ဆိုးဆိုးရွားရွား ရှုံးနိမ့်မှု
Vol. 99 Ch. 1379
ဝမ်ဝေ့က ထိုအတွေးကို ရလာသည်နှင့် တစ်စုံတစ်ခုကို လုပ်လိုသော်လည်း နောက်ကျလွန်းသွားခဲ့သည်။ သူ့ဘေးပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး သူ့ဘေးတွင် ဘုန်းကြီးလေးပါး ပေါ်ထွက်လာလေသည်။ သူ မတုံ့ပြန်နိုင်ခင် သူတို့က အကာအရံတစ်ခုကို ဖန်တီးလိုက်ကြ၏။
ဝုန်း
ဝမ်ဝေ့၏ တိုက်ကွက်က ထိုအကာအရံကို ထိတွေ့သွားသော်လည်း ဘာမှမဖြစ်ခဲ့ပေ။ သူက ထပ်မံကြိုးစားတော့မည့်ဆဲဆဲတွင် သူ့အလိုလိုအသိစိတ်က အသက်ဝင်လာ၍ အပေါ်ကို မော့ကြည့်လိုက်၏။ ထို့နောက် ယင်ယန်စွမ်းအားရှိသည့် ဧရာမလက်ဝါးကြီးက သူ့အပေါ် ကျဆင်းလာနေသည်။ ဝမ်ဝေ့၏ စိတ်ထဲ အတွေးတစ်ခုသာ ကြီးစိုးသွားလေ၏။
သေခြင်းတရား…
ဝမ်ဝေ့က ခုခံလိုသော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုလက်ဝါးတွင် ရှိနေသည့် စိတ်ဝိညာဉ်အမှတ်အသားက သူ့စိတ်ကို လွှမ်းမိုးသွားပြီး သူ့စိတ်ကို လှုပ်ရှားဖို့ရာ မဆိုထားနှင့် မတွေးနိုင်အောင်ပင် ပြုလုပ်ထားလေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ကိစ္စများက သူ့အတွက် အဆုံးသတ်သွားလိမ့်မည်။ သို့သော်လည်း ကံကြမ္မာက သူ့ဘက်တွင် ရှိနေဟန်ပေါ်၏။
လက်ဝါးက သူ့အား ကောင်းကင်ဘုံအမျက်ဒေါသကို ရင်ဆိုင်ခဲ့ရသည့် မျှော်နန်းဆောင်စစ်ဆေးမှုကို အမှတ်ရသွားစေသည်။ သူက ထိုစဉ်အချိန်က ခံစားခဲ့ရသည့် ဒေါသနှင့် မလိုလားမှုတို့ကို အမှတ်ရသွားကာ ထိုအရာကို စွမ်းအားဇစ်မြစ်အနေဖြင့် အသုံးပြုလိုက်သည်။ ဝမ်ဝေ့က သူ့စိတ်စွမ်းအားကို ဆင့်ခေါ်ကာ ကိစ္စနှစ်ခုကို လုပ်ဆောင်ခဲ့သည်။
သူက လျှာကို ကိုက်လျက် နာကျင်မှုစွမ်းရည်ကို အသက်သွင်းပြီး အသိပြန်ကပ်လာစေသည်။ နာကျင်မှုက ပြင်းထန်လွန်းသည့်အတွက် ဝမ်ဝေ့လို စိတ်စွမ်းအားနှင့်လူမျိုးကိုပင် သတ်ပစ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း သူက ဤကဲ့သို့ သေခြင်းရှင်ခြင်းအနေအထားတွင် အမှန်တကယ် လိုအပ်နေလေသည်။
သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားလာပြီး အသက်ကယ်ရေးနည်းစနစ်များဖြစ်သည့် ယင်ယန်ကာကွယ်ရေး၊ သေခြင်းရှင်ခြင်းမှ လွတ်မြောက်မှု၊ ကံကောင်းမှု အသက်ရှင်နိုင်ခြေ၊ လမ်းညွှန်မှု၊ အချိန်အကြွင်းမဲ့အစားထိုးနှင့် စုစည်းထားသည့် သူ့နည်းစနစ်များဖြစ်သည့် ကံကြမ္မာလှုံ့ဆော်ရေးနှင့် မရဏလွတ်မြောက်ရေးတို့ကိုပါ ထုတ်သုံးလိုက်သည်။ သို့သော် ထိုနည်းလမ်းများ ထုတ်သုံးထားသော်လည်း အန္တရာယ်ခံစားနှုန်းက ချက်ချင်း လျော့ကျသွားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုတိုက်ကွက်က သူ့လက်ရှိ စံပြအဆင့်ထက် ကျော်လွန်နေလေ၏။
ကိစ္စများက ဒီလို အဆုံးသတ်သွားရတော့မှာလား။ မဟုတ်သေးဘူး။ ငါ့ဆီမှာ တောက်ပနေတဲ့ အနာဂတ် ရှိနေသေးတယ်။ စကြဝဠာရဲ့ အထွတ်အထိပ်ကို ရပ်ပြီး ထူးကဲသာလွန်ဖို့ ကံကြမ္မာဖန်လာခဲ့တဲ့သူ။ ဒီနေရာမှာ ဘယ်လိုလုပ် သေနိုင်မှာလဲ။ ငါ့ရဲ့ အနာဂတ်ကိုယ်က သေချာပေါက် ကယ်လိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
သူက အကြည့်များတောက်ပလာပြီး သူ့အလိုလိုသိစိတ်က ပိုမိုများလာသည်။
မဟုတ်သေးဘူး။ ငါ့ရဲ့ အနာဂတ်ကိုယ်ကို မှီခိုလို့မရဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ဝိညာဉ်နှင့် စိတ်ကို တွန်းအားပေးကာ နာနိုစက္ကန့်ပိုင်းအတွင်း တွက်ချက်မှုများစွာကို လုပ်ဆောင်ရင်း အသက်ရှင်ရေးနည်းလမ်းကို ရှာဖွေလိုက်သည်။ ထို့နောက် ဉာဏ်ပညာနတ်ဘုရားက သူ့နားထဲ တိုးတိုးလေး ပြောလာသလိုမျိုး ဖြစ်၏။
ဝမ်ဝေ့က သူ့ကံတာအိုကို အသက်သွင်းကာ ဖုန်းဟွမ်နှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။ သို့သော် ထိုကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ ထို့ကြောင့် သူက ဧကရာဇ်ခုံဆီ ပြောင်းလဲလိုက်ရသည်။
အခု ကံကြွေးကို ပြန်လည်ပေးဆပ်ရမဲ့အချိန်ပဲ…
ဝမ်ဝေ့က တွေးပြီး ဆက်နွယ်မှုမှတဆင့် သူသည် ထိုသူဆီ အရေးကြီးသည့်အရာတစ်ခုကို ငှားယူခဲ့သည်။ ထိုအရာက ကုသိုလ်ရွှေခန္ဓာ ဖြစ်၏။ ထို့နောက် ဝမ်ဝေ့က သူ့ကိုယ်ပိုင်ဖြင့် ပေါင်းစည်းကာ ယာယီတတိယအဆင့် ကုသိုလ်ရွှေခန္ဓာကို ရယူခဲ့သည်။
သူက ဧရာမကုသိုလ်ရွှေခန္ဓာကြီး သူ့အထက် ရပ်တည်နေသည်ကို ကြည့်နေရင်း ဝမ်ဝေ့က အနည်းငယ် စိတ်အေးသွားမိသည်။ သို့သော်လည်း သူ့စိတ်ကမူ နောက်ထပ် သတင်းဆိုးတစ်ခုကို ပြောလာခဲ့၏။ အသက်ရှင်နိုင်ခြေက ၁၅ ရာခိုင်နှုန်းသာ ရှိလေသည်။
ဘာ ၁၅ ရာခိုင်နှုန်းလား…
ဝမ်ဝေ့က ငိုချင်လာသော်လည်း ဤကဲ့သို့ သေခြင်းရှင်ခြင်းအခြေအနေ၌ ထိုကဲ့သို့ အသုံးမဝင်သည့် စိတ်ခံစားချက်ကို စွန့်ပယ်ထားလိုက်ရသည်။ သူက ကံကောင်းမှုတာအိုကို အသုံးပြုပြီး ဖြစ်နိုင်ချေကို တိုးပွားလိုသော်လည်း အသုံးမဝင်ခဲ့ပေ။ သူက ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ရ၏။
ဒါက တကယ်ကို အဆုံးသတ်လား…
ဒါက အသက်ရှင်ဖို့ အခွင့်အရေးကိုပဲ မှီခိုနေရမှာလား…
ဝမ်ဝေ့က မလိုလားသော်လည်း သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။ လက်ဝါးကြီးက သူ မတတ်နိုင်လောက်သည့် အနေအထားဖြင့် ဆင်းသက်လာနေ၏။
သူ့အောင်မြင်နိုင်နှုန်းကို ၁၅ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ခဲ့သည့် အချက်ကပင် အမှန်တကယ် အံ့ဩဖို့ကောင်းနေပြီ ဖြစ်၏။
လက်ဝါးက ဆင်းသက်လာစဉ် ကမ္ဘာကြီးက တိတ်ဆိတ်သွားပြီး အကာအရံအပြင်ဘက်တွင် ကြည့်နေသည့်သူများကလည်း ရလဒ်ကို စောင့်ဆိုင်းနေကြသည်။ အရာအားလုံး ရှင်းလင်းသွားသည်နှင့် ဖြူဖျော့နေသည့် ဝမ်ဝေ့က အားလုံးရှေ့မှောက် ပေါ်ထွက်လာလေ၏။ သူက သွေးတစ်ပွက် အန်လိုက်ရပြီး သူ့ခေါင်းအထက်တွင် မြောလွင့်နေသည့် ရွှေရောင်သရဖူကို ကြည့်လိုက်သည်။
သူက သူ့ကိုယ်ပိုင်ကုသိုလ်ဖြင့် အသက်ရှင်ခဲ့ခြင်း မဟုတ်ပေ။ နောက်ဆုံးသော အခိုက်အတန့်လေး၌ လောကသုံးပါး ဧကရာဇ် ဟူသော အဆင့်အတန်းကို ကိုယ်စားပြုသည့် သရဖူက ပေါ်ထွက်လာကာ သူ့ကို ကာကွယ်ပေးခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသရဖူသည် သူ့ဆီမှ အစပြုလာခြင်း မဟုတ်ဘဲ ကောင်းကင်တာအိုဆီမှ သူ့ကို ကယ်တင်ဖို့ရာ လုပ်ဆောင်ခဲ့ကြောင်း သိထား၏။
ကျုပ်ကို ကယ်တင်ခဲ့တယ်။ ဒါနဲ့ ဘာတန်ကြေးနဲ့လဲ။ ဒီဖြစ်စဉ်မှာ ခင်ဗျားရထားတဲ့ စွမ်းအားတွေ ဘယ်လောက်ပြန်ပြီး ဆုံးရှုံးရပြီလဲ…
ဝမ်ဝေ့က တွေးနေရင်း သူ့နားနှင့် နှာခေါင်းမှ သွေးများ စီးကျလာလေသည်။ သူက ငြိမ်ခံနေလိုက်ရသော်လည်း နည်းနည်းလေးမှ မပျော်ရွှင်ပေ။ သူက သူ့ဘဝကို ထိန်းချုပ်မှု ကင်းလွတ်သွားရပြီး ကောင်းကင်တာအို၏ ဝင်ရောက်စွက်ဖက်မှုက မည်မျှဆိုးရွားစေနိုင်ကြောင်း ကောင်းကောင်းသိထားလေ၏။
ဝမ်ဝေ့က ကမ္ဘာကြီး လည်သွားသလို ခံစားလိုက်ရသည်။ သူက မတ်မတ်ပင် မရပ်နိုင်တော့ပေ။ သူ့အရှိန်အဝါက အံ့မခန်း အလျင်နှုန်းဖြင့် လျော့ကျလာလေ၏။ ထို့ကြောင့် သူက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။
“သဟဇာတ ဒီတစ်ခေါက် လွန်လွန်းသွားပြီ” မိုးမြေထဲ နူးညံ့သည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ အသံက တည်ငြိမ်နေသော်လည်း အာရုံခံကောင်းသည့်သူများကမူ ထိုထဲတွင် ဝှက်ထားသည့် အမျက်ဒေါသတို့ကို ခံစားမိလိမ့်မည်။
“အဲဒီပိုးဟပ်က တကယ်သတ်ဖို့ မလွယ်ဘူးပဲ” အေးစက်စက်အသံက ပြန်ဖြေလာလေ၏။
ဖုန်းဟွမ် မဟုတ်သေးဘူး … မေတ္တယျက ချီတင်းကို အေးစက်စက် ကြည့်လိုက်သည်။ သူမက ဗုဒ္ဓဘာသာတွင် အမြင့်မားဆုံး စိတ်အနေအထားကို ပိုင်ဆိုင်ထားသော်လည်း ယခု သူမကို စိတ်ငြိမ်ငြိမ်ထားဖို့ရာ မလုံလောက်ခဲ့ပေ။ သို့သော်လည်း သူ့ အာရုံစိုက်မှုက သူ့ဝန်းကျင်တွင် ရှိနေသည့် စွမ်းအားများကို အာရုံရောက်သွားခဲ့သည်။
ယုံကြည်မှု စွမ်းအားလား။ ဒီလိုလုပ်ခဲ့တာကိုး
ဗုဒ္ဓတစ်သောင်းဘုံက မေတ္တယျ၏ အိမ်ကွင်း ဖြစ်သည့်အတွက် သူမအနေဖြင့် အရေးသာမှု၊ လွှမ်းမိုးမှုတို့ ရှိသင့်ပေသည်။ အန္တိမသဟဇာတက ဤနေရာတွင် ခြေချရဲရုံသာမကဘဲ သူတို့၏ ဂုဏ်ကျက်သရေရှိ ဧည့်သည်တစ်ဦးကိုပင် အောင်အောင်မြင်မြင် ရှင်းထုတ်နိုင်ခဲ့သည်။
သူက ဘယ်လိုလုပ်ခဲ့တာလဲ
အဖြေက ရိုးရှင်းလေ၏။ ယုံကြည်မှုစွမ်းအား ဖြစ်ပေသည်။ မေတ္တယျက သူမနှင့် ဖြစ်ပျက်လာပြီးသည့်နောက်တွင် ဗုဒ္ဓဘာသာ လေ့ကျင့်သူအားလုံးကို ယုံကြည်မှုစွမ်းအား အသုံးပြုမှုကို တားမြစ်ခဲ့သည်။ သူက ဗုဒ္ဓတစ်သောင်းဘုံ၏ စည်းမျဉ်းများကိုပင် ထိုစွမ်းအား ပေါ်ထွက်လာသည်နှင့် အာရုံခံကာ တားမြစ်ဖို့အထိပါ ပြောင်းလဲပစ်ခဲ့၏။ သို့သော်လည်း မေတ္တယျအနေနှင့် စည်းမျဉ်းများ ပြောင်းလဲသည့်အတွက် အနည်းငယ် အစွန်းရောက်သလို ဖြစ်နေခဲ့သည်။
ဗုဒ္ဓတစ်သောင်းဘုံက ကမ္ဘာအတွက် အားကောင်းသည့် လက်နက်တစ်ခု ဖြစ်၏။ မေတ္တယျက စည်းမျဉ်းများပြောင်းလဲခဲ့စဉ်အခါက သူမသည် ထိုအသုံးအဆောင်ပစ္စည်းစိတ်ဝိညာဉ်အား အတော်လေး တင်းကြပ်ဖို့ လုပ်ဆောင်ချက် ထည့်သွင်းခဲ့သည်။ ယုံကြည်မှုစွမ်းအားကို ဖယ်ရှားဖို့ အဓိကဦးစားပေး ဖြစ်၏။ အန္တိမသဟဇာတက ထိုအချက်ကို အရေးသာမှုအနေဖြင့် အသုံးပြုသွားခြင်း ဖြစ်သည်။ သူက ဤနေရာကို ယုံကြည်မှုစွမ်းအားအမြောက်အများဖြင့် အသုံးအဆောင်ပစ္စည်း စိတ်ဝိညာဉ်အား အလုပ်များစေလိုက်သည်။ ဆိုလိုသည်မှာ မေတ္တယျက ထိုပစ္စည်းဆီမှ စွမ်းအားကို အသုံးပြုနိုင်မည် မဟုတ်သလို ငှားယူနိုင်မည်လည်း မဟုတ်ပေ။
အကယ်၍ မေတ္တယျ အထွတ်အထိပ်တွင် ရှိနေပါက ထိုအစီအစဉ်သည် အလုပ်ဖြစ်မည် မဟုတ်ပေ။ အကြောင်းအရင်းကမူ သူမသည် အတွေးတစ်ချက်ဖြင့် စိတ်ဝိညာဉ်ဆီမှ စွမ်းအားကို ရယူနိုင် ၍ဖြစ်၏။ သို့သော်လည်း ယခုအခါ သူမက စွမ်းအားနှင့် စွမ်းအင် အကန့်အသတ်ရှိသည့် အခွံမျှသာ ဖြစ်နေသည်။
ဘာလို့ တာအိုဘာသာလဲ…
မေတ္တယျက ညည်းတွားနေရင်း သူမ အချိန်အတော်ကြာ မခံစားခဲ့ရသည့် အငြိုးအတေးကို ခံစားမိလိုက်သည်။ သူမ၏ ထိခိုက်မှုနှင့် တန်ပြန်သက်ရောက်မှုများက တာအိုဘာသာဆီမှ ဖြစ်၏။
ငါက သူတို့ဆီမှာ ရှုံးနိမ့်ဖို့ ကံကြမ္မာဖန်လာခဲ့တာလား…
အန္တိမသဟဇာတ၏ အစီအစဉ်က ရိုးရှင်းဟန်ပေါ်သော်လည်း ထိုအရာနှင့် အလှမ်းဝေးနေလေ၏။ သူက ဗုဒ္ဓတစ်သောင်းဘုံ၏ စည်းမျဉ်းကို သိထားသည့်အကြောင်းကို မဆိုရသေးခင် ဤနေရာကို အာရုံခံမိခြင်း မရှိဘဲ ယုံကြည်မှုစွမ်းအား အမြောက်အများကို မည်သို့ တိတ်တဆိတ် လွှဲပြောင်းနိုင်ခဲ့သနည်း။
ထိုမေးခွန်း၏ အဖြေကမူ ရိုးရှင်းကာ သိသာလှသည်။ ဂုဏ်ထူးဆောင် အဖွဲ့ဝင်များဆီမှ ဖြစ်၏။ သမိုင်းကြောင်းတစ်လျှောက် ဗုဒ္ဓဘာသာက ဂုဏ်ထူးဆောင်ဗုဒ္ဓများကို မိတ်ဆွေများ ဖွဲ့စည်းဖို့ သံတမန်ရေးရာ လက်ခံလေ့ ရှိသည်။ ထိုဓလေ့က နေမင်းနှစ်စင်းနှင့် လမင်း၇စင်း ခေတ်ကာလအထိပင် ရပ်တန့်သွားခြင်း မရှိပေ။
အန္တိမသဟဇာတက ထိုဂုဏ်ထူးဆောင်အဖွဲ့ဝင်များကို အသုံးပြုခြင်းဖြင့် ဤနေရာကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ အချိန်ကျရောက်လာသည့်အခါ သူက ထိုသူများကို ကြားခံအနေဖြင့် အသုံးပြုပြီး ယုံကြည်မှု ပမာဏအမြောက်အများကို ထုတ်လွှတ်နိုင်ခဲ့သည်။
မေတ္တယျက အသိပြန်ကပ်လာလေ၏။ သူမက စကားတစ်ခွန်းမှမဆိုဘဲ စတင်တိုက်ခိုက်လိုက်သည်။ သူမက ထိုအမျိုးသားကို ရှင်းထုတ်ရုံကလွဲ၍ ဘာမှမလိုချင်တော့ပေ။ သို့သော်လည်း အန္တိမသဟဇာတက တိုက်ရိုက်မတိုက်ခိုက်ဘဲ သူမကို ရှောင်ကာ ယုံကြည်မှုစွမ်းအား အမြောက်အများကို ထပ်မံထည့်သွင်းလိုက်သည်။ သို့သော်လည်း သူ့ပစ်မှတ်က အသုံးအဆောင်ပစ္စည်း စိတ်ဝိညာဉ်မျှသာ မကဘဲ အသက်ရှင်နေသည့် ဘုန်းကြီးများဆီ ဖြစ်၏။ သူက ယုံကြည်မှုစွမ်းအားဖြင့် ထိုသူအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။
မေတ္တယျက သူ့ရည်ရွယ်ချက်ကို ချက်ချင်းဆိုသလို သဘောပေါက်သွားပြီး သူ့နည်းဗျူဟာကို ပြောင်းလဲလိုက်ရ၏။ အချိန်က သူမဘက်တွင် ရှိနေလေသည်။ သူမက အသုံးအဆောင်ပစ္စည်းစိတ်ဝိညာဉ်သည် ယုံကြည်မှုစွမ်းအားကို ရှင်းထုတ်နိုင်ကြောင်း သိထားလေ၏။ ထိုအရာက တစ်ဖက်သူ လုပ်နိုင်သည်ထက်ပင် ပိုမိုမြန်ဆန်လိမ့်မည်။ ထိုအခါ သဟဇာတက ဘာမှမဟုတ်တော့ပေ။ ထို့ကြောင့် သူမက အပျက်အစီး ထိန်းချုပ်မှုကိုသာ အာရုံစိုက်ထားလိုက်၏။
သူမအတွက် နှမြောဖို့ကောင်းလှသည်က သူမသည် အန္တိမသဟဇာတ၏ ရည်ရွယ်ချက်ကို မှားယွင်းထည့်တွက်ခဲ့မိသည်။ လှည့်စားတတ်သည့် တာအိုသူတော်စင်က ရုတ်ချည်းဆိုသလို နည်းဗျူဟာ ပြောင်းလဲလာသည်။ သူမရှေ့မှောက်သို့ ရောက်ရှိလာကာ ဘာမှမတုံ့ပြန်နိုင်ခင် လှုပ်ရှားလာခဲ့သည်။
ဝုန်း
အန္တိမသဟဇာတက ဖောက်ခွဲပစ်ခဲ့ပြီး ဖုန်းဟွမ်ကို သတ်ဖြတ်ပစ်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်က အမှန်ကတယ် အားကောင်းလွန်းလှပြီး သူ့စွမ်းအားပါ ပါဝင်နေလေ၏။
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာကာ နောက်ထပ် အန္တရာယ်တစ်ခု ခံစားမိလိုက်သည်။ သို့သော်လည်း မတုံ့ပြန်နိုင်ခင် တစ်နေရာမှ ရွှေရောင်အလင်းတန်း လွင့်စင်လာပြီး ထိုပေါက်ကွဲမှုကို ပိတ်ဆို့ခဲ့၏။
သူက မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံတွင် ရှိနေသည့် လူငယ်လေးကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က မြင့်မြတ်အလင်းနှင့် ကြောက်မက်ဖွယ် အေးစက်မှုတို့ ထုတ်လွှတ်နေလေသည်။
ဘုန်းကြီးဝူကျစ်လား။ သူကလည်း အခွံတစ်ခုလား။ မဟုတ်ဘူး သူက အသစ်ဖြစ်လောက်တယ်…