← Chapters

#ဟွမ်ချင်းကို သင်ကြားပေးဖို့ အချိန်ကျပြီ#

Vol. 49 Ch. 691

#ဟွမ်ချင်းကို သင်ကြားပေးဖို့ အချိန်ကျပြီ#

Vol. 49 Ch. 691

စတုတ္ထအထပ်က လူအရေအတွက်က အရမ်းမများသလို နည်းလည်းမနည်းပေ။ ဒီနေရာ၌ ကန့်သတ်ချက်မရှိသဖြင့် သူတို့အမြင်ကို ချဲ့ချင်ကြသည့်၊ သို့မဟုတ် သူတို့အမြင်ကို ကျေနပ်စေချင်ကြသည့် လူတစ်ချို့က ဒီနေရာသို့ ရံဖန်ရံခါ ကြည့်ရှုရန်အတွက် လာကြသည်။

ဒီကိုမကြာခဏလာလည်တန်သည့် သခင်လေးကျင်းကို လူတိုင်းလိုလိုက အတော်လေးရင်းနှီးနေဆဲပင်။

သူတို့က သူ့ခွန်အားနှင့် သူ့နောက်ကွယ်က ကြောက်မက်ဖွယ်ရာအင်အားစုကိုလည်း ရင်းနှီးကြပါသည်။ ကလေးငယ်တစ်ယောက်က သခင်လေးကျင်းရှေ့တွင်ရပ်ပြီး ဒီလိုပြောရဲတာကို မြင်သောအခါ သူတို့ မျက်ခုံးပင့်လိုက်မိကြသည်။

တစ်ချိန်တည်းမှာပင် သူတို့နှလုံးသားထဲ၌ ၀မ်းနည်းသွားမိငြသည်။

"ကြည့်ရတာ ဒီကလေးနဲ့ သူ့နောက်ကွယ်က မိသားစုကတော့ ဖျက်ဆီးခံရတော့မယ့်ပုံပဲ"

"သေချာတယ်၊ ကျင်းတန်က အသေးနုတ်ဆုံး မကျေမနပ်ချက်တွေအတွက်တောင် အမြဲလိုလို လက်စားချေတတ်တယ်၊ တစ်ခုခုမှားနေတာနဲ့ သူကအရူးအမူး လက်စားချေချင်စိတ် ဖြစ်လာတယ်၊ သူကအတော်လေး အမြင်ကျဉ်းတာပဲ"

"မင်းစကားလုံးတွေကိုသတိထားဦး၊ မင်းလည်း အသတ်ခံချင်လို့လား"

တခြားတစ်ဘက်တွင်ဈေးကြီးသည့် ၀တ်စုံများ၀တ်ဆင်ထားကြသော လူနှစ်ယောက်က ဒီမြင်ကွင်းကို မြင်သောအခါ ရယ်မောလိုက်မိကြသည်။

"အိုး၊ ဒါကအရမ်းရှားပါးတာပဲ၊ သူက တကယ်ပဲ ကျင်းတန်ရှေ့မှာ သူ့ကလေးကို စော်ကားခွင့်ပြုခဲ့တယ်"

"ဒါပေမယ့် ကျင်းတန်ရဲ့ မျက်လုံးတွေက တကယ်ကို ထက်ရှတယ်လို့ ငါပြောရမှာပဲ၊ ဒီလိုထိပ်တန်းအဆင့်ပစ္စည်းတစ်ခုကို သူတစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်ခဲ့တယ်"

"ဟီးဟီး၊ ဒီတော့ အချိန်ကျရင် ငါတို့၀င်ပါကြမလား"

"သေချာတာပေါ့၊ အချိန်ကျလာရင် ဒီအမျိုးသမီးကို ဘယ်သူသိမ်းသွင်းနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့" သူတို့ ဆွေးနွေးနေစဉ် ကျင်းတန်က ကျောက်တုံးလေး၏ခေါင်းကို တိုက်ရိုက်ရိုက်ချသည်။

သူဆိုးယုတ်သည့်အပြုံးတစ်ပွင့် ထုတ်ဖော်ရင်း သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည်။

"နောက်ဘ၀မှာ စိတ်ချရတဲ့မိသားစုတစ်ခုမှာ မွေးဖွားလာဖို့အတွက် သတိရ"

သူ့လက်ဖဝါးချက်၌ နတ်ဘုရားတစ်၀က်(ဟင်းလင်းပြင်နတ်ဘုရား) နယ်ပယ်ခွန်အားက သံသယမရှိ ထွက်လာခဲ့သည်။

ကျင်းတန် ကျောက်တုံးလေး၏ အသက်ကို ယူပစ်ချင်သည်မှာ သိသာထင်ရှားနေသည်။

သူကလုံး၀ထိန်ချန်မထားခဲ့ပေ။

ဒီမြင်ကွင်းကို မြင်သောအခါ ကျောက်တုံးလေး၏ မျက်လုံးများ၌ အကြောက်တရားဟူ၍မရှိဘဲ ဆန့်ကျင်ဘက်အနေနှင့် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်တုံးလေးတိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ကျင်းတန်၏လက်ဖဝါး၌ မီးတောက်တစ်ခု ရုတ်တရက် ထိုးတက်လာ၏။

ဒီမီးတောက်ကြောင့် ကျင်းတန်၏ လက်တစ်ခုလုံးက လောင်ကျွမ်းသွားရသည်။

သူစိတ်မချမ်းမြေ့ဖွယ်အော်ဟစ်ရင်း ကြမ်းပြင်ပေါ်လဲကျသွားသည်။ သို့သော် ဆက်လက်အော်ဟစ်နေဆဲပင်။

"ကယ်ကြပါ၊ ကယ်ကြပါ"

ကျင်းတန် သူ့ကိုယ်သူကယ်တင်ရန်အတွက် ဝိဉာဉ်ချီကို မည်သို့ပင်သုံးပါစေ လှိမ့်နေပါစေ လက်မောင်းက မီးတောက်များကို မငြိမ်းသတ်နိုင်ပေ။

ဒီမီးတောက်က ကျင်းတန်တစ်ကိုယ်လုံးဆီသို့ ပျံ့နေဆဲပင်။

ဒါဘယ်သူလုပ်လိုက်တာလဲ!

လူတိုင်း ဟွမ်ချင်းကိုကြည့်လိုက်ကြ၏။

ဟွမ်ချင်း တစ်ဘက်လှည့်ကာ မည်သည့်စကားလုံးမှ မဆိုဘဲ ကြမ်းပြင်ပေါ်က လူကိုကြည့်လိုက်သည်။

သူမက လူသေတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

ကျင်းတန်မြေပေါ်လဲကျသွားသည့် အခိုက်တွင် အဖိုးအိုတစ်ယောက် သူ့ဘေးတွင် ပေါ်လာပြီး ကိုယ်ပေါိက မီးတောက်များကို ငြိမ်းရန်အတွက် ဝိဉာဉ်ချီကို သုံးချင်သော်လည်း မီးကို မငြိမ်းသတ်နိုင်သေးပေ။

အဖိုးအို၏အမူအရာက ကြည့်ရဆိုးသွားပြီး ဟွမ်ချင်းအားကြည့်လိုက်၏။

"မမလေး၊ ကျုပ်တို့က ကျင်းကလန်ပါ၊ ကျေးဇူးပြုပြီး မျက်နှာသာပေးပါဦး"

"တကယ်လို့ ကျုပ်တို့ကိုသာ အလွှတ်မပေးရင် ကျုပ်ရဲ့ရွှေသံချပ်ကာရဲ့လက်စားချေမှုကို ခုခံနိုင်မှာမဟုတ်ဘူး"

လူရိုင်းနယ်မြေတစ်ခုလုံးတွင် ဂိုဏ်းအနည်းငယ်မှလွဲ၍ မည်သည့်အင်အားစုကမှ ရွှေသံချပ်ကာ၏ လက်စားချေမှုကို မခုခံနိုင်ပါ။

တစ်နည်းအားဖြင့် စံအိမ်တော်၏ ပညာသင်ခန်းမ၊ တိမ်ပြာဓားဂိုဏ်း၊ တိမ်ဖီးနစ်အင်ပါယာတို့က လွဲ၍ဖြစ်သည်။

ထို့ကြောင့်လည်း ကျင်းတန်က အတော်လေးမောက်မာပြီး အာဏာရှင်ဆန်နေခြင်းပင်။

"လက်စားချေတာလား"

ဟွမ်ချင်း၏အမူအရာက မပြောင်းလဲဘဲ ရှိနေပြီး သူမလက်မောင်းက မလှုပ်ရှားသွားသော်လည်း လက်ချောင်းများကမူ အနည်းငယ် ကွေးသွားသည်။

ကျင်းတန်ကိုယ်က မီးတောက်များက သူ့တစ်ကိုယ်လုံးကို ချက်ချင်းဖုံးလွှမ်းသွား၏။ ဒါက တခဏမျှသာကြာပြီးနောက် ကျင်းတန်၏ ကိုယ်ခန္ဓာနှင့်ဝိဉာဉ်က နီဗာနမီးတောက်အောက်တွင် ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။

အဖိုးအိုကြက်သေသေသွားသည်။

ပတ်၀န်းကျင်ကလူများကလည်း ဆွံအနေကြ၏။

ဒီနတ်သမီးကဲ့သို့မိန်းမလှလေးက အမှန်တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

ဒါ့အပြင် သူမတွင် ယခုလိုအစွမ်းထက်ခွန်အားမျိုးရှိနေသည်။

ဈေးကြီးသည့်အ၀တ်အစားများနှင့် လူနှစ်ယောက်က ကြောက်စိတ်ဖြင့် သက်ပြင်းရှည်ကြီး ချမိကြသည်။ ကံကောင်းစွာပင် သူတို့က သူမကိုကျီစယ်ရန်အတွက် ရှေ့မတိုးခဲ့ကြပေ။

မဟုတ်ပါက သူတို့ကလည်း ကျင်းတန်၏ ကံကြမ္မာကို ပုံတူပွားပြီးသား ဖြစ်သွားပေလိမ့်မည်။

ဒီအမျိုးသမီးက အစွမ်းထက်ရင်တောင် ကျင်းမိသားစုရဲ့ လက်စားချေမှုကို ခုခံနိုင်တဲ့ အပိုအစီအစဉ်ရှိလို့လား!

အဖိုးအိုဒါကို မြင်သောအခါ သူ့အမူအရာက အတော်လေးကြည့်ရဆိုးသွားခဲ့သည်။ သူဟွမ်ချင်းအား လက်ညိုးထိုးလိုက်၏။

"ကောင်းတယ်၊ အရမ်းကောင်းတယ်"

ထို့နောက် သူအသံလွှင့်အဆောင်တစ်ခု ထုတ်ကာ ရွှေသံချပ်ကာဆီသို့ အသံပို့လိုက်သည်။

ဟွမ်ချင်းကလည်း ထွက်မသွားခဲ့ပေ။

ကျောက်တုံးလေးက သိချင်စိတ်ဖြင့်မေးသည်။

"အစ်မဟွမ်ချင်း၊ ကျွန်တော်တို့အရင်ထွက်သွားကြမလား"

ဟွမ်ချင်းမေးသည်။

"နင့်ဆရာနင့်ကို သင်ထားတာတွေကို မေ့သွားပြီလား၊ ခြိမ်းခြောက်မှုတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် ဒါကိုအရင်ရှင်းပစ်ဖို့ လိုတယ်"

ရုတ်ချည်းဆိုသလို ကျောက်တုံးလေး စိတ်ရှုပ်သွားရသည်။

'ခြိမ်းခြောက်မှုတစ်ခုခုနဲ့ ကြုံလာရတဲ့အခါကျရင် အကူအညီမဲ့တဲ့ အခြေအနေမှာမှ ဒါကိုဖယ်ရှားရန် လိုအပ်တယ်လို့ ဆရာပြောခဲ့တာမလား' ဟုသူအမှန်တကယ်ပြောချင်သည်။

သူမကဒါကိုတစ်စိတ်တစ်ပိုင်းသာ ကိုးကားထားသည်။

"ပြဿာနာမရှာတာပိုကောင်းတယ်မလား..."

"ဒါကမတူဘူး" ဟွမ်ချင်းခေါင်းခါယမ်းသည်။

"ဒုက္ခလာရှာတာက သူတို့ပဲလေ"

ကျောက်တုံးလေးဆွံအသွားရသည်။

ဒါကအဓိပ္ပာယ်ရှိပုံပဲ!

တခဏအကြာတွင် အစွမ်းထက်အော်ရာတစ်ခုက ဒီနေရာသို့ ဆင်းသက်လာသည်။

ဟွမ်ချင်းနှင့် ကျောက်တုံးလေးကလွဲ၍ ကျန်သောလူတိုင်းက ‌ဒီလိုတွေးလိုက်ကြ၏။

မျှော်စင်အမိုးက တိုက်ရိုက်ပြိုကျသွားရသည်။

ကောင်းကင်၌ လူခုနှစ်ယောက်ရှိပြီး ကြည့်ရဆိုးသည့်အမူအရာများဖြင့် အောက်သို့ ငုံ့ကြည့်နေကြ၏။

သူတို့အကြည့်က ဟွမ်ချင်းပေါ်သို့ ကျရောက်လာသောအခါ မျက်လုံးများ ကျဉ်းလိုက်မိကြသည်။

"တန်အာကို သတ်တာမင်းလား"

သို့စေကာမူ ဟွမ်ချင်းမဖြေဘဲ ယင်းအစား မေးသာမေးသည်။

"နင်တို့ကလန်က ကျွမ်းကျင်သူလို့ခေါ်တဲ့ သူတွေ အကုန်ရောက်လာကြပြီလား"

ကောင်းကင်က လူခုနှစ်ယောက်က ကြက်သေသေသွားကြ၏။

ဘာကိုဆိုလိုတာလဲ!

ဟွမ်ချင်းတည်ငြိမ်စွာပြောသည်။

"မဟုတ်ဘုးဆိုရင် နင်တို့ကို တစ်ယောက်ချင်း ရှာနေစရာမလိုရအောင် ငါနည်းနည်း ထပ်စောင့်မလို့"

တစ်ယောက်က ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။

"ဆိုလိုတာက မင်းရဲ့ခွန်အားနဲ့ ငါတို့ကို ဒီမှာသတ်ဖို့အတွက် မင်းလုံး၀ယုံကြည်မှုရှိတယ်ပေါ့"

ဟွမ်ချင်းမည်သည့်စကားမှမဆိုဘဲ လက်ညိုးထိုးလိုက်သည်။

ချက်ချင်းဆိုသလို မီးကျာပွတ်တစ်ခုက ထိုလူထံပစ်၀င်သွား၏။ ဒါကအရမ်းမြန်လွန်းသဘ်။

ထိုလူက မတုံ့ပြန်နိုင်ခင်မှာပင် အပိုင်းပိုင်းအစစဖြစ်သွားရသည်။

ထို့နောက် မီးတောက်ကမြည်ဟီးရင်း အပိုင်းအစများကို ပြာများအဖြစ် လောင်ကျွမ်းသွားစေသည်။

ကျန်သောခြောက်ယောက်၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူတို့ထဲကအနည်းငယ်က ကျင်းမိသားစု၌ ထိပ်တန်းတည်ရှိမှုများဖြစ်ပြီး ခွန်အားအရာ၌ အရမ်းကြီးခြားနားခြင်းမရှိပါ။

သို့စေကာမူ သူတို့ရှေ့က အမျိုးသမီးက တစ်ယောက်ကို သတ်ရန်အတွက် အရမ်းကြီးပင် အားမထုတ်ခဲ့ပေ။

သူမခွန်အားက သူတို့ထက်အများကြီး သာလွန်နေသည်မှာ သိသာထင်ရှားနေသည်။

"အရှင်မ...အရှင်မကဘယ်သူများလဲ"

ခေါင်းဆောင်က အထိတ်တလန့်မေးသည်။

ဟွမ်ချင်း တခဏမျှတွေးလိုက်ပြီးနောက် ပြန်ဖြေသည်။

"စံအိမ်တော်"

ထိုစကားလုံးသုံးလုံးကိုကြားသောအခါ လူတိုင်းချက်ချင်းထိတ်လန့်သွားကြသည်။

သူမတွင် ယခုလိုကြောက်မက်ဖွယ်ရာ ခွန်အားရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။

စံအိမ်တော်တွင်သာလျှင် ယခုလို မွန်းစတားများ ပေါ်လာနိုင်ပေသည်။

"ဒီတော့ စံအိမ်တော်ပေါ့၊ ကျုပ်တို့မျက်စိကန်းမိခဲ့ကြပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို လွှတ်ပေးပါ...."

သို့စေကာမူ ဟွမ်ချင်းခေါင်းခါယမ်းသည်။

"အဲဒီလူက ငါတို့ရန်ဖြစ်ခဲ့ရင် အမြန်ဆုံး ဖြေရှင်းဖို့လိုတယ်လို့ ပြောခဲ့တယ်"

ထို့နောက် နီဗာနမီးတောက်က မီးကျာပွတ်တစ်ခုအဖြစ် ပြောင်းသွားပြီး ရွှေလျှပ်စီးစွမ်းအားကို ဖုံးပစ်ကာ ကျန်ခြောက်ယောက်အား လွှဲယမ်းပစ်သည်။

သူမပါးစပ်ဖွင့်လိုက်ပြီး ပထမစကားလုံးက လည်မြို၌ပင်ရှိသေးသည်။ မီးတောက်က တိုက်ရိုက်ပင် ဝါးမြိုသွား၏။

လူတိုင်းကြက်သေသေသွားကြသည်။

မဟုတ်သေးဘူး၊ မင်းက စံအိမ်တော်က အစိတ်အပိုင်းတစ်ခုလို့ ပြောပြီးပြီလေ!

ဘယ်သူကများ မင်းကိုဆန့်ကျင်ဦးမှာလဲ!

အကယ်၍ သေခြင်းရှင်ခြင်း ရန်ငြိုးများရှိလျှင်ပင် သူတို့အံကြိတ်ကာ မြိုချပစ်မည်သာ။

ကျောက်တုံးလေး ဟွမ်ချင်းအား လက်မထောင်ပြလိုက်မိသည်။

ကြည့်ရတာ နေကျန်ရစ်ပြီး သင်ကြားခံရသင့်တာက ငါမဟုတ်ဘဲ အစ်မဟွမ်ချင်းဖြစ်ပုံရတယ်!

အပိုင်း(692) coming။

All Chapters