← Chapters

မူလစဦး ဆဋ္ဌမအဆင့်

Vol. 25 Ch. 337

မူလစဦး ဆဋ္ဌမအဆင့်

Vol. 25 Ch. 337

ဝေယိုရွှမ်းမှ ထုံးလုံအားဆက်၍ စိန်ခေါ်လိုက်သောအခါတွင်မူ စိန်းထိုက်ယွမ်တပည့်များ၏

အမူအရာများပျက်သွားကြပြီ မျက်ဝန်းများတွင် ဒေါသများဖြင့် ပြည့်နှက်သွားရသည်။

"ဝေယိုရွှမ်းက အရမ်းကိုသွေးနားထင် ရောက်နေတော့တာပဲ"

"စီနီယာအကိုကြီးထုံးလုံကို လွယ်လွယ်ကူကူ အနိုင်ယူလို့ရမယ်လို့ တကယ်ထင်နေတာလား"

"ဝေယိုရွှမ်းက အရမ်းတော်တယ်ဆိုပေမယ့် အကိုထုံးလုံကလည်း အားနည်းတဲ့သူမှမဟုတ်တာ။ သူက

ဘာကိစ္စနဲ့ အကိုထုံးလုံကို ဂရုတောင်မစိုက်သလို

လုပ်နေရတာလဲ။"

"......."

စိန်းထိုက်ယွမ်၏တပည့်အများအပြားမှာ ဒေါသထွက်ကာ မခံမရပ်နိုင် ဖြစ်နေကြသည်။

ကျောက်တုံးပွဲကြည့်စင်ပေါ်တွင်မူ စိန်းထိုက်ယွမ်၏

အမူအရာမှာ ပျက်ယွင်းလျက်ရှိပြီး တဖက်ပွဲကြည့်စင်ပေါ်ရှိ လုဟုန်းအားလှမ်း၍ ကြည့်လိုက်သည်။ လုဟုန်းသည် ပျက်ရယ်ပြုချင်နေဟန် ရှိနေသည်။

စိန်းထိုက်ယွမ်သည် လက်အားဝေ့ယမ်းလိုက်ကာ

ဒေါသထွက်နေသော သူ၏တပည့်များကို တိတ်ဆိတ်စေလိုက်၏။ ယခုအချိန်တွင် ဝေဖန်ပြောဆိုနေခြင်းက

အသုံးဝင်မည်မဟုတ်ပဲ တခြားသူများက အထင်သေးစေရုံသာ ရှိပေမည်။

စိန်းထိုက်ယွမ်သည် ကျောက်တုံးစင်မြင့်ပေါ်ရှိ

ဝေယိုရွှမ်းကိုသာ စူးရှစွာ ကြည့်နေလျက်ရှိသည်။

........

"ဝေယိုရွှမ်းက တော်တော်လေး စိတ်ကြီးဝင်နေတာ မဟုတ်ဘူးလား။အကုန်လုံးကို သူတစ်ယောက်ထဲနဲ့

အနိုင်ပိုင်းဖို့ စီစဥ်နေတာလား။" အကြီးအကဲလုစုန့်၏

ပွဲကြည့်စင်ထက်မှ လုယန်းက မျက်တောင်ပင်မခတ်ပဲ

စောင့်ကြည့်နေရင်း ပြောလိုက်သည်။

လုစုန့်၏ မျက်ခုံးများ ကျုံ့ဝင်သွားရသည်။ ဝေယိုရွှမ်းသည် အကြီးအကဲစိန်းထိုက်ယွမ်တို့အား မျက်နှာရစရာပင် မရှိအောင် ပြုလုပ်မည့်သဘောမှာ ရှိသည်။

အခြားသောတောင်ထွတ်မှတပည့်များပါ လာရောက်ကြည့်ရှုနေသည့် ယခုယှဥ်ပြိုင်ပွဲတွင် စိန်းထိုက်ယွမ်ဖက်မှ တပည့်သုံးယောက်လုံးအား လုဟုန်းဖက်မှ တပည့်တစ်ယောက်ထဲနှင့် အနိုင်ပိုင်းလိုက်မည်ဆိုလျှင်

စိန်းထိုက်ယွမ်၏ ဂုဏ်သိက္ခာသည် အကြီးအကျယ် ထိခိုက်ရပေလိမ့်မည်။

ထို့အပြင် ဤသတင်း ပျံ့နှံ့သွားသည်နှင့်တကွ အခြားသူများမှ အကြီးအကဲစိန်းထိုက်ယွမ်နှင့် တပည့်များအား အသုံးမကျသောသူများဟု သမုတ်ကြပေတော့မည်။

"လုဟုန်းက ေတာ်တော်စိတ်ကြီးဝင်နေတာပဲ။" လုစုန့်၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းနေရသည်။

သူသည်လည်း မည်သည့်အကူအညီမျှ ပေးနိုင်ခြင်းမရှိချေ။ လုဟုန်း၏တပည့်များမှာ အလွန်ပင် စွမ်းအားကြီးနေခြင်းဖြစ်ပြီး သူတောင်မှ စွမ်းအင်မဲ့သလိုပင် ခံစားနေရသည်။

လုယန်းမှ နှိမ့်သိမ့်စကားဆိုလိုက်သည်။ "အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ အဖိုးရဲ့။ ထုံးလုံက ဝေယိုရွှမ်း အလွယ်တကူ အနိုင်ယူလို့ရမယ့်သူမျိုး မဟုတ်ပါဘူး။"

သူမသည် ဇူယွမ်အား အမြင်ကပ်သော်လည်း

လုဟုန်းအဖွဲ့၏ ဂုဏ်သတင်းကြီးမားလာမည့်ကိစ္စသည် သူမတို့အတွက်လည်း မကောင်းနိုင်ကြောင်း

သိရှိလေသည်။

လုစုန့်မှ သက်ပြင်းချလိုက်သည်။ ယခုသူသည် စောင့်ကြည့်နေရုံမျှသာ တက်နိုင်ပေသည်။

ေဝယိုရွှမ်းသည်လည်း အသိဉာဏ်မရှိသောသူ

မဟုတ်သည့်အတွက် သူ့တွင်ဝှက်ဖဲများမရှိနေပါက

ဤမျှလောက် စိတ်ကြီးဝင်နေမည်မဟုတ်ချေ။

........

"ဘယ်လိုတောင် စိတ်ကြီးဝင်နေတာလဲ။"

အကြည့်ပေါင်းများစွာ၏ရှေ့၌ပင် ထုံးလုံသည်

သတ်ဖြတ်ချင်စိတ်ပြည့်နေသော မျက်ဝန်းများဖြင့် ဝေယိုရွှမ်းအားကြည့်ကာ စကားဆိုလိုက်သည်။

"ငါမင်းကို အခွင့်အရေးမယူချင်ဘူး။ အဲ့ဒါကြောင့်

ငါနဲ့မတိုက်ခိုက်ခင် မင်းခဏလောက် အနားယူနေသင့်တယ်။"

သူသည် ဝေယိုရွှမ်း မည်မျှသန်မာကြောင်းများကို ကြားဖူးနားဝ ရှိခ့ဲလေသည်။ ဝေယိုရွှမ်းသည် သူ့ကဲ့သို့ပင် မူလစဦးပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး သူ့ထက် အနည်းငယ်မျှသာ ပို၍သန်မာသူ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သန်မာခြင်းတွင် အကန့်အသတ်ရှိပြီး ယခုနမှပြိုင်ပွဲသည်လည်း ဝေယိုရွှမ်းအား အနည်းငယ်မျှတော့ ပင်ပန်းစေမည်ဖြစ်သည်။

ဝေယိုရွှမ်း၏မျက်ဝန်းများသည် လှောင်ပြောင်လိုစိတ်များဖြင့် ပြည့်နှက်လျက်ရှိပြီး အနည်းမျှရီမောလိုက်ရင်း ခေါင်းကိုခါ၍ ပြောလိုက်သည်။ "အကိုတော် ထုံးလုံရဲ့ ဆိုလိုချင်တဲ့သဘောကို ငါနားလည်ပြီး အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ခြ​​ေင်္သ့တစ်ကောင်က ယုန်လေးတစ်ကောင်ရဲ့ ကြင်နာမှုကို ဂရုစိုက်စရာ လိုလို့လား။"

ထုံးလုံသည် ဒေါသကြောင့် မျက်နှာပေါ်ရှိ မေးကြောများပင် ထောင်လာရကာ မျက်ဝန်းများမှာ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဝေယိုရွှမ်းသည်

အမှန်တကယ်ပင် စိတ်ကြီးဝင်နေခြင်း ဖြစ်ပေသည်။

ထိုသို့မှမဟုတ်လျှင် မည်သူမှ ထုံးလုံအား ယုန်တစ်ကောင်နှင့် နှိုင်းယှဥ်ဖို့ရန် ဝ့ံရဲမည်နည်း။

"မင်းကိုယ်တိုင်ကိုက ဒုက္ခရောက်ချင်နေမှတော့ ငါကပျော်ပျော်ကြီး မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။"

ထုံးလုံသည် မြေပြင်အား ဆောင့်နင်းချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များမှာ

ကြီးမားသောစပါးအုံးအသွင်ဖြင့် ထွက်ပေါ်လာကာ

သူ့အားရစ်ခွေလျက် ရှိသည်။ သူ၏ခန္ဓာကိုယ်မှာ

လေပေါ်သို့ အမြှောက်ဆံအလား မြောက်တက်သွားပြီး ကျောက်တုံစင်မြင့်အထက်တွင် ပျံဝဲလျက်ရှိသည်။

ထုံးလုံသည် ယှဥ်ပြိုင်ပွဲအစ၌ပင် သူ၏စွမ်းအင်များကို

ထုတ်ဖော်ပြသလျက် ရှိသည်။ သူ၏ မူလစဦး ချီစွမ်းအင်များမှာ ဖန်းစုန်ထက် များစွာပို၍ သန်မာသည်မှာ ထင်ရှားပေသည်။

စောင့်ကြည့်နေကြသော တပည့်များမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် အသိအမှတ်ပြုလျက် ရှိသည်။ အကြီးအကဲစိန်းထိုက်ယွမ်၏အောက်မှ အသန်မာဆုံးသော

ရွှေခါးစည်းတပည့် ဖြစ်သည်နှင့်အတူ ထုံးလုံမှာ

အမှန်တကယ်ပင် စွမ်းအင်ခွန်အားတို့ဖြင့် ပြည့်စုံလေသည်။

ထုံးလုံ၏ခန္ဓာကိုယ်တဝိုက်တွင် မူလစဦး ချီများက

ရစ်ဝဲလျက်ရှိနေပြီး ဝေယိုရွှမ်းအား အေးစက်စွာ ကြည့်လျက်ရှိသည်။ စကားများပြော၍ အချိန်ဖြုန်းမနေတော့ပဲ ထုံးလုံက လျင်မြန်လှသောအရှိန်ဖြင့် လေထုကိုပင် ဆုတ်ဖြဲသွားကာ ဝေယိုရွှမ်းထံသို့ သွားလိုက်သည်။

မျက်စိတမှိတ်မျှသော အချိန်လေးအတွင်းမှာပင် ဝေယိုရွှမ်း၏အရှေ့သို့ ရောက်ရှိသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ထိုးချလိုက်သည်။

ဝုန်း!

သူ၏လက်သီးဆုပ်နားတွင် ရစ်ဝဲလျက်ရှိသော ချီစွမ်းအင်များမှ မြွေတွန်သံသဲ့သဲ့  ကြားနေရသည်။

ချီစွမ်းအင်များသည် မဟူရာရောင် စပါးအုံးသဏ္ဍာန်

ဖြင့် ရှိနေပြီး ဝေယိုရွှမ်းထံသို့ တွန်သံပေးကာ သွားလျက်ရှိသည်။

"အဆင့်မြင့် ကောင်းကင်ဘုံငယ်ကျင့်စဥ် ၊ အဆိပ်စပါးအုံး စွမ်းအား"

ထုံးလုံသည် ​ယှဥ်ပြိုင်ပွဲအစ၌ပင် သူ၏အကောင်းဆုံးသော ဝှက်ဖဲအား ထုတ်ပြလိုက်ပြီးဖြစ်ကာ သူ၏

ချီစွမ်းအင်များမှာ မဟူရာစပါးအုံးအသွင်ဖြင့် ရှိနေပြီး

သေစေနိုင်လောက်သော အဆိပ်အတောက်များ ပါဝင်နေပေသည်။ ထိုအရာနှင့် ထိတွေ့မိသော မည်သူ့ကိုမဆို အဆိပ်သင့်စေပြီး ကိုယ်တွင်းဒဏ်ရာများ ရရှိစေနိုင်ပေသည်။

ဝေယိုရွှမ်း၏ အမူအရာမှာ တည်ငြိမ်နေလျက်ပင် ရှိသည်။ သူ၏လက်တွင် မှော်စာလုံးများ မှေးမှိန်စွာ လင်းလက်လာပြီး ထူးကဲသောချီစွမ်းအင်များ တအိအိ လှိုင်းထလျက်ရှိသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးများဖြင့်

ရှေ့သို့ ရိုက်ချလိုက်သည်။ သူသည် လက်ဗလာဖြင့်ပင် ထုံးလုံ၏ သေစေနိုင်လောက်သော အဆိပ်စပါးအုံးချီဖြင့် ရင်ဆိုင်လိုက်ပေသည်။

ချပ်!

လေထဲတွင် တွေ့ဆုံသွားပြီး အနီးနားရှိ လေထုကိုပင်

ဆုတ်ဖြဲသွားစေကာ စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်စေခ့ဲသည်။

ချက်ချင်းဆိုသလိုပင် ထုံးလုံ၏ မျက်ခုံးများ ကျုံ့ဝင်သွားခ့ဲရသည်။ တစ်မူထူခြားသောစွမ်းအင်တစ်ခုမှ

သူ၏ ချီစွမ်းအင်များ၏ အပိုင်းပိုင်းအစစ ဖြိုခွဲနေသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့နှစ်ဦးလုံး အဝေးကို လွင့်စင်သွားကြသည်။

ထုံးလုံသည် သူ၏လက်ဝါးပေါ်တွင် ပေါ်လာသည့်

မှုန်ဝါးဝါး သွေးလက်ဝါးအား ကြည့်လိုက်သည်။

ယခုနက သူသာ အရှောင်မမြန်ဘူးဆိုပါက သူ၏

လက်သည် အပိုင်းပိုင်းအစစ ဖြစ်နေပေလောက်သည်။

ထုံးလုံသည် အ့ံအားသင့်သွားသော အမူအရာဖြင့် စကားဆိုလိုက်သည်။ "ဒါ...ဒါ...ချီဖြိုခွဲခြင်း လက်ဝါး

မဟုတ်ဘူးလား!"

သူသည် ေဝယိုရွှမ်းအသုံးပြုသော ချီကျင့်စဥ်အား

နားလည်သိရှိသွားခ့ဲသည်။

ဝေယိုရွှမ်းမှ ဖြည်းညင်းစွာ ရီမောလိုက်သည်။ သူ၏

လက်ပေါ်တွင် အဆိပ်သင့်သောကြောင့် ဖြစ်ပေါ်နေသော အနက်ရောင်အကွက်အချို့ ရှိနေလေသည်။

သို့သော် သူ၏ချီစွမ်းအင်များဖြင့် အကောင်းပကတိအတိုင်း ပြန်ဖြစ်စေလိုက်သည်။

"အကိုတော်ထုံးလုံက တကယ်ကို ဗဟုသုတများတာပဲ။"

ထုံးလုံ ခေတ္တမျှ တွေဝေသွားရသည်။ ချီဖြိုခွဲခြင်း လက်ဝါးသည် ချီစွမ်းအင်များအား ဖြိုခွဲရာတွင်

အလွန်ထူးခြားကာ အလွန်လည်း အန္တရာယ်များပေသည်။ ဝေယိုရွှမ်းသည် ထိုသို့သောကျင့်စဥ်တစ်ခုအား

ကျွမ်းကျင်စွာ တက်မြောက်နေလိမ့်မည်ဟု သူထင်မှတ်မထားပေ။

ထိုကျင့်စဥ်အား ရင်ဆိုင်တိုက်ခိုက်ရန်မှာ အနည်းငယ်

စွန့်စားရာကျသော်လည်း ယခုထုံးလုံမှာ သတိထားမိ

သွားသည့်အတွက် အနည်းအများတော့ ပြန်လည်၍

တုံ့ပြန်နိုင်ပေမည်။ ထိုကျင့်စဥ်သည် တစ်ဖက်လူ၏

ချီစွမ်းအင် အတိမ်အနက်ပေါ်မူတည်၍ အကျိုးသက်ရောက်မှုရှိခြင်း ဖြစ်သည်။

သူသည် အနည်းငယ်ပို၍ သတိထားကာ သူ၏

ခုံခံနိုင်စွမ်းအားကို တိုးမြှင့်ထားမည်ဆိုပါက

တစ်ဖက်လူမှ အလွယ်တကူ အနိုင်မရနိုင်ပေ။

ထုံးလုံသည် အတွေးပေါင်းများစွာအား တွေးတောလိုက်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းတစ်ချက်

ရှ္ူသွင်းလိုက်ကာ သူ၏ချီသိုလှောင်ခန်းထဲမှ ချီကြယ်ပွင့်များအားလုံးကို ထုတ်ယူလိုက်လေသည်။

ထုံးလုံ၏သန်မာသော ချီစွမ်းအင်များမှာ အခိုးအငွေ့

သဏ္ဍာန်ဖြင့် ထွက်ပေါ်လာပြီး ကြီးမားသောဖိအားကို

ဖြစ်​ပေါ်စေခ့ဲသည်။

သူသည် ပုံရိပ်အလားပင် လျင်မြန်စွာ ရှေ့သို့သွားလိုက်ပြီး သူ့​ခြေထောက်အောက်ရှိ မြေပြင်များကိုပင်

အက်ကွဲသွားစေခ့ဲသည်။

ဝုန်း!...ဝုန်း!

ထုံးလုံသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်အလား ဝေယိုရွှမ်းခန္ဓာကိုယ်၏ သေကွင်းသေကွက်များကိုသာ တိုက်ခိုက်လျက်ရှိသည်။ ထိုတိုက်ခိုက်မှုများ​ကြောင့် လေထုသည်ပင် ဆုတ်ဖြဲခံလိုက်ရကာ ပတ်ဝန်းကျင်သည် လေဟာနယ်တစ်ခု

အဖြစ်သို့ ပြောင်းလဲသွားရသည်။

ဝေယိုရွှမ်းသည် အနောက်သို့ပင် ဆုတ်မသွားပဲ သူ၏

လက်မှ မှိန်ပြလျက်ရှိသော မှော်စာလုံးများသည် ထက်မြသောအရှိန်အဝါအား ထုတ်လွှင့်လျက်ရှိသည်။

သူသည်လက်ဗလာဖြင့်ပင် ထုံးလုံ၏ ဓားသွားများသကဲ့သို့ မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို

ဖြိုခွဲလျက်ရှိသည်။

အကြည့်ပေါင်းများစွာ၏အောက်တွင်ပင် သူတို့သည်

တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်မျှပင်

သက်ညှာမည့်ပုံစံမရှိပဲ အပြင်းအထန် တိုက်ခိုက်နေကြလေသည်။

သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ တစ်စစီအက်ကွဲနေရပြီး အပေါက်များပင် ဖြစ်ပေါ်နေကာ

အပျက်အစီးပုံကြီး ဖြစ်၍နေလေသည်။

လူတိုင်းသည် မျက်တောင်ပင်မခတ်နိုင်ပဲ ငေးမောနေလျက်ရှိသည်။ ဤပြိုင်ပွဲသည် မူလစဦး ပဥ္စမအဆင့် နှစ်ယောက်ကြားတွင် အလွန်ပင်ပြင်းထန်သော

တိုက်ပွဲ ဖြစ်ပေသည်။

သူတို့နှစ်ဦး ထိုးကြိတ်တိုက်ခိုက်နေစဥ်မှာပင် တပည့်များသည် ထုံးလုံ၏ခန္ဓာကိုယ်တွင် ဝေယိုရွှမ်း၏

ချီဖြိုခွဲခြင်းကျင့်စဥ်ကြောင့် ဖြစ်ပေါ်လာသော

သွေးကွက်များကို တွေ့မြင်လိုက်ရပေသည်။

သို့သော်လည်း ဝေယိုရွှမ်းသည်လည်း အ​ခြေအနေ ကောင်းသည့်ဟန် မရှိပေ။သူ၏ခန္ဓာကိုယ်ပေါ်တွင်း အနက်ရောင်အဆိပ်ကွက်များ တစ်စတစ်စဖြင့် များပြားလာလျက်ရှိသည်။

ထုံးလုံမှ အေးစက်စွာ ပြောလိုက်သည်။"ဝေယိုရွှမ်း...

မင်းရဲ့ ချီဖြိုခွဲခြင်း လက်ဝါးက အကန့်အသတ်ကို ရောက်နေပြီမလား။ငါ့ရဲ့ ခုခံမှုတွေကိုတောင်မှ အပြည့်အဝ မထိုးဖောက်နိုင်တော့ပဲနဲ့ အပေါ်ယံဒဏ်ရာအချို့ပဲ ဖြစ်စေတော့တယ်။ငါ့ရဲ့ စပါးအုံးအဆိပ်ကတော့ မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားလိုက်ပြီ။မင်းခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။"

ထုံးလုံသည် သွေးကွက်များဖြင့် ဖုံးအုပ်နေသော်လည်း

အပေါ်ယံဒဏ်ရာလောက်သာ ဖြစ်သည်။

ထုံးလုံ၏စကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဝေယိုရွှမ်း၏နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားပြီး မျက်ဝန်းများတွင် လှောင်ပြောင်လိုစိတ်များဖြင့် ပြည့်နှက်လျက်ရှိသည်။

"အဲ့လိုလား.."

သူသည် လက်နှစ်ချောင်းအား ဆန့်ထုတ်လိုက်ကာ ရုတ်တရက် အရှေ့သို့ တက်သွားသည်။

"ဟမ့်..."

ဝေယိုရွှမ်းမှ အရှုံးမပေးသည်ကို မြင်ရသောအခါ ထုံးလုံ၏အမူအရာမှာ အေးစက်သွားပြီး လက်သီးကို

ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ချီစွမ်းအင်များဖြင့်

ဖုံးအုပ်လိုက်ပြီး သတ္ထုလက်သီးအသွင်ဖြင်​့ လေထုအား ဖြိုခွဲသွားသည်။

ချပ်..!

လူများစွာ၏ အကြည့်အောက်တွင်ပင် လက်သီးနှင့် လက်ချောင်းတို့ လေထုထဲ၌ တွေ့ဆုံသွားကြသည်။

ချက်ချင်းဆိုသလိုပင် ကွဲအက်သံသဲ့သဲ့ ကြားလိုက်ရသည်။

ထုံးလုံ၏လက်မှာ နာကျင်လွန်းလှသဖြင့် မျက်ဝန်းများပင် ကျဥ်းမြောင်းသွားရသည်။ဝေယိုရွှမ်း၏

လက်ချောင်းများဖြင့်ပင် သူ၏ချီစွမ်းအင်အလွှာမှာ

ဖြိုခွဲခံလိုက်ရပြီး သွေးကွက်များပေါ်လာသောကြောင့်

မျက်နှာအမူအရာပင် ပျက်ယွင်းနေရသည်။

အား....!

နာကျင်စွာ အော်ဟစ်လိုက်ရင်း သူ၏ပျံသန်းနေသော

ခန္ဓာကိုယ်မှာ မြေပြင်ဖြင့်ထိရိုက်သွားကာ သူ၏

လက်မှ သွေးများပင် ပန်းထွက်လာရသည်။

အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်းသည်

အလွန်အမင်း အ့ံအားသင့်နေရသည်။

လက်ရည်သိပ်မကွာသော သူတို့နှစ်ဦး၏ပြိုင်ပွဲသည်

ထိုသို့ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားပေ။

ဝေယိုရွှမ်းသည် ထုံးလုံ၏တန်ပြန်တိုက်ခိုက်မှုအား

ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် မည်သို့

အနိုင်ယူလိုက်သည်ကို နားမလည်နိုင်ပဲ ဖြစ်လျက်ရှိသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ...?!" ထုံးလုံသည် ဖြူရော်နေသော မျက်နှာဖြင့် ဝေယိုရွှမ်းအား ကြည့်လိုက်သည်။

ဝေယိုရွှမ်းသည် သူ၏လက်အား ကျောဖက်သို့ပို့ကာ

ဖြည်းညင်းစွာ ရီမောလိုက်သည်။ လူတိုင်းသည် ဝေယိုရွှမ်း၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များမှာ မီးတောင်အလား ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။

ထွက်ပေါ်လာသော ချီစွမ်းအင်များသည် ဝေယိုရွှမ်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်အတောက်များကို တစ်လက်မ မကျန် ဖယ်ရှားပစ်လိုက်သည်။

"အခုနားလည်ပြီလား." ဝေယိုရွှမ်းမှ တည်ငြိမ်စွာ ပြောလိုက်သည်။

ထုံးလုံသည် အ့ံသြတုန်လှုပ်စွာဖြင့် စကားဆိုလိုက်သည်။ "မင်း...မင်း...မူလစဦး ဆဋ္ဌမအဆင့်တောင် ရောက်နေပြီပဲ။"

ဝေယိုရွှမ်းတစ်ယောက်ထဲဖြင့် တစ်ဖက်မှသုံးယောက်လုံးအား အနိုင်ပိုင်းရန် ကြံစည်နေသည်မှာ

အ့ံသြစရာ မဟုတ်တော့ပေ။ သူသည် မူလစဦး ဆဋ္ဌမအဆင့်ကိုပင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းနိုင်သော

မည်သည့်တပည့်မဆို ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲတွင် ပါဝင်ခွင့်ရှိပြီး ရွှေခါးစည်းအား စွန့်လွှတ်ကာ အစစ်အမှန် ခရမ်းရောင်ခါးစည်းတပည့်တစ်ယောက် ဖြစ်လာနိုင်လေသည်။

ဝေယိုရွှမ်းသည် သူ၏စွမ်းအင်အား တစ်လျှောက်လုံး ဖုံးကွယ်ထားခ့ဲသည်။

ပတ်ဝန်းကျင်သည် တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားရသည်။ ဝေယိုရွှမ်းသည်

မူလစဦး ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီးဖြစ်သည့်အတွက် သူသည် ယုံကြည်ချက်လွန်ကဲနေခြင်းမှာ မထူးဆန်းတော့ပေ။

ထုံးလုံ ရှုံးနိမ့်သွားသည့်အတွက် စိန်းထိုက်ယွမ်၏ဖက်တွင် အားအနည်းဆုံးသော ယှဥ်ပြိုင်သူတစ်ယောက်သာ ကျန်ရှိလေသည်။

ဝေယိုရွှမ်း၏စွမ်းအင်အား တအ့ံတသြ ကြည့်နေပုံရသော ဇူယွမ့်ကို လူအများက လှမ်း၍ ကြည့်လိုက်ကြပြီး ခေါင်းတခါခါနှင့် သနားနေဟန်ရှိသည်။သူသည်

မည်မျှပင် အလွယ်တကူ ရှုံးနိမ့်လိမ့်မည်ကို  ခန့်မှန်း၍ပင်ရနေ​ေလသည်။

All Chapters