ဘာမှမလုပ်နဲ့
Vol. 99 Ch. 1374
သုံ့ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး အခြေအနေက သိပ်မကောင်းကြောင်း သဘောပေါက်သွားသည်။ ဝမ်ဝေ့လိုလူမျိုးက မောက်မာပြီး သူတို့၏ အနာဂတ်က အကန့်အသတ်မဲ့ကြောင်း ယုံကြည်ထားလေ့ရှိကြသည်။ ထို့ကြောင့် သူတို့သည် အမည်မသိ ကတိစကားများ သို့မဟုတ် အကန့်အသတ်များကို အလေးအနက် မှတ်ယူကြလိမ့်မည်။
ပြောရမည်ဆိုလျှင် ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့က အခက်ခဲဆုံး ဖြစ်၏။
သူက သူ့တောင်းဆိုချက်၏ စကားလုံးများကို မည်သို့ ပြောင်းလဲရမလဲ စဉ်းစားလိုက်သည်။
“ကျုပ်တို့အနေနဲ့ ခင်ဗျားလုပ်ပေးဖို့ လိုတာ တစ်ခုပဲ ရှိတာပါ။ အဲဒီအရာက ခင်ဗျားပဲ လုပ်နိုင်တာ။ ဒီဖြစ်စဉ်က အန္တရာယ်မများပါဘူး”
“ကြည့်ရတာ ခင်ဗျားဆီက သတင်းအချက်အလက်ရမဲ့ပုံ မပေါ်ဘူးပဲ” ဝမ်ဝေ့က ပြောလိုက်၍ သုံ့ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ်။ မင်းတို့တွေ ငါ့ဆီကနေ ဘာလိုချင်နေတယ်ဆိုတာကို သိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်ဘူး။ ငါ မင်းစိတ်ကို ဖတ်နိုင်တာ မဟုတ်ဘူး”
သုံ့ထျန်း၏ မျက်နှာက မှုန်မှိုင်းသွားလေသည်။ သူက ထိုအမျိုးသားသည် အမှန်အတိုင်း ပြောနေတာလား ဒါမှမဟုတ် ညှိနှိုင်းမှု၌ အခွင့်ကောင်းယူဖို့ စိတ်ပိုင်းဆိုင်ရာလှည့်ကွက်တချို့ လှည့်စားနေတာလားဟု စဉ်းစားနေလိုက်သည်။
“မဟုတ်ဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာ ကစားပွဲလည်း မဟုတ်ဘူး” ဝမ်ဝေ့က ထပ်ပြောလိုက်၏။
“မင်းတို့ဧကရာဇ်ရဲ့ အစီအစဉ်က မင်းတို့တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နိုင်တယ်ဆိုပေမဲ့ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ကို မင်းတို့တွေ ခေါ်သွားပြီးတဲ့နောက်မှာ လူတော်တော်များများက သူမရဲ့ ထူးကဲနေတဲ့ အချက်ကို သဘောပေါက်သွားတာနဲ့ မင်းတို့စီစဉ်နေတဲ့ အရာကို ကောက်ချက်ချနိုင်မှာပဲ”
သုံ့ထျန်းက ချက်ချင်းဆိုသလို မှုန်မှိုင်းသွားပြီး သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သို့သော်လည်း ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်၏။
“မင်းတို့က သူမကို ဖမ်းတုန်းက ဒီလိုလုပ်ခဲ့တာ မင်းတို့အမှားပဲလေ။ ငါ့ကို လာပြီး အပြစ်တင်မနေနဲ့။ မင်းတို့တွေက သူမကို တခြားတစ်ခုအတွက် ဖမ်းဆီးသလိုမျိုး လုပ်ခဲ့ရမှာ”
သုံ့ထျန်းက စိတ်ခံစားချက်များကို ထိန်းချုပ်ခဲ့သော်လည်း သူ့မျက်နှာက မဲမှောင်နေသည်။
ငါ့ကိုယ်ငါ ထိန်းချုပ်ဖို့လိုတယ်။ ကျစ် ငါ အဲဒီလူအိုကြီးတွေရဲ့ စကားကို နားထောင်ပြီးတော့ ပိုပြီး ဂရုစိုက်သင့်တာ…
“အခု မင်းရဲ့ စိတ်ခံစားချက်တွေက နောင်တရနေတဲ့ပုံပဲ။ ဘာတွေများ နောင်တရနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“တွေ့ဆုံမှုအတွက် မင်းရဲ့ အပြုအမူတွေကြောင့်လား။ ကြည့်ရတာ ငါ မှန်နေတဲ့ပုံပဲ။ မင်း အပြစ်တင်နေစရာ မလိုဘူး။ လူတော်တော်များများက ငါ့လိုလူမျိုးနဲ့ ရင်ဆိုင်နေတဲ့အခါမှာ သတိထားဖို့ သတိပေးကြလိမ့်မယ်။ ဒါပေမဲ့ သူတို့က နားထောင်ခဲတယ်လေ။ သူတို့က နားထောင်တယ်ဆိုရင်တောင် သိပ်ပြီး ကိစ္စမရှိဘူး”
“အရှင်ဝမ်ဝေ့” သုံ့ထျန်းက တည်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ယခု ခင်ဗျားက ကျုပ်တို့ရဲ့ ရည်ရွယ်ချက်ကို သိနေပြီဆိုတော့ ကျုပ်တို့ရဲ့ အကြံပြုချက်ကို ဘယ်လိုထင်လဲ”
“ဒီလောက်တောင် မြန်မြန်ဆန်ဆန် စိတ်ထိန်းနိုင်တယ်လား။ မင်းက ဒီတာဝန်အတွက် ရွေးချယ်ရတဲ့ အကြောင်းအရင်းကို နားလည်သွားပြီ” ဝမ်ဝေ့က သေရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ”
“ငါ့အဖြေကတော့ မဖြစ်နိုင်ဘူး”
“ဒါက တန်ကြေးပြဿနာလို့တော့ မထင်ဘူး” သုံ့ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီဂုဏ်ပုဒ်က ခင်ဗျားအတွက် များများစားစား မထိုက်တန်ဘူးလေ။ ဘာလို့ တန်ကြေးမြင့်မြင့်နဲ့ မရောင်းလိုက်ရတာလဲ”
“ငါက တန်ကြေးမြင့်မြင့်နဲ့ ရောင်းဖို့ ပြဿနာ မရှိဘူး”
ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။ သူက အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်၏။ လူသားဧကရာဇ်၏ ထူးကဲသာလွန်မှုလမ်းစဉ်က သူနှင့် မသင့်တော်ပေ။ ထို့ကြောင့် လောကသုံးပါးဂုဏ်ပုဒ် သို့မဟုတ် ရာထူးက သူ့အတွက် အဓိပ္ပာယ်မရှိပေ။ အကောင်းဆုံးအနေဖြင့် သူသည် ထူးကဲသာလွန်မှုအဆင့် ဖြစ်လာသည်နှင့် သာလွန်သည့် နည်းစနစ်တချို့ကို ဖန်တီးနိုင်စွမ်း ရှိလိမ့်မည်။ ထို့ကြောင့် သူသည် ထိုက်တန်သည့် တန်ကြေးတစ်ခုရပါက ရောင်းချဖို့ သို့မဟုတ် လဲလှယ်ဖို့ လိုလားသည်။
“ဒါက တန်ကြေးအတွက် ပြဿနာပဲ” သုံ့ထျန်းက မှတ်ချက်ပေးလိုက်သည်။
“ဒါပေမဲ့ ကျုပ်တို့ရဲ့ အပြုအမူက တကယ်ကို လေးနက်ပါတယ်။ ကျုပ်တို့ရဲ့ အကူညီဆိုရင် ခင်ဗျားက အာဏာရှင်တစ်ယောက်ရဲ့ ထောက်ပံ့မှုကို ရယူနိုင်ပြီးတော့ ဒီကပ်ဘေးမှာ အသက်ရှင်နိုင်ခြေကိုလည်း တိုးမြှင့်နိုင်လိမ့်မယ်”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒီအစီအစဉ်ကို ဆောင်ရွက်ဖို့ မင်းကို လွှတ်လိုက်တဲ့သူတွေက တုံးအတာလား ဒါမှမဟုတ်ဘူးဆိုရင် ငါ့ကို တုံးအတယ်လို့ တွေးတာလား ဒါမှမဟုတ်ဘူးဆိုရင်တော့ အလောင်းအစား လုပ်ရတာကို ကြိုက်တာလားပဲ။ မင်းတို့ရဲ့ တိုင်းပြည်က အချိန်အတော်ထိ တည်ရှိခဲ့တာဆိုတော့ အာဏာ လွှမ်းမိုးဖို့ဆိုရင် တုံးအနေတဲ့သူကတော့ မဖြစ်နိုင်ဘူး။
“ပြီးတော့ ငါ့ကို ငတုံးလို့ တွေးတဲ့သူလည်း ရှိမှာမဟုတ်ဘူးဆိုတော့ တတိယအမျိုးအစားပဲ ကျန်တော့တယ်။ သူက လောင်းကစားသမားပဲ ကျန်တော့တယ်”
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
“ငါ မှားလို့လား” ဝမ်ဝေ့က မေးလိုက်သည်။
“မင်းတို့လူတွေက ငါက ဒီလို တုံးအအ အပေးအယူမျိုးကို လက်ခံလောက်အောင် မျှော်လင့်ချက် ကင်းမဲ့တယ်လို့များ ထင်နေတာလား”
သူက လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ အသံမြှင့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ ကပ်ဘေးတဲ့လား” သူက ဆက်ပြောလိုက်သည်။
“ငါက သူ ဖြေရှင်းရမဲ့ စာရင်းမှာ ထိပ်ဆုံးမှာ ရှိမယ်ဆိုပေမဲ့ နောက်ထပ် သူက ဘယ်သူ့ကို ဖြေရှင်းမယ်လို့ ထင်လဲ။ မင်းတို့ဘိုးဘေးလိုမျိုး ကောင်းကင်တာအိုရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ကိုယ်စားပြုမဲ့ မပြီးမပြတ်အခြေအနေမှာ ရှိနေတဲ့သူတွေပဲ။ ငါက အသက်ရှင်နေပြီးတော့ သူ့ရဲ့ အာရုံစိုက်မှုအများစုကို ဖမ်းဆုပ်ထားနိုင်တာ မင်းတို့ ဝမ်းသာသင့်တယ်။ ငါ ပျောက်ကွယ်သွားတာနဲ့ ဓားက မင်းတို့ရဲ့ လည်ပင်းဆီ ကျရောက်လာမှာပဲ။ ငါ့ကို ဒီကပ်ဘေးမှာ မကူညီချင်ဘူးတဲ့လား။ ကောင်းပြီလေ။ သူက အလုပ်မရှုပ်တော့ပဲ မင်းတို့တွေကို စပြီး ရှင်းလာတဲ့အထိ စောင့်ပေါ့”
သုံ့ထျန်းက တုန်ယင်နေသည့် လက်များကို ထိန်းချုပ်လိုက်၏။
“ကျုပ်တို့တွေရဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းမှုနဲ့ မပူးပေါင်းမှုကြားမှာ ကွာဟချက် ရှိမယ်ဆိုတာနားလည်မှာပါ။”
“မင်းတို့တွေ အပြည့်အဝ ပူးပေါင်းပေါင်း မပေါင်းပေါင်း ဂရုမစိုက်ဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“တကယ်တော့ မင်းတို့တွေက အပြည့်အဝ ပူးပေါင်းမယ်ဆိုတာ သိတယ်။ မင်းတို့ရဲ့ တိုင်းပြည်က လူသားဧကရာဇ်ရဲ့ ကောင်းချီးကို ဆုပ်ကိုင်ထားတာလေ။ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတာ။ မင်းတို့တွေက ဘယ်လိုလုပ် မကူညီပဲ နေနိုင်မှာလဲ။ တော်တော်များများက မင်းတို့ဆီကနေ ဒီရာထူးကိုယူဖို့ ဒီအခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေတယ်ဆိုတာကို သိတယ်မလား”
ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“လုပ်လိုက်လေ။ ဘာမှမလုပ်ပဲနဲ့ နေကြည့်လိုက်။ အခုတော့ မင်းတို့ရဲ့ ဧကရာဇ်က ဒီရာထူးရဲ့ စွမ်းအားကို အကုန်ခြေဖျက်ပြီးသွားပြီဆိုတော့ မလိုလောက်တော့ဘူး။ ဒါပေမဲ့ တိုင်းပြည်ကိုယ်တိုင်အပေါ်တော့ ဆိုးကျိုးတွေ ရှိလာနိုင်တယ်”
သုံ့ထျန်းက မှုန်မှိုင်းသွားလေသည်။ ဤကစားဝိုင်းက သူ့အား ညှိနှိုင်းသူဟူသော မာနကို ဖျက်ဆီးပစ်ခဲ့၏။ ပို၍အရေးကြီးသည်က ထိုအမျိုးသားသည် တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်များကို သိနေဟန်ပေါ်သည်။ သူ့အနေနှင့် ဝမ်ဝေ့က မည်မျှအားကောင်းပြီး နောက်ခံက မည်မျှပင် ကြောက်ဖို့ကောင်းကြောင်း မသိထားပါက သူက အိမ်ကိုပြန်ကာ ထိုသူကို ရှင်းထုတ်ရန် တိုင်းပြည်အား အာဏာကုန်သုံးဖို့ အကြံပြုချင်လာသည်။
“ရုတ်တရက် အတွေးတစ်ခု တွေးမိသွားတယ်။ ကမ္ဘာတစ်ခု ဒါမှမဟုတ်ဘူးဆိုရင် ခေတ်ကာလတစ်ခုမှာ လူသားဧကရာဇ် နှစ်ယောက် ဆက်တိုက်ရှိနိုင်လား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားက ဘာကိုပြောတာလဲ” သုံ့ထျန်းက မေးလိုက်ပြီး ဆိုးရွားသည့် ခံစားချက်တို့ ကြီးစိုးလာသည်။
“ငါက ဒီကမ္ဘာကို ကယ်တင်လိုက်တာနဲ့ ငါ လုပ်ထားသမျှအရာအားလုံးနဲ့ဆိုရင် ကောင်းကင်တာအိုက ငါ့ရဲ့ လူသားဧကရာဇ်ရာထူးကို အဆင့်မြှင့်တင်ပေးနိုင်လောက်တယ် မဟုတ်ဘူးလား။ အဲဒီအခါကျရင် ဘယ်လိုဖြစ်လာမှာလဲ။ မင်းတို့ဆီကနေ ယူပြီးတော့ ငါ့ကို ပေးမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် လူသားဧကရာဇ် နှစ်ယောက် ရှိတာကို ခွင့်ပြုပေးမှာလား”
ဝမ်ဝေ့က လှောင်ပြုံးပြုံးလိုက်စဉ် သုံ့ထျန်းကမူ ထိတ်ထိတ်ပျာပျာ ဖြစ်လာလေသည်။
“ငါလည်း ဘာဖြစ်မယ်ဆိုတာကို မသိသေးဘူး။ ဒါပေမဲ့ အဲဒီနေ့ရက်ကိုတော့ စောင့်မျှော်နေတယ်။ အဲဒီအခါကျရင်တော့ မင်းတို့တွေက မင်းတို့ရဲ့ ဂုဏ်ပုဒ်ကို ထိန်းဖို့ ငါ့ကို တန်ကြေးတစ်ခု ပေးလိုက်ရမှာပေါ့”
သုံ့ထျန်းက ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူနှင့် စကားဆုံးသွားပြီ ဖြစ်၏။
“ကောင်းပြီလေ။ မင်းက ဒီနေရာမှာ ကြာနေပြီ။ မင်းလူတွေကို ငါ့ရဲ့ ရာထူးရောင်းစေချင်ရင် ငါ ဘယ်လိုပြောထားလဲဆိုတာ ပြန်ပြောလိုက်။ ဧကရာဇ်က တူညီတဲ့ တန်ဖိုးရှိတဲ့အရာကို ထုတ်မပေးသရွေ့ ဒါကို ရဖို့ စိတ်မကူးနဲ့။ ပြီးတော့ သူတစ်ယောက်ထဲ ဝယ်ချင်တာ မဟုတ်ဘူးဆိုတာကို မေ့မထားနဲ့ဦး။ အုပ်စိုးသူလမ်းစဉ် လျှောက်လှမ်းနေတဲ့သူ အများကြီးက စိတ်ဝင်စားမယ်ဆိုတာ သေချာတယ်။ တချို့က သူ့ရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်ကို ပိတ်ဆို့ဖို့အတွက်တင် ဒီဟာကို ရဖို့ ကြိုးစားကြလောက်တယ်။ ဒါက သူ့ကိုပဲ ရောင်းချမယ်ဆိုတဲ့ အာမခံချက်မျိုး မရှိဘူး”
ထိုစကားများက သုံ့ထျန်းအား တုန်လှုပ်ကာ ကြောက်လန့်သွားစေသည်။ သို့သော်လည်း သူက ထိုအရာက ဘာမှမပြောင်းလဲနိုင်ပေ။ ဝမ်ဝေ့က မှတ်ချက် ပေးပြီးသည့်အခါ ပျောက်ကွယ်သွားလေ၏။
“ခဏနေဦး။” သုံ့ထျန်းက အော်ပြောလိုက်သော်လည်း ကြာလွန်သွားခဲ့သည်။ ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင် ပဲ့တင်ထွက်နေသည့် သူ့အသံကို ချန်ထားခဲ့လေသည်။
“ငါက ဒီဒိုင်မေးရှင်းကို ရှင်းထုတ်တော့မှာဆိုတော မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ”
သုံ့ထျန်းက ဘာမှပြောမနေတော့ဘဲ အလျင်အမြန် ထွက်ခွာလာလိုက်သည်။ သူ့အလျင်စလိုအခြေအနေက ဤအန္တရာယ်များသည့် နေရာမှ ထွက်လာရုံသာမကဘဲ အိမ်ကိုမြန်မြန်ပြန်ပြီး ဖြစ်ပျက်သမျှအရာများကို ပြောပြနေသည်။ သုံ့ထျန်းက အလျင်လိုနေသည့်အတွက် ဝမ်ဝေ့က တိတ်တဆိတ် လိုက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။ သူက မှန်ကန်သည့် စိတ်အနေအထားတွင် ရှိသည်ဆိုပါက သူသည် သတိကြီးကြီးထားမိမည်လား မသိပေ။
ဝမ်ဝေ့က သုံ့ထျန်း၏ လျှို့ဝှက်ချက်များကို စိတ်ဝင်စားခြင်းမရှိသလို ချင်တိုင်းပြည်၏ လျှို့ဝှက်နည်းများကိုလည်း စိတ်မဝင်စားပေ။ သူ တစ်ခုတည်းသော ရည်ရွယ်ချက်က တစ်စုံတစ်ယောက် သူ့ကို နာမည်ဖျက်ခြင်းမှ ကာကွယ်ဖို့ရာသာ ဖြစ်၏။
မဟာချင်က သံတမန်တစ်ယောက်၏ သေဆုံးမှုကြောင့် သူနှင့် စစ်ပွဲဖြစ်မည်ဟု မထင်ပေ။ သို့သော်လည်း သူတို့၏ ဆက်ဆံရေးက ကြားနေ ဆက်ဆံရေးမှ ရင်းနှီးမှု နည်းပါးသွားနိုင်သည်။ သူက ထိုအရာကို မလိုချင်ပေ။ အထူးသဖြင့် ဤသည်က သူ့ရွေးချယ်မှု မဟုတ်သည့်အခါတွင် ဖြစ်၏။
ကံကောင်းစွာဖြင့် သူသည် အတွေးလွန်နေခြင်းသာ ဖြစ်၏။ သုံ့ထျန်းက မည်သူမှ ဝင်ရောက်စွက်ဖက်ခံရခြင်းမရှိဘဲ အိမ်ကို ပြန်သွားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့နောက်လိုက်သွားသည့် ပုံရိပ်ယောင်ကို ပြန်လည်ပယ်ဖျက်လိုက်၏။
မဟာချင် လုပ်မည့်အရာအတွက်မူ မှန်းဆဖို့ လွယ်ကူလှ၏။ သူတို့က အရင်ဦးဆုံး သူတို့၏ ဧကရာဇ်များကို ဆက်သွယ်ပြီး တွေ့ဆုံဖို့အကြောင်းပြောကာ သူ့စကားများကို နားထောင်ပြီး နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်၏ ကိစ္စများကို ဖုံးကွယ်ဖို့ ကြိုးစားကြလိမ့်မည်။ ထိုအရာက နောက်ကျလွန်းသွားခဲ့၏။ နောက်ဆုံးတွင် သူတို့က ဤကပ်ဘေးအတွင်း ပါဝင်ဆင်နွှဲပြီး အနည်းဆုံးတော့ လူသားဧကရာဇ် ရာထူးကို ဆက်လ က်ထိန်းသိမ်းထားရမည်။
ဝမ်ဝေ့က ယခု သေမျိုးလူမှုအဖွဲ့အစည်းကို လေ့ကျင့်ဖို့ နည်းများစွာ ရှိလာခဲ့သည်။ ကပ်ပါးနှစ်ယောက်ကြားတွင် ဖြစ်လာသည့် စစ်ပွဲကို သမိုင်းပညာရှင်များက အနက်ရောင်ဇာမဏီစစ်ပွဲဟု ညွှန်းဆိုကြလေသည်။ ထိုတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။ ခေါင်းဆောင်နှစ်ဦးက ယခင်တစ်ခေါက်ပြီးကတည်းက ထိပ်တိုက်တွေ့ဆုံကြခြင်း မရှိသော်လည်း သူတို့လက်အောက်ငယ်သားများကြားမှ ထိပ်တိုက်တွေ့ဆုံမှုက ဖရိုဖရဲဖြစ်ကာ ကမ္ဘာကြီးကို ရုန်းရင်းဆန်ခတ်ဖြစ်နေဆဲ ဖြစ်စေသည်။
အားလုံးက ထိုထိပ်တိုက်တွေ့ဆုံမှုသည် နောက်အထွတ်အထိပ်အခြေအနေအတွက် အရှိန်အဟုန် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိထားကြ၏။ အကယ်၍ ဤထိပ်တိုက်တွေ့ဆုံမှုက ရလဒ် မရှိလျှင် အားလုံးက နောက်အထွတ်အထိပ်အခြေအနေအတွက် ဆက်လက်ပြီး အဟုန်ကို တည်ဆောက်ကြရလိမ့်မည်။ ထိုဖြစ်စဉ်က နောက်ဆုံးသော အနိုင်ရရှိသူ ပေါ်ထွက်မလာသရွေ့ သို့မဟုတ် တစ်ယောက်ယောက်ကို တားဆီးနိုင်ဖို့ အဓိကအပြောင်းအလဲကြီး ဖြစ်မသွားသရွေ့ သို့မဟုတ် တစ်စုံတစ်ခုထံ ယိမ်းယိုင်သွားသရွေ့ ထိုဖြစ်စဉ်က ဆက်လက် ဆက်လက် ဖြစ်နေလိမ့်မည်။