← Chapters

မိတ်ဆွေဟောင်း၏ လာရောက်လည်ပတ်မှု

Vol. 99 Ch. 1386

မိတ်ဆွေဟောင်း၏ လာရောက်လည်ပတ်မှု

Vol. 99 Ch. 1386

ဒီအခွင့်အရေးကို ယူပြီး သူမကို သတ်လိုက်ရမလား…

ဝမ်ဝေ့က တွေးလိုက်သည်။ ဝူယွီက လက်ရှိအခါ အဖိုးတန်နေကာ ဤသည်က အကောင်းဆုံးအချိန် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

သူမကို စောင့်ကြည့်နေတဲ့ မျက်လုံးအများကြီးရှိနေသေးတယ်။

အန္တိမသဟဇာတက ဒီလူတွေကို မသေစေချင်ကြောင်း ပြပြီးပြီဆိုတော့ သူမကို မကယ်တင်ဖို့ အစွန်းရောက်နည်းလမ်းတွေကို သုံးလာနိုင်တယ်…

အကောင်းဆုံးလှုပ်ရှားမှုက မုန့်ခယ်ကို စောင့်ဖို့ပဲ။ အဲဒီအခါကျရင် အားလုံးရဲ့ အာရုံက သူ့အပေါ်ရောက်သွားပြီးတော့ ငါက အဲဒီအခွင့်အရေးကို ယူပြီး သူမကို ရှင်းထုတ်ပစ်လို့ရတယ်။ အဲဒီအခါကျရင် မုန့်ခယ်ရဲ့ အစီအစဉ်က ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ဖြစ်ခဲ့မယ်ဆိုရင် အဲဒီခွေးကောင်ထဲက နှစ်ကောင်က အချိန်တိုအတွင်း သေဆုံးသွားလိမ့်မယ်။

ဝမ်ဝေ့က ထိုအစီအစဉ်နှင့် ပတ်သက်ပြီး သဘောကျနေသည်။ သူမကလည်း ထိုမတိုင်ခင် သူက တစ်စုံတစ်ယောက်ကို သတိပေးဖို့ လိုအပ်နေသည်ဟု ခံစားနေမိ၏။ သူက အနီရောင်မျက်နှာဖုံးကို ဆက်သွယ်ပြီးသည့်နောက်တွင် ကူးသန်းပြောင်းရွှေ့သွားလိုက်သည်။

…………………………

ဝူယွီက သူမ၏ နန်းဆောင်ထဲ မျက်လုံးဖွင့်လာလေသည်။ ပြင်းထန်သည့် နာကျင်မှုတို့က သူမ၏ အာရုံနှင့် ဝိညာဉ်ထိ ရောက်ရှိလာလေ၏။ ကျိန်စာအမှတ်အသားက သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်လျှောက် ပျံ့နှံ့လာသည်။

ငါ အပြစ်ကြွေးတွေ ထပ်ပြီးလိုတယ်…

ဝူယွီက တွေးလိုက်သည်။ သူမက အံကြိတ်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်ကို ဖွင့်ကာ ဤသို့သော အခြေအနေမျိုးအတွက် သိမ်းဆည်းထားခဲ့သည့် အပြစ်ကြွေးများကို ထုတ်ယူလိုက်၏။ သူမက ကန္တာရထဲ ရေမရှိဘဲ ဖြတ်သန်းခဲ့ရသည့် လူတစ်ယောက်လိုမျိုး အပြင်းအထန် စုပ်ယူနေသည်။

မလုံလောက်သေးဘူး…

သူမက တွေးလိုက်သည်။ ဝူယွီက သူမ၏ အရိပ်ကို ချက်ချင်း ဆက်သွယ်လိုက်၏။

“သေမျိုးကမ္ဘာတွေ ရှိသေးလား”

အရိပ်က တိတ်နေလေသည်။

“ဘယ်လိုလဲ” ဝူယွီက လက်ဖျောက်တီးကာ မေးလိုက်သည်။

“မရှိတော့ပါဘူး။ အားလုံး ကုန်သွားပါပြီ”

“အဲဒါဆိုရင် တတ်နိုင်သမျှမြန်မြန် ထပ်ရှာခဲ့”

“အမိန့်အတိုင်းပါ”

ဝူယွီအတွက် ဆယ်မိနစ်တာ စောင့်ဆိုင်းရခြင်းက ငရဲသဖွယ် ဖြစ်၏။ ဤကျိန်စာက သူမကို မသေခင်အထိ ထိခိုက်စေလိုသည်။

သူမက ကျိန်ဆဲပြီး သူမကို ဤသို့ခံစားရအောင်လုပ်သည့် ကျိမင်နှင့် ဝမ်ဝေ့တို့ကို ကျိန်ဆဲကာ သတ်ဖြတ်လို၏။

“မင်း ဘာလို့ အဲ့လောက်ကြာနေတာလဲ” ဝူယွီက စူးစူးရှရှကြည့်ကာ မေးလိုက်သည်။ သို့သော်လည်း အရိပ်က ခေါင်းကိုသာ ငုံ့ထားလေ၏။ လျှို့ဝှက်ဒိုင်မေးရှင်းအများစုကို အားကောင်းသည့် ကျင့်ကြံသူများအစား ကောင်းကင်တာအိုမှ ဝှက်ထားလေသည်။ ထို့ကြောင့် ကြုံရာကျပန်း လျှို့ဝှက်နယ်မြေတချို့ကသာ ရုတ်ချည်းပေါ် ထွက်လာလေ့ရှိ၏။ ထိုသေမျိုးဒိုင်မေးရှင်းများက သေမျိုးများအတွက် နောက်ခံအစီအစဉ် ဖြစ်သည့်အတွက် ဝှက်ထားဖို့က အရေးကြီးကြောင်း ဆိုလိုနေသည်။

သူတို့များစွာတွေ့ခဲ့သည့်အချက်ကပင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်နေပြီ ဖြစ်၏။

“နှောင့်နှေးနေတာအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းကို ဒီနေရာထိ ယူလာဖို့က မိနစ်ပိုင်းခန့် ကြာပါလိမ့်မယ်” အရိပ်က ရှင်းပြလိုက်သည်။

“အဲဒါက အရမ်းကြာတယ်။ ငါ့ကိုယ်တိုင် သွားမယ်”

ဝူယွီက ကူးသန်းပြောင်းရွှေ့သွားလိုက်ပြီး ကမ္ဘာအသစ်ထဲ ဝင်ရောက်သွားလိုက်သည်။ သူမ၏ အနီရောင်မျက်ဝန်းများက သေမျိုးတိုင်းပြည် ၃၃ခု အုပ်စိုးသည့် စည်ပင်ကြွယ်ဝလှသော ကုန်းမြေကို စိုက်ကြည့်လိုက်သည်။ သူမက ထိုပုရွက်ဆိတ်များကို ဂရုမစိုက်ပေ။ သူမ၏ ရည်ရွယ်ချက်က သူမ၏ နာကျင်မှုကို ဖြေဖျောက်ပေးဖို့အတွက်သာ ဖြစ်၏။ သူမက လူသန်းပေါင်းများစွာကို သတ်ဖြတ်ပစ်ရတော့မည်ကို ဂရုမစိုက်ပေ။

ဝှစ်

သူမ မလှုပ်ရှားခင် အနီရောင်မီးတောက်တစ်ခုက ဝူယွီ၏ ခန္ဓာကိုယ်ကို လွှမ်းမိုးသွားလေသည်။ သူမက နာကျင်စွာ အော်ညည်းလိုက်ရ၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ အငြိုးအတေးဝိညာဉ်မြောက်များစွာ ထွက်ပေါ်လာပြီး သူမ၏ ခေါင်းအထက် မြောလွင့်နေသည်။ သူတို့က သူမကို အားပါးတရ ရယ်မောပြီးသည့်နောက်တွင် ခန္ဓာကိုယ်ထဲ ထပ်မံဝင်ရောက်သွားပြန်သည်။ သို့သော် တစ်ချိန်ချင်းစီဆိုသလို နာကျင်မှုက ပိုမိုပြင်းထန်လာ၏။

“မင်းကို သတိပေးပြီးပြီ မဟုတ်ဘူးလား” အေးစက်စက် အသံတစ်သံက ပြောလိုက်သည်။

“ငါက လျှောက်ပြောနေတယ်လို့များ ထင်နေလား”

“ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

“မင်းရဲ့ လက်ရှိအနေအထားက ရူးနေတဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ တူတယ်” ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။

“နာကျင်တဲ့ သင်ခန်းစာ မရှိရင် မင်းက မှတ်မိမှာ မဟုတ်ဘူး။ မင်းက ကောင်းကောင်းလည်း ပြုမူမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ အခု သင်ကြားပေးရမဲ့အချိန်ပဲ”

နောက်ထပ် နာရီပိုင်းကြာ ဝမ်ဝေ့က သူ့နာကျင်မှုပင်ကိုစွမ်းရည်ကို သုံး၍ ဝူယွီအား သူမ၏ အပြုအမူများအတွက် အကျိုးဆက်ကို ရင်ဆိုင်ခိုင်းခဲ့သည်။

“အခုတော့ ငါ့စကားတွေကို မှတ်မိလောက်ပြီလို့ ထင်တယ်”

ဝူယွီက လက်တစ်ဆုပ်စာ ဆေးလုံးများကို သောက်သုံးပြီး ဖြည်းဖြည်းချင်း ပျံသန်းထွက်သွားလေသည်။ သူမက လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်၏။ ပထမဦးဆုံး သူမ လုပ်သည့်အရာက အရိပ်ကို သုတ်သင်ပစ်ခြင်း ဖြစ်သည်။ ဝမ်ဝေ့က သူမအကြောင်း မည်သို့သိသည်ကို ဂရုမစိုက်သော်လည်း သူ လုပ်ခဲ့သည့်အချက်ကြောင့် သူမက ထိခိုက်ခဲ့ရသည်။

“ကပ်ဘေးကျိန်စာက ဘယ်လောက်ထိ ရောက်နေပြီလဲ” ဝူယွီက အေးစက်စက် မေးလိုက်သည်။ သူမ လတ်တလော ခံစားခဲ့ရသည့် နာကျင်မှုက ကျိန်စာကို အစားထိုးသွားပြီး အလျင်အမြန် နေသားကျလာစေသည်။

သို့သော်လည်း သူမက ထိုကျိန်စာသည် သူမ၏ နာကျင်မှုခံနိုင်ရည်စွမ်းအသစ်ကို ထိတွေ့ဖို့ ကျိန်စာ၏ အရှိန်အဟုန်က မြင့်လာမည် ဖြစ်သည်။ ဝူယွီက သူမသည် တစ်ဘဝလုံး နာကျင်မှုဖြင့် အသက်ရှင်နိုင်လျှင် ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သိထားလေသည်။

အားလုံးက တိတ်ဆိတ်သွားပြီး ဖြေဖို့ရာ ကြောက်နေကြ၏။ သို့သော်လည်း သူတို့က သူမ ပေါက်ကွဲတော့မည်ကို ခံစားမိသည့်အခါ တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ကျွန်မတို့တွေ စကာစပဲ ရှိပါသေးတယ်”

“ကြည့်ရတာ ငါ အဲဒီခွေးကောင်တွေကို လှုံ့ဆော်မှုပေးဖို့ သတ်ဖို့ လိုနေတဲ့ပုံပဲ”

“အရှင် …  စိုးထိတ်မိပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်လို့ မရပါဘူး”

“ဘာပြောတာလဲ”

“ကျွန်တော်တို့တွေ အဲဒီကျိန်စာသခင်နဲ့ ရေးထွင်းထားတဲ စာချုပ်က တကယ်ကို သံမဏိလို ခိုင်မာပါတယ်”

ဝူယွီ၏ နဖူးအထက် သွေးကြောများက ထင်းထွက်လာကာ သူမက ကတိစကားကိုအမှတ်ရသွားလေသည်။

“လူတွေထောက်ခံပြီးတော့ သူတို့တွေ စောစောပြီးမယ်ဆိုရင် ဆုလာဘ်ကို နှစ်ဆပေးမယ်လို့ ပြောလိုက်”

“ဟုတ်ကဲ့”

“ပြီးတော့ မိစ္ဆာကျင့်ကြံသူတွေကို စတင်အမဲလိုက်ကြ” ဝူယွီက အမိန့်ပေးလိုက်သည်။

“နောက်ဆုံးအနေနဲ့ ဧကရာဇ်ခုံရဲ့ ခေါင်းအတွက် စံပြအသုံးအဆောင်ပစ္စည်း ဆယ်ခု … သူ့တပည့်တွေအတွက် နှစ်ခု ဆုကြေးထုတ်ထားလိုက်”

ထိုအမတ်များက အချင်းချင်း ကြည့်လိုက်ကြသည်။ တန်ကြေးက အမှန်တကယ် စွဲမက်ဖို့ ကောင်း၏။ အထူးသဖြင့် လက်ရှိ အခြေအနေတွင် စွမ်းအားသည် ကျင့်ကြံဆင့်ထက် ပိုမို အရေးပါနေသည့်အခါတွင် ဖြစ်သည်။ ကံဆိုးစွာဖြင့် သူတို့၏ သခင်က လုပ်ကြံသတ်ဖြတ်ရေးစာချုပ်ကို တစ်ကြိမ်ထက်မနည်း ပေးဆပ်ဖို့ ငြင်းဆန်ခဲ့သည့်အတွက် လူတချို့ကသာ သူမ၏ စကားများကို ယုံကြည်ကြလေသည်။ သို့သော်လည်း သူတို့က ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်ကြ၏။

…………………………………………

ဝမ်ဝေ့က ဧကရာဇ်ခုံ၏ ခေါင်းအတွက် ဆုကြေး ထုတ်ထားကြောင်း လက်ခံရရှိသော်လည်း သူက ဘာမှဂရုမစိုက်ပေ။ ကမ္ဘာကြီးက တစ်ဝက်တစ်ပျက် ငြိမ်းချမ်းနေသည့် အခြေအနေသာ ဝင်ရောက်သွား၏။ ထိုနှစ်ဦးသားက ဆက်လက် တိုက်ခိုက်နေသည်ဖြစ်ပြီး ကွဲပြားချက် ရှိလာသည်။ နေမင်းနှစ်စင်းနှင့် အခွံများက ကမ္ဘာ၏ လေဟာနယ်တိုက်ပွဲကွင်းပြင်အတွင်း တိုက်ခိုက်နေကြ၏။ ထိုစဉ် ဝူယွီနှင့် ထာဝရဇာမဏီတို့ကလည်း သူတို့၏ ပိုင်နက် ဆုံးရှုံးမှုများမှ  ပြန်လည်အားဖြည့်နေကြသည်။

ထိုနှစ်ဦးက အချင်းချင်း သတ်ဖို့ ကြိုးစားခြင်းအား ရပ်တန့်မည် မဟုတ်ကြောင်း သိထားလေ၏။ သို့သော် သူတို့က သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ တခြားသူများ အခွင့်ကောင်းယူသွားခြင်းမှ တားဆီးဖို့ သတိကြီးကြီး ထားထားကြလေသည်။ မျှခြေညီနေသည့် အခြေအနေက ခေတ္တမျှသာ ကြာရှိလိမ့်မည်။

 သို့သော် ဝမ်ဝေ့က သေမျိုးများကို လေ့ကျင့်ပေးရင်း စောင့်ဆိုင်းနေလေ၏။ သူတို့က ဤကပ်ဘေး၏ အဓိကအကြောင်းအရင်းဖြစ်နေဆဲ ဖြစ်သည့်အတွက် သူတို့ စည်ပင်ကြွယ်ဝမှုက အသက်ရှင်မှုအတွက် သော့ချက် ဖြစ်ပေသည်။

ဝမ်ဝေ့က ဤငြိမ်းချမ်းမှုသည် ခေတ္တမျှသာ တည်ရှိမည်ဟု ထင်ထားစဉ် ဒိုင်မေးရှင်းအနိမ့်မှ ဆက်သွယ်ရေးအဆောင်တစ်ခုက အသက်ဝင်လာသည်။ သူက စဉ်းစားကြည့်ပြီးသည့်နောက်တွင် တွေ့ဆုံမည့် နေရာကို ရွေးချယ်လိုက်၏။

“ဒေါသ … ဘယ်တွေရောက်နေတာလဲ” ဝမ်ဝေ့က သူမကို ကြည့်ရင်း မေးလိုက်သည်။ သူမက မဟာဧကရာဇ် ထိပ်သီးအဆင့်တွင်သာ ရှိနေဆဲ ဖြစ်၏။ သူမက ပါရမီထူးကဲပြီး ဒိုင်မေးရှင်းအနိမ့်မှ ကုသိုလ်များ ရရှိထားသော်လည်း အားကောင်းသည့် အင်အားစုမရှိဘဲ တခြားသူများလိုမျိုး မြန်မြန်ဆန်ဆန် ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်ဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

“ရှင့်အကူအညီ လိုလို့ပါ”

“တဲ့တိုးပြောသားပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျွန်မဆရာဆီ ကျွန်မကို ဂရုစိုက်မယ်လို့ ကတိပေးထားတယ်မလား”

“ငါက အဲဒီကတိကို ဒိုင်မေးရှင်းအနိမ့်မှာ တည်ပြီးပြီလို့ထင်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ဟုတ်လား” ဒေါသက သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ကောင်းပြီ။ ဘာအရေးကြီးတာလဲ ပြော”

“ကျွန်မဆရာရဲ့ ကျန်ရှိနေတဲ့ မျိုးဆက်တချို့ကို အမျိုးသမီးလုလို့ခေါ်တဲ့ လူတစ်ယောက်က ဖမ်းဆီးသွားတယ်။ သူ့ကို ကယ်ဖို့ ရှင့်အကူအညီ လိုတယ်”

“အမျိုးသမီးလုတဲ့လား။ ငါ အဲဒီနာမည်ကို ဘယ်မှာ ကြားဖူးပါလိမ့်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“သူမက နေရောင်မျှော်နန်းဆောင်ရဲ့ တကယ့်ထိန်းချုပ်သူပဲ။ သူမမှာ နောက်ထပ် နာမည်တစ်ခုလည်း ရှိတယ်။ ကောင်းကင်ဘုံမြွေနဂါးဧကရီတဲ့”

“ဟုတ်သားပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူလျှိုကွန်ယက်များစွာဖြင့် ဖြေရှင်းဖူးသည့်အတွက် နေရောင်မျှော်နန်းဆောင်ကလည်း သူတို့ထဲမှ တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း အမျိုးသမီးရွှင်းသည် ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် အချက်ကလွဲ၍ အနည်းငယ်သာ သိထားလေသည်။ တကယ့်အာဏာက အမျိုးသမီးလုဟု ခေါ်သည့်သူတွင် ရှိလေ၏။

“သူမက ဘာလို့ခေါ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ပိုအရေးကြီးတာက မင်းက ဘာလို့ အဲဒီလူတွေနဲ့ ပတ်သက်နေရတာလဲ”

“သူက ကျွန်မဆရာရဲ့ နောက်ဆုံးကျန်ရှိခဲ့တဲ့ မျိုးဆက်တွေလေ။ ကျွန်မက ဘယ်လိုလုပ်…”

“မင်းက မိစ္ဆာလက်သစ်မျိုးနွယ်အတွက် အများကြီး လုပ်ပေးပြီးသွားပြီ။ သူတို့ကို ပတ်သက်တဲ့ အကျိုးဆက်ကို မစိုးရိမ်ဘူးလား။ လူများစွာက မိစ္ဆာမျိုးနွယ်ကို ဂရုမစိုက်ပေမဲ့ မင်း ဆရာရဲ့ မျိုးဆက်ကတော့ တခြားကိစ္စတစ်ခုပဲ”

“သူတို့က ဆရာရဲ့ တည်ရှိမှုရဲ့ နောက်ဆုံးသက်သေတွေလေ။ အဲဒါကြောင့် ကယ်ရမယ်” ဒေါသက ခေါင်းမာစွာ ပြောလိုက်သည်။

“မင်းက သူ့တည်ရှိမှုရဲ့ နောက်ဆုံးသက်သေပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သို့သော်လည်း သူ့ကို တုံ့ပြန်လာသည်က အကြည့်တစ်စုံသာ ဖြစ်၏။

“ကောင်းပြီ။ ငါ စုံစမ်းကြည့်လိုက်မယ်။ ဒါပေမဲ့ ကတိစကားတော့ မခံနိုင်ဘူး”

“ဒါပေမဲ့…”

ဝမ်ဝေ့က လက်ကို မြှောက်ကာ သူမကို တားလိုက်သည်။

“ငါက လတ်တလောလေးက ကိစ္စတွေရှိတယ်။ ငါ့အလိုလိုသိစိတ်က မင်းရဲ့ ကိစ္စတွေက ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာကို ပြောနေတယ်။ အဲ့လိုဆိုရင် မင်း စောင့်ဆိုင်းသင့်တယ်”

“စောင့်ဆိုင်းတာက သူတို့အသက်ရှင်နိုင်မဲ့ အခွင့်အရေးကို လျော့ကျသွားစေနိုင်တယ်”

“အဲ့လိုဆိုရင် ငါ့ရဲ့အလိုလိုသိစိတ် မှားနေဖို့ မျှော်လင့်ရမှာပေါ့” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက စကားဝိုင်းကို အဆုံးသတ်လိုက်၏။ သူက အနီရောင်မျက်နှာဖုံးအား နေရောင်မျှော်နန်းဆောင်နှင့် အမျိုးသမီးလုအကြောင်း သတင်းအချက်အလက်များကို မေးမြန်းခဲ့သည်။

သတင်းအချက်အလက်က သိပ်မများသော်လည်း ဝမ်ဝေ့အတွက် သူမသည် အင်မတန် စွမ်းအားကြီးပြီး တဏှာရမ္မက် တပ်မက်စိတ်ကြီးကြောင်း ဂုဏ်သတင်းရှိမှန်း သိလိုက်ရသည်။ လူတချို့က သူမကို အားအကောင်းဆုံး ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူဟုပင် ပြောဆိုလေ့ရှိသည်။

သို့သော်လည်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၏ မှတ်ချက်ကမူ သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ ပြောထားသည့်အတိုင်း သူမသည် ခေတ်ဟောင်းမှ ဖြစ်ပြီး ရွှေရောင်ခေတ်ကာလထက်ပင် စောနိုင်ခြေရှိကြောင်း သံသယဖြစ်မိသည်ဟူ၍ ဖြစ်သည်။

အဲဒီခေတ်ကာလကလူက အဲဒီအထိ အသက်ရှင်နေတုန်းလား။ သူမက အကြွင်းမဲ့တားမြစ်ချက်မှာ မပါခဲ့တာလား။ သူမက ရှင်းလင်းရေးအတွင်းမှာ နေပြီးတော့ သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ခဲ့တာလား…

ဝမ်ဝေ့က ထိုသတင်းအချက်အလက်ကို စစ်ဆေးကြည့်ဖို့ နည်းလမ်းတစ်ခုသာ ရှိလေသည်။ ထို့ကြောင့် သူ့ဘိုးဘေးဆီ သွားရောက်တွေ့ဆုံခဲ့၏။

All Chapters