← Chapters

နောက်ထပ် စစ်ပွဲအပြစ်ကြွေးများ

Vol. 98 Ch. 1371

နောက်ထပ် စစ်ပွဲအပြစ်ကြွေးများ

Vol. 98 Ch. 1371

ဝူယွီက ပြုံးလျက် သူမ၏ ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူမက စစ်ပွဲအခြေအနေနှင့် တင်ပြမှုများကို တည်တည်ငြိမ်ငြိမ် နားထောင်နေလေ၏။ ယေဘုယျအားဖြင့် သူတို့ဘက်က အခြေအနေသည် ထာဝရဇာမဏီတပ်ဖွဲ့၏ မသေနိုင်သော သဘာဝကြောင့် အခြေအနေ သိပ်မကောင်းလှပေ။ သို့သော်လည်း သူမက စိတ်ထဲမထားပေ။ သူတို့နှင့် ထာဝရဇာမဏီကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ပစ်ဖို့ ဖြစ်နိုင်သေး၏။ သို့သော်လည်း ထိုအရာက အချိန်ကြာမြင့်ပြီး အရင်းအမြစ်များစွာ လိုအပ်လိမ့်မည်။

“ဟမ်” ဝူယွီက သတိထားမိပြီး ရေရွတ်လိုက်သည်။

“ငါ့ရှေ့ လာရဲသေးတယ်လား” သူမက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူမ၏ နန်းတော်နှင့် မနီးမဝေးနေရာတွင် ပြန်လည် ပေါ်ထွက်လာသည်။

“အဖြူရောင်ဇာမဏီအပေါ် လုပ်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရှေ့ ပေါ်လာသေးရဲတယ်လား” ဝူယွီက သတ်ဖြတ်ငွေ့ဖြင့် ပြောလိုက်သည်။

“သူမက အဆင်ပြေနေတယ် မဟုတ်ဘူးလား” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ ဝိညာဉ်ပြိုလဲသွားခြင်းက အဖြူရောင်ဇာမဏီလိုမျိုး အဆင့်ကို သတ်ဖို့ရာ မလုံလောက်ပေ။ အထူးသဖြင့် သူမက သူမကိုယ်သူမ ပြန်လည်အသက်သွင်းဖို့ အရင်းအမြစ်များစွာ ရရှိထားသည့်အခါတွင် ဖြစ်သည်။

“စကားလုံးနည်းနည်းနဲ့ ရန်ကြွေးကို ဖြေရှင်းလို့ရမယ်များ ထင်နေလား” ဝူယွီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“စွမ်းအားအသ စ်ရထားတော့ အတော်လေး စိတ်ကြီးဝင်လာတဲ့ပုံပဲ” ဝမ်ဝေ့ကလည်း သူမ၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

“မင်း ရှေ့မှာ ဘယ်သူရှိနေတယ်ဆိုတာကို မေ့သွားပြီလား။ ပြန်ပြီး သတိပေးဖို့ လိုသေးလား”

ဝူယွီ၏ ခန္ဓာကိုယ်က မြင်သာစွာ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် သူမက အခြေအနေကို ပြန်လည်ထိန်းညှိလိုက်သည်။

“နင် ဘာလိုချင်တာလဲ”

သူမက သူ့ကို စိတ်ထဲမထားဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ပုံရိပ်ယောင်တစ်ခုဖြင့်သာ ရင်ဆိုင်နေခြင်း ဖြစ်၏။ ထိုအရာကို သတ်ဖြတ်ခြင်းက များစွာ အားစိုက်ထုတ်ဖို့ မလိုပေ။

“ခင်ဗျားကို လာပြီး သတိပေးတာ” ဝမ်ဝေ့က တဲ့တိုးသာ ပြောလိုက်သည်။

“သေမျိုးတွေ အမြောက်အများ သတ်နေတာကို ရပ်လိုက်။ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်”

“ဒါက လာနောက်နေတာလား”

“လာ နောက်နေတယ်များ ထင်နေလား” ဝမ်ဝေ့၏ အကြည့်များက အေးစက်သွားကာ ပြောလိုက်သည်။ သူ ထုတ်လွှတ်လိုက်သည့် သတ်ဖြတ်ငွေ့က ယခင် ထာဝရဇာမဏီအပေါ် အသုံးပြုခဲ့သည့် အချိန်ထက်ပင် ပိုမို အားကောင်းနေ၏။ သတ်ဖြတ်ငွေ့က ကျင့်ကြံသူအများစုအတွက် ထူးကဲသည့် စွမ်းရည်တစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက်က လူများစွာ သတ်ခဲ့သည့် ပမာဏမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဝမ်ဝေ့က ထိပ်တန်းအင်အားစုများနှင့် ယှဉ်လိုက်လျှင် ငယ်ရွယ်နေသေးပြီး သူ့အကျင့်စရိုက်က သတ်ဖြတ်ခြင်းအစား စကားပြောခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိသည့်အတွက် သူ့ရွယ်တူများနှင့် ယှဉ်လိုက်လျှင် လူများစွာကို မသတ်ရသေးပေ။ ထိုသို့ဆိုလျှင် သူ့သတ်ဖြတ်ငွေ့က အဘယ်ကြောင့် အားကောင်းနေရသနည်း။

ဤသည်အတွက် အဖြေနှစ်ခု ရှိလေသည်။ ပထမတစ်ခုကမူ သူသည် အသင်္ချေဝါးမျိုသူအနေဖြင့် သတ်ဖြတ်ငွေ့ကို ရရှိထားခြင်း ဖြစ်၏။ လေဟာနယ်ထဲတွင် ရှိစဉ်အခါက သူသည် ကမ္ဘာများစွာကို ဖျက်ဆီးပြီး မရေတွက်နိုင်လောက်အောင် လူများစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော်လည်း ဝါးမျိုသူအနေဖြင့် သူ့အတွေ့အကြုံအများစုကို ချိတ်ပိတ်ထားသည့်အတွက် ဤသည်က သူ့သတ်ဖြတ်ငွေ့၏ အဓိကဇစ်မြစ် မဟုတ်သေးပေ။ အဓိကဇစ်မြစ်ကမူ သူ့သတ်ဖြတ်ရေးအလားအလာမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

 အကယ်၍ သူ့လိုစွမ်းအားမျိုး ရှိထားသည့်သူတစ်ယောက်က တစ်စုံတစ်ယောက်ကို သတ်လိုပါက လူတချို့ကသာ အသက်ရှင်နိုင်လိမ့်မည်။ ထို့ကြောင့် သူ့သတ်ဖြတ်ငွေ့က ပြင်းထန်ကာ အားကောင်းနေခြင်း ဖြစ်၏။

ဝူယွီက သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး နည်းနည်းလေးမှ သက်ရောက်မခံရပေ။ ထို့နောက် သူမက အားပါးတရ ရယ်မောလိုက်၏။

“နင်က ငါ့ကို ကျိန်စာတိုက်တယ်။ ငါက ဖြေရှင်းဖို့ နည်းလမ်း တွေ့တော့ ရပ်လိုက်ဖို့ လာပြောနေတာတဲ့လား။ ဟား ဟား ငါက သေသွားရမှာလား။ ဘာလို့ နင့်စကားကို နားထောင်နေရမှာလဲ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက သေမင်းခံတွင်းဝသို့ ရောက်နေသည့်သူများက မည်မျှကြောက်ဖို့ကောင်းကြောင်း ကောင်းကောင်း နားလည်ထားလေသည်။ စွမ်းအားနှင့် အရင်းအမြစ်အမြောက်အများရရှိထားသော စံပြများကို ဆိုထားဖွယ် မရှိတော့ပေ။

တကယ်လို့ ငါသာ တစ်ခုခု မလုပ်ရင် သူမက ငါ့ရဲ့ ခြိမ်းခြောက်မှုကို ဂရုစိုက်မှာ မဟုတ်ဘူး…

“ခင်ဗျား သတ်ဖို့ ကျင့်ကြံသူတွေ အများကြီးရှိပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါက သေမျိုးတွေလောက်တော့ မများဘူးလေ။ ပြီးတော့ သူတို့ကို သတ်လို့ ကံကြွေးဖြစ်ဖို့ဆိုတာလည်း ပိုခက်တယ်။ သေမျိုးတွေကို သတ်တာက ဘယ်လောက်လွယ်တယ်ဆိုတာကို ထည့်တောင် မပြောရသေးဘူး” ဝူယွီက ပြန်ဖြေလိုက်သည်။

“ဖြေရှင်းဖို့က လွယ်ပါတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ခင်ဗျား လုပ်ဖို့လိုတာက ကျင့်ကြံဆင့် ရှိတဲ့သူတွေကို ပစ်မှတ်ထားတဲ့ ရောဂါဘေးလိုမျိုး ကျိန်စာကို ဖန်တီးရုံပဲ။ ဒီအပြုအမူမျိုးက ခင်ဗျားအတွက် ကျင့်ကြံသူပမာဏအမြောက်အများကို သတ်လို့ အကုသိုလ်ကို စုဆောင်းနိုင်မှာပါ”

ဝမ်ဝေ့က သေမျိုးများအတွက် လေလွင့်ကျင့်ကြံသူအများစုကို စွန့်ပစ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အင်အားကြီးသော ဂိုဏ်း သို့မဟုတ် အင်အားစုမှ လူအများစုသည် အသက်ဓာတ်အရင်းအမြစ်များကို ရယူနိုင်ကြသလို နောက်ကာလတွင် နိုးထလာအောင် သူတို့ကိုယ်သူတို့ စည်းပိတ်နိုင်ကြသည်။ လေလွင့်ကျင့်ကြံသူများ သို့မဟုတ် အားနည်းသော အင်အားစုမှ ကျင့်ကြံသူများကသာ သူတို့၏ သက်တမ်းများကို တိုးမြှင့်ဖို့အတွက် သေမျိုးများကို သတ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် ဝမ်ဝေ့က ထိုသူများကို စွန့်ပယ်ပြီး ကျင့်ကြံရေးလောက၏ ကျောရိုးဖြစ်သည့် သေမျိုးများကို ကယ်တင်ဖို့ အကျိုးအကြောင်းသင့်သင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူတို့အသက်ရှင်နေသရွေ့ ကမ္ဘာပေါ်တွင် ရှိသည့် အင်အားစုတိုင်းက ပါရမီရှင်များ ရှိလာမည်ဖြစ်ကာ လေလွင့်ကျင့်ကြံသူအသစ်များကလည်း သူတို့ဆီမှ ဖြစ်တည်လာလိမ့်မည်။

“ရောဂါကျိန်စာတဲ့လား” ဝူယွီက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်သည်။ ဤသည်က အတွေးကောင်း ဖြစ်၏။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားကို သတိပေးပြီးသွားပြီ။ တကယ်လို့ ဒီစကားကို နားမထောင်ရင်တော့ ကျုပ် ဘယ်လောက်ပဲ တန်ကြေးပေးရပေးရ ခင်ဗျားကို ကမ္ဘာမြေကနေ ရှင်းထုတ်ပစ်မယ်လို့ ကတိပေးတယ်”

ဝူယွီက ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေပြီး အတွေးနက်နေမိသည်။ သူမ တွေးနေသည့် အရာများကို မည်သူကမှ မသိကြသော်လည်း သူမက စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် အစည်းအဝေးခန်းမအတွင်း ပြန်လည်ရောက်လာကာ ကြေညာလိုက်သည်။

“ငါတို့လက်အောက်က  ကျိန်စာသခင်တွေအားလုံးကို ဆင့်ခေါ်လိုက်”

အမတ်များက အချင်းချင်း ကြည့်လိုက်ကြပြီး အရှင်မထံ ဘာဖြစ်သွားတာလဲဟု စဉ်းစားနေကြသည်။ သို့သော်လည်း ဘယ်သူကမှ ထုတ်မမေးရဲကြပေ။ ထို့နောက် တစ်စုံတစ်ဦးက ရှေ့တိုးလာကာ ပြောလိုက်သည်။

“အရှင် လတ်တလောလေးက ကျိန်စာသခင်တွေကို သတ်လိုက်ပြီးပါပြီ”

ဝူယွီက သူမသည် ကျိန်စာအကြောင်း ဖြေရှင်းနည်း ရမလာသည့်အခါ ထိုအမှိုက်သရိုက်များအားလုံးကို သတ်ပစ်ခဲ့ကြောင်း အမှတ်ရသွားကာ မျက်မှောင်ကြုတ်သွားလေ၏။

“ဒီလိုဆိုရင်  ထပ်ပြီး ခန့်ဖို့ ကြေညာချက်ထုတ်လိုက်။ ဒီတစ်ခါ သူတို့ရဲ့ ဘေးကင်းမှုကို အာမခံပေးဖို့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးမယ်လို့ ပြောလိုက်”

“အမိန့်အတိုင်းပါ”

…………………………

သန့်စင်မရဏနယ်မြေ၊ ထာဝရနန်းဆောင်

ထာဝရဇာမဏီက ပလ္လင်ပေါ်တွင် ထိုင်နေရင်း ကြောက်မက်ဖို့ကောင်းသည့် သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်နေလေသည်။ စိတ်ပိုင်းဆိုင်ရာအရ သူ့ကမ္ဘာကြီးက ဖြည်းဖြည်းချင်း ပြိုလဲနေသည်။ ထိုတိုက်ကွက်က သူ့ဘဝတစ်လျှောက် လက်ရာ ဖြစ်၏။ သူက သူမကို သတ်နိုင်လိမ့်မည်ဟု သေချာနေခဲ့သည်။ အကြောင်းအရင်းကမူ သူက ဝူယွီအတွက် တမင်ဖန်တီးထားခြင်းဖြစ်ကာ ဓားကို အားဖြည့်ထားသည့် ဓားသမားတစ်ဦးလိုမျိုး စွမ်းအားကို စုစည်းဖို့ နှစ်များစွာ ကြာမြင့်ခဲ့သည်။

ထိုတိုက်ကွက်ဖြင့် သူ့နာကျင်မှုနှင့် ခံစားမှုအားလုံးကို အဆုံးသတ်ပစ်နိုင်ခဲ့သော်ငြား ကျရှုံးသွားခဲ့ရသည်။ သို့သော် ဤသည်က အဆိုးရွားဆုံးကဏ္ဍ မဟုတ်သေးပေ။ ယခင်ကဆိုပါက ထာဝရဇာမဏီသည် သူ့စွမ်းအားအရ လက်စားချေဖို့ ယုံကြည်ချက်ရှိနေမည် ဖြစ်သော်လည်း ယခုအခါ ယုံကြည်ချက် မရှိတော့ပေ။ သူ့အလိုလိုသိစိတ်က ဤသည်က အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း ကြေညာနေလေ၏။ ထိုအရာနှင့် လွဲချော်သွားပြီးသည့်နောက်တွင် သူမကို သတ်ဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်။

“အရှင် အပြင်ဘက်က တစ်စုံတစ်ယောက်က လာပြီး တွေ့ဆုံပါတယ်”

“ဘယ်သူလဲ”

ထာဝရဇာမဏီက အလိုအလျောက် ပြန်လည်မေးပြီးသည့်နောက်တွင် အတွေးထဲ နက်နေကာ ပြန်ပြောလိုက်သည်။

“ထားလိုက်တော့။ ငါ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး”

ကြေညာသူက တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ထပ်ပြောလိုက်၏။

“ဧည့်သည်က အရှင့်ရဲ့ ပြဿနာအတွက် ဖြေရှင်းနည်းရှိတယ်လို့ ပြောသွားတယ်။ သူတို့က ဒါကို သက်သေအနေနဲ့ ပေးလိုက်ပါတယ်”

ကြေညာသူက လက်ဝါးကို ဖွင့်ကာ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပြသလာသည်။ ထိုအရာက ထာဝရဇာမဏီအား ထိုအလင်း၏ သဘာဝကို အာရုံခံမိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ရောက်ရှိလာသည့်သူအား ခန့်မှန်းမိသွားသည်။ သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် တွေ့ဆုံဖို့ စောင့်ဆိုင်းနေလိုက်၏။

………………………………………………….

မဟာချူး အံ့ဖွယ်တိုင်းပြည်၊ အထွတ်အထိပ်ယင်နန်းဆောင်၊ တော်ဝင်ဥယျာဉ်

ရှုရန်က မျှော်နန်းဆောင်ငယ်တစ်ခုအတွင်း စားပွဲငယ်တစ်လုံးပေါ်၌ အဖန်ရည်နှစ်ခွက် ချကာ သူ့ရှေ့ရှိ ဖန်သားပြင်ကို ကြည့်နေလေသည်။ တိုက်ပွဲကို ကြည့်ရှုနေရင်း သူက ဝူယွီ အားကောင်းလာသည့် အချက်ကြောင့် အံ့အားသင့်မိသွား၏။ သို့သော်လည်း ဤသည်က သူ့အဓိက အာရုံစိုက်သည့်အချက် မဟုတ်ပေ။ သူမ၏ မြေဓာတ်တာအိုကို အသုံးပြုပြီး သံသရာတာအိုကို ကြိုးကိုင်သွားခြင်းက သူ့ကို လှုံ့ဆော်မှုပေးခဲ့သည်။

မြေကမ္ဘာဧကရာဇ် … ဒီဟာက ဂုဏ်ပုဒ်တစ်ခုလိုပဲ တွေးသင့်တာ…

 ရှုရန်က တွေးလိုက်သည်။

ဒီကမ္ဘာ မပြီးမြောက်ခင်တုန်းက လူတွေက မြေကြီးကို တူးပြီး သံသရာကို ရောက်နိုင်တယ်ဆိုပြီး မှတ်တမ်းတွေ ရှိခဲ့ဖူးတယ်။ ဒီသတင်းအချက်အလက်က အရေးမပါဘူးလို့ပဲ ထင်ခဲ့မိတာ။ တကယ်တမ်းတော့ ဒါက ပြဿနာရဲ့ အကြောင်းအရင်း ဖြစ်နေခဲ့တာပဲ…

ရှုရန်က ခေါင်းအသာယမ်းလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီအစဉ်နဲ့ဆိုရင် ငါက ငါ့ရဲ့ ငရဲကိုးဘုံကို အစစ်အမှန်သံသရာအဖြစ် ပြောင်းလဲပြီး ပြီးပြည့်စုံအောင် လုပ်နိုင်လိမ့်မယ်…

“အရှင်မင်းကြီး ဘာလို့ ပြုံးနေတာလဲ။ တစ်ခုခု ကောင်းတာများ ဖြစ်လို့လား”

“အဲ့လိုပြောလို့ရပါတယ်” ရှုရန်က အပြုံးဖြင့် ပြန်ပြောလိုက်ပြီး ရှုရှုအား ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။

“ဒီလိုဆိုရင် ဒီအိပ်မက်ဘယ်ရီသီးလေး စားလိုက်ပါဦး။ ဒါက ပိုပြီးတော့ ပျော်ရွှင်သွားစေလိမ့်မယ်”

သူမက မြူခိုးများ ထုတ်လွှတ်နေသည့် ငွေရောင်စပျစ်သီးကို အခွံခွာကာ သူ့ကို ပေးလိုက်သည်။ ရှုရန်က ပါးစပ်ဟကာ ပြုံးရင်း သူမ ခွံ့ကျွေးသည်ကို စားသုံးလိုက်၏။

“ဟုတ်တယ်။ ဒါက ပိုပြီးတော့ ပျော်ရွှင်စေတယ်” သူက ပြန်ပြောလိုက်သည်။

“ကျွန်မ အကူအညီဖြစ်တာ တော်သေးတာပေါ့”

……………………………………

အထွတ်အထိပ်ယင်နန်းဆောင်၊ ငရဲကိုးဘုံ -  စာကလေးခန်းမဆောင်

အနက်ရောင်နှင့် အနီရောင်ကို ဝတ်ဆင်ထားသည့် ဧကရီက သူမ၏ ဥယျာဉ်ထဲ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။ သူမက သတိကြီးကြီး ထားထားသည့်အတွက် အပင်များကို မည်မျှပင် ဂရုစိုက်ကြောင်း ပြသနေလေသည်။ အစေခံမိန်းမပျိုတစ်ဦးက သူမနောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာသည်။ ဧကရီကလည်း သူမကို အသားကျနေဟန်ပေါ်၏။

“အရှင်မင်းကြီးက အခု ဘယ်မှာလဲ” ဧကရီနဉ်ကျန်းက မေးလိုက်သည်။

“တော်ဝင်ဥယျာဉ်ထဲမှာပါ” အစေခံမိန်းမပျိုလေးက ပြန်ဖြေလိုက်၏။

“သူမနဲ့ အတူရှိနေတာလား”

“ဟုတ်ပါတယ်” အစေခံမိန်းမပျိုလေးက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“ငါ သိပြီ” နဉ်ကျန်းက ခေါင်းညိတ်ပြီးသည့်နောက်တွင် သူမ၏ ချစ်မြတ်နိုးရဖွယ် ပန်းပွင့်များကိုသာ ဆက်လက် ရှုစားနေသည်။

“အရှင် ကျွန်မကို … ကျွန်မတို့ရဲ့ စွမ်းအားတွေနဲ့ သူမကို သုတ်သင်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သူမရဲ့ နေ့စဉ်ဘဝမှာတော့ အခက်အခဲတွေ ပေးနိုင်ပါသေးတယ်” အစေခံမိန်းမပျိုလေးက အကြံပြုလိုက်သည်။

“ငါတို့က ဘာလို့ အဲ့လိုမျိုး လုပ်ရမှာလဲ” နဉ်ကျန်းက ပြန်ဖြေလိုက်သည်။

မဟာချူးတိုင်းပြည်တစ်လျှောက် ဧကရီများစွာ ရှိခဲ့ဖူးသည်။ သူမက အကြာရှည်ဆုံး အသက်ရှင်သူ ဖြစ်သည်။ အကြောင်းအရင်းကမူ နှစ်ခု ရှိ၏။ ပထမဦးစွာ သူမသည် တတိယမင်းသား၏ မိခင်ဖြစ်သည့်အတွက် သူမကို ကာကွယ်ရေးအလွှာတချို့  ရှိထားလေသည်။

သို့သော်လည်း အဓိကအကြောင်းအရင်းကမူ နဉ်ကျန်းက သူမနေရာကို သူမသိလေ၏။ သူမ၏ နေရာက အာဏာမရှိသလောက် နည်းပါးသည်ကို သိထားသည့်အတွက် ဧကရာဇ်ကို မသက်မသာဖြစ်အောင် မလုပ်ဖူးသလို ထိုအရာအတွက် တိုက်ခိုက်နေခြင်း မရှိပေ။ ဧကရာဇ်က သူမကို ဆန့်ကျင်လာနိုင်မည့် အရာအားလုံး အပါအဝင် ဘာမှကို မလုပ်ပေ။ ဤသည်က အစေခံမိန်းမပျိုလေး သိထားရမည့် အရာသာ ဖြစ်၏။

“ရှောင်ချူး … ငါနဲ့အတူ ရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ”

“ယွမ်ခေတ်ကာလ နှစ်သိန်း ကျော်သွားပါပြီ” အစေခံမိန်းမပျိုလေးက ပြန်ဖြေလိုက်သည်။

“တကယ်ကို အချိန်အကြာကြီးပဲ” နဉ်ကျန်းက သက်ပြင်းချလိုက်၏။ ထို့နောက် ဥယျာဉ်အတွင်း အဖြူရောင်အလင်းတန်း ဖြတ်ပြေးသွားကာ ရှောင်ချူး၏ ဦးခေါင်းက ခန္ဓာကိုယ်မှ ပြုတ်ကျလာသည်။ ဧကရီက လက်ဖျောက် တီးလိုက်သည့်အခါ အရိပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူမရှေ့ ရောက်နေလေ၏။

“သူမ ဘယ်သူ့ဆီ ပါသွားတာလဲဆိုတာကို အဖြေထုတ်လိုက်”  သူမက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မ”

All Chapters