စွမ်းအားပြန်လည်ရယူရေးနည်းလမ်း
Vol. 99 Ch. 1382
ဝမ်ဝေ့က မူလစည်းတံဆိပ်ကုန်းမြေဆီ ရောက်ရှိလာလေသည်။ သူ ရောက်ရှိလာသည်နှင့် ထက်ရှသည့် ဓားအငွေ့အသက်နောက်တွင် လိုက်ပါလာသည့် ယန်းအိုက်ကို ချက်ချင်း သတိထားမိလိုက်သည်။
“ဘာဖြစ်သွားတာလဲ။ ဂိုဏ်းက ငါ့ကို ဆက်သွယ်ပြီးတော့ မင်းရဲ့ ဝိညာဉ်မီးအိမ်က ငြိမ်းသွားပြီဆိုပြီးတော့ ဘာလို့ လှမ်းပြောရတာလဲ”
“ကျွန်တော် ခဏနေပါဦး။ ကျွန်တော်ရဲ့ ဝိညာဉ်မီးအိမ်က ဘယ်လိုလုပ် ရှိနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက စတင် မကျင့်ကြံခင်အချိန်က ဒိုင်မေးရှင်းအနိမ့်တွင် တစ်ခု လုပ်ခဲ့ဖူးသော်လည်း ဒိုင်မေးရှင်းအမြင့်တွင် တစ်ခါမှ မလုပ်ခဲ့ဖူးပေ။
“ကောင်လေး အခု အဲဒါက အရေးကြီးလို့လား”
“ကျွန်တော်က သိချင်လို့ပါ”
ယန်းအိုက်က သူ့ကို ကြည့်လိုက်သည်။
“မင်းက နောက်ထပ် အရိုက်ခံချင်နေတာလား။ မင်းလို အနေအထားမျိုးနဲ့ဆိုရင် ငါ ဘိုးဘေးကြိမ်တုတ်ကိုတောင် သုံးစရာလိုမှာ မဟုတ်ဘူး”
“ဘိုးဘေး စိတ်အေးအေးထားပါ” ဝမ်ဝေ့က အရာအားလုံးကို အလျင်အမြန် ရှင်းပြလိုက်ရသည်။
“သူမက တောက်ဘာသာနဲ့ ရေစက်ဆိုးရှိတယ်ဆိုပြီး အမြဲတမ်း ညည်းတွားနေတာ။ ဒါပေမဲ့ အမှန်ဖြစ်နေတဲ့ပုံပဲ” ယန်းအိုက်က ပြောလိုက်သည်။
“အခု သူမကို ပြောခဲ့တာ နည်းနည်းတောင် စိတ်မကောင်းဖြစ်မိသွားပြီ”
သူမက ထိုအတွေးများကို စိတ်ထဲမှ ဖယ်ရှားလိုက်သည်။
“မင်း အသက်ရှင်နေတာ တော်သေးတာပေါ့”
“ဟုတ်တယ်။ အသက်ရှင်နေတာ ကောင်းတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အဲဒါဆိုတော့ မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“ကျွန်တော် လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ရှိတဲ့ ထူးကဲသူတချို့ကို တက်လှမ်းဖို့ စေလွှတ်ထားတယ်လေ။ ဂိုဏ်းက သူတို့ကို ကောင်းကောင်းဂရုစိုက်ထားတယ်မလား”
“ဟုတ်တာပေါ့”
“ဂိုဏ်းကို တိတ်တဆိတ် ဆက်သွယ်ပြီးတော့ သူတို့ထဲက တစ်ယောက် ထွက်လာဖို့လိုအပ်တယ်။ အရင်ဆက်သွယ်တဲ့ နည်းလမ်းကို မသုံးနဲ့။ သူတို့ကို ကွေ့ပတ်ပြောလိုက်တာတော့ ပိုကောင်းလိမ့်မယ်”
“မင်းက အဲဒီအတွက် တောင်းဆိုဖို့ ရောက်လာတာလား” သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သူက ကျွန်တော်ကို သေချာစောင့်ကြည့်နေတာ။ ကျွန်တော်က ဂိုဏ်းကို မဆက်သွယ်နိုင်ဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ပြီးတော့ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုအတွက် လျှို့ဝှက်ချက်တွေကလည်း လုံလုံလောက်လောက် မသိဘူးလေ”
“ဟုတ်တယ်။ ဒါနဲ့ မင်းက အဲဒီလူတွေကို ဘာလို့လိုတာလဲ” ယန်းအိုက်က ခေါင်းညိတ်ကာ မေးလိုက်သည်။
“သူတို့ရဲ့ ခန္ဓာကိုယ်ကို ငှားချင်လို့ပါ။ သူတို့ရဲ့ အခြေအနေအရ စွမ်းအားကို ပြန်လည်ရယူဖို့ အမြန်ဆုံးနည်းလမ်းက တခြားသူရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ပဲ။ အကောင်းဆုံးခန္ဓာကိုယ်က တူညီတဲ့ သွေးမျိုးဆက် ရှိထားတဲ့သူတွေပေါ့။ သူတို့က လက်ရှိ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက် ရှိထားကြတယ်လေ”
“အဲ့လိုဆိုရင်တော့ ငါ မင်းကို မကူညီနိုင်ဘူး”
“ဘာလို့လဲ”
“ငါတို့က မျိုးနွယ်ဝင်တွေရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းနဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်”
“ဘိုးဘေး ဒါက အရေးပေါ်လေ။ စည်းမျဉ်းတွေက အနည်းငယ် ပြောင်းလဲလို့ရပါတယ်”
“မရဘူး” ယန်းအိုက်က ခိုင်ခိုင်မာမာ ပြောလိုက်သည်။
“ဘိုးဘေး” ဝမ်ဝေ့က ဆက်လက် ပြောကာ ညည်းတွားလိုက်သည်။
ယန်းအိုက်က ခေါင်းအသာယမ်းလိုက်သည်။
“မင်းက ငါ့ကို နည်းလမ်းဟောင်းကြီးအတိုင်း လိုက်နေတယ်လို့ တွေးနေတာ သိတယ်။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး။ ငါက ဂိုဏ်းရဲ့ ကောင်းကျိုးအတွက် လုပ်နေတာ”
“အဲဒါက ဘာကို ပြောတာလဲ”
“ငါတို့ဂိုဏ်းက တခြားအာဏာရှင်တွေအပေါ် အကြီးမားဆုံး အရေးသာမှုက ဘာလို့ထင်လဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ဖြေလိုက်သည်။
“ကျွန်တော်တို့က အတော်လေးစ ည်းလုံးပြီးတော့ အင်အားအကြီးဆုံးထဲက တစ်ယောက် ဖြစ်နေလို့ပဲ”
“ဟုတ်တယ်။ ငါက မင်းလိုမျိုး၊ အစ်ကိုချီယွမ်တို့လိုမျိုး ရေရှည်ကို မမြင်တတ်ပေမဲ့ ရောက်ရှိလာမဲ့ ခေတ်ကာလမှာ ငါတို့ရဲ့ စည်ပင်ကြွယ်ဝမှုရဲ့ အဓိကအချက်က စည်းလုံးညီညွှတ်မှုလို့ ထင်တယ်။ မင်းရဲ့ အပြုအမူက ဒီစည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားစေလိမ့်မယ်”
“အဲဒါက နည်းနည်း လွန်ကဲမသွားဘူးလား”
“မဟုတ်ဘူး။ ငါတို့က စည်းလုံးနေတယ်ဆိုပေမဲ့ ပြဿနာတချို့တော့ ရှိနေသေးတယ်။ အင်အားစု ဆယ်ခုက ဂိုဏ်းကို အုပ်ချုပ်နေတာ။ မျိုးနွယ် ၉ခုနဲ့ ဂိုဏ်းအမှုထမ်းအင်အားစု ၁ခု အပါအဝင်ပဲ။ ငါတို့ရဲ့ ယန်း၊ ဝမ်နဲ့ လီမျိုးနွယ်က ထိပ်တန်းရောက်နေတာက ရှေးဦးစံပြတွေက ငါတို့မျိုးနွယ်က ထွက်ပေါ်လာလို့ပဲ။ ပြီးတော့ ဂိုဏ်းအမှုထမ်းဘက်က စံပြအရေအတွက် အများစုရှိတဲ့ အင်အားစုကြီးတစ်ခု ဖြစ်နေတာပဲ။ ဒါပေမဲ့ သူတို့က ဂိုဏ်းထဲမှာ ဖိနှိပ်ခံထားရတယ်။ စည်းမျဉ်းတွေကြောင့်ပဲ။
ဂိုဏ်းထဲမှာ နောက်ထပ်စွမ်းအားကြီးတဲ့ မျိုးနွယ်တွေကို ပေါ်ထွက်လာခွင့်မပြုဘူး။ ဒီနှစ်များစွာ ငါတို့တွေက ဒီဂိုဏ်းစည်းမျဉ်းတွေကို သိမ်းဖို့ အချိန်နဲ့ အားစိုက်ထုတ်မှုတွေများစွာ သုံးစွဲထားလို့ရတယ်။ အဲဒါကြောင့် လူအားလုံးထဲမှာ မင်းက အရေးပါတဲ့ စည်းမျဉ်းကို ချိုးဖောက်လိုက်တာက ငါတို့ရဲ့ စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားစေလိမ့်မယ်။ ဘယ်သူက အရင်ဆုံးလာပြီး ရိုက်ချမလဲဆိုတာတော့ ပြောဖို့မလိုတော့ဘူးမလား”
“အသင်္ချေမျိုးနွယ် အဖွဲ့အစည်း” ဝမ်ဝေ့က ပြောလိုက်သည်။
“ဟုတ်တယ်။ ဝမ်မျိုးနွယ်ရဲ့ ခွဲထုတ်မှုက သွေးမျိုးဆက် အမှတ်အသားကြား တိုက်ခိုက်မှုကနေ စတင်လာလိမ့်မယ်။ အဲဒါဆိုတော့ သူတို့တွေက မင်း ချိုးဖောက်လိုက်တဲ့ စည်းမျဉ်းကိုသာ သိသွားရင် ဘယ်လိုလုပ်မလဲဆိုတာကို ခန့်မှန်းကြည့်လို့ရမှာပါ”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပိုပြီးကောင်းလာတယ်လို့ ထင်နေတာ”
“ဟုတ်တယ်။ ဒါပေမဲ့ လူအများစုကတော့ ဝမ်မျိုးနွယ် ပြန်လည်စုစည်းသွားမှာကို ကြောက်ရွံ့နေတုန်းပဲလေ။” ယန်းအိုက်က ရှင်းပြလိုက်သည်။
“အဖွဲ့အစည်းရဲ့ ပထမဦးဆုံးလုပ်နိုင်တဲ့အရာက ကောင်းကင်ဘုံအဆင့်ကို ဖိအားပေးပြီး အရင်ဆုံး ရိုက်ချခိုင်းမှာပဲ။ ကံဆိုးတာက ဆက်ဆံရေးက စည်းလုံးနေတဲ့ အနေအထားထိ မရောက်သေးဘူးဆိုတော့ သူက လုပ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”
ဝမ်ဝေ့က တိတ်ဆိတ်သွားလေသည်။
“အခု မင်းရဲ့ အပြုအမူရဲ့ အကျိုးဆက်ကို နားလည်ပြီလား”
“ဒါပေမဲ့ ဒါတွေအားလုံးက နောက်ခေတ်ကာလကို အသက်ရှင်ဖို့ ဒီကပ်ဘေးကို ရှင်သန်နိုင်မယ်ဆိုတဲ့ အချက်အပေါ်မှာ မူတည်နေတာလေ”
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
“ငါက မင်း အောင်မြင်လိမ့်မယ်ဆိုတာကို တစ်ခါမှ သံသယမဖြစ်ခဲ့ဖူးဘူး။” ယန်းအိုက်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
“ဘိုးဘေးက ကျွန်တော်ကိုယ်ကျွန်တော်ထက်တောင် ပိုပြီးတော့ ယုံကြည်နေတာပဲ”
“ငါ ယုံကြည်တာက မင်းကို မဟုတ်ဘူး။ မင်းကို ယုံကြည်တဲ့သူကို ယုံကြည်တာ” ယန်းအိုက်က ရှင်းပြလိုက်သည်။
“အကြွင်းမဲ့တားမြစ်ချက်အပြီးမှာ အစ်ကိုချီယွမ်က ဂိုဏ်းရဲ့ အစောင့်အရှောက်နဲ့ သူ့ကြမ္မာက ပြီးဆုံးသွားပြီလို့ ပြောခဲ့တယ်။ တစ်စုံတစ်ယောက်က သူ့နေရာကို အစားထိုးသွားလိမ့်မယ်တဲ့။ ဒါပေမဲ့ သူက မင်းအကြောင်း သိသိချင်း မင်းက ရွေးချယ်ခံတစ်ယောက်လို့ ပြောခဲ့တယ်။ သူ့ရဲ့ ယုံကြည်မှုအားလုံးကို မင်းအပေါ်မှာ ပုံအောခဲ့တာ။ ငါက သူ့အမြင်ကို ယုံတယ်”
ဝမ်ဝေ့က ခေတ္တမျှ တိတ်ဆိတ်သွားကာ သက်ပြင်းချလိုက်သည်။
“အဲဒါဆိုတော့ ကျွန်တော်ကို ဘာလုပ်စေချင်လဲ”
“မင်းက ဉာဏ်ကောင်းပါတယ်။ အဖြေ သိလာမှာပါ”
“ကောင်းပါပြီ” ဝမ်ဝေ့က သက်ပြင်းချကာ ထွက်သွားဖို့ ပြင်လိုက်သည်။
“ဒီလို စူပုတ်မနေပါနဲ့။ မင်း တစ်ခုခုလိုရင် ငါ့ဆီ လာလို့ရတယ်”
“ဟုတ်ကဲ့ပါ” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်၏။
“ကျွန်တော် တစ်စုံတစ်ယောက်ကို လုပ်ကြံဖို့ လိုတယ်။ ဒါပေမဲ့ သူက ထောင်ချောက်တစ်ခု ဖြစ်နေနိုင်တယ်ဆိုတော့ အန္တရာယ်လည်း ရှိတယ်”
“ဘယ်သူလဲ” ထို့နောက် ဝမ်ဝေ့က ပထမဆုံးနေမင်းအကြောင်း ရှင်းပြကာ ဘာကြောင့် သတ်လိုသည့်အကြောင်းအရင်းကိုပါ ပြောပြလိုက်သည်။
“မစိုးရိမ်နဲ့။ ငါ ဖြေရှင်းလိုက်မယ်”
“ဘိုးဘေး ကိုယ်တိုင်လုပ်လို့ မရဘူး” ဝမ်ဝေ့က ချက်ချင်းထပ်ပြောလိုက်သည်။
“ပြီးတော့ ဘိုးဘေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရိပ်လိုမျိုးကိုလည်း အသုံးချလို့ရမှာ မဟုတ်ဘူး”
“ငါ သိပါတယ်”
“ပြီးတော့ အဲဒီလူက သူ့အသက်ကို ကယ်တင်နိုင်မဲ့ နည်းလမ်းအများကြီးလည်း ရှိနေနိုင်တယ်။ အသက်ရှည်အရင်းအမြစ်တွေ အများကြီးပေါ့”
“ငါ နားလည်တယ်။ ဒါပေမဲ့ ငါ ပြောတဲ့အတိုင်း ငါ ဖြေရှင်းလိုက်မယ်” ယန်းအိုက်က ပြောလေသည်။
ဝမ်ဝေ့က ထပ်ပြောလိုသော်လည်း သူ့မျက်နှာအထက်မှ စိတ်မရှည်လက်မရှည် အမူအရာကို မြင်သည့်အခါ ရပ်တန့်လိုက်လေသည်။ မည်သို့ပင် ဆိုစေကာမူ သူ ထွက်မသွားခင် နောက်ဆုံးအနေဖြင့် သတိပေးခဲ့၏။ သူ့ပုံအပ်ရာသို့ ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ထပ်အခြေအနေတစ်ခုကို ထပ်မံစဉ်းစားလိုက်သည်။ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာလေ၏။ ထို့ကြောင့် သူက မီးတောက်ပန်းပဲဆရာနှင့် ရုပ်သေးရုပ်နတ်ဆိုးတို့ကို လေဟာနယ်ပုံရိပ်ယောင်ထဲမှ ဆက်သွယ်လိုက်သည်။
“ငါ ကောင်းကောင်းလုပ်ထားတဲ့ ရုပ်သေးရုပ်တစ်ရုပ် လိုတယ်။ အဲဒါက ငါ့ရဲ့ ခန္ဓာကိုယ်အချိုးအစားတိုင်း ဖြစ်ရမယ်။ ငါ့ရဲ့ တည်ရှိမှုအထိပေါ့။ အဲဒါ ဖြစ်နိုင်ရဲ့လား” ဝမ်ဝေ့က ပြောလိုက်သည်။
“အရှင်က အသက်အသစ် ရုပ်သေးရုပ်ကို လိုချင်တာလား” ရုပ်သေးရုပ်နတ်ဆိုးက မေးလာသည်။
“အဲဒါက ဘာလဲ” ဝမ်ဝေ့က ထိုအသုံးအနှုန်းဖြင့် မရင်းနှီးသည့်အတွက် မေးလိုက်သည်။
“ရုပ်သေးရုပ်နဲ့ ပတ်သက်ပြီး ပညာရပ်နှစ်ခု ရှိတယ်ဆိုတာ သိတယ်မလား”
“အင်း အတွင်းပိုင်းနဲ့ အပြင်ပိုင်းလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ အပြင်ဘက်ပိုင်းမှ ရုပ်သေးရုပ်များကို ထိန်းချုပ်သည်ကို အာရုံစိုက်ထားပြီး နောက်တစ်ခုကမူ ရုပ်သေးရုပ်များကို သူတို့၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲရာ၌ အာရုံစိုက်ထားလေ့ရှိသည်။
“ဒီအတွင်းပိုင်းရုပ်သေးရုပ်ရဲ့ နောက်ဆုံးရည်ရွယ်ချက်က သူတို့ရဲ့ တည်ရှိမှုအပေါ် မူတည်ပြီးတော့ ရုပ်သေးရုပ် ပြောရမယ်ဆိုရင်တော့ သက်ရှိအသစ် ရုပ်သေးရုပ်ကို ဖန်တီးဖို့ပဲ။ ဒီလိုမျိုး ရုပ်သေးရုပ်တွေက အစိတ်အပိုင်းတွေကို မပြောင်းလဲပဲနဲ့ ဆင့်ကဲပြောင်းလဲနိုင်တယ်လေ”
“စာရွက်ပေါ်အရ လွယ်ကူမယ်ဆိုပေမဲ့ မင်းရဲ့ လေသံအရတော့ အဲလိုမဟုတ်ပုံပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ဟုတ်တာပေါ့။ ဒါက တကယ်ကို ခက်ခဲတယ်။ ရုပ်သေးရုပ်တာအို သမိုင်းကြောင်းတစ်လျှောက်မှာ အောင်မြင်တဲ့သူကိုလည်း လက်နှစ်ဖက်နဲ့ ရေတွက်လို့ရတယ်” ရုပ်သေးရုပ်နတ်ဆိုးက ပြောလိုက်သည်။
“အဲ့လိုလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
“သူ့ရှင်းပြချက်က မှားနေတယ်” မီးတောက်ပန်းပဲဆရာက ရုတ်တရက် ဝင်ပြောလိုက်သည်။
“အဲဒါက ဘာကိုပြောတာလဲ” ရုပ်သေးရုပ်နတ်ဆိုးက အလျင်အမြန်မေးလိုက်သည်။
“တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းကို ကျွမ်းကျင်ထားတဲ့ ရုပ်သေးဆရာတွေအတွက် တစ်စုံတစ်ယောက်ရဲ့ တည်ရှိမှုကို အခြေခံတဲ့ ရုပ်သေးရုပ်ကို ပြုလုပ်နိုင်တယ်” သူက ရှင်းပြလိုက်သည်။
“အသက်အသစ် ရုပ်သေးရုပ်ဆိုတာက ရုပ်သေးရုပ်သဘောတရားကို တည်ရှိမှုထဲမှာ ထည့်သွင်းလိုက်တာနဲ့ အတူတူပဲ”
“ကျုပ် သိပြီ” ဝမ်ဝေ့က အသက်အသစ် ရုပ်သေးရုပ်များသည် ရုပ်သေးဆရာများအတွက် တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် ဝင်ရောက်တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခုဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် လူတချို့ကသာ အောင်မြင်ကြခြင်း ဖြစ်၏။
“ငါ့ရဲ့ ရုပ်သေးရုပ်ကို တည်ဆောက်ပေးနိုင်လား” ဝမ်ဝေ့က ရုပ်သေးရုပ်နတ်ဆိုး၏ မျက်နှာပူမှုကို လျစ်လျူရှုထားပြီး မေးလိုက်သည်။
“ဒါက ကျုပ်ရဲ့ ကျွမ်းကျင်မှု မဟုတ်ဘူးဆိုပေမဲ့ သူ့အကူအညီနဲ့ဆိုရင်တော့ ပြဿနာ မရှိဘူး” မီးတောက်ပန်းပဲဆရာက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ။ အချိန်ဘယ်လောက်ကြာမလဲ”
“အရေးကြီးလား”
“တတ်နိုင်သမျှ မြန်မြန်လိုချင်တယ်”
“အဲ့လိုဆိုရင်တော့ ခဏ တွက်ချက်ကြည့်လိုက်ဦးမယ်။ တကယ်လို့ အရင်းအမြစ်များများရှိပြီး ရုပ်သေးဆရာတွေ နောက်ထပ် ခန့်နိုင်မယ်ဆိုရင် ပြီးတော့ ခင်ဗျားရဲ့ အပြည့်အဝ ပူးပေါင်းမှုနဲ့ဆိုရင်တော့ ယွမ်ခေတ်ကာလ ၂၅၀၀ လောက်တော့ ပြီးလောက်တယ်”
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။
“အဲ့ထက် မမြန်နိုင်တော့ဘူးလား”
မီးတောက်ပန်းပဲဆရာက မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လောက်မြန်ချင်တာလဲ”
“နှစ် ရာပိုင်းခန့်ကပေါ့”
“ရူးနေလား” အသံမြှင့်ကာ မေးလိုက်သည်။
“အဲဒါဆို နှစ်ထောင်ပိုင်းခန့်ရော” ဝမ်ဝေ့က အလျင်စလို ဆက်ပြောလိုက်၏။ သို့သော်လည်း သူ ရရှိသည့်အဖြေကမူ စိုက်ကြည့်မှုသာ ဖြစ်၏။
“ငါတို့ဆီမှာ အချိန်အစီအရင်တွေရှိတယ် မဟုတ်ဘူးလား”
“အကောင်းဆုံးက သာမန်အချိန်ထက် အဆဆယ်ဆ၊ ဆယ်နှစ်ဆပဲ မြန်နိုင်တာလေ။ ကမ္ဘာရဲ့ ထူးဆန်းအံ့ဖွယ်ကို မရသရွေ့ ကွာခြားချက်ရှိမှာ မဟုတ်ဘူး” မီးတောက်ပန်းပဲဆရာက ပြန်လည်ချေပလိုက်သည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
ဒီအစီအစဉ်က အလုပ်မဖြစ်ဘူးဆိုရင် ငါ ဘာများလုပ်နိုင်ဦးမှာလဲ