← Chapters

ရက်စက်မှု၏ ကွဲပြားသော သဘာဝ

Vol. 98 Ch. 1372

ရက်စက်မှု၏ ကွဲပြားသော သဘာဝ

Vol. 98 Ch. 1372

ချွေ့ဝသဲ့က ကမ္ဘာအသစ်ကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာလေ၏။ သူ ထွက်မလာခင် သူ့ဖန်တီးသူက သူ့ကို အပြင်ဘက်တွင် အခြေအနေများကို ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ပေးခဲ့သည်။ သူ့နာမည်ထဲမှ “ဝ” ဟူသော စကားလုံးသည် ဝမ်အတွက် အတိုကောက်စာလုံးဖြစ်ကြောင်း သိထားလေ၏။

ထိုအရာက ဖန်ဆင်းမှုသက်ရှိအနေဖြင့် ထူးကဲကြောင်း သူ့အဆင့်အတန်းကို သက်သေပြသနေသည်။ သို့သော်လည်း သူက ထိုအရာများကို ဂရုမစိုက်ပေ။ သူက မွေးရပ်မြေကမ္ဘာတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ပြင်ပတွင် သခင်ကို ခစားကာ တိုးတက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ ထို့ကြောင့် ကမ္ဘာကြီးဆီ အသိပေးချက် ရောက်ရှိလာပြီး  အတားအဆီးများအကြောင်း ပြောပြပြီးသည့်နောက်တွင်ပင် ချွေ့သဲ့က စာရင်းပေးဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

ချွေ့သဲ့က အချိန်မဖြုန်းတော့ပေ။ သူက တာဝန်တစ်ခု ရှိလေ၏။ ထိုအရာကို ကျရှုံးခြင်းက သေခြင်းတရားထက်ပင် ပိုမိုဆိုးရွားလေ၏။ သူက သူ့ဖန်တီးသူ ပေးအပ်ထားသည့် စွမ်းအင်တစ်ခု ဖြစ်သည့် ကံမျက်လုံးကို အသက်သွင်းလိုက်၏။ ထို့နောက် သူက ကံကြွေးများ အပြင်းအထန် စုဝေးလာသည့် နေရာတစ်ခုရှိ လူတစ်ယောက်ကို ချက်ချင်းသတိထားမိခဲ့သည်။ သူက တုံ့ဆိုင်းမနေဘဲ အလင်းနှစ်သန်း ၂၀ကို ကူးသန်းပြောင်းရွှေ့လာပြီး ဦးတည်ရာသို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်ရှိလာလေသည်။

ထင်ထားသည့်အတိုင်း သူက သတ်ဖြတ်မှုတစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ကောင်းကင်အထက် လူငယ်လေးတစ်ယောက်က ဓားများ ဝန်းရံလျက် ရပ်နေလေ၏။ ဓားများက မြေကြီးပေါ်တွင် မိုးများသဖွယ် ကျဆင်းနေပြီး တစ်ခုချင်းစီက သေမျိုးများကို သတ်ဖြတ်နေသည်။ သူတို့က အမျိုးသား၊ အမျိုးသမီး၊ ကလေးများဖြစ်စေကာမူ ကိစ္စမရှိပေ။ ဓားက သက်ညှာခြင်းမရှိဘဲ လိင်အမျိုးအစားနှင့် အသက်အရွယ်ကို ထည့်တွက်ခြင်း မရှိပေ။

သေဆုံးသွားသည့် သေမျိုးများက သွေးမြူများအဖြစ် ပြောင်းလဲသွားကာ ထိုအမျိုးသားဆီ ပျံသန်းသွားပြီး သွေးနီရောင်သတ္တုလုံးအဖြစ် ပေါင်းစည်းသွားသည်။ သတ်ဖြတ်သူက အတော်လေး တည်ငြိမ်နေပြီး အမူအရာဟူ၍ မရှိပေ။ သူက တံခါးရှေ့မှ မြက်ပင်များကို ရှင်းလင်းနေသကဲ့သို့ ဖြစ်၏။

“ခင်ဗျားက ငယ်ရွယ်ပြီးတော့ အသက်ဓာတ်ပြည့်နှက်နေတာ။ ဘာလို့ ဒီကိစ္စမျိုး လုပ်နေရတာလဲ”

“မင်းနဲ့ ဘာဆိုင်လဲ” ထိုလူငယ်လေးက ပြန်လည်ချေပလိုက်သည်။ သို့သော်လည်း ချွေ့သဲ့ဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်ကို ခံစားမိပြီးသည့်နောက်တွင် သူ့အမူအရာက တောင့်တင်းသွားလေ၏။

“ဖြေပါဦး”

“လူကြီးမင်း ဒီနေရာမှာ သေမျိုးတွေ အများကြီး ရှိနေတာလေ။ ကျုပ်တို့ကြားမှာ တိုက်ခိုက်နေဖို့ မလိုဘူးမလား”

“ငါက မင်းလိုမျိုး နိမ့်ကျတဲ့သူလို့ ထင်နေလား” ချွေ့သဲ့က ပြောလိုက်သည်။

ကောင်းကင်ဘုံကံကြမ္မာ ကုန်းမြေက ရက်စက်လှ၏။ အကြောင်းအရင်းကမူ ဖန်တီးသူသည် ဝင်ရောက်စွက်ဖက်ခဲ၍ ဖြစ်သည်။ သို့သော် ကျင့်ကြံသူများကလည်း လျှို့ဝှက်စည်းမျဉ်းတစ်ခုအပေါ် သဘောတူညီထားကြ၏။ သေမျိုးများကို လွှတ်ပေးထားသည်။

 ဤကမ္ဘာက ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရသည့်အတွက် အန္တရာယ်များကြောင်း သိထားသော်လည်း ဤသည်အထိ ကျဆင်းသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

လူငယ်လေး၏ တောင့်တင်းမှုက ခန္ဓာကိုယ်အထိ ရောက်ရှိလာလေ၏။ သူသည် သမာသမတ်ကျသည့် ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့ရကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့ကံဆိုးမှုကို ကျိန်ဆဲလိုက်သော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ လွတ်မြောက်ရေးလျှို့ဝှက် နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်တော့သည်။ ကံကောင်းလှစွာဖြင့် သူ့ကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ အင်အားချင်း ကွာဟချက်က ကြီးမားလွန်း၍ သူ့ကို အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်နိုင်သည်။

“ကြည့်ရတာ ငါ့မေးခွန်းအတွက် အဖြေမလိုတော့တဲ့ပုံပဲ။ မင်းက သေမျိုးတွေကို တူညီတဲ့ အမျိုးအစားအဖြစ် မမြင်ဘူး”

“တူညီတဲ့ အမျိုးအစားတဲ့လား။ ဒါတွေက…” လူငယ်လေးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ချွေ့သဲ့က အဓိပ္ပာယ်မရှိသည့် အရာများကို နားထောင်မနေတော့ပေ။ သူ့သိချင်စိတ်က ဖြေရှင်းပြီးသွားပြီဖြစ်သည့်အတွက် သူ့တာဝန်ကို ထမ်းဆောင်လိုက်သည်။ လက်တစ်ချက်အဝှေ့တွင် ထိုလူငယ်လေး၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဝိညာဉ်သာ ကျန်ရှိခဲ့လေ၏။ ချွေ့သဲ့က ကြည်လင်နေသည့် မီးပြင်းဖိုတစ်ခုကို ထုတ်ဖော်ပြီး ဝိညာဉ်ကို အထဲကို ထည့်သွင်းလိုက်သည်။

လေဟာနယ်ထဲ စူးစူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံက ထိုလူငယ်လေး၏ အသံ ဖြစ်နေသည်။ ကိုယ်ပျောက်မီးပြင်းဖိုက ဝမ်ဝေ့၏ နာကျင်မှုစွမ်းရည်မှ တရားဝင် စုစည်းထားသည့် စွမ်းရည်ဖြင့် လုပ်ဆောင်ထားသော်လည်း တိုက်ခိုက်နိုင်သည့် အလားအလာမရှိဘဲ ဝိညာဉ်လောင်ကျွမ်းနိုင်သည့် မီးတောက်သာ ပါဝင်သည်။ ထိုမီးတောက်က ဝိညာဉ်ထံ မချိတင်ကဲ နာကျင်မှုကို ခံစားရစေရန် ထိန်းသိမ်းပေးသည်။ ထိုမီးတောက်က ကံကြမ္မာမီးတောက်တပ်ဖွဲ့ဝင်များ အသုံးပြုသည့် နှိပ်စက်ရေး နည်းလမ်းတစ်ခုဖြစ်၏။ ထိုနည်းစနစ်ကို ဖန်တီးသူကမူ ဝမ်ဝေ့ကိုယ်တိုင် မဟုတ်ဘဲ ဝမ်ကျူသာ ဖြစ်၏။

ချွေ့သဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့ပြီးသည့်နောက်တွင် မြေဓာတ်နှင့် သစ်သားဓာတ် ပေါင်းစည်းရေးမန္တန်များကို အသုံးပြုပြီး၊ လယ်ကွင်းနှင့် ပတ်ဝန်းကျင်များကို ပြန်လည် ပြုပြင်ပေးခဲ့သည်။ သို့သော်လည်း မှုန်မှိုင်းနေသည့် အငွေ့အသက်နှင့် အမှောင်ထုက သူ့အပြုအမူများဖြင့်ပင် ပြောင်းလဲသွားခြင်း မရှိပေ။

ဒါက နားလည်လို့ရပါတယ်။ သူတို့က မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ချစ်မြတ်နိုးရသူတွေကို ဆုံးရှုံးခဲ့ရတာ…

ချွေ့သဲ့က သုံးသပ်လိုက်သည်။

ဒီလိုဆိုရင် ငါ သူတို့ကို ပြန်ပြီးအသက်သွင်းသင့်လား…

ထိုသေမျိုးများအတွက် ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ဖို့ စွမ်းအင်များများ မယူပေ။ သူတို့၏ ဝိညာဉ်များကို မြေအောက်ကမ္ဘာဆီ မပို့ဆောင်ရလောက်သေးပေ။ သူက သေဆုံးသွားပြီးသား လူအားလုံးကို ပြန်လည်အသက်သွင်းနိုင်၏။

ဒါက အတွေးကောင်းတော့ မဟုတ်လောက်ဘူး။ ဒီကမ္ဘာက ဖရိုဖရဲဖြစ်နေတာဆိုတော့ သေခြင်းရှင်ခြင်းနဲ့ သွားပြီး ဝင်ရောက်စွက်ဖက်တာက ကိစ္စတွေကို ပိုပြီးရှုပ်ထွေးသွားနိုင်တယ်။ ပိုပြီးအရေးကြီးတာက ဒါက ငါ့တာဝန် မဟုတ်ဘူး…

ချွေ့သဲ့က တွေးလိုက်သည်။

ထိုစကားများက ဖျောင်းဖျနိုင်သော်လည်း ချွေ့သဲ့ကမူ တုံ့ဆိုင်းနေဆဲသာ ဖြစ်၏။ အထူးသဖြင့် မိဘများ၏ အကြွင်းအကျန်ဖြစ်ဟန်ဟူသော အဝတ်အစားတချို့ကို ဆုပ်ကိုင်ကာ ငိုနေသည့် မိန်းကလေးကို မြင်တွေ့ပြီးသည့်နောက်တွင် ဖြစ်သည်။ သူက သက်ပြင်းချလိုက်သော်လည်း ချက်ချင်း မလှုပ်ရှားသေးပေ။ ထိုအစား သူက ဖန်တီးသူနှင့် ဆက်သွယ်ကာ အကြံဉာဏ်တောင်းခံလိုက်၏။

သူ ရရှိသည့်အဖြေကမူ တဲ့တိုးဆန်လှသည်။

“အရင်ကောက်ချက်ချမှုက မှန်ကန်တယ်။ မင်းရဲ့ ကိစ္စတွေကို ပိုပြီးရှုပ်ထွေးသွားစေနိုင်တယ်။ အဲဒီတော့ ပြန်လည်ပြုပြင်မဲ့အစား ကာကွယ်မှုကို အာရုံစိုက်ထား”

ချွေ့သဲ့က သက်ပြင်းချပြီးသည့်နောက်တွင် ထိုလူများကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူတို့အား ယာယီငြိမ်းချမ်းရေးကို ဖန်တီးပေးဖို့ တိုင်းပြည်ငယ်တစ်ခုဝန်းကျင်တွင် အစီအရင်တစ်ခုကို ထားရှိပြီး ဉာဏ်ပညာနှင့် ကံကောင်းမှုတို့ဖြင့် ကောင်းချီးပေးထားသည့်သူကို ခေါင်းဆောင်အဖြစ် ရွေးချယ်ပေးခဲ့သည်။ ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသည့်နောက်တွင် နောက်တစ်နေရာသို့ ထွက်ခွာလာလိုက်၏။

နောက်ထပ်ပစ်မှတ်ကမူ အရိုးပြိုင်းပြိုင်းရှိနေသည့် အသက်ကြီးကြီး အမျိုးသားတစ်ဦး ဖြစ်ပေသည်။ ချွေ့သဲ့က သူ့ကို ကြည့်လိုက်သည်နှင့် ထိုသူ၏ အကြောင်းအရင်းကိုမူ သိလိုက်သည်။ ထိုသူက တရားမျှတခြင်း မရှိသော်လည်း နားလည်၍ရပေသည်။ ချွေ့သဲ့၏ တည်ရှိမှုက ကြောက်မက်ဖွယ် အော်သံအဖော်ပြုပေးထားနေ၍ ဖုံးကွယ်ထားခြင်း မရှိတော့သည့်အတွက် ထိုလူအိုကြီးက ချက်ချင်း သတိထားမိခဲ့သည်။

ပထမဦးစွာ ထိုလူအိုကြီးက တည်ငြိမ်နေပြီး တစ်စုံတစ်ယောက်က သူ့အမဲလိုက်နယ်မြေကို လာရောက်ခိုးယူထားလားဟု ထင်နေမိ၏။ သို့သော်လည်း ကိုယ်ပျောက်မီးပြင်းဖိုနှင့် နှိပ်စက်ခံရသည့် ဝိညာဉ်ကို မြင်သည့်အခါ တုန်လှုပ်ခဲ့သည်။ အကြည့်တစ်ချက်ဖြင့် ထိုဝိညာဉ်သည် ကံအပြစ်ကြွေးဖြင့် ပြည့်နှက်နေသည့် ဝိညာဉ်ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူက အဖြစ်အပျက်ကို မှန်းဆကာ ဘာဖြစ်လာတော့မည်မှန်း ကောင်းကောင်းသိလိုက်သည်။

ထိုလူအိုကြီးက သူ့အကြီးမားဆုံး ဝှက်ဖဲဖြစ်သည့် ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို ထုတ်သုံးဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ ထိုသို့သော လုပ်ဆောင်မှုမျိုးကို အားနည်းသည့် ချီနှင့်သွေးတို့ဖြင့် ထုတ်သုံးခြင်းက သူ့သေဆုံးမှုကို မြှင့်တင်ပေးသလို ဖြစ်သော်လည်း အသက်ခံရခြင်းထက်စာလျှင် ပို၍ကောင်းပေသည်။ သူ မည်မျှပင် အားနည်းစေကာမူ သို့မဟုတ် သူ့တွင် မည်မျှပင် သက်တမ်းနည်းပါးစေကာမူ ကာမိအောင် လုပ်ဆောင်နိုင်သည်။ ကမ္ဘာကြီးက ကျယ်ပြောသည့်အတွက် သေမျိုးများစွာ ရှိလေသည်။

ချွေ့သဲ့က ထိုသူ့အပေါ် လေကုန်ခံမနေတော့ပေ။ သူက သူ့အရှိန်အဝါတစ်ခုတည်းဖြင့် ထိုလူအိုကြီး၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကို ဖျက်ဆီးပစ်ခဲ့ပြီး မီးပြင်းဖိုက သူ့ဝိညာဉ်ကို အလိုအလျောက် စုပ်ယူသွားခဲ့သည်။ ထို့နောက် အော်သံနှစ်ခုက ချွေ့သဲ့အား ပို၍ မသက်မသာဖြစ်စေသင့်သော်လည်း သူက ထိုအရာသည် ပိုမိုစိတ်ဝင်စားဖို့ကောင်းကြောင်း ထင်မိလေ၏။ သူက ပတ်ဝန်းကျင်ကို အလျင်အမြန် ရှင်းလင်းပြီးသည့်နောက်တွင် သေမျိုးများအား နေသားကျအောင် စီစဉ်ပေးခဲ့ပြီး နောက်ပစ်မှတ်ဆီ ဦးတည်လိုက်သည်။

သူက လူများအား အေးစက်စက်မျက်နှာဖြင့် လောင်ကျွမ်းပစ်နေသည့် လူလတ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အသားမီးမြိုက်ထားသည့် အနံ့များက အတော်လေး မသက်မသာဖြစ်သော်လည်း ချွေ့သဲ့ကမူ ပိုမိုဆိုးရွားသည့်အရာများကို တွေ့ကြုံခံစားဖူးလေ၏။

လူလတ်အရွယ် အမျိုးသမီးက သူ့ဘက် တည်တည်ငြိမ်ငြိမ်လှည့်လာကာ သူ့နောက်မှ မီးပြင်းဖိုကို တစ်ချက်ကြည့်လာသည်။

“ထွက်မပြေးဘူးလား”

ဘာမှမလိုဘူး” သူမက အေးစက်စက် ပြန်ဖြေလိုက်သည်။

“မင်းက မင်းကံကြမ္မာကို သိထားတဲ့ပုံပဲ”

“ကျွန်မက တခြားသူတွေကို သတ်နိုင်မှတော့ ကျွန်မလည်း အသတ်ခံရတာမျိုး ရှိနိုင်တာပဲလေ” သူမက အေးစက်စက်ဖြင့် တုံ့ပြန်လေသည်။

“အဲ့လိုလား။ မင်း နည်းနည်းလေးမှတောင် ဆိုးဆိုးရွားရွား မခံစားမိဘူးလား” ချွေ့သဲ့က ပြောလိုက်သည်။

“ဘာလို့ ခံစားရမှာလဲ”

“မင်းက ကလေးတွေကို သတ်ခဲ့တာလေ။ ဘာမှမခံစားရဘူးလား”

“ဒီကမ္ဘာကြီးထဲမှာ သားကောင် ဖြစ်မလား၊ သားရဲ ဖြစ်မလားပဲ။ သူတို့က သေသွားပြီ။ ကျွန်မ ရက်စက်လို့ မဟုတ်ဘူး။ သူတို့က အားနည်းလို့။ အားနည်းတာက အပြစ်ကြွေးတစ်ခုပဲ” သူမက တည်တည်ငြိမ်ငြိမ် ပြန်ပြောလေ၏။

ချွေ့သဲ့က ခေါင်းယမ်းလိုက်သည်။

“  အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုစာနာတတ်မယ်လို့ ထင်နေတာ။ လိင်အမျိုးအစားကြားမှာ ကွဲပြားချက် မရှိဘူးပဲ”

“ဟုတ်တာပေါ့”

 ချွေ့သဲ့က ခေါင်းညိတ်ပြလိုက်သည့်အခါ နောက်ထပ် အော်သံတစ်ခု ထပ်တိုးလာသည်။

“မင်းက နည်းနည်းလေးတော့ ခုခံမယ်ထင်နေတာ။ ဖြစ်ချင်တော့ မင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့လူတွေလိုမျိုး နောက်ထပ် တစ်ခုကို ခံစားနေရတာပဲ”

ချွေ့သဲ့က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူက ခတ္တမျှ ထိုအမျိုးသမီးအား သူမ၏ အပြုအမူနှင့် စိတ်အနေအထားကြောင့် အလျင်အမြန် သေဆုံးခွင့်ပေးရမလားဟု တွေးခဲ့မိသည်။ သူက သူမသာ နည်းနည်းလောက် နာကျင်မှုကို တောင့်ခံနိုင်ပါက ထိုသို့လုပ်ပေးနိုင်လောက်၏။

ချွေ့သဲ့က သူ့ရှေ့တွင်ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“နှေးလွန်းတယ်”

သူက ကိုယ်ပွားကို ထုတ်သုံးပြီး ကိုယ်ပွားများစွာကို ဖန်တီးလိုက်သည်။ ထိုကိုယ်ပွားများက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားသာ ပိုင်ဆိုင်ထားသော်လည်း ချွေ့သဲ့ကမူ လုံလောက်သည်ထက် ပိုကြောင်းခန့်မှန်းမိသည်။ သူတို့အနေဖြင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို မတွေ့သရွေ့ဖြစ်၏။

တကယ်လို့ ဒီလိုအခြေအနေ ဖြစ်ပျက်လာတယ်ဆိုရင်တောင် ငါက တကယ့်ခန္ဓာကိုယ်က ပေါ်ထွက်လာပြီးတော့ အခြေအနေကို ဖြေရှင်းပေးလို့ရတယ်…

ချွေ့သဲ့က သူ့ကိုယ်သူ တွေးပြီးသည့်နောက်တွင် ကိုယ်ပွားများအား စေလွှတ်လိုက်သည်။

ဝမ်ဝေ့ကသာ ကမ္ဘာ၏ အခြေအနေကို သဘောပေါက်သည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ တခြားသောသူများက သူ့လောက် အခြေအနေကို လျင်လျင်မြန်မြန် ကောက်ချက်မချနိုင်ကြသော်လည်း သူတို့က သတင်းအချက်အလက်များစွာ မရှိ၍ သို့မဟုတ် တိုက်ရိုက်ပါဝင်မပတ်သက်နေ၍အတွက်သာ ဖြစ်သည်။ သို့သော်လည်း ဤကမ္ဘာကြီးထဲတွင် ထူးချွန်ပြောင်မြောက်သည့်သူများစွာ ရှိလေသည်။ ထို့ကြောင့် လူများစွာက ကမ္ဘာကြီး၏ ကပ်ဘေးအကြောင်းအရင်းကို နားလည်သဘောပေါက်ထားကြသည်။

ထိုသူများက သေမျိုးများကို ပျက်သုဉ်းခွင့် မပြုနိုင်သလို တိုက်ပွဲ ရှုံးနိမ့်သွားမည်ကိုလည်း မလိုချင်ပေ။ ထို့ကြောင့် ဝမ်ဝေ့၏ ဖန်ဆင်းမှု သက်ရှိများက ရက်စက်မှုပြယုဒ်ကို သုံးကာ ဝူယွီ၏ အပြုအမူအပြီးတွင် စိတ်လှုပ်ရှားလာကာ တက်ကြွလာသည့် ကျင့်ကြံသူများကို သတိပေးခဲ့သည်။ ဉာဏ်ကောင်းသည့်သူ တော်တော်များများက အကြမ်းဖက်မှုကို သုံးကာ ထိုသူများအား သတိပေးခဲ့လေသည်။

သူတို့၏ မြန်မြန်ဆန်ဆန် တုံ့ပြန်မှုတို့ဖြင့် ထိုကျင့်ကြံသူများက အလျင်အမြန် ငြိမ်ကျသွားလေ၏။ မည်သူက သူတို့၏ ဝိညာဉ် နှိပ်စက်ခံရသည်ကို တွေ့ကြုံမခံစားလိုကြပေ။ ဝိညာဉ်ပျက်စီးသွားမှုက သူတို့သည် ပြန်လည်ဝင်စားနိုင်ခြင်း မရှိသလို အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်မည့် အခွင့်အရေး ဆုံးရှုံးသွားနိုင်ကြောင်း ဆိုလိုနေလေသည်။

All Chapters