← Chapters

ရုတ်တရက် ညှိနှိုင်းခြင်း

Vol. 99 Ch. 1373

ရုတ်တရက် ညှိနှိုင်းခြင်း

Vol. 99 Ch. 1373

ဝမ်ဝေ့က လေဟာနယ်ထဲ ရောယှက်သွားကာ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူ့အားကောင်းသည့် ဝိညာဉ်က သူ့အား အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ နေရာတော်တော်များများကို လေ့လာစောင့်ကြည့်ဖို့ ခွင့်ပြုပေးထား၏။ ယခင် ရက်သတ္တပတ်အတွင်း သူ့လူများ၏ အားစိုက်ထုတ်မှုနှင့် တခြားသောမျိုးနွယ်များ၏ အပြုအမူများက ဝူယွီ၏ ရက်စက်မှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုကို ငြိမ်ကျသွားစေကြောင်း တွေ့ခဲ့ရသည်။ လူတချို့ကမူ အမှောင်ထဲမှ ကစားဖို့ ကြိုးစားကြသော်လည်း လက်ရှိအခြေအနေ၏ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ထိုသူများကို အလျင်အမြန် ဖြေရှင်းခဲ့သည်။

အခုတော့ ကောင်းသွားပြီ။ အခု ငါ သေမျိုးတွေကို လေ့ကျင့်ပေးထားဖို့ အာရုံစိုက်ထားလို့ရပြီ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူတို့အတွက် ကျင့်ကြံသူများကို မှီခိုခြင်းက သိပ်မဖြစ်နိုင်ပေ။ ယခု ထိုအင်အားကြီးသည့် အင်အားစုများက ယေဘုယျအခြေအနေအတွက် အတူတကွ တွဲလုပ်ကြနေသော်လည်း ထိုအင်အားစုများက သေမျိုးများကို အရာအားလုံးအတွက် ထောက်ပံ့ပေးထားသည်မှာ အချိန်တစ်ခုအတွင်းသာ ဖြစ်၏။ ထို့နောက် သူတို့သည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းလာမည့်အချိန် ကျရောက်လာလိမ့်မည်။ အထက်ပိုင်းတွင် အမိန့်ပေးသည့်သူများကမူ ဂရုစိုက်ကြမည် မဟုတ်ပေ။ အမိန့်ကို ထမ်းဆောင်ရသည့်သူများကမူ သေမျိုးများကို ကူညီရခြင်းအား ငြီးငွေ့လာသည်နှင့် တခြားပုံစံ ပြုမူကြလိမ့်မည်။

ကြည့်ရတာ သူတို့မှာ အာဏာ မရှိသလို ဖြစ်နေပေမဲ့ တကယ်တမ်းတော့ အမှန်တရားနှင့် အလှမ်းဝေးနေသေးတယ် …

သူတို့က အမိန့်ကို တိုက်ရိုက်မနာခံခြင်း မလုပ်နိုင်သော်လည်း သူ့အနေဖြင့် နှောင့်နှေးထားဖို့ သို့မဟုတ် မတော်တဆ ဖြစ်ရပ် အဖြစ် လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။ နောက်ဆုံးအနေဖြင့် သေမျိုးများမှာသာ ထိုဖြစ်ရပ်၌ ခံစားကြရလိမ့်မည်။

သူတို့တွေအနေနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကို လုံလောက်ပြည့်စုံနေဖို့ လိုအပ်တယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

တကယ်လို့ သေမျိုးအနုပညာတာအိုကို အသုံးပြုနိုင်မယ်ဆိုရင်…

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ကောင်းကင်တာအိုအနေနှင့် သေမျိုးလူမှုအဖွဲ့အစည်းအပေါ် ထားရှိသည့် အတားအဆီးကို ဖယ်ရှားကာ အဆင့် ၇ အထိရောက်ဖို့ မျှော်လင့်နေလေသည်။ လက်ရှိ သေမျိုးအဖွဲ့အစည်းက အဆင့်(၄)မျှသာ ဖြစ်ပြီး ယခု အခြေအနေအတွက် အသုံးမဝင်ပေ။

ဝမ်ဝေ့က သူ့ပုန်းအောင်းရာ နေရာသို့ ပြန်လည်လာလိုက်သည်။ သူက ထိုင်လိုက်ပြီး လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေရင်း အနီရောင်မျက်နှာဖုံးဆီမှ သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်သည်။ ပထမဦးစွာ သူသည် လက်ရှိအခြေအနေကို တင်ပြသည်ဟုသာ ထင်ထားခဲ့မိသော်လည်း စကားဝှက်ကမူ သူ၏ ဆုံးဖြတ်ချက်ကို လိုအပ်နေသည့် အရေးကြီးသော အချိန်အခါတွင် သုံးသည့် ပုံစံ ဖြစ်နေလေသည်။ ထို့ကြောင့် သူက ယခင် လုံခြုံရေးနည်းလမ်းများအတိုင်း လိုက်နာကာ ပုံရိပ်ယောင်တစ်ခုကို သတ်မှတ်ရာနေရာဆီ စေလွှတ်လိုက်သည်။

“ဘာတွေ အရေးကြီးနေတာလဲ”

“သံတမန်တစ်ဦးက ဆက်သွယ်လာလို့ပါ” အနီရောင်မျက်နှာဖုံးက ပြောလိုက်သည်။

“သံတမန်လား။ ဘယ်သူ့ဆီကလဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မဟာချင်ပါ”

“သူတို့လား။ သူတို့က ဘာလိုချင်တာလဲ။ မဟုတ်သေးဘူး။ ပိုပြီးအရေးကြီးတာက ငါတို့ကို ဘာလို့ ဆက်သွယ်တာလဲ”

အနီရောင်မျက်နှာဖုံးက တုံ့ဆိုင်းသွားလေသည်။

“သူတို့က ကျွန်မတို့တွေထဲက လူတစ်ယောက်ကို ဖမ်းထားပါတယ်”

“တစ်ယောက်ယောက်က ငါတို့ကို သစ္စာဖောက်သွားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့က ကွန်ယက်ကို ထိုးဖောက်လာတာလား” ဝမ်ဝေ့က သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များသည် ကောင်းမွန်စွာ လေ့ကျင့်ထားကြောင်း သိသော်လည်း ဤကမ္ဘာရှိ ကျင့်ကြံရေးစနစ်က ကြီးရင့်လွန်းပြီး ဖွံ့ဖြိုးလွန်းသည့်အတွက် သူ့နည်းလမ်းများသည် အကြွင်းမဲ့ဖြစ်ကြောင်း မယုံကြည်ပေ။

“မဟုတ်ပါဘူး။ သူတို့က ဖမ်းဆီးထားတဲ့သူကို လွှတ်ပြီးတော့ တွေ့ဆုံမှုအတွက် တောင်းဆိုတာပါ”

“ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

“ကျွန်မ ပိုပြီး ကောင်းကောင်းလုပ်ပါမယ်” အနီရောင်မျက်နှာဖုံးက ကတိပေးလိုက်သည်။

“မင်းကိုယ်မင်း အပြစ်တင်ဖို့ မလိုဘူး။ ငါတို့ရဲ့ အုတ်မြစ်က တခြားမျိုးနွယ်တွေနဲ့ ယှဉ်လိုက်ရင် အားနည်းနေသေးတယ်။ ဒါပေမဲ့ မင်းက ကျန်တဲ့သူတွေကို လျော့တွက်လို့ရတယ်ဆိုတဲ့ စိတ်သဘောထားမျိုး မရှိသင့်ဘူး။ အထူးသဖြင့် အာဏာရှင်တွေကိုပေါ့”

“ဟုတ်ကဲ့ပါ။ ဒါနဲ့ တွေ့ဆုံမှုကိုရော ဘယ်လိုလုပ်မှာလဲ။ ငြင်းဆန်ချင်လား” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။

“မဟုတ်ဘူး။ သူတို့ ဘာလိုချင်တာလဲဆိုတာ သိချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ မင်းကို နေရာတစ်ခု ပေးမယ်။ ဒါပေမဲ့ သူတို့တွေကို တခြား သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာစေဖို့ သေချာအောင် လုပ်ထား။ သူတို့ သဘောမတူဘူးဆိုရင် တွေ့ဆုံမှုကို ငြင်းဆန်လိုက်လို့ ရတယ်”

“ဟုတ်ကဲ့ပါ”

………………………….

ဝမ်ဝေ့က သေရည်အိုးနှင့် ခွက်နှစ်ခွက်ရှိသည့် စားပွဲငယ်လေးရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။ လေဟာနယ်က တွန့်လိမ်သွားပြီးသည့်နောက်တွင် နားထင်ဘေး တစ်ဖက်တစ်ချပ်စီတွင် ဆံဖြူများ ရှိနေသည့် ရုပ်ချောချော လူလတ်အရွယ် အမျိုးသားတစ်ဦးက ထွက်ပေါ်လာသည်။ အကြည့်တစ်ချက်ဖြင့် ဝမ်ဝေ့က ထိုသူနှင့်ပတ်သက်ပြီး ကိစ္စတစ်ခုကို ပြောနိုင်လေ၏။ သူ့သဘာဝဆွဲဆောင်မှုက ထူးကဲလှသည့်အတွက် ထိုသူသည် သံတမန် ဖြစ်နိုင်သည်။ ဒုတိယအနေဖြင့် ထိုအမျိုးသားသည် အတော်လေး စိတ်တိုဖို့ကောင်း၏။ ထိုခံစားချက်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် ပို၍ တိုးလာခဲ့သည်။

သူက အတော်လေးကို မောက်မာတာပဲ။ ဒါပေမဲ့ ကောင်းကောင်းဖုံးကွယ်ထားတယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

သူက ဧည့်သည်ကို ဖိတ်ကြားရင်း ပြုံးလိုက်၏။

“ဒီလိုပြောရတာတော့ အားနာပါတယ်။ ဒါပေမဲ့ ထိုင်ပါဦး။ နဂါးသေရည်ကို ပြင်ဆင်ထားတယ်။ အဲဒါက အရသာထိပ်တန်းပဲလေ။ တကယ်တော့ ပိုကောင်းတဲ့ အရာတစ်ခုကို ပြင်ဆင်ထားသင့်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကို ခင်ဗျားလည်း နားလည်မှာပါ”

“အရှင်ဝမ်ဝေ့က စိတ်ကစားပွဲတွေ ကစားဖို့ ကြိုးစားနေတာလား”

“ဘာလို့ အဲ့လိုပြောရတာလဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ကြည့်ရင်း သေရည် ဧည့်ခံကာ မေးလိုက်သည်။

“အရင်ဆုံး ခင်ဗျားနဲ့ မတွေ့ခင် လုပ်ရတဲ့ ကိစ္စတွေပေါ့။ ဒါပေမဲ့ ကျုပ် ဒီလိုတွေ လိုက်နာတာတောင် ခင်ဗျားက ကိုယ်တိုင် ထွက်ပေါ်မလာဘူးလေ”

ဝမ်ဝေ့က သေရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်အကြောင်း သိတယ်လို့ မှတ်ယူရမှာပဲ။ ကျုပ် ပြောချင်တာက ခင်ဗျားက ဒီမလာခင် အနည်းဆုံးတော့ ကျုပ်အကြောင်း လေ့လာခဲ့သေးတယ်လေ”

“ဟုတ်ပါတယ်။ အဲဒါ ဘာများ ပတ်သက်လို့လဲ”

“အဲဒါဆိုပြောပါဦး။ ငါ့လိုစွမ်းအားနဲ့ အဆင့်အတန်းရှိထားတဲ့ လူမျိုးက ကြွက်တစ်ကောင်ထက် သတိကြီးကြီးထားစေဖို့ ဘယ်လိုအကြောင်းအရာကများ ဖြစ်စေတယ်လို့ ထင်လဲ” ဝမ်ဝေ့က သူ့ကို တဲ့တိုးကြည့်ကာ မေးလိုက်သည်။

သံတမန်၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို တုံ့ဆိုင်းသွားလေ၏။ သူ့မောက်မာသည့် အငွေ့အသက်များကလည်း အနည်းငယ် ပြေပျောက်သွားသည်။

“ကျုပ် နားလည်ပါတယ်…”

သူက ရပ်တန့်လိုက်ပြီး တင်းကြပ်မှုကို တည်ဆောက်ဖို့ ကြိုးစားနေလေသည်။ သူက တစ်ဖက်သူကို စကားဝိုင်း ထိန်းချုပ်ခွင့်မပြုနိုင်ပေ။

“ဒါက တရားဝင်တွေ့ဆုံမှုပဲ။ ဒီလောက်ကြီး လွန်ကဲစရာတော့ မလိုပါဘူး”

“မင်းရဲ့ ဧကရာဇ်ကတောင် မပြီးမပြတ်အခြေအနေမှာ ပုန်းအောင်းနေပြီးတော့ ထွက်မလာရဲဘူးလေ။ အခု ငါ့ရဲ့ သတိကြီးမှုက လွန်ကဲတယ်လို့ ပြောချင်တာလား”

သံတမန်က ပါးစပ်ထဲမှ သေရည်ကိုပင် ထွေးထုတ်လုနီးပါး ဖြစ်သွားလေသည်။ သူက စကားတစ်ခွန်းဖြင့်ပင် ဆွံ့အသွားလေ၏။ သူက ဝမ်ဝေ့ကို သူတို့၏ အုပ်ချုပ်သူအား ထိုသို့သော ပုံစံမျိုးဖြင့် ပြောဆိုသည့်အတွက် ငြင်းခုန်လိုသော်လည်း တစ်ဖက်သူ၏ ဇစ်မြစ်ကို အမှတ်ရသွားလေသည်။

“မဟာဧကရာဇ် ဘိုးဘေးနဂါးနက်က ဘယ်သူ့ကိုမှ မကြောက်သလို ပုန်းအောင်းနေတာလည်း မဟုတ်ဘူး။ အကြွင်းမဲ့တားမြစ်ချက်က ဒဏ်ရာတွေက အတော်လေး ပြင်းထန်လွန်းတယ်။ အဲဒါကြောင့် ကုစားဖို့ အချိန်ယူနေတာ” သံတမန်က ပြန်ပြောလိုက်သည်။

“ဒီလိုမျိုး သီးခြားပိုင်းခြားထားတဲ့ နေရာကြောင့်သာ မဟုတ်ရင် အဲ့လိုမျိုး ပြောရဲမဲ့ သတ္တိရှိမယ်မထင်ဘူး” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။

သံတမန်က ရှုံ့မဲ့သွားလေသည်။

“လိုရင်းကိုပဲ ပြောရအောင်” သူက ပြောပြီး စကားဝိုင်းကို ထိန်းချုပ်ဖို့ ပြုစားလိုက်သည်။

“မင်း နာမည်က ဘယ်သူလဲ။ မင်း တစ်ခါမှ ကိုယ့်ကိုယ်ကို မိတ်မဆက်ဖူးဘူး” ဝမ်ဝေ့က ရုတ်တရက် မေးလာသည်။

ကျစ် ဒီခွေးကောင်က ငါ့နာမည်ကို သေချာပေါက်သိရဲ့သားနဲ့…

သံတမန်က တွေးလိုက်သည်။

“ကျုပ်နာမည်က သုံ့ထျန်းပါ။ ကျုပ်က မဟာချင်သူတော်စင်ခုံရုံးရဲ့ ပထမအမှုဆောင်ပါ” သူ့အသံက ထိုဂုဏ်ပုဒ်နှင့် ပတ်သက်ပြီး ဝင့်ကြွားသည့် မာနကို ဖုံးကွယ်ထားခြင်း မရှိပေ။

“သုံ့မျိုးရိုးနဲ့ အရမ်းပါရမီထူးကဲတဲ့ အမျိုးသမီးကိုလည်း သိထားသေးတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံ .. ထျန်းဆိုတဲ့ အဓိပ္ပာယ်က သူတို့ရဲ့ နာမည်မှာ ထည့်သွင်းလောက်အောင် သတ္တိကောင်းတဲ့သူ များများစားစား မရှိဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် မှတ်ချက် ပေးလိုက်သော်လည်း ထိုသူ၏ တရားဝင်ရာထူးနှင့် ပတ်သက်ပြီး ဘာမှမပြောခဲ့ပေ။

“ခင်ဗျားရဲ့ အဖေ…”

“မင်း ဘာမှမပြောတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီစကားဝိုင်းက ရန်ပွဲဖြစ်သွားနိုင်တယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။ ထို့နောက် သုံ့ထျန်းက သူ့ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားသလို ခံစားလိုက်ရသည်။

“သူနဲ့ နာမည်တူရှိတာ ဂုဏ်ယူစရာပဲလို့ ပြောမလို့ပါ” သုံ့ထျန်းက အလျင်အမြန် ပြောလိုက်သည်။

“အဲ့လိုလား။ ကျုပ်က နည်းနည်း ထိလွယ်ရှလွယ် ဖြစ်သွားတဲ့ပုံပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောရင်း သေရည်တစ်ငုံ သောက်သုံးလိုက်သည်။ ထိုစဉ် သုံ့ထျန်းကမူ စကားဝိုင်းထိန်းချုပ်မှုကို ဆုံးရှုံးသွားကြောင်း သဘောမပေါက်ခင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက သူ့ကိုယ်သူ ညှိနှိုင်းရာ၌ ဆရာသခင်တစ်ယောက်အဖြစ် မှတ်ယူထားသော်လည်း သူ့ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ရသည်။ သူ့စိတ်ထဲ၌ မည်သို့စကားဝိုင်းကို ထိန်းချုပ်ရမည်ကို တွေးတောနေလေသည်။

“ဒီကိုလာရတဲ့ အကြောင်းအရင်းကို ပြော” ဝမ်ဝေ့က ပြောလိုက်သည်။

“တဲ့တိုးပြော”

“အလျင်လိုနေဖို့ လိုလို့လား” သုံ့ထျန်းက စကားဝိုင်း၏ ပြင်းထန်မှုကို လျှော့ချပြီး ထိန်းချုပ်မှုရဖို့ ကြိုးစားလိုက်သည်။

“မင်းရဲ့ တည်ရှိမှုက ငါ့ကို ရှာတွေ့သွားနိုင်တဲ့ အခွင့်အရေးကို တိုးပွားလာစေတယ်။ အဲဒါကြောင့် တတ်နိုင်သမျှ မြန်မြန်ပြောပြီး ထွက်သွားတော့။ ဆယ်စက္ကန့်ပေးမယ်”

“အရှင်ဝမ်ဝေ့ ဒါက ညှိနှိုင်းမှုတွေ လုပ်ရမဲ့ ပုံစံမျိုး မဟုတ်ပါဘူး”

သို့သော်လည်း ဝမ်ဝေ့က သူ့ကို စကားတစ်ခွန်းမှမဆိုဘဲ ငြိမ်ငြိမ်သာ ကြည့်နေလေသည်။

“ခင်ဗျားလည်း သိပါတယ်”

“မင်း ငါးစက္ကန့် ဖြုန်းပြီးသွားပြီ”

သုံ့ထျန်းက ငြင်းခုန်တော့မည့်ဆဲဆဲတွင် သူ့နှစ်များစွာ အတွေ့အကြုံများက ထိုအမျိုးသားသည် လျှောက်ပြောနေခြင်း မဟုတ်ကြောင်း ပြောပြနေလေ၏။ သူက လိုရင်းကို မပြောပါက နှင်ထုတ်ခံရနိုင်ခြေ ရှိသည်။

“ကျုပ်တို့ရဲ့ တိုင်းပြည်က ခင်ဗျားနဲ့ အပြည့်အဝ ပူးပေါင်းချင်ပါတယ်” သူက ချက်ချင်း ထုတ်ပြောလိုက်သည်။ သုံ့ထျန်းက သူ့တာဝန်၏ အရေးပါမှုကို ကောင်းကောင်းသိထားသည့်အတွက် မစွန့်စားရဲပေ။

“ကျုပ်တို့က သေမျိုးတွေနဲ့ ကျင့်ကြံသူတွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာမဲ့ တိုက်ပွဲမှာ ခင်ဗျားတို့ဘက်ကို စိတ်ကူးမကြည့်နိုင်တဲ့ အထောက်အပံ့တွေကို ပေးနိုင်ပါတယ်”

“လူတွေအားလုံးထဲမှာ ခင်ဗျားက ကျုပ်တို့ရဲ့ အာဏာရှင်တွေရဲ့ အုတ်မြစ်က ဘယ်လောက်တောင် နက်နဲလဲဆိုတာ နားလည်မှာပါ။ ကျုပ်တို့ရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် ခင်ဗျားက သူတို့ကို ဝယ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ အခွင့်အရေး ပိုရလာပါလိမ့်မယ်”

“ဟမ် ဒါက တကယ်ကို အပေးအယူကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒီဟာမျိုးက ငြင်းဆန်လို့မရဘူးလို့ပဲ ပြောရမှာပေါ့”

“အတိအကျပါပဲ” သုံ့ထျန်းက သဘောတူလိုက်သည်။

“ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ဘာလိုချင်တာလဲ” ဝမ်ဝေ့က ပေးလိုက်သည်။

“ကျုပ်တို့ကို ကတိပေးဖို့ တစ်ခုပဲ တောင်းဆိုချင်တာပါ” သုံ့ထျန်းက ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ အဲဒါက ခင်ဗျားရဲ့ ကျင့်ဝတ်နဲ့ဆန့်ကျင်နေပြီးတော့ ခင်ဗျားကို ထိခိုက်စေမဲ့ အရာမျိုးလည်း မဟုတ်ပါဘူး”

“မင်း တောင်းဆိုတာက မရေမရာဖြစ်လွန်းတယ်” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဘာမှ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ် ပြောတဲ့အတိုင်းပဲ ကျုပ်တို့က အများကြီး မတောင်းဆိုပါဘူး”

“မင်းက တဲ့တိုးနဲ့ လိုချင်တာ မပြောသရွေ့ ငါက ဝေဝါးနေတဲ့ တောင်းဆိုချက်မျိုးကို သဘောမတူနိုင်ဘူး။ အထူးသဖြင့် မင်းတို့က ငါ့ကို တင်းကြပ်တဲ့ စာချုပ် ချုပ်ဆိုဖို့ လိုအပ်လာတဲ့ အခါမျိုးပေါ့”

“ဒါပေမဲ့ အဲဒါက အာမခံချက် တစ်ခုအတွက်ပါပဲ” သုံ့ထျန်းက ပြန်ပြောလိုက်သည်။

“ငါ ပြောတဲ့အတိုင်း အဲဒါက မရေမရာဖြစ်လွန်းတယ်” ဝမ်ဝေ့က သူတို့လိုချင်သည့်အရာကို သိထားသော်လည်း သူတို့ဆီမှ သတင်းအချက်အလက် ရယူနိုင်မလားဟု သိချင်နေမိသည်။

All Chapters