← Chapters

#ချင်းတျန်းနျန်၊ ငါတကယ်ကို အလွန်အကျွံတွေးနေမိတာပဲ#

Vol. 49 Ch. 690

#ချင်းတျန်းနျန်၊ ငါတကယ်ကို အလွန်အကျွံတွေးနေမိတာပဲ#

Vol. 49 Ch. 690

"ဒါပေမယ့် မင်းဘာလို့ဒီမှာရှိနေတာလား၊ အဲဒီကလေးချန်ရှန်း တခုခုပြောလိုက်လို့လား"

ကျောက်တုံးလေးက ခေါင်းခါယမ်းသည်။

" ဆရာဘာမှမပြောလိုက်ပါဘူး၊ အစ်မဟွမ်ချင်း သင့်တော်တဲ့အ၀တ်အစားတစ်ချို့ ၀ယ်ချင်တယ်"

ချန်းတျန်းနျန် စိတ်ရှုပ်ထွေးသွားသည်။

"ဒီလိုဆိုရင် မင်းဒီမှာဘာလုပ်နေတာလဲ"

မင်းငါ့ကိုလွမ်းနေတာများလား!

ချင်းတျန်းနျန်က ကျောင်းအုပ်ဖြစ်လေရာ သူ့အဖို့ကျယ်ကျယ်ပြောရန်ဟူသည် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူနှလုံးသားထဲတွင်သာ ဒါကိုတွေးနေခဲ့သည်။

ကျောက်တုံးလေးခေါင်းကုတ်ကာ ပြုံးသည်။

"ကျွန်တော်ထွက်လာတဲ့အချိန် ဆရာ့ဆီက ငွေနည်းနည်းတောင်းလာဖို့ မေ့သွားတာပါ"

ချင်းတျန်နျန် "....."

ကောင်းပါပြီ၊ ကြည့်ရတာ ငါအလွန်အကျွံစဉ်းစားနေမိတာပဲ!

ထို့နောက် သူသိုလှောင်လက်စွပ်တစ်ကွင်းကို ကျောက်တုံးလေးအား မကျေနပ်သည့် အမူအရာဖြင့် ပြောသည်။

"လူကလေးရ၊ မင်းဆရာရဲ့မျက်နှာကို ဘယ်လိုထားရမလဲဆိုတာတော့ သိတယ်မလား"

"ဒီကောင်လေးချန်ရှန်းမှာ အစကပိုက်ဆံမရှိဘူး၊ သူကဆေးလုံးတစ်လုံး၊ နှစ်လုံးလောက်ပဲ ရောင်းနိုင်ခဲ့တယ်"

"အဆုံးသတ်မှာ သူဆေးလုံးတွေနဲ့ အခင်းအကျင်းအစီအရင်တွေကို ရောင်းနေတယ်လို့ ပြောခဲ့တယ်၊ ဒါကသူ့နောက်ခံတစ်ချို့ကို တခြားသူတွေကို သိခွင့်ပေးနေတာပဲမလား"

ထိုနေရာတွင် ချင်းတျန်းနျန် ခေါင်းခါယမ်ရင်း အကူအညီမဲ့စွာပြုံးသည်။

"ကောင်းပါပြီ၊ မင်းတို့သွားနိုင်ပြီ၊ ဒါပေမယ့် မင်းတို့ငါ့ကို ပြန်ပေးဆပ်ချင်ရင်တော့ ကျောင်းသားတွေကို သင်ဖို့အတွက် ကူညီပေးနိုင်....."

ကျောက်တုံးလေးနှင့် ဟွမ်ချင်းတို့က ဘယ်တော့မှ မပေါ်ပေါက်လာခဲ့သည့်အလား ထိုနေရာ၌ပင် ပျောက်ကွယ်သွားကြသည်။

ချင်းတျန်နျန် "...မင်းတို့ဒီလောက်မြန်မြန် ပြေးစရာလိုလို့လား"

တောင်းပိုင်းဒေသ၏လမ်းမများ၌ ကမ္ဘာကြီးက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ကျောက်ပြာလမ်းနှစ်ဘက်စလုံးတွင် လူတန်းစားမျိုးစုံမှ မရေမတွက်နိုင်သည့်လူများက မရေမတွက်နိုင်လောက်သည့် ကုန်သည်များက စီးပွားရေးလုပ်ရန်အတွက် လာကြသည်။

အဆင့်မြင့်ဆေးလုံးများ၊ အဆောင်များ၊ လက်နက်မျှော်စင်များနှင့် ကျင့်ကြံခြင်းကျင့်စဉ်မျှော်စင်များ၊ အစရှိသည့် လူတိုင်းလိုချင်တာ အကုန်လုံးရှိကြသည်။

ဒါကသူမအရင်က မမြင်ဖူးသည့်မြင်ကွင်းပင်။ အကြောင်းရင်းက တောင်ပိုင်းဒေသက အတိတ်တွင် ယခုလိုဇိမ်ခံပစ္စည်းများကို မတတ်နိုင်သောကြောင့်ပင်။

မြို့ထဲတွင် တစ်ခဏမျှလမ်းလျှောက်ပြီးနောက် ကျောက်တုံးလေးက ဟွမ်ချင်းကို အတော်လေးတန်ဖိုးကြီးမားပုံရသည့် မျှော်စင်တစ်ခုကို ခေါ်သွားသည်။

ဒါက လူရိုင်းနယ်မြေတစ်ခုလုံးတွင် အ၀တ်အစားများ ရရန်အတွက် အထူးကောင်းမွန်သော နေရာပေတည်း။ တစ်နည်းအားဖြင့် ဒါက ဈေးအကြီးဆုံးနေရာပင်။

သို့စေကာမူ ဘာလို့ဈေးကြီးရသလဲဆိုတာ အကြောင်းရင်းရှိသည်။

အ၀တ်အထည်များကို ဒီဇိုင်းထုတ်စဉ် အသွင်အပြင်ကို ထိန်းသိမ်းရန်အတွက် ကာကွယ်ရေးဂုဏ်သတ္တိတွေကိုလည်း ပေါင်းထည့်ထားသောကြောင့်ဖြစ်သည်။

ဒီထဲတွင် တခြားသံချပ်ကာများထက် မနိမ့်ကျသည့် သက်ရောက်မှုရှိသည်။

ဈေးနှုန်းက သဘာ၀အတိုင်းပင် ထိုးတက်လာခဲ့သည်။

ဒါကို မင်းမျိုးနွယ်မိသားစုထဲက လူငယ်တစ်ချို့နှင့် မိန်းကလေးငယ်တစ်ချို့ နက်နက်ရှိုင်းရှိုင်း ချစ်ခင်ကြသည်။

အစေခံမလေးက ဟွမ်ချင်းအော်ရာကို မြင်သောအခါ ထိတ်လန့်သွားပြီး ဒီလူနောက်ကွယ်က စွမ်းအားက သာမန်မဟုတ်တာကို သူမမသိစိတ်က ခံစားလိုက်ရသည်။

တစ်ယောက်ယောက်က ချက်ချင်းရှေ့တိုးလာပြီး ပြုံးပြသည်။

"ဧည့်သည်တို့၊ ဘယ်လိုအ၀တ်အစားမျိုးကို ၀ယ်ချငိပါသလဲ"

သူမ၏အပြုံးက မျက်နှာချိုသွေးနေခြင်းလည်း မဟုတ်သလို ဆွဲဆောင်နေခြင်းလည်းမဟုတ်ပါ။

ဒါကအရမ်းလန်းဆန်းသစ်လွင်ပုံရသဖြင့် လူများကို အရမ်းဈေးမတန်ဘူးဟူသော ခံစားချက်ကို ရစေသည်။

ကျောက်တုံးလေးလက်ဝှေ့ယမ်းသည်။

"ငါတို့ကို အကောင်းဆုံးအ၀တ်အစားတွေ ရှိတဲ့နေရာကိုခေါ်သွား၊ ဈေးပေါတဲ့အ၀တ်အစားတွေက ငါ့ရဲ့အစ်မကြီးဟွမ်ချင်းနဲ့ မလိုက်ဖက်ဘူး"

ဟွမ်ချင်းခပ်ရေးရေးပြုံးသည်။

ဒါကိုကြား‌သောအခါ အစေခံမလေးက ခေါင်းညိတ်ရင်း ဖိတ်ခေါ်လိုက်၏။

"ဧည့်သည်တို့၊ ကျွန်မနောက်ကနေ အပေါ်ထပ်ကို လိုက်ခဲ့ကြပါ"

သူတို့အပေါ်ထပ်သို့ လျှောက်သွားကြ၏။

အစေခံမလေးက ရှင်းပြသည်။

"ကျွန်မတို့မှာ အဆင့်လေးဆင့် ခွဲခြားထားပါတယ်၊ ပထမအဆင့်က မော်တယ်အဆင့်၊ ဒုတိယအဆင့်က ထိပ်တန်းအဆင့်၊ တတိယအဆင့်က မဟာအဆင့်နဲ့ စတုတ္ထအဆင့်က အင်မော်တယ်အဆင့်တို့ ဖြစ်ပါတယ်"

"အမည်ကညွှန်းထားသလိုမျိုး ဒါက သာမန်အ၀တ်အစား‌တွေ ဖြစ်နိုင်ပါတယ်၊ အရည်အသွေးမြင့်မားတဲ့ အဆင့်ကို ရောက်တဲ့အခါ နောက်ထပ်စွမ်းရည်တွေရှိလာလိမ့်မယ်၊ အဆင့်ပိုမြင့်လေလေ၊ ပစ္စည်းပိုကောင်းလေလေ၊ အရည်အသွေးပိုကောင်းလေလေ၊ အသေးစိတ်ပိုဒီဇိုင်းကျလေလေပဲ"

"အကောင်းဆုံးကို လိုချင်တာဆိုတော့ အင်မော်တယ်အဆင့်ပေါ့"

သူတို့ထိပ်ဆုံးအလွှာကို ရောက်လာသောအခါ တံခါးပေါ်၌ 'အင်မော်တယ်' ဟူ၍ စာလုံးတစ်လုံးရှိသည်။ အစေခံမလေးက ပြုံးသည်။

"ဧည့်သည်တို့၊ ဒီမှာရောက်ပါပြီ"

တံခါးကိုတွန်းဖွင့်ပြီးနောက် အမြင်အာရုံထဲ ၀င်လာတာက ကြည်လင်သည့် သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် အ၀တ်ဘီဒိုတခုပင်။ အ၀တ်အစားများကို အ၀တ်ဗီဒိုထဲထည့်ထားပြီး မျိုးစုံရှိသည်။

တစ်ခုစီတွင် ကိုယ်ပိုင်ထူးခြားသည့် စရိုက်လက္ခဏာများရှိပြီး အံ့ဖွယ်အခင်းအကျင်းတစ်ခုအလားပင်။

ကျောက်တုံးလေးနှင့် ဟွမ်ချင်းတို့က ရှေ့တွင်ရပ်ကာ ရွေးချယ်နေကြ၏။

အစေခံမလေးနောက်က အနီးကပ်လိုက်လာသည်။ သူတို့အ၀တ်စတစ်ခုစီရှေ့တွင် ရပ်သောအခါ သူမက ဟွမ်ချင်းနှင့် ကျောက်တုံးလေးတို့ကို ရှင်းပြရန်သာ တတ်နိုင်သည်။

ထိုအချိန်တွင် ဟွမ်ချင်းအ၀တ်စတစ်ခုရှေ့၌ ရုတ်တရက်ရပ်သွားသည်။

ဒီ၀တ်စုံက အတိအနီရောင်ဖြစ်သည်။

ထို့ထဲတွင် ဖီးနစ်တစ်ကောင် ပုံခြယ်ထားသည်။ ဖီးနစ်က အတောင်ပံများကို ဖြန့်ကြက်ရင်း ကောင်းကင်ပေါ် ထိုးတက်နေ၏။

၎င်းတို့တွင်ရှိသည့် စွမ်းရည်များကမူ ဟွမ်ချင်း၏အဆင့်ကလူများအတွက် အသုံးမ၀င်ပါ။

ကြည့်ကောင်းသရွေ့ အဆင်ပြေပါသည်။

အစေခံမလေး တစ်ခုခုပြောရန်ပြင်လိုက်စဉ် ခေါက်ယပ်တောင်တစ်ခု ကိုင်ထားသည့် ပိုးထည်၀တ်စုံနှင့် လူတစ်ယောက်က အပြုံးဖြင့် ဖြည်းဖြည်းချင်း လျှောက်လာသည်။

"ခြယ်ထားတဲ့ဖီးနစ်၀တ်ရုံက မီးဆန္ဒကို နားလည်ထားတဲ့ ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးပဲ၊ ဒါက မီးဂုဏ်သတ္တိနဲ့ သူတို့ရဲ့ဆက်နွှယ်မှုကို တိုးမြှင့်ပေးရုံတင်မက မီးဆန္ဒစွမ်းအားကိုလည်း မြှင့်ပေးတယ်"

"ဒါပေမယ့် ဒါကအရေးမကြီးပါဘူး၊ အရေးကြီးတာက ဒီ၀တ်ရုံက ခင်ဗျားနဲ့ အတော်လေးလိုက်ဖက်တာပဲ"

ဒါကိုမြင်သောအခါ အစေခံမလေးက လူငယ်အား ညင်သာစွာ ဦးညွတ်သည်။

"သခင်လေးကျင်း"

ကျင်းတန်ခေါင်းညိတ်သည်။

ကျောက်တုံးလေးက မရင်းနှီးသော အမူအရာဖြင့် ကြည့်လိုက်၏။

တစ်ယောက်ယောက် အစ်မဟွမ်ချင်းကို ဆွဲဆောင်ချင်နေတာလား!

ဟွမ်ချင်း ထိုသခင်လေးကျင်းအား လျစ်လျုရှုကာ ယင်းအစား အစေခံမလေးအား မေးလိုက်၏။

"ဒီ၀တ်စုံကဘယ်လောက်လဲ"

"မူလသလင်းငါးသိန်းပါ"

မူလသလင်းငါးသိန်း!

ဒါက လူရိုင်းနယ်မြေက လူအများစုအတွက် မရေမတွက်နိုင်လောက်သည့် ပမာဏပေတည်း။

ဒါကိုကြားသောအခါ ဟွမ်ချင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ခေါင်းဆောင်ချင်းက သူမကို မူလသလင်းနှစ်သိန်းသာ ပေးခဲ့သည်။

သို့စေကာမူ ဟွမ်ချင်းတို့က ဒီလိုဈေးကြီးသည့် အ၀တ်အစားများကို သွားကြည့်လိမ့်မည်ဟု ချင်းတျန်းနျန်မည်သို့မည်ပုံ ထင်ထားမည်နည်း။

ဟွမ်ချင်း၏အတွေးများကို မြင်နိုင်သည့်အလား ကျင်းတန်၏ နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွား၏။

"မမလေး၊ မြင်းကောင်းတစ်ကောင်က ကုန်းနှီးကောင်းနဲ့ပဲ ထိုက်တန်တယ်၊ ဒီလိုတန်ဖိုးရှိ၀တ်စုံမျိုးကို ခင်ဗျားတစ်ယောက်တည်းပဲ ယူနိုင်မယ်၊ မဟုတ်ဘူးဆိုရင် ဒါကိုဒီအ၀တ်ဘီဒိုထဲ မြှုပ်ထားသလို ဖြစ်သွားမှာပေါ့"

"တကယ်လို့ စိတ်မဆိုးဘူးဆိုရင် ခင်ဗျားအတွက် ကျုပ်ပေးချေပေးမယ်လေ၊ သေချာတာပေါ့၊ နောက်ကျရင် ခင်ဗျားက ကျုပ်နဲ့ သောက်ဖို့အတွက် စားသောက်ဆိုင်ကို လိုက်ပေးရုံပါပဲ"

ဒီအမူအရာများကနေတဆင့် ဒီနတ်သမီးကဲ့သို့ မိန်းကလေး၏စွမ်းအားက သေချာပေါက် သူ့ထက်အားမကောင်းဟု ကျင်းတန်သေချာနေသည်မှာ သိသာထင်ရှားနေသည်။

အကယ်၍ တဘက်ကသာ လုံလောက်အောင် အားမကောင်းပါက သူတို့အတွက် မူလသလင်းငါးသိန်းကို ခွဲထုတ်ရန်ဟူသည် မဖြစ်နိုင်ပေ။

ဒီကိစ္စတွင် သူသင့်တော်သည့်ခွန်အားကို ပြသနေသရွေ့ သူမကို အလွယ်တကူ ရယူသိမ်းသွင်းနိုင်ပေလိမ့်မည်။

ကျင်းတန်အတွက် အားနည်းသူတွေက အားကောင်းသူများကို ဆုပ်ကိုင်ထားခြင်းက အမြော်အမြင်အရှိဆုံးနှင့် မှန်ကန်သော ရွေးချယ်မှုပေတည်း။

ဟွမ်ချင်းဘာမှမပြောနိုင်သေးခင်မှာပင် ကျောက်တုံးလေးက ခုန်လျက် ဟွမ်ချင်းရှေ့တွင် ရပ်လိုက်သည်။ ခေါင်းမော့ရင်း သူကျင်းတန်၏ နှာခေါင်းကို လက်ညိုးထိုးကာ ကြိမ်းမောင်းသည်။

"မင်းကိုယ်မင်းဘယ်သူလို့ ထင်နေတာလဲ၊ မင်းက အစ်မဟွမ်ချင်းကို မင်းနဲ့အတူ သောက်စေချင်တာလား"

"ဘာလို့မင်းကိုယ်မင်းအရင်အိမ်ပြန်ပြီး မှန်ထဲမကြည့်ရတာလဲ၊ မင်းက ကိုယ့်နေရာကိုယ် လုံး၀မသိဘူးဘဲ"

ဘေးက အစေခံမလေးက ဒါကိုမြင်သောအခါ ကြောက်ရွှံ့လွန်းသဖြင့် သူမ၏ မျက်နှာလေးက ဖြူရော်သွား၏။ သူမ ကျောက်တုံးလေးကို အမြန်ဆွဲသည်။

"ကလေးလေး၊ မပြောနဲ့တော့၊ ဒီသခင်လေးကျင်းနောက်ကွယ်က ကျင်းမိသားစုက တခြားအစွမ်းထက်နယ်မြေတွေက လာတာပါ"

ဒါကို လူရိုင်းနယ်မြေတွင် ထိပ်တန်းအဆင့်ဂိုဏ်းများအနက် တစ်ခုဟုသတ်မှတ်၍ရသည်။

ကျင်းတန်အတွက် မောက်မာပြီး အာဏာရှင်ဆန်တာက ပုံမှန်သာ။

မျှော်လင့်ထားသည့်အတိုင်းပင် ကလေးတစ်ဦးက သူ့ရှေ့တွင်ရပ်ပြီး သူ့နှာခေါင်းကို လက်ညိုးထိုးကာ ကျိန်ဆဲနေတာကို မြင်သောအခါ ကျင်းတန်၏မျက်နှာပေါိက အပြုံးက ပျောက်ကွယ်သွား၏။

သူမည်းမှောင်သည့်အမူအရာဖြင့် ပြောသည်။

"ဘယ်သူ့ကလေးက နေရာတိုင်းမှာ စည်းကမ်းမဲ့ပြီး ရမ်းရမ်းကားကားပြုမူနေရတာလဲ"

ကျောက်တုံးလေး လက်ပိုက်ကာ နှာခေါင်းရှုံ့သည်။

"ဒါကမင်းအလုပ်မဟုတ်ဘူး"

"မင်းကအရမ်းအသက်ကြီးနေတာတောင် အလိုမကျဖြစ်ချင်သေးတာလား၊ ငါမင်းအတွက် အရမ်းအရှက်ရမိတယ်"

ကျင်းတန်ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။

"မင်းမိသားစုက ဂရုမစိုက်ဘူးဆိုမှတော့ ငါမင်းကို သင်ကြားပေးရတော့မှာပေါ့"

အပိုင်း(691) coming။

All Chapters