အထီးကျန်ဆန်မှု
Vol. 99 Ch. 1375
ထာဝရဇာမဏီနှင့် ဝူယွီတို့ကြားမှ တိုက်ပွဲက နှစ် ၅၀ ကြာမြင့်သွားပြီဖြစ်၏။ သေမျိုးများအတွက် နှစ်၅၀က မျိုးဆက် သုံးဆက်နှင့် ညီမျှပေသည်။ သို့သော်လည်း ကျင့်ကြံသူများအတွက်မူ ထိုအရာက သူတို့သီးသန့်ကျင့်ကြံရေး ဝင်ရောက်သလောက်ပင် ကြာမြင့်ခြင်း မရှိပေ။ ပုံမှန်သဘောတရားအရ ကျင့်ကြံရေးလောကသည် မသေမျိုးများကြောင့် အချိန်က နှေးကွေးစွာ ဖြစ်တည်လေ့ရှိသည်။
သို့သော်လည်း ယခင်နှစ် ၅၀အတွင်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ကိစ္စများစွာ ပြောင်းလဲသွားခဲ့ရသည်။ လူတော်တော်များများက ယခု နောင်ယွမ်ခေတ်ကာလသည် ကမ္ဘာ၏ ကံကြမ္မာကို ထုတ်ဖော်ပြသလာမည် ဖြစ်ကြောင်း နားလည်ထားကြ၏။ လွန်ခဲ့သည့် နှစ် ၅၀က ထိုအရာကို ပြသခဲ့ပြီးသား ဖြစ်သည်။
ဝမ်ဝေ့က ဒိုင်မေးရှင်းအတွင်း ထိုင်နေကာ တင်ပြချက်များကို ဖတ်ရှုနေသည်။ အများစုက သူတို့၏ သက်တမ်းဆုံးခါနီး ရောက်ရှိနေသည့် ကျင့်ကြံသူများက အစွန်းရောက်လာသည့်အကြောင်း ဖြစ်၏။ သူ့ကျင့်စဉ်ကို အဆင့်မြင့်အောင် လေ့ကျင့်မည့်အစား ထိုသူများက သေမျိုးများကိုသာ အလွယ်တကူ သတ်ဖြတ်ဖို့ ရွေးချယ်ခဲ့ကြသည်။ ရလဒ်ကမူ သူတို့၏ ပျက်သုဉ်းမှုနှင့် ဝိညာဉ် အဆုံးမဲ့နှိပ်စက်ခံရမှုတို့ ဖြစ်၏။
ဤနှစ်များစွာတိုင် ရှေးဟောင်းမျိုးနွယ်များကြား အာဏာရှင်များ အပါအဝင် ဤကပ်ဘေး၌ သက်ဝင်လှုပ်ရှားလာကြသည်။ ထို့ကြောင့် ဝမ်ဝေ့က အထောက်အပံ့နှင့် အကူအညီများစွာ ရရှိထား၏။ ထိုမျိုးနွယ်များက အဖြစ်အပျက်ကို နားလည်ထားကြပြီး သူတို့ကိုယ်သူတို့နှင့် သူတို့၏ ဘိုးဘေးများကို ကာကွယ်လိုကြသည်။
ငါ အံ့ဩမိသား …
ဝမ်ဝေ့က သတင်းအချက်အလက်တစ်ခုကို ကြည့်ရင်း တွေးလိုက်သည်။
မဟာချင်တိုင်းပြည်က ငါ ထင်ထားသလောက် စိတ်တက်ကြွမှု မရှိဘူးပဲ…
တင်ပြချက်များအရ မဟာချင်တိုင်းပြည်သည် ကူညီခဲ့သော်လည်း သူတို့၏ သဘောထားက အနာဂတ်အကြောင်း စိုးရိမ်နေဟန် မပေါ်ပေ။
သူတို့က သူတို့ရဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်အောင်လောက်ပဲ လုပ်နေတာ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
အဲဒါဆိုတော့ သူတို့က လူသားဧကရာဇ်နှစ်ယောက် ရှိနိုင်တယ်ဆိုတာကို သိသွားလို့နေမယ်။ ယင်ကျန်းကလည်း တခြားတစ်ယောက် ရတာကို ဂရုမစိုက်ဘူး။ အင်း ကိစ္စတွေကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ…
ဝမ်ဝေ့က မဟာချင်တိုင်းပြည်ကို အာရုံမစိုက်တော့ပေ။ သူက အနာဂတ်ညှိနှိုင်းမှုများ ရှိလာသည့်အခါ အခွင့်သာမှု ရှိထားကြောင်း သိထား၏။ ယင်ကျန်းက သူ့ကို လိုအပ်လေသည်။
ထို့နောက် သူက ပိုမိုအရေးကြီးသည့် အန္တိမသဟဇာတကိုသာ အာရုံစိုက်လိုက်၏။
သူက အရမ်းကို ငြိမ်လွန်းနေတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါက ဝင်ရောက်စွက်ဖက်နိုင်တဲ့ စွမ်းရည် လျော့ကျသွားတယ်ဆိုတဲ့ အရိပ်အယောင်ဆိုရင်တော့ ကောင်းမှာ။ ဒါပေမဲ့ အဲ့လိုမဖြစ်နိုင်ဘူး…
နောက်ဆုံးအကြိမ် ထိုသူ ငြိမ်ကျသွားစဉ်အခါက ထိုသူသည် ကြီးမားသည့် လှုပ်ရှားမှုတစ်ခုဖြင့် ပေါ်ထွက်လာလေသည်။
မေတ္တယျ ခင်ဗျားကို အပြစ်မတင်ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား သူ့နောက်ထပ် လှုပ်ရှားမှုကို အရင်ကလိုမျိုး ခွင့်ပြုထားလို့မရဘူး…
ဝမ်ဝေ့က ဆုတောင်းလိုက်သည်။ သူက တစ်စုံတစ်ယောက်အပေါ် မှီခိုနေရသည့် ခံစားချက်ကို သဘောမကျသလို သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အချက်ကိုလည်း သဘောမကျပေ။ သို့သော်လည်း သူ့အနေနှင့် လက်ရှိအခြေအနေတွင် တတ်နိုင်သည့်အရာဟူ၍ မရှိပေ။
ဝမ်ဝေ့က သူ လုပ်ဖို့လိုအပ်သည့် အရာအားလုံးကို ဖြေရှင်းလိုက်၏။ ထို့ကြောင့် သူတို့သည် နောက်ထပ် လှုပ်ရှားမှုအကြောင်း စတင်စဉ်းစားလိုက်သည်။ သူက ပိုမိုလှုပ်ရှားရမည့် အတွေးကို ဖယ်ရှားလိုက်သည်။ သူက ဆူဆူညံညံ လုပ်ခဲ့ပါက အန္တိမသဟဇာတကို ခွဲထုတ်နိုင်လိမ့်မည်။
ဒါပေမဲ့ ငါက ဘယ်လိုဆူဆူညံညံ လုပ်နိုင်မှာလဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ကပ်ပါးတစ်ယောက်ကို သတ်တာက လုံလောက်တယ်။ ဒါပေမဲ့ အဲဒီအပြုအမူမျိုးက ဆိုးကျိုးနဲ့ ကောင်းကျိုးတွေ တွဲနေတာ…
ဝမ်ဝေ့က ကောင်းကင်တာအိုသည် တခြားသူများကို ကပ်ပါးများ၏ ဝန်ထုပ်ကို မျှဝေခြင်းဖြင့် သူ့ကို ဝန်လျှော့ပေးခဲ့ကြောင်း သိထားလေသည်။ အကယ်၍ ဝမ်ဝေ့က ပေါ်ထွက်လာပြီး ဝင်ရောက်စွက်ဖက်ခဲ့ပါက သူ့ပုခုံးပေါ်မှ ဝန်ထုပ်သည် ပိုမိုတိုးပွားလာလိမ့်မည်။
အဲဒီလူတွေက ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲ…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက ထိုသူများသည် ရှုကျင်းယောင်လိုမျိုး မြန်ဆန်ဖို့ မျှော်လင့်နေလေ၏။ သို့သော်လည်း ဝမ်ဝေ့က ရှုကျင်းယောင်သည်ပင် သူမအနေဖြင့် မလှုပ်ရှားခင် ယွမ်ခေတ်ကာလများစွာ စီစဉ်ခဲ့ရကြောင်း သိထားသည့်အတွက် သူ့ညည်းတွားမှုက တရားမမျှတကြောင်း သိလိုက်သည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူက အရမ်းစိတ်ဖိစီးလွန်းနေကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့အတွေးများက စိုးရိမ်ကြီးလာခဲ့၏။
ဘာမှမလုပ်ပဲ နေရတာ အခြေအနေဆိုးတယ်။ အချိန်က ငါ့ဘက်မှာ မရှိဘူး။ ဒါပေမဲ့ အလျင်လိုနေဖို့လည်း မလိုသေးဘူး…
ဤငြိမ်းချမ်းသည့် အခြေအနေက ကြာကြာဆက်ဖြစ်လေလေ သေမျိုးများက ကြီးထွားပြီး အမှီအခိုကင်းမဲ့ဖို့ အခွင့်အရေးက ပိုမိုမြင့်မားလေလေ ဖြစ်၏။
ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်မှ သေရည်အိုးကို ထုတ်ကာ သောက်သုံးလိုက်သည်။ သူ့အနာဂတ်ဇနီးလောင်းက သူ့အတွက် အရသာရှိသည့် အရာများစွာကို ချန်ထားခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာမည့် မိုးကြိုးချက်ကို တားဖို့ သူ့အဆီအနှစ် စိတ်ဝိညာဉ်ပန်းပွင့်၏ သက်ရောက်မှုကို ပိတ်ဆို့ထားရသည်။
တစ်ယောက်ယောက်နဲ့ အတူတူ သောက်လို့ရရင် ကောင်းမှာ…
ဝမ်ဝေ့က တွေးပြီး ဘယ်သူနှင့် သောက်နိုင်မလဲဟု စဉ်းစားလိုက်သည်။ သူ့အနာဂတ် ဇနီးလောင်းက စည်းပိတ်ခံထားရပြီး လီကျွင်းနှင့် ယန်းလီလင်းတို့က ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေသေး၏။ သူ့မိဘများက ပျောက်ကွယ်သွားပြီဖြစ်ကာ ဝမ်ကျူကလည်း ပြန်လည်ဝင်စားသွားလေပြီ။ ထို့ကြောင့် လူတချို့သာ ကျန်ရှိတော့၏။
“ဘိုးဘေးနဲ့ သောက်လို့ ရတယ်ဆိုပေမဲ့ ငါတို့ကြားမှာ ဝါစဉ်ဆိုတဲ့ တံတိုင်းကြီးတော့ ရှိနေတုန်းပဲ” ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူ့ဘိုးဘေးဓားဧကရီက စကားပြောဆိုရလွယ်ကူသော်လည်း သူမ၏ ပုံစံကို ချက်ချင်းဆိုသလို ပြောင်းလဲပြီး အပြစ်ပေးလာနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့စွမ်းအားက သူမအနား မရောက်ခင်အထိ သူမနှင့် ပြောရသည်မှာ သက်တောင့်သက်သာဖြစ်မည် မဟုတ်ပေ။
“ငါ့ဆီမှာ ရှိတဲ့ မိတ်ဆွေဆိုလို့ ဝမ်ချီနဲ့ ရှုရှစ်ပဲ ရှိတယ်” ဝမ်ဝေ့က တွေးလိုက်သည်။
ဝမ်ချီက ငါ့အပေါ် အရမ်းကို လေးစားလွန်းတော့ မိတ်ဆွေလို့တော့ သတ်မှတ်လို့တော့ မရသေးဘူး။ ရှုရှစ်နဲ့ ငါနဲ့ကျလည်း ကွဲပြားတဲ့ နောက်ခံတွေကြောင့် အတားအဆီးတစ်ခုတော့ ရှိနေတုန်းပဲ။ အဲဒါကြောင့် ရှေးလူကြီးတွေက ကျင့်ကြံရေးလမ်းစဉ်က အထီးကျန်ဆန်တယ်လို့ ပြောခဲ့တာလား…
ဝမ်ဝေ့က သက်ပြင်းချကာ ဆက်လက် သောက်သုံးလိုက်သည်။
“ချမ်းသာကြွယ်ဝမှု၊ နယ်မြေနှင့် အဖော်ပြုမှု၊” ဝမ်ဝေ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ကျန်တဲ့သူတွေအားလုံးက ဒါတွေက အခြေခံနည်းလမ်းတွေဆိုတာကို သိကြတယ်။ ချမ်းသာကြွယ်ဝမှုတွေ၊ နည်းလမ်းတွေနဲ့ ရယူပြီးတော့ ကျင့်ကြံရေးကောင်းချီး နယ်မြေကိုလည်း ခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ အဖော်ပြုပေးတဲ့ လမ်းစဉ်ကတော့ ကွဲပြားတယ်။ ဒီရှည်လျားတဲ့ ခရီးလမ်းကြီးထဲမှာ ကိုယ်ယုံကြည်ရတဲ့လူတွေ ရှိနေတာထက် ပိုပြီး အဖိုးတန်တဲ့အရာမရှိဘူး”
ဝမ်ဝေ့က သေရည် အရသာခံကာ သောက်လိုက်သည်။ သို့သော်လည်း သူက မမူးပေ။ ထိုသေရည်က ပြင်းလွန်းသည့်အတွက် မဟုတ်သလို လုပ်နိုင်စွမ်း မရှိ၍လည်း မဟုတ်ပေ။ ပြောရမည်ဆိုလျှင် သူက မလုပ်ရဲ၍သာ ဖြစ်၏။ သူ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်က ဤသို့ ကြိုးစားနေရသည့် အချိန်အခါမျိုး၌ အရေးကြီးဆုံးဖြစ်သည့်အတွက် ထိုအရာကို သက်ရောက်မှုရှိဖို့ ဘာမှမလုပ်ရဲပေ။ နောက်ဆုံးတွင် သက်ပြင်းချကာ သေရည်ကို သိမ်းဆည်းလိုက်၏။ သူက မမူးဝေနိုင်သည့်အတွက် သောက်သုံးနေ၍ အကျိုးမရှိပေ။
“ဟမ် အချိန်ကိုက်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူ့ကိုယ်သူ အာရုံလွှဲပြောင်းဖို့ တစ်စုံတစ်ခု လိုအပ်နေသည့်အချိန် သူ့ဆက်သွယ်ရေးအဆောင်က အချိန်မီ လှုပ်ခတ်လာသည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ဖတ်ရှုလိုက်၏။ တစ်စုံတစ်ယောက်က အရေးကြီးသည့် အကြောင်းအရာတစ်ခုကို တင်ပြဖို့ရှိနေသော်လည်း သူ့အား ကိုယ်တိုင် လာရောက်ကြည့်စေချင်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပေါ်ထွက်လာဖို့ စဉ်းစားလိုက်၏။
ဝမ်ဝေ့က လူများ ပြည့်နှက်နေသည့် ကျယ်ပြောလှသည့် ကမ္ဘာကြီးဆီ သွားလိုက်သည်။ သို့သော် သူတို့အားလုံးက သေမျိုးများသာ ဖြစ်၏။ သို့သော်လည်း သေချာကြည့်ပါက သူတို့က တခြားသူများနှင့် ကွဲပြားနေကြောင်း မြင်နိုင်လိမ့်မည်။ အားလုံးက ပိုးဝတ်စုံကို ဝတ်ဆင်ထားကြ၏။ သူတို့၏ ချီနှင့်သွေးတို့က ကြွယ်ဝကာ သူတို့၏ မျက်ဝန်းများကလည်း ဉာဏ်ပညာဖြင့် ပြည့်ဝနေလေသည်။
ထို့အပြင် သူတို့ဝန်းကျင်တွင်ရှိနေသည့် အရာအားလုံးက သူတို့၏ လက်မှုပညာ၊ ကူးသန်းသွားလာရေးနည်းလမ်း၊ စိုက်ပျိုးရေး အစရှိသည့်အရာများက အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်နေလေသည်။
အပြင်ဘက်မှာ နှစ် ၅၀ ကုန်သွားပြီဆိုတော့ ဒီကမ္ဘာထဲမှာ နှစ် ၃၅၀ ကုန်သွားပြီပဲ။ သူက ဒီအဆင့်အနေအထားထိတောင် ရောက်နေကြပြီ…
သူတို့က ဒိုင်မေးရှင်းအနိမ့်က ဗဟုသုတများကို မှီခိုနေရသော်လည်း အတော်လေး ထူးချွန်ပြောင်မြောက်လှသည်။
တုချုံးကိုတော့ ချီးကျူးရမှာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ ရွေးချယ်ထားသည့် ခေါင်းဆောင်များအနက် တုချုံးသည် အမှန်တကယ်ထူးကဲလှသည့်အတွက် သူ့လူများထဲမှ တစ်ယောက်ကို ကာကွယ်သူအဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်၏။
“ကျားဖျင့် ဘာလို့ဆက်သွယ်လိုက်တာလဲ”
“အရှင် ဒီရောက်လာပြီပဲ” ကျားဖျင့်က ရောက်ရှိလာကာ ဝမ်ဝေ့၏ ပုံရိပ်ယောင်ရှေ့တွင် ဦးညွှတ်လိုက်သည်။
“မင်း လုပ်ထုံးလုပ်နည်းတွေကို သိတယ်မလား။ တဲ့တိုးပဲ ပြော”
ဝမ်ဝေ့က ပြောလိုက်သည်။ လက်ရှိလုပ်ထုံးလုပ်နည်းအရ စကားဝိုင်းသည် မြန်မြန်ဆန်ဆန်ပြောရမည်ဖြစ်ကာ အချိန်ဖြုန်းနေခြင်းကို ခွင့်မပြုပေ။
“ကျုပ် သိပါပြီ။ အရင်ဆုံး တင်ပြစရာနှစ်ခုရှိပါတယ်။ ပထမဦးဆုံးတစ်ခုက ဒီကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုပါ။ နောက်တစ်ခုကတော့ ကိုယ်ပိုင်ကိစ္စဆိုတော့ စောင့်လို့ရပါသေးတယ်။” ကျားဖျင့်က ပြန်ဖြေလိုက်သည်။
“ရှေ့ကနေ လမ်းပြ” နှစ်ဦးသားက လျှို့ဝှက်စမ်းသပ်ခန်းအတွင်း ဦးတည်လိုက်ကြသည်။ ဝမ်ဝေ့က လူငယ်လေး တုချုံးကို မြင်လိုက်ရ၏။ ဒိုင်မေးရှင်းအမြင့်တွင်ရှိသည့် သေမျိုးများက သက်တမ်း ငါးရာမှ တစ်ထောင်အထိ ရှိကြသည့်အတွက် တုချုံးက ငယ်ရွယ်နေသည်မှာ မထူးဆန်းတော့ပေ။
“လူကြီးမင်း” တုချုံးက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည့်အတွက် ဤစမ်းသပ်ခန်းတွင်ရှိနေသည့် လက်နက်သန့်စင်သူအများစုက အံ့အားသင့်သွားကြသည်။ သူတို့က စွမ်းအားကြီးသည့်ခေါင်းဆောင်သည် တစ်ယောက်ယောက်ထံ ဦးညွှတ်လိမ်မည်ဟု ထင်မှတ်မထားမိပေ။
ကျားဖျင့်ကလည်း တုချုံး၏ လုပ်ပိုင်ခွင့်များကို ပေးအပ်ထားပြီး ထိုသူအား သူ့ထံ လူသိရှင်ကြားဦးညွှတ်ဖို့ ခွင့်မပြုသည့်အတွက် ထိုသေမျိုးများ၏ တုံ့ပြန်မှု ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုသူများက သိချင်စွာဖြင့် ဝမ်ဝေ့ကို ကြည့်လိုက်ကြသည်။ သူတို့က ပိုမိုအံ့အားသင့်သွားလေ၏။ သူတို့၏ ကမ္ဘာကြီးက ဖြစ်တည်မှုတစ်ခုကိုသာ ကိုးကွယ်ယုံကြည်ကြသည်။ ထိုအရာက အစောင့်အရှောက် နတ်ဘုရား ဖြစ်၏။ ထိုအမျိုးသားက ထိုသူနှင့် တစ်ပုံစံတည်း တူနေလေသည်။
“တုချုံး မင်း ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က သူ့ကို ကြည့်ရင်း ချီးကျူးလိုက်သည်။
“ကျေးဇူးပါ။ ဒါတွေအားလုံးက အရှင့်ရဲ့ အားစိုက်ထုတ်မှုကြောင့်ပါ”
“ငါက အခြေခံချပေးရုံပဲ။ လက်ရှိအောင်မြင်မှုတွေအားလုံးက မင်းတို့လူတွေအားလုံးရဲ့ ကြိုးစားမှုကြောင့်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကို မြှောက်ကာ တုချုံး၏ လောကဝတ်ချော်မှုကို တားဆီးပြီး ဆက်ပြောလိုက်သည်။
“အနာဂတ်က စောင့်ဆိုင်းနေတယ်ဆိုတာကို မင်းလည်း နားလည်ပါတယ်။ မင်းရဲ့ လက်ရှိငြိမ်းချမ်းမှုက ပုံရိပ်ယောင်တစ်ခုပဲလေ”
“အရှင် မစိုးရိမ်ပါနဲ့။ ကျွန်တော် သေချာသိပါတယ်။” တုချုံးက ပြန်ဖြေလိုက်သည်။ သူက သူတို့ကမ္ဘာနှင့် လူမှုအဖွဲ့အစည်း၏ အနာဂတ်သည် အဆုံးမဲ့စစ်ပွဲ ဖြစ်ကြောင်း သိထားလေ၏။ သူတို့က အပြင်ဘက်တွင် ကပ်ဘေးမပြီးဆုံးသွားခင်အထိ ဤနေရာတွင် ပုန်းအောင်းနေ၍ မရပေ။
“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ကျားဖျင့်ကို ထိုသူများကို ကာကွယ်ဖို့ စေလွှတ်ထားသော်လည်း သူတို့ကို စောင့်ကြည့်ဖို့ရာ နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ဝမ်ဝေ့က ချိုမြိန်လှသည့် ငြိမ်းချမ်းရေးအရသာသည် ထိုသူများအား တိုက်စားသွားပြီး သူတို့၏ တာဝန်ကို စွန့်ပယ်သွားစေဖို့ အလိုမရှိပေ။
“ကောင်းပြီ။ အခု ဘာလို့ စိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြောဦး”