← Chapters

အဓိကကစားပွဲ

Vol. 99 Ch. 1380

အဓိကကစားပွဲ

Vol. 99 Ch. 1380

မေတ္တယျက သူမဝန်းကျင်တွင်ရှိနေသည့် ဖရိုဖရဲများကို တည်ငြိမ်စွာ စစ်ဆေးကြည့်လိုက်သည်။ သူမက အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ကမ္ဘာတစ်ဝှမ်းရှိ ဘုန်းကြီးများဆီ သတင်းစကား ပေးပို့လိုက်၏။

“ဘုန်းကြီးတွေအားလုံး ဗုဒ္ဓတစ်သောင်းဘုံဆီ တစ်နည်းမဟုတ် တစ်နည်း သတင်းပို့အကြောင်းကြားရမယ်။ နောက်ထပ် ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက စစ်ပွဲက ဖြစ်ပျက်တော့မယ်”

သူမက ထိုစကားများကို ရေရွတ်လိုက်သည်နှင့် ကမ္ဘာကြီးက အနည်းငယ် လှုပ်ခတ်သွားပြီး ငလျင်တစ်ခု ဖြစ်ပေါ်လာစေသည်။ ထို့နောက် သူမက ဝမ်ဝေ့ဘေးနား သွားကာ မျက်မှောင်ကြုတ်လိုက်၏။

“ဖုန်းဟွမ်က ဘာဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“သူနဲ့ ကျုပ်ကြားမှာ ကံကြိုးမျှင်က ရှိနေသေးပြီးတော့ သူ့ကိုလည်း မှတ်မိနေသေးတယ်ဆိုပေမဲ့ သူ ပျောက်ကွယ်သွားတာကို ခံစားမိတယ်”

“သူက သေသွားပြီ။ အစစ်အမှန် သေဆုံးမှုပေါ့။ ဒါပေမဲ့ ဒီလိုပြောရုံပါပဲ” မေတ္တယျက ပြန်ပြောလိုက်သည်။

“တည်ရှိမှု ဝါစဉ်” ဝမ်ဝေ့က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သည် ဝါစဉ်မြင့်မားနေသည့်အတွက် အန္တိမသဟဇာတက ဖုန်းဟွမ်ကို သတ်ပြီးသည့်နောက်တွင် ထိုသူ့တွင် ကိုယ်ပွားများ၊ လျှို့ဝှက်လုံခြုံရေးသေတ္တာရှိနေခြင်း၊ မရှိနေခြင်းတို့က အရေးမကြီးတော့ပေ။ သူက ဤသို့ သေဆုံးသွားရလေသည်။

“မစိုးရိမ်ပါနဲ့။ ငါ အသက်ရှင်နေသရွေ့ သူ အဆင်ပြေမှာပါ” မေတ္တယျက ဖျောင်းဖျလိုက်သည်။

“ဒါပေမဲ့ ခင်ဗျား တစ်ခုခု ဖြစ်သွားရင်ရော”

မေတ္တယျက ခေတ္တမျှ ဆွံ့အသွားလေသည်။

“အချိန်ကျလာတဲ့အခါမှာ သူ့ကို ပြန်ပြီး အသက်သွင်းပေးမှာပါ”

“အဲဒါက ဘယ်အချိန်လဲ”

“သူက ငါ့အခွံဆိုတော့ ငါ့စွမ်းအားတွေက သူ့ခန္ဓာကိုယ်နဲ့ တည်ရှိမှုအထိ စီးဆင်းနေတာ။ တကယ်လို့ ငါသာ ပြန်လည်အသက်သွင်းရေး ဖြစ်စဉ်မှာ အလျှင်လိုခဲ့ရင် သူ့အနာဂတ် ထူးကဲသာလွန်မှုလမ်းစဉ်က ဖြတ်တောက်ခံရလိမ့်မယ်”

“အဲဒါဆိုတော့ ချီတင်းရဲ့ ကံကြိုးမျှင်ကို ခံစားမိနေသေးတဲ့ အကြောင်းအရင်းလား။ အဲဒီသူက သူမရဲ့ အနာဂတ်ကို ဂရုမစိုက်ဘူးဆိုတော့ ချက်ချင်း အသက်ပြန်သွင်းနိုင်တာပဲ။ ဒါပေမဲ့ ခင်ဗျားကတော့ ဂရုစိုက်တဲ့အတွက် အကောင်းဆုံးအခွံတစ်ခုကို ဆုံးရှုံးသွားမှာပေါ့”

ဝမ်ဝေ့က သူ့ကိုယ်သူ ရယ်မောလိုက်သည်။ သူ့ ရယ်မောသံက စိတ်ပျက်လက်ပျက် ဖြစ်နေလေ၏။

“လှုပ်ရှားမှုတစ်ခုတည်းနဲ့ သူက ကျုပ်ကို ဒီအခြေအနေထိ ဖြစ်စေခဲ့တာ။ ပြီးတော့ ကောင်းကင်တာအိုကိုလည်း ဝှက်ဖဲတစ်ခုကို ထုတ်သုံးစေပြီးတော့ စွမ်းအားအများကြီး ပြန်ယူသွားခဲ့တယ်။ ခင်ဗျားရဲ့ ပြီးပြည့်စုံတဲ့ အခွံဖြစ်တဲ့ တပည့်ကိုလည်း သတ်သွားခဲ့တယ်။ ပြီးတော့ ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်ပြီး လူများစွာကို သတ်နိုင်တဲ့ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက စစ်ပွဲကိုလည်း အစပြုခဲ့တယ်။

သူ စတေးလိုက်ရတာဆိုလို့ နယ်ရုပ်နည်းနည်းနဲ့ ချီတင်းရဲ့ အသက်ရှည်အရင်းအမြစ် နည်းနည်းပဲ။ တကယ်ကို ပြောင်မြောက်တဲ့ လှုပ်ရှားမှုပဲ”

“စစ်ပွဲက ရပ်လို့မရဘူး” မေတ္တယျက ပြောလိုက်သည်။

“ဒါက သူ့အခွံနဲ့ သူ့လူအင်အားကို အာရုံလွှဲပြောင်းဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျန်တာကတော့ မင်းအပေါ်ပဲ မူတည်တယ်”

“ကျုပ်က ဒီလိုဖြစ်နေတာ ဘာများ တတ်နိုင်မှာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက တကယ်တော့ သေဆုံးနေပြီ ဖြစ်၏။ ထိနှက်ချက်က သူ့အား သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အား ဆုံးရှုံးသွားစေပြီး မပြီးမပြတ်အခြေအနေသို့ ဝင်ရောက်လုနီးပါးဖြစ်အောင် ပျက်စီးစေခဲ့သည်။ သူ့အကောင်းဆုံးဖြေရှင်းနည်းက သူ့ကိုယ်သူ ချိတ်ပိတ်ရမည် ဖြစ်သော်လည်း သူက ကစားပွဲမှ ထွက်ရမည့်အချက်က ပြောင်းလဲသွားမည် မဟုတ်ပေ။ ထိုချိတ်ပိတ်မှုက အလုပ်ဖြစ်မလား၊ မလုပ်မဖြစ်မလား ထည့်မစဉ်းစားရသေးပေ။

“မင်းကို ကယ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ပွားတစ်ခုကိုတော့ လိုလိမ့်မယ်” မေတ္တယျက ထပ်ပြောလိုက်၏။

“ကျုပ်က ဒိုင်မေးရှင်းအမြင့်မှာရှိတဲ့ ကိုယ်ပွားတွေအားလုံးကို သတ်ပြီးသွားပြီ။” ဝမ်ဝေ့က ပြောလိုက်သည်။

“အသစ်တချို့ ထပ်ပြီး လုပ်နိုင်တယ်ဆိုပေမဲ့ အဲဒါက သေမျိုးအဆင့်ပဲ ရှိနေတယ်ဆိုရင် အသုံးဝင်မှာ မဟုတ်ဘူး။ ခင်ဗျားဆီမှာ ကျုပ်အတွက် ကျင့်ကြံဖို့ နည်းလမ်း မရှိသေးသရွေ့ပေါ့”

“ငါ အဲ့လိုလုပ်လို့ မရဘူး” မေတ္တယျက ခေါင်းယမ်းလိုက်သည်။ အန္တိမသဟဇာတက သော့ခလောက်နှင့် ပတ်သက်ပြီး အတော်လေးကို သတိကြီးကြီး ထားထားလေသည်။ အခွံများက ရှေးဦးစံပြများထက် ကျော်လွန်သည့် စွမ်းအားအနည်းငယ်ကို ထုတ်သုံးနိုင်သော်လည်း သော့ခလောက်ကို ဖျက်ဆီးပစ်ဖို့ရာ မလုံလောက်ခဲ့ပေ။ ထို့ကြောင့် စည်းမျဉ်းများကို အတင်းအကြပ် ပြောင်းလဲဖို့ရာ ပြောဖို့ရာ မလိုတော့ပေ။

ဝမ်ဝေ့က သူမ၏ အဖြေကို ကြားပြီးသည့်နောက်တွင် ပုခုံးတွန့်ပြလိုက်၏။

မေတ္တယျက ထပ်မံ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက ငါ့ရဲ့ ကျရှုံးမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အခု ဒီလိုမျိုး အရှုံးသမား စိတ်ထားမျိုး ရှိရမဲ့ အချိန်မဟုတ်ဘူး”

“အရှုံးသမား စိတ်သဘောထားတဲ့လား။ အဲဒါဆိုရင် ကျုပ်က ဘယ်လိုသဘောထားမျိုး ရှိသင့်တာလဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ရဲ့ အယုံကြည်ရဆုံး အဖွဲ့ဝင် ဖြစ်သင့်တာ။ ဒါပေမဲ့ ခင်ဗျားရဲ့ ပိုင်နက်ထဲမှာတောင် ကျုပ်ကို ကာကွယ်မပေးနိုင်ဘူး။ အဲဒါဆိုတော့ ကျုပ်က ကျုပ်ရဲ့ အခြေအနေကို အရမ်းကြီး အကောင်းမြင်လွန်းနေတာ မဟုတ်ဘူးဆိုရင်တော့ နားလည်ပေးပေါ့”

“စကားတွေကို ကွေ့ပတ်ပြောနေဖို့ မလိုပါဘူး” မေတ္တယျက တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြောစရာရှိတာ ပြောပြီးသွားရင် ငါတို့တွေ ဆက်ပြီး လှုပ်ရှားကြတာပေါ့”

ဝမ်ဝေ့က သူမကို အံကြိတ်ကာ ကြည့်ပြီးသည့်နောက်တွင် မျက်လုံးကို မှိတ်ထားပြီး သူ့တည်ငြိမ်မှုကို ပြန်လည်ထိန်းလိုက်သည်။

သူ့ခန္ဓာကိုယ်၏ ဆက်တိုက် အားနည်းကာ ယိုယွင်းနေမှုကို လျစ်လျူရှုထားပြီး သူ့စိတ်ခံစားချက်များကိုသာ ထိန်းချုပ်ထားလေ၏။

“ဘာအစီအစဉ်ရှိလဲ”

“ဒီလိုမျိုးပဲ။ မင်းက ဒိုင်မေးရှင်းအမြင့်မှာ ဧကရာဇ်ကိုယ်ပွား ရှိတယ်မလား” မေတ္တယျက ပြောလိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက သူတက်လှမ်းပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းသွားသည့်အချက်အတွက် သူ့ကို ကိုယ်စားထိုးဖို့ ထိပ်တန်းဧကရာဇ်ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့လေသည်။ ထိုကိုယ်ပွားက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် နောက်ဆုံးသော အာမခံ ဖြစ်၏။

“ကောင်းကင်တာအိုကို မင်းနဲ့ အဲဒါကို ဆက်သွယ်ခိုင်းပြီး အတင်းအကြပ် တက်လှမ်းလာဖို့ ပြောလိုက်မယ်”

ဝမ်ဝေ့က ထိုအစီအစဉ်နှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားခြင်းမရှိဘဲ သူ့မကို အလေးအနက်ကြည့်လိုက်သည်။

“ဒါလုပ်ရင် ဘယ်လိုဖြစ်မလဲဆိုတာကို သိတယ်မလား။ ဒိုင်မေးရှင်းအနိမ့်နဲ့ မပြီးမပြတ်အခြေအနေက သူအတွက် တိုက်ခိုက်ရေးအခွင့်အရေးပဲ။ တကယ်လို့ တစ်စုံတစ်ခု မှားယွင်းသွားခဲ့ရင်…”

“ဘာမှ မှားမှာမဟုတ်ဘူး”

“လက်ရှိခင်ဗျားစကားတွေက မယုံကြည်ရဘူးလေ”

“အဲဒါကြောင့် ဒီစစ်ပွဲဖြစ်လာမှာလေ” မေတ္တယျက ဆက်ပြောလိုက်သည်။

“ငါက အချိန်မြစ်ကြောင်းကနေ ခံစားမိတဲ့ ခြိမ်းခြောက်မှုကို ရှာဖို့ အားစိုက်ထုတ်မှုအပေါ် လျှော့ချပြီးသွားပြီ။ အခု ငါ့ရဲ့ အချိန်နဲ့ အားစိုက်ထုတ်မှုတွေကို အန္တိမသဟဇာတအပေါ်ပဲ အာရုံစိုက်ထားလို့ရပြီ။ မင်းကို စိုးရိမ်စရာမလိုတော့ဘူး”

“ကောင်းပြီလေ။ အဲဒါဆိုရင် ခင်ဗျားကို ထပ်ပြီးတော့ ယုံလိုက်မယ်”

ဝမ်ဝေ့က ဝန်လေးစွာ သဘောတူလိုက်သည်။

“ကောင်းပြီ စလိုက်ကြရအောင်”

“အခုလား”

“လက်ရှိထက် ပိုကောင်းတဲ့ အခြေအနေမရှိဘူး”

သူမက ကောင်းကင်အထက် မြောလွင့်နေရင်း အတွေးတစ်ချက်ဖြင့် အချိန်မြစ်ကြောင်း ပေါ်ထွက်လာလေသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ သက်ရှိအားလုံးနှင့် သက်မဲ့အားလုံးက ထိုအရာကို မြင်လိုက်ရပြီး မေတ္တယျ၏ စကားသံကို ကြားလိုက်ရသည်။

ရပ်တန့်စေ

ဤသည်က မြန်ဆန်လွန်းလှသည်။ ဒြပ်ထု၊ စွမ်းအင်၊ လေသံနှင့် သဘောတရားအားလုံးက အကောင်းအတိုင်း ရှိနေသေးသော်လည်း အချိန်က ရပ်တန့်သွားလေသည်။ လူအားလုံးက ရပ်တန့်သွားသော်လည်း ၉၉.၉၉ ရာခိုင်နှုန်းက သတိမထားမိကြပေ။ စံပြများ၊ တားမြစ်တိုက်ခိုက်ရေးအဆင့်များ ရှိထားသူများနှင့် အစစ်အမှန်အားကောင်းသည့် ကောင်းကင်ဘုံအဆင့်များကသာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ရပ်တန့်သွားသော်လည်း ကောက်ချက်ချထားနိုင်ကြဆဲ ဖြစ်၏။ သူတို့က ထိုစွမ်းအားပြသမှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့က နေမင်းနှစ်စင်းသည် အမှန်တကယ် စွမ်းအားကြီးကြောင်း သိထားကြသော်လည်း သူတို့အနေဖြင့် မည်မျှအားကောင်းကြောင်းသိထားဖို့ အခွင့်အရေး အနည်းငယ်သာ ရှိသည်။ ယနေ့တွင် သူတို့က ထိုသူများ၏ စွမ်းအားကို လက်ဆုပ်လက်ကိုင် ဖမ်းမိခဲ့သည်။

“လုပ်လိုက်ကြရအောင်” မေတ္တယျက ဝမ်ဝေ့ကို ပြောပြီးသည့်နောက်တွင် သူမ၏ မျက်ဝန်းများက အသက်ပြန်ရှင်လာသည့် ချီတင်းကို အာရုံစိုက်လိုက်သည်။ အတွေးတစ်ချက်ဖြင့် မေတ္တယျက ထိုသူကို ၆ ကြိမ်တိုင်တိုင် သတ်ဖြတ်ပစ်ခဲ့၏။ သို့သော်လည်း ၇ကြိမ်မြောက်တွင် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာက ချီတင်းဘေးတွင် ပေါ်ထွက်လာကာ ကာကွယ်ပေးထားလေ၏။

မေတ္တယျက သူ့ကို ကြည့်နေပြီးသည့်နောက်တွင် တခြားတစ်ယောက်ကို အာရုံစိုက်လိုက်သည်။ အချိန်စားသုံးသူထံ ဖြစ်၏။ သူမက အချိန်ဖြုန်းမနေဘဲ သူကို သုံးကြိမ်တိုင်တိုင် သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော် နောက်ထပ် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာတစ်ခုက သူ့ကို ကာကွယ်ပေထားလေ၏။ သူက မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုအရာကို အကြာကြီး အာရုံစိုက်မထားခဲ့ပေ။

သူမက ခေါင်းကိုမော့ကာ သော့ခလောက်ကို ကြည့်လိုက်သည်။ မေတ္တယျက ခေတ္တမျှကြည့်လိုက်ပြီးသည့်နောက်တွင် ထိုအရာကို မထိဖို့ရာသာ ဆုံးဖြတ်လိုက်၏။ ကံကြမ္မာက သူမဘက်တွင် ရှိမနေပေ။ ထို့နောက် သူမအနေဖြင့် အန္တိမသဟဇာတက သူမ၏ ဝင်ရောက်စွက်ဖက်မှုတချို့နှင့် ပြင်ဆင်ထားနိုင်ကြောင်း သိထားသည်။ ပြောရမည်ဆိုလျှင် သူမက ထိုအရာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။

မေတ္တယျ၏ အကြည့်က တခြားတစ်နေရာဆီ ရောက်ရှိလာလေ၏။ ပြောရမည်ဆိုလျှင် မပြီးမပြတ်အခြေအနေတွင်ရှိနေသည့် လူများထံဖြစ်သည်။ သူမက ထိုလူများထံ ကောင်းချီးပေးပြီး ဝမ်ဝေ့၏ ကောင်းကင်ဘုံလှည့်ဖျားရေးအစီအရင်နှင့် တူသည့် ကာကွယ်မှုမျိုးကို ပေးအပ်ခဲ့သည်။ သူမက ထိုသူများ အလိုအပ်ဆုံးအရာက အန္တိမသဟဇာတ၏ မျက်စိရှေ့တွင် အာရုံမခံမိဘဲ လှုပ်ရှားနိုင်ဖို့ ဖြစ်၏။ သူမက ထိုသူများအား သူ့ထံမှ တိတ်တဆိတ် သတ်ဖြတ်ခံရခြင်းမှလည်း ကာကွယ်ပေးလိုသည်။

မေတ္တယျက လှုပ်ရှားတော့မည့်ဆဲဆဲတွင် အချိန်က ထပ်မံစီးဆင်းသွားသည်။ သူမက သက်ပြင်းချကာ တွေးလိုက်၏။

ငါ ထင်ထားတာထက်တော့ ပိုပြီးကြာပေမဲ့ မလုံလောက်သေးဘူး…

သူမက ယခုအခါ ကိုယ်ပွားတစ်ယောက်အနီးတွင် ရှိနေသည့် ဝမ်ဝေ့ကို ကြည့်လိုက်သည်။ သူမက နဂိုခန္ဓာကို လက်ညှိုးထိုးပြီးသည့်နောက်တွင် ထိုအရာက အလင်းမှုန်ဖြင့် ပြောင်းလဲသွားကာ ကိုယ်ပွားဖြင့် ပေါင်းစည်းသွားလေသည်။ ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်အသစ်ကို နေသားကျအောင် ထိန်းညှိလိုက်သည်။

“ကျုပ်က အရမ်းကို အားနည်းလွန်းတယ်”

သူ့လက်ရှိကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၆၉ ရာခိုင်နှုန်း ရှိပြီး သူ့တားမြစ်တိုက်ခိုက်ရေးအဆင့်ဖြင့် သူသည် ထိပ်တန်းကောင်းကင်ဘုံအဆင့် ကန့်သတ်ချက်သာ ဖြစ်၏။ သူ့ယခင်စံပြအဆင့်တိုက်ခိုက်ရေး စွမ်းအား အားလုံးက ပျောက်ကွယ်သွားလေပြီ။

“အခုတော့ ဒီလောက်ပဲ တတ်နိုင်ဦးမယ်” မေတ္တယျက ပြောလိုက်သည်။ သူမက သူ့တွင် ဖြေရှင်းနည်းကို ရှာဖွေနိုင်ပြီး သုံးသပ်ဖို့ရာ အချိန်များစွာ ရှိလိမ့်မည်ဟု နားလည်ထားလေ၏။

မေတ္တယျက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားကာ သူမ၏ ဘဝထဲ ရွှေရောင်အလင်းကို ဖွဲ့စည်းပြီး ဝမ်ဝေ့လည်း တူညီသည့် ဖုံးကွယ်ရေးကောင်းချီးကို ပေးအပ်လိုက်သည်။

“ဒါက မင်းအတွက် ဖုံးကွယ်ထားဖို့ ပိုပြီး အကူအညီ ဖြစ်မှာပါ”

“ကျေးဇူးပါ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒီမှာ” မေတ္တယျက သူ့ကို အဆောင်တစ်ခု ထုတ်ပေးလာသည်။

“ဒါက ဘာများလဲ”

“ငါတို့ရဲ့ အောင်မြင်မှုအတွက် သော့ချက်ပဲ။ သော့ခလောက်က သော့ချက်ပဲ။ မင်းသာ ဒီဟာကို ဖျက်ဆီးနိုင်သရွေ့ သူခံစားရမဲ့ တန်ပြန်သက်ရောက်မှုက ကောင်းကင်တာအိုအတွက် ထိန်းချုပ်မှုအများစုကို ရယူနိုင်ပြီးတော့ ငါ့ဘာသာငါ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်ကို ဒဏ်ရာအပြင်းအထန် ပေးနိုင်လိမ့်မယ်”

“ဒီအရာက သော့ခလောက်ကို ဖျက်ဆီးပစ်နိုင်မှာလား။ ဒါပေမဲ့ ဒါက သတင်းအချက်အလက် အဆောင်လေ”

“အဲဒါက သော့ခလောက်အပေါ်မှာ ငါ့ရဲ့ နားလည်နိုင်စွမ်းနဲ့ သုံးသပ်ချက်တွေ ပါဝင်တယ်” မေတ္တယျက ပြောလိုက်သည်။

“အဆုံးသတ်မှာ ကျုပ်ကပဲ ကြံစည်တာ အားလုံးကို လုပ်ရမှာပေါ့” ဝမ်ဝေ့က ညည်းတွားလိုက်၏။

“ကံကြမ္မာရဲ့သားတော်ဆိုတာက ကံကြမ္မာရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ”

“ကျုပ်ရဲ့ ကံကြမ္မာက လမင်းတွေလေ … သူ မဟုတ်ဘူး”

“အမြဲတမ်း အဲဒါက တပူးထဲ လာတာပဲ။ မင်း သတိမထားမိသေးခဲ့တာ” မေတ္တယျက ပြန်ပြောလိုက်သည်။

“ဒီလိုဆိုရင် ကျုပ်က အလိမ်ခံလိုက်ရတာပေါ့” ဝမ်ဝေ့က ရှုံ့မဲ့ကာ ပြောလိုက်သည်။

မေတ္တယျက ပုခုံးတွန့်လိုက်၏။

“ကောင်းပြီလေ။ မင်း ထွက်သွားချင်တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ငါ့ဆီမှာလည်း စစ်ပွဲအတွက် အစီအစဉ်တစ်ခု ရှိထားတယ်။ မင်းကိုယ်မင်း အဖြေထုတ်ကြည့်ပေါ့”

သူမက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့ တစ်ယောက်တည်းကိုသာ ချန်ထားခဲ့လိုက်သည်။

သူက အဝေးတစ်နေရာကို ကြည့်ကာ သက်ပြင်းချလိုက်၏။

ဒီနေရာမှာ ရခဲ့တဲ့ သင်ခန်းစာက တခြားသူတွေအပေါ်မှာ အများကြီး မမှီခိုဖို့ပဲ။ ဒါပေမဲ့ အဲဒါက တကယ်ကို သင်ခန်းစာကောင်း ဟုတ်ရဲ့လား…

ဝမ်ဝေ့က သူ့မေးခွန်း၏ အဖြေကို မသိဘဲ အဝေးတစ်နေရာဆီ ကူးသန်းပြောင်းရွှေ့သွားလိုက်သည်။

All Chapters