ကောင်းကင်တာအို၏ လှုပ်ရှားမှု
Vol. 98 Ch. 1364
ဝမ်ဝေ့က သေမျိုးများစွာ ရှေ့တွင် တင်ပျဉ်ခွေထိုင်နေပြီး ၁.၃၆၉ မီလီယံရှိသည့်သူများကို ခေါင်းဆောင်အဖြစ် ရွေးချယ်ထားကာ ဝမ်ဝေ့နှင့် ကောင်းကင်တာအိုတို့မှ ကံကြမ္မာအမြောက်အများ ထည့်ပေးထားသည်။ ထိုလူပမာဏက အမြောက်အများ ဖြစ်ဟန်ပေါ်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင်ရှိနေသည့် သေမျိုးပမာဏကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ထိုအရေအတွက်က ဘာမှမဟုတ်တော့ပေ။
ကံကောင်းစွာဖြင့် ဝမ်ဝေ့က အရေအတွက်ထက် အရည်အသွေးကို ဦးစားပေး၏။ ထိုခေါင်းဆောင်များက သေမျိုးလူမှုအဖွဲ့အစည်း၏ ဗဟုသုတများကို လက်ခံရရှိလောက်အောင် ဉာဏ်ကောင်းကြပြီး ဦးဆောင်နိုင်စွမ်း ရှိလေသည်။
ဝမ်ဝေ့က ဖြစ်ပျက်လာတော့မည့်ကိစ္စကို သိထားလေ၏။ သူက ဗဟုသုတများ သင်ကြားပေးပြီးသည့်နောက်တွင် ကျင့်ကြံသူများနှင့် ပတ်သက်ပြီး မည်သို့ တိုက်ခိုက်ရမည်ကိုပါ လေ့ကျင့်ပေးလိုက်သည်။
“မင်းတို့ရဲ့ လေ့ကျင့်မှုက ပြီးမြောက်သွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ အပြင်ဘက်တွင် ၆လမျှသာ ကုန်ဆုံးသေးသော်လည်း ထိုသူများကမူ နှစ်ဒါဇင်ချီ လေ့ကျင့်ရင်း သင်ယူခဲ့ရသည်။
“မင်းတို့မျိုးစိတ်ရဲ့ ကြမ္မာက မင်းတို့လက်ထဲမှာ ရှိတယ်။ ကျင့်ကြံသူတွေက အထောက်အပံ့တွေ ပေးမယ်ဆိုပေမဲ့လည်း နောက်ဆုံးမှာတော့ မင်းတို့က ကိုယ့်ကိုယ်ကို မှီခိုရမှာပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ပညာရှိ ဝိဇ္ဇာ … ကျွန်တော်တို့ နားလည်ပါပြီ။” သူတို့က ပြိုင်တူတုံ့ပြန်လိုက်ကြသည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက သူတို့အား ထိုသို့ခေါ်ဖို့ရာ ပြောထားခြင်း မရှိသော်လည်း သူ့အပြုအမူက ထိုဂုဏ်ပုဒ်နှင့် ကိုက်ညီနေသည်။
“အခု သွားကြတော့”
“လူကြီးမင်း ကျွန်မတို့တွေ ထပ်တွေ့နိုင်ဦးမှာလား” အမျိုးသမီး ခေါင်းဆောင်တစ်ယောက်က မေးလာသည်။
“ကံပါရင် ပြန်တွေ့ပါလိမ့်မယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အားလုံး၏ စိတ်ကို ခန္ဓာကိုယ်အတွင်း ပြန်လည် ပို့ဆောင်လိုက်သည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကို သက်ပြင်းချလိုက်၏။ သေမျိုးများက လှည့်ကွက်ကြီးထဲတွင် ဘာမှမဟုတ်ပေ။ သူတို့က ဝါစဉ်ဇယားအရ အောက်ဆုံးတွင်ရှိသော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အနာဂတ်နှင့် ကြမ္မာက သူတို့အပေါ် မူတည်နေလေသည်။
ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ပြန်လည်အာရုံစိုက်ထားလိုက်၏။
“မျိုးစေ့တွေကိုတော့ စိုက်ပျိုးပြီးသွားပြီ။ အခု သူတို့တွေကို အဟန့်အတားမရှိဘဲ ပန်းလှလှလေးတွေအဖြစ် ပွင့်လန်းလာအောင် စောင့်ကြပ်ပေးမဲ့ ဥယျာဉ်မှူးတွေပဲ လိုတော့တယ်”
သူက ဖုန်းဟွမ်နှင့် ဝိဇ္ဇာလင်းချီကို ဆက်သွယ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ ထိုသို့သူသုံးယောက်က သေမျိုးများကို မည်သို့ကာကွယ်ရမည်နှင့် သူတို့၏ အောင်မြင်မှုများကို ကောင်းမွန်စွာ ဖြန့်ကျက်နိုင်ဖို့ လူမှုအဖွဲ့အစည်းများကို တည်ဆောက်ရေးနှင့်အတူ နောက်ကိစ္စများကို ဆွေးနွေးလိုက်ကြသည်။ သူတို့က အစီအစဉ်ချမှတ်ပြီးသည်နှင့် ဝမ်ဝေ့က မဟာမိတ်များဆီ သတင်း ပို့ဆောင်လိုက်၏။
ထိုအရာက သူ့ဘိုးဘေးနှင့် ဂိုဏ်းအပါအဝင် ဧကရာဇ်ခုံနှင့် ရှုကျင်းယောင်တို့လည်း ပါဝင်ပေသည်။ ထိုသူသည် ပါဝင်ပတ်သက်လိုလား မသိသော်လည်း သတင်းစကားကို ပြန်လည်ပေးပို့လိုက်ခြင်းသာ ဖြစ်၏။
ငါ ဒီထပ်ပိုပြီး လုပ်နိုင်မယ်လို့ ထင်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ဒိုင်မေးရှင်းအနိမ့်တွင် အဆက်အသွယ် ရှိခဲ့သမျှ လူအားလုံးထံ သတင်းစကား ပို့ဆောင်ခဲ့သည်။ အထူးသဖြင့် သူ့ပွဲအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့သည့်သူများ ဖြစ်၏။ သူက ထိုသူများအား ဖိအားပေး စကားမပြောခဲ့သလို သူ့အပေါ်တင်ရှိနေသည့် ကျေးဇူးကြွေးများကို ဆပ်ဖို့ပင် မတောင်းဆိုခဲ့ပေ။ ထိုအစား သူက ထိုသို့လုပ်ခြင်း၏ အကျိုးအမြတ်ကို ပြောဆိုခဲ့၏။
ပြောရမည်ဆိုလျှင် ထိုအရာထဲတွင် အနာဂတ်ကုသိုလ်နှင့် ကံကောင်းမှုနှင့် ကြမ္မာကောင်းချီးတို့ ပါဝင်သည်။ အန္တိမသဟဇာတ ရှိနေလျှင် ထိုအရာက လျှို့ဝှက်ချက်တစ်ခု မဖြစ်နိုင်သောကြောင့် သူ့အနေနှင့် သေမျိုးလူမှုအဖွဲ့အစည်းအကြောင်းကို တဲ့တိုးပြောခဲ့သည်။
ဝမ်ဝေ့က သူတို့အများစု လှုပ်ရှားလာဖို့ မျှော်လင့်မထားခဲ့ပေ။ အဓိကအကြောင်းအရင်းကမူ ကောင်းကင်တာအို၏ လက်ရှိကုသိုလ်စနစ်က အမှားအယွင်း ရှိနေလေသည်။ သို့သော် ထိုလူများထဲမှ ဆယ်ရာခိုင်နှုန်းက ငါးစာကို ဟပ်မိပြီး သူတို့နောက်မှ အင်အားစုများ ပါဝင်လာသရွေ့ ဤကပ်ဘေးအတွင်း သေမျိုးများ၏ အသက်ရှင်နိုင်ချေက ပိုမိုမြင့်မားလာလိမ့်မည်။
သူက ကိုယ်ပွားတစ်ယောက်ကို ဖန်ဆင်းပြီး လေဟာနယ်ပုံရိပ်ယောင် နယ်မြေကိုပါ စောင့်ကြည့်ခိုင်းခဲ့၏။
“ဟမ် တစ်ခုခုမှားနေတာလား။ ငါ့ရဲ့ ကြမ္မာနဲ့ မှားနေတာလား။ ပြီးတော့ ဒီကမ္ဘာရောလား”
ဝမ်ဝေ့က ကောင်းကင်ဘုံလျှို့ဝှက်ချက်သလင်းကျောက်နှင့် သေမျိုးလူမှုအဖွဲ့အစည်း တည်ဆောက်ဖို့ အာရုံစိုက်ထားရသည့်အတွက် မိုးမြေကြားတွင် အပြောင်းအလဲကို သတိမထားမိခဲ့ပေ။ ယခု သူက အားလပ်သွားပြီဖြစ်သည့်အတွက် တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိသွား၏။
“ဒီကပ်ပါးတွေရဲ့ ကြမ္မာကို သိမ်းပိုက်ဖို့ ပိုပြီးလွယ်ကူသွားတာလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ပြီးတော့ သူတို့နဲ့ ရင်ဆိုင်ရမဲ့ ဝန်ထုပ်ဝန်ပိုးကလည်း တခြားသူတွေဆီ ခွဲထုတ်ပေးလိုက်ပြီ။”
ဝမ်ဝေ့က လေဟာနယ်ထဲ မြောလွင့်နေရင်း ကမ္ဘာ၏ ကြမ္မာကို မျက်မှောင်ကြုတ်ကာ စောင့်ကြည့်လိုက်သည်။
“ဒါက ဒီလိုကိုး။ ကောင်းကင်တာအိုလိုမျိုး ဒီလိုလုပ်နိုင်တဲ့သူက ဘယ်လိုလုပ် အဲ့လောက်ထိ ကျဆင်းသွားလဲလို့ စဉ်းစားနေတာ” သူက ပြုံးလိုက်သည်။ နေမင်းများ၏ အခွံများနှင့် ကောင်းကင်တာအို၏ တိုက်ပွဲက သူထင်ထားသည်ထက် ပိုမိုအောင်မြင်ခဲ့လေသည်။ ကောင်းကင်တာအိုက လျှို့ဝှက်ချက်နှင့် ကြမ္မာကို လူအားလုံးထံ ဖွင့်လှစ်ပေးခဲ့ပြီး ဤကစားပွဲအတွင်း ကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် ဤကစားပွဲအတွင်း စစ်တုရင်ကစားသမားတချို့ကို ဖန်တီးခဲ့သည်။
“ဒါက ပြောင်မြောက်တဲ့ အပြုအမူပဲ။ ဒီကမ္ဘာကြီးက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာဆိုတော့ ဘာလို့ အသုံးမချဘဲ နေရမှာလဲ။ အသက်ရှင်နိုင်ခြေရှိဖို့ အပြောင်းအလဲတွေကို ဘာလို့မဖန်တီးဘဲ နေရမှာလဲ” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ပိုပြီးအရေးကြီးတာက အဲဒီစစ်တုရင်ကစားပွဲမှာ ကစားသမားငယ်တွေက ငါ့ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသွားစေတာပဲ။ ပြီးတော့ ငါက အများကြီး ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ ကောင်းကင်တာအိုက ငါ့ကို ပေးဆပ်လိမ့်မယ်”
ဝမ်ဝေ့၏ မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။
“အခု ၆လပဲ ရှိသေးတယ်။ ကမ္ဘာကြီးက အရမ်းကို တိတ်ဆိတ်နေပြီ။ အဲဒီကစားသမားအသစ်တွေက အတော်လေးကို ရှေးရိုးဆန်တာပဲ။ သူတို့က လူငယ်တွေလိုမျိုး စိတ်အားထက်သန်မှုက ဘယ်မှာလဲ။ ဒီလိုဆိုရင် မြန်မြန်လုပ်ဖို့ အချက်ပြလိုက်ရအောင်။ ပြီးတော့ အဲဒီကပ်ပါးတွေက သေမျိုးလူမှုအဖွဲ့အစည်းကို ဟန့်တားဖို့ အာရုံထွေပြားနေတာဆိုတော့ သူတို့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က ကပ်ပါးများအကြောင်းကို တွေးကာ သူ့နောက်ထပ် ပစ်မှတ်ကိုပါ ရွေးချယ်လိုက်သည်။
“ကြည့်ရအောင်။ ထာဝရဇာမဏီနဲ့ ဝူယွီတို့ကြားက တိုက်ပွဲက များများစားစား လုပ်စရာ မလိုဘူး။ ငါ ထပ်ပြီး လှုပ်ရှားလိုက်ရင် သူတို့ကြားက တိုက်ပွဲကိုတောင် နှောင့်နှေးသွားသလို ဖြစ်သွားဦးမယ်။ ချီတင်းကတော့ အလွယ်တကူ ထိလို့မရတဲ့ အခွံပဲ။ အဲဒါဆိုတော့ ရှုရန်ပဲ ကျန်တော့တယ်”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကံကြမ္မာကြိုးမျှင်ကို ဖွဲ့စည်းပြီး အလွယ်တကူ ဆွဲယူလိုက်သည်။ သူက သူ့လက်ရာကို ကြည့်ကာ ပြုံးလိုက်ပြီးသည့်နောက်တွင် ကူးသန်းပြောင်းရွှေ့သွားလိုက်၏။
……………………………………………………………………..
မဟာချူးအံ့ဖွယ် တိုင်းပြည်၊ အထွတ်အထိပ် ယင်နန်းဆောင်
အမတ်များအားလုံးက ပလ္လင်ရှေ့တွင် ခေါင်းငုံ့ကာ ရပ်နေကြသည်။ မြေကမ္ဘာဧကရာဇ် ပြန်လာပြီးကတည်းက ကိစ္စများက သူတို့အတွက် သိပ်မကောင်းလှပေ။ မြေကမ္ဘာဧကရာဇ် ဤနေရာတွင် မရှိစဉ်အခါက သူတို့တွင် ချမ်းသာကြွယ်ဝမှုများ ရှိခဲ့ကြသည်ကို မေ့လျော့သွားကြသည်။ သို့သော် ထိုသူပြန်လာပြီးကတည်းက စိတ်အခြေအနေဆိုးရွားနေလေ၏။ သူက ယခင်က ဤသို့ပြုမူဖူးသည့် အကြိမ်များစွာရှိသော်လည်း ဤအနေအထားထိ မရောက်ခဲ့သလို ကြာရှည်လည်း မခံခဲ့ပေ။
ယနေ့ မြေကမ္ဘာဧကရာဇ်က ရတနာတိုက်ဌာန၏ အကျင့်ပျက်ခြစားမှုကို ရှာဖွေတွေ့ရှိသွား၍ အားလုံးက ထိတ်လန့်နေကြသည်။ ဤအခန်းအတွင်းရှိ အမတ်တစ်ယောက်ကမျှ သူတို့လက်များသည် သန့်ရှင်းကြောင်း ယုံကြည်ချက်ရှိစွာ ပြောရဲကြမည် မဟုတ်ပေ။ ဧကရာဇ် မရှိစဉ်အတွင်း သူတို့က အရင်းအမြစ်များကို တိတ်တဆိတ် ယူသည်မှာ ပုံမှန်မဟုတ်ပါလော။
“အဲဒါဆိုတော့ မင်းတို့က ဘာမှပြောစရာ မရှိဘူးပေါ့” ရှုရန်က သူ့အရှိန်အဝါကို ထုတ်လွှတ်ကာ မေးလိုက်သည်။ သူ့အမတ်များက အကျင့်ပျက်ခြစားသည့်အကြောင်း သိထားလေ၏။ တကယ်တော့ သူက သူတို့ကို အားပေးအားမြောက်ပင် ပြုလုပ်ခဲ့သည်။ သူ လိုအပ်လာသည့်အခါ ထိုအရာကို အသုံးပြု၍ သူတို့အား ထိန်းချုပ်ခြင်း သို့မဟုတ် ရှင်းထုတ်ခြင်းတို့ကို ပြုလုပ်နိုင်လေသည်။ သို့သော်လည်း ထိုသူများက ယခု သူ့အနေဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် ကျိန်စာကို ယာယီ ပိတ်ဆို့ဖို့ လိုအပ်လာသည့် အရင်းအမြစ်ကို ရှာမတွေ့နိုင်လောက်အောင် ထိုသူများက ယူသွားခဲ့သည်။
“အရှင်မင်းကြီး တစ်စုံတစ်ခု ပေးစရာ ရှိပါတယ်” တစ်ယောက်က ပြောလာသည်။ ထိုပြောလာသည့်သူက ရပ်နားခြင်း မရှိဘဲ ဆက်တိုက် ပြောလာခဲ့သော်လည်း ကျန်သူများကမူ သူ့အသံ၌ အတက်အကျလှိုင်းကို ခံစားမိကြသည်။
ရှုရန်က ရိုးရာထုံးတမ်းအမတ်ကို ကြည့်လိုက်၏။ ထိုသူက ခပ်ဝဝဟု ယူဆနိုင်သည့် လူလတ်အရွယ်အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်နှာမှ အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ရှုရန်က ရယ်မောလိုက်၏။ သို့သော်လည်း မည်သူကမှ သူ့ဆီမှ ပျော်ရွှင်မှုကို မခံစားမိပေ။ လက်အောက်ငယ်သားများက ရှားပါးသည့်ရတနာ သို့မဟုတ် လက်ဆောင်များကို သူတို့၏ အထက်လူကြီးဆီ ပေးသည်က သဘာဝကျပေသည်။
လူများစွာက ထိုရိုးရာထုံးတမ်းအမတ်သည် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာတို့ဖြင့် ဆက်နွယ်မှုများပြီး သူမ၏ ဦးနှောက် ပျက်စီးသွားသည်ဟု ထင်နေကြသည်။
သို့သော်လည်း လူတချို့ကမူ ဤသည်က သူမကိုယ်သူမ ကယ်တင်ဖို့ နောက်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ယုံကြည်ကြ၏။
“မင်း စကားကို ကောင်းကောင်း ရွေးချယ်ပြောတာ ကောင်းလိမ့်မယ်” ရှုရန်က သတိပေးလိုက်သည်။
ရိုးရာထုံးတမ်း၏ အမတ်ကို အမျိုးသမီးရန်ဟု သိကြလေသည်။ သူမက ခန္ဓာကိုယ်တစ်ခု ပါဝင်နေသည့် ရေခဲခေါင်းတလားတစ်ခုကို ဆင့်ခေါ်လိုက်၏။
“တကယ်ကို မိန်းမလှပဲ” ဤသည်က အားလုံး၏ ပထမအတွေး ဖြစ်ပေသည်။
ထို့နောက် ရှုရန်က ပြောလိုက်၏။
“ရှုကျင်းယောင်လား” မြေကမ္ဘာဧကရာဇ်က သူမြင်ရသည့်အရာကို သဘောမပေါက်ခင် တုန်လှုပ်စွာ မေးလိုက်သည်။
“ဒါက သူမ မဟုတ်ဘူး။ ဒီလူဆီမှာ ပြီးပြည့်စုံတဲ့ အနှစ်သာရတွေ ရှိနေတယ်။ ဒါပေမဲ့ ရှုကျင်းယောင်အဆင့်လောက်ထိတော့ မဟုတ်ဘူး”
“အရှင်မင်းကြီးက ဉာဏ်ကြီးပြီးတော့ အသိအမြင်ကြွယ်ဝပါတယ်” အမျိုးသမီးရန်က အလျင်အမြန် ပြောလိုက်သည်။
ရှုရန်က ရေခဲများဖြင့် ဖုံးလွှမ်းနေသည့် အိပ်စက်နေသော မိန်းမလှလေးကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် လိုအင်ဆန္ဒတစ်ခု ပေါ်ထွက်လာလေ၏။ သို့သော် သူက အလျင်အမြန် ထိန်းချုပ်လိုက်သည်။
ရှုရန်က အမျိုးသမီးရန်ကို ကြည့်ကာ အေးစက်စက်ဖြင့် ပြောလာသည်။
“ဒါက သင့်တော်တဲ့ လက်ဆောင်လို့ ထင်လား”
အမျိုးသမီးရန်က ချွေးများ စတင်စီးကျလာလေသည်။ သူမ၏ စိတ်က ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး အလျင်အမြန် တုံ့ပြန်လာသည်။
“အရှင်မင်းကြီး ဘာမှစိုးရိမ်ဖို့ မလိုပါဘူး။ သူမက ပြီးပြည့်စုံမှုကို လေ့လာနေတဲ့ အရူးတချို့ရဲ့ လက်ရာလောက်ပါပဲ။ ကျွန်မရဲ့ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုမှာ သူမကို တွေ့ခဲ့တာပါ။ အရှင်မင်းကြီးအတွက် စုံစမ်းစစ်ဆေးဖို့ အဲဒီနေရာကို လွှဲပြောင်းပေးပါမယ်။
ပြီးတော့ အရှင်မင်းကြီးက အဲဒီအမျိုးသမီးကို အကုန်ထိန်းချုပ်လို့ရပါတယ်။ ပြီးတော့ သူမအပေါ်မှာ လျှို့ဝှက်အတားအဆီးတွေလည်း ထားရှိပြီးတော့ သူမ လုပ်သမျှအရာအားလုံးကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ သူမရဲ့ အစားအသောက်အပါအဝင်ပေါ့။ ပြီးတော့ သူမရဲ့ မှတ်ဉာဏ်တွေကိုလည်း စစ်ဆေးကြည့်နိုင်ပါသေးတယ်”
အမျိုးသမီးရန်က ဘာပြောရမှန်းပင် မသိတော့ပေ။ သူမ သိထားသမျှအားလုံးကို ထုတ်ပြောပြပြီး ဧကရာဇ်၏ သံသယဝင်မှုကို ဖြေဖျောက်ဖို့သာ ကြိုးစားနေသည်။
“ဟမ် မင်း ပြောတာ ဟုတ်သားပဲ။ ဒါပေမဲ့ ဒီဧကရာဇ်က အဲ့လိုလူမျိုး မဟုတ်ဘူး” ရှုရန်က တုံ့ပြန်လိုက်သည်။ ထို့နောက် သူ့အရှိန်အဝါကို ဖယ်ရှားလိုက်၏။
“ဒါပေမဲ့ ငါက သတိကြီးကြီးထားပြီး စစ်ဆေးကြည့်သင့်တယ်”
သူက လက်ဖျောက်တီးလိုက်သည့်အခါ တစ်စုံတစ်ယောက်က သူ့အရိပ်မှ ပေါ်ထွက်လာလေသည်။
“မင်း ဘာလုပ်ရမလဲဆိုတာ သိတယ်မလား”
“ဟုတ်ကဲ့ပါ အရှင်”
“ကောင်းပြီ” ရှုရန်က ခေါင်းညိတ်ပြီးသည့်နောက်တွင် မိန်းမလှလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ သူမကို သိမ်းဆည်းလိုက်၏။
“အကျင့်ပျက်ခြစားတဲ့ ကိစ္စကရော” အရိပ်က မေးလိုက်သည်။
ထိုသူများကို ကြည့်လိုက်၏။
“သူတို့တွေက ခိုးထားတဲ့ ပိုက်ဆံအများစုကို ပြန်ပေးနိုင်သရွေ့ပေါ့”
“သူတို့က ပြန်မပေးနိုင်ရင်ရော”
“သူတို့က ၆၀ ရာခိုင်နှုန်းနဲ့အထက် ပြန်ပေးနိုင်မယ်ဆိုရင် ငါ့စိတ်အခြေအနေ ကောင်းလာတဲ့အထိ သူတို့ကို အကျဉ်းထောင်ပို့ထားလိုက်”
ရှုရန်က ဆက်ပြောလိုက်သည်။
“၅၀ ရာခိုင်နှုန်းထက် နည်းမယ်ဆိုရင် တစ်ပတ်တာ နှိပ်စက်မှုကိုပါ ထည့်ပေါင်းလိုက်။ တကယ်လို့ ၂၀ ရာခိုင်နှုန်းထက်နည်းမယ်ဆိုရင်တော့ သူတို့ကို သတ်ပစ်လိုက်တော့”
အမတ်များ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားကြလေသည်။ သို့သော် လူအများစုက တိုင်းပြည်အတွင်း စစ်တပ်ဆိုင်ရာအာဏာ သို့မဟုတ် တိုင်းပြည်ရေးရာအာဏာ သို့မဟုတ် ကိုယ်ပိုင်စွမ်းအားအတွက် အရင်းအမြစ်များကို အသုံးပြုပြီးကြပြီ ဖြစ်သည်။ တချို့ကမူ သာယာမှုအတွက် ဖြုန်းတီးခဲ့မိကြသည်။ စိတ်သက်သာရာရသွားမိသည့်သူက အမျိုးသမီးရန်သာ ဖြစ်၏။ ဧကရာဇ်က အတိအကျမပြောသော်လည်း သူမ၏ လက်ဆောင်ကို သဘောကျနေမှန်း သိသာလှသည်။
“အရှင့်အမိန့်တိုင်းပါ” အရိပ်က ပြန်ဖြေလိုက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
ရှုရန်က နောက်ဆုံးအနေဖြင့် ထိုလူများကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် လက်လျှော့ကာ ထွက်ခွာသွားလေသည်။