← Chapters

ခရမ်းရောင်သလင်းကျောက် များလွန်းခြင်း

Vol. 98 Ch. 1360

ခရမ်းရောင်သလင်းကျောက် များလွန်းခြင်း

Vol. 98 Ch. 1360

ဝမ်ဝေ့က အဝေးတစ်နေရာကို အတွေးပါပါ ကြည့်လိုက်သည်။ သူက သူနှင့် အချိန်စားသုံးသူကြားမှ ကံကြိုးမျှင်ကို ကြည့်လိုက်၏။ ထိုသူက ကံအပေါ် နက်နက်နဲနဲ နားလည်မှုရှိကြောင်း ပြောနိုင်လေသည်။ အနည်းဆုံးတော့ ထိုသူက သူ့ကိုယ်သူ လုံလုံလောက်လောက် ကာကွယ်ဖို့ရာ သိထားလေသည်။

ဒါက အဆုံးသတ် မဟုတ်သေးဘူး…

သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

သူက ဖုန်းဟွမ်ဆီ သတင်းစကားပေးပို့ပြီး ဗုဒ္ဓဝိဇ္ဇာများအား အချိန်စားသုံးသူ၏ စည်းတံဆိပ်အနားတွင် နေထိုင်ပြီး ဆက်တိုက်အားဖြည့်ဖို့ရာ တောင်းဆိုလိုက်သည်။ သူက ထိုနည်းလမ်းသည် စည်းတံဆိပ်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားခြင်းမရှိသော်လည်း ထိုအရာက အချိန်စားသုံးသူကို အာရုံထွေပြားစေပြီး သူနှင့် ရင်ဆိုင်ဖို့ အချိန်ရှိခြင်းမှ တားဆီးနိုင်ကာ သူ့ကိုယ်သူသာ အာရုံစိုက်ထားလိမ့်မည်။

ဒီနှစ်ယောက်က မလုံလောက်သေးဘူး။ လေးယောက်ဆိုရင်တော့ ပိုကောင်းသွားမှာ…

ဝမ်ဝေ့က တွေးလိုက်သည်။ နောက်ထပ် သတင်းစကားကမူ အနီရောင်မျက်နှာဖုံးဆီ ဖြစ်၏။ သူမ၏ ပစ်မှတ်က ဝိဇ္ဇာသန့်စင်မီးတောက်ဆီ ဖြစ်သည်။ သူမက ထိုတာဝန်အတွက် ဆုလာဘ်ဖြင့် ဖိတ်ကြားခဲ့ခြင်း ဖြစ်၏။ ထိုသူက ငြင်းဆန်ခြင်းအတွက်မူ အနီရောင်မျက်နှာဖုံးက ထိုသူ သဘောတူလာဖို့အတွက် လိုအပ်သည့် နည်းလမ်းများစွာ ရှိထားလေသည်။

နောက်ဆုံးတစ်ယောက်ကတော့…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ သူက လင်းချီ သို့မဟုတ် ဧကရာဇ်ခုံတို့ကို မတောင်းဆိုနိုင်ပေ။ ထိုသူနှစ်ဦးက အလုပ်များစွာရှိနေပြီး သူတို့၏ မျိုးနွယ်အုတ်မြစ်အတွက် စည်းတံဆိပ်တစ်ခုကို စောင့်ကြပ်ဖို့ရာအတွက် ကာကွယ်မထားနိုင်ကြပေ။

ငါ ဂိုဏ်းဆီ တောင်းဆိုလိုက်ရမလား…

ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း သူက ပိုမိုကောင်းမွန်သည့် အတွေးတစ်ခု ရှိလာမိသည်။

အောင်းရှန်

သူက ဒိုင်မေးရှင်းအနိမ့်မှ နတ်ဆိုးမျိုးနွယ်ကို ပြန်လည်ရှင်သန်ဖို့ အများကြီး အားစိုက်ထုတ်ခဲ့တာ။ ကုသိုလ်ရွှေခန္ဓာကို ဖွဲ့စည်းဖို့ မလုံလောက်သေးဘူးဆိုပေမဲ့ အတော်လေးတော့ နီးကပ်နေပြီ။ တကယ်လို့ နတ်ဆိုးမျိုးနွယ်က သူ့ကို တန်ဖိုးထားမယ်ဆိုရင် သူတို့က သူ့ကို ဖွဲ့စည်းနိုင်အောင် ကူညီပေးသင့်တာပေါ့ …

ကုသိုလ်ရွှေခန္ဓာသည် မည်သည့်အဆင့်ပင် ဖြစ်စေကာမူ တန်ဖိုးများစွာ ရှိလေ၏။ အရေးကြီးဆုံးကဏ္ဍကမူ စံပြစမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ ဖြစ်ပေသည်။ အောင်းရှန်၏ ပါရမီက စံပြမျိုးစေ့အဖြစ် မှတ်ယူ၍ရ၏။ ကုသိုလ်ရွှေခန္ဓာ ရှိထားခြင်းက အခွင့်အရေးကို တိုးမြှင့်ပေးမည်ဖြစ်ကာ ရာထူးကိုပါ မြင့်တက်လာလိမ့်မည်။ နတ်ဆိုးမျိုးနွယ်က သေးငယ်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကို ပြုလုပ်ကြလိမ့်မည်။

သူ့ကို ဆက်သွယ်ပြီးတော့ ရလဒ်ကို စောင့်ကြည့်ကြတာပေါ့…

ဝမ်ဝေ့က တွေးလိုက်သည်။ အောင်းရှန်၏ အောင်မြင်မှု၊ ကြမ္မာ၊ ကံကောင်းမှုနှင့် နတ်ဆိုးမျိုးနွယ်၏ ထောက်ပံ့မှုဖြင့် သူ့ကျင့်ကြံရေးက ကောင်းကင်ဘုံအဆင့်တွင် ရှိသင့်ပေသည်။ ထို့ကြောင့် စည်းတံဆိပ်၏ အစောင့်အကြပ် တစ်ယောက်ဖြစ်ဖို့ရာထက် လုံလောက်နေ၏။

ဝမ်ဝေ့က သတင်းစကား ပို့ဆောင်လိုက်သော်လည်း တုံ့ပြန်မှုကို စောင့်ဆိုင်းမနေပေ။ ထိုသူက သူ့ကို ပြန်ဖြေဦးမည် မဟုတ်ကြောင်း သိထားလေ၏။

သူက လေဟာနယ်ပုံရိပ်ယောင်နယ်မြေ၏ တံခါးဆီ ပျံသန်းပြီး ဝင်ရောက်လိုက်သည်။ အထဲတွင် ကြိုဆိုနေသည့် မြင်ကွင်းကမူ အနည်းငယ် အံ့အားသင့်ဖို့ ကောင်း၏။

ဝမ်ဝေ့က ဖြူစွတ်နေပြီး ဗလာကျင်းနေသည့်နေရာကို မြင်လိုက်ရသည်။ မှတ်တမ်းများမှ လေဟာနယ်ပုံရိပ်ယောင်၏ ဖော်ပြချက်က စိတ်ဝိညာဉ်စွမ်းအားနှင့် ပုံရိပ်ယောင်တို့မှ ဖန်တီးထားသည့် သက်ဝင်လှုပ်ရှားကမ္ဘာတစ်ခုသာ ဖြစ်ပေသည်။ သို့သော်လည်း ဤနေရာက လူသူကင်းမဲ့နေသည်ထက် ပိုပေ၏။

ဘာပဲဖြစ်ဖြစ် ဒီဟာကို သုံးလာခဲ့တာ ယွမ်ခေတ်ကာမြောက်များစွာ ကြာပြီလေ…

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ သူက မာမျိုးနွယ်၏ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်သည်။ ထင်ထားသည့်အတိုင်း ထူးကဲသည့် မှော်စွမ်းအားတစ်ခုက ရုတ်ချည်းဆိုသလို ထုတ်လွှတ်လာလေ၏။

ဝမ်ဝေ့က ထူးကဲသာလွန်မှုနည်းလမ်းအားလုံးကို မှတ်ထားလေသည်။ သူ့နည်းလမ်းများနှင့် ဗဟုသုတက ထိုစွမ်းအားရှေ့တွင် အသုံးမဝင်ပေ။

သူက မာတာမေတ္တယျကို မှားယွင်းခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။ အကယ်၍ သူမသာ အန္တိမသဟဇာတ၏ စွမ်းအားအများစုကို ချုပ်ထိန်းမထားခဲ့လျှင် ဝမ်ဝေ့က တိုက်ခိုက်ဖို့ရာ နည်းလမ်းရှိမည် မဟုတ်ပေ။ အနည်းဆုံးတော့ သူက ရှေးဦးစံပြတစ်ယောက် ဖြစ်မလာခင်အချိန်ထိ ဖြစ်၏။

မှော်စက်ဝန်းက နယ်မြေ၏ ဗဟိုချက်ဆီ မုခ်ပေါက်ကို ဖွင့်လှစ်လာသည်။

သူက ချက်ချင်းဆိုသလို တံတွေးမျိုချလိုက်၏။ သူက ဤဗဟိုချက်ရှိ ကျယ်ပြောလှသည့် တောင်နယ်နိမိတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုတောင်တစ်ခုချင်းစီကို ခရမ်းရောင်ကျောက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ခရမ်းရောင်ကျောက်များက စုစည်းထားသည့် ဝိညာဉ်များ ဖြစ်ပေသည်။ တောင်အနီးတွင် ကျယ်ပြောလှသည့် ပင်လယ်ပြင် ရှိ၏။ ဝမ်ဝေ့က ထိုပင်လယ်ပြင်သည် ဝိညာဉ်စွမ်းအား အရည်ဖြစ်ကြောင်း ပြောနိုင်သည်။

“ဒီလိုအရည်အသွေးနဲ့ သန့်စင်မှု”

 ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ထိုအရည်အသွေးက အံ့အားသင့်ဖို့ကောင်းသော်လည်း ထိုသလင်းကျောက်များ၏ တကယ့်တန်ဖိုးရှိသည့် ကဏ္ဍကမူ သူတို့သည် မည်မျှသန့်စင်သလဲဟူ၍သာ ဖြစ်သည်။

“ဝိညာဉ်အပေါ်မှာ သူမရဲ့ အောင်မြင်မှုက နောက်တစ်ဆင့်ပဲ။ သူမရဲ့ အဓိကတာအိုက ပုံရိပ်ယောင်ဆိုတော့ အဓိပ္ပာယ်တော့ ရှိပါတယ်”

ဝမ်ဝေ့က လောဘကြီးသော်လည်း အလျင်စလို ပြေးသွားခြင်း မရှိပေ။ သူက ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်၏။ ထင်ထားသည့်အတိုင်း သူ့လမ်းကို ပိတ်ဆို့မည့် အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ သူက ထိုအရာကို လေ့လာကြည့်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။

မာလီချိုးက မတုံးအပေ။ ထို့ကြောင့် သူမက ဝမ်ဝေ့အား သူ့အပေးအယူကို စောင့်ထိန်းဖို့ သေချာစေမည့် ကြိုတင်နည်းလမ်းများကို ချန်ထားခဲ့လေသည်။

ကာကွယ်ရေးနည်းလမ်းက ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။ ဝမ်ဝေ့က သူ့ကတိကို စောင့်ထိန်းဖို့ရာသာ ဖြစ်သည်။ ပို၍အရေးကြီးသည်က ထိုအရာက မာမျိုးနွယ်၏ သွေးဖြင့်သာ ဖွင့်လှစ်နိုင်လေ၏။ ထိုလူက စံပြအဆင့် ရောက်ရှိနေရမည်။

ဒီလောက်အကြာကြီးနေထိုင်ခဲ့တဲ့ လူအိုကြီးကို အခွင့်ကောင်းယူဖို့ဆိုတာ တကယ်ကို မလွယ်ဘူးပဲ…

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

ထူးကဲသာလွန်မှုလမ်းစဉ်ကို စထားပြီးတဲ့သူတွေဆို ပြောဖို့တောင် မလိုတော့ဘူး…

သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် အစီအရင်ကို ကြည့်ထားလိုက်၏။ သူက အကောင်းဆုံးအစီအရင် ဆရာသခင်အား ဤအရာကို ချိုးဖောက်ဖို့ ပြောဆိုခဲ့လျှင်ပင် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သိထားလေသည်။ အကယ်၍ သူတို့က နည်းလမ်း ရှာဖွေတွေ့ရှိလျှင်ပင် မာလီချိုးက အလိုအလျောက်  ဖောက်ခွဲဖျက်ဆီးပစ်ဖို့ နည်းလမ်းကောင်းတစ်ခု ချန်ထားကောင်း ချန်ထားနိင်သည်။

သို့သော်လည်း ဝမ်ဝေ့က လှုပ်ရှားစရာ မရှိဘဲ မနေပေ။ သူက စံပြတစ်ယောက် ဖြစ်လာသည့်သူကို ထိန်းချုပ်ပြီး ထိုသူက သူ့အတွက် အစီအရင်ကို ဖွင့်ပေးပြီးသည့်နောက်တွင် ထိုသူ၏ တည်ရှိမှုကို ဒဏ်ရာပေးနိုင်သည်။ ထို့အပြင် ထိုသူအား သူလိုချင်တာ ရရှိပြီးသည်နှင့် ထိုသူအား သံသရာသို့ ပို့ဆောင်ပေးနိုင်၏။

သို့သော်လည်း ဝမ်ဝေ့က ပိုမိုကောင်းမွန်သည့် နည်းလမ်းတစ်ခု ရှိလေသည်။

စိတ်စွမ်းအားက ကြောက်ဖို့ကောင်းတဲ့ စွမ်းအားပဲ။ တကယ်လို့ ငါသာ မာမျိုးနွယ်ရဲ့ စံပြကို ကြောက်ဖို့ကောင်းတဲ့ စိတ်စွမ်းအားရှိအောင် လေ့ကျင့်ပေးလိုက်မယ်ဆိုရင် မာလီချိုးအတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ယူပြီး အသက်ပြန်ရှင်လာဖို့က မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူမ လုပ်နိုင်တယ်ဆိုရင်တောင်မှပဲ ဒီချဉ်းကပ်မှုမျိုးက သူမကို နှောင့်နှေးသွားစေနိုင်မှာပဲ…

ယခု သူက မာမျိုးနွယ်၏ မျိုးဆက်ကို မည်သို့လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း သိလိုက်သည်။ ပါရမီနှင့် ပတ်သက်သည့်အခါ ထင်ထားသည်ထက် လုပ်ဖို့ရာ ပိုမိုလွယ်ကူလေ၏။ သူတို့က မာလီချိုး၏ မျိုးဆက်များဖြစ်သည့်အတွက် ဝမ်ဝေ့ လုပ်ဖို့လိုအပ်သည်က ပုံရိပ်ယောင်အတွက် ပါရမီကို နှိုးဆွပေးဖို့ရာသာ ဖြစ်သည်။

ထိုချဉ်းကပ်မှုက မာလီချိုးအတွက် ထိုသူအား ပိုမိုကောင်းမွန်သည့် အခွံ ဖြစ်လာစေနိုင်သော်လည်း သူတို့၏ ပါရမီကို မြှင့်တင်နိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး စံပြအဆင့်ကို ရောက်ရှိနိုင်ဖို့ရာ လူကို ရှာဖွေလိမ့်မည်။

နောက်တစ်ဆင့်ကတော့ မာလီချိုးရဲ့ ကံကောင်းမှုနဲ့ ကြမ္မာပဲ။ ဒီလူတွေရဲ့ ချီကံကောင်းမှုက အတော်လေးကို သနားဖို့ကောင်းတယ်…

ဝမ်ဝေ့က လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို အသက်သွင်းပြီးသည့်နောက်တွင် သူက သူတို့မျိုးနွယ်၏ ချီကံကောင်းမှုနဂါးကို အာဟာရဖြည့်ပေးပြီး သူတို့၏ မိသားစုကို ပြန်လည်ကောင်းမွန်စေလိုက်သည်။ သူက သူတို့၏ မျိုးနွယ်အတွက် အစောင့်အရှောက် တစ်ယောက်ကိုပါ ပြုစုပျိုးထောင်ပေးရဦးမည် ဖြစ်၏။ ထိုအခါမှ ထိုသူများသည် သူတို့မျိုးနွယ်၏ ချီကံကောင်းမှုနဂါးနှင့် ကြမ္မာကို ထပ်မံ မဖျက်ဆီးပစ်တော့မည် ဖြစ်သည်။

ဝမ်ဝေ့က ထိုပါရမီရှင်များ၏ စိတ်နှင့် စိတ်စွမ်းအားကို လေ့ကျင့်ပေးရမည်။ သူတို့၏ စိတ်စွမ်းအားက သူတို့၏ ကျင့်ကြံဆင့်ထက် ပိုမိုမြင့်မားပြီး သူတို့၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ပူးကပ်နိုင်အောင် လေ့ကျင့်ပေးသည်။

ပြီးတော့ အစွဲအလမ်းကိုပါ ထည့်ပေါင်းရဦးမယ်…

ဝမ်ဝေ့က နောက်ဆုံးသော အစီအစဉ်ကို ချမှတ်လိုက်သည်။ တကယ်လို့ ရွေးချယ်ခံသူက အားကောင်းတဲ့ စိတ်ဆန္ဒရှိပြီးတော့ မာမျိုးနွယ်ကို အသက်ပြန်သွင်းဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့သူဆိုရင် ဒီစွမ်းအားနဲ့ မာလီချိုးကို ပြဿနာဖြစ်ဖို့ လုံလောက်စေတယ်…

ဝမ်ဝေ့က မာလီချိုးနှင့် ပြဿနာ မရှိဘဲ သူမကို မည်သို့ဆက်ဆံရမလဲဟုပင် အစီအစဉ် ရှိလာမိသည်။ သို့သော် ကိစ္စများက ပြောင်းလဲသွားလေ၏။ သူက ထိုဝိညာဉ်စွမ်းအားများကို တတ်နိုင်သမျှ မြန်မြန် ရယူလိုမိသည်။ သို့သော်လည်း သူက သူမအား မြန်မြန် အသက်ပြန်ရှင်မလာစေလိုပေ။ ထို့ကြောင့် သူမကို ဤနည်းဖြင့် ဆက်ဆံရမည် ဖြစ်၏။

ယခု သူက မာမျိုးနွယ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း သိထားပြီဖြစ်သည့်အတွက် ဝမ်ဝေ့က လေဟာနယ်ပုံရိပ်ယောင် နယ်မြေကို အာရုံစိုက်ထားလိုက်သည်။ မာလီချိုးက သူ့ကို ဤနယ်မြေအပေါ် ထိန်းချုပ်မှု အပြည့်အဝ ပေးခဲ့ကြောင်း ပြောဆိုစဉ်အခါက လိမ်ညာခဲ့ခြင်းသာ ဖြစ်၏။ အနည်းဆုံးတော့ ဝမ်ဝေ့က နောက်တံခါးကို မခံစားမိပေ။ သူက ထိုနေရာတွင် ဘာမှမရှိကြောင်း မယုံပေ။

အကယ်၍ သူ့ကောက်ချက်ချမှုသာ မှန်ကန်ပါက ထိုနယ်မြေသည် သူမ၏ ထူးကဲသာလွန်မှုလမ်းစဉ် ဖြစ်နေနိုင်သည်။ သူမက သူ့ကို ဘယ်သောအခါမှ ပေးမည် မဟုတ်ပေ။

သူသာ အပြည့်အဝ ထိန်းချုပ်ခွင့်ရသည်နှင့် လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို ပြန်လည်တည်ဆောက်ခြင်းက နောက်တစ်ဆင့်သာ ဖြစ်၏။ ဖြစ်စဉ်က ထင်ထားသည်ထက် ပိုမိုလွယ်ကူပေလိမ့်မည်။ ဝမ်ဝေ့က အိပ်မက်လောကနှင့် အတွေ့အကြုံရှိပြီးသား မဟုတ်ပါလော။

သူက ဒိုင်မေးရှင်းအနိမ့်၏ အိပ်မက်လောကကို ဒိုင်မေးရှင်းအမြင့်၏ အခြေအနေနှင့် အနေအထားနှင့် ကိုက်ညီအောင် နည်းနည်းဆင့်ကဲပြောင်းလဲလိုက်ခြင်းသာ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ကျင့်ကြံသူများကို ဝင်ထွက်ခွင့်ပြုပေးလိုက်သည်။

သူ့လက်ရှိတာဝန်က သေမျိုးလူမှုအဖွဲ့အစည်းကို ထိုအရာမှ ဖြန့်ဝေဖို့ရာ ဖြစ်၏။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် ဝမ်ဝေ့က သူ့လူများအား ကမ္ဘာတစ်ဝှမ်းဆီ သတင်းစကား ဖြန့်ဝေဖို့ စေလွှတ်လိုက်သည်။ သူက ဝိဇ္ဇာလင်းချီနှင့် သူ့အဖွဲ့အစည်းကိုပါ ဆက်သွယ်လိုက်၏။

သူက သေမျိုးများနှင့် ပိုမိုဆက်နွယ်မှုရှိပြီး သူတို့ကြား၌ ထိုသူက ယုံကြည်မှုနှင့် ဩဇာတက္ကိမတို့ ရှိပေသည်။

“အခုအားလုံး ကျန်ရှိတာက တတ်နိုင်သမျှ မြန်မြန် တည်ဆောက်ဖို့ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက အဝေးတစ်နေရာမှ လှမ်းကြည့်လိုက်၏။ သူက ဒိုင်မေးရှင်းအနိမ့်မှ သေမျိုးလူမှုအဖွဲ့အစည်း၏ ရလဒ်ကို ရယူနိုင်သည့်အတွက် ဤနေရာရှိ သေမျိုးများအတွက် ပိုမိုလွယ်ကူသွားစေသည်။ သို့သော်လည်း အန္တိမသဟဇာတက ကိစ္စများကို ချောချောမွေ့မွေ့ဖြစ်အောင် ခွင့်ပြုပေးမည် မဟုတ်မှန်း သိလေ၏။

ထင်မှတ်မထားတာ တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် နောက်တစ်ဆင့်က သေမျိုးနဲ့ ကျင့်ကြံသူတွေကြားမှာ စစ်ပွဲဖြစ်လာလိမ့်မယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ကိစ္စများ၏ တိုးတက်လာပုံအရ စစ်ပွဲက ရှောင်လွှဲ၍ မရနိုင်ပေ။

ကျင့်ကြံသူများက သူတို့၏ သက်တမ်းပြတ်လပ်သွားတော့မည်ဖြစ်သည့်အတွက် ရူးသွပ်နေကြသည်။

ယခု ဝမ်ဝေ့က သေမျိုးများအတွက် ထောက်ပံ့ပေးလိုက်ပြီဖြစ်သည့်အတွက် ထိုသူများက အလွယ်တကူ သတ်ခံရမည့် ခပ်ဝဝ သိုးများအဖြစ် သူတို့၏ ကံကြမ္မာကို လက်ခံကြတော့မည် မဟုတ်ပေ။

သေမျိုးတွေက သူတို့ကိုယ်သူတို့ ထိန်းနိုင်တာနဲ့ နောက်တစ်ဆင့်က အန္တိမသဟဇာတရဲ့ ကမ္ဘာအပေါ် လွှမ်းမိုးမှုကို လှုပ်ရှားဖို့ပဲ။ ပြီးရင် အဲဒီသော့ခလောက်ကိုလည်း ဖယ်ရှားပစ်ရမယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

All Chapters