← Chapters

အခွင့်အရေးကောင်း

Vol. 98 Ch. 1361

အခွင့်အရေးကောင်း

Vol. 98 Ch. 1361

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်

ဧကရာဇ်ခုံက လေထဲ ဝဲပျံနေရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ထိုကပ်ပါးများထံ ဖြစ်လာသည့် အရာများကို စောင့်ကြည့်နေပြီး ယခု  ထူးဆန်းနေမိသည်။

ဒီတိုက်ပွဲက ကမ္ဘာအပေါ်မှာ သိသာတဲ့ သက်ရောက်မှုမျိုး ရှိတယ်။ ငါ အခွင့်အရေးကို ခံစားမိပေမဲ့ မဖမ်းဆုပ်နိုင်သေးဘူး…

သူက သူ တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ပြန်လည်သုံးသပ်ပြီး ထိုအရာကို ဖမ်းယူဖို့ ကြိုးစားလိုက်သည်။ နှမြောဖို့ကောင်းလှစွာဖြင့် ထိုအရာက ညအခါ၌ လွတ်လပ်စွာ သွားလာနေသည့် သူခိုးတစ်ယောက်လိုမျိုး လွတ်သွားသည်။

ဧကရာဇ်ခုံက သူ့တပည့်များနှင့် ပြောဖို့ စဉ်းစားလိုက်သည်။ သို့သော်လည်း သူတို့ကို အရေးပါသည့် အဖွဲ့ခွဲတစ်ခုထံ တာဝန် စေလွှတ်ထားကြောင်း အမှတ်ရသွားလေ၏။

ဒီလိုဆိုရင် ဆရာနဲ့ပဲ သွားတွေ့ရအောင်…

ဆရာရှန်းက မျှော်စင်အထက် ရပ်နေပြီး ကောင်းကင်ယံကို မော့ကြည့်နေသည် တခြားနည်းဖြင့် ပြောရလျှင် ဆရာရှန်းက အသက်ပြန်ရှင်ပြီး ကျင့်ကြံပြီးသည့်နောက်တွင် သူက ကျောင်းတော်ကောင်းမှုနှင့် ပေါင်းစည်းပြီး ကျောင်းတော်၏ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ပစ္စည်း၏ လက်နက်စိတ်ဝိညာဉ် သို့မဟုတ် အစောင့်အရှောက် ဖြစ်လာဖို့ လိုလားခဲ့သည်။

ဧကရာဇ်ခုံက ထိုအရာကို ဆန့်ကျင်ခဲ့သော်လည်း ထိုသူက အတော်လေး ခေါင်းမာလှ၏။

ထိုအပြုအမူ၏ အကျိုးကျေးဇူးကမူ ကြီးမားလှသည်။ ကျောင်းတော်၏ ကံကောင်းမှုက တိုင်းတာ၍ မရလောက်အောင် ဖွဲ့စည်းလာပြီး သူတို့၏ ကံကြမ္မာအား ထိပ်တန်းမျိုးနွယ်များဖြင့် ယှဉ်နိုင်လောက်သည်အထိ စည်ပင်ကြွယ်ဝလာစေခဲ့သည်။ အသုံးအဆောင်ပစ္စည်းကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထားရမည်။ အရေးကြီးသည်က အကန့်အသတ်များကြောင့် ဆရာရှန်းသည် တားမြစ်ခံစစ်ဆေးမှုမရှိဘဲ ကံကောင်းမှုနှင့် ကြမ္မာကို ကျင့်ကြံနိုင်လေ၏။

“မင်းရဲ့ စိတ်က ထွေပြားနေတာပဲ” ဆရာရှန်းက သူ့တပည့်ကို လျင်လျင်မြန်မြန် ပြောလိုက်သည်။

“ဟုတ်ပါတယ်” ဧကရာဇ်ခုံက ခေါင်းညိတ်လိုက်သည်။

“အခွင့်အရေးက ကျွန်တော်ရှေ့မှာ ရှိနေတာကို သိပေမဲ့ မဖမ်းဆုပ်နိုင်သေးဘူး” ဧကရာဇ်ခုံက သူ့အလိုလိုသိစိတ်ကို ဘယ်သောအခါမှ သံသယ မဖြစ်ခဲ့ပေ။ သူ့အဆင့်ရှိ ကျင့်ကြံသူအများစုက သူတို့၏ ခံစားချက် သို့မဟုတ် အာရုံခံမှုများကို မေးခွန်းထုတ်မည် မဟုတ်ပေ။ သူ့လိုမျိုး ကံကောင်းမှုနှင့် ကြမ္မာမြောက်များနေသူအတွက် ဆိုထားဖွယ် မရှိတော့ပေ။

“ဆရာ တစ်ခုခုများ အာရုံခံမိလို့လား”

“မင်းက အချိန်ကိုက် ရောက်လာတာပဲ” ဆရာရှန်းက ပြောလိုက်သည်။

“မိုးမြေရဲ့ လျှို့ဝှက်ချက်တွေက ယာယီ နှောင့်ယှက်ခံလိုက်ရတယ်လေ။ အဲဒါကြောင့် ငါ ကိစ္စတချို့ကို မြင်တွေ့လိုက်ရတယ်”

ဧကရာဇ်ခုံက စိတ်အားထက်သန်စွာ နားထောင်နေလေ၏။

“ကောင်းကင်တာအိုရဲ့ ဝမ်ဝေ့အပေါ် မှီခိုအားထားမှုက ပိုပြီး မြင့်မားလာပြီ” ဆရာရှန်းက ဆက်ပြောလိုက်သည်။

“သူ့ကို နေမင်းနှစ်စင်းကို ရင်ဆိုင်ဖို့ပဲ ဖြစ်စေချင်နေတာ။ သူ့ကို အာရုံမထွေပြားစေချင်ဘူး”

“ဆရာ ပြောချင်တာက … ” ဧကရာဇ်ခုံက အကြည့်များ တောက်ပလာကာ မေးလိုက်သည်။

“ဟုတ်တယ်။ လမင်းတွေက အာရုံထွေပြားမှုတစ်ခုပဲ။ သူတို့ကို သုတ်သင်မဲ့ ကံကြမ္မာကို အားလုံးဆီ ဖွင့်ပေးလိုက်ပြီ။ အခု သူတို့ရဲ့ ကံကောင်းမှုက အားအနည်းဆုံး ဖြစ်ကုန်ပြီ။ ကောင်းကင်တာအိုက အဲဒီကပ်ပါးတွေ ဖယ်ရှားနိုင်မဲ့ အခွင့်အရေးကို အသုံးချဖို့ လူတွေကို လှုံ့ဆော်လာလိမ့်မယ်”

“ဒါက တကယ်ကို သတင်းကောင်းပဲ” ခုံက ပြုံးကာ ပြောလိုက်သည်။ ကြမ္မာက သူတို့ဘက်တွင်ရှိနေသည့်အတွက် ထိုကပ်ပါးများကို သုတ်သင်ဖို့ ပိုမိုလွယ်ကူလာသည်။

“ဒါပေမဲ့ ဝမ်ဝေ့ရဲ့ ကြမ္မာကို ယူတာက အတွေးကောင်း ဟုတ်ပါ့မလား”

ဆရာရှန်းက သူ့ကို ကြည့်လိုက်သည်။

“မင်းက သူနဲ့ ပတ်သက်လာရင် အတော်လေးကို သတိကြီးကြီး ထားလာတာပဲ”

“အဲဒါတောင် မလုံလောက်သေးဘူး” ဧကရာဇ်ခုံက ပြန်ပြောလိုက်သည်။

ဆရာရှန်းက သူ့ကို ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ပေ။ သူက ခုံ ကြီးပြင်းလာသည်ကို ကြည့်ရသည့်အတွက် သူ့အကဲဖြတ်ချက်အပေါ် အပြည့်အဝ ယုံကြည်လေသည်။

“သူနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုဘူး” ဆရာရှန်းက ကောင်းကင်ယံကို မော့ကြည့်ရင်း ပြောလိုက်သည်။

“ကောင်းကင်တာအိုက သူတို့ရဲ့ ဆက်ဆံရေးကို လက်ရှိအခြေအနေမှာ ပျက်ပြားသွားစေမဲ့ အမှားအယွင်းက ဘယ်လိုဖြစ်သွားစေမယ်ဆိုတာ ကောင်းကောင်းသိထားတယ်လေ။ အဲဒါကြောင့် သူ့အတွက် ကာမိစေဖို့ စီစဉ်ထားပြီးသား။ ပြီးတော့ လမင်းတွေရဲ့ ချီကံကောင်းမှုမှာ အပြောင်းအလဲအသစ် တချို့ ဖြစ်ပေါ်လာပြီ”

“ဆရာက ဘာမြင်လိုက်တာလဲ”

“သူတို့ရဲ့ ကံကောင်းမှုကို ယူဖို့ ပိုမိုလွယ်ကူလာပြီ။ သူတို့ကို တစ်ခါသတ်နိုင်ပြီးတော့ သူတို့ရဲ့ အသက်တစ်သက်ကို တစ်ခါဆုံးရှုံးသွားတာနဲ့ သူတို့ရဲ့ ကံကောင်းမှုနဲ့ ကံကြမ္မာအမြောက်အများကို ရယူနိုင်လိမ့်မယ်။ ဒါက သူတို့ရဲ့ ငါတို့ကျောင်းတော်အတွက် အခွင့်အရေးကောင်းပဲ။ ငါတို့တွေက သူတို့ကို တစ်ခါ သတ်ဖို့ပဲ လိုမယ်။ အကျိုးအမြတ်ကတော့ ထိုက်တန်တယ်” ဆရာရှန်းက ဆက်ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ” ဧကရာဇ်ခုံက တောက်ပလာကာ ခေါင်းညိတ်လိုက်၏။ သူက ထွက်မသွားခင် သူ့ဆရာကို ကျေးဇူးတင်ခဲ့သည်။ သူက နောက်တစ်ဆင့်ကို ဆွေးနွေးဖို့အတွက် အစည်းအဝေးဆင့်ခေါ်လိုက်သည်။

………………………………………………

တာအိုအခွင့်အလမ်းဂိုဏ်း အကြီးအကဲများနှင့် ဂိုဏ်းချုပ် အစည်းအဝေး

“သတင်းကြားပြီးသွားပြီလား” ဂိုဏ်းချုပ်ယွီချိုက်က မေးလိုက်သည်။

“ဘာသတင်းလဲ” ရောက်ရှိလာခါစ အကြီးအကဲတစ်ဦးက မေးလိုက်၏။ ထိုသူက သော့ခလောက်မှ သူ့ဒဏ်ရာများကို ကုစားဖို့ သီးသန့်လေ့ကျင့်ရေးကို ဝင်ရောက်နေပြီး ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်ထားလေသည်။ သူက ဤကဲသို့ အရေးတကြီး အစည်းအဝေးကြောင့်သာ မဟုတ်လျှင် ထွက်လာမည် မဟုတ်ပေ။

“ကပ်ပါးတွေရဲ့ ကံကောင်းမှုနဲ့ ကြမ္မာက သိမ်းပိုက်ဖို့ ပိုလွယ်ကူလာပြီ” တစ်စုံတစ်ယောက်က ရှင်းပြလိုက်သည်။

“ဒါက သတင်းကောင်းပဲ။ ဒါပေမဲ့ ဒီလိုမျိုး ကြီးကျယ်တဲ့ အစည်းအဝေးအတွက်တော့ လုံလောက်ရဲ့လား။ ငါတို့က သူတို့ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို မလိုအပ်ဘူးလေ”

“ငတုံး …  ပါဝင်ပတ်သက်မှုတွေကို စဉ်းစားကြည့်ဦး”

“ဘယ်လိုပါဝင်ပတ်သက်မှုလဲ။ သူတို့အားလုံးက သေသွားတယ်ဆိုရင်တောင် ငါတို့ခေါင်းပေါ်က သော့ခလောက်က ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး”

ယွီချိုက်က ရန်ဖြစ်ကြတော့မည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက လက်ကို မြှောက်ကာ အားလုံးကို တားဆီးလိုက်သည်။

“ဒီနေ့ ခေါင်းစဉ်က ငါတို့တွေက ပြင်ပလောကနဲ့ ဝင်ရောက်စွက်ဖက်သင့်လား၊ မစွက်ဖက်သင့်လားဆိုတဲ့ ကိစ္စတွေပဲ … အားလုံးက ရောက်နေပြီဆိုတော့ အကောင်းအဆိုးကို ဆွေးနွေးရအောင်”

“အဓိကကောင်းကျိုးကတော့ ဘိုးဘေးတွေကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်။ သူတို့က ငါတို့ကို လွတ်မြောက်စေလိမ့်မယ်” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

အာဏာရှင်နှင့် ထိပ်တန်းမျိုးနွယ်များက နက်နဲသည့် အုတ်မြစ် ရှိထားကြ၏။ သူတို့၏ စွမ်းအားနှင့် ထိန်းချုပ်မှုကို တားဆီးဖို့အတွက် အချိန်စားသုံးသူက သူတို့အာဏာနှင့် အရင်းအမြစ်အများစုကို ပိတ်ဆို့ထားဖို့ ဖျောင်းဖျခဲ့သည်။ ထို့ကြောင့် ထိုမျိုးနွယ်များက သူတို့၏ ဘိုးဘေးများ ပြန်လာဖို့ လိုအပ်နေလေ၏။

“ဆိုးကျိုးကတော့ နေမင်းနှစ်စင်းက အရင်ကထက်ပိုပြီးတော့ သက်ဝင်လှုပ်ရှားလာတယ်။ သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့တွေက ဘိုးဘေးတွေကို ပြန်လည်အသက်သွင်းတဲ့ နေရာမှာ တားဆီးဖို့ ပိုပြီး လွယ်ကူလာလိမ့်မယ်။ ပိုပြီးဆိုးရွားတာက ဒီအခွင့်အရေးကို သုံးပြီး ငါတို့အားလုံးကို ရှင်းထုတ်ပစ်နိုင်တယ်”

အခန်းက အတော်လေး တိတ်ဆိတ်သွားခဲ့သည်။ ဂိုဏ်းအနေဖြင့် ဤသို့ခြိမ်းခြောက်မှုမျိုး မခံစားရသည်မှာ မည်မျှကြာမြင့်သွားသနည်း။

သူတို့၏ စွမ်းအားအထွတ်အထိပ် တည်ရှိစဉ်အခါက သူတို့သည် တခြားသူများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်ပြီးသား ဖြစ်ကာ ယခုတွင် အားလုံးက ပြောင်းလဲသွားလေ၏။

“မဟာအကြီးအကဲရော ဘယ်လိုထင်လဲ” ယွီချိုက်က ရိုးရှင်းလှသည့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်ကြီးကြီး အမျိုးသမီးကို ကြည့်ကာ မေးလိုက်သည်။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ယွီချိုက်က မဟာအကြီးအကဲ ယန်းရွှယ်ကိုသာ လေးစားလေသည်။ ဂိုဏ်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ရှုပ်ထွေးလှပြီး မိသားစုအမြောက်အများ ရှိနေပြီးသား ဖြစ်သလို  နောက်ထပ်အားကောင်းသည့် မိသားစု မျိုးနွယ်များ မွေးထုတ်ဖို့ကို တားဆီးထားသည့် ဖိနှိပ်မှုလည်း ရှိနေသေးသည်။

ဤခေတ်ကာလ စတင်လာကတည်းက ဂိုဏ်းက ကပ်ဘေးများနှင့် ရင်ဆိုင်ခဲ့ရသည်။ လူများ၏ ပထမဦးဆုံး အလိုလိုသိစိတ်က ဝမ်၊ ယန်းနှင့် လီဘိုးဘေးမျိုးနွယ် သုံးခုထဲမှ တစ်ခုကို နောက်ခေါင်းဆောင်ဖြင့် ရွေးချယ်ဖို့ရာသာ ဖြစ်သည်။ သို့သော်လည်း မဟာအကြီးအကဲ ယန်းရွှယ်က ထိုသူများကို  ငြင်းဆန်ပြီး ယွီချိုက်ကို ထောက်ပံ့ပေးခဲ့သည်။ ထိုသူတွင် ဂိုဏ်းချုပ်အနေဖြင့် သူတို့လုပ်ပိုင်ခွင့်နှင့် အာဏာ ရှိနိုင်အောင် ထောက်ပံ့ပေးခဲ့သည်။

မဟာအကြီးအကဲ ယန်းရွှယ်က အာဏာသိမ်းပိုက်ဖို့ရာ နည်းလမ်းများစွာ ရှိလေသည်။ ကပ်ဘေးစတင်လာသည်နှင့် ဂိုဏ်းတွင် ကျန်ရှိနေသည့် စံပြများက သူတို့၏ ကံကြမ္မာကို သိကြသည်။ ထို့ကြောင့် သူတို့က လူတစ်ယောက်ကို ရွေးချယ်ပြီး ဂိုဏ်းကို စောင့်ရှောက်ဖို့ ချန်ထားခဲ့သည်။ ယန်းရွှယ်က ရွေးချယ်ခံလိုက်ရ၏။ သူမက တုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ တည်ရှိမှုကို ဒဏ်ရာရစေကာ သူမ၏ ကျင့်ကြံဆင့်အား ကောင်းကင်ဘုံအဆင့်ထိ လျော့ကျစေခဲ့သည်။ သူမ၏ အဆင့်အတန်းနှင့် စွမ်းအားတို့ဖြင့် သူမက နေရာကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်။ သို့သော်လည်း သူမက ဂိုဏ်း၏ စည်းမျဉ်းနှင့်သမာသမတ်ကျမှုကို ထိန်းသိမ်းဖို့ရာသာ အာရုံစိုက်ထားခဲ့သည်။

“အဓိကဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ဘိုးဘေးဆီက ကြားရတော့ အကောင်းဆုံးပဲ” ယန်းရွှယ်က ပြောလိုက်သည်။

“မဟာအကြီးအကဲ ပြောတာ ဟုတ်ပါတယ်” ယွီချိုက်က ပြောလိုက်သည်။ ကိစ္စများက သူတို့အနေဖြင့် ဘိုးဘေးများဆီမှ အတွေးအမြင်နှင့် လမ်းညွှန်မှုများ လိုအပ်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ယွီချိုက်က သဘောတူလေ၏။ ယန်းရွှယ်က ယန်းအိုက်နှင့် ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။ ထိုအမျိုးသမီးက အခန်းဆီ ပြန်သွားလေ၏။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူမက ပြန်လည်ရောက်ရှိလာ၏။

“ဘိုးဘေးက ငါတို့ ဘာမှလုပ်ဖို့ မလိုဘူးလို့ ပြောလိုက်တယ်။ သခင်လေး ဝမ်ဝေ့က ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ပြီးပြီ။ ငါတို့လုပ်ဖို့လိုတာက သူတို့တွေ သူ ငါတို့အကူအညီကို လိုအပ်လာတာ ဒါမှမဟုတ် တောင်းဆိုလာတဲ့အထိ စောင့်ရုံပဲ” ယန်းရွှယ်က ပြောလိုက်သည်။

“အဲ့လိုမျိုးလား”

“သူမ ပြောတာကတော့ တကယ်လို့ သူ့ဆီမှာ တစ်ခုခုဖြစ်ပျက်ခဲ့တယ်ဆိုရင် လက်စားချေဖို့  အသင့်ပြင်ထားတဲ့”

“ကျုပ် နားလည်ပါပြီ” ယွီချိုက်က ခေါင်းညိတ်လိုက်သည်။ သူက ဝမ်ဝေ့၏ အဆင့်အတန်းသည် ဂိုဏ်း၌ မည်မျှမြင့်မားကြောင်း သိထားသော်လည်း ဤအဆင့်အနေအထားထိ မထင်မှတ်ထားခဲ့မိပေ။ သူ့အနေဖြင့် သူက အားကျခြင်း မရှိသလို မနာလိုခြင်းလည်း မရှိပေ။ သူက ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူ့တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စံပြတစ်ယောက်ဖြစ်လာဖို့ ကုသိုလ်နှင့် ကံကောင်းမှုတို့ကို စုဆောင်းထားပြီးပြီ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ပြန်လာပြီး သူ့ရာထူးကို လိုချင်သည်ဆိုလျှင်ပင် သူက လက်လျှော့နိုင်သည်။

……………………………………………………….

မျိုးနွယ်အထွတ်အမြတ် တောင်ထိပ်

ကြယ်ဝိဇ္ဇာ ဖန်းစွေ့က ကောင်းကင်ကို မော့ကြည့်ရင်း နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာကို စဉ်းစားနေလေသည်။

“ငါတို့တွေ ဒီပွဲကို ဝင်ရောက်ဆင်နွှဲသင့်လား။ ဒါမှမဟုတ် အရမ်းကို စောလွန်းနေမလား”

သူမက မေးခွန်းကို အလေးအနက် တစ်ချက် စဉ်းစားနေလေသည်။ ထိုအရာက မျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လေ၏။

“အောင်းရှန်က တကယ်ကို ပါရမီထူးချွန်တယ်။ ဒါပေမဲ့ အဆင့်သင့် မဖြစ်သေးဘူး။ ဒီဖြစ်ရပ်မှာ ဝင်ရောက်ဆင်နွှဲတာက သူ့အနေနဲ့ အကျိုးအမြတ်ရှိတာထက် အသတ်ခံရနိုင်ခြေ ပိုများတယ်။ ဒါပေမဲ့ ဒါသာ အမှန်ဖြစ်တယ်ဆိုရင် သူ့ရဲ့ အခွင့်အရေးက ဘယ်မှာလဲ။”

ကြယ်ဝိဇ္ဇာ ဖန်းစွေ့က ကောင်းကင်ယံမှ သော့ခလောက်ကို ကြည့်ပြီးသည့်နောက်တွင် စည်းပိတ်ထားသည့် အချိန်စားသုံးသူဆီ အကြည့်ကျရောက်လာသည်။

“ရှင်က ဒီကမ္ဘာရဲ့ နောက်အချိန်ဆက်စပ်မှုလား။ ဒီကမ္ဘာရဲ့ ကပ်ဘေးက ရှင့်ဆီကနေ အစပြုလာမှာလား။ ဒီလိုဆိုရင် ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်ထားနိုင်တယ်”

သူမက လက်ဝှေ့ပြီးသည့်နောက်တွင် အောင်းရှန်အား တစ်စုံတစ်ယောက်အား ဆင့်ခေါ်ခိုင်းလိုက်သည်။

ဝမ်ဝေ့ ထင်ထားသည့်အတိုင်း ထိုသူက ကောင်းကင်ဘုံတစ်ယောက် ဖြစ်လာသော်လည်း ကုသိုလ်ရွှေခန္ဓာကို မဖွဲ့စည်းရသေးပေ။

ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ်၏ အာဏာပိုင်းဆိုင်ရာ အခြေအနေ ရှုပ်ထွေးမှုကို လျှော့တွက်ခဲ့မိ၏။

“တစ်ခုခုများ ဖြစ်လို့လား” ဖန်းစွေ့က မေးလိုက်သည်။ အောင်းရှန်က ထိုအမျိုးသမီးသည် မည်သူ ဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ အံ့အားသင့်သွားမိ၏။ ထို့ကြောင့် သူက ဝမ်ဝေ့၏ သတင်းစကားနှင့် ပတ်သက်ပြီး အားလုံးကို ပြောပြခဲ့၏။

“ဒါက တကယ်ကို ကံကြမ္မာပဲ။” ဖန်းစွေ့က ပြောလိုက်သော်လည်း အောင်းရှန်က နားမလည်ပေ။

“ငါ့နာမည်နဲ့ မင်း လိုအပ်နေတဲ့ ကုသိုလ်ကို ဖွဲ့စည်းပေးဖို့ ထောက်ပံ့ပေးမယ်။ မင်းက သူ့ရဲ့ အကြံပြုချက်ကို လက်ခံလိုက်လို့ရတယ်”

အောင်းရှန်၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

“ဟုတ်ကဲ့ပါ ... ”

All Chapters