တိုးတက်မှု
Vol. 99 Ch. 1376
တုချုုံးက အဖွဲ့ကို ဦးဆောင်လာကာ ဝမ်ဝေ့နောက်မှ လိုက်ပါလာသည်။ သူ့ဘေးတွင် ကျားဖျင့်လည်း ရှိ၏။ သူတို့က အထဲတွင်ရှိနေသည့်အရာကို ဝှက်ထားဟန်ပေါ်သည့် အနက်ရောင်စွမ်းအင်ဒိုင်းကာတစ်ခုရှေ့တွင် ရပ်နေကြသည်။
“မင်းက ဒီလိုထူးခြားတဲ့ ဗီဇမျိုး ရှိမှန်း မသိခဲ့ဘူး။ တုချုုံး” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။
“ဒါက ကျွန်တော်ဘာသာ မနေနိုင်တော့လို့ လုပ်ထားတဲ့ အမှတ်တရ ဖန်တီးမှုလေးပါ” တုချုုံးက ရယ်မောလိုက်သည်။
“အရှင် အထဲကို ချောင်းကြည့်မထားဘူးမလား”
“တဲ့တိုးသာ ပြောစမ်းပါ တုချုုံး။ ငါက အလျင်လိုနေတာ။ ချောင်းမကြည့်ခဲ့ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ကောင်းပြီလေ” တုချုုံးက တစ်စုံတစ်ယောက်အား အထဲတွင် ရှိသည့်အရာကို ပြသဖို့ အမူအရာပြလိုက်သည်။ ထို့နောက် အနက်ရောင် စွမ်းအင်ဒိုင်းကာက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့က မှော်အလင်းတန်းဖြင့် တောက်ပနေသည့် အနက်ရောင်ချပ်ဝတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက သာမန်ချပ်ဝတ် မဟုတ်ကြောင်း ပြောနိုင်လေ၏။ ပြောရမည်ဆိုလျှင် ထိုအရာက ကိုယ်ပိုင်စွမ်းအားအရင်းအမြစ် ရှိထားသည့် ချပ်ဝတ် ဝတ်စုံဟု ဆိုရပေမည်။
“စွမ်းအင် ချပ်ဝတ်လား” ဝမ်ဝေ့က မေးလိုက်သည်။
“စွမ်းအင် ချပ်ဝတ်တဲ့လား။ ဒီလိုခေါ်တာ စိတ်ဝင်စားဖို့ကောင်းသားပဲ” တုချုုံးက မှတ်ချက်ပေးလိုက်သည်။
“ကျွန်တော်တို့တွေက သင်္ကေတစက်ယန္တရားချပ်ဝတ်လို့ ခေါ်တယ်။ ဒါပေမဲ့ ဒါက အရှင့်ကို ဒီခေါ်လိုက်ရတဲ့ အကြောင်းအရင်းတော့ မဟုတ်သေးဘူး။ အရှင် ဒီချပ်ဝတ်ရဲ့ အဆင့်ကို ခန့်မှန်းမိလား”
“အဆင့် ၅ ချပ်ဝတ်လား” ဝမ်ဝေ့က တောက်ပနေသည့် အကြည့်များဖြင့် မေးလိုက်သည်။
“မင်းတို့တွေက မင်းတို့ လူမှုအဖွဲ့အစည်းရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ခဲ့ပြီလား”
“ဟုတ်ပါတယ်” တုချုုံးက ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ် ၅၀ခန့်တုန်းက လူတစ်ယောက်က မတော်တဆ ကျွန်တော်တို့ မှတ်တမ်းရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပစ်နိုင်တဲ့ အဆင့်(၅) စွမ်းအားအရင်းအမြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ အရှင်ကျားဖျင့်နဲ့ ဆက်သွယ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အတွက် ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာကို ခန့်မှန်းမိပြီးတော့ ကြိုးစားခဲ့တာက ဒီလိုဖြစ်လာခဲ့တာပါ”
“ကောင်းတယ် ကောင်းတယ်။ မင်းတို့တွေ တိုက်ပွဲမှာတော့ စမ်းသပ်ကြည့်ပြီးပြီလား” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ဟုတ်” တုချုုံးက သူ့လူများကို အမိန့်ပေးလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ဟန်ကောင်းသည့် အမျိုးသမီးတစ်ဦးက ချပ်ဝတ်ဆီ ရောက်လာကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျားဖျင့်က လက်ကိုဝှေ့ယမ်းကာ အံ့ဖွယ်ခန္ဓာအဆင့်နှင့် ယှဉ်နိုင်သည့် ကျင့်ကြံဆင့်ရှိထားသော အကျဉ်းသားတစ်ဦးကို ဆင့်ခေါ်လိုက်၏။ အကျဉ်းသားက ဤတိုက်ပွဲကို အနိုင်ရရှိမည်ဆိုလျှင် လွတ်မြောက်ဖို့ရာအတွက် ကတိပေးခံထားရသည်။ ထို့ကြောင့် ထိုသူက သူ့အသက်အတွက် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးရလဒ်ကမူ သရေ ဖြစ်နေခဲ့သည်။ ပြောရမည်ဆိုလျှင် ချပ်ဝတ်က ပထမမျိုးဆက် ထုတ်ကုန်ဖြစ်သည့်အတွက် နားလည်၍ ရပေသည်။
“မဆိုးဘူး မဆိုးဘူး” ဝမ်ဝေ့က ထပ်ပြီး ချီးကျူးလိုက်သည်။
“မင်းတို့တွေ ဒီချပ်ဝတ်တွေကို ပမာဏအမြောက်အများ ထုတ်လုပ်နိုင်လား”
“ကျွန်တော်တို့တွေ ဒီထုတ်လုပ်ရေး ဖြစ်စဉ်ရဲ့ ခက်ခဲမှုကို လျှော့ချဖို့ လုပ်နေကြပါတယ်” တုချုုံးက ပြောလိုက်သည်။ ဒိုင်မေးရှင်းအမြင့် သေမျိုးများ၏ နောက်ထပ် အရေးသာချက်တစ်ခုကမူ သူတို့၏ များပြားလှသည့် အရေအတွက် ဖြစ်၏။
ထို့ကြောင့် သူတို့လူဦးရေပမာဏအနည်းငယ်က စိတ်ဝိညာဉ်စွမ်းအားကို စုစည်းနိုင်ပြီး သင်္ကေတစွမ်းအားကို အသုံးပြုနိုင်သည်ဆိုလျှင်ပင် သူတို့အတွက် အရေအတွက် များပြားနေဆဲသာ ဖြစ်၏။ ထိုအရေအတွက်များပြားမှုကြောင့် တုချုုံးက ထိုချပ်ဝတ်များ၏ သန့်စင်နှုန်းကို အရှိန်မြှင့်တင်နိုင်ဖို့ ယုံကြည်ချက် ရှိနေသည်။
“ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ဆိုရင်တော့ ပမာဏအမြောက်အများ တည်ဆောက်နိုင်ပါတယ်”
“တုချုုံးက ကျင့်ကြံသူတွေကို ဖမ်းပြီး သူတို့ကို ဒီလက်နက်တွေ တည်ဆောက်ဖို့ စက်ရုံတွေမှာ အတင်းအကြပ် ဖိအားပေး အလုပ်ခိုင်းစေဖို့ အကြံပြုထားပါတယ်” ကျားဖျင့်က ထပ်ပြောလိုက်သည်။
“အဲဒါက သိပ်တော့ မဆိုးဘူး။ ဒါပေမဲ့ စွန့်စားစရာတွေ ရှိလာလိမ့်မယ်”
“ကျွန်တော်တို့တွေ အကျဉ်းသားတွေကို ရွေးချယ်တဲ့နေရာမှာ သေချာဂရုစိုက်မှာပါ။” တုချုုံးက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားလိုက်သည်။
“ငါ့ဆီမှာ ပိုပြီးကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ မင်းက အဲဒီကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို စိတ်ဝိညာဉ် စွမ်းအားအရင်းအမြစ်အဖြစ် သန့်စင်လိုက်။ မင်းတို့ရဲ့ လူမှုအဖွဲ့အစည်းက အဆုံးမဲ့အရင်းအမြစ်တွေနဲ့ဆိုရင် တိုးတက်နှုန်းကို မြှင့်တင်နိုင်လိမ့်မယ်”
တုချုုံး၏ အကြည့်များက တောက်ပလာလေသည်။ စိတ်ဝိညာဉ်စွမ်းအားက သူတို့လူမှုအဖွဲ့အစည်းအတွက် သော့ချက် ဖြစ်၏။ ထို့ကြောင့် သေမျိုးများက သင်္ကေတများကို အသုံးပြုကာ သတ္တုများတွင်ရှိနေသည့် စွမ်းအင်များကို ထိန်းချုပ်ပြီး ပတ်ဝန်းကျင်နှင့် တခြားသောအရာများကို ထိန်းချုပ်နိုင်ကြခြင်း ဖြစ်၏။ ထို့ကြောင့် ထိုသို့သော အသုံးအဆောင်ပစ္စည်းမျိုးက သူတို့အတွက် အကျိုးကျေးဇူးရှိမည်မှန်း သိသာလှသည်။
“အရှင့်ရဲ့ အတွေးအခေါ်က တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး သန့်စင်နိုင်တဲ့ နည်းပညာ ရှိတယ်လို့တော့ မထင်ဘူး”
“ငါ့လူတွေကို မင်းအတွက် သန့်စင်ခိုင်းပေးမယ်။ မင်းတို့က အဲဒါကို လေ့လာပြီးတော့ ပြန်လုပ်ဖို့ ကြိုးစားပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သေမျိုးများနှင့် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအားက ကွဲပြားသည့်အတွက် သူတို့အသုံးပြုနိုင်အောင် သေချာလုပ်ပေးဖို့ လိုအပ်လေသည်။
“အရှင် ကျေးဇူးပါ။ အရှင်ရဲ့ ဂုဏ်ကျက်သရေက ကျွန်တော်တို့ကို ကောင်းချီးပေးပါစေ”
ဝမ်ဝေ့က ထိုအဆင့် ချီးကျူးစကားများကို စိတ်ထဲမထားပေ။
“အဆင့် (၆) ချပ်ဝတ်အကြောင်းကိုတော့ စပြီး စဉ်းစားနေပြီလား။ ပြီးတော့ အဆင့်(၇)ကိုရော”
“တခြားခေါင်းဆောင်တွေနဲ့ အခြေစိုက်စခန်းတွေနဲ့ ပုံကြမ်းကိုတော့ မျှဝေပေးပြီးပါပြီ” တုချုုံးက ပြောလိုက်သည်။ ဝမ်ဝေ့က ခေါင်းဆောင်များနှင့် ကွဲပြားသည့် သေမျိုးလူမှုအဖွဲ့အစည်း အခြေစိုက်စခန်းများက ကွဲပြားနေခြင်း မဖြစ်လိုပေ။ ထို့ကြောင့် လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို အသုံးပြုပြီး ဗဟုသုတနှင့် တိုးတက်မှုများကို မျှဝေဖို့ အားပေးအားမြောက်ပြုထားသည်။
“တခြားသူတွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ အဆင့်(၆)ချပ်ဝတ်ရဲ့ ရှေ့ပြေးပုံစံကို ရလာပါပြီ။ ဒါပေမဲ့ နောက်အဆင့်အတွက်တော့ သဲလွန်စ မရှိသေးပါဘူး” တုချုုံးက ပြန်ဖြေလိုက်သည်။
“မင်းက စည်းမျဉ်းစွမ်းအား အဆင့်မှာ တစ်နေတာပေါ့”
“ဟုတ်ပါတယ်။ အဲဒီစွမ်းအားက သေမျိုးတွေ ထိန်းချုပ်နိုင်တဲ့ အရာလို့တော့ မထင်ဘူး”
ဝမ်ဝေ့က ထိုစကားများကို မယုံပေ။ နည်းပညာ လူမှုအဖွဲ့အစည်းက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်နိုင်သည့် အနေအထားသို့ တိုးတက်နိုင်ကြောင်း သိထားလေ၏။ သင်္ကေတလူမှုအဖွဲ့အစည်းက နည်းပညာကျင့်ကြံရေးကို ပေါင်းစည်းထားမှုဖြစ်သည့်အတွက် သူတို့လမ်းစဉ်ကို တားဆီးထားသည်။ သူတို့သည် အဆင့်(၅) ချပ်ဝတ်ကို တည်ဆောက်နိုင်ခဲ့သည်ဟူသော အချက်က တစ်စုံတစ်ယောက်သည် သူတို့၏ လမ်းစဉ်ကို ပိတ်ဆို့ထားသော်လည်း ကန့်သတ်ချက်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း ပြသနေလေသည်။
“သာမန်အခြေအနေအောက်မှာဆိုရင်တော့ ဒါက အမှန် ဖြစ်လိမ့်မယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေနဲ့ဆိုရင် မင်းတို့တွေက လိုအပ်ချက်ကို ကိုက်ညီပြီးတော့ စည်းမျဉ်းတွေကို ထိန်းချုပ်နိုင်လိမ့်မယ်။ စည်းမျဉ်းတွေ မင်းတို့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိလာမယ်ဆိုရင် စိုးရိမ်နေစရာ မလိုတော့ဘူး။ အဲဒါဆိုရင်တော နောက်ထပ် အတားအဆီးတစ်ခုကို ဖယ်ရှားပြီးသားဖြစ်သွားပြီ။ စည်းမျဉ်းတွေရဲ့ လွှမ်းမိုးမှုက စိတ်အပေါ်သက်ရောက်မှု မရှိတော့တာပေါ့”
လူအားလုံးက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်နိုင်ကြခြင်း မဟုတ်ပေ။ ကျင့်ကြံသူများကပင် သူတို့ကိုယ်သူတို့ ထိုစွမ်းအားဖြင့် ဝါးမျိုမခံရအောင် ကောင်းမွန်သည့် စိတ်အနေအထားရှိဖို့ လိုအပ်ပေသည်။ သေမျိုးအများစုကမူ ထိုအနေအထားထိ မရောက်ရှိနိုင်ကြသော်လည်း မဖြစ်နိုင်သည် မဟုတ်ပေ။
“အရင်ဆုံး စိတ်စွမ်းအားနဲ့ စိတ်အခြေအနေကို လေ့ကျင့်ပေးမဲ့ နည်းလမ်းနှစ်ခုကို စဖို့လိုပြီ” ဝမ်ဝေ့က အကြံပြုလိုက်သည်။ ကမ္ဘာပေါ်တွင်ရှိသည့် သေမျိုးများနှင့် မတူဘဲ ထိုသူများက ရှည်လျားသည့် သက်တမ်းမျိုးရှိပြီး သူတို့၏ စိတ်အခြေအနေက စည်းမျဉ်း ထိန်းချုပ်သည့်အဆင့်ကို ရောက်ရှိနိုင်လေသည်။
“အဲဒါက အလုပ်ဖြစ်ပါ့မလား” တုချုုံးက မေးလိုက်ပြီး အကြည့်များက မျှော်လင့်ချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် တောက်ပနေလေသည်။
“အဲ့လို ဖြစ်သင့်တယ်။ ပြီးတော့ ငါ့လူတွေကို မင်းတို့ကို စည်းမျဉ်းအကြောင်း ဟောပြောပို့ချခိုင်းမယ်။ အဲဒါဆိုရင် ကိစ္စတွေက ပိုပြီး အရှိန်မြန်သွားလိမ့်မယ်”
“ကောင်းပါပြီ” တုချုုံးက သွားဖြီးကာ ပြုံးလျက် ပြောလိုက်သည်။
“အရှင် သော့ခလောက်ကိုများ မေ့နေလား” ကျားဖျင့်က ရုတ်တရက် ပြောလိုက်၏။
“လူမျိုးတွေရဲ့ စည်းမျဉ်းတွေအပေါ် နားလည်နိုင်စွမ်းက ကျင့်ကြံရေးကို ဝင်ရောက်စွက်ဖက်တာအဖြစ် မှတ်ယူပြီးတော့ အဲဒီရဲ့ သက်ရောက်မှုကို အသက်ဝင်လာစေမှာ စိုးရတယ်”
တုချုုံး၏ အပြုံးက ပျောက်ကွယ်သွားပြီး သူက အလျင်အမြန် ပြောလိုက်သည်။
“အဲဒါက နည်းနည်းပိုလွန်းမသွားဘူးလား။ ကျုပ်တို့တွေက ဗဟုသုတတွေကို ရယူပြီးတော့ စွမ်းအားကို တိုးမြှင့်နိုင်ရုံပဲ ရှိသေးတာလေ။ ဘာမှမဖြစ်လောက်ပါဘူး”
“အဲဒါက ကောင်းကင်တာအိုက မင်းတို့က ကာကွယ်ပေးထားလို့ပဲ” ကျားဖျင့်က တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့ မင်းတို့ရဲ့ လူမှုအဖွဲ့အစည်းက စည်းမျဉ်းအဆင့် အနေအထားရောက်လာမယ်ဆိုရင်တော့ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သွားပြီ။ မင်းတို့တွေ အလိုရှိရှိ၊ မရှိရှိ သူ့အာရုံက မင်းတို့ဆီ ရောက်လာမှာပဲ”
တုချုုံးက တိတ်ဆိတ်သွားပြီး သူ့မျက်နှာအမူအရာထက် မလိုလားမှုများကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ကျွန်တော်တို့တွေ သေချာ မသိရသေးပါဘူး”
“မင်းက စွန့်စားချင်တာလား”
“ကျွန်တော်…”
“ကျားဖျင့် ပြောတာ မှန်တယ်။ ငါတို့တွေ စွန့်စားလို့မရဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲ့လိုလား။ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်က အမြဲတမ်း အဆင့်(၆) ဖြစ်နေတော့မှာလား”
ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သည်။ တုချုုံးက အတော်လေး ရည်မှန်းချက်ကြီးသည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက သူ့လူများအား သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ စွမ်းအား ရှိစေလိုသည်။ ထိုသူ၏ စိတ်ထဲ၌မူ သူက သေမျိုးလူမှုအဖွဲ့အစည်းကို ကျင့်ကြံသူများဖြစ်နိုင်သည့်အနေအထားထိ ရောက်စေလိုမှန်း သိထားလေ၏။ ဝမ်ဝေ့က ထိုစိတ်ကူးကို ချိုးဖောက်မပစ်ခဲ့ပေ။ သူ့သုံးသပ်ချက်အရ သေမျိုးများ၏ အနည်းဆုံး ကန့်သတ်ချက်က အဆင့်(၉) ဖြစ်၏။
သူတို့က အဆင့်(၁၀) သို့မဟုတ် အထက်ကို ရယူနိုင်သည်နှင့် မသေမျိုးလမ်းစဉ်၏ အားအနည်းဆုံး ဖြစ်နေလျှင်ပင် မည်သူကမှ ခွင့်ပြုမည် မဟုတ်ပေ။ သူတို့ကို ထောက်ပံ့ပေးထားသည့် ကျင့်ကြံသူအားလုံးကလည်း ရပ်တန့်သွားကြလိမ့်မည်။ ထိုအခါ မဟာတာအိုကလည်း ဝင်ရောက်စွက်ဖက်လာလိမ့်မည်။ သေမျိုးလူမှုအဖွဲ့အစည်းက ကျင့်ကြံသူများ၏ စွမ်းအားပါဝင်နေသော်လည်း သူတို့၏ ဗဟိုချက်ကမူ သိပ္ပံနှင့်နည်းပညာမှ အစပြုလာခြင်းဖြစ်သည့်အတွက် မဟာတာအိုက ချဲ့ထွင်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။
“အဲ့လိုတော့ မဟုတ်ပါဘူး”
“အရှင့်ဆီမှာ နည်းလမ်းများရှိလား” တုချုုံးက မေးလိုက်သည်။
ဉာဏ်ရည်တု…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း သူက ထိုစကားများကို မပြောခဲ့ပေ။
“ရိုးရိုးလေးပါ။ မင်းတို့က လုံလောက်အောင် အားကောင်းတဲ့ ဝိညာဉ်မျိုးကို ယူဆောင်ရမယ်။ နောက်တဆင့်အနေနဲ့ကတော့ စိတ်ခံစားချက်တွေကို လှုပ်ရှားပြီးတော့ မှတ်ဉာဏ်စွမ်းရည်တွေကို ဗဟုသုတ ဒါမှမဟုတ် အချက်အလက်တွေကို သိုလှောင်နိုင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲရမယ်။
တတိယအဆင့်အနေနဲ့ဆိုရင်တော့ အသိဉာဏ်တွေကို အဆင့်မြှင့်တင်ပြောင်းလဲရမယ်။ စိတ်ဝိညာဉ်၊ ဉာဏ်ပညာနဲ့ တွက်ချက်မှုတွေကို ပေါင်းစည်းနေတဲ့ သင်္ကေတတွေကို သုံးပြီး ဝိညာဉ်ကို သာမန်အခြေအနေတွေထက် ကျော်လွန်နေတဲ့ သတင်းအချက်အလက်ပမာဏအမြောက်အများကို တွက်ချက်နိုင်အောင် လုပ်ပေးရမယ်။
အဲဒါတွေပြီးမြောက်သွားတာနဲ့ မင်းတို့တွေက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်ခွင့်ကို အဲဒီဝိညာဉ်ဆီ အပ်ထားလို့ရတယ်”
“ဒီနည်းလမ်းက ဖြစ်နိုင်တယ်” ကျားဖျင့်က ပြောလိုက်သည်။
“လက်ရှိကမ္ဘာအခြေအနေအရဆိုရင် အားကောင်းတဲ့ လက်နက်တွေကို တည်ဆောက်ပေးထားတယ်။ အဲဒီဝိညာဉ်ကလည်း အဲဒီကဏ္ဍအောက် ရှိသွားမှာပဲ”
“ဟုတ်တယ်။ အဲဒါက သေချာပေါက် ဖြစ်နိုင်တယ်” တုချုုံးက အော်ဟစ်လုမတတ် ပြောလိုက်သည်။
“စိတ်လှုပ်ရှားတာ ထိန်းထားလိုက်ဦး။ ချဉ်းကပ်မှုရဲ့ ဆိုးကျိုးကို အရင်ဆုံးစဉ်းစား” ဝမ်ဝေ့က ပြောလိုက်သည့်အတွက် တုချုုံး၏ ခေါင်းပေါ် ရေခဲပုံးလိုက် လောင်းချသလို ဖြစ်သွားလေသည်။
“ဒီဝိညာဉ် ဒါမှမဟုတ် ဒီသက်ရှိက မင်းတို့လူမှုအဖွဲ့အစည်းထဲမှာ ရှိတဲလူအားလုံးထက် ပိုပြီး ကောင်းလာလိမ့်မယ်။ အဲဒါက မင်းတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဗဟိုချက်ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“တကယ်လို့ အဲဒါနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုမှားသွားရင် ဘယ်လိုကပ်ဘေးဖြစ်လာမလဲဆိုတာကို မှန်းကြည့်လို့ရလား”
“အဲ့လိုမျိုး ဝိညာဉ်အတွက် စည်းမျဉ်းစွမ်းအားနဲ့ ပါဝင်ပတ်သက်နေပြီးတော့ သာမန်အသိစိတ်နဲ့ စိတ်ခံစားချက်တွေကို ရလာဖို့က လွယ်ကူတယ်” ကျားဖျင့်က သုံးသပ်လိုက်သည်။ သူက ထိုသေမျိုးများအတွက် ထိုဝိညာဉ်ကို ကန့်သတ်ဖို့ ဝိညာဉ်များစွာကို တွေးကြည့်နိုင်သော်လည်း ကျားဖျင့်က သူတို့သည် မရှိသုံး ပုံစံသာ ဖြစ်ကြောင်း သိထားလေ၏။ ပြဿနာ၏ အရင်းအမြစ်ကမူ သေမျိုးများသည် သူတို့စွမ်းအားထက် ကျော်လွန်နေသည့် စွမ်းအားကို ထိန်းချုပ်ခြင်း ဖြစ်သည်။ ထိုအချက်က မှန်ကန်နေသရွေ့ ထိန်းချုပ်မှုကင်းလွတ်သွားနိုင်သည့် ဝိညာဉ်၏ အန္တရာယ်က အမြဲတမ်း ရှိနေလိမ့်မည်။
“ကျွန်တော် အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာရွေးချယ်မှုများ ရှိမှာလဲ” တုချုုံးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။ မဖြစ်လာသေးတဲ့ ကိစ္စအတွက် စိတ်ပင်ပန်းခံစရာ မလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အရင်ဆုံး မင်းတို့လူတွေကို စည်းမျဉ်းစွမ်းအားအကြောင်း မစဉ်းစားခင် အဆင့်(၆)ကို ရောက်ဖို့ အာရုံစိုက်ထား”
“အရှင် နားလည်ပါပြီ” တုချုုံးက ခေါင်းညိတ်လိုက်သည်။ သူက ထိုစကားများနှင့် သဘောတူလေ၏။ သို့သော်လည်း အနာဂတ်အတွက် ပြင်ဆင်ထားဖို့ သူ့အား မည်သည့်အရာကမှ မတားဆီးနိုင်ပေ။ ဝမ်ဝေ့နှင့် ကျားဖျင့်တို့က သီးသန့်စကားပြောနေကြစဉ် တုချုုံးက အနာဂတ်အတွက် ပြင်ဆင်ဖို့ လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်သွားလေသည်။