတာ ယုံလား…”

လင်းရီသည် ချိန်ခဲ့ထံ ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး မျက်နှာပေါ် ဖိနပ်နှင့် နင်းခြေမွလိုက်သည်။

“ ဒါဆို အခု ခေါ်လိုက် … မင်း ဘယ်လောက်များများ စုဆောင်းနိုင်မလဲ ငါကြည့်စမ်းမယ်…”

“ မင်း သတ္တိရှိရင် ငါ့ပေါ်ကနေ ဖယ်လိုက်စမ်း …” ဖိနပ်အောက်က ချိန်ခဲ့၏ မျက်နှာမှာ အကြောတို့ ထောင်ထသည်အထိ တင်းမာနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ ငါ မင်းကို မိနစ်ပိုင်း အတွင်း သတ်ပြမယ်…”

“ ချိန်… ဥက္ကဌချိန် …. ခင်များ တော်လိုက်တော့ … ခင်များ ဒီလူကို အပြစ်ပြုမိလို့ မရဘူး … မြန်မြန် သူ့ကို ပြန်တောင်းပန်လိုက် …”

ထိပ်ပြောင်နှင့် အမျိုးသားတစ်ဦးက ကြောက်လန့်နေသည့် အသံဖြင့် ပြောလိုက်သည်။ မဆီမဆိုင် သူတို့ပါ ဝင်ပြီး စက်ကွင်း မလွတ်မည်ကို ကြောက်နေမိ၏။

“ ငါ့နာမည် ချိန်ခဲ့ …. ငါ အပြစ်ပြုလို့ မရတဲ့လူ ဘယ်သူ ရှိတုန်းကွ… “

“ ခင်များက ရုပ်ရှင် နယ်ပယ်ထဲမှာလောက် နာမည်လေးနည်းနည်း ရှိတာ… ရုပ်ရှင် နယ်ပယ်ဆိုတာ ဟွာရှမှာ နယ်ပယ် သေးသေးလေးရယ် … မပြောပလောက်ဘူး … “ ထိပ်ပြောင်နှင့် လူက ပြောလိုက်ပြီး “ ဒီ လူကြီးမင်းက လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်း … သူ့ကြွယ်ဝမှုက ဘီလီယမ် ရာနဲ့ချီတယ်… လီတိုဂရပ်ဖီစက်ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တာလည်း သူတို့ပဲ.. ဥက္ကဌလင်းနဲ့ ယှဉ်နိုင်တဲ့လူဆိုတာ လက်တစ်ဆုပ်စာလောက် ရှိတာ … ခင်များ သူ့ကို မဆန့်ကျင်တာ အကောင်းဆုံးပဲ …”

“ ရာ … ရာနဲ့ချီတဲ့ ဘီလီယမ်….”

ချိန်ခဲ့ ကြက်သေသေသွားခဲ့ပြီး အခြားသော လင်းရီကို မမြင်ဖူးကြသည့် လူတို့လည်း ထိုကဲ့သို့ပင်။ သူတို့ရှေ့ရှိ အနှီလူငယ်လေးက ထိုမျှ ကြီးမားလှသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားနေသည်လော။

ချိန်ခဲ့၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်လာပြီး သူ၏ မျက်နှာမှာလည်း ဖြူလျော်လာခဲ့၏။ ကြောက်ရွံ့နေသည်မှာ အသိသာကြီးပင်။

သူကဲ့သို့သော စွန့်ဦး လုပ်ငန်းရှင်အသေးစားလေးက နိုင်ငံနှင့် သက်ဆိုင်သည့် အမျိုးသားရေး အဆင့်ကဲ့သို့သော စီးပွားရေး လုပ်ငန်းရှင်များနှင့်ယှဉ်သော် သူ့အဆင့် သူသိသည်။ သူက လင်းရီနှင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်ချေ။ သူ၏ နှုတ်ထွက် စကားတစ်ခွန်းနှင့်ပင် သူ မည်သို့ အဆုံးသတ်လို့ သတ်သွားမှန်း မသိလိုက် ဖြစ်လိမ့်မည်။

“ ဥက္ကဌလင်း … ဒါ ငါ့အမှားပါ.. ဒါရိုက်တာရန်က မင်းရဲ့ မိန်းကလေးမှန်း ငါမသိခဲ့လို့ပါ… မင်းငါ့ကို နောက်ထပ် အခွင့်အရေး တစ်ခါလောက် ပေးဖို့ တောင်းဆိုပါတယ်…” ချိန်ခဲ့ တုန်ယင်စွာ ပြောလိုက်ပြီး “ ဒါရိုက်တာရန် … ဒါရိုက်တာရန် ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်ကားထွက်လာရင် ကျုပ် သေချာပေါက် ပြသနိုင်မယ့် အကြိမ်အရေအတွက်ကို တိုးမြင့်ပေးပါ့မယ်… ကျုပ်ကို အခွင့်အရေး တစ်ခါလောက်ပဲ ထပ်ပေးပါ…”

“ ဟက်…”

လင်းရီ အထင်သေးစွာဖြင့် နှုာမှုတ်လိုက်ပြီး “ မင်းအဆင့်လောက်ကို မပြောနဲ့ … မင်းတို့ ရုပ်ရှင်ရုံ အသေးစားလေးရဲ့ စီအီးအိုတောင် ငါ့ကို မြင်ရင် ခေါင်းငုံ့ပြီး ခယဝပ်တွားရဦးမယ်… မင်း အကူအညီကို ဘာကိစ္စ လိုအပ်နေဦးမှာ …”

All Chapters