← Chapters

#ရှေးဦးမူလ၏ ကြောက်စရာအပိုင်း#

Vol. 49 Ch. 687

#ရှေးဦးမူလ၏ ကြောက်စရာအပိုင်း#

Vol. 49 Ch. 687

‌မင်းနောက်နေတာဖြစ်ရမယ်! လုချန်ရှန်း အကြိမ်ရေအနည်းငယ်သာ သွေးထွက်ဖူးပြီး အားလုံးက သူ့တပည့်များအတွက် အသုံးပြုခဲ့ရခြင်းပင်။

ထိုအချိန်က သူသွေးတစ်စက်သာ သုံးခဲ့သော်လည်း ယခုတွင်မူ နှစ်စက်ညှစ်ထုတ်ခဲ့ရသည်။

အစကသူဒါကိုဂရုမစိုက်ပေ။

အဆုံးသတ်တွင် သူကောင်းကင်သို့ ပျံသန်းကာ နတ်ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့် ငှက်ကလေးကိုကြည့်နေစဉ် ၎င်း၏ပုံသဏ္ဍာန်နှင့် အော်ရာက အရင်ကနှင့်ယှဉ်ပါက အကြီးအမား ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းအံကြိတ်လိုက်သည်။

သူဘာအကျိုးအမြတ်မှမရဘဲ ယင်းအစား အဆီအနှစ်သွေးစက်နှစ်စက်ကိုပင် သုံးလိုက်ရသည်။

မင်းတကယ်သေထိုက်တယ်!

လုချန်ရှန်းနှလုံးသားထဲတွင် သူနာကျင်နေသည်။

ထို့ကြောင့် လုချန်ရှန်း ကောင်းကင်ပေါ်က ငှက်ကလေးကို ကြည့်လိုက်၏။

ယခုတွင် ငှက်ကလေး၏ကိုယ်က ကမ္ဘာတုန်ခါစေသည့် ပြောင်းလဲမှုများကိုကြုံ‌ခဲ့ရသဖြင့် အထင်ရှားဆုံးက ကောင်းကင်ကို ဖုံးလွှမ်းနေသည့် အတောင်ပံတစ်စုံဖြစ်သည်။

မူလပ အတောင်ပံများက နီဗာနမီးတောက်ဖြင့် လောင်ကျွမ်းရင်း မီးတောက်နီရောင်အမွေးများနှင့် ဖုံးလွှမ်းနေသော်လည်း ယခုတွင်မူ သွေးနီရောင်အမျှင်တန်းများက ပျောက်ကွယ်သွားပြီဖြစ်သည်။

ရွှေနဂါးအကြေးခွံများက အတောင်ပံများပေါ်၌ ကြီးထွားလာကြပြီး ဖုံးလွှမ်းထားသည်။

ရွှေနဂါးအကြေးခွံတိုင်း၌ ကိုယ်ပိုင်အသက်တစ်ခုရှိသည့်အလား ငှက်ကလေး၏ အသက်ရှုသံနှင့်အတူ စည်းချက်ညီစွာ တက်လိုက်ကျလိုက်ဖြစ်သည်။

ရွှေအကြေးခွံများပေါ်၌ တိမ်မည်းများထဲက လျှပ်စီးစွမ်းအားက ရွှေအကြေးခွံများ၏ ဆွဲဆောင်ခြင်းကို ခံနေရပုံရသည်။

ရွှေလျှပ်စီးနှင့် နီဗာနမီးတို့၏ပေါင်းစပ်မှု!

သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့၏ ပေါင်းစပ်မှု!

ငှက်ကလေး၏ခွန်အားက အကြီးအမားတိုးတက်လာခဲ့သည်။

သို့စေကာမူ ဒါ့အပြင် ငှက်ကလေးက ထုတ်လွှတ်သည့်အော်ရာက မည်သည့်စွမ်းအားမဆို ချဉ်းကပ်နိုင်သည့်အလား ပြင်းထန်မှုမရှိသော်လည်း ယင်းအစား အရာရာတိုင်းကို လွှမ်းခြုံနိုင်သည့် အော်ရာတစ်ခုရှိတာကို လုချန်ရှန်းခံစားနေရပါသေးသည်။

ဒါက တောင်နှင့်ပင်လယ်များက မြိုချနိုင်သည့်အလား။

မိုးနှင့်မြေ၏ အနှစ်သာရအားလုံးကို ငှားယူနိုင်သည့်အလား။

ဒါက လုချန်ရှန်း အနှစ်သာရသွေးစက်၏ ရလဒ်ပေတည်း။

အနည်းဆုံးတော့ တစ်ခုခုမှားနေတာကို လုချန်ရှန်းပြောနိုင်သည်။

ငှက်ကလေးအတွက်မူ လုချန်ရှန်း၏ သွေးစက်က သူမ၏ပါရမီကို စိတ်ကူးယဉ်မရနိုင်သည့် အဆင့်တစ်ခုအထိ မြှင့်တင်ပေးခဲ့တာကို ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ သွေးစက်က သေစေလောက်ခြင်းမဟုတ်ဘဲ သူ သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့ဖြင့် မတိုက်ခိုက်ချင်ပေ။

သို့စေကာမူ သူကလူသားသွေးကြာစွမ်းအားဗဟိုချက်ကို နှလုံးတွင် ထည့်ကာ သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က ထောင့်တစ်ထောင့်တွင်ရှိသည်။

ထိုအချိန်တွင် လုချန်ရှန်းမေးသည်။

"မင်းဘယ်လိုခံစားရလဲ"

ငှက်ကလေးက ခေါင်းငုံ့လိုက်၏။ ရောင်စုံငှက်မွေးများက ခေါင်းနောက်တွင် ပြန့်ကြဲနေသည်။

ငှက်မွေးများပေါ်၌ နီဗာနမီးတောက်နှင့် ရွှေလျှပ်စီး(ရွှေမိုးကြိုး)တို့ရှိသည်။

ထိုကြီးကျယ်ထည်၀ါသည့်မျက်လုံးများက လုချန်ရှန်းပေါ် ကျရောက်လာသောအခါ ချက်ချင်းပင် နူးညံ့သွားရသည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

"ဒီတစ်ကြိန် ကျွန်မရဲ့ကျင့်ကြံခြင်းက နည်းနည်းမြှင့်သွားခဲ့တယ်၊ ကျွန်မ နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ပြီးပြီ"

လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။

"နတ်သခင်နယ်ပယ်"

လုချန်ရှန်း၏မျက်လုံးများက ရှုမြင်မှုများဖြင့် ပြည့်နှက်နေသည်။

ငှက်ကလေးမှာ ဆွံအသွားရသည်။

လုချန်ရှန်း၏ခွန်အားက ဒီနယ်ပယ်များ၏အထက်တွင် ရှိနေသည်မှာ ရှင်းလင်းနေသည်။ သို့စေသည့်တိုင် သူကနယ်ပယ်တွေအကြောင်း ဘာမှမသိပေ။

"ကောင်းကင်အင်မော်တယ်နယ်ပယ်အထက်မှာ နတ်စစ်သည်နယ်ပယ်၊ နတ်ဗိုလ်ချုပ်နယ်ပယ်၊ နတ်ဘုရင်နယ်ပယ်၊ နတ်အင်ပါယာနယ်ပယ်၊ နတ်သခင်နယ်ပယ်နဲ့ နတ်ဘုရားနယ်ပယ်ဆိုတာ ရှိတယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

သေမျိုးကျေးရွာရဲ့ဆရာက ဘယ်နယ်ပယ်မှာလဲ!

ပြီးတော့ အမှောင်သခင်နဲ့ အမှောင်နယ်မြေကရော!

သူတို့က ငှက်ကလေးထက် အားကောင်းလား၊ အားနည်းလား!

ထားလိုက်တော့!

လုချန်ရှန်း ဒီအကြောင်းကို တွေးနေတာကို ရပ်လိုက်ပြီး ဒီလူများနှင့် အဆက်အသွယ် မလုပ်ရန် ဆုံးဖြတ်လိုက်၏။

တတ်နိုင်သမျှ ကံကြမ္မာဆိုသည့် အရာများကနေ ဝေးဝေးနေတာက အကောင်းဆုံးပင်။

"ရှင့်နယ်ပယ်တွေကို သွားနားလည်အောင် လုပ်လို့ရတာပဲမလား..."

ငှက်ကလေးက အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။

ဒါကိုကြားသောအခါ လုချန်ရှန်း၏ အမူအရာက ပြောင်းလဲသွားသည်။

သူငှက်ကလေးကိုကြည့်ပြီး အံကြိတ်ကာ မေးသည်။

"မင်းငါ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနေတာလား"

ငှက်ကလေး "....."

"မမေ့လိုက်နဲ့၊ မင်းအတွက် ငါသွေးအဆီအနှစ်နှစ်စက်ကို ညှစ်ထုတ်ထားရတာနော်"

"ဒါ့အပြင် ဝိဉာဉ်ချီနဲ့ ရှင်ခြင်းနိယာမနဲ့အတူ ငါမင်းထဲကိုထည့်ပေးခဲ့တယ်၊ ငါတို့ဒီအကြောင်းကို ထပ်ပြောစရာ‌မလိုဘူး"

လုချန်ရှန်းနဖူးကိုဖုံးကာ ပြိုလဲကျလုနီးပါးပုံစံ ဟန်ဆောင်ရင်း ခါးသီးစွာပြောသည်။

"ဒီသွေးအဆီအနှစ်နှစ်စက်ကြောင့် ငါအခုအားနည်းသလို ခံစားနေရတယ်၊ ငါ့ကိုယ်ငါ အားဖြည့်‌ဖို့လိုနေတယ်၊ မင်းနားလည်လား"

ငှက်ကလေး "....."

လုချန်ရှန်း၏စကားလုံးများကို ကြားရသောအခါ ငှက်ကလေးခမျာ ငိုရမလား၊ ရယ်ရမလား မသိတော့ပါ။

သွေးတစ်စက်၊ နှစ်စက်က ရှင့်နယ်ပယ်ကို ဘယ်လိုများ သက်ရောက်နိုင်တာလဲ!

ဆယ်ရက်ကျော်ဆိုရင်တောင် ရက်အနည်းငယ် ကျင့်ကြံပြီးတာနဲ့ အထွတ်အထိပ်ကို ပြန်ရောက်မှာပဲလေ!

ငှက်ကလေးက အကူအညီမဲ့စွာပြုံးသည်။

"ကောင်းပါပြီ၊ ပေါက်ကရမပြောတော့ပါဘူး၊ အချိန်ကျလာတဲ့အခါကျရင် ကျွန်မရှင့်ကို ပြန်ပြီးလျော်ကြေးပေးပါမယ်"

လုချန်ရှန်း၏မျက်လုံးများက တောက်ပသွား၏။

ဟူးး၊ မင်းဒီလိုပြောတာကို ငါစောင့်နေခဲ့တာ!

"ကျွန်မမဆုံးဖြတ်ရသေးဘူး၊ အချိန်ကျလာတဲ့အခါကျရင် ကြည့်တာပေါ့" ငှက်ကလေး အနည်းငယ် စိုးရိမ်နေပုံရပြီး လုချန်ရှန်းကို ကြည့်လိုက်၏။

"အခုအရေးအကြီးဆုံးအရာက ရှင့်ရဲ့သွေးကို အရင်စစ်ဆေးရမယ်၊ အရင်က လုပ်ခဲ့တဲ့နည်းလမ်းအရဆိုရင် ဒါက သည်းခြေငါးခုရွှေနဂါးနဲ့ နတ်ဖီးနစ်တို့ရဲ့ သွေးကြောနဲ့ ပေါင်းစပ်သွားမှာကို ကျွန်မစိုးရိမ်တယ်"

"ဒီသွေးကြောနှစ်ခုက အတူတူပေါင်းစပ်နေရင်တောင် ရှင့်သွေးကြောထက် နိမ့်ကျတယ်ဆိုတာ ချဲ့ကားပြောနေတာမဟုတ်ဘူး"

"ပြီးတော့ ဒီသွေးကြောနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါကရှင့်သွေးကြောကို ညစ်ညမ်းစေပြီး ဆွဲချလိုက်သလို ဖြစ်သွားလိမ့်မယ်"

မှန်ပေသည်။ ဒါက အတိအကျ ငှက်ကလေးစိုးရိမ်နေသည့် အရာပေတည်း။

မည်သည့်အတွက်ကြောင့် တချို့မြင့်မြတ်သည့် သွေးကြောမိသားစုများက သွေးကြောမရှိသောသူ သို့မဟုတ် သွေးကြောအားနည်းသော သူတစ်ယောက်ကိုရှာကာ လက်ထပ်ပြီး တာအိုလက်တွဲဖော်ဖြစ်အောင် မကြိုးစားရလေသနည်း။

ဥပမာအားဖြင့် မုဇီရှင်းနှင့် ယဲ့ချိုးပိုင်ဖြစ်သည်။

မုမိသားစုက သူတို့ကို တားဆီးရန်အတွက် လုပ်နိုင်တာမှန်သမျှကို လုပ်ဆောင်ခဲ့သည် မဟုတ်ပေလော။

အဘယ်ကြောင့်ဆိုသော် ထူးခြားသည့်သွေးကြောစွမ်းအားက အားနည်းသည့် သွေးကြောစွမ်းအားတစ်ခုနှင့် ဆက်သွယ်သွားပါက ပေါင်းစပ်ပြီးနောက်တွင် အနာဂတ်ကလေးများက အားနည်းသည့် သွေးကြောစွမ်းအားကြောင့် ၀န်ထုပ်၀န်ထိုးဖြစ်လာရမည်ဖြစ်ပြီး ရလဒ်အနေဖြင့် သူ့ပါရမီက ကျဆင်းသွားပေလိမ့်မည်။

လုချန်ရှန်းလည်း အလားတူခံစားရသည်။

လုချန်ရှန်းလက်ကို ဝှေ့ယမ်းလိုက်၏။

"မစိုးရိမ်ပါနဲ့၊ မစိုးရိမ်ပါနဲ့၊ ရှေးဦးမူလကျင့်စဉ်ကို ဖန်တီးစဉ်ကတည်းက ငါဒီပြဿာနာကို စဉ်းစားပြီးသားပါ"

ထို့နောက် သူလက်ကိုဆန့်ထုတ်လိုက်စဉ် ကြွယ်၀သည့်သွေးကြောစွမ်းအားက လက်ဖဝါးကနေ ထိုးထွက်လာသည်။

ဒီသွေးကြောစွမ်းအားက မြစ်တစ်ရာနှင့်ပင် အလိုက်သင့်ရှိနိုင်ပြီး ထို့ထဲတွင် ရှေးဟောင်းအော်ရာတစ်ခု ပါဝင်သည်။

ကမ္ဘာကြီးကို စတင်ဖန်တီးစဉ်ကတည်းက ဒီအော်ရာနှင့်အတူ တခြားတာအိုနိယာမများစွာလည်းရှိသည်။

မှန်ပေသည်။ ဒီတောက်ပသည့် အခင်းအကျင်းများအနက် တစ်ခုပင်လျှင် ကျွမ်းကျင်သူတစ်ဦးကို အထွတ်အထိပ်အဆင့်ကို ရောက်နိုင်စေသည်။

ဒီအရာအားလုံးက လုချန်ရှန်း၏ပိုင်ဆိုင်မှုများပင်။

သူအားလုံးကို ရှေးဦးမူလကျင့်စဉ်တွင် ပေါင်းစပ်ခဲ့သည်။

ငှက်ကလေးက ထိတ်လန့်သွားသည်။

၎င်းက ရွှေမိုးကြိုးနှင့် နီဗာနမီးတောက်တို့၏ တည်ရှိမှုကို မြင်သော်လည်း ၎င်းတို့က လုချန်ရှန်းသွေးကြောကို ၀န်ပိအောင်မလုပ်ပေ။

ဆန့်ကျင်စွာပင် လုချန်ရှန်းကို ဒီသွေးကြောများ၏ စွမ်းရည်ကို ရရန်ကူညီပေးနေသည်။

ဒါဘယ်လိုဖြစ်ရတာလဲ!

ဒါကလုချန်ရှန်းရဲ့ ကျင့်ကြံခြင်းကျင့်စဉ်ကြောင့်လား!

အချိန်တိုအတွင်းမှာ ဒီလိုကြောက်စရာကောင်းတဲ့ ကျင့်စဉ်တစ်ခုကို ဖန်တီးဖို့ လုချန်ရှန်း ဘယ်လိုများလုပ်ခဲ့တာလဲ!

"အကြောင်းအရာကို မပြောင်းလိုက်နဲ့"

လုချန်ရှန်း သွေးကြောစွမ်းအားကို ဖယ်ပြီးနောက် ငှက်ကလေးကိုပြောသည်။

"သတိရပါ၊ မင်းငါ့ကို ကျေးဇူးကြွေးတစ်ခုတင်နေတယ်"

ငှက်ကလေးမှာ အကူအညီမဲ့စွာပင် ကျုံ့သွားပြီး လုချန်ရှန်းပခုံးပေါ် ဆင်းလိုက်၏။

"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ စံအိမ်တော်ကို ပြန်ရောက်ရင် ပြောကြတာပေါ့"

ငှက်ကလေး၏ နှလုံးသားထဲတွင် စံအိမ်တော်ကို အိမ်အဖြစ် မှတ်ယူထားသည်မှာ ကြာမြင့်နေလေပြီ။

အပိုင်း(688) coming။

All Chapters