← Chapters

အသက်အပိုမရှိတော့ဘူး

Vol. 98 Ch. 1359

အသက်အပိုမရှိတော့ဘူး

Vol. 98 Ch. 1359

အားလုံးက ကောင်းကင်ယံတိုက်ပွဲကို မိနစ်ပိုင်းခန့်ကြာ ကြည့်လိုက်ကြသည်။ အခွံများ ထွက်သွားပြီးသည့်နောက်တွင် သူတို့က ဒဏ်ရာရသွားဟန်မပေါ်ပေ။ ရလဒ်ကမူ ရွှေရောင်အငွေ့အသက်က ဝမ်ဝေ့၏ အောင်မြင်မှုကို အောင်ပွဲခံနေခြင်း ဖြစ်၏။ သို့သော် သူက ကမ္ဘာ၏ နေရာထောင့်တိုင်းသို့ ပျံ့နှံ့သွားခြင်း မရှိပေ။ ထို့အပြင် သူက သူ့အောင်မြင်မှုအတွက် ကုသိုလ်ကိုလည်း လက်ခံမရရှိသေးပေ။

ဘာမှမဟုတ်တာထက်စာရင်တော့ ကောင်းပါသေးတယ်…

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

ကောင်းကင်တာအိုက ဤတိုက်ပွဲ၌ အခွင့်အရေးရဖို့ လျှောက်လှမ်းရမည့် လမ်းအရှည်ကြီး ရှိနေသေး၏။ ထို့အပြင် သူက ယခုအန္တိမသဟဇာတအတွက် အစစ်အမှန်ခြိမ်းခြောက်မှု သို့မဟုတ် အဟန့်အတား ဖြစ်လာလိမ့်မည်ဖြစ်သည့်အတွက် သူ့အသက်ကို ပိုမိုအလေးထားသင့်သည်။

“အားလုံး အဆုံးသတ်သွားပြီ” ဝမ်ဝေ့က အသက်ပြင်းပြင်းရှူရင်း ကြေညာလိုက်သည်။

ယန်းအိုက်က သူ့ဆီ ပျံသန်းလာပြီး ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ကောင်လေး ကောင်းကောင်း လုပ်ခဲ့တယ်။”

ယန်းအိုက်က ထိုလူငယ်လေးသည် အစ်ကိုချီယွမ်လိုမျိုး ယုံကြည်ဖို့ကောင်းကြောင်း တွေးမိလေ၏။

“ဘိုးဘေး ကျေးဇူးပါ”

ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ အခု ငါ သွားရတော့မယ်”

“လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို မကြည့်တော့ဘူးလား”

“ငါ ကြည့်ပြီးသွားပြီ” သူမက ပြန်ဖြေလိုက်သည်။ သူမ ဂရုစိုက်သည့်အရာက ယခု သူမ၏ ဒဏ်ရာများကို ကုစားဖို့သာ ဖြစ်၏။

“ကောင်းပြီလေ”

ယန်းအိုက်က ပျောက်ကွယ်သွားလေ၏။

လူအိုကြီးသိုက်က ချဉ်းကပ်လာကာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ သဘောတူညီချက်ကို မှတ်မိတယ်မလား”

“မှတ်မိတာပေါ့။ နောင်တစ်ချိန်ကျရင် အတင်းအကြပ် ပါဝင်ဖို့ ဖိအားမပေးတော့ပါဘူး”

“စကားတွေကို မှတ်ထားတာ ကောင်းလိမ့်မယ်” လူအိုကြီးသိုက်က ပြောလိုက်သည်။

ထိုလူအိုကြီးသိုက်က သူ့ပုန်းအောင်းရာ နေရာကို ပြောင်းဖို့ ဆုံးဖြတ်ထားလေ၏။ သူ့အနေနှင့် ဝမ်ဝေ့သည် သူ့စကားကို စောင့်ထိန်းလိမ့်မည်ဟု မယုံကြည်ပေ။ ထို့ကြောင့် သူ ထွက်ပြေးဖို့ အကောင်းဆုံး ဖြစ်၏။

ဝမ်ဝေ့က သူ့ထွက်ခွာသွားမှုကို ကြည့်နေလိုက်သည်။ သူ့အနေဖြင့် ထိုသူ နောက်လုပ်မည့်အရာကို သိနေပြီး သူ့ကို နောက်ယောင်ခံဖို့ တစ်စုံတစ်ခု ထားရှိရမလားဟု စဉ်းစားနေမိသည်။ နောက်ဆုံးအနေဖြင့် သူက တခြားတစ်ခုကိုသာ ဆုံးဖြတ်လိုက်လေ၏။

လူအိုကြီးသိုက်က တိုက်ခိုက်သူ မဟုတ်ပေ။ တိုက်ပွဲအတွင်း သူ့ကို ထည့်သွင်းခြင်းက သိပ်မကောင်းလှပေ။ သူက ထိုငကြောက်တွင် ရှေးဦးစံပြတစ်ယောက် ဖြစ်နိုင်သည့် ဆရာတစ်ယောက်ရှိကြောင်း ထည့်စဉ်းစားရဦးမည် ဖြစ်၏။

ကောင်းပြီလေ။ နောင်တစ်ချိန် သူ့ကို လိုချင်မှလိုမှာ…

သူက မုန့်ခယ်ကို အာရုံစိုက်လိုက်၏။

“မင်းရော ဘယ်လိုလဲ”

“အဆင်ပြေပါတယ်။ ဒီတိုက်ပွဲကနေ အများကြီးသင်ယူခဲ့ရတယ်” လူရိုင်းဘုရင်က ခေါင်းညိတ်လိုက်သည်။

“ဒီတိုက်ပွဲက မင်းရဲ့ မောက်မာမှုကနေ နိုးထလာစေတာဆိုတော့ ကံကောင်းတာ … မဟုတ်ရင် မိုးမြေက မင်းဆီ နှိမ့်ချရတဲ့ အခိုက်အတန့် ပို့လွှတ်လိုက်လိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“နှိမ့်ချရတဲ့ အခိုက်အတန့်လား”

“မင်းရဲ့ မျိုးနွယ်ထဲမှာ ရှာကြည့်ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ကောင်းပါပြီ” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။

“မင်း တစ်ချက် ကြည့်ချင်သေးလား”

“မကြည့်တော့ဘူး။ ဒီတိုက်ပွဲကနေ သုံးသပ်ရမှာတွေ ရှိသေးတယ်။ ပြီးတော့ စုစည်းဖို့ လိုနေတဲ့ အတွေးတချို့လည်း ရှိသေးတယ်” မုန့်ခယ်က ငြင်းဆန်လိုက်သည်။

“ကောင်းပြီလေ။ အကူအညီ လိုအပ်လာရင် ပြောပေါ့”

မုန့်ခယ်က ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က ပုန်းအောင်းနေသည့် ဧကရာဇ်ခုံကို အာရုံစိုက်လိုက်သည်။ ထိုသူက ခေါင်းညိတ်ပြပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။

ရှုကျင်းယောင်က စကားပင်မဆိုဘဲ ထွက်ခွာသွားခဲ့သည်။ သူမက ယဉ်ယဉ်ကျေးကျေး သတင်းစကား အဆောင်တစ်ခုကိုသာ ချန်ထားခဲ့သည်။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ထိုအမျိုးသမီးက သူတို့ကြား၌ ရှင်းရှင်းလင်းလင်း နေလိုမှန်း သိသာလှသည်။

သူက အဝေးတစ်နေရာမှ ဧရာမမုခ်ပေါက်ကြီးကို ကြည့်လိုက်ပြီး သူ့ရည်မှန်းချက်ကို ပြီးဆုံးအောင် လုပ်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော် တစ်နေရာမှ အချိန်စွမ်းအား ပါဝင်နေသည့် အစိမ်းရောင်ဓားက ကျောဘက်မှ သူ့ခန္ဓာကိုယ်ထဲ ထိုးဝင်လာခဲ့သည်။

ဝမ်ဝေ့၏ အန္တရာယ်အလိုလိုသိစိတ်က နောက်ဆုံးအခိုက်အတန့်တွင် အသက်ဝင်လာသော်လည်း နောက်ကျလွန်းသွားခဲ့သည်။

ဓား၏ စွမ်းအားက အားပြင်းလွန်းလှပြီး သူ့ကို အချိန်စွမ်းအားမှ ရှင်းထုတ်လိုက်သည်။

ကျူးကျော်သူက ဝမ်ဝေ့ မသေသေးကြောင်း သိသည့်အတွက် စောင့်ဆိုင်းနေလေ၏။ ထင်ထားသည့်အတိုင်း လေဟာနယ်အက်ကြောင်းတစ်ခု ပေါ်ထွက်လာကာ ဝမ်ဝေ့ ပြန်လည်ပေါ်ထွက်လာသည်။

“ငါ မင်း အသက် ဘယ်လောက်ယူလိုက်တုန်း”

“နှစ်သက်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ အခြေအနေအောက်တွင် သူက အသက်တစ်သက်သာ ဆုံးရှုံးသင့်ပေ၏။ သို့သော်လည်း တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့တည်ရှိမှုက စံပြများနှင့် ယှဉ်နိုင်သွားပြီဖြစ်သည့်အတွက် သူ့တွင်ရှိထားသည့် ဒုတိယအဆင့် အသက်ရှည်အရင်းအမြစ်နှင့် စွမ်းရည်များက အာနိသင် မရှိတော့ပေ။ ထို့ကြောင့် ဤသေဆုံးမှုအပြီး သူက သူ့တွင် ကျန်ရှိနေသည့် အသက်နှစ်သက်ကို ဆုံးရှုံးလိုက်ရသည်။

“ဟုတ်ပြီလေ။ မင်းဆီမှာ ဘယ်နှစ်ခုကျန်သေးလဲ” ထိုကျူးကျော်သူက ခေါင်းညိတ်ကာ မေးလိုက်သည်။

ဝမ်ဝေ့က မတုံ့ပြန်ပေ။ သူ သေဆုံးပြီးသည့်နောက် ရှင်သန်မည့် နည်းလမ်းအားလုံးကို ဆုံးရှုံးပြီးသည့်နောက်တွင် သူ့ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိလာလေ၏။ ပို၍အရေးကြီးသည်က သူသည် အကွက်ကျကျ လုပ်ကြံခံလိုက်ရခြင်းဖြ စ်၏။ သို့သော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

“စည်းတံဆိပ်ထဲကနေ ပုံရိပ်ယောင်ကို ဘယ်လိုဖန်တီးနိုင်တာလဲ”

အချိန်စားသုံးသူက သူ့ကို ပြုံးပြလိုက်သည်။

“မင်း ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပဲ”

“ဒေါသူပုန်ထနေတာပါ”

“နားလည်လို့တော့ ရပါတယ်။ အာဏာရှင်တွေအားလုံးက သဘာဝအရ မာနကြီးပြီးတော့ သူတို့ကို ဒေါသထွက်စေတဲ့အရာက သူတို့ဂုဏ်အယူရဆုံးဖြစ်တဲ့ ဉာဏ်ပညာနဲ့ အသိဉာဏ်မှာ ကွက်ကျော်ရိုက်ခံလိုက်ရတာပဲ”

“ဒါက တာအိုနယ်ရှင်တွေသာ မဟုတ်ပဲနဲ့ သူတို့ကိုယ်သူတို့ ဉာဏ်ကောင်းတယ်လို့ ထင်တဲ့သူတိုင်းအတွက် ဟာကွက်လို့ ထင်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အဲဒါမှန်တယ်။ အဲဒါဆိုတော့ ဒေါသူပုန်ထတာကို ဘယ်လိုလုပ်မှာလဲ” အချိန်စားသုံးသူက ပြောလိုက်သည်။

“ဘာလုပ်ရမှာလဲ။ ကောင်းပြီလေ။ ပထမဦးဆုံး ခင်ဗျားကို သတ်ချင်တယ်။ ဒါပေမဲ့ ကျုပ် စိတ်ပြောင်းသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“ခင်ဗျားကို အကောင်းဆုံး အချိန်စံပြအသုံးအဆောင်ပစ္စည်းအဖြစ် ပြောင်းလဲပစ်မယ်။ ခင်ဗျားရဲ့ တာအိုကို အမြုတေအနေနဲ့သုံးပြီးတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပျားဖယောင်းအနေနဲ့ သုံးပြီး ခင်ဗျားရဲ့ ဝိညာဉ်ကို မီးတောက်အနေနဲ့ သုံးမယ်။ ဒါက ကျုပ်ဒေါသကို ဖြေဖျောက်ဖို့ မလုံလောက်သေးဘူး။ ဒီလိုဆိုရင် ကျုပ်က အဲဒီလူနှစ်ယောက်နဲ့ အဆင့်တူရောက်လာတဲ့အချိန်ကျရင် ခင်ဗျားတွေရဲ့ မှတ်ဉာဏ်တွေနဲ့ အသိစိတ်ကို အသက်ပြန်သွင်းပြီးတော့ ခွေးတစ်ကောင်ထဲကို ထည့်ပြီးတော့ အိမ်မွေးခွေးအဖြစ်နဲ့ မွေးမြူမယ်။ ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ”

ထို့နောက် ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သည်။

“ဒါက ကျုပ်ရဲ့ ကတိစကားပဲ”

အချိန်စားသုံးသူက မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာအထက် သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာလေသည်။ သို့သော်လည်း သူက ထိုအရာကို ထုတ်ဖော်ခြင်းမရှိဘဲ ပုံမှန် ပြန်ပြောင်းလဲသွား၏။

“သူတို့ရဲ့ အဆင့်တဲ့လား။ မင်း ဒေါသထွက်တာတောင်မှပဲ မင်းက အတော်လေးကို ဂရုစိုက်နေတုန်းပဲ”

“အရူးတွေကပဲ။  ခင်ဗျားလိုလူမျိုးကို အကြွင်းမဲ့စွမ်းအား မရှိဘဲ ထိန်းချုပ်နိုင်လိမ့်မယ်လို့ အရူးပဲ တွေးလိမ့်မယ် ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အိမ်မွေခွေးတဲ့လား။ ဒါအတွေးကောင်းပဲ။ အဲဒါက ငါသာ တာအိုနယ်ရှင်ကို အိမ်မွေးခွေးတစ်ကောင်အနေနဲ့ ထားမယ်ဆိုရင် ငါက ဟွင်သွမ်းစကြဝဠာထဲမှာ ဘယ်နေရာသွားသွား ကြွားလုံး ထုတ်နိုင်ပြီ။ ကောင်းပြီလေ ဒီလိုဆိုရင် ဘယ်သူက ဘယ်သူ့အိမ်မွေးခွေးဖြစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

ဝမ်ဝေ့က သူ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

အချိန်စားသုံးသူက စည်းပိတ်ခံထားရလျှင်ပင် ပြဿနာဖြစ်လာနိုင်ကြောင်း သိထားလေ၏။ သူက ထိုသူ့ကို လျှော့တွက်ခဲ့မိသည်။

ထိုသူက အပြင်ဘက်ကို ဝင်ရောက်စွက်ဖက်ဖို့ နည်းလမ်းများ အသုံးမပြုခင် ကြာမြင့်လိမ့်မည်ဟု တွေးထားခဲ့မိ၏။

ကြည့်ရတာ ငါ လုံလုံလောက်လောက် ဂရုမစိုက်ခဲ့မိဘူးပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ ယခု စိတ်ခံစားချက်များက သူ့အတွေးနှင့် အပြုအမူများကို လွှမ်းမိုးခွင့်ပေးရမည့်အချိန်မျိုး မဟုတ်ပေ။ ထိုအစား သူက နောက်ထပ် ပြဿနာတစ်ခုကိုသာ အာရုံစိုက်လိုက်၏။ သူ့အသက်ရှည်အရင်းအမြစ် လစ်ဟာနေမှု ဖြစ်သည်။ ယခု သူ့အနေနှင့် တစ်ခု ဖန်တီးနိုင်လေသည်။ သူက သူ့တွင် အပိုတစ်သက်ရှိအောင် သေချာဖို့အတွက် နှစ်ခု ဖန်တီးဖို့ လိုအပ်နေသော်လည်း ထိုအရာက ထိုက်တန်ဖို့ လိုအပ်နေ၏။

သို့သော်လည်း သဟဇာတက သူ့ကို အောင်မြင်အောင် ခွင့်ပြုပါ့မလား မသေချာပေ။

သူ့အနေဖြင့် သေခြင်းတရားကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် အသက်ရှည်ရေးနည်းလမ်းများကို စတင်ရှာဖွေခြင်းက ရူးမိုက်ပေ၏။ ထိုသို့သော အပြုအမူမျိုးက သူ့နဖူးအထက် သူ့တွင် နောက်ထပ် အသက်တစ်သက်သာ ကျန်ရှိတော့ကြောင်း ရေးပြထားသလိုမျိုး ဖြစ်နေလိမ့်မည်။

အခုကစပြီး သတိထားဖို့ လိုပြီ…

ဝမ်ဝေ့က ပြောလိုက်သည်။ သူ ယခု သေဆုံးသွားမည်ဆိုလျှင် ကိုယ်ပွားများကိုသာ မှီခိုရလိမ့်မည်။ သို့သော်လည်း သူက ဒိုင်မေးရှင်းအမြင့်ရှိ လူအားလုံးကို သတ်ပြီးပြီဖြစ်သည့်အတွက် ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်ဆီ ပြန်သွားရမည် ဖြစ်၏။

သာမန်သူတွေအတွက် တက်လှမ်းလာဖို့ အဆင်ပြေတယ်ဆိုပေမဲ့ ဒိုင်မေးရှင်းအနိမ့်ရဲ့ ကြွယ်ဝစည်ပင်မှုအတွက် တာဝန်ရှိတဲ့ ကြမ္မာအမြောက်အမြား ကိုင်ဆောင်ထားတဲ့သူတစ်ယောက်အနေနဲ့ ငါ့ရဲ့ တက်လှမ်းမှုက သိပ်အခြေအနေမဟန်ဘူး။ တကယ်လို့ အန္တိမသဟဇာတသာ မှန်မှန်ကန်ကန် ကစားနိုင်မယ်ဆိုရင် သူက ဒိုင်မေးရှင်းအနိမ့်ဆီ သူ့လက်တံတွေကို ချဲ့ထွင်ဖို့ ငါ့ဒုတိယတက်လှမ်းမှုကို အသုံးချလာနိုင်တယ်။

ဒိုင်မေးရှင်းအနိမ့်က ကောင်းကင်တာအို၏ စွမ်းအားဇစ်မြစ် ဖြစ်ပေသည်။ အန္တိမသဟဇာတက ကောင်းကင်တာအိုကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသည်မှာ ထိုအရာက ကောင်းကင်တာအို၏ ထိန်းချုပ်မှုရှိနေဆဲဖြစ်၍ ဖြစ်၏။

သူက ဒိုင်မေးရှင်းအမြင့်ကို အပြည့်အဝ ထိန်းချုပ်ထားလျှင်ပင် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ကို စောင့်ကြပ်ခြင်းဖြင့် သူ့ကိုယ်သူ အချိန်ဆွဲလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့သာ သေဆုံးပြီး ထိုနေရာဆီ ပြန်ရောက်သွားပါက ဒိုင်မေးရှင်းအမြင့်ရှိ ပြဿနာများကို မဖြေရှင်းမပြီးမချင်း ထပ်မံတက်လှမ်းလာနိုင်မည် မဟုတ်ပေ။ ကောင်းကင်တာအိုကိုယ်တိုင်ကပင် သူ့အား တက်လှမ်းလာဖို့ ခွင့်ပြုမည် မဟုတ်ပေ။

သို့သော် ထိုမေးခွန်းကမူ သူ ရှုံးနိမ့်သွားလျှင် ဒိုင်မေးရှင်းအမြင့်ရှိ ပြဿနာများကို မည်သူကများ ဖြေရှင်းနိုင်မည်နည်း။

ရွှေရောင်ခေတ်ကာလက ပါရမီရှင်များစွာ ရှိသော်လည်း လက်ရှိ၌မူ…

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ ဧကရာဇ်ခုံက သူတို့ထဲမှတစ်ယောက် ဖြစ်သော်လည်း သူက ထိုအဆင့်အနေအထားထိ မရောက်သေးပေ။ ကောင်းကင်တာအိုက သူ့ကို အတင်းအကြပ် ဖိအားပေးကာ တားမြစ်ခံစစ်ဆေးမှုကို တွေ့ကြုံခံစားခိုင်းနိုင်သော်လည်း လက်ရှိအခြေအနေ၌မူ ကိစ္စများက မည်မျှပင် ရှုပ်ထွေးသွားမည်နည်း။

အန္တိမသဟဇာတက ကောင်းကင်တာအိုထံ နောက်ထပ် ထိုက်တန်သည့် ကစားသမားကို လေ့ကျင့်ပေးဖို့ ခွင့်ပြုမည် မဟုတ်ပေ။

ဝမ်ဝေ့က အာဏာရှင် သို့မဟုတ် ထိပ်တန်းမျိုးနွယ်များ၏ စည်းပိတ်ခံထားရခြင်းများကို မသိပေ။ သို့သော် ယခု၌မူ ဤကိစ္စကို ပါဝင်ဝင်ရောက်ဖို့အတွက် သက်ဝင်လှုပ်ရှားနေသည့် ပါရမီရှင် မရှိပေ။

အဲဒါဆိုတော့  သုံးသပ်ချက်အရဆိုရင် ငါ သေလို့ မဖြစ်ဘူး။ မဟုတ်ရင် ကမ္ဘာရဲ့ ကံကြမ္မာက ကပ်ဘေး ဖြစ်သွားလိမ့်မယ်…

ဝမ်ဝေ့က မလုံမလဲ ပြုံးလိုက်သည်။ သူက စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။

ကောင်းပြီလေ။ ငါ အတွေးလွန်နေတာလည်း ဖြစ်နိုင်တယ်။ ကမ္ဘာကြီးက ငါ့ကို ဗဟိုပြုပြီး လည်ပတ်နေတာမှ မဟုတ်တာ။ ဒီတာဝန်ကို ထမ်းဆောင်နေပြီး  ပုန်းအောင်းနေတဲ့ ပါရမီရှင်တွေလည်း ရှိနိုင်ပါသေးတယ်…

သူက သူ့ပခုံးပေါ် ဖိအားများစွာ မပေးဖို့ ဆုံးဖြတ်လိုက်သည်။

ကမ္ဘာကြီးက ကျယ်ပြောလှပြီး သူက ကံကြမ္မာသားတော်ဖြစ်နေသည့်အချက်က ကြီးကျယ်လှသည့် လှည့်ကွက်များထဲတွင် များစွာ အဓိပ္ပာယ်မရှိပေ။

ပိုပြီးအရေးကြီးတာက ငါက ကမ္ဘာရဲ့ ကောင်းကင်တာအိုကို လျှော့မတွက်သင့်ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကောင်းကင်တာအိုက ကြီးကျယ်သည့် ကိစ္စများကို အောင်မြင်ခဲ့ပြီး အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ပေ။

All Chapters