စစ်ပွဲ
Vol. 98 Ch. 1367
ဝူယွီက ပလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး သူမ၏ လက်အောက်ငယ်သားများက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြလေသည်။ သူမက သာမန်ဟုထင်ရသော်လည်း တကယ်တမ်းအကြောင်းအရင်းကမူ သူမက ပုံရိပ်ယောင်ကိုသာ အသုံးပြုထား၍ ဖြစ်၏။ သူမက တကယ့်ကိုယ်နှင့် တွေ့ဆုံဖို့ ငြင်းဆန်နေဆဲ ဖြစ်သည်။
“သံတမန် အပြာရောင်ဇာမဏီ ပြန်ရောက်လာပါပြီ” တစ်စုံတစ်ယောက်က အခန်းအတွင်း ကြေညာလိုက်သည်။
ဝူယွီ၏ အနေအထားက ထိုစကားများကို ကြားပြီးသည့်နောက်တွင် ပြောင်းလဲသွားလေ၏။
“သူမကို ထမ်းခေါ်ခဲ့”
သူမက အမိန့်ပေးလိုက်သည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အပြာရောင်ဆံပင်ရှိသည့် အမျိုးသမီးတစ်ဦးက အစည်းအဝေးအခန်းအတွင်း လျှောက်လှမ်းလာသည်။ သူမက လူတစ်ယောက် မဟုတ်ဘဲ နှစ်တစ်သန်းရေခဲတုံးလိုမျိုး အေးစက်မှု ထုတ်လွှတ်နေလေသည်။
“ဘယ်လိုလဲ” ဝူယွီက မေးလိုက်သည်။
“သူမက အပြာရောင်ဇာမဏီ၏ မျက်နှာအမူအရာကို မခန့်မှန်းနိုင်ခဲ့ပေ။ ဤသည်က ယခင်အတိုင်းသာ ဖြစ်၏။ ပုံမှန်အားဖြင့် သူမသည် ထိုအချက်ကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိလေသည်။ လက်အောက်ငယ်သားများအားလုံး တွေးနေသည်ကို သိနေသည်က ပျင်းရိဖို့ ကောင်းလှ၏။ သို့သော် ယနေ့တွင် သူမက ထိုအချက်ကြောင့် စိတ်တိုလာမိသည်။ သို့သော်လည်း သူမ၏ စိတ်ပျက်မှုက အပြာရောင်ဇာမဏီ၏ အေးခဲနေသော မျက်နှာအမူအရာကို အပြောင်းအလဲ မဖြစ်စေပေ။
“သူက ငြင်းဆန်လိုက်ပါတယ်” အပြာရောင်ဇာမဏီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“သောက် … သူက ဘာလို့ ငြင်းဆန်လိုက်တာလဲ” ဝူယွီက အော်ပြောရင်း အားလုံးကို ထိတ်လန့်သွားစေသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်လာလေသည်။
အပြာရောင်ဇာမဏီက သက်ရောက်မခံရသည့်သူတချို့ထဲမှ တစ်ယောက် ဖြစ်၏။
“သူက သခင်မ ခံစားနေရတာကို မြင်ရတာက အကောင်းဆုံးဆုလာဘ်လို့ ပြောလိုက်ပါတယ်။ အရှင်မ ဘာပဲပေးပေး ဖြေဆေးကို မပေးပါဘူးတဲ့”
ဝူယွီက လက်သီးဆုပ်ထားလိုက်မိသည်။ သူမ၏ တစ်စိတ်တစ်ပိုင်းက ထိုကောင်စုတ် ထာဝရဇာမဏီဆီမှ ထိုစကားကို မျှော်လင့်ထားမိသော်လည်း သူမက ခေါင်းငုံ့ပြီး တန်ကြေးကြီးကြီးမားမား ပေးဆပ်ပြီးသည့်နောက်တွင်ပင် သူက ငြင်းဆန်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
သူက သူမကို တည်သီးပျော့များ ထင်နေတာလား…
“ကောင်းတယ်။ ကောင်းတယ် ထာဝရဇာမဏီ” သူမက အံကြိတ်ကာ ပြောလိုက်သည်။
ထို့အပြင် မျှော်လင့်ချက် ရှိနေသေး၏။ ဝူယွီက ထိုသူများကို ကြည့်ကာ မေးလိုက်သည်။
“အနီရောင်ဇာမဏီရဲ့ အခြေအနေက ဘယ်လိုလဲ”
“သူမက အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမယ်လို့ ပြောလိုက်ပါတယ်”
“ရက်အနည်းငယ်တဲ့လား။ ငါ စောင့်နိုင်တယ်” ဝူယွီက တည်ငြိမ်စွာ ပြောပြီးသည့်နောက်တွင် အခန်းထဲမှ အဖွဲ့ငယ်လေးအား ကြည့်လိုက်သည်။ ထိုအဖွဲ့က ဤအစည်းအဝေးအခန်းအတွင်း မူမမှန်မှုတစ်ခုသာ ဖြစ်နေလေ၏။ အကြောင်းအရင်းကမူ အားလုံးက ငြိမ်းချမ်းသည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားကာ သူတို့၏ မျက်ဝန်းများက ဉာဏ်ပညာဖြင့် တောက်ပနေလေသည်။ သူတို့ကို မြင်သည့်သူတိုင်းက သူတို့သည် စာအုပ်များကို ဖတ်ရှုကာ ကျမ်းများကို နားလည်ဖို့ အချိန်အများစုကို ကုန်ဆုံးကြသည့် ပညာရှင်များဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။
“မင်းတို့တွေ ဘာရှာတွေ့တုန်း” ဝူယွီက မေးလိုက်သည်။
“အရှင် ကျွန်တော်တို့တွေ မှတ်တမ်းတွေ အားလုံးကို လှန်လှောရှာဖွေခဲ့ပြီးတော့ အရှင်မဆီ ကျွန်တော်တို့တွေ ပေးတဲ့ ဖြေရှင်းနည်းကိုပဲ စဉ်းစားမိတာပါ”
“အဲ့လိုဆိုရင် မင်းတို့က အသုံးမဝင်ဘူးပေါ့” ဝူယွီက အံကြိတ်ကာ ပြောလိုက်သည်။ သူမက သူမ၏ စွမ်းအားက အားနည်းလာပြီး ခံစားရသည့် ဒုက္ခက ပိုမိုပြင်းထန်လာသည်ကို သတိထားမိသည့်အခါ သူမ၏ ကျိန်စာအကြောင်း ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် သူမက ထိုသူများအား ဖြေရှင်းနည်းကို ရှာဖို့ ဆက်သွယ်ခဲ့သည်။ သို့သော်လည်း သူတို့၏ အဖြေက အဓိပ္ပာယ်မရှိတာများသာ ဖြစ်၏။ သူတို့၏ ပြောစကားအရ ထိုကျိန်စာသည် ကမ္ဘာကြီးထံ အရေးပါမှုနှင့် ကံကြမ္မာအမြောက်အများ ကိုင်ဆောင်ထားသော စံပြတစ်ယောက်မှ ချမှတ်ထားသည့် အပြစ်ကြွေးကျိန်စာနှင့် ကြမ္မာကျိန်စာတို့ ဖြစ်၏။ ထို့ကြောင့် သူမက ထိုအရာကို ဖယ်ရှားလိုပါက နဂိုဖြေဆေးအပြင် သူမအနေဖြင့် အနည်းဆုံး ဝိဇ္ဇာလေးပါး၏ အကူအညီကို လိုအပ်လိမ့်မည်။
ထိုပညာရှင်အုပ်စုက ခေါင်းငုံ့ထားပြီး ဝူယီက သူတို့အား သတ်ဖြတ်ငွေ့ဖြင့် ကြည့်နေလေသည်။ သို့သော် သူမက သူတို့ကို မသုတ်သင်ခဲ့ပေ။ ကမ္ဘာကြီး၏ အခြေအနေက ဖရိုဖရဲဖြစ်နေသည့်အတွက် ထိုအသိဉာဏ်ကြွယ်ဝသည့်သူများကို ရှင်းထုတ်ဖို့ရာ ဉာဏ်မရှိရာ ကျပေသည်။ ထို့ကြောင့် သူမက အမိန့်ပေးပြီး အနီရောင်ဇာမဏီ ပြန်လာသည်ကို စောင့်ဆိုင်းလိုက်သည်။
အားလုံးကလည်း အသံတိတ် စောင့်ဆိုင်းနေကြ၏။ ပုံမှန်သဘောတရားအရ အားကောင်းသည့် ကျင့်ကြံသူရှိထားသည့် ထိုသူများသည် နှစ်များစွာ မတ်တတ်ရပ်နိုင်ကြသည်။ သို့သော်လည်း ဝူယွီ၏ စိတ်အခြေအနေဆိုးရွားနေမှုမှ ဖိအားအောက်တွင် ထိုသူများမှ နာရီပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ချွေးများ စထွက်လာလေ၏။ လူတချို့က ငါးရက်တာ တောင့်ခံနိုင်ဖို့အတွက် ဆေးလုံးတချို့ကို သောက်သုံးလိုက်ရသည်။
ထို့နောက် ထိုအမတ်များက ကမ္ဘာပေါ်တွင် အကြားချင်ဆုံး အသံတစ်သံကို ကြားလိုက်ရသည်။
“သံတမန် အနီရောင်ဇာမဏီ ပြန်ရောက်လာပါပြီ”
“ရလဒ်ကရော” ဝူယွီက မေးလိုက်သည်။ သူမ၏ အမူအရာက အတော်လေး အေးစက်နေလေ၏။
“အရှင်က သူ ဘာမှလုပ်နိုင်တာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ တန်ကြေးဘယ်လောက်ပဲ ပေးပေးတဲ့”
“အဲ့လိုလား” ဝူယွီက မေးလိုက်သည်။ သူမက အသံက အတော်လေးကို တည်ငြိမ်နေလေ၏။
“ငါတို့က သူ့ဆီ အညံ့ခံပြီးတော့ သူ့အမိန့်အတိုင်း လိုက်လုပ်ခဲ့တာတောင် ငါတို့ လိုအပ်နေတဲ့အချိန်မှာ မကူညီနိုင်ဘူးတဲ့လား ကောင်းပြီလေ”
သူမ၏ မျက်ဝန်းက အနီရောင်တောက်ပလာပြီး ရူးသွပ်မှုတို့ကို ပြသလာသည်။ ယခု သူမက ကျိန်စာကို အတင်းကြပ် ဖယ်ရှားဖို့ စံပြအဆင့်ထက် ကျော်လွန်နေသည့် စွမ်းအားကို အသုံးပြုရမည့် နောက်ဆုံးသော မျှော်လင့်ချက်သာ ရှိတော့သည်။ ဝူယွီက အကျိုးအကြောင်းဆင်ခြင်စိတ်ကို ပျောက်ဆုံးသွားလေ၏။
“အနီရောင်ဇာမဏီ အရောင်တပ်ဖွဲ့ခေါင်းဆောင်တွေ အားလုံးကို ဆင့်ခေါ်လိုက်။ ငါတို့ရဲ့ တပ်ဖွဲ့ကို လှုပ်ရှားမယ်” ဝူယွီက ရုတ်တရက် ကြေညာလိုက်သည်။
“သူက ငါ့ကို မပေးချင်မှတော့ သူ့အလောင်းဆီက ယူရမှာပေါ့”
သူမက ပလ္လင်ပေါ်မှာ ထရပ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် နောက်ထပ် ဝူယွီ ပေါ်ထွက်လာပြီး သူမ၏ အမူအရာက ဖြူဖျော့နေသည်။ သူမ၏ လည်ပင်းနှင့် လက်အထက် ထူးထူးဆန်းဆန်း အမှတ်အသားများ ရှိနေလေသည်။
သူမက ပညာရှင်အုပ်စုအား ကြည့်ကာ မေးလိုက်သည်။
“ဒီကျိန်စာက ငါ့ရဲ့ စွမ်းအားအပေါ် သက်ရောက်မှုရှိတာကို ယာယီ ဖိနှိပ်ထားနိုင်မဲ့ နည်းလမ်း ရှိမလား”
ထိုပညာရှင်များက အချင်းချင်း ကြည့်ပြီးသည့်နောက်တွင် အလျင်အမြန် ဆက်သွယ်လိုက်ကြသည်။ ထို့နောက် သူတို့ကြားတွင် လွှမ်းမိုးမှု ရှိဟန်ပေါ်သည့် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ရှေ့ထွက်ကာ ပြောလာသည်။
“တကယ်လို့ ယာယီစည်းပိတ်ထားချင်တယ်ဆိုရင်တော့ ကျွန်မတို့တွေ နည်းလမ်းနှစ်ခု တွေးမိပါတယ်။” သို့သော်လည်း သူမက ရပ်တန့်ကာ ဆက်မပြောတော့ပေ။
“ပြော” ဝူယွီက အမိန့်ပေးလိုက်သည်။
“ပထမတစ်ခုကတော့ ကောင်းမှုတွေ လုပ်ပြီးတော့ ကုသိုလ်ကို စုဆောင်းဖို့ပါ။ မိုးမြေက အရှင့်ကို အပြစ်ရှိတယ်လို့ သတ်မှတ်ထားတာက ဒီခေတ်ကာလရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ စံပြကျိမင်ကို သတ်လိုက်တယ်လို့ ယုံကြည်ထားတာပေါ့။ တကယ်လို့ ကောင်းမှုများများ လုပ်မယ်ဆိုရင်တော့ ခွင့်လွှတ်ခံရပြီးတော့ ကျိန်စာ ပယ်ပျောက်သွားရပါလိမ့်မယ်”
“ကောင်းမှုက ဘယ်လောက်များများ ပြောနေတာလဲ။ အဲဒီနည်းလမ်းက ဘယ်လောက်ကြာမှာလဲ”
ထိုအသက်ကြီးကြီးအမျိုးသမီးက ပြန်မဖြေပေ။ သို့သော်လည်း သူမ၏ တိတ်ဆိတ်မှုက လုံလောက်သည်ထက် ပိုပေ၏။
“ဒုတိယနည်းလမ်းကို ပြော”
ပညာရှင်က ထပ်မံ တုံ့ဆိုင်းသွားလေ၏။ သို့သော်လည်း သူမက ဝူယွီ၏ မျက်ဝန်းမှ စိတ်မရှည်မှုကို မြင်သည့်အခါ အလျင်အမြန် ရှင်းပြလိုက်သည်။
“ဒုတိယချဉ်းကပ်မှုကတော့ ဆန့်ကျင်ဘက်နည်းလမ်းကို သုံးပြီးတော့ အစွန်းရောက် နည်းလမ်းကို လျှောက်လှမ်းဖို့ပါ”
“အဲဒါက ဘာကိုပြောတာလဲ။ တဲ့တိုးသာပြော”
“အပြစ်ကြွေးခန္ဓာလို့ ခေါ်တဲ့ မိစ္ဆာကျင့်ကြံသူတွေအတွက် နည်းစနစ်တစ်ခု ရှိပါတယ်” ပညာရှင်က ရှင်းပြလိုက်သည်။
“အဲဒါကို ကျင့်ကြံပြီးတော့ ကျိန်စာကို စုပ်ယူပြီးတော့ စွမ်းအားဖြစ် အသုံးပြုလို့ရပါတယ်”
ဝူယွီက အကြည့်များက တောက်ပလာလေ၏။
ထိုအရာကို မြင်ကာ အသက်ကြီးကြီး အမျိုးသမီးက ရှင်းပြလိုက်သည်။
“ဒီနည်းလမ်းက အဆိပ်တစ်ခုကို ဖြေရှင်းဖို့ နောက်ထပ် အဆိပ်သောက်တာနဲ့ တူတယ်”
ဝူယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဆက်ရှင်းပြ”
“ဒီနည်းလမ်းက အရှင် လိုချင်တာကို ရနိုင်တယ်ဆိုပေမဲ့ သူတို့ရဲ့ ကျိန်စာက အားပြင်းပြင်းနဲ့ တန်ပြန်သက်ရောက်မှု ဖြစ်လာစေလိမ့်မယ်။ အရှင်က ဒီတန်ပြန်သက်ရောက်မှုကို နှောင့်နှေးထားဖို့တော့ နောက်ထပ် အပြစ်ကြွေးတွေ မြန်မြန်စုပ်ယူဖို့ လိုအပ်တယ်။ ပြီးတော့ အဲဒါက ကျိန်စာရဲ့ အာနိသင်ကို ပိုပြီး တိုးမြှင့်သွားစေလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ဒီနည်းလမ်းက ကျိန်စာကို ထိန်းမထားနိုင်တော့တဲ့ အချိန်ကျရင် သက်ရောက်မှုက အရှင်ကို ချက်ချင်းဆိုသလို ရှင်းထုတ်ပစ်သွားလိမ့်မယ်”
“အဲ့လိုလား” ဝူယွီက ရေရွတ်လိုက်၏။ သို့သော်လည်း သူမ တွေးနေသည့်အရာကို မည်သူကမှ မပြောနိုင်ကြပေ။
“အဲဒါဆိုရင်တော့ မျှော်လင့်ချက် ရှိပါသေးတယ်” နောက်ထပ် ပညာရှင်တစ်ဦးက ရှေ့တိုးလာကာ ပြောလိုက်သည်။
“ကမ္ဘာကြီးက ပြောင်းလဲသွားပြီးတော့ တခြားသူရဲ့ ကြမ္မာကို စုပ်ယူဖို့ ပိုမိုလွယ်ကူလာတယ်။ တကယ်လို့ အရှင်က ထာဝရဇာမဏီကို သုတ်သင်ပြီး သူ့ကြမ္မာနဲ့ ကံကောင်းမှု ရယူနိုင်မယ်ဆိုရင်တော့ နောက်ထပ် ဖြေရှင်းနည်းတစ်ခုကို မရခင် တန်ပြန်သက်ရောက်မှုကို နှောင့်နှေးထားနိုင်မှာပါ”
“မင်း ပြောတာက ဒီစစ်ပွဲက ငါ အသက်ရှင်သန်ဖို့ တစ်ခုတည်းသော ရွေးချယ်မှုပေါ့” ဝူယွီက ရက်ရက်စက်စက် အပြုံးဖြင့် ပြောလိုက်သည်။
“ကောင်းတယ်။ စလိုက်ကြရအောင်။ အပြစ်ကြွေးခန္ဓာအကြောင်း မင်းတို့ ပြောတယ်ဆိုတော့ မင်းတို့ဆီမှာ ရှိတယ်မလား”
“ဟုတ်ကဲ့”
“အဲဒါဆို စလိုက်ကြရအောင်”
……………………………………
ဝမ်ဝေ့က စစ်ပွဲအကြောင်း သတင်းအချက်အလက်ကို ဖတ်ရှုလိုက်သည်။ ထို့နောက် ရုတ်ချည်း ဆန်လွန်းလှ၏။ ဝူယွီက ရူးသွပ်သွားပြီး သူမ၏ တပ်ဖွဲ့များဖြင့် ထာဝရဇာမဏီပိုင်နက်ကို စတင်တိုက်ခိုက်လာလေသည်။
“စစ်ပွဲတဲ့လား။ သူတို့နှစ်ယောက် တိုက်မယ်လို့တော့ ထင်ထားပေမဲ့ ဒါပေမဲ့ တိုက်ရိုက်စစ်ပွဲတော့ မဟုတ်ဘူး။” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ ထိုသူများက အန္တိမသဟဇာတ၏ လက်အောက်ငယ်သားများ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က သူတို့အချင်းချင်း တိုက်ခိုက်မည်ဟု မှန်းဆထားသော်လည်း အခြေအနေတစ်ခုလုံးကို ဆိုးရွားသွားစေနိုင်လောက်သည်အထိတော့ မဟုတ်ပေ။
“သူမက တမင်လုပ်နေတာလို့ ထင်တယ်” အနီရောင်မျက်နှာဖုံးက ပြောလိုက်သည်။
“အိုး”
“အရောင် ဇာမဏီခေါင်းဆောင်တစ်ဦးက ချီတင်းဆီ သွားရောက်စုံစမ်းတယ်ဆိုတဲ့ အကြောင်းကြားထားပါတယ်။ ဝူယွီက သူမရဲ့ အခွံဖြစ်တဲ့ သူ့စွမ်းအားကို သုံးပြီး ကျိန်စာကို ဖျက်ချင်တာ နေမယ်”
“အဲဒါဆိုတော့ သူမ ကျရှုံးပြီးတဲ့နောက်မှာ သူမက သူ့အာရုံကို ဖမ်းစားဖို့ စစ်ပွဲကို အသုံးချခဲ့တာလား”
အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။
“မင်း ပြောတာ ဟုတ်နိုင်တယ်။ ဒါပေမဲ့ ငါ ဒီစစ်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း ခံစားချက်ဆိုးနေတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက အလိုလိုသိစိတ်အပေါ် ယုံကြည်ထားလေ၏။ သူ ဤသို့ခံစားရသည့် အကြောင်းအရင်းတစ်ခု ရှိလိမ့်မည်။
“ဘာပဲဖြစ်ဖြစ် ဒီစစ်ပွဲက ငါတို့အတွက် အရေးသာချက်ပဲ။ သေမျိုးတွေက ကြီးထွားဖို့ အချိန်လိုတယ်။ ဒါက ပြီးပြည့်စုံတဲ့ အာရုံလွှဲပြောင်းမှုတစ်ခုပဲ။ ဒီအခွင့်အရေးကိုယူပြီးတော့ အဲဒီလူနှစ်ဦးရဲ့ ပိုင်နက်ထဲက ထွက်လာမဲ့ သေမျိုးတွေကို ကယ်တင်ရမယ်”
“ကျွန်မတို့တွေရဲ့ သူတို့ရဲ့အဖွဲ့ထဲကို ကျူးကျော်ဝင်ရောက်နိုင်မဲ့ အခွင့်အရေး တစ်ခုပါပဲ” အနီရောင်မျက်နှာဖုံးက ထပ်ပြောလိုက်သည်။ လူများစွာက သေဆုံးသွားပြီး ပျောက်ဆုံးသွားမည် ဖြစ်ကာ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ရန်သူ၏ လူများကို အစားထိုးဝင်ရောက်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်၏။
“မင်းဘာလုပ်ရမလဲဆိုတာကို သိပြီးသားဆိုတော့ ငါ ဘာမှမပြောတော့ဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ တခြားသူတွေကို စောင့်ကြည့်ဖို့ မမေ့နဲ့ဦး။ တစ်ယောက်ယောက်က ဒီစစ်ပွဲကို ဝင်ရောက်ဆင်နွှဲတာမျိုး ဒါမှမဟုတ်ဘူးဆိုလည်း အရေးသာချက်ရအောင် ရှုပ်ထွေးတာမျိုးတွေ လုပ်လာနိုင်ချေ ရှိတယ်”
“ဟုတ်ကဲ့ပါ”
အနီရောင်မျက်နှာဖုံးက ပျောက်ကွယ်သွားလေ၏။ ထို့နောက် ဝမ်ဝေ့က အဖွဲ့ဆီ သေမျိုးများကို ကူညီဖို့ ဆက်လက် လုပ်ဆောင်ဖို့ရာ သတင်းစကား ပို့ဆောင်လိုက်သည်။ ထို့နောက် သူက စစ်ပွဲ၏ တိုးတက်နှုန်းကို စောင့်ကြည့်ဖို့ တာအိုသင်္ချိုင်းမြေမှ ထွက်ခွာသွားလိုက်သည်။