နောက်ဆုံးတော့ တစ်စုံတစ်ယောက်က လှုပ်ရှားခဲ့ပြီ
Vol. 99 Ch. 1385
ဝူယွီက ရုတ်ချည်းဆိုသလို တစ်ဖက်သတ် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူမက ပြိုင်ဖက်အား မကျေမနပ်ကြည့်ပြီးသည့်နောက်တွင် လှောင်ပြောင်လိုက်၏။
“အဲဒီအမုန်းတရားနဲ့ ဒေါသတွေ အားလုံး ဘာဖြစ်ကုန်လဲ။ ဘာလို့ သတ်ဖို့ မကြိုးစားတော့တာလဲ”
“ငါက အဲ့လိုလုပ်နေဖို့ မလိုဘူး” ထာဝရဇာမဏီက ပြန်ဖြေလိုက်သည်။
“အဲဒါက ဘာကိုပြောတာလဲ”
“မင်းရဲ့ သေဆုံးမှုကြောင့်နဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုဘူးဆိုတာကို သဘောပေါက်သွားပြီလေ” သူက ရှင်းပြလိုက်သည်။
“မင်းရဲ့ ဆိုးဆိုးရွားရွား ပြုမူပုံနဲ့ အဲဒီကျိန်စာသဘာဝနဲ့ဆိုရင် မင်းက ကုဆေးမရှိဘဲ သေဆုံးသွားမှာပဲ။ အဲဒါဆိုတော့ ငါက မင်းကို ကျိန်စာကနေ လွတ်မြောက်စေရအောင် ဘာလို့များ အပြောင်းအလဲ ဖြစ်နေရမှာလဲ။ ငါက အသက်ရှင်ပြီးတော့ မင်း ပျက်စီးသွားတာကို စောင့်ကြည့်နေဖို့ပဲ လိုအပ်တာ”
ဝူယွီက ဒေါသဖြင့် ရှုံ့မဲ့သွားလေ၏။ ထိုသူပြောသည်က မှန်ကန်သွားလေသည်။ သူမ၏ ကျိန်စာနှင့် အပြစ်ကြွေးခန္ဓာက အချိန်ကိုက်ဗုံးလိုမျိုး ဖြစ်နေလေ၏။ ကုဆေးမရှိဘဲ သူမက သူတို့၏ စွမ်းအားမှ သေဆုံးသွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် အလျင်လိုနေသည့် သူက ထာဝရဇာမဏီ မဟုတ်ဘဲ သူမသာ ဖြစ်၏။
“ရှင်က အသက်ရှင်ဖို့ စီစဉ်ထားတယ်ဆိုတော့ ရှင့်ကို မရဏလောကဆီ အလကား ပို့ပေးလိုက်မယ်” ဝူယွီက ပြန်ပြောလိုက်သည်။ သူမက တိုက်ခိုက်ပြီး ဤတစ်ကြိမ်တွင် ပိုမိုပြင်းထန်လာသည်။ မာနကြီးသည့် ဇာမဏီက ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။ ထိုကောင်စုတ်က သူတို့ကြားမှ ကံကြမ္မာကို အဆုံးသတ်ပစ်ဖို့ ဖြစ်သည်။ ကံဆိုးစွာဖြင့် ထာဝရဇာမဏီက တည်ငြိမ်နေပြီး သူ့တိုက်ခိုက်ရေးပုံစံက ခုခံရေးဖြစ်သည့်အတွက် ဝူယွီအား သူ့ကို ထိခိုက်စေဖို့ အခွင့်အရေးတစ်ခု မပေးပေ။
“ခွေးကောင် ငကြောက်” ဝူယွီက အော်ပြောလိုက်သည်။
“နင်က ယောက်ျားရော ဟုတ်ရဲ့လား။ ဒီလို သတ္တိကြောင်တဲ့ပုံစံမျိုးနဲ့ ဘယ်လိုများ တိုက်ခိုက်နေတာလဲ”
ထာဝရဇာမဏီ၏ နှုတ်ခမ်းက ရှုံ့မဲ့သွားလေသည်။ သို့သော်လည်း သူ့နည်းဗျူဟာက နဂိုအတိုင်းသာ ဖြစ်၏။ ဝူယွီက ဤတိုက်ပွဲဖြင့် ပိုမိုဒေါသထွက်လာလေသည်။ သူမက အသစ်ရရှိထားသည့် စွမ်းအားအပေါ် ယုံကြည်ချက်ရှိသော်လည်း သူတို့ကြားမှ ကွာဟချက်သည် သူမအတွက် သူ့ကို အလျင်အမြန် သတ်နိုင်ဖို့ မလုံလောက်သေးပေ။ သူတို့တိုက်ခိုက်သည့်အတွက် အခြေအနေက ပိုမိုဆိုးရွားလာလိမ့်မည်။
“လျှို့ဝှက်ချက် နည်းနည်းလောက် သိချင်လား။ ကျွန်မက ရှင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူးဆိုတာကိုလည်း သိလောက်ပါပြီ။ ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့ မိတ်ဆွေကောင်း ပိုင်စုန့်ရွှမ်းကို ချစ်ခဲ့တယ်ဆိုတာ သိလား။ သူက အရမ်းကို ကြင်နာပြီးတော့ စိတ်သဘောထားကြီးမြတ်တဲ့သူ တစ်ယောက်လေ။ သူ့တစ်ဘဝတစ်လျှောက်လုံး ရှင့်အရိပ်မှာ နေသွားရတာ နှမြောစရာပဲ”
ထာဝရဇာမဏီ၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာသည်။ သို့သော်လည်း ဤတုံ့ပြန်မှုမျိုးကို ဝူယွီက လှောင်ပြုံးပြုံးပြီး ထပ်မံပြောလိုက်သည်။
“ကျွန်မက အချစ်ကို ဝန်ခံဖို့ ကြိုးစားသေးတယ်လေ။ ဒါပေမဲ့ သူက အရမ်းကို သစ္စာရှိလွန်းတယ်။ သူ့ခန္ဓာကိုယ်ကို ရဖို့ စိတ်ကြွဆေးတောင် သုံးခဲ့သေးတယ်။ ဒါပေမဲ့ သူက သစ္စာရှိမှုအပေါ်မှာ အပြင်းအထန် ရုန်းကန်ခဲ့တယ်လေ။ အဲဒါကြောင့် သူ့ကို သတ်လိုက်ရတာပဲ။ သူ့ကို ချစ်ပေမဲ့လည်း ရှင့်အတွက် အစီအစဉ်တွေကို ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုနိုင်ဘူးလေ”
“ခွေးမ” ထာဝရဇာမဏီက အော်ပြောပြီး သူမဆီ ပြေးဝင်သွားလေသည်။ သူက အရူးတစ်ယောက်လိုမျိုး အကျိုးဆက်ကို မစဉ်းစားဘဲ သူမကို သတ်ပစ်ဖို့ ကြိုးစားနေလေ၏။ သို့သော်လည်း ဝူယွီက အားပါးတရ ရယ်မောလိုက်သည်။
“ဒီလိုမှပေါ့”
သူမကလည်း အပြင်းအထန် တိုက်ခိုက်ကာ ဟာကွက်ကို ရှာဖွေပြီး သူ့ကို ဖမ်းဆီးဖို့ ကြိုးစားလိုက်သည်။
“စိတ်ငြိမ်ငြိမ်ထား” ထာဝရဇာမဏီ၏ ခေါင်းထဲ အသံတစ်သံ ထွက်ပေါ်လာသော်လည်း သူက နားထောင်နေခြင်း မရှိပေ။
“ကျုပ်တို့က အဆင်သင့် မဖြစ်သေးဘူး။ ခင်ဗျားက အစီအစဉ်ကို ထိန်းချုပ်နေတာ”
ကံဆိုးစွာဖြင့် ထိုအစီအစဉ်က အဆုံးမဲ့လေဟာနယ်ထဲဆီ ပို့ဆောင်ခံလိုက်ရဟန်ပေါ်သည်။
ကျစ် ငါ အဲဒီအရူးတွေ ပြဿနာရှာမယ်ဆိုတာကို ထင်ထားသင့်တယ်
အသံပိုင်ရှင်က ထာဝရဇာမဏီသည် သူ့ကို ကြားလား၊ မကြားလား ဂရုမစိုက်ဘဲ ရေရွတ်လိုက်လေ၏။
ဒီလိုဆိုရင် ကိစ္စတွေကို ပြောင်းလဲပစ်ရတော့မယ်…
တိုက်ပွဲက ပိုမိုပြင်းထန်လာပြီး အရူးတိုက်တန်နှစ်ယောက်က ထိပ်တိုက်တွေ့ဆုံသည့်အခါ သူတို့၏ အသိစိတ်ကင်းလုနီးပါး ဖြစ်နေသည်။ သူတို့ဖြစ်ပေါ်လာစေသည့် အပျက်အစီးများက စိတ်ကူးကြည့်၍ မရနိုင်သော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။ ဤကျယ်ပြောလှသည့် ကမ္ဘာကြီးထဲ လူဦးရေနှင့် ပိုင်နက်တို့က ဘယ်သောအခါမှ ပြတ်လပ်နေခြင်း မရှိပေ။
ထိုသူများ၏ တိုက်ပွဲအထွတ်အထိပ်သို့ ရောက်ရှိလာသည့်အခါ ထင်မှတ်မထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏။ ထာဝရဇာမဏီ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း ရုတ်ချည်း ထွက်ပေါ်လာကာ ကြိုးများအသွင်ပြောင်းလဲသွားပြီး သူတို့နှစ်ဦးကို ချည်နှောင်ထားလိုက်သည်။ ဝူယွီက တစ်စုံတစ်ခုကို ခံစားမိကာ ရှောင်ရှားဖို့ ကြိုးစားခဲ့သော်လည်း ရွှေရောင်ကြိုးတန်းက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြစ်ကြွေးများထံ သံက သံလိုက်ထံ ကပ်ငြိသွားသလိုမျိုး ရှောင်ရှား၍ မရပေ။
သူမက ချက်ချင်းဆိုသလို ချိုးဖောက်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ ထိုကြိုးက သူမတွင် ကံကြွေးများစွာ ရှိနေသရွေ့ အတင်းအကြပ် ရစ်နှောင်ထားလိမ့်မည်။
သူမက ခွန်အားကို သုံးကာ ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဉ်က အချိန်ကြာမြင့်နိုင်၏။ သူမက ထိုသို့သော အကွက်ကျကျ စီစဉ်ထားသူသည် ထိုသူများကို ထိုသို့ အခွင့်အရေး မပေးကြောင်း ခံစားမိနေလေ၏။
“ဒီစွမ်းအားက ကုသိုလ်ရွှေခန္ဓာလား။ ဝမ်ဝေ့ … အဲဒါ နင်လား။ မဟုတ်သေးဘူး။ ဒီအရှိန်အဝါက ကွဲပြားတယ်။ ဒါ အရင်က ငါ မြင်ဖူးတဲ့အရာ” ဝူယွီက သုံးသပ်လိုက်သည်။
“ငါတို့တွေ အများကြီး တွေ့ဖူးတာကို ငါ့ကို မှတ်မိဖို့ ဒီလောက်တောင်ကြာရလား။ ငါက အဲ့လောက်တောင် အဓိပ္ပာယ် မရှိတာလား။ ဒါမှမဟုတ်ဘူးဆိုရင် မင်း အသိစိတ်ကပဲ အဲဒီအဆင့်ထိ နိမ့်ကျသွားတာလား”
“ဒါက ဘာအဓိပ္ပာယ်လဲ”
“ငါလည်း သိချင်တယ်။ ငါကရော ဘာလို့ အဖမ်းခံရတာလဲ” ထာဝရဇာမဏီက ထပ်ပြောလိုက်သည်။
“ဘယ်လိုထင်လဲ” ဧကရာဇ်ခုံက တုံ့ပြန်လိုက်၏။
“အဲဒါဆိုတော့ မင်း ငါ့ကို သစ္စာဖောက်ခဲ့တာပေါ့။ ဒါပေမဲ့ ငါက အဲဒီအတွက် မပြင်ဆင်ထားဘူးများ ထင်နေလား”
ဧကရာဇ်ခုံက သူ့ကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျား စောင့်ကြည့်မှုအောက်မှာရှိနေတဲ့ ပါရမီထူးကဲသူတွေအားလုံးကို သတ်ပြီးတော့ အဖိုးတန်ဗဟုသုတတွေကို ဖျက်ဆီးပစ်ခဲ့ပြီးပြီလေ။ ကျုပ် စောင့်ကြည့်မှုအောက်က လွတ်မြောက်နိုင်တဲ့အရာကို တစ်ခုခုများ လုပ်နိုင်မယ်လို့များ ထင်နေတာလား။ ခင်ဗျားရဲ့ စွမ်းအားကြီးတဲ့ ခွန်အားနဲ့ အရင်းအမြစ်အပြင် ခင်ဗျားဆီမှာ ဘာမှမရှိဘူး”
ဧကရာဇ်ခုံက ခေါင်းအသာယမ်းလိုက်သည်။ ထာဝရဇာမဏီက သူနှင့် အလုပ်တွဲလုပ်ဖို့ သဘောတူကတည်းက သေဆုံးဖို့ရာ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။
အစီအစဉ်ကို စောစောစီးစီး စတင်လိုက်ရတာတော့ နှမြောစရာပဲ…
ဧကရာဇ်ခုံက သက်ပြင်းချလိုက်သည်။ သူ့နဂိုအစီအစဉ်အရ ထာဝရဇာမဏီသည် သူ့အနေဖြင့် အသက်မဲ့အစီအရင်ကို တိတ်တဆိတ် ခင်းကျင်းပြီးသည်အထိ တိုက်ခိုက်စေဖို့ ဖြစ်သည်။ သူ့ကို သစ္စာဖောက်ပြီးသည့်နောက်တွင် ဧကရာဇ်ခုံက စံပြနှစ်ယောက်ကို တစ်ပြိုင်နက် အောင်အောင်မြင်မြင် သတ်နိုင်လိမ့်မည်။ သို့သော် ယခုတွင် သူက သူတို့အသက်တစ်သက်ကို ရှင်းထုတ်ရုံမျှနှင့် ကျေနပ်ရတော့မည်။
ထာဝရဇာမဏီက ထိုစကားများကို ကြားပြီးသည့်နောက်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ ထို့နောက် အရံအစီအစဉ်ကို အသက်သွင်းလိုက်သည်။ ထင်ထားသည့်အတိုင်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။ သူတို့၏ အစီအစဉ်ဗဟိုချက်ဖြစ်သည့် အစီအရင်က အကောင်းတိုင်း ရှိနေဆဲ ဖြစ်၏။ ဧကရာဇ်ခုံက သူ့ကိုလျစ်လျူရှုထားကာ အစစ်အမှန် အစီအရင်ကို အသက်သွင်းလိုက်သည်။
ထို့နောက် သူတို့၏ ခေါင်းအထက် အငြိုးအတေး အမြောက်အများက ဓားသဖွယ် စုဝေးလာသည်။ ဧကရာဇ်ခုံက လမင်းများဖြင့် သဘောတူညီချက် ရယူပြီးသည့်နောက်တွင် အငြိုးအတေးများကို ရှင်းထုတ်ပစ်ခဲ့သူဖြစ်၏။ သူ့အပြုအမူက အငြိုးအတေးများကို သူတို့၏ ချီကံကောင်းမှုနဂါးထံ တိုက်စားခြင်းမှ ကာကွယ်ပေးခြင်းဖြင့် သူတို့၏ အုပ်စိုးမှုကို ရှည်ကြာစေခဲ့သည်။ ယနေ့တွင် သူက တူညီသည့် အငြိုးအတေးကို အသုံးပြု၍ ထိုလမင်းများထဲမှ နှစ်စင်းကို သတ်ဖြတ်တော့မည် ဖြစ်၏။
“မဖြစ်ဘူး” ဝူယွီက အော်ပြောလိုက်သည်။ သူမက ဤကျိန်စာအပေါ် ထိန်းချုပ်မှုရလာကာစဖြစ်ပြီး သေဆုံးမှုက သူမ၏ အခြေအနေကို ပိုမိုဆိုးရွားသွားစေလိမ့်မည်။ သူမက ဓာတ်ငါးပါးနှင့် အသေးစား ကံတာအိုတို့ကို အသေးစားသတ်မှတ်ချက်ထိ ရောက်အောင် တွန်းပို့ခဲ့ပြီး ရွှေရောင်ကြိုးမှ လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။ နှမြောဖို့ကောင်းလှစွာဖြင့် ထိုကြိုး၏ သဘာဝက သူမကဲ့သို့ အပြစ်ကြွေးရှိသည့်သူများအတွက် သဘာဝရန်သူ ဖြစ်နေလေသည်။ ထို့အပြင် ဧကရာဇ်ခုံက ထာဝရဇာမဏီအား ဝူယွီ၏ စွမ်းအားကဲ့သို့သူမျိုးကို ချုပ်နှောင်ဖို့ ကြာရှည်ခံအောင် စွမ်းအားထည့်သွင်းထားသည့် အချက်ကိုပင် မပြောရသေးပေ။
“ခင်ဗျားက အရင်ပဲ” ဧကရာဇ်ခုံက ပြောလိုက်သည်။
ရွှေရောင်ကြိုးက ထိုသူ၏ စွမ်းအားပါဝင်နေသည့်အတွက် ခုံက ထာဝရဇာမဏီကို ကြာကြာမချည်နှောင်ထားကြောင်း သိထားလေသည်။ သူက လက်ဝှေ့လိုက်သည့်အခါ ခရမ်းရင့်ဓားက ထိုအမျိုးသားအပေါ် အလျင်အမြန် ကျဆင်းလာလေ၏။
ခုခံမှုအားလုံးက အသုံးမဝင်ပေ။
လမင်းများက အပြစ်ကြွေးများစွာကို ကျူးလွန်ခဲ့ပြီး ကမ္ဘာ၏ အငြိုးအတေးက သေမျိုးနှင့် ကျင့်ကြံသူများအပါအဝင် ထိုသူများကို မကျေမနပ်ဖြစ်နေကြသည့် သဏ္ဌာန်ပြမှုသာ ဖြစ်၏။ ဧကရာဇ်ခုံ၏ သတ်ဖြတ်မှုက ကဗျာဆန်လုနီးပါးဖြစ်ပြီး ကံပုံစံဖြင့် ဖွဲ့စည်းလာသည်။
ဝုန်း
ထို့နောက် ကောင်းကင်၌ ချိုးဖောက်သည့် အသံတစ်သံ ထွက်ပေါ်လာပြီး ဧကရာဇ်ခုံက အာရုံပြောင်းလဲလိုက်သည်။ ဝူယွီ၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုက အောင်မြင်လုနီးပါးဖြစ်သွားသည့်အတွက် ဧကရာဇ်ခုံက အချိန်မဖြုန်းဘဲ သူမကို သတ်ဖြတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ခုံက လွတ်မြောက်သည့် ခံစားမှုတို့ကို ရရှိသွားသည်။ ဤသည်က ကံကြမ္မာတစ်ကျော့ပြန်လာခြင်း ဖြစ်၏။ အတိအကျပြောရမည်ဆိုလျှင် သူ ယခင်က ထုတ်ဖော်လာခဲ့သည့် ခံစားချက်ကို အလေးအနက် စဉ်းစားပြီးသည်။
အဲဒါဆိုတော့ အရာအားလုံးက ဆက်နွယ်နေတာပဲ။ အရှေ့အနောက် အသွားအပြန်ဆိုတာ ရှိတယ်…
သူက တွေးလိုက်သည်။ သူက ကမ္ဘာ၏ အငြိုးအတေးများကို သူ့အလုပ်နှင့် ထိုသူများ၏ အုပ်စိုးမှုကို ရှည်ကြာစေဖို့ အသုံးပြုခဲ့သည်။ သို့သော်လည်း ကောင်းကင်တာအိုက သူ့အပြုအမူများအတွက် အပြစ်ပေးခြင်း မရှိပေ။ ခုံက သူတို့၏ ကျောင်းတော်၏ ကံကောင်းမှုသည် ဘယ်သောအခါမှ မထိခိုက်ရသလဲဟု စဉ်းစားနေခဲ့မိသည်။ သူ့အပြုအမူက လမင်းများနှင့် ကံဆက်နွယ်မှုတချို့ရှိသင့်ပေသည်။
ယခု သူက နားလည်သွားလေ၏။ ကောင်းကင်တာအို၏ ရေစင်က ထိုသူများကို တူညီသည့် နည်းလမ်းကို သုံး၍ ရှင်းထုတ်ပစ်ခြင်းဖြင့် သူ့အပြုအမူကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ဧကရာဇ်ခုံက သက်ပြင်းချလိုက်၏။ ယနေ့ဖြစ်ရပ်က ဝမ်ဝေ့၏ အနာဂတ်သုံးသပ်မှုသည် မှန်ကန်နေကြောင်း သက်သေပြသွားသည်။
ဧကရာဇ်ခုံက ကျောင်းတော်ဘက်ကို လှမ်းကြည့်လိုက်၏။ သူက သူရရှိထားသည့် ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများကို ခံစားမိလိုက်သည်။ သူက ကျေနပ်စွာ ခေါင်းညိတ်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ တစ်စုံတစ်ယောက် သူ့အစီအစဉ်ကို ဝင်ရောက်စွက်ဖက်မည်ကို စိုးထိတ်မိပြီး ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ကံကောင်းစွာဖြင့် ထိုသူအားလုံးက အလုပ်ရှုပ်နေကြခြင်း သို့မဟုတ် ရောက်လာဖို့ရာ တစ်ကိုယ်ကောင်းဆန်လွန်းကြသည့်အတွက် ဘယ်သူကမှ ပေါ်ထွက်လာခြင်း မရှိပေ။
မဟုတ်သေးဘူး။ ငါ အခု သိုသိုသိပ်သိပ် နေရဦးမယ်…
ဧကရာဇ်ခုံက တွေးလိုက်သည်။ ယနေ့ ဖြစ်ရပ်အပြီး လူများစွာက သူ့ကို စောင့်ကြည့်နေကြမည် ဖြစ်၏။ သူ့ကျောင်းတော်က အာဏာရှင်ထဲမှ တစ်ယောက် မဟုတ်သလို ရှေးဟောင်းစံပြမျိုးနွယ်လည်း မဟုတ်ပေ။ ထို့ကြောင့် လူများစွာက သူ ရယူထားသည့် ကံကောင်းမှုနှင့် ကြမ္မာကို စိတ်ဝင်စားကြလိမ့်မည်။
…………………………………………………
ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ သူ့အကြည့်များက တောက်ပနေလေ၏။ သူက ထိုအတက်အကျလှိုင်းကို အောင်အောင်မြင်မြင် သုံးသပ်နိုင်ခဲ့သည်။ ယခု သူက စစ်ပွဲ၏ ရလဒ်ကိုသာ အာရုံစိုက်လိုက်၏။ သူက နက်နက်နဲနဲ တရားထိုင်နေသော်လည်း ဤတိုက်ပွဲတွင် ဖြစ်ပျက်သမျှအရာများကို နားလည်သဘောပေါက်နေဆဲသာ ဖြစ်၏။