စစ်ပွဲအပြစ်ကြွေးများ
Vol. 98 Ch. 1369
“အသေခံအဖွဲ့က သတင်းအချက်အလက်နည်းနည်းပဲ တွေ့ခဲ့တယ်။ ပြီးတော့ ကျွန်မတို့တွေ သံသယဝင်စရာကောင်းတဲ့ ကိစ္စတချို့လည်း တွေ့ခဲ့တယ်” အနီရောင်မျက်နှာဖုံးက ပြောလိုက်သည်။
“သူတို့ထဲက နှစ်ဦးက လတ်တလော ကံအပြောင်းအလဲအခွင့်အရေးနဲ့ တွေ့ထားတယ်လေ။ သူတို့တွေ ဘာတွေတွေ့ခဲ့လဲဆိုတာကို အတိအကျမသိရသေးပေမဲ့ သူတို့တွေက ခေါင်းဆောင်ရဲ့ ရှင်းလင်းရေးမှာ အသက်ရှင်သန်ခဲ့ပြီးတော့ အခု ခေါင်းဆောင်နဲ့ ဖြေရှင်းဖို့ ကြံစည်နေလောက်တယ်”
“ကံအပြောင်းအလဲ အခွင့်အရေးတဲ့လား။ တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်ခံရနိုင်ချေရှိတဲ့ နည်းလမ်းပဲ။ တကယ်တော့ သူ့လိုလူမျိုးအတွက် အရမ်းကို ရိုးရှင်းပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ သုံးသပ်ချက်ကလည်း အတူတူပါပဲ။ အဲဒီနှစ်ယောက်က ခေါင်းဆောင်ကို အာရုံများအောင် လုပ်ဖို့ နယ်ရုပ်တွေပဲ ဖြစ်လောက်တယ်။ တကယ့် ထိနှက်ချက်က တတိယမြောက်လူဆီကနေ ရနိုင်တယ်”
“သူနဲ့ ပတ်သက်ပြီး ဘာတွေ ထူးကဲနေတာလဲ”
“ကျွန်မတို့ရဲ့ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ သူက ဉာဏ်အလင်းပွင့်မှု တွေ့ကြုံပြီးတော့ နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။”
“ဉာဏ်အလင်းပွင့်မှုလား။ တကယ်ကို ကြိုးကိုင်တဲ့ နည်းလမ်းတစ်ခုပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ အန္တိမသဟဇာတက ယခုအခါ မိုးမြေ၏ ပြယုဂ်တစ်ပိုင်းအဖြစ် မှတ်ယူ၍ရသည့်အတွက် တစ်စုံတစ်ယောက်ကို ထူးကဲသည့် နည်းလမ်း၊ အရည်အချင်း သို့မဟုတ် မန္တန်များကို ဖန်တီးဖို့ရာအတွက် ဉာဏ်အလင်းပွင့်မှု ပေးဖို့ရာက ရိုးရှင်းလှသည်။
ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးကို ကြည့်လိုက်၏။
“ငါတို့တွေ ရင်ဆိုင်နေရတဲ့ ရန်သူအကြောင်းကို မင်းလည်း နားလည်သင့်ပြီ။ ဘာလုပ်ရမလဲဆိုတာ သိတယ်မလား”
“ဟုတ် သိပါတယ်”
“ကောင်းပြီ”
နှစ်ဦးသားက စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်။ အနီရောင်မျက်နှာဖုံးကလည်း သူမ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လိုက်၏။ ဝူယွီ၏ သတင်းအချက်အလက်ကို ထာဝရဇာမဏီဆီ ပေါက်ကြားစေပြီးသည့်နောက်တွင် သူမက ကံကြမ္မာတပ်ဖွဲ့ဝင်၏ လုပ်ဆောင်မှုများကို ပြန်လည်စုစည်းလိုက်သည်။ သူတို့လုပ်ဆောင်ချက်ထဲတွင် သတိကြီးကြီးထားမှုနှင့် လုံခြုံမှုတို့က အရေးပါလာခဲ့၏။
ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ယခု ဝိရောဓိအနေအထားဟု ခေါ်ဆိုသည့် အရေးပေါ်အခြေအနေ တစ်ခု ရှိလာခဲ့သည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် တာဝန်များနှင့် လုပ်ဆောင်ချက်များကို အင်မတန် ဂရုတစိုက်ဖြင့် ကိုင်တွယ်မည်ဖြစ်ကာ သူတို့က အင်မတန် အားကြီးသည့် ရန်သူနှင့် ရင်ဆိုင်နေရသည့် အရိပ်အမြွက်လည်း ဖြစ်ပေသည်။ ထိုအရာအားလုံးက အနာဂတ်အတွက် ဖြစ်၏။
အနီရောင်မျက်နှာဖုံးက အုတ်မြစ်ကို ချထားနေခြင်းသာ ဖြစ်သည်။ သူမ အောင်မြင်သွားသည်နှင့် သူမ၏ အာဏာနှင့် လွှမ်းမိုးမှုတို့က ဝမ်ကျူ ပြန်လည်မဝင်စားခင် အချိန်ထက် ပိုမိုအားကောင်းခြင်း မရှိလျှင်ပင် ယှဉ်နိုင်လိမ့်မည်။
……………………………..
စစ်ပွဲက ရုတ်ချည်းဆိုသလို အရှိန်မြှင့်တင်လာခဲ့၏။ ထာဝရဇာမဏီက သတင်းအချက်အလက် လက်ခံပြီးသည့်နောက်တွင် ထိုသတင်းသည် အမှန်လားဟု တစ်စုံတစ်ယောက်အား စစ်ဆေးကြည့်ခိုင်းခဲ့သည်။ သူက သူ့လူများအား ထိုနေရာဆီ ကျူးကျော်ဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရ၏။ သူက မစောင့်ဆိုင်းနိုင်တော့ပေ။ ထို့ကြောင့် သူက ထိုနေရာကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး သူက မဟာနိဗာနကမ္ဘာဝန်းကျင်တွင် ကာရံထားသည့် စွမ်းအင်အကာအရံအပြင်ဘက်တွင် ပေါ်ထွက်လာသည်။
ဝူယွီက အဝေးတစ်နေရာမှ ထာဝရဇာမဏီကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ငါ နည်းနည်းထပ်ပြီး စုဆောင်းချင်သေးပေမဲ့ ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ”
သူမက သူမ၏ စံပြအစီအရင်ကို ယုံကြည်ချက်ရှိပြီး ထိုသူက အကောင်းဆုံးဝှက်ဖဲကို အသုံးပြုလာခဲ့လျှင်ပင် အထဲကို ချိုးဖောက်ဝင်ရောက်နိုင်လာဖို့ နာရီပိုင်းခန့်ကြာမြင့်နိုင်ကြောင်း သိထားသည်။
“ကြက်ကလေး ငါ့ကို လာမနှုတ်ဆက်တော့ဘူးလား” ထာဝရဇာမဏီ၏ အသံက မိုးမြေကြား ပဲ့တင်ထွက်လာလေ၏။ ဝူယွီသည် သူမကို ကြက်ကလေးဟုခေါ်ဆိုသည့်သူတိုင်းကို မုန်းသည်။ အထူးသဖြင့် ထိုသူကို ဖြစ်သည်။ သို့သော်လည်း သူမက ဤတစ်ကြိမ် ဂရုမစိုက်သလို အမူအရာမှ ထုတ်ဖော်ပြသခြင်း မရှိပေ။ သူမ၏ မျက်ဝန်းအထက် အနီရောင်အလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီးသည့်နောက်တွင် သူ့ကို လျစ်လျူရှုထားလိုက်၏။
သူမက ကောင်းကင်ယံအထက်တွင် ပေါ်ထွက်လာပြီး စွမ်းအားကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် ဝူယွီက ဝိညာဉ်တိုက်ကွက်ကို ထုတ်လွှတ်လာပြီး သူမပိုင်နက်ထဲမှ သေမျိုးအားလုံး၏ ဝိညာဉ်ကို ဖယ်ရှားပစ်လိုက်သည်။ ဝမ်ဝေ့အပါအဝင် ဤစစ်ပွဲကို ကြည့်နေသည့်သူအားလုံးက တုန်လှုပ်သွားကြ၏။
ယခင် ခေတ်ကာလအတွင်း အာဏာရှင်များက ကမ္ဘာကို ၁၃ပိုင်းခွဲကာ တစ်ယောက်ချင်းစီ၏ ပိုင်နက်က ၁.၂၆၉ထရီလီယံ နယ်မြေ ပါဝင်သည်။ သို့သော်လည်း ဤသည်က သူတို့၏ ပိုင်နက်အပြည့်အဝ မဟုတ်သေးပေ။ ကမ္ဘာကြီးက ကျယ်ပြောပြီး ပိုင်းခြားဖို့ရာ ရှုပ်ထွေးလွန်းသည့်အတွက် အားလုံးက နယ်မြေ၏ အရွယ်အစားအလိုက် သဘောတူညီမှုယူခဲ့ကြသည်။ ယခင်ပိုင်းခြားထားမှုအရ အသေးငယ်ဆုံးနယ်မြေကပင် ဒိုင်မေးရှင်းအနိမ့်ထက် အဆတစ်သိန်း ကြီးမားလေ၏။ ထိုထက် သေးငယ်သည့် အရာမျိုးကို နယ်မြေဟု ထည့်မတွက်သလို ဘယ်သူကမှလည်း ဂရုမစိုက်ကြပေ။
မဟာနိဗာနကမ္ဘာကို ရှင်သန်ခြင်းသစ်ပင် နယ်မြေဟု ခေါ်ဆိုခဲ့ဖူးပြီး အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ဖူးသည့် အကြီးမားဆုံးနယ်မြေတစ်ခု ဖြစ်ခဲ့သည်။ နယ်မြေက မည်မျှကျယ်ပြောသနည်း။
ထိုနယ်မြေထဲတွင် သေမျိုး မည်မျှပါဝင်နေသနည်း။
သို့သော်လည်း ရူးသွပ်နေသည့် ဝူယွီက အားလုံးကို သတ်ပစ်ခဲ့လေ၏။ ပို၍ဆိုးရွားသည်က သူမသည် ထိုအပြုအမူကို မကျူးလွန်ခင် တခြားပိုင်နက်မှ သေမျိုးများကိုပင် တိတ်တဆိတ် ရွှေ့ပြောင်းခဲ့ဟန်ပေါ်သည်။
ဝမ်ဝေ့က အဖြစ်အပျက်ကို ကြည့်နေရင်း မျက်လုံးများ နီရဲလာလေ၏။ ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့က သူ ရှိနေသည့် ဒိုင်မေးရှင်းကိုပင် ကြေမွသွားစေသည်။ ကံကောင်းစွာဖြင့် သူက သူ့ကိုယ်သူ အလျင်အမြန် ထိန်းချုပ်ခဲ့ပြီး သူ့တည်နေရာကို ပြောင်းလဲခဲ့၏။
“ကျစ် ဒီအရူးမကတော့ ငါ သူမကို သတ်ပစ်မယ်” သူက ကျိန်ဆဲလိုက်သည်။
သူက လူများစွာကို ကယ်တင်ဖို့ ကြိုးစားသော်လည်း ထိုအမျိုးသမီးကမူ လူအများအပြားကို သတ်ပစ်လိုက်သည်။ ပို၍အရေးကြီးသည်က ဤသည်က သူမ၏ အပြုအမူအလိုက် ကိုယ်စားပြုနေခြင်း ဖြစ်၏။ သူမက ကမ္ဘာကြီးထဲတွင် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ထိုသေမျိုးအားလုံးကို သတ်ပြီးသည်ကို မြင်တွေ့ပြီးသည့်နောက် လူများစွာက ထိုအတိုင်း လိုက်လုပ်ကြမည်ကို ကြိုတင်မြင်နေမိသည်။
ဝမ်ဝေ့က စိတ်ငြိမ်ငြိမ်ထိန်းကာ အသက်ပြင်းပြင်းရှူလိုက်သည်။ အရာအားလုံးက အကြောင်းအရင်း ရှိ၏။
ထို့ကြောင့် သူမသည် ဤသို့ပြုမူနေသည့် အကြောင်းအရင်းကို သိချင်လာမိသည်။ သိပ်မကြာခင် သူက အဖြေကို ရှာဖွေတွေ့ရှိသွား၏။ တခြားနည်းဖြင့်ပြောရလျှင် ဤသည်က သူ့အမှားသာ ဖြစ်၏။
………………………………………..
မဟာနိဗာနကမ္ဘာ
ဝူယွီက ကံအပြစ်ကြွေးကို ကိုယ်စားပြုသည့် အနီရောင်အလင်းတန်း မြောက်များစွာကို စုပ်ယူပြီး အပြစ်ကြွေးခန္ဓာ ပြီးမြောက်စေခဲ့သည်။ ထို့နောက် သူမ၏ မျက်ဝန်းထဲ စိတ်သက်သာရာရမှုနှင့် လိုအင်ဆန္ဒတို့ ထွက်ပေါ်လာလေ၏။
“နာကျင်မှုနဲ့ အားနည်းနေတဲ့ ခံစားချက်က နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ” သူမက လက်သီးဆုပ်ကာ ရေရွတ်လိုက်သည်။
“ပြီးတော့ ငါ့စွမ်းအား တိုးပွားလာတာကိုလည်း ခံစားမိတယ်။ ငါက ဒီလိုအကြိမ်ရေ အနည်းငယ်လုပ်ပြီးသွားရင် ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ”
စွမ်းအားအတွက် လိုအင်ဆန္ဒက ရှောင်လွှဲ၍မရပေ။ သို့သော်လည်း သူမကိုယ်သူမ ကောင်းကောင်း ထိန်းချုပ်ပြီးသည့်နောက်တွင် အဝေးတစ်နေရာဆီ ကြည့်လိုက်၏။
“အရင်ဆုံး စိတ်ကို လွှတ်ထားလို့မဖြစ်သေးဘူး။ ဒီအသစ် ရထားတဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရအောင်”
ဝှစ်
ဝူယွီက ပျောက်ကွယ်သွားလေ၏။ ထာဝရဇာမဏီက မတုံ့ပြန်နိုင်ခင် သူမက အနီရင့်ရင့် မီးတောက်ဖြင့် လွှမ်းခြုံထားသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူမက သူ့အား အလင်းနှစ်သန်းပေါင်းများစွာ လွင့်စင်သွားစေအောင် ရိုက်ချလိုက်ခြင်း ဖြစ်၏။ ထိုအရာမှ တုန်ခါလှိုင်းက ပတ်ဝန်းကျင်တွင်ရှိသည့် သေမျိုးများအတွက် အပျက်အစီး ဖြစ်စေသင့်သော်လည်း ဘာမှမဖြစ်ခဲ့ပေ။ သို့သော်လည်း ကံမကောင်းအကြောင်းမလှသူ ကျင့်ကြံသူများကမူ တန်ကြေးကို ပေးဆပ်လိုက်ရ၏။
“ကံမီးတောက်လား။ မဟုတ်သေးဘူး။ သူက ကံအပြစ်ကြွေး မီးတောက်ပဲ”
ထာဝရဇာမဏီက ဖြည်းဖြည်းချင်း ထရပ်ကာ သုံးသပ်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်၏။ ထိုတိုက်ကွက်က သူ့လက်မောင်းကို အသေးစားဒဏ်ရာမျှသာ ချန်ထားခဲ့လေသည်။
“သူမက အရင်က ဒီလိုမျိုး စွမ်းအားမျိုး မရှိခဲ့ပါဘူး…”
စွမ်းအားက အမှန်တကယ် တိုးပွားလာတယ်ဆိုပေမဲ့ အပြစ်ကြွေးနဲ့ ငါ့မီးတောက်တာအိုရဲ့ ကြားက ပေါင်းစည်းမှုက ပြီးပြည့်စုံမှုနဲ့ အလှမ်းဝေးနေသေးတဲ့ပုံပဲ…
ဝူယွီက တွေးလိုက်သည်။
ဒီလိုဆိုရင် တိုက်ပွဲကိုသုံးပြီးတော့ ငါ့ရဲ့ စွမ်းအားအသစ်ကို နေသားကျအောင် လုပ်ရတာပေါ့…
မဟူရာဇာမဏီ၏ အမျက်ဒေါသ
အနီတောက်တောက် ဇာမဏီတစ်ကောင်က သူမ၏ ခေါင်းအထက် ပေါ်ထွက်လာကာ အော်ဟစ်လိုက်သည်။ ဇာမဏီ၏ အသံကို ကမ္ဘာပေါ်၌ အလှပဆုံးအသံဟု ဖော်ညွှန်းလေ့ရှိသည်။ ဇာမဏီ၏ အော်သံများတွင် ကုစားနိုင်စွမ်း၊ အဆိုးဓာတ် သဘာဝများကို ဖယ်ရှားနိုင်စွမ်း သို့မဟုတ် ကောင်းချီးများပင် ပါဝင်လေ့ရှိ၏။ သို့သော်လည်း ဤအရာကား လှပသည်နှင့် ဆန့်ကျင်နေလေသည်။ ထိုအရာကို ဖော်ညွှန်းဖို့ အကောင်းဆုံး နည်းလမ်းကမူ အသံများစွာကို ငှက်အော်သံအဖြစ် ပေါင်းစည်းထားခြင်း ဖြစ်၏။
ထာဝရဇာမဏီက ထိုအသံမှ ဝိညာဉ်တိုက်ကွက်ကို ခံစားမိလိုက်သည်။ ဝူယွီ သတ်လိုက်သည့် သေမျိုးများ၏ အငြိုးအတေးနှင့် အမုန်းတရားတို့ကို ကိုယ်စားပြုသည့် သက်ရှိမြောက်များစွာက အသိစိတ်ပင်လယ်အတွင်း ပေါ်ထွက်လာကာ သူ့ဝိညာဉ်ကို တိုက်စားပြီး ဖျက်ဆီးဖို့ ကြိုးစားနေလေသည်။
ထာဝရဇာမဏီ၏ တုံ့ပြန်မှုက တည်ငြိမ်နေဆဲသာ ဖြစ်၏။ သူ့တာအိုက သေခြင်းရှင်ခြင်း ပါဝင်နေသည့်အတွက် ဝူယွီ၏ သူ့ဝိညာဉ်အပေါ် ကြိုးစားမှုက နိမ့်ကျသည်ဟုပင် ဖော်ညွှန်းနိုင်လေသည်။
သူက ဝိညာဉ်ကို ထိန်းချုပ်လျက် အစိမ်းရောင်မီးတောက်ကို ထုတ်လွှတ်ကာ ထိုသူများအား လောင်ကျွမ်းစေလိုက်သည်။ ထိုဝိညာဉ်များက တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ထာဝရဇာမဏီ၏ ဝိညာဉ်ရှေ့တွင် ဒူးထောက်ရောက်လာလေ၏။
“ငါ့နာမည် ထာဝရဇာမဏီနဲ့ မင်းတို့ကို အငြိုးအတေးဝိညာဉ်အဖြစ် ရှင်သန်မှုကို ပေးအပ်မယ်။ လာပြီးတော့ မင်းတို့ကို မှားယွင်းခဲ့တဲ့သူကို လက်စားချေကြ”
ထိုအငြိုးအတေးက သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်ခွာသွားပြီး တစ်သားတည်းအဖြစ် ပေါင်းစည်းသွားလေသည်။ ထို့နောက် အမည်မသိစွမ်းအားတစ်ခုက ကျဆင်းလာကာ သူ့ကို ကောင်းချီးပေးပြီး သက်ရှိအသစ်တစ်ယောက် အသွင်ပြောင်းလဲလိုက်သည်။ ထိုအရာက မည်းနက်နေပြီး ခန္ဓာကိုယ်က အနက်ဝတ်ရုံနှင့် ဆင်တူကာ အော်ဟစ်နေသည့် မျက်နှာက ဆက်တိုက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ထိုသက်ရှိက ဝူယွီကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲက အပြာရောင်ဝိညာဉ်မီးတောက်က ကြည့်မိသည့်သူတိုင်းအား ဒေါသနှင့် အငြိုးတရားကို ခံစားမိစေလိမ့်မည်။
ဝူယွီက ထိုအရာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက စိုးရိမ်လာမိ၏။ ထိုသက်ရှိက သူမ၏ ရန်သူဖြစ်ကြောင်း ပြောနေလေသည်။ ထိုအရာက သူမ၏ အပြုအမူအတွက် တန်ပြန်သက်ရောက်မှု ဖြစ်၏။ ဆိုလိုသည်မှာ သူမက ထိုအရာကို ရင်ဆိုင်ပါက သူမ ရရှိထားကာစ စွမ်းအားကိုပင် ဆုံးရှုံးသွားနိုင်ပြီး ကြီးကြီးမားမား ထိခိုက်သွားနိုင်သည်။
ငါ ဒီစွမ်းအားကို ရကာစပဲ ရှိသေးတာ။ မကျွမ်းကျင်သေးဘူး။ ဒီသက်ရှိနဲ့ တိုက်ခိုက်တာက ဉာဏ်ရှိရာ မကျဘူး…
ဝူယွီက သုံးသပ်လိုက်၏။ သူမ၏ အခြေအနေကို သုံးသပ်လိုက်သော်လည်း ဖြေရှင်းနည်းကို စဉ်းစားဖို့ရာ နောက်ထပ် ပြဿနာ ရှိနေပြန်သည်။ ထိုသက်ရှိက သူမဆီ ပြေးဝင်လာလေ၏။
ဝူယွီက တန်ပြန်ရင်ဆိုင်မည့် နည်းလမ်းကို မတွေ့ခင်အထိ ဆက်တိုက်ရှောင်ရှားဖို့ ရွေးချယ်လိုက်သည်။ ထိုစဉ် ထာဝရဇာမဏီက ကြက်သီးထဖွယ် အပြုံးမျိုးဖြင့် သူမ၏ မျက်နှာပူဖွယ် အခြေအနေကို အားပါးတရ ခံစားကြည့်ရှုနေလေ၏။
“ကြက်လေး ထပ်ပြီး ပြေးထားလေ။ မင်း ပြေးနိုင်တော့တဲ့အချိန်အထိ ပြေးထားလိုက်။ ပြီးရင် ငါ လက်စားချေပြမယ်” သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ထာဝရဇာမဏီက ဒုစရိုက်ထဲ ပျော်မွေ့နေစဉ် ဝူယွီကမူ သူမနှင့် မတူဘဲ အတော်လေး တည်ငြိမ်နေလေ၏။
သူမက အပြစ်ကြွေးခန္ဓာ၏ ရလဒ်ကြောင့် ဖြစ်စေ သို့မဟုတ် အသစ်ရှိထားသည့်စွမ်းအားကြောင့် ဖြစ်စေ တိုက်ခိုက်သူတစ်ယောက်လိုမျိုး တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းနည်းကို ရှာဖွေဖို့ ကြိုးစားနေလေသည်။
ဝူယွီက သိပ်ဉာဏ်မကောင်းလှပေ။ သူမ၏ တိုက်ပွဲဉာဏ်ရည်က မေးခွန်းထုတ်စရာ ဖြစ်၏။ ထို့ကြောင့် ဖြေရှင်းနည်းကို ရှာဖို့ အချိန်တစ်ခု ယူခဲ့ရသည်။ ကံကောင်းစွာဖြင့် သူက ရှေ့တန်းတွင် ရှိစဉ်အခါက အတွေ့အကြုံများမှ ပြန်လည်ကောက်နုတ်နိုင်ခဲ့၏။ သူမက ကျူးကျော်သူတစ်ယောက်သည် ထာဝရဇာမဏီ၏ မသေနိုင်သော တပ်ဖွဲ့ကို ဖြေရှင်းစဉ်အခါက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ဖူးပြီး သူမက လှုံ့ဆော်မှု တစ်ခု ရယူနိုင်ခဲ့သည်။