← Chapters

တာအိုနယ်ရှင်များ၏ စိတ်နေသဘောထား

Vol. 99 Ch. 1381

တာအိုနယ်ရှင်များ၏ စိတ်နေသဘောထား

Vol. 99 Ch. 1381

အနီရောင်မြူခိုး တားမြစ်နယ်မြေ

ကောင်းကင်စာအုပ်က တစ်စုံတစ်ခုကို ခံစားမိကာ သူ့မျက်လုံးများကို ဖွင့်ပြီး စာအုပ်၏ ပါဝင်အကြောင်းအရာများကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။ ထိုနေရာတွင် စာကြောင်းများစွာ ရှိလာသော်လည်း အများစုကမူ ဖြစ်ပျက်ပြီးသားကိစ္စများ ဖြစ်သည့်အတွက် သူ့အနေဖြင့် ဘယ်အရာမှ အကျိုးကျေးဇူး မရနိုင်ပေ။

တစ်ခုခုတော့ မှားနေပြီ…

ဤသည်က သူ့ပထမဦးဆုံးအတွေး ဖြစ်၏။ သူသည် ရရှိထားသည့် သတင်းအချက်အလက်အားလုံးကို အသေးစိတ် ပြန်လည်ဖတ်ရှုပြီး အခြေအနေကို သုံးသပ်လိုက်သည်။

သူ့ရဲ့ ကြီးထွားနှုန်းက အရှိန်မြှင့်တင်လာပြီ…

ကောင်းကင်စာအုပ်က သုံးသပ်လိုက်၏။ ဤသည်က မဟာတာအိုသားတော်အကြောင်း သူရရှိထားသည့် သတင်းအချက်အလက်နှင့် ယှဉ်လိုက်လျှင် ပိုပြီး သိသာလှသည်။

သူ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ပိုပြီး သိသာသွားပြီ။ သူ့ရဲ့ ကြီးထွားမှုက ကြောက်ခမန်းလိလိ အရှိန်ထဲကို တိုးပွားလာနေတာ။ ပြီးတော့ ငါရရှိထားတဲ့ သတင်းအချက်အလက်ကလည်း သိသိသာသာ လျော့ကျသွားပြီးတော့ အသုံးမဝင်လုနီးပါးဖြစ်သွားပြီ…

သူ့အကြည့်များက တောက်ပလာလေ၏။

ကြည့်ရတာ သူ့အနာဂတ်ကိုယ်က လှုပ်ရှားလာတဲ့ပုံပဲ။ မဟာတာအိုက ငါ့ကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးတာကို ဝင်ရောက်စွက်ဖက်ခဲ့ပြီးတော့ သူ့ငယ်ကိုယ်ရဲ့ ကြီးထွားမှုကို မြှင့်တင်ခဲ့တာ။ သူက ငါနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီလား…

ကောင်းကင်စာအုပ်က မထင်ထားသည့်ဖြစ်ရပ် ရှိနေသော်လည်း တည်ငြိမ်လှသည်။ သို့သော်လည်း တာအိုတစ်ယောက်အနေဖြင့် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည့် အစီအစဉ်ကို မျှော်လင့်ထားပြီး အခြေအနေအလိုက် လိုက်လျောညီထွေ ဖြေရှင်းနိုင်သည်က အခြေခံကျသည့် အရည်အချင်းတစ်ခုသာ ဖြစ်ပေသည်။ အဓိကအာရုံစိုက်မှုက နောက်ထပ်ဘာလုပ်ရမလဲဟူ၍သာ ဖြစ်၏။

ငါ့အနေနဲ့အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဝင်ရောက်စွက်ဖက်ဖို့ဆိုတာက အခု မဖြစ်နိုင်လုနီးပါးပဲ…

ကောင်းကင်စာအုပ်က သုံးသပ်လိုက်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအပေါ်  မျက်စိကျနေသူများနှင့်အတူ သူကိုယ်တိုင်က လက်ရှိအတားအဆီးအကြောင်း သိထားလေသည်။

ငါ့ရဲ့ အစီအစဉ်တွေကို အရှိန်မြှင့်တင်သင့်ပြီလား…

ကောင်းကင်စာအုပ်က အန္တိမသဟဇာတနှင့် သူ့အပေးအယူကို ဖြေရှင်းဖို့အတွက် အရူးကြီးချူးနှင့် တည်ရှိမှုကို ခွဲထုတ်ရေးနည်းလမ်းကို အလဲအလှယ်လုပ်ဖို့ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်အထိ နောက်ယောင်ခံလိုက်ဖို့ စဉ်းစားခဲ့ဖူးသည်။

ဒါက မဖြစ်နိုင်ဘူး…

ကောင်းကင်စာအုပ်က ခေါင်းယမ်းကာ သုံးသပ်လိုက်သည်။ သူက မဟာတာအိုနှင့် ဆက်နွယ်ပြီးသား ဖြစ်သော်လည်း ထိုအရာ၏ လုပ်ဆောင်ပုံများက အရမ်းကို တင်းကြပ်လှသည်။ ဗုဒ္ဓဘာသာ၏ ဇစ်မြစ်က လူများက တားမြစ်ချက်တစ်ပိုင်းဟု မှတ်ယူနိုင်သည့်အတွက် ဤသို့သော လျှို့ဝှက်ချက်မျိုးကို မဟာတာအိုက တိုက်ရိုက် တားမြစ်ထားခြင်းမျိုး မရှိပေ။ သို့သော်လည်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားသူများအတွက်မူ ဟန့်တားခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ကောင်းကင်စာအုပ်က သူ့တာဝန်ကို အဆုံးသတ်ဖို့ အခက်အခဲတချို့ ရှိနေလေ၏။

ဒါက ဒီလိုလား။ ငါ တတ်နိုင်တဲ့အရာ မရှိတော့ဘူးလား…

ကောင်းကင်စာအုပ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့စွမ်းအားကို ယုံကြည်ထားပြီး ဝမ်ဝေ့က ထိပ်သီးစံပြတစ်ယောက် ဖြစ်လာလျှင်ပင် အလေးအနက် မှတ်ယူမည်မဟုတ်ကြောင်း  သိထားသော်လည်း သူ့ကို အေးအေးဆေးဆေး ကြီးထွားခွင့်မပြုနိုင်ပေ။

ငါ့အနေနဲ့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ထက် ထူးကဲသာလွန်မှုအဆင့် လိုတယ်။

ကောင်းကင်စာအုပ်က တွေးလိုက်သည်။ ထိုသို့သော အင်အားကြီးပုဂ္ဂိုလ်က လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ လုံလောက်သည်။

 ပြီးတော့ ငါ့အတွက်လည်း ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေးပေးလာနိုင်တယ်။ အဲဒါက သူ့ကို တိုက်ရိုက်သတ်ဖြတ်ပစ်ဖို့ အခွင့်အရေးကောင်းလည်း ဖြစ်နိုင်တယ်…

ကောင်းကင်စာအုပ်၏ အကြည့်များက တောက်ပလာလေ၏။ လူအများစုက သူ့အတွေးကို ကြားလျှင် မျက်လုံးဝှေ့ကာ ကြည့်မိကြမည်ဖြစ်သော်လည်း သူကမူ ဖြစ်နိုင်ခြေရှိသည့် အစီအစဉ်တစ်ခုကို ရှိထားပြီးသား ဖြစ်၏။ သူက ထူးကဲသာလွန်မှုအဆင့်အဖေတစ်ယောက် ရှိထားပြီး များစွာ ချစ်မြတ်နိုးခြင်း ခံရသည့် ဒုတိယမျိုးဆက် လူတစ်ယောက်ကို သိထားလေသည်။ ကောင်းကင်တာအိုအတွက် ထိုသူကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ မျှားခေါ်ပြီး မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်လာဖို့ လွယ်ကူလှသည်။ သူ့အဖေအား ထိုပဋိပက္ခများကို ဝင်ရောက်စွက်ဖက်ဖို့ ဖိအားပေးနိုင်လိမ့်မည်။

ဒီအစီအစဉ်က ဖြစ်နိုင်တယ်ဆိုပေမဲ့ ဆိုးကျိုးတွေကရော…

ကောင်းကင်စာအုပ်က တည်ငြိမ်စွာ သုံးသပ်လိုက်သည်။

ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ခြေ ရှိတယ်…

ကောင်းကင်တာအို၏ အစီအစဉ်က ရဲတင်းကာ စွန့်စားမှုကြီးလှသည်။ အကယ်၍ သူအောင်မြင်မှု ရရှိပါက သူသည် တစ်ခါတည်းဖြင့် ထူးကဲသာလွန်မှုအဆင့်ကို ရယူနိုင်လိမ့်မည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် မဟာတာအိုနှင့် ယှဉ်နိုင်သည့် စွမ်းအားကို ရယူနိုင်လိမ့်မည်။

 သို့သော်လည်း သူက မီးနှင့် ကစားနေခြင်းဖြစ်ကြောင်း နားလည်ထားလေ၏။ သူ၏ ပထမဆုံးအကြောက်တရားက မဟာတာအို သို့မဟုတ် အနာဂတ် ဝမ်ဝေ့က စကြဝဠာကို ဖျက်ဆီးပစ်ကာ လူအားလုံးကို သတ်ဖြတ်ပစ်ခြင်းဖြင့် ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ခြင်း ဖြစ်၏။

ခွေးတစ်ကောင်တောင် ချောင်ပိတ်ခံရသေးရင် ပြန်ကိုက်တတ်သေးတာ။ ထူးကဲသာလွန်မှုအဆင့်ဆိုရင် ပြောဖို့တောင် မလိုတော့ဘူး…

ကောင်းကင်စာအုပ်က သုံးသပ်လိုက်သည်။

အကယ်၍ ထိုသူသာ သူ့လူငယ်ကိုယ်က အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာကို သိထားခဲ့လျှင် ချောင်ပိတ်သည့် ခွေးတစ်ကောင်လိုမျိုး လှုပ်ရှားလာလိမ့်မည်။

ဤသည်က သူ မလိုချင်ဆုံးအရာ ဖြစ်၏။

ကောင်းကင်စာအုပ်က မျက်မှောင်ကြုတ်လိုက်ပြီး သူက အစဆီ ပြန်ရောက်သွားကြောင်း သဘောပေါက်သွားလေ၏။ သူ့အကောင်းဆုံးရွေးချယ်မှုက ဘာမှမလုပ်ဘဲ စောင့်ဆိုင်းနေဖို့ရာသာ ဖြစ်သည်။

ဘာလုပ်သင့်လဲ…

သူက တွေးလိုက်သည်။ သူက ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေတော့မည့်ဆဲဆဲတွင် စာအုပ်ထဲ၌ သတင်းအချက်အလက်အသစ် တစ်ခု ပေါ်ထွက်လာလေ၏။

သူတို့ရဲ့ ပထမဦးဆုံးတွေ့ဆုံမှုက ဖြစ်ပျက်တော့မှာလား။ ဒါက မဟာတာအိုက ငါတစ်ခုခု လုပ်သင့်တယ်ဆိုတဲ့အရာမဟုတ်လား…

ကောင်းကင်စာအုပ်က အရာအားလုံးကို တွက်ချက်ကြည့်ပြီးသည့်နောက်တွင် ထိုအရာက အမှန်တကယ် ကောင်းမွန်သည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

ငါ ဟုတ်တယ်။ ငါ့ရဲ့ စိတ်သဘောထားက အရမ်းကို စိတ်လှုပ်ရှားလွန်းနေတယ်။ နဂိုအစီအစဉ်က ဒီတိုက်တန် နှစ်ယောက်ကြားက အက်ကြောင်းကြားမှာ အသက်ရှင်ဖို့ပဲ။ မှန်ကန်တဲ့ အခွင့်အရေးကို စောင့်ပြီး ရိုက်ချဖို့။ စိတ်လှုပ်ရှားလွန်းပြီး ငါ့ကိုယ်ငါ ထုတ်ဖော်ပြသတာက နောက်ဆုံးရရှိတဲ့ အခွင့်အရေးကို ဆုံးရှုံးသွားနိုင်ခြေ ရှိတယ်…

ကောင်းကင်စာအုပ်က စာအုပ်ထဲမှ စာရွက်အသစ်ကို အဆုံးသတ်ကာ ပိတ်ချလိုက်သည်။ တစ်ခါတစ်ရံတွင် ဘာမှမလုပ်ခြင်းက အများကြီးလုပ်သည်နှင့် တူညီလေ၏။ ထို့ကြောင့် သူက တပ်မက်မှုကို ခုခံကာ မဟာတာအိုအား ထိုကိစ္စကို ဖြေရှင်းခွင့်ပြုထားလိုက်မည်။ သူက နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်သော်လည်း အကြွင်းမဲ့သစ္စာရှိနေမည့် အမျိုးအစား မဟုတ်ပေ။ ပြောရမည်ဆိုလျှင် သူ့ကို အလွယ်တကူ လွှင့်ပစ်၍ ရနိုင်သည့် အမျိုးအစားမျိုး မဟုတ်ပေ။

ကောင်းကင်စာအုပ်က ကောင်းကင်ကာဒီနယ်ဆီမှ လျှို့ဝှက်ဆက်သွယ်မှုတစ်ခုကို ရရှိဖို့ သိပ်မကြာလိုက်ပေ။

သူက လျစ်လျူရှုထားလိုက်၏။ သူက ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည့်အတွက် မည်သည့်အရာကမှ ထိုအရာကို မပြောင်းလဲနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဤရောက်ရှိလာမည့် ထိပ်တိုက်တွေ့ဆုံမှု၌ မည်သူက အနိုင်ရရှိသူဖြစ်စေကာမူ အကျိုးအမြတ်ရရှိနိုင်ဆဲသာ ဖြစ်၏။

……………………………..

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ လျှို့ဝှက်ဒိုင်မေးရှင်း

ဝမ်ဝေ့က သူ့နေရာဆီ ပြန်လည်ရောက်ရှိလာပြီး သူ တွေ့ကြုံခဲ့ရသည့်အရာများနှင့် သင်ယူခဲ့သမျှ အရာအားလုံးကို စဉ်းစားကာ အနာဂတ်အတွက် မည်သို့ဖြေရှင်းရမလဲ အဖြေထုတ်နေမိသည်။

ဝိရောဓိဖြစ်တာက ငါ့ကိုယ်ငါ ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုပဲ။ ဒါပေမဲ့ ငါ့ကို ခန့်မှန်းရလွယ်စေတယ်။ အဲဒါဆိုတော့ အခုကစပြီး ငါ ဘယ်လိုပြုမူရမလဲ…

ဝမ်ဝေ့က သူ့အကျင့်စရိုက်ကို အာရုံစိုက်ထားလိုက်ပြီး သူ ပုံမှန် မည်သို့ပြုမူသည်ကို အာရုံစိုက်ထားလိုက်သည်။ သူက သူ့ကိုယ်သူ ရန်သူ၏ နေရာမှ စဉ်းစားကြည့်လိုက်၏။

ငါက သဘာဝအရ မောက်မာတယ်။ လတ်တလောကျရှုံးမှုက ငါ့အတွက် ထိနှက်ချက်ကြီး ဖြစ်လာမှာ။ လူ ၉၉ရာခိုင်နှုန်း အထူးသဖြင့် တာအိုနယ်ရှင်တွေက ဒီလို ထိနှက်ချက်မျိုး ခံစားပြီးတဲ့နောက်မှာ ပိုပြီးသတိကြီးကြီးထားလာလိမ့်မယ်။ အဲလိုဆိုတော့ ငါက ခန့်မှန်းရ မလွယ်ပဲနဲ့ အခုကစပြီးတော့ ထင်ရာစိုင်းပြီး ပြုမူသင့်တယ်။ လူတွေက ငါ့ကို အဖြေထုတ်နိုင်ပြီလို့ တွေးတဲ့အခါမျိုးကျရင် ငါက ပြုမူတဲ့ပုံကို ဆက်ပြီး ပြောင်းလဲရမယ်…

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် သုံးသပ်လိုက်သည်။ သူက သူ့ကိုယ်သူ ပြောနေခြင်းမဟုတ်ဘဲ သူစိမ်းတစ်ယောက်ကို ပြောနေသလိုမျိုး ဖြစ်၏။

ငါ့ရဲ့ ပထမဦးဆုံး မဆင်မခြင်အပြုအမူအရဆိုရင် ပထမနေမင်းက သေရမယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

သတင်းအချက်အလက်က မှန်မှန်၊ မမှန်မှန် ကိစ္စမရှိဘူး။ သူက သူ့သွေးမျိုးဆက်ဖြစ်ပြီးတော့ အစားထိုးနိုင်တဲ့ အခွံတစ်ခုဖြစ်နေတယ်ဆိုတာကနေ သူ့ကို သုတ်သင်ဖို့ လုံလောက်နေပြီ။ ပြီးတော့ ငါကလည်း လက်စားချေလို့ ရနိုင်တယ်…

အစပိုင်း အစီအစဉ်ကို သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အာရုံကို ပိုမိုအရေးကြီးသည့် တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်သည်။

ငါ့အနေနဲ့ စွမ်းအားကို ပြန်ရရမယ်။ တကယ်လို့ ငါ့အနေနဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ နည်းလမ်း ရှာနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ သော့ခလောက်ရဲ့ သက်ရောက်မှုကလည်း ရှိနေသေးတယ်…

ဝမ်ဝေ့က တွေးပြီး ခေါင်းအသာယမ်းလိုက်သည်။ သူက ပိုမိုလုပ်ဆောင်နိုင်သည့် အရာများကို စဉ်းစားနေလေ၏။

ထို့နောက် ဝမ်ဝေ့က ထရပ်ကာ  ထွက်သွားဖို့ ပြင်လိုက်သည်။ သူက သူ့စွမ်းအားကို မည်သို့ပြန်လည်ရယူရမလဲ အတွေးတစ်ခု ရှိထားသော်လည်း ဘိုးဘေးနှင့် အရင်ဆုံး တွေ့ဆုံဖို့ လိုအပ်နေသည်။ သို့သော်လည်း သူက ကူးသန်းမသွားနိုင်ခင် ဝမ်ဝေ့က လေဟာနယ်မျက်နှာဖုံးဆီမှ သတင်းစကားရရှိခဲ့၍ ပုံရိပ်ယောင်တစ်ခုကို စေလွှတ်ခဲ့၏။

“ဘာဖြစ်ခဲ့လို့လဲ”

“အရှင် အဆင်ပြေရဲ့လား” အနီရောင်မျက်နှာဖုံးက ချက်ချင်းမေးလိုက်သည်။

“ငါ အဆင်ပြေလား။ အော် ဟုတ်သားပဲ။ မင်းကလည်း မင်းစွမ်းအားအများစုကို ဆုံးရှုံးသွားမှာပေါ့” ဝမ်ဝေ့က အဖြေထုတ်ပြီး သိလိုက်ရသည်။ သခင်နည်းစနစ်၏ ဆိုးကျိုးတစ်ခုက သူတို့ကြားမှ ဆက်နွယ်မှု ဖြစ်၏။

ဝမ်ဝေ့က ယခုအခါ အားနည်းသွားပြီဖြစ်သည့်အတွက် အနီရောင်မျက်နှာဖုံးကလည်း တူညီသည့် ကံကြမ္မာကို ခံစားရလိမ့်မည်။

“မတော်တဆတစ်ခု ဖြစ်ပျက်သွားတယ်။ ငါ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့”

မတော်တဆတစ်ခုတဲ့လား…

အနီရောင်မျက်နှာဖုံးက ထိုစကားများကို မယုံကြည်နိုင်ဖြစ်သွား၏။ သူမက သူ့အရှင်သည် မည်မျှအားကောင်းကြောင်း သိထားသည့်အတွက် သူ့ကို ဒဏ်ရာပေးနိုင်သည့် ရန်သူမျိုးက မည်သို့သော ရန်သူဖြစ်ကြောင်း ကောက်ချက်ချနိုင်လေသည်။ သို့သော်လည်း ထိုသူက မစိုးရိမ်ဖို့ ပြောသည့်အတွက် သူမ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။ ထို့အပြင် သူမက အလိုရှိလျှင်ပင် သူမ၏ စွမ်းအားနှင့် ဉာဏ်ပညာတို့က အထောက်အကူဖြစ်ဖို့ ဝေးကွာနေသေး၏။

“ကျွန်မ နားလည်ပါပြီ”

“မင်းအခု ကိုယ်ပိုင်ကိစ္စတွေကို ရပ်ထားတာ ကောင်းလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အရှင် ကျွန်မက အားနည်းသွားပေမဲ့ လုံးဝ အသုံးမဝင်တာ မဟုတ်ပါဘူး”

“ဒါက စွန့်စားလွန်းရာကျတယ်” ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ အနီရောင်မျက်နှာဖုံးက သူ့အမြင့်မားဆုံးစွမ်းအားအဆင့် ဖြစ်သည့် ထိပ်သီးကောင်းကင်ဘုံအဆင့် စွမ်းအားကိုသာ ထုတ်သုံးနိုင်လေသည်။ သို့သော်လည်း သူမတွင် အချိန်ကန့်သတ်ချက်ရှိထားပြီး ဝမ်ဝေ့၏ ကျင့်ကြံဆင့်က မဟာဧကရာဇ်အဆင့်သာ ဖြစ်သေးသည့်အတွက် သာမန်ထက် နည်းပါးသွားလိမ့်မည်။

“ဒါပေမဲ့ …”

“ငါ ပြောတဲ့အတိုင်းလုပ်။ မင်းက တန်ဖိုးရှိတယ်။ စွန့်စားဖို့ မထိုက်တန်ဘူး” ဝမ်ဝေ့က သူမကို တားဆီးလိုက်၏။

ဝမ်ဝေ့က ထိုစကားများကို စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခုအဖြစ် ပြောပြလိုက်ခြင်း မဟုတ်ပေ။ ဝမ်ကျူက သူ့နှလုံးသားထဲ နေရာတစ်ခု ရယူထားသည့်အတွက် အနီရောင်မျက်နှာဖုံးနှင့် သူ့ဆက်ဆံရေးက ခေါင်းဆောင်နှင့် လက်အောက်ငယ်သားမျှသာ ဖြစ်၏။ သို့သော်လည်း သူ ပြောသည့်အတိုင်း သူမကို ဆုံးရှုံးရခြင်းက နောက်ထပ် ပါရမီထူးကဲသည့်သူ ရှာဖွေပြီး ထပ်မံလေ့ကျင့်ပေးဖို့ လိုအပ်သည်။

လက်ရှိကမ္ဘာ့အနေအထားတွင် ထိုပြဿနာအတွက် မထိုက်တန်ပေ။ ထို့ကြောင့် သူမကို နေရာတွင်သာ နေပြီး သူမကိုယ်တိုင် လှုပ်ရှားမည့်အစား အမိန့်များကိုသာ ပေးစေလိုသည်။

“အမိန့်အတိုင်းပါ။”

All Chapters