← Chapters

မူမမှန်မှု

Vol. 98 Ch. 1368

မူမမှန်မှု

Vol. 98 Ch. 1368

ဝမ်ဝေ့ကသာ ဤစစ်ပွဲကို အာရုံစိုက်နေသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ တစ်ကမ္ဘာလုံးကလည်း အာရုံစိုက်နေကြ၏။ ဝူယွီ၏ ရူးသွပ်မှုက စစ်ပွဲအား လပိုင်းခန့်အတွင်း အလျင်အမြန် ပျံ့နှံ့သွားစေသည်။ ထို့ကြောင့် အားလုံးက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းကာ စောင့်ကြည့်နေကြ၏။

ဝမ်ဝေ့က စည်းပိတ်ရေး အစီအရင်များစွာနှင့် အားကောင်းသည့် ကောင်းကင်ဘုံလှည့်ဖျားရေးအစီအရင်တို့ ရှိထားသည့် အမည်မသိ ဒိုင်မေးရှင်းတစ်ခုအတွင်း တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူ့ရှေ့တွင် ကြေးမုံတစ်ခု မြောလွင့်နေပြီး နှစ်ဖက်ကြားမှ တပ်ဖွဲ့ခေါင်းဆောင်များ၏ တိုက်ပွဲကို စောင့်ကြည့်နေလေ၏။

တစ်ဖက်တွင် ဝူယွီ၏ ဇာမဏီငါးယောက် ဖြစ်သည့် အဖြူရောင်၊ အနီရောင်၊ အပြာရောင်၊ အဝါရောင်နှင့် အစိမ်းရောင် ဇာမဏီတို့ ဖြစ်ပေသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ ထာဝရဇာမဏီ၏ အလောင်းကောင် ဘုရင် ငါးယောက်ဖြစ်သည့် ခရမ်းရောင်ဖုတ်ကောင်ဘုရင်၊ ရွှေရောင်ဘန်ရှီးဘုရင်မ၊ ငွေရောင်မိစ္ဆာစိတ်ဝိညာဉ် အုပ်စိုးသူ၊ အနက်ရောင် စိတ်ဝိညာဉ်စုပ်ယူရေး အာဏာရှင်နှင့် သံမဏိအရိုးနဂါးအုပ်စိုးသူတို့ ဖြစ်ပေသည်။

ထိုသူ ဆယ်ယောက်လုံးက ထိပ်သီးကောင်းကင်ဘုံအဆင့်ဖြစ်ပြီး တချို့ကမူ ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်ကြသည့်အတွက် သူတို့ခေါင်းဆောင်များအပြင် သူတို့က ဤစစ်ပွဲအတွင်း အထွတ်အထိပ်စွမ်းအား ရှိထားသူများ ဖြစ်ကြ၏။

တစ်ခုခုတော့ မှားနေပြီ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အနေနှင့် ထိုအလောင်းကောင်ဘုရင်များသည် ထာဝရဇာမဏီနှင့် ဆက်နွယ်မှုကြောင့် သူတို့က မသေဆုံးနိုင်သည့်အတွက် အတုအယောင် မသေနိုင်စွမ်းကို အသုံးပြုပြီး သူတို့၏ ဒဏ်ရာများကို ဂရုမစိုက်ဘဲ အရူးတစ်စုလိုမျိုး တိုက်ခိုက်ခဲ့ကြကြောင်း သတိထားမိလိုက်၏။ ထို့အပြင် အလောင်းကောင်အနေဖြင့် သူတို့က အစကတည်းက နာကျင်မှုများကို မခံစားရသလို သိလည်း မသိကြပေ။

ထာဝရဇာမဏီက ဝူယွီရဲ့ ရုတ်တရက် အပြောင်းအလဲကို စိတ်ပူနေတဲ့ပုံပဲ။ အဲဒါကြောင့် သူ့လူတွေနဲ့ အရင်ဆုံး စမ်းသပ်ကြည့်တာ ဖြစ်လောက်တယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

သူက သူ့ဖက်က ထိပ်တန်းတိုက်ခိုက်ရေး အရေးသာမှုကို ရဖို့ အရောင်ဇာမဏီထဲက တစ်ယောက်ကို သတ်ချင်သေးတာပဲ…

အကယ်၍ ဇာမဏီထဲက တစ်ကောင်သေသွားပါက အလောင်းကောင် ဘုရင်တစ်ယောက်သည် ရန်သူ၏ အဖွဲ့ကို လွတ်လပ်စွာ သတ်ဖြတ်နိုင်လိမ့်မည်။ ထိုအခါကျလျှင် ဝူယွီက ရွေးချယ်စရာ မရှိဘဲ ထိုအလောင်းကောင်ဘုရင်ကို တားဆီးဖို့ တခြားနည်းလမ်းတစ်ခု သို့မဟုတ် သူမကိုယ်သူမ ထုတ်ဖော်ပြသရလိမ့်မည်။

ဒါပေမဲ့ ဇာမဏီကလည်း တိုက်ခိုက်တဲ့နေရာမှာ ခုခံတဲ့ဘက်က ရွေးချယ်ထားသလိုပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

သူတို့က အချိန်ဆွဲနေသလိုမျိုးပဲ။ သူတို့က နောက်ခံကို အကူစောင့်နေတာလား ဒါမှမဟုတ်ဘူးဆိုရင် ဝူယွီက တစ်ခုခု ကြီးကြီးမားမား စီစဉ်နေတာလား…

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးဆီ အမိန့်များ ပို့ဆောင်လိုက်သည်။ သူက သူမအား ဝူယွီ၏ တည်နေရာကို ရှာဖွေဖို့ အာရုံစိုက်ထားစေလို၏။ ထို့နောက် ဝမ်ဝေ့က လိုလိုမယ်မယ် ဒိုင်မေးရှင်းနေရာကို ပြောင်းလဲလိုက်သည်။

သူ့အကြည့်က ဇာမဏီတစ်ကောင် ဖြစ်သည့် အဖြူရောင်ဇာမဏီဆီ ကျရောက်လာလေသည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက  ငါ သူမဆီမှာ နယ်ရုပ်အနေနဲ့ အသုံးပြုလို့ရတဲ့ တစ်စုံတစ်ခုကို ထားရှိခဲ့တယ်။ အခု သုံးလိုက်သင့်ပြီလား…

ဝမ်ဝေ့က တုံ့ဆိုင်းသွားမိ၏။ သူက ထိုအမှတ်အသား သူမအပေါ် ထားရှိသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ရှာဖွေတွေ့ရှိခံသွားရမည်ကို စိုးရိမ်နေမိသည်။

ဒါပေမဲ့ စွန့်စားကြည့်ဖို့တော့ ထိုက်တန်တယ်..

ဝမ်ဝေ့က တွေးလိုက်သည်။ သူက စစ်ပွဲအကြောင်း ခံစားချက်ဆိုး ရှိနေသည်ကို အမှတ်ရနေဆဲ ဖြစ်၏။ ဝမ်ဝေ့က အဖြူရောင်ဇာမဏီကို စောင့်ကြည့်ပြီး တိုက်ပွဲကို ပိုမိုပြင်းထန်လာသည်အထိ စောင့်ဆိုင်းပြီးသည့်နောက်မှ အသက်သွင်းဖို့ ဆုံးဖြတ်လိုက်သည်။

သူက သူမ၏ အသိစိတ်ပင်လယ်ကို အတင်းအကြပ်ကျူးကျော်လိုက်ပြီး သူမ၏ ဝိညာဉ်နှင့် မှတ်ဉာဏ်များမှ ရရှိထားသည့် အတားအဆီးများကို အသုံးပြုလိုက်သည်။ ဝမ်ဝေ့က ဂရုမစိုက်ဘဲ ကန့်သတ်ချက်များကို ဖျက်ဆီးပစ်လိုက်ပြီး သူမ၏ အသိစိတ်ပင်လယ်အနှံ့ အက်ကြောင်းများစွာ ချန်ထားခဲ့သည်။ ထို့နောက် သူက ယခင်လပိုင်းခန့်တွင် သတင်းအချက်အလက်များကိုသာ အာရုံစိုက်လိုက်၏။

“ကျစ် အားလုံးက အသုံးမဝင်ဘူး” ဝမ်ဝေ့က မှတ်ဉာဏ်များကို အလျင်အမြန် စုစည်းပြီးသည့်နောက်တွင် သူလိုချင်သည့် မှတ်ဉာဏ်အပိုင်းအစကို ရှာဖွေတွေ့ရှိသွားလေသည်။

“ပညာရှင်…ကျိန်စာ ကုစားဖို့…အပြစ်ကြွေးခန္ဓာ”

ဝမ်ဝေ့က သူသည် အမှန်တရားဖြင့် နီးကပ်သလို ခံစားလာရ၏။ နောက်ထပ် နည်းနည်းလောက်ရှိပါက သူသည် ပုံကားချပ်တစ်ခုလုံးကို မြင်နိုင်လိမ့်မည်။ သို့သော်လည်း သူ့အကျိုးအကြောင်းဆင်ခြင်မှုက နေရာယူသွားခဲ့၏။ သူက လောဘအထိုက်အလျောက် လှုပ်ရှားခြင်း၏ အကျိုးဆက်ကို ကောင်းကောင်း သိထားလေသည်။ ထို့ကြောင့် သူ့ကိုယ်သူ တားဆီးလိုက်ပြီး စိတ်ဝိညာဉ်အမှုန်ကို ရှင်းထုတ်ပြီးသည့်နောက်တွင် သူ့ဒိုင်မေးရှင်း၏ တည်နေရာကို ထပ်မံ ပြောင်းလဲလိုက်သည်။

“ဟမ် ငါ ဘာလို့ ကပ်ဘေးတစ်ခုက လွတ်မြောက်လာသလို ခံစားမိနေပါလိမ့်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူ့ခံစားချက်ကို ယုံကြည်လေသည်။ ထို့နောက် သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တွေးမိသွား၍ ပုံရိပ်ယောင်တစ်ခုကို ယခင်နေရာသို့ စေလွှတ်လိုက်ရင်း သူကမူ တတိယအကြိမ်မြောက် နေရာပြောင်းလဲလိုက်သည်။

သူ ဘာမြင်လိုက်ရတာလဲ…

ဗလာနတ္ထိလေဟာနယ်ကလွဲ၍ ဘာမှ မရှိတော့ပေ။

ကြောက်ဖို့ကောင်းသည့် စွမ်းအားတစ်ခုက သူ့ဒိုင်မေးရှင်း၏ ယခင်နေရာကို ဖျက်ဆီးပစ်ခဲ့ပြီး အဆုံးမဲ့ဗလာသာ ချန်ထားပစ်ခဲ့သည်။ ပုံရိပ်ယောင်က အဝေးတစ်နေရာကို ကြည့်လိုက်သည့်အခါ ချီတင်းက ကောင်းကင်ယံထဲ မြောလွင့်နေပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ကျုပ် သိပြီ။ ခင်ဗျားက ကျုပ်ကို ကိုယ်တိုင် ရှင်းထုတ်ချင်လောက်အောင် ကျုပ်က အဟန့်အတား ဖြစ်လာတာကိုး” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ဂုဏ်ယူရမဲ့ပုံပဲ”

“ကြွက်စုတ် မင်း ဘယ်လောက်ပုန်းနိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့” ချီတင်း…  မဟုတ်သေးဘူး အန္တိမသဟဇာတက ပြောလိုက်သည်။

“ခင်ဗျား ဒီစကားပုံကို မကြားဖူးဘူးလား။ လူကောင်းတွေက ငယ်ငယ်ရွယ်ရွယ်သေပြီးတော့ လူဆိုးတွေက နှစ်ထောင်ချီ နေထိုင်ကြတယ်တဲ့။ ကျုပ်က ကပ်ဘေးလေ။ အဲဒါဆိုတော့ ကျုပ်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကနေ ကျောရိုးကို ဆွဲထုတ်နိုင်တဲ့ အရည်အချင်းမရှိသေးသရွေ့  ပုန်းနေဦးမှာပဲ”

“ငါ့ရဲ့ စိတ်ရှည်မှုကို လာပြီး စမ်းနေလိုက်။ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ထား” အန္တိမသဟဇာတက တည်ငြိမ်စွာ ပြောလိုက်သည်။

“အားလုံးကို သတ်ပြီး စစ်တုရင်ခုံကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ မင်းတို့ဂိုဏ်းက မင်းရဲ့ ချစ်မြတ်နိုးရသူတွေ အပါအဝင်ပဲ”

“အဲဒီစကားတွေကို ဘာလို့ သူမဆီ မပြောလဲ”

ဝမ်ဝေ့၏ ပုံရိပ်ယောင်က အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထင်ထားသည့်အတိုင်း ရွှေရောင်မျက်ဝန်းဖြင့် တောက်ပနေသည့် ဖုန်းဟွမ်က ပေါ်ထွက်လာလေ၏။ နှစ်ဦးသားက အချင်းချင်း ကြည့်ပြီးသည့်နောက်တွင် အန္တိမသဟဇာတက အေးစက်စက် နှာခေါင်းရှုံ့ကာ ပျောက်ကွယ်သွားလေသည်။

မေတ္တယျက ဝမ်ဝေ့ကို အာရုံစိုက်လိုက်၏။

“မင်းအနေနဲ့ ငါ့ရဲ့ တုံ့ပြန်မှုက အားနည်းနေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်နေမလဲဆိုတာ သိတယ်”

“အဲ့လိုတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ပထမဦးစွာ သူက သူမကို အပြစ်တင်ခဲ့သော်လည်း အချိန်ကြာလာသည့်အခါ ထူးကဲသာလွန်မှုအဆင့်များသည် မည်မျှကြောက်ဖို့ကောင်းကြောင်း နားလည်လာခဲ့သည်။ မေတ္တယျက အန္တိမသဟဇာတ၏ ၉၉.၉၉၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်၍ သူက အသက်ရှင်နိုင်ဆဲဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

“အဲဒီအတွက်ကလည်း ရှင်းပြစရာတော့ ရှိတယ်” မေတ္တယျက ဆက်ပြောလိုက်သည်။ သူမက သူ့စကားများကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဆက်မပြောတော့ပေ။

“အရင်ဆုံး ငါက သူ ဒီကမ္ဘာအပေါ် ထိန်းချုပ်မှုရှိနေတဲ့ အချက်ကို လျှော့တွက်မိခဲ့တယ်ဆိုတာ ဝန်ခံရလိမ့်မယ်။ လှည့်ကွက်တွေနဲ့ ပတ်သက်လာရင် ငါက သူ့လောက် မကောင်းဘူးလေ” မေတ္တယျက သူမသည် တောက်ဘာသာနှင့် ရန်ကြွေးရှိဖို့ ကံကြမ္မာဖန်လာကြောင်း သတိထားမိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့မအကြီးဆုံး စစ်ဆေးမှုနှင့် စမ်းသပ်ချက်များက သူတို့ဆီမှ အစပြုလာခြင်း ဖြစ်သည်။

“တကယ့်အကြောင်းအရင်းကတော့ ငါက အာရုံထွေပြားသွားတာ” မေတ္တယျက ဆက်ပြောလိုက်သည်။

“ငါတို့ကမ္ဘာရဲ့ အချိန်မြစ်ကြောင်းခွဲမှာ မူမမှန်မှုတစ်ခုကို သတိထားမိလိုက်လို့ စစ်ဆေးကြည့်နေတာ”

“အဲဒါက အရေးကြီးလား”

“ဟုတ်တယ်။ ငါ့အလိုလိုသိစိတ်က ဒီမူမမှန်မှုရဲ့ အကြောင်းအရင်းကို ရှာမတွေ့ဘူးဆိုရင် တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်ပျက်လာလိမ့်မယ်လို့ ပြောပြနေတယ်” မေတ္တယျက ပြောလိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“ဆိုးဆိုးရွားရွားထိ ပြောတာ ဘယ်လောက်အနေအထားထိ ပြောတာလဲ”

“ငါတို့လိုလူမျိုးတောင် သက်ရောက်ခံရပြီး သေသွားနိုင်တယ်”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။ ကံကြမ္မာက သူသည် ကောင်းကင်ဘုံအဆင့်မျှသာ ရှိကြောင်း မေ့လျော့သွားဟန်ပေါ်သည်။ ထူးကဲသာလွန်မှုအဆင့် ပြဿနာကို မည်သို့များ ပေးလာသနည်း။

သူ့ဘဝက ချောမွေ့နေ၍ တစ်စုံတစ်ယောက်က သူ့တွင် စိန်ခေါ်မှုများ လိုအပ်နေသည်ဟု ထင်၍လား ။

“ငါ အချိန်စေ့ပြီ။ မင်း အချိန်စားသုံးသူကို စောင့်ကြည့်ထားတာ ကောင်းလိမ့်မယ်။ သူက မင်း ထင်ထားတာထက် ပိုပြီး အန္တရာယ်များတယ်” မေတ္တယျက တစ်နေရာကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“သူက ဒီမူမမှန်မှုအတွက် တာဝန် ရှိနေတာလား” ဝမ်ဝေ့က မေးလိုက်သည်။

“မဟုတ်ဘူး။ ဒါပေမဲ့  သက်သေတော့ မရှိသေးပေမဲ့ သူ တစ်စုံတစ်ခုနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ခံစားမိတယ်” မေတ္တယျက သက်ပြင်းချကာ ပြောလိုက်သည်။ သူမက ထိုမူမမှန်မှုကို ခံစားမိသည်နှင့် အချိန်စားသုံးသူကို သတ်ဖြတ်လိုသော်လည်း အန္တိမသဟဇာတက တားဆီးခဲ့သည်။

“ကောင်းပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဖုန်းဟွမ်၏ မျက်ဝန်းထဲမှ တောက်ပမှုက ပျောက်ကွယ်သွားလေ၏။ သူက ပြန်လည် အသိပြန်ကပ်လာသည်။  သူက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ကို မြင်လိုက်ရ၏။ သူက ထိုသူကို ဦးညွှတ်ပြီးသည့်နောက်တွင် ဂိုဏ်းဆီ ပြန်သွားလိုက်သည်။

“တကယ့်ကို အရှုပ်အထွေးပဲ” ဝမ်ဝေ့က မျက်လုံးကို ဖွင့်ပြီး ပုံရိပ်ယောင်ကို ပယ်ဖျောက်လိုက်သည်။ သူက သက်ပြင်းချကာ စောင့်ဆိုင်းနေလေ၏။ ထို့နောက် သူက အနီရောင်မျက်နှာဖုံးနှင့် ဆက်သွယ်ကာ ဝူယွီ၏ နေရာအား တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖို့ ပြောလိုက်သည်။

 သူ့အနေနှင့် အဖြူရောင်ဇာမဏီ၏ မှတ်ဉာဏ်များမှ ရှာဖွေတွေ့ရှိသွားသည့် သဲလွန်စများအပြီးတွင် ဝူယွီ လုပ်နေသည့်အရာကို အနည်းငယ် မှန်းဆမိလာ၏။ သို့သော် သူ မှားယွင်းဖို့ရာသာ မျှော်လင့်နေမိသည်။ ရက်အနည်းငယ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက နောက်ထပ် ပုံရိပ်ယောင်ကို စေလွှတ်လိုက်၏။ အကြောင်းအရင်းကမူ အနီရောင်မျက်နှာဖုံးက သူ့ကို ဆက်သွယ်လာ၍ ဖြစ်သည်။

“ဘာရှာတွေ့ခဲ့လဲ”

“မဟာနိဗာနကမ္ဘာမှာ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တယ်”

အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။

“မဟာနိဗာနကမ္ဘာတဲ့လား။ တကယ်လို့ ငါ မှတ်မိတယ်ဆိုရင် အဲဒါက ဝူယွီရဲ့ ပိုင်နက်ထဲက အကြီးမားဆုံးပိုင်နက်ဖြစ်ပြီးတော့ ရှင်သန်ခြင်း သစ်ပင်နယ်မြေလို့ ခေါ်တယ်မလား”

“ဟုတ်ပါတယ်။ အဲဒီမှာ လူတွေကို ဝင်ထွက်ခွင့်တားဆီးထားတဲ့ မမြင်နိုင်ဖွယ် စွမ်းအင်အကာအရံတစ်ခု ရှိနေတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။

“တကယ်လို့ ဝူယွီသာ တစ်ခုခု လုပ်နေမယ်ဆိုရင် အဲဒီနေရာမှာပဲ ဖြစ်လောက်တယ်”

“မင်း ခိုးမဝင်နိုင်ဘူးလား”

“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့‌တွေ အဲ့လိုလုပ်ဖို့ ကြိုးစားရင်းနဲ့ ထူးချွန်တဲ့ လူတချို့ကို ဆုံးရှုံးခဲ့ရတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။

“ကောင်းပြီလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက မဖြစ်နိုင်သည့် တောင်းဆိုမှုအတွက် သူ့လက်အောက်ငယ်သားများကို ဖိအားပေးနေမည် မဟုတ်ပေ။

“ထာဝရဇာမဏီက ဒီအပြောင်းအလဲကို သိထားလား”

“ကျွန်မ ဒီသတင်းကို သူ့ဆီ ထုတ်လွှင့်လိုက်ပါမယ်” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်သည်။

“တခြား ဘာတင်ပြစရာရှိသေးလဲ”

“ဟုတ်ကဲ့။ ခန်းမရဲ့ ရှင်ကျန်ရေးမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးသွားပါပြီ” သူမက ခေါင်းညိတ်လိုက်သည်။

ဝမ်ဝေ့က ထပ်မေးတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို တွေးမိသွားလေ၏။

“မင်းကိုယ်တိုင် လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား”

“အရှင့်ရဲ့ လက်ရှိ သတိကြီးကြီးထားတဲ့ သဘာဝကို သိလို့ အသေခံတပ်ဖွဲ့ကို စေလွှတ်လိုက်တာပါ။ သူတို့ ဒီတာဝန်ပြီးမြောက်ပြီးတဲ့နောက်မှာ သူတို့ကိုယ်သူတို့ သတ်သေဖို့ အမိန့်ပေးခံထားရပါတယ်” အနီရောင်မျက်နှာဖုံးက တင်ပြလိုက်သည်။ သူမက သခင်နှင့် ဆက်နွယ်နေသည့်အတွက် အနီရောင်မျက်နှာဖုံးက ထိုလူများနှင့် ပတ်သက်ဖို့ရာ အကောင်းဆုံး မဟုတ်ကြောင်း သိထားလေသည်။

“ကောင်းတယ်” ဝမ်ဝေ့က ချီးကျူးလိုက်သည်။

“အခု မင်းကိုယ်မင်း ပုန်းနေ။ နောက်ကွယ်ကနေပဲ လှုပ်ရှား။ တကယ်လို့ မင်းစွမ်းအား လိုအပ်လာတဲ့ တာဝန်ရှိတယ်ဆိုရင်တောင် ထွက်မလာဘဲနဲ့ အခွံကိုပဲ သုံး။ ငါ့ရဲ့ စွမ်းအားပါမဲ့ အဆောင်ကို ပေးမယ်။ အဲဒီအစောင့်တွေက တာဝန်အတွက် ထွက်မသွားခင် အဆောင်ကို သုံးနိုင်အောင် သေချာလုပ်ထား။ နောက်ဆုံး ငါတို့ မလိုချင်တဲ့အရာက အဲဒီပစ္စည်းကို မှားယွင်းတဲ့ လက်ထဲ ရောက်မသွားစေဖို့ပဲ”

“ဟုတ်ကဲ့ပါ”

“ကောင်းပြီ။ အဲဒီလူတွေအကြောင်း ဆက်ပြော”

All Chapters