စစ်ပွဲကြေညာခြင်း
Vol. 98 Ch. 1366
ဝမ်ဝေ့က အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် သူ့အဖွဲ့ကို ဆင့်ခေါ်လိုက်သည်။ မုန့်ခယ်ကလွဲ၍ ကျန်သူအားလုံး ရောက်ရှိလာကြ၏။
“ဘာတွေဖြစ်နေတာလဲ။ သူက သီးသန့်ကျင့်ကြံနေတာလား”
“သူက မျိုးနွယ်ဆီ ပြန်သွားပါတယ်။ ကျွန်မက သူ့သတင်းစကားကို ပါးဖို့ ဒီမှာ နေခဲ့တာပါ။ သူ ရုတ်တရက် ထွက်ခွာသွားရလို့လည်း တောင်းပန်ပါတယ်တဲ့။ ဒါပေမဲ့ သူ့ဆီမှာ အကြောင်းပြချက် ကောင်းကောင်း ရှိပါတယ်။ သူက လမင်းတစ်စင်းကို နှိမ်နင်းဖို့ စီစဉ်နေတယ်။ ဒါပေမဲ့ အဲဒါက သူ့အနေနဲ့ အိမ်ပြန်ဖို့ လိုအပ်တယ်” တုကွန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
“ထပ်ပြီး ပြောပြလို့ ရမလား။ မင်းက အတော်လေး ယုံကြည်ချက်ရှိနေတဲ့ပုံပဲ”
“ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ လူရိုင်းမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တွေ ပါနေတာဆိုတော့ ထပ်ပြီး ပြောပြလို့မရဘူး” တုကွန်းက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က စိတ်ဝင်စားသော်လည်း ဘာမှထပ်မမေးတော့ပေ။ ထိုအစား သူက လူရိုင်းမျိုးနွယ်အကြောင်း သူသိထားသည့် သတင်းအချက်အလက်များကို သုံးသပ်လိုက်ပြီး ဝူဟုန်၏ စာကြည့်တိုက်အတွင်းတွင် ဖတ်ရှုခဲ့ဖူးသည့် ကောလဟာလများကိုပါ အမှတ်ရသွားလေသည်။
အဲဒီယဇ်ပူဇော်ပွဲများလား။ အဲဒီစိတ်ဝင်စားဖို့ ကောင်းတာပဲ…
မုန့်ခယ်သာ အောင်မြင်သရွေ့ သူ့အပြုအမူကို စိတ်ထဲမထားပေ။ ဝမ်ဝေ့က ကောင်းကင်တာအို၏ ချဉ်းကပ်မှုကို သဘောတူလေ၏။ အကြောင်းအရင်းကမူ သူသည် သူလုပ်ဖို့ လိုအပ်သည်များကို ပိုမို အာရုံစိုက်ထားနိုင်၍ ဖြစ်သည်။
အခုက ပိုကောင်းလာပြီ။ အခု အလုပ်နဲ့ ဖိအားကို မျှဝေပေးမဲ့သူတွေ ရှိလာပြီ…
“ကောင်းပြီလေ။ ကိစ္စမရှိဘူး။ နောက်ထပ် ဘာတင်ပြဖို့ ရှိသေးလဲ”
“ကံကြမ္မာပြောင်းလဲရေးခန်းမက ပြိုလဲတော့မဲ့ အရိပ်အယောင်တွေ ပြနေတာကလွဲပြီး ဘာမှရေရေရာရာတော့ မရှိပါဘူး” ဝမ်ချီက ပြန်ပြောလိုက်သည်။
“ခေါင်းဆောင် သိထားတဲ့အတိုင်း အဲဒီလူတွေက အရင်းအမြစ်ရဖို့အတွက် ထွက်လမ်းတစ်ခုအနေနဲ့ ဝင်ရောက်ခဲ့ကြတာလေ။ အခု သူတို့က မကျင့်ကြံနိုင်ဘူးဆိုတော့ အရင်းအမြစ်တွေက အသုံးမဝင်တော့ဘူးလေ။ ကျွန်တော်တို့ရဲ့ မသေမျိုးအဆင့် မရောက်သေးတဲ့ အဖွဲ့ဝင်တွေကတော့ တက်ကြွနေတုန်းပဲ။ သူတို့က အသက်ရှည်အရင်းအမြစ်တွေကို သုံးပြီး သူတို့ရဲ့ သက်တမ်းတွေကို ဆွဲဆန့်နေကြတယ်။ ဒါပေမဲ့ မသေမျိုးအဖွဲ့ဝင်တွေကတော့ ဂရုမစိုက်ကြတော့ဘူး။ ဟိုတလောတုန်းက အရင်းအမြစ်တွေ သိမ်းပိုက်ပြီးတဲ့နောက်မှာ အတော်လေးကို တိတ်ဆိတ်ငြိမ်သက်သွားတာ”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ ပထမပြောင်းလဲရေးခန်းမ၏ ဖွဲ့စည်းတည်ဆောက်ပုံက အစကတည်းက ပြစ်ချက် ရှိနေခဲ့၏။ ထိုအရာက ကြေးစားများနှင့် တူညီစွာ အကျိုးအမြတ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယခု ဆုလာဘ်နှင့် အကျိုးအမြတ်များက အသုံးမဝင်တော့သည့်အခါ သူတို့ကိုယ်သူတို့သာ လွဲ၍ ကျန်သူများအပေါ် သစ္စာမရှိသည့် ထိုသူများကို ဝမ်ဝေ့အတွက် အလုပ်လုပ်ပေးတော့မည် မဟုတ်ပေ။
“ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးဆိုပေမဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကတော့ အသုံးဝင်တုန်းပဲ။ အဲဒီဟာကို သုံးပြီး ယာယီချွေးသိပ်ပေးလို့ ရနိုင်တယ်” ဝမ်ဝေ့က အကြံပြုလိုက်သည်။
“တုကွန်းကလည်း အဲ့လိုပြောထားပါတယ်။ သူက မုန့်ခယ်ရဲ့ မျှော်နန်းဆောင်ကိုတောင် ထုတ်ပြီး သုံးခိုင်းထားပါသေးတယ်” ဝမ်ချီက ပြန်ဖြေလိုက်သည်။
“လူတချို့ကတော့ သူတို့ရဲ့ စွမ်းအားတို့ကို တိုက်ခိုက်နည်းလမ်းတွေကို သင်ယူဖို့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သူတို့တွေက အရင်နဲ့ ယှဉ်လိုက်ရင်တော့ အဲ့လောက်ကြီး မဟုတ်ကြဘူးပေါ့။ အရင်နဲ့ ယှဉ်လိုက်ရင် သူတို့စွမ်းအားကို လှုံ့ဆော်ဖို့ကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေတုန်းပဲလေ”
“ကောင်းပြီလေ။ ငါတို့တွေ သူတို့ကို အသုံးချလို့ရသေးတယ်ဆိုတော့ ကောင်းတာပါပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“မဟုတ်သေးဘူး။ ငါ တစ်ခုခု မျက်စိရှမ်းမိသွားတယ်”
သူက ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာလေသည်။ သူ့မျက်ဝန်းအထက် ဉာဏ်ပညာအလင်းရောင် တစ်ခု ပေါ်ထွက်လာကာ သဘောပေါက်သွားလေ၏။
“ကံကြမ္မာပြောင်းလဲရေးခန်းမက လူတွေက ငါနဲ့ တိုက်ရိုက်ဆက်နွယ်နေတာ။ အများစုက သူတို့ရဲ့ ဝိညာဉ်ထဲမှာ ငါ့ရဲ့ စိတ်ဝိညာဉ်အမှုန် ရှိနေတယ်။ ဆိုလိုတာက ငါ့ကို ရင်ဆိုင်ဖို့ သူတို့ကို အသုံးချလို့ ရနေတာပဲ။”
သူက ထိုစကားများကို ရေရွတ်ရင်းဖြင့် အမူအရာ ပျက်ယွင်းသွားလေသည်။ ထို့နောက် ဝမ်ဝေ့က တာအိုနယ်ရှင်တစ်ယောက်၏ အရည်အချင်းကို ပြသလာသည်။
သူက ရက်စက်စွာဖြင့် တုံ့ဆိုင်းခြင်း မရှိဘဲ သူ့စိတ်ဝိညာဉ်အမှုန်များကို ထိုသူများအား သတ်ဖို့ အမိန့်ပေးလိုက်သည်။ သူက မည်သူ့ကိုမှ ချမ်းသာပေးခြင်း မရှိပေ။ ထိုအရာက ယခင်က သူရွေးချယ်ခေါ်ထားသည့် ပါရမီရှင်များလည်း အပါအဝင် ဖြစ်၏။
အမိန့်တစ်ချက်ဖြင့် သူက လေလွင့်ကျင့်ကြံသူ အမြောက်အများကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော် ဝမ်ဝေ့က ဂရုမစိုက်ပေ။ သူက အန္တိမသဟဇာတလိုမျိုး ပစ်မှတ်နှင့် ရင်ဆိုင်ရသည့်အခါ စွန့်စားမှုမျိုးကို မယူရဲပေ။ သူ့စိတ်ဝိညာဉ်အမှုန်များကို သုတ်သင်ပြီးသည့်နောက်တွင် သူက အသစ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားလေ၏။
“…”
သူက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
“ကြည့်ရတာ ငါ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်မိတဲ့ပုံပဲ”
လူတချို့က သူ့တိုက်ကွက်မှ အသက်ရှင်ကြောင်း သဘောပေါက်သွားလေသည်။ သာမန်လေလွင့်ကျင့်ကြံသူက သူ့နည်းလမ်းမှ မည်သို့အသက်ရှင်နိုင်မည်နည်း။ ထိုအသက်ရှင်သူများနှင့် တစ်စုံတစ်ခု မှားယွင်းနေခြင်းသာ ဖြစ်ရမည်။
“ခေါင်းဆောင်” ဝမ်ချီက ဖြူဖျော့လျက် မေးလိုက်သည်။ သူကလည်း ကံကြမ္မာပြောင်းလဲရေးခန်းမကို တာဝန်ယူထားသူဖြစ်သည့်အတွက် လူများစွာ သေဆုံးသွားသည့်အခါ ထိုအရာကို သတိထားမိခဲ့သည်။ သူက ဇစ်မြစ်ကို သိသော်လည်း အကြောင်းအရင်းကို နားမလည်နိုင်ပေ။
“ငါတို့က အတော်လေးကို ကြောက်ဖို့ကောင်းတဲ့ ရန်သူတွေကို ရင်ဆိုင်နေရတာ။ သတိကြီးကြီးထားတာတောင် မလုံလောက်သေးဘူး”
ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူ့မျက်ဝန်းထဲ လေသံက အေးစက်နေလေ၏။ အကယ်၍ သူက ကျင့်ကြံသူသန်းချီကို အဖန်ရည် သောက်သကဲ့သို့ ရိုးရှင်းသည့် ကိစ္စမျိုးကို ပြုလုပ်ခဲ့သလို ဖြစ်နေသည်။
“ဒါပေမဲ့ အားလုံးကို သတ်ပစ်ရမှာလား”
“ငါ့စွမ်းအားက ဘယ်သူက ပြဿနာ ဟုတ်လဲ၊ မဟုတ်လဲ ဆိုတာကို ဆုံးဖြတ်ဖို့ရာ မလုံလောက်သေးဘူး။ အဲဒါဆိုတော့ ဒါက အရိုးရှင်းဆုံးနဲ့ တိုက်ရိုက်အဆန်ဆုံး နည်းလမ်းပဲ” ဝမ်ဝေ့ကလည်း နာကျင်နေမိသည်။
ဤကံကြမ္မာပြောင်းလဲရေးခန်းမက သူ့အတွက် ဂိုဏ်းဆီ ပြန်မသွားခင် သူ့အာဏာကို တည်ဆောက်ဖို့ နည်းလမ်းထဲမှ တစ်ခုဖြစ်ပေသည်။ သူက ဂိုဏ်းထဲတွင် အာဏာပိုင်းဆိုင်ရာ ကိစ္စရပ်များကို မကစားလိုဘဲ စံပြအဆင့်ရှိထားပြီး သူ့ကိုယ်ပိုင်စွမ်းအားရှိထားခြင်းက ဂိုဏ်းအတွင်း ပိုမိုလွယ်ကူစေလိမ့်မည်။ သို့သော်လည်း သူက ထိုသူများအား စတေးခဲ့ရ၏။
ဝမ်ဝေ့က လက်ရှိအဖွဲ့ကို အာရုံစိုက်လိုက်သည်။ ခန္ဓာနတ်ဆိုးလို လူမျိုး၏ မျက်ဝန်းထဲတွင် အကြောက်တရားကို မြင်လိုက်ရ၏။ သူတို့၏ စိတ်သဘောထားကို သူက ကောင်းမွန်စွာ နားလည်ထားလေသည်။ မုန့်ခယ်နှင့် သူ့ဇနီးနှင့် မတူဘဲ ထိုသူများကို သူကိုယ်တိုင် ထိန်းချုပ်ထားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ သူတို့သာ အပြောင်းအလဲဖြစ်ပါက ချက်ချင်း သုတ်သင်ပစ်နိုင်လိမ့်မည်။
“မင်းတို့တွေ ဘာတွေတွေးနေတယ်။ ဘာတွေခံစားနေတယ်ဆိုတာ သိတယ်။ ငါ ဘာပဲပြောပြော မင်းတို့တွေက စိတ်လုံခြုံမှု မရှိဘူးဆိုတာကိုလည်း သိတယ်” ဝမ်ဝေ့က အဖွဲ့ဆီ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ ပြောရဦးမယ်။ ငါက မရက်စက်ဘူး။ ဒါပေမဲ့ အခြေအနေကြောင့်တော့ ရက်စက်ရလိမ့်မယ်။ အဲဒါကြောင့် အခုကစပြီး သံသယ မဖြစ်စေနဲ့။ ပိုပြီးကောင်းတာက အခုကစပြီးတော့ အစည်းအဝေးတွေ အကုန်လုံးကို ပုံရိပ်ယောင်နဲ့ပဲ ဆွေးနွေးမယ်။ ငါက တခြားတစ်နေရာမှာ ရှိနေမယ်”
“ခေါင်းဆောင် အဲ့လိုလုပ်ဖို့က တကယ်လိုလို့လား” ဝမ်ချီက မေးလိုက်သည်။
“အဲဒါက ယုံကြည်မှုကိစ္စတင် မဟုတ်ဘူး။ ငါတို့နားလည်နိုင်စွမ်းထက် ပိုတဲ့ အရာနဲ့ ရင်ဆိုင်နေရတာ။ အဲဒါဆိုတော့ သတိကြီးကြီးထားတာက အနည်းဆုံး လိုအပ်ချက်ပဲ” ဝမ်ဝေ့က သူ တွေးနေသည့် အရာကို နားလည်ကာ ပြောလိုက်သည်။
ဝမ်ဝေ့က တုကွန်းဘက် လှည့်ကာ ပြောလိုက်၏။
“ငါ့ရဲ့ ချဉ်းကပ်မှုအပေါ်မှာ တခြားအမြင်ရှိသေးလား”
“ပြဿနာ မရှိပါဘူး”
သူမက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ သူမက ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရက်စက်မှုတို့ကို လေးစားနေမိ၏။ သူမနှင့် မုန့်ခယ်တို့ကလည်း ထိုအရာမှ သင်ယူနိုင်ဖို့ တွေးနေလေသည်။ ဝမ်ဝေ့က သူမသည် အမှန်အတိုင်း ပြောကြောင်း အာရုံခံမိပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်၏။
“မင်းတို့တွေအတွက် တာဝန်တစ်ခု ရှိတယ်။ မင်းတို့တွေက သေမျိုးလူမှုအဖွဲ့အစည်းကို မတော်တဆ မဖြစ်အောင် ကာကွယ်ပေးဖို့လိုတယ်”
သူက လူအားလုံးထံ မြေပုံကို ဖြန့်ဝေလိုက်သည်။
“တုကွန်းက မင်းက မင်းမျိုးနွယ်ကို ဆက်သွယ်ပြီးတော့ သူတို့ကူညီနိုင်လားဆိုတာကို ကြည့်လိုက်”
“ဟုတ်ကဲ့ပါ”
“နောက်တစ်ခုကတော့” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကို မြှောက်ကာ သူနှင့် သူ့အဖွဲ့ကြားမှ အကျိုးအကြောင်း ဆက်စပ်မှုကို လျှော့ချလိုက်သည်။ ခန်းမ၏ အဖွဲ့ဝင်များကို သူ့ကို ရင်ဆိုင်ဖို့ အသုံးချသကဲ့သို့ သူထိန်းချုပ်ထားသည့်သူများအတွက်လည်း အတူတူသာ ဖြစ်လေသည်။ ထို့ကြောင့် သူက သတိကြီးကြီးထားဖို့ရာ လိုအပ်နေလေ၏။ ထိုသို့သော ချဉ်းကပ်မှုမျိုးက မည်သို့သက်ရောက်မှုရှိမည်မှန်း မသိသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပို၍ကောင်းပေသည်။
အားလုံးက သူတို့၏ ပုခုံးအပေါ် ဝန်ထုပ်ဝန်ပိုးပေါ့သွားသလို ခံစားလိုက်ရသည်။ အများစုက ဘာဖြစ်သွားမှန်း မသိကြသော်လည်း သိထားသည့်သူများကမူ မရှင်းပြနိုင်ပေ။ ဝမ်ဝေ့ကလည်း ရှင်းပြမည် မဟုတ်ပေ။ သူက ရန်သူထံ သတင်းအချက်အလက်ကို ထုတ်ဖော်ပြသနေသလို ဖြစ်သွားလိမ့်မည်။
“ကောင်းပြီလေ။ အနီရောင်မျက်နှာဖုံးကလွဲရင် ကျန်တဲ့သူအားလုံး သွားလို့ရပြီ”
ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ သူက အဆောင်နှစ်ခုကို ထုတ်ပေးလိုက်၏။
“ပထမဦးဆုံးက ဒီလူတွေကို စောင့်ကြည့်ပြီး ဖမ်းဖို့လိုတယ်။ ဘာလုပ်ရမယ်ဆိုတာကို မင်း ကောင်းကောင်းဆုံးဖြတ်ပေါ့”
ဝမ်ဝေ့က အသက်ရှင်နေသည့်သူများကို စိတ်ဝင်စားနေမိသည်။ သူတို့က အသက်ရှည်အရင်းအမြစ်များကို ဘာမှမလုပ်နိုင်သည့်အတွက် သူတို့၏ ဝိညာဉ် အသက်ပြန်ရှင်လာသည်နှင့် သူ့ဝိညာဉ်အမှုန်က ကျန်ရှိနေဦးမည်ဖြစ်ကြောင်း သိလေသည်။
“ဒုတိယအဆောင်က ခန်းမထဲက ဧကရာဇ်နဲ့ ကောင်းကင်ဘုံအဆင့်တွေ အားလုံးရဲ့ တာအိုအမှတ်အသား နေရာတွေ ပါတယ်။ အဖွဲ့တစ်ခု ဖန်တီးပြီးတော့ ဒီလူတွေ အားလုံးကို ရှင်းထုတ်ပစ်လိုက်”
ဝမ်ဝေ့က ထိုသူများသည် သူ့ကို လက်စားချေထားသည့် အနေအထားရောက်လောက်အောင် ဖြစ်လာလိမ့်မည်ဟု ထင်မထားသော်လည်း ကြီးထွားလာပြီး လက်စားချေမည့် ကံကြမ္မာကို သယ်ဆောင်ထားကာ ပြန်လည်ရောက်ရှိလာမည့် ဟာကွက်မျိုးကို ချန်ထားမည် မဟုတ်ပေ။
“နားလည်ပါပြီ” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်၏။
ဝမ်ဝေ့က သူမကို ပြန်လွှတ်လိုက်ပြီး အတွေးနက်နေမိသည်။
ကံကြမ္မာပြောင်းလဲရေးခန်းမနှင့် ဖြစ်ခဲ့သည့်ကိစ္စများက သူ့အတွက် ဝိရောဓိကို ပိုမိုနက်ရှိုင်းသွားစေသည်။ သူက ထူးကဲသာလွန်မှုများ၏ နည်းလမ်းကို အလွယ်တကူ အာရုံမစိုက်နိုင်ပေ။ သူ့ကောက်ချက်ချမှုနှင့် သတိကြီးစိတ်ကိုသာ မှီခိုနေရသည်။
ပုန်းအောင်းရမဲ့ နေရာအသစ် လိုနေပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက အနာဂတ် တွေ့ဆုံမှုများသည် ပုံရိပ်ယောင်ကို သုံး၍ လုပ်မည်ဟု ပြောသည်က ဟာသတစ်ခု မဟုတ်ပေ။
ဝှစ်
အနီရောင်မျက်နှာဖုံးက ရုတ်ချည်းဆိုသလို အခန်းအတွင်း ပေါ်ထွက်လာလေ၏။ ထို့နောက် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူမကို အပေါ်မှ ဖိကပ်လိုက်လေသည်။ ထို့နောက် သတ်ဖြတ်ငွေ့တို့ကလည်း သူမကို ပစ်မှတ်ထားထားလေ၏။
“ငါ မင်းကို သတ်မိတော့မလို့” ဝမ်ဝေ့က သူ့စွမ်းအားကို ဖယ်ရှားပြီး ပြောလိုက်သည်။ သူက သူ့အာရုံကြောများ တင်းကြပ်နေသည်ကို သဘောပေါက်သွားခဲ့၏။
“ဘာကိစ္စရှိလို့လဲ”
အနီရောင်မျက်နှာဖုံးက အသိပြန်ကပ်လာဖို့ ခေတ္တမျှ အချိန်ယူခဲ့ရသည်။ သူမက သူမ၏ ခေါင်းဆောင်သည် မည်မျှအားကောင်းကြောင်း သိထားလေ၏။ တချို့သော တာဝန်များတွင် သူ့စွမ်းအားကို ငှားယူရမည့် အခိုက်အတန့်မျိုး ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူမက ကောင်းကောင်း သိနေလေ၏။ သို့သော်လည်း ထိုစွမ်းအားကို အသုံးပြုခြင်းနှင့် ထိုစွမ်းအားဖြင့် ပစ်မှတ်ခံထားရသည်က ကွဲပြားသည့် အတွေ့အကြုံတစ်ခုသာ ဖြစ်၏။
ဝမ်ဝေ့က သူမ၏ ဝိညာဉ်ပေါ်မှ အကြောက်တရားကို ဖယ်ရှားပေးပြီး လက်ကိုဝှေ့ယမ်းလိုက်ကာ သူမ၏ စိတ်ဝိညာဉ်ကို သက်တောင့်သက်သာ ဖြစ်သွားစေသည့် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
“ခေါင်းဆောင် ကျွန်မ အဆင်ပြေပါတယ်” အနီရောင်မျက်နှာဖုံးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီလိုအကြောင်းမကြားဘဲနဲ့ ရုတ်တရက် ဝင်လာတာ ဘာကိစ္စများလဲ”
“တစ်စုံတစ်ယောက်က စစ်ပွဲ ကြေညာလိုက်ပြီ” သူမက ပြန်ပြောလေသည်။
“ဘယ်သူလဲ”
“အဲဒါက…”