← Chapters

#လူရိုင်းနယ်မြေက အပြောင်းအလဲများ#

Vol. 49 Ch. 689

#လူရိုင်းနယ်မြေက အပြောင်းအလဲများ#

Vol. 49 Ch. 689

ဘာမှမမှားဘူးဆိုပါက မတော်တဆတစ်ခုခုက ဖြစ်ပျက်ပေတော့မည်။

လုချန်ရှန်း ကျောက်တုံးလေးကို ကောင်းမွန်စွာ ကျင့်ကြံရန်ညွှန်ကြားခဲ့ပြီး သူ့ကိုငရဲကဲ့သို့ ကျင့်ကြံခြင်းအစီအစဉ်တစ်ခု ပေးရန်ပင် စတင်တွေးတောနေခဲ့သည်။ သူအရမ်းပင်ပန်းလွန်းသဖြင့် လှုပ်တောင်မလှုပ်နိုင်ဖြစ်နေပါက အပြင်ထွက်ပြီး ပြဿာနာရှာရန်အတွက် အခွင့်အလမ်းရှိမည်မဟုတ်တော့။

ဒီလိုဆိုရင် ဒီနှာဘူးရဲ့ရှက်စရာဂုဏ်ပုဒါက အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမယ်မလား!

သို့စေကာမူ ဒုတိယနေ့တွက်ပင် ဟွမ်ချင်း အ၀တ်အစားအနည်းငယ် ၀ယ်ရန်အတွက် အကြံပြုလာသည်။

အကြောင်းရင်းက သူမအသွင်ပြောင်းထားသည့် မီးဖီးနစ်၀တ်ရုံက တောက်ပြောင်လွန်းသောကြောင့်ပင်။

လုချန်ရှန်းအတွက်မူ နောက်ထပ်သာမန်အ၀တ်အစား အနည်းငယ်၀ယ်တာက ပိုကောင်းသည်ဟု ဟွမ်ချင်းခံစားနေရသည်။

သူမက စံအိမ်တော်တွင် ဆယ်နှစ်ကျော်ကြာရှိနေခဲ့သော်လည်း လူရိုင်းနယ်မြေနှင့် မရင်းနှီးပေ။

ထို့ကြောင့် သူမလမ်းပြရန်အတွက် ရင်းနှီးသောသူတစ်ယောက်ကို ရှာဖွေရုံသာ တတ်နိုင်တော့သည်။

သူမ၏ပထမပစ်မှတ်က လုချန်ရှန်းပင်။

ဟွမ်ချင်း သူမ၏ရည်ရွယ်ချက်တွေကို ရှင်ပြပြီးနောက်တွင် လုချန်ရှန်းချက်ချင်းငြင်းပစ်သည်။

"ငါမအားဘူး"

လာနောက်နေတာလား! ဟုန်ရင်တစ်ဦးတည်းသာလျှင် ဟွမ်ချင်း၏အလှနှင့် ယှဉ်နိုင်သည်။

တကယ်တမ်းတွင် ဟုန်ရင်၏စရိုက်က ဟွမ်ချင်းထက် အနည်းငယ်နောက်ကျနေဆဲပင်။ ဒီလိုစွဲမက်စရာကောင်းတဲ့ကလေးမလေးနှင့် အ၀တ်အစား၀ယ်ဖို့သွားရမှာလား!

ငါဒုက္ခရောက်မှာ ကျိန်းသေပဲလေ!

နှစ်သန်းတစ်ရာရှိတဲ့သစ်တုံးဟောင်းကတောင် မင်းလောက်တုံးအမှာမဟုတ်ဘူး!

ဟွမ်ချင်းအံကြိတ်ကာ တစ်ဖက်လှည့်ပြီး သူမဘာသာသွားရန် ပြင်ဆင်လိုက်၏။

ထိုစဉ် ကျောက်တုံးလေးက ရုတ်တရက် ပြေးလာပြီး ကျယ်လောင်စွာပြောသည်။

"ကျွန်တော်အစ်မဟွမ်နဲ့သွားမယ်"

"မင်း"

လုချန်ရှန်းသံသယဖြင့်မေးသည်။

"မင်းမကောင်းတဲ့အရာတွေကို ထပ်လုပ်ဖို့ ကြိုးစားနေတာလား"

ကျောက်တုံးလေး အလွန်အမင်း လေးနက်သည့်အမူအရာနှင့် ပြောလာသည်။

"ကျွန်တော် ဆရာ့ရဲ့သင်ကြားမှုတွေကို အမြဲလိုက်နာပါတယ်"

"ကျွန်တော်သေချာပေါက် မကောင်းတဲ့အရာတွေလုပ်ဖို့ သွားမှာမဟုတ်ပါဘူး၊ အစ်မဟွမ်ချင်းအတွက် လမ်းပြပေးရုံပါပဲ"

"ဒါ့အပြင် ဆရာ့မှာအချိန်မရှိဘူးလေ၊ အစ်မဟွမ်ချင်းကလည်း အဲဒီနေရာနဲ့ မရင်းနှီးဘူး"

"မင်းကရောရင်းနှီးလို့လား"

လုချန်ရှန်းသူ့ကို စိုက်ကြည့်လိုက်၏။

သူပြန်လည်မွေးဖွားပြီး ဒီကမ္ဘာထဲ ၀င်စားလာစဉ်ကတည်းက လူရိုင်းနယ်မြေတွင် နေထိုင်ခဲ့သည်။

ရုတ်တရက် လျိုကျိယုမျက်နှာကို ဖုံးကာ ရယ်ချင်စိတ်ကို ချုပ်တည်းလိုက်၏။

"စီနီယာရဲ့တပည့်က အကြိမ်ပေါင်းများစွာ ခိုးထွက်ပြီးပြီဆိုတော့ စီနီယာထက် သေချာပေါက် ပိုပြီး ရင်းနှီးကောင်းရင်းနှီးနေနိုင်တယ်"

လုချန်ရှန်းကြက်သေသေသွားပြီးနောက် ချက်ချင်းတုံ့ပြန်သည်။

သူ့မျက်နှာက မည်းမှောင်သွားသည်။

သောက်ကျိုးနည်း၊ ဒါမှန်တယ်ဟ!

ဒီကလေးက နှာဘူးကြီးဖြစ်လာပြီ!

ဒီတော့ ငါ့ထက်ပိုရင်းနှီးတယ်ဆိုတာက အဓိပ္ပာယ်ရှိတာပေါ့!

ဒါပေမယ့် လမ်းကြောင်းတွေကိုသာ သူမသိရင် ဘယ်နေရာကနေ ခိုးထွက်ပြီး လွတ်မြောက်မှာကို သူသိနိုင်မှာလဲ!

ကျောက်တုံးလေးကို မေ့စေ့ကို ဂုဏ်ယူစွာပင် မော့ထားသည်။

လုချန်ရှန်း၏အသံက ဒေါသဖြင့် ပြည့်နှက်နေသည်။

"မင်းကကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူနေတယ်ပေါ့၊ ဟမ်"

ကျောက်တုံးလေး ချက်ချင်းဆိုသလို အနည်းငယ် ကြောက်သွားပုံပေါ်ပြီး ဟွမ်ချင်းနောက်သွားကာ သူမ၏ ဖီးနစ်၀တ်ရုံကို ဆွဲလိုက်၏။ သူ့မျက်နှာတစ်၀က်ကို ဟွမ်ချင်း၏ ပေါင်နောက်တွင် ဝှက်ထားသည်။

ဒါကိုမြင်သောအခါ မြင်သောအခါ ဟွမ်ချင်းထပ်ပြီး သည်းမခံနိုင်တော့ပါ။ သူမကျောက်တုံးလေးခေါင်းကို ပွတ်သပ်ရင်း လုချန်ရှန်းကို ကြည့်လိုက်၏။

"သူကကလေးပဲရှိသေးတာလေ၊ ဘာလို့အရမ်းကြမ်းတမ်းနေရတာလဲ" ထို့နောက် သူမငုံ့ကာ ကျောက်တုံးလေး၏လက်ကို ကိုင်ပြီး ပြောလိုက်သည်။

"သူ့ကိုလျစ်လျူရှုထားလိုက်တော့၊ သွားကြရအောင်၊ အစ်မကြီးကို ဈေး၀ယ်ဖို့ ခေါ်သွားပေး"

လုချန်ရှန်းဘာတစ်ခုမှ မပြောနိုင်ခင်မှာပင် ‌ဟွမ်ချင်းက ကျောက်တုံးလေးနှင့်အတူ ထာ၀ရသက်တမ်းကမ္ဘာကနေ ထွက်သွားလေတော့သည်။

လုချန်ရှန်း၏မျက်နှာက မည်းမှောင်သွား၏။

ဒီကောင်စုတ်လေး ထပ်ပြီးပြဿာနာမရှာရန်သာ သူမျှော်လင့်နိုင်တော့သည်။

သို့စေကာမူ ဟွမ်ချင်းသာရှိပါက ဘာအဓိကပြဿာနာမှ ရှိလာမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူမက နတ်သခင်နယ်ပယ်စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်မဟုတ်ပေလော။

အဆင့်နိမ့်ကြယ်နယ်မြေက မည်သူမှ သူမ၏ပြိုင်ဘက်မဟုတ်ပါ။

အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် သီးသန့်ကျင့်ကြံရန်အတွက် ဒီကိုမလာသရွေ့ အဆင်ပြေပါသည်။

မဟုတ်ပါက ဟွမ်ချင်းနှင့် ကျောက်တုံးလေးတို့က ပက်ပင်းတိုးမိကာ ပဋိပက္ခဖြစ်နိုင်သည်။

မိုးမခပင်က လုချန်ရှန်း၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကိုကြည့်ရင်း တွေးနေသည်။

ဒီကောင်ရဲ့စရိုက်က ပြောင်းလဲသွားပြီလို့ ငါထင်နေတာ၊ ဒါပေမယ့် သူ့သဘာ၀က ပြောင်းလဲဖို့ ခက်ခဲနေတုန်းပဲ.....!

လက်ရှိလူရိုင်းနယ်မြေတွင် ကြွယ်၀မှုက အရင်ကအချိန်ကို ကြာရှည်စွာ ကျော်လွှားနေခဲ့ပြီဖြစ်သည်။

ဒီကမ္ဘာထဲက ကောင်းကင်ဘုံတာအိုက ပြန်လည်ကောင်းမွန်လာသည်သာမက ဝိဉာဉ်ချီကလည်း စတင်စုပုံလာခဲ့သည်။

ဒါက စံအိမ်တော်၏ဂုဏ်သတင်းကြောင့် တခြားနယ်မြေများက ကျင့်ကြံသူများစွာ ရောက်လာခဲ့သောကြောင့်ပင်။

ထို့ကြောင့် အကြွယ်၀ဆုံးနေရာက တစ်ချိန်က လူရိုင်းမြေဟုလူသိများသည့် တောင်ပိုင်းဒေသပင်။

တောက်ပိုင်းဒေသက တောက်ပစွာပင် လင်း၀င်းနေပြီး အထူးသဖြင့် ညပိုင်းတွင် ပို၍ရောင်စုံတောက်ပနေသည်။

ထို့ထဲတွင် အသက်အ၀င်ဆုံးနေရာက တောင်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်ဖြစ်သည်။

ထိုအချိန်တွင် တောင်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်၏ အဟုန်က ပင်မကျောင်းတော်ထက် သာလွန်သွားပြီဖြစ်သော်လည်း ပင်မကျောင်းတော်က ဒါကိုမြင်ရတာကို ပျော်ပုံရပြီး မီးထဲတွင် လောင်စာထည့်ပေးနေဆဲပင်။

ဘ၀၏အလွှာပေါင်းစုံက ပါရမီရှင်များပင် လျှို့ဝှက်တာအိုကျောင်းတော်ကို ၀င်ချင်ကြသည်။

သို့စေကာမူ သူတို့တွေးနေတာကို ချင်းတျန်းနျန်ဘယ်လိုလုပ် မသိဘဲနေမည်နည်း။

သူတို့ကဒီကို စံအိမ်တော်အတွက် ရောက်လာကြခြင်းဖြစ်သည်။

လုချန်ရှန်း ဒါကို ထာ၀ရသက်တမ်းကမ္ဘာသို့ အစောကြီးပြောင်းရွေ့ပစ်တာ အံ့ဩသင့်စရာမရှိတော့။

သူဒါကိုကြိုခန့်မှန်းမိခဲ့ခြင်းပင်။

ချင်းတျန်နျန် ထာ၀ရသက်တမ်းကမ္ဘာ၏ တည်ရှိမှုကို သိပါသည်။

သူကလုချန်ရှန်း၏ အကြီးအကဲအနည်းစုများထဲက တစ်ဦးဖြစ်သလို သူ့မိသားစုလည်းဖြစ်သည် မဟုတ်ပေလော။

သို့စေကာမူ ထိုအချိန်က စံအိမ်တော်က တပည့်လက်မခံတော့ဘူးဟု ချင်းတျန်နျန်ပြောခဲ့သည်။ ခန်းမသခင်က လေ့ကျင့်ရာကနေ ထွက်လာစဉ် သူကိုယ်တိုင် ရွေးချယ်ရုံသာရှိသည်။

ထိုစကားလုံးများကို ပြောပြီးသည်နှင့် ဒီဂုဏ်ယူနေတတ်သည့် ကောင်းကင်သားတော်များက တဘက်လှည့်ကာ စိတ်ပျက်စွာ ထွက်သွားလိမ့်မည်ဟု ချင်းတျန်နျန်ထင်ခဲ့သည်။

မျှော်လင့်မထားစွာပင် လူတစ်၀က်ကျော်လောက်က နောက်ကျန်ရစ်နေခဲ့ကြသည်။

သူတို့က အရင်းအမြစ်များမချို့တဲ့သလို ဒီနေရာ၌ သူတို့၏ကံကြမ္မာကို ကြိုးစားလိုခြင်းသာ။

တိမ်ပြာဓားဂိုဏ်း၊ တိမ်ဖီးနစ်အင်ပါယာနှင့် ပညာသင်ခန်းမတို့တွင်လည်း တခြားသူများ လာခဲ့ကြသည်။

စံအိမ်တော်နှင့် ဆက်ဆံမှုရှိသရွေ့ ဒီကမ္ဘာကြီး၏ အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်လာနိုင်သည်ဟု ဆို၍ရသည်။

ထိုအချိန်တွင် ချင်းတျန်နျန်နောက်မှ အသံတစ်သံထွက်လာသည်။

ချင်းတျန်နျန် သောကရောက်နေသေးလေရာ နောက်ကလူကို သူဘယ်လိုလုပ် သတိထားနိုင်မည်နည်း။

သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး နောက်သို့ရိုက်ချလိုက်သည်။

အဆုံးသတ်တွင် ကျောက်တုံးလေးက လက်ချောင်းတစ်ချောင်းနှင့် ပိတ်ဆို့လိုက်၏။

"အဖိုးချင်း၊ ဘာလို့ဒီလောက်ပူပန်နေရတာလဲ"

ဒါကိုမြင်သောအခါ ချင်းတျန်းနျန်စိတ်သက်သာရာရသွားသည်။ သို့သော် ချက်ချင်းဆိုသလို သူသတိထားသည့် အမူအရာဖြင့် ပြောလာသည်။

"မင်းဒီကိုထပ်ပြီးဘာလာလုပ်တာလဲ"

"ဒီတစ်ကြိမ် မင်းရဲ့အမှိုက်တွေကို ငါမရှင်းပေးတော့ဘူး"

ထို့နောက်သူနောက်လှည့်လိုက်သောအခါ ဟွမ်ချင်းကို တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလို သူ့မျက်နှာက တုန်ယင်သွားပြီး ဟွမ်ချင်းကို တုန်ယင်နေသည့် လက်ချောင်းများနှင့် လက်ညိုးထိုးရင်း ကျောက်တုံးလေးအား ကြည့်သည်။

"မင်း....မင်း၊ ကောင်စုတ်လေး၊ ဒီတစ်ကြိမ် မင်းအတွင်းခံတွေခိုးရုံတင်မကဘဲ ပြန်စရာလမ်းမရှိအောင် လုပ်နေတာလား"

"မင်းဆရာ မင်းကိုသေတဲ့အထိ ရိုက်သတ်ပစ်မှာကို မင်းမကြောက်ဘူးလား"

ဒါကိုကြားသောအခါ ဟွမ်ချင်းမျက်မှောင်ကြုတ်သည်။

ချင်းတျန်းနျန်တွင် လုချန်ရှန်းအတွက် နှလုံးသားထဲ၌ အထူးနေရာတစ်ခုရှိပြီး လူကောင်းတစ်ယောက်ဆိုတာကိုသာ သူမမသိခဲ့ပါက သူ့ကိုသေသည်အထိ ရိုက်နှက်ပစ်သည်မှာ ကြာမြင့်နေလေပြီ။

ကျောက်တုံးလေး နောက်ကနေ သိမ်မွေ့သည့် သတ်ဖြတ်ခြင်းဆန္ဒကို ခံစားမိသောအခါ ချက်ချင်းရှင်းပြသည်။

"အဖိုးချင်း၊ အစ်မဟွမ်ချင်းက စံအိမ်တော်က အဲဒီငှက်လေ"

ချင်းတျန်းနျန် ဟွမ်ချင်းကို အထိတ်တလန့် ကြည့်လိုက်မိသည်။

ထိုအချိန်က ဒီငှက်ကလေးက သာမန်မဟုတ်ဘူးဟု သူဝေဝါးဝါးခံစားခဲ့ရသည်။

သူမက လူသားတစ်ယောက်အဖြစ်ကိုတောင် ပြောင်းလဲသွားပြီလား!

လူသားများအဖြစ် ပြောင်းနိုင်သည့် မှော်သားရဲများက ဒဏ္ဍာရီနယ်ပယ်ကို ရောက်နိုင်သည့် သူများဖြစ်ကြသည်။

ဒီနယ်ပယ်က သူတို့အဆင့်နိမ့်ကြယ်နယ်မြေ ဘယ်တော့မှ မထိတွေ့နိုင်မည့်အရာတစ်ခုပင်။

ချင်းတျန်းနျန်ခါးသီးစွာပြုံးရင်း တွေးလိုက်မိသည်။

"ဒီကလေးချန်ရှန်း ဒါကိုဘယ်ကနေ ရခဲ့သလဲဆိုတာ ငါတကယ်သိချင်မိတယ်"

"ဒါပေမယ့် ဒီစွမ်းအားရှင်တွေ ၀န်းရံနေရင် ဒီကလေးရဲ့ဘေးကင်းမှုအတွက် စိတ်ပူနေစရာမလိုပါဘူး...."

ဒါမမှန်ဘူး!

ချင်းတျန်းနျန်ရုတ်တရက် သတိ၀င်လာသည်။

"ဒီကလေးရဲ့စရိုက်အရဆိုရင် ငါဘာလို့ သူ့ဘေးကင်းမှုကို စိုးရိမ်နေစရာ လိုသေးတာလဲ"

"ဒီကမ္ဘာကြီးထဲမှာ လူသားတစ်ဦးပဲ ကျန်ခဲ့မယ်ဆိုရင်‌တောင် အဲဒါက လုချန်ရှန်းဖြစ်လိမ့်မယ်"

အပိုင်း(690) coming။

All Chapters