← Chapters

ရှင်သန်ခြင်း

Vol. 98 Ch. 1370

ရှင်သန်ခြင်း

Vol. 98 Ch. 1370

ဝူယွီက လက်ကိုဝှေ့ကာ မြေဓာတ်တာအိုကို အသက်သွင်းလိုက်ပြီး လေဟာနယ်ထဲ မြောလွင့်နေသည့် မြေကြီး အမြောက်အများကို ဖန်တီးလိုက်သည်။ ထို့နောက် ဂါထာတစ်ခုကို ရွတ်ဖတ်လိုက်၏။

“ခန္ဓာကိုယ်၊ ဝိညာဉ်၊ ချမ်းသာကြွယ်ဝမှုနဲ့ ရတနာတွေနဲ့ သူတို့ရဲ့ အပြစ်ကြွေးတွေ အပါအဝင် အရာအားလုံးက မြေကြီးထဲ ပြန်ရောက်သွားမှာ။ မြေဓာတ် ပြန်လည်ဝင်စားခြင်း”

ပြိုင်ပွဲကို ကြည့်နေကြသည့် လူအများစုက အံ့အားသင့်သွားကြလေသည်။ ဝူယွီက မြေဓာတ်တာအိုကို အသုံးပြုပြီး ပြန်လည်ဝင်စားခြင်းတာအိုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့သော လှုံ့ဆော်မှုမျိုးကို ပါရမီရှင်များထံမှ မျှော်လင့်ထားလေ့ရှိသည်။ အထူးသဖြင့် အဆင့်မြင့်တာအို ဖြစ်သည့် ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်နေသည့် အနေအထားတွင် ဖြစ်၏။ သို့သော်လည်း သူတို့ ထင်မှတ်မထားသည့်သူဆီမှ မြင်တွေ့လိုက်ရသည်။ ယခုအခါ သူတို့၏ ဘိုးဘေးများက “ စံပြတွေက ဘယ်လောက်ပဲ အားနည်းနည်း စံပြပဲ” ဟူသော စကားဖြင့် သတိပေးခဲ့ရသည့် အကြောင်းအရင်းကိုမူ နားလည်သွားလေ၏။

ဝူယွီ၏ အပြုအမူက ထိုအဆင့်တွင်ရှိနေသည့်သူများသည် မရိုးရှင်းကြောင်း သက်သေပြသွားခဲ့၏။

အငြိုးကြီး သက်ရှိက စူးစူးရှရှအော်ဟစ်လိုက်သည့် အကြောင်းအရင်းကမူ အားကောင်းသည့် စွမ်းအားတစ်ခုက သူ့ကို မြေကြီးဆီ ဓာတ်ဆွဲယူနေ၍ ဖြစ်၏။ ထိုအရာက ခုခံဖို့ ကြိုးစားခဲ့သော်လည်း ဆွဲယူအားက သဘာဝရန်သူအလား ဖြစ်သည်။ ထိုအရာက ဝူယွီနှင့် ဆန့်ကျင်ဘက် ဖြစ်သည့် တည်ရှိမှုတစ်ခု ဖြစ်၏။ ထို့နောက် နောက်ဆုံးအကြိမ်အနေဖြင့် ဒေါသဖြင့် မလိုလားမှုတို့ဖြင့် ကြည့်ပြီးသည့်နောက်တွင် ထိုသက်ရှိက မြေကြီးထဲ ဝင်ရောက်သွားခဲ့သည်။

ထာဝရဇာမဏီက အဖြစ်အပျက်ကို သဘောပေါက်ပြီး တစ်စုံတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် နောက်ကျလွန်းသွားခဲ့သည်။ ဝူယွီက သူ့ဆီပြေးလာပြီး သူတို့၏ လက်သီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားကာ အာကာပြင်ကိုပင် စုတ်ဖြဲပစ်နိုင်သည့် လှိုင်းလုံးများ ထုတ်လွှတ်လာသည်။

သူမ၏ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် အားကောင်းလာရတာလဲ…

ထာဝရဇာမဏီက မေးခွန်းထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ကံအပြစ်ကြွေးဖြင့် လေ့ကျင့်ထားကြောင်း သဘောပေါက်သွားခဲ့သည်။ သူမက ကောင်းမွန်သည့် ခန္ဓာကိုယ်ရှိထားသည့် ဇာမဏီတစ်ကောင် ဖြစ်သည့်အချက်ကိုပါ ထည့်ပေါင်းလျှင် ဝူယွီက ယခုအခါ မသန့်စင်သည့် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ယောက်အဖြစ် မှတ်ယူနိုင်လေသည်။

“ပိုးမွှားကောင်” ထာဝရဇာမဏီက အော်ဟစ်လိုက်သည်။

သူက တောင်ပံတစ်စုံနှင့် အတူ အရိုးခရင်းခွကို ဆင့်ခေါ်လိုက်၏။

သူ့အပေါ်တွင် ရှိနေသည့် မြေကြီးမှ ဆွဲယူနေမှုကို လျစ်လျူရှုထားလေသည်။ ထိုသို့သော နည်းစနစ်အသစ်မျိုးက သူ့အပေါ် သက်ရောက်မှုရှိဖို့ရာ မလုံလောက်ပေ။

“မင်းနဲ့ ကစားတာ တော်သင့်ပြီ”

သူက အံကြိတ်ကာ ပြောလိုက်သည်။

သူက သူမရှေ့ ရောက်ရှိလာကာ သုံးမြှောင့်ခရင်းခွဖြင့် စွမ်းအားကုန်စုစည်းလျက် ထိုးသွင်းလိုက်သည်။ ဝူယွီက ထိုတိုက်ကွက်တွင် သူမ၏ အသက်ဓာတ်စွမ်းအားကို ဖယ်ရှားနိုင်သည့် စွမ်းအင်ပါဝင်ကြောင်း ခံစားမိသည့်အခါ အမူအရာ ပြောင်းလဲသွားလေ၏။ သူမက ထက်ရှသည့် ရွှေရောင်ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ထိုဓားဖျားတွင် သူမ၏ သတ္တုတာအိုမှ အနီရောင်ဖြင့် တောက်ပနေပြီး ကံကြွေးများကိုပါ ထည့်ပေါင်းထားလေသည်။

ချွမ်

သတ္တုအချင်းချင်း ထိပ်တိုက်တွေ့ဆုံသံက ထိုနယ်မြေထဲ ပဲ့တင်ထွက်သွားပြီး နားကွဲလုမတတ် ထိပ်တိုက်တွေ့ဆုံမှုတို့ ဖြစ်ပေါ်လာစေသည်။ တချို့နေရာများက အသက်ဓာတ် ပျောက်ဆုံးသွားလေ၏။ ဆိုလိုသည်မှာ သေမျိုးကျင့်ကြံသူများက သူတို့၏ သက်တမ်းအများစု ချက်ချင်း ဆုံးရှုံးလိုက်ရပြီး အသက်ကြီးရင့်မှုကြောင့် သေဆုံးသွားကြစဉ် မသေမျိုးကျင့်ကြံသူများကမူ အသက်ကြီးရင့်ကာ ပိုမို အားနည်းသွားကြ၏။

ထို့အပြင် မြေကြီးက အစိုဓာတ် ဆုံးရှုံးသွားလေသည်။ ဆိုလိုသည်မှာ ယခုကစ၍ ဤနေရာကို တစ်စုံတစ်ယောက်က မပြုပြင်သရွေ့ ထိုနေရာများသည် သေဆုံးသွားပြီး သာမန် သို့မဟုတ် စိတ်ဝိညာဉ်၊ ဆေးပင် သို့မဟုတ် အစားအစာများကို စိုက်ပျိုးနိုင်တော့မည် မဟုတ်ပေ။

ဝူယွီ ထိတွေ့လိုက်သည့်နေရာကလည်း သိပ်မကောင်းလှပေ။ သူမ၏ သတ္တုတာအိုက ရွှေဓာတ်တာအို၏ အဓိကဂုဏ်သတ္တိ ထက်ရှမှုတို့ ပါဝင်နေလေ၏။ သို့သော်လည်း ဝူယွီက ထိုအငြိုးအတေးစွမ်းအားကို အသုံးပြုခြင်းဖြင့် သူမ ဓား၏ ပိုင်းဖြတ်နိုင်စွမ်းကို မြှင့်တင်ခဲ့လေသည်။ ထို့ကြောင့် ကျရောက်သွားသည့် နေရာတိုင်းက အက်တမ်ထက် သေးငယ်သည့် အမှုန်များသဖွယ် ဖြတ်တောက်ခံလိုက်ရသည်။ မြင်ကွင်းထဲ စွမ်းအင်၊ ဒြပ်ထုနှင့် အချိန်ကာလပင် အပါအဝင် ဘာမှမရှိတော့ပေ။

ထာဝရဇာမဏီက ရှက်ရွံ့မှုနှင့် ဒေါသကို ခံစားမိလိုက်သည်။ ထိုအမျိုးသမီးက အမြဲတမ်း သူ့ထက် အားနည်းခဲ့လေသည်။ သူက သူကိုယ်တိုင် လက်စားမချေရသည့် တစ်ခုတည်းသော အကြောင်းအရင်းက တခြားသူများနှင့် မျှခြေထိန်းညှိဖို့ရာအတွက်သာ ဖြစ်၏။ ယခု သူက ထိုသို့လုပ်နိုင်ပြီ ဖြစ်သော်လည်း ကျရှုံးနေလေသည်။

သူက ဤအရာကို မည်သို့လက်ခံနိုင်ပါ့မည်နည်း။

သူ့တွင် အခွင့်အရေး ရှိလာသရွေ့ ထိုအမျိုးသမီးကို ပြန်လည်လက်စားချေမည့်အကြောင်း ညပေါင်းများစွာ တွေးခဲ့ရသည်ကို မည်သို့မေ့လျော့နိုင်မည်နည်း။

ကံကြမ္မာက သူ့ကို အခွင့်အရေးပေးလာခဲ့သော်လည်း ပျက်ရယ်ပါ ပြုလာခဲ့သည်။

“မင်းကို သတ်မယ်” ထာဝရဇာမဏီက အော်ပြောပြီးသည့်နောက်တွင် ဝူယွီက နောက်ထပ် တိုက်ကွက်တစ်ခုကို တားဆီးလိုက်သည်။

ကမ္ဘာကြီးက ရုတ်ချည်း အဖြူနှင့်အမဲ ပြောင်းလဲသွားပြီး ထာဝရဇာမဏီအထက် အာကာပြင်အက်ကြောင်းတစ်ခု ထွက်လာကာ ဧရာမဇာမဏီတစ်ကောင် ထွက်ပေါ်လာသည်။

ထူးဆန်းသည့်အရာကမူ ထိုသက်ရှိသည် အရိုးမျှသာရှိပြီး မရဏစွမ်းအားများကို တိုးမြှင့်ထားလေသည်။

ထိုသားရဲက အရိုးနှုတ်သီးဟကာ အနက်ရောင်အလင်းတန်းကို ပစ်ခတ်လာသည့်အတွက် ဝူယွီ၏ ခံစားနှုန်းက အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာသည်။

ငါ သေတော့မယ်…

ထိုအရာက သူမ၏ စိတ်ထဲ ပထမဦးဆုံး ပေါ်ထွက်လာသည့် အတွေး ဖြစ်၏။ သူမက မည်သို့ပင်လုပ်စေကာမူ ထိုအတွေးကို မဖယ်ရှားနိုင်ပေ။ ပြောရမည်ဆိုလျှင် သူမ၏ ဝိညာဉ်မှ ထိုခံစားချက်ကို မဖယ်ရှားနိုင်ခြင်း ဖြစ်၏။ သူမက အလားအလာ ကောင်းသည့် ခုခံရေးနည်းစနစ်များကို အသက်သွင်းပြီး တစ်ကမ္ဘာလုံး၏ မြေဓာတ်ဖြင့် ဆက်နွယ်လိုက်သည်။

ဝူယွီက ထိုအရာသည် လွယ်ကူလာကြောင်း သတိထားမိသွားလေ၏။ အထူးသဖြင့် အစပိုင်းဆက်နွယ်မှုအပြီးတွင် ဖြစ်သည်။

သူမက ဤနေရာမှ သေမျိုးအားလုံးကို ရှင်းထုတ်ပြီးသည့်နောက်တွင် မဟာနိဗာနကမ္ဘာနှင့် နက်နဲသည့် ဆက်နွယ်မှုရှိနေ၍ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူမ၏ အာရုံစိုက်မှုက ထိုကဏ္ဍတွင် မရှိပေ။ အကြောင်းအရင်းကမူ အန္တရာယ်ခံစားနှုန်းက ပျောက်ကွယ်မသွားသေး၍ ဖြစ်၏။

ဝူယွီက တခြားသော တာအိုများကို ထိုနည်းစနစ်ထဲ ထည့်ပေါင်းလိုက်သည်။ သူ့တာအိုသည် သူမသည် မြေကြီးထဲရှိ တခြားသော သတ္တုနှင့် သွေးကြောများကို ဆက်နွယ်လိုက်သည်။ ရေဓာတ်တာအိုက သူမအား မြစ်ချောင်း၊ ပင်လယ်နှင့် ရေအရင်းအမြစ်များဖြင့် ဆက်သွယ်ခွင့်ပြုထားလေ၏။ သစ်သားဓာတ်တာအိုက သူမအား အပင်များ၊ တောအုပ်များနှင့် အစရှိသည့် အရာများကို ပေါင်းစည်းခွင့်ပြုထားသည်။ ထိုအရာအားလုံးနှင့် သဘောတရားအားလုံးကို ကာကွယ်မှုဖြင့်ပင် ဝူယွီက ဘေးကင်းသည်ဟု ခံစားမိသော်လည်း ထိုအရာက မလုံလောက်သေးကြောင်း သဘောပေါက်သွားသည်။

ကျစ်…ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ…

သူမက ညည်းတွားလိုက်၏။ သူမ သိမထားသည်က ထာဝရဇာမဏီသည် သူမကို သတ်နိုင်မည့် အခွင့်အရေးအတွက် ယွမ်ခေတ်ကာလများစွာ ထိုနည်းစနစ်ကို အားထုတ်ခဲ့ခြင်း ဖြစ်သည်။

ငါ အခု သေလို့ မရသေးဘူး…

ဝူယွီက အံကြိတ်ကာ တွေးလိုက်သည်။ သူမက ရှင်သန်ဖို့ အသက်အနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် သေဆုံးခြင်းက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ပြဿနာကမူ အပြစ်ကြွေးခန္ဓာနှင့် ကျိန်စာ ဖြစ်၏။ ယခု သေဆုံးသွားခဲ့လျှင်ပင် ကျိန်စာက တန်ပြန်သက်ရောက်မှုက ချက်ချင်း အသက်ဝင်လာပြီး သူမကို ကမ္ဘာ၏ မျက်နှာပြင်မှ ရှင်းထုတ်ပစ်လိမ့်မည်။

ဘာလုပ်ရမလဲ…

ဝူယွီက တွေးလိုက်သည်။ သေမင်းခံတွင်းဝသို့ ရောက်ရှိနေစဉ် သူမက သူမ၏ တည်တည်ငြိမ်ငြိမ်ဖြင့် သူမ၏ စွမ်းအင်ကို အဆုံးစွန်ထိ တွန်းပို့ခဲ့သည်။ သူမက အဖြေကို ရှာဖွေတွေ့ရှိသွားသည်နှင့် အကြည့်များ တောက်ပလာလေ၏။

သေခါနီးအချိန်တွင် သူမက ကံအပြစ်ကြွေး အားလုံးကို သုံးပြီး ကံတာအိုအပေါ် နည်းနည်းနားလည်လာခဲ့သည်။ အကယ်၍ ထိုနားလည်မှုက အရည်အချင်း တိုင်းတာကြည့်ပါက ထိုအရာသည် မဟာတာအိုအရင်းအမြစ် ၂ရာခိုင်နှုန်းနှင့် ညီမျှလိမ့်မည်။ သို့သော်လည်း ထိုအရာက လုံလောက်နေပြီ ဖြစ်၏။

ထိုတာအိုအသစ်ဖြင့် ဝူယွီက သူမဘဝတွင် လုပ်ခဲ့သည့် ကံအပြစ်ကြွေးအားလုံးကို မရယူနိုင်ကြောင်း သဘောပေါက်သွားသည်။ သူမနှင့် တခြားသော လမင်းများက သူတို့၏ အုပ်စိုးစဉ်အတွင်း ဆိုးဆိုးရွားရွားကိစ္စများကို ကျူးလွန်ခဲ့လေသည်။ သို့သော် ယခုတွင် သူမက ထိုအရာများကို အသုံးချနိုင်မည် ဖြစ်၏။ သူမက ဓာတ်ငါးပါးသဘာဝ ခုခံရေးနည်းစနစ်ကို အားဖြည့်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

ဝုန်း

ထို့နောက် တုန်ခါလှိုင်းတစ်ခုက မိုးမြေအနှံ့ ပဲ့တင်ထွက်လာပြီး ယခင် ပျောက်ဆုံးခဲ့သည့် အရောင်များကို ပြန်လည်ဆောင်ကြဉ်းလာသည်။

အကြီးအကျယ် ပျက်စီးမှုက ကပ်ဘေးဆန်လှပြီး အနည်းဆုံးပြောရမည်ဆိုလျှင် စွမ်းဆောင်ရည်ကောင်းသည့် ကျင့်ကြံသူအများစုက မရှိကြတော့လေပြီ။

မိုးမြေထဲ ပျော်ရွှင်မှုနှင့် ကြက်သီးထဖွယ်အသံကြီး ထွက်ပေါ်လာသည်။

“ငါက အသက်ရှင်တယ်။ ကောင်စုတ် ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာမလား ဟား ဟား ဟား”

ဝူယွီက ခန္ဓာကိုယ်အထက် ဒဏ်ရာအနည်းငယ်သာ ရှိလေ၏။ ပြောရမည်ဆိုလျှင် ထိုအရာက စံပြတစ်ယောက်အတွက် အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုစဉ် ထာဝရဇာမဏီကမူ အမူအရာပျက်ယွင်းနေပြီး သူ့အရေပြားက ဖြူဖျော့နေသည့် အရောင်မှ အနီရောင်ပြောင်းလဲလာကာ သူ့ဒေါသက မည်မျှပင် များပြားနေကြောင်း ပြသနေသည်။

“မင်းကို သတ်မယ်” သူက ပြောလိုက်သည်။ သူ့အသံက လူသားတစ်ယောက်ထက် ကြမ်းကြုတ်နေလေ၏။

သို့သော်လည်း ဝူယွီကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောင်းရွှေ့သွားကာ ပတ်ဝန်းကျင်ထံ ပဲ့တင်ထွက်နေသည့် စကားတချို့ကို ချန်ထားခဲ့သည်။

“တိုက်ပွဲက ပျော်စရာကောင်းတယ်။ ငါ့ရဲ့ စွမ်းအားအသစ်ကို ကျွမ်းကျင်ပြီးတဲ့နောက်မှာ ထပ်ပြီးလုပ်ကြတာပေါ့”

ထာဝရဇာမဏီ  ထပ်အော်လိုက်သည်။ သူ့အသံက မိုးမြေတစ်ခွင် တုန်ခါသွားစေ၏။ သူ့ရူးသွပ်မှုက နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။ သူက  သောင်းကျန်းတော့မည်မှန်း သိသာလှ၏။ သို့သော် သူ မစတင်ခင် သူက သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားစေသည့် အေးစက်စက် သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။

သို့သော်လည်း သူသာ အကြောင်းအရင်း မရှိဘဲ လူများကို စတင်သတ်ဖြတ်ပါက အဆိုးရွားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာနိုင်ကြောင်း သိလိုက်၏။

သူက ဝူယွီ ထွက်သွားပြီးသည့်နေရာကို နောက်ဆုံးတစ်ချက်ကြည့်ပြီးသည့်နောက်တွင် သူ့ပိုင်နက်ထဲ ပြန်သွားလိုက်သည်။

ဝမ်ဝေ့၏ ကိုယ်ပျောက်ပုံရိပ်က သူ့အား နောက်ဆုံးတစ်ချက်ကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။

ဝူယွီက သေမျိုးများစွာ သတ်ခဲ့လေ၏။ သူက နောက်တစ်ယောက်အား သောင်းကျန်းမည်ကို ခွင့်ပြုမည် မဟုတ်ပေ။

ဝမ်ဝေ့က ဒိုင်မေးရှင်းအတွင်း ထိုင်နေကာ ပတ်ဝန်းကျင်မှ အေးစက်မှုက နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပေ။ သူက တစ်စုံတစ်ခု လုပ်ဖို့ လိုနေမှန်း သိလိုက်၏။ မဟုတ်ပါက သူ ဖန်တီးထားသည့် အခြေအနေကောင်းသည် ဖျက်ဆီးခံရနိုင်ချေရှိသည်။

“အရင်ဆုံး ဒီစစ်ပွဲအပြီးမှာ သူတို့သက်တမ်း တိုးဖို့ လူသားတွေကို အမဲလိုက်မဲ့ ကျင့်ကြံသူတွေကို တားဆီးဖို့ လိုတယ်။” သူက ရေရွတ်လိုက်သည်။

“အကောင်းဆုံး နည်းလမ်းက ရက်ရက်စက်စက် လှုပ်ရှားဖို့ပဲ”

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်သည်။ ထိုသူများက အဆင့် ၁၁ ကောင်းကင်ဘုံအဆင့်များ အပါအဝင် မသေမျိုးများ ဖြစ်၏။ ထိုသူများက သူ ယခင်သီးသန့်ကျင့်ကြံနေစဉ်အတွင်း စမ်းသပ်ချက်၌ အသက်ရှင်ကျန်ခဲ့သည့် ဖန်ဆင်းမှုသက်ရှိများ ဖြစ်ပေသည်။

သူက ထိုသူများ၏ စိတ်ထဲ အမိန့်ကို တိုက်ရိုက်ပို့ဆောင်လိုက်သည်။

“ဒါက မင်းတို့ကို ပေးမဲ့ ပထမဦးဆုံး တကယ့်တာဝန်ပဲ။ ငါ့ကို စိတ်မပျက်စေနဲ့”

“ဖန်တီးသူကို စိတ်မပျက်စေရပါဘူး” သူတို့က ပြိုင်တူ ရေရွတ်လိုက်ကြသည်။

ဝမ်ဝေ့က သူတို့ကို စေလွှတ်ပြီးသည့်နောက်တွင် သူ့တည်နေရာကို ပြောင်းလဲလိုက်၏။

“နောက်အဆင့်က ဝူယွီရဲ့ ရည်မှန်းချက်ကို လျော့ကျစေဖို့ပဲ။ သူမကို သေမျိုးတွေ ဆက်ပြီး သတ်ခိုင်းနေလို့ မဖြစ်ဘူး”

သူက အံကြိတ်ကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောလိုက်သည်။ ဝမ်ဝေ့က အန္တိမသဟဇာတသည် ထိုသူနှစ်ဦး တိုက်ခိုက်တာကို မတားဆီးရသည့် အကြောင်းအရင်းအား နားလည်သွားလေ၏။ အကြောင်းအရင်းကမူ သူတို့၏ စစ်ပွဲသည် သူ့ရည်မှန်းချက်ကို ပြီးမြောက်စေ၍ ဖြစ်သည်။

All Chapters