← Chapters

#ငှက်ကလေးအသွင်ပြောင်းခြင်း၊ ဟွမ်ချင်း#

Vol. 49 Ch. 688

#ငှက်ကလေးအသွင်ပြောင်းခြင်း၊ ဟွမ်ချင်း#

Vol. 49 Ch. 688

လုချန်ရှန်း သွေးအဆီအနှစ်နှစ်ဆက်ကို ဆုံးရှုံးလိုက်ရပြီဟု ဆက်လက် ညည်းညူနေသည်။ သူ့နှလုံးသားက နာကျင်နေပြီး တစ်ချိန်တည်းမှာပင် သူအားနည်းကာ ကုသရန်လိုအပ်သလို ခံစားရသည်။ ထို့ကြောင့် ထာ၀ရသက်တမ်းကမ္ဘာသို့ အပြန်တွင် ငှက်ကလေးက အားကိုးရာမဲ့နေတဲ့ မျက်နှာနှင့် လုချန်ရှန်းကို သယ်ဆောင်ခဲ့ရသည်။ သို့စေကာမူ ၎င်းက လုံး၀မငြင်းဆန်ခဲ့ပေ။

အတိတ်က လူသားဘိုးဘေးများသာလျှင် နတ်ဖီးနစ်နှင့် သည်းခြေငါးချောင်းရွှေနဂါးတို့ကို သူတို့၏ အစီးအနင်းများဖြစ်လာရန် အတွက် ဆန္ဒရှိအောင် လုပ်နိုင်ခဲ့သည်။ လူသားဘိုးဘေးတစ်ဦး၏ အစီးအနင်းဖြစ်ရခြင်းက သူတို့ကို အတော်လေး ဂုဏ်ယူစေခဲ့သည်။

သူတို့သာမန်လူတစ်ယောက်ကို ဘယ်လိုလုပ် အညံ့ခံနိုင်မည်နည်း။

ငှက်ကလေးက နတ်ဖီးနစ်သွေးကြောကို ပိုင်ဆိုင်ထားသည်သာမက လုချန်ရှန်း၏ သွေးအဆီအနှစ်ပါ၀င်သည့် သည်းခြေငါးချောင်းရွှေနဂါးသွေးကြောနှင့်လည်း ပေါင်းစပ်ခဲ့သည်။

ထို့ကြောင့် သိသလောက်အရဆိုပါက လုချန်ရှန်းသာလျှင် ၎င်း၏ကျောပေါ် စီးနင်းလိုက်သည်။

လမ်းတစ်လျှောက်တွင် ၎င်းက ထုတ်လွှတ်နေသည့် ကြောက်ခမန်းလိလိနတ်အစွမ်းက အဆင့်မြင့်ကြယ်နယ်မြေရှိ နတ်ဘုရားသခင်အဆင့်ဂိုဏ်းခေါင်းဆောင်များကိုပင် မော့ကြည့်စေသည်။

ငွေဆီးနှင်းဓားမြို့!

"နောက်ထပ်နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဒီကမ္ဘာကြီးထဲ ပေါ်လာခဲ့ပြီလား"

"စိတ်၀င်စားစရာပဲ"

ဆံပင်ဖြူအဖိုးအိုတစ်ဦးက လက်ထဲက ဓားကိုသုတ်ရင်း အပြုံးဖြင့် ခေါင်းခါယမ်းသည်။

ဗန်သားပြင်ဗိမာန်၌.....!

"အာ၊ ဒီအော်ရာက...."

"ဆရာဦးလေး၊ ဘာတွေ့ခဲ့လို့လဲ"

အဖိုးအို၏အမူအရာက လေးနက်နေသည်။

"ဒါကနည်းနည်းရင်းနှီးနေတယ်၊ ငါ့စိတ်ထဲမှာ သင့်တော်သူတစ်ချို့ရှိပေမယ့် သူတို့က ရှေးဦးခေတ်က ပုဂ္ဂိုလ်တွေပဲ" ဒီဆရာဦးလေးက ပျက်စီးသွားသည့်ရှေးဟောင်းခေတ်၌ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ဘ၀သက်တမ်းအဆုံးသတ်နှင့် နီးကပ်နေသည့် နတ်သခင်နယ်ပယ်တစ်ဦးဖြစ်သည်။

"မကြာခင် ကြီးမားတဲ့အရာတစ်ခုခု ဖြစ်ပျက်တော့မယ်လို့ ငါခံစားနေရတယ်၊ ငါထပ်ပြီး တုံ့ဆိုင်းနေလို့မရတော့ဘူး၊ ငါချက်ချင်းတံခါးပိတ်ကျင့်ကြံရတော့မယ်"

ဒါကိုကြားသောအခါ သက်လတ်ပိုင်းအရွယ်လူကြီးက ကြက်သေသေသွားသည်။ သူ ဆရာဦးလေးအား လေးနက်သည့် အမူအရာဖြင့် လက်သီးဆုပ်ပြသည်။

"ဆရာဦးလေး၊ ဖန်သားပြင်ဗိမာန်ကို ကျွန်တော့်ကို လက်လွှဲခဲ့ပါ"

ဆရာဦးလေးဆိုသူက ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ထိုနေရာကနေ စိတ်အပူအပင်မရှိဘဲ ထွက်သွားသည်။ သူ့အတွက် ဒါက ကျိန်စာမဟုတ်ပါ။

အတိတ်က သူ့ဆရာဦးလေးက အမြဲလိုလို သီးသန့်ကျင့်ကြံရန် တွေးခဲ့သည်။ သို့စေကာမူ ဖန်သားပြင်ဗိမာန်ကို စိုးရိမ်သည့်အတွက်ကြောင့် သူကဒါကို အမြဲ ဘေးဖယ်ထားခဲ့ရသည်။

ထိုလူ၏စကားလုံးများက သူ့ကို သက်တောင့်သက်သာဖြစ်စေသည်။ သေခြင်းရှင်ခြင်းသီးသန့်ကျင့်ကြံရာ၌ လူတစ်ယောက်၏ စိတ်အခြေအနေက အလွန်အမင်း အရေးပါသည်။

အကယ်၍ စိတ်အခြေအနေက မတည်ငြိမ်ပါက သီးသန့်ကျင့်ကြံနိုင်မည် မဟုတ်တော့သလို ဘာတိုးတက်မှုမှ လုပ်နိုင်မည်မဟုတ်တော့။ ဒီလိုအခြေအနေ၌ ရူးပင် ရူးသွားနိုင်သည်။

ကွန်ချင်းအဂ္ဂိရတ်ဂိုဏ်း!

"အိုး၊ စွမ်းအားရှင်တွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတာပဲ၊ ကြည့်ရတာ ကြီးမားတဲ့ အရာတစ်ခုခု ဖြစ်ပျက်တော့မယ်ထင်တယ်"

သူတို့အဆင့်အရ ပတ်ပတ်လည်လေထုကို ရှုသွင်းခြင်း၊ မြေကြီး၏အသက်ရှူသံကို ခံစားခြင်း၊ လှုပ်ယမ်းနေသည့် သစ်ကိုင်းများကို ညင်သာစွာထိခြင်း အစရှိသည်တို့ဖြင့် မိုးနှင့်မြေကြားတွင် တစ်ခုခုဖြစ်ပျက်တော့မှာကို ခံစားနိုင်သည်။

"ကြည့်ရတာ ဒီဆေးလုံးကို အဆင့်မြှင့်ရတော့မယ်ထင်တယ်"

"ငါအောင်မြင်နေသရွေ့ အဲဒီနယ်ပယ်ကို တက်လှမ်းနိုင်မှာပဲ၊ အဲဒီအချိန်ကျရင် ငါ့ရဲ့ ကွန်ချင်းအဂ္ဂိရတ်ဂိုဏ်းက ဒီအဆင့်မြင့်ကြယ်နယ်မြေရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်မယ်"

ထာ၀ရသက်တမ်းကမ္ဘာကို ပြန်ရောက်ပြီးနောက် လျိုကျိယု ငှက်ကလေးကို အထိတ်တလန့်ကြည့်ပြီး ကြောက်ရွှံ့တကြား ရေရွတ်သည်။

"ဒီအော်ရာက.... နတ်သခင်နယ်ပယ်ကို တက်လှမ်းသွားပြီလား"

ငှက်ကလေးက သူ့ကိုလျစ်လျူရှုထားသည်။

မိုးမခပင်က မကြုံစဖူးပြောလာသည်။

"မင်းက နတ်ဖီးနစ်ကလန်ကို အမြင့်သစ်တစ်ခုဆီကို ခေါ်ဆောင်သွားလိမ့်မယ်"

၎င်းက ငှက်ကလေး၏ကိုယ်ထဲမှ သွေးကြောစွမ်းအား၌ ပြောင်းလဲမှုကို ခံစားမိသည်မှာ ရှင်းလင်းနေသည်။

သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်သွေးကြောတို့၏ ပေါင်းစပ်မှုသာဆိုပါက ဒါက မိုးမခပင်၏ စကားလုံးများနှင့် ထိုက်မတန်ပေ။

သို့စေကာမူ ဒီသွေးကြောနှစ်ခု၌ လုချန်ရှန်း၏ သွေးအဆီအနှစ်တစ်စက်ရှိနေသောကြောင့်ပင်။

ဒီအဆီအနှစ်သွေးစက်က ငှက်ကလေးရဲ့ ပါရမီကို အမြင့်ဆုံးအကန့်အသတ်အထိ ကြီးမားစွာ တိုးစေသည်။

ငှက်ကလေးက ခေါင်းညိတ်သည်။

"ငါလည်းအဲလိုထင်တယ်"

ဒါကိုပြောပြီးနောက် ငှက်ကလေး၏ကိုယ်ကို နီဗာနမီးတောက်က လွှမ်းခြုံသွား၏။

နီဗာနမီးတောက်က ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးအထက် ကောင်းကင်၌ အလင်းပေးနေသည်။

သို့စေကာမူ မီးတောက်က သေးသထက် ပိုသေးလာပြီး မကြာမီ လူသားအရွယ်အစားဖြစ်သွားပုံရသည်။

အားလုံး၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် မီးတောက်ထဲကနေ ကျောက်စိမ်းကဲ့သို့ သွယ်လျသည့် ခြေတစ်ဖက်ထွက်လာခဲ့သည်။

သူမ၏ ကျောက်စိမ်းကဲ့သို့ခြေထောက်က မြေကြီးကို ညင်သာစွာတက်နင်းစဉ် မီး‌တောက်များက ပျောက်ကွယ်သွား၏။

သူမ၏ရှည်လျားကာ ရေတံခွန်ကဲ့သို့ ဆံပင်များက ကျော၌ ဖြာကျနေပြီး အနီရောင်ငှက်မွေးများနှင့် ရက်ထားသည့် ၀တ်စုံရှည်ကို ၀တ်ဆင်ထားသည်။

အနက်ရှိုင်းဆုံးအသွင်အပြင်က သူမ၏ မျက်ခုံးနှစ်ခုအကြား အသက်အရွယ်ထက်ပင် ပိုကြီးသည့်အံ့ဖွယ်အလှတစ်ခုရှိနေသည်။ သူမ၏ မှိန်ဖျော့သည့် ဆူးပင်ကဲ့သို့မျက်ခုံးများကို ဂရုတစိုက်ပြုပြင်ထားပုံရပြီး မျက်တောင်ရှည်များက ပုဝါစလေးနှစ်ခုပမာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ၎င်းတို့က အလွန်အမင်းတောက်ပလွန်းသဖြင့် နှလုံးခုန်သံကိုပင် မြှင့်စေနိုင်သည်။ သူမ၏မျက်လုံးကြီးများက ထူးကဲစွာပင် အသက်၀င်ကာ တက်ကြွနေသည်။

အမျိုးသမီးက ဆံနွယ်စလေးကို နားနောက်တွင် သပ်ရင်း အံ့ဩသင့်နေသည့် လူများကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာမေးသည်။

"ဘာလို့အားလုံးထိတ်လန့်နေရတာလဲ"

လုချန်ရှန်းအံ့ဩသင့်သွားသည်။

"ဒီတော့ မင်းလူသားပုံစံပြောင်းနိုင်ပြီပေါ့"

ငှက်ကလေးက ခေါင်းငဲ့သည်။

"ကျွန်မအမြဲလိုလို လူသားအဖြစ် ပြောင်းနိုင်ပါတယ်၊ အရင်က ဒါကို လိုအပ်တယ်လို့ မခံစားမိခဲ့လို့ပါ"

"အခုကရော"

"အခုကျွန်မစိတ်အခြေအနေကောင်းနေတယ်"

လုချန်ရှန်း "....."

ကောင်းလွန်းပါတယ်!

ဒီအကြောင်းပြချက်က ရိုးသားပြီး ယုံကြည်ချင်စရာပဲ!

ထို့နောက်သူတစ်ခုခုကို တွေးနေပုံရသည်။

လုချန်ရှန်းလက်ဝှေ့ယမ်းကာ စိတ်မရှည်စွာပြောသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ပြန်ပြောင်းတော့"

ငှက်ကလေးကမေးသည်။

"ဘာလို့လဲ"

"တခြားတစ်ယောက်ယောက် မင်းကို ကြိုက်သွားပြီး တံခါးလာခေါက်ရင် ပြဿာနာရှိနေပြီမဟုတ်ဘူးလား"

ဒီတစ်ကြိမ်တွင် ငှက်ကလေးဖြစ်စေ၊ မိုးမခပင် သို့မဟုတ် ကျောက်တုံးလေးဖြစ်စေ အားလုံး၌ ဆွံအနေသည့်အမူအရာ ကိုယ်စီရှိနေကြသည်။

ဘယ်လိုတောင်တည့်တိုးဆန်တဲ့လူလဲ!

ဒီသံမဏိတုံးကို ဘယ်နတ်ဘုရားမကများ နူးညံ့အောင် လုပ်နိုင်မလဲ!

ထိုအချိန်တွင် ကျောက်တုံးလေးက လေဟာနယ်ကို ထိုးဖောက်ကာ ငှက်ကလေး၏ ခြေထောက်ဘေးသို့ ရောက်လာသည်။ သူ့၏လက်သေးသေးလေးတွေက ငှက်ကလေး၏ပေါင်ကို ဖက်ထားသည်။

သူငှက်ကလေးကို မော့ကြည့်ကာမေးသည်။

"အစ်မကြီးဖီးနစ်၊ အစ်မကြီးရဲ့နာမည်အရင်းက ဘာလဲဟင်"

ငှက်ကလေးက ကျောက်တုံးလေးကို အဝေးသို့ ကန်ကျောက်မပစ်ဘဲ ယင်းအစား ကျောက်တုံးလေး၏ခေါင်းကို ပွတ်သပ်ရင်း အပြုံးဖြင့်ပြောသည်။

"ဟွမ်ချင်း"

"အိုး၊ အစ်မကြီးဟွမ်ချင်း"

ထို့နောက် သူခေါင်းကို ဟွမ်ချင်း၏ ပေါင်ထဲတွင် မြှုပ်ထားလိုက်သည်။

ဒီမြင်ကွင်းကိုမြင်ပြီးနောက် လုချန်ရှန်း၏ မျက်လုံးက ရှုံ့တွသွားသည်။

ဒီကောင်စုတ်ကတော့....!

အကယ်၍သူသာ စည်းကမ်းမတင်းကြပ်ပါက ဒီကောင်စုတ်က ကြီးလာသောအခါ လူ့သဘာ၀ခံယူထားသည့် မိစ္ဆာတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် သူက ထိုကောင်စုတ်လေးယဲ့ချိုးပိုင်ထက် ပြဿာနာများကို ပိုဖြစ်စေလိမ့်မည်။

ဟမ်၊ ငါဘာလို့သူ့ကို ယဲ့ချိုးပိုင်နဲ့ ယှဉ်နေရတာလဲ!

ပြဿာနာဖြစ်စေသည့်အပိုင်းတွင် လုချန်ရှန်း ယဲ့ချိုးပိုင်ကို မသိစိတ်က တိုင်းတာသည့်ယူနစ်တစ်ခုဟုပင် ရှုမြင်ခဲ့သည်။

ထို့နောက်သူတွန့်ဆုတ်နေသည့် ကျောက်တုံးလေးကို ကောက်ကိုင်ကာ ပစ်ချလိုက်လေသည်။

"ကောင်လေး၊ ဣန္ဒြေရရနေစမ်း"

ဟွမ်ချင်းပြောသည်။

"သူကကလေးပဲလေ၊ ညင်သာပါဦး"

လျိုကျိယုကလည်းခေါင်းညိတ်သည်။

"သူကနည်းနည်းတော့ ကာမဂုဏ်လိုက်စားတတ်ပေမယ့် ဒါကနားလည်လို့ရပါတယ်"

လုချန်ရှန်း "....."

ချီးကိုနားလည်!

ချီးကိုသဘောပေါက်!

အကယ်၍ဒါက အတိတ်တွင်ဆိုပါက သူက အရှုံးသမားများစွာနှင့် ချစ်စရာမိခင်တစ်ဦး၏ စံနမူနာဖြစ်နေပေလိမ့်မည်။

ကျောက်တုံးလေးသာ အနာဂတ်တွင် ဆိုးလာပါက ဟွမ်ချင်းရော လျိုကျိယုပါ လွတ်မြောက်နိုင်မည်မဟုတ်။

"ငါတို့ဒီလိုဆက်လုပ်လို့ မရတော့ဘူး"

လုချန်ရှန်း မေ့စေးပွတ်ရင်းမေးသည်။

"ကျောက်တုံးလေး၊ မင်းကျင့်ကြံခြင်းကို အခုတလော လျစ်လျူရှုထားနေတာမလား"

ကျောက်တုံးလေး သူတောင်ပိုင်းဒေသကို တိတ်တဆိတ်သွားခဲ့တာကို ဘယ်သူ့ကိုမှ မပြောရဲသဖြင့် အလျင်အမြန်ပြောသည်။

"မဟုတ်ပါဘူး၊ ဆရာရေ၊ ကျွန်တော် ကောင်းကောင်းကြိုးစားပါတယ်"

လုချန်ရှန်းနှာခေါင်းရှုံ့သည်။

"တောင်ပိုင်းဒေသမှာ နှာဘူးတစ်ယောက်ပေါ်လာခဲ့တယ်၊ အဲဒါမင်းမလား"

ကျောက်တုံးလေးမှာ အနည်းငယ် ကြက်သေသေသွားပြီးနောက် ရှက်သွားသည်။

"ဆရာဒီအကြောင်းကိုသိနေတာပဲကို၊ ဒါပေမယ့် ဒီဂုဏ်သတင်းက ဆရာ့ရဲ့ဂုဏ်သတင်းကိုတော့ မပျက်စီးစေဘူးမလား ဆရာ"

လုချန်ရှန်း မျက်နှာကို ဖုံးလိုက်မိသည်။

"မင်းအပြင်သွားတဲ့အခါကျရင် တစ်ခုကိုပဲသတိရပါ"

"ဘာများလဲ"

"ငါကမင်းဆရာလို့ တစ်ခြားသူတွေကိုမပြောနဲ့...."

အပိုင်း(689) coming။

All Chapters