#ခဏလေး၊ မင်းဘာလို့တဝီဝီမြည်နေရတာလဲ#
Vol. 49 Ch. 692
စံအိမ်တော်၏နာမည်က လူရိုင်းနယ်မြေအတွင်း ထပ်မံပဲ့တင်ထပ်သွားရပြန်သည်။
မှန်ပေသည်။ ဒါကလုချန်ရှန်းမမြင်ချင်သည့် အရာပေတည်း။
ထို့နောက် ဟွမ်ချင်းနှင့် ကျောက်တုံးလေးတို့က ဆက်မနေကြတော့ပါ။
သူတို့ သခင်လေးကျင်းနှင့် ကျင်းကလန် အကြီးအကဲခုနှစ်ဦးထံမှ သိုလှောင်လက်စွပ်များကို ထုတ်ယူကြသည်။
အထဲက စိတ်ဝိဉာဉ်အမှတ်အသားများကို ဖျက်သိမ်းပြီးနောက် သူမအစေခံမလေးထံ ပစ်ပေးရင်း သဘောကျသည့် နောက်ထပ် အ၀တ်အစားအနည်းငယ်ကိုပါ ယူခဲ့သည်။
ထို့ထဲတွင် ၀တ်ရုံထောင့်၌ အစိမ်းရောင် မိုးမခကိုင်းများအား ထိုးထားသည့် အဖြူရောင်၀တ်ရုံတစ်ခုလည်း ပါ၀င်သည်။ ဟွမ်ချင်း နောက်တစ်ခါကြည့်ပြီးနောက် သိမ်းဆည်းလိုက်၏။
ထို့နောက် သူမ ကျောက်တုံးလေးနှင့်အတူ ထွက်သွားလေတော့သည်။
အစေခံမလေးက သူတို့အားမတားဘဲ ဒီမြင်ကွင်းကို မျက်ကန်းပမာ စိုက်ကြည့်နေခဲ့သည်။
ဟွမ်ချင်းက စံအိမ်တော်ကဆိုတာကို မဆိုထားနဲ့၊ သူတို့ကစံအိမ်တော်က မဟုတ်လျှင်ပင် ဒီအကြီးအကဲရှစ်ဦး၏ သိုလှောင်လက်စွပ်များက ထပ်ခိုးတစ်ခုလုံးကို ဗလာကျင်းရန်ပင် လုံလောက်နေပါပြီ။
ဒီသိုလှောင်လက်စွပ်ရှစ်ကွင်းက ကျင်းကလန်၏ကြွယ်၀မှုတစ်၀က်နှင့် ညီမျှသည်ဟုဆို၍ရသည်။
ဈေးကြီးသည့်အ၀တ်အစားများနှင့် လူနှစ်ယောက်က ဟွမ်ချင်း၏ ဂရုမစိုက်သည့် ကျောကို ကြည့်နေကြသည်။
သူတို့စိတ်လှုပ်ရှားစွာ သက်ပြင်းချမိကြသည်။
"စံအိမ်တော်က ဆိုတဲ့အတိုင်းပါပဲ၊ ဒီသိုလှောင်လက်စွပ်တွေထဲမှာ အတော်လေး တန်ဖိုးကြီးမားတဲ့ ရတနာတွေရှိရမယ်၊ တစ်ချို့တွေဆိုရင် တန်ဖိုးဖြတ်မရလောက်ဘူး"
"သေချာတယ်၊ စံအိမ်တော်ကတော့ ဒါတွေကို သေချာပေါက် ဂရုစိုက်မှာမဟုတ်ဘူး"
"မှန်တယ်"
ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်ရောက်ပြီးနောက် လုချန်ရှန်း ထိုနှစ်ယောက်ကို ထိတ်ထိတ်ပျာပျာ ကြည့်ရင်းမေးသည်။
"အားလုံးအဆင်ပြေတယ်မလား၊ မင်းတို့ ဘာရန်စတွေကိုမှ မဆွဲဆောင်ခဲ့ဘူးလို့ ငါမျှော်လင့်ပါတယ်"
သူက အ၀တ်အစားအသစ်တစ်စုံကို ၀တ်ဆင်ထားသည့် ဟွမ်ချင်းကိုပင် လျစ်လျူရှုထားသည်။
လျိုကျိယု မျက်နှာကိုဖုံးကာ သက်ပြင်းချမိသည်။
ဒီလိုအလှလေးတစ်ယောက်က ခင်ဗျားရှေ့မှာရပ်ပြီး အ၀တ်အစားအသစ်တွေကို ခင်ဗျားကို ပြနေတယ်လေ၊ ခင်ဗျားသူမကို သဘောကျတယ်၊ မိုက်တယ်လို့ပြောတာ သိသာနေတာပဲမလား!
အဆုံးသတ်မှာ ခင်ဗျားမကြည့်မိရင်တောင် ရပါသေးတယ်၊ ဘာလို့တခုခုကို ရန်စခဲ့မလားဆိုတာကို စိတ်ပူနေရသေးတာလဲ!
ကျောက်တုံးလေးက ငယ်ရွယ်သေးသော်လည်း ဒီရက်များအတွင်း အမျိုးသမီးအိပ်ခန်းမျိုးစုံ၌ ကြိုးစားလုပ်နိုင်ခဲ့သည်။
သူက အရင်လိုရိုးစင်းသည့် ကောင်လေးတစ်ယောက် မဟုတ်တော့ပါ။
သူ့ဆရာကို ဒီလိုမြင်ရသောအခါ သူ့မျက်လုံးလိမ့်ရင်း ခေါင်းလှည့်လိုက်သည်။
ဒါကိုသူမကြည့်နိုင်သလို သည်းခံနိုင်စွမ်းလည်းမရှိပေ။
လုချန်ရှန်းတခြားတစ်ခုခု ပြောလာလိမ့်မည်ဟု ဟွမ်ချင်းမမျှော်လင့်ထားခဲ့သဖြင့် အကူအညီမဲ့စွာပြုံးရင်း ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။
အဆုံးသတ်တွင် ဟွမ်ချင်းမေးသည်။
"ဒါကကိုင်တွယ်ဖို့အတွက် နည်းလမ်းမှန်လား"
နည်းလမ်း....မှန်!
လုချန်ရှန်း၏မျက်နှာက ပို၍ပို၍ပင် အစိမ်းရောင်သမ်းလာသည်။
သူမက တခြားသူများမသိမှာစိုးလို့ စံအိမ်တော်ဆိုသော နာမည်ကိုပင် ပြောခဲ့သည်။
လုချန်ရှန်း ဒေါသကြောင့် သတိမလစ်သွားစေရန်အတွက် သူ့မျက်နှာကို အမြန် ဖျစ်ညှစ်လိုက်ရသည်။
ထို့နောက် သစ်သားထိုင်ခုံ၌ သူ့ကိုယ်သူ ထောက်ကူပေးပြီး တုန်ယင်နေသည့် အသံဖြင့် ပြောသည်။
"နောက်တစ်ခါ ငါကျောက်တုံးလေးကို ဟောချတဲ့အခါကျရင် မင်းလည်းနားထောင်ရမယ်"
ထို့နောက် သူအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထာ၀ရသက်တမ်းကမ္ဘာမှ ထွက်သွားလေတော့သည်။
ဟွမ်ချင်းမေးသည်။
"ရှင့်ဘာသွားလုပ်မလို့လဲ"
"မင်းရဲ့အမှိုက်တွေကို သွားရှင်းမလိုလေ"
ထို့နောက်တစ်နာရီကုန်ဆုံးသွားသည်။
လူရိုင်းနယ်မြေတွင် ကျင်းမိသားစုဟုခေါ်သည့် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းက ဒီကမ္ဘာကြီးထဲကနေ ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။
လူများသဲလွန်စကောက်သောအခါ စံအိမ်တော်က လက်စားချေရန်အတွက် လာခဲ့သည်ဟု ထင်ကြသည်။
သို့စေကာမူ ကျင်းမိသားစုဖျက်ဆီးခံရသည့်နေရာ၌ မိစ္ဆာကျင့်ကြံသူအော်ရာဖြင့် ပြည့်နှက်နေတာကို သူတို့တွေ့ခဲ့သဖြင့် စံအိမ်တော်ကို သံသယမရှိကြတော့ပါ။
တကယ်တမ်းတွင် လုချန်ရှန်းဒါကို စံအိမ်တော်ကို ရန်စသူတိုင်းက ဖျက်ဆီးခံရမယ်ဆိုတာကို ပြသရန်အတွက် တမင်တကာ လုပ်ခဲ့ခြင်းပင်။
ဒီငတုံးများက မဟုတ်ဘူးဟုပြောလျှင်ပင် စံအိမ်တော်ကို သံသယ၀င်ကြမည်သာ။
သို့သော် သူသာ စံအိမ်တော်နှင့် မသက်ဆိုင်သည့် အော်ရာတစ်ခုကို ချန်ထားခဲ့ပါက စံအိမ်တော်ကို သံသယမ၀င်စေရန်အတွက် ဒါကိုမီးဖိုးအကာအကွယ်အဖြစ် သုံးနိုင်ပေလိမ့်မည်။
စံအိမ်တော်ကို ပြန်ရောက်ပြီးနောက် ဟွမ်ချင်း ပြင်ဆင်ထားသည့် အဖြူရောင်၀တ်ရုံကို ထုတ်ကာ လုချန်ရှန်း၏ ပင်ပန်းနေသည့် မျက်နှာလေးကို ကြည့်ရင်းပေးလိုက်သည်။
"ကျွန်မအများကြီး၀ယ်ခဲ့တော့ သူတို့အခမဲ့လက်ဆောင်တစ်ခုပေးခဲ့တယ်"
လုချန်ရှန်း အနည်းငယ်ကြက်သေသေသွားပြီးနောက် လှမ်းယူကာမေးသည်။
"ငါ့အတွက်လား"
"ဒီနေရာမှာ တခြားယောက်ျားတစ်ယောက် ရှိသေးလို့လား"
လျိုကျိယု "?????"
ငါကယောက်ျားမဟုတ်ဘူးလား!
ကျောက်တုံးလေး လျိုကျိယု၏ခြေကို ပုတ်ရင်း သကြားလုံးတုတ်ထိုးတစ်ခုကို ကိုက်ကာ ခေါင်းခါယမ်းရင်း သနားချင်စဖွယ်ပြောသည်။
"အန်ကယ်လျို၊ ခင်ဗျားက အရမ်းသနားဖို့ ကောင်းတာပဲ"
လျိုကျိယု ကျောက်တုံးလေးကို စိုက်ကြည့်သည်။
"မင်းလည်းသနားစရာပဲမလား"
ကျောက်တုံးလေးက လျိုကျိယုအား ငတုံးတစ်ယောက်ကို ကြည့်နေသည့်ပမာ ကြည့်လိုက်၏။
"ကျွန်တော်က ကလေးတစ်ယောက်ပဲ၊ ကောင်လေးတစ်ယောက်ပါ၊ ဟုတ်ပြီလား"
လျိုကျိယုဆွံအသွားရသည်။
"မဆိုးဘူး၊ ငါမင်းကို အချည်းနှီးတုန်နေအောင် ချစ်ခဲ့တာမဟုတ်ဘူးဘဲ" လုချန်ရှန်း အ၀တ်အစားများကို ၀တ်ကာ ကျေနပ်စွာကြည့်သည်။
"ဒါပေမယ့်မင်းရံ့အကြိုက်က ငါ့လောက်အောင် မကောင်းသေးဘူး"
ပထမအပိုင်းကို ကြားသောအခါ ဟွမ်ချင်းမျက်နှာ၌ အပြုံးတစ်ပွင့်ရှိနေသော်လည်း ဒုတိယပိုင်းကို ကြားသောအခါ သူမ၏ အမူအရာက ချက်ချင်းမည်းမှောင်သွားသည်။
"ဟွန့်၊ အစကတည်းက ကျွန်မဒါကို မရွေးခဲ့ဘူး၊ ဒါကမကောင်းဘူးလို့ ခံစားရရင် မီးရှို့ပစ်လိုက်မယ်"
ဟမ်!
ဒီမာနက ဘယ်ကနေရောက်လာတာလဲ!
အသွင်ပြောင်းမှုနဲ့အတူ သူ့ရဲ့စရိုက်ကလည်း ပြောင်းသွားတာလား!
ဒါမှမဟုတ် အမြဲတမ်းဒီလိုပဲဖြစ်ပြီး ပုံစံမှန်ကို ဖုံးကွယ်ထားခဲ့တာလား!
လုချန်ရှန်း အ၀တ်အစားများကို ဖုံးထားလိုက်သည်။
"ဒီလိုဆိုရင်တော့ စိတ်မကောင်းပါဘူး၊ ငါ၀တ်လို့တော့ ရပါသေးတယ်လေ"
ထို့နောက် သူကျောက်တုံးလေးကို ကြည့်လိုက်၏။
"ကောင်းပြီ၊ ကျင့်ကြံခြင်းအစီအစဉ်ကို စီစဉ်ပြီးပြီ၊ ဒါကိုအပြီးမလုပ်ရင် နေ့စဉ်နေ့တိုင်း သကြားလုံးတုတ်ထိုးတစ်ချောင်းစီ ဖယ်ရှားခံရမယ်"
လျိုကျိယုကို စနောက်နေသည့် ကျောက်တုံးလေးခမျာ ဒါကိုကြားသောအခါ မျက်နှာလေးက ချက်ချင်းပင် မှေးမှိန်သွား၏။
အာ၊ မဟုတ်ဘူးးးးး!
နေ့ကောင်းလေးတွေကတော့ သွားပါပြီ!
လွန်ခဲ့သည့်ရက်အနည်းငယ်က သေမင်းဝိဉာဉ်မြို့ကလည်း ကြီးမားသည့် အပြောင်းအလဲတစ်ခုကို တွေ့ကြုံခဲ့ရသည်။
အမွေဆက်ခံသည့် လုပ်ငန်းစဉ်အတွင်း မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ဝိဉာဉ်များထုတ်ယူခံရသည်။
ဒါသာမက ဂိုဏ်းတစ်ဂိုဏ်းတည်းက လူများကလည်း အချင်းချင်းသတ်နေကြသည်ဆိုသော သတင်းများပင် ထွက်လာခဲ့သည်။
တစ်ချို့လူများကမူ ထိုသူတို့က အမွေအနှစ်အတွက် ဘာမဆိုလုပ်ကြမည်ဟုပင် တွေးထင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ဒါကပုံမှန်သာ။
သေမင်းဝိဉာဉ်မြို့က မည်သည့်အမွေအနှစ်မှ မရိုးရှင်းပါ။
ဒါက သေမင်းဝိဉာဉ်မြို့၏ အလယ်ဗဟိုမြို့ကို ရောက်လာပြီးနောက် ယဲ့ချိုးပိုင်ရရှိခဲ့သည့် သတင်းလည်းဖြစ်သည်။
ယဲ့ချိုးပိုင် ရောက်လာသောအခါ ဒါဇင်နှင့်ချီသောလူများကလည်း ရှိနေကြသည်။
ထို့ထဲတွင် ရှောင်ဟိုင်နှင့်မုဖူရှန်း၊ စုမိသားစုမှ စုမုယောင်၊ ဝိဉာဉ်အင်မော်တယ်နန်းတော်က လင်းကျိနန်နှင့် ကုရှီတို့ဖြစ်သည်။
(အရင်အပိုင်းမှာ လင်းကျိနန်သေသွားခဲ့တယ်လို့ ရေးခဲ့ပြီး အခုဒီနေရာမှာ ပြန်ပါလာပါတယ်၊ ညီမလည်းသေချာမသိပေမယ့် အရင်တခါက တခြားတပည့်တစ်ယောက် သေခဲ့တာဖြစ်မှာပါ)
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ချီပင်းတစ်ယောက်တည်းသာရှိသည်။
အင်မော်တယ်မျောက်ဝံကျေးရွာက လူလေးယောက်လည်း ရောက်လာကြသည်။
ကောင်းကင်ပြာမြစ်ဝါနန်းတော်နှင့် ငရဲဂိုဏ်းအပြင် ကျန်သောသူများက တကိုယ်တော်ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများဖြစ်ကြသည်။
ယဲ့ချိုးပိုင် သူတို့ကိုမသိပါ။
တခဏအကြာတွင် မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ ရှေ့သို့ လျှောက်လာခဲ့ကြ၏။
"အစ်ကိုကြီး၊ အစ်ကိုကြီးဒီလောက်ထိ နှေးမယ်လို့ မထင်ထားခဲ့ဘူး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါလမ်းမှာ နည်းနည်းကြာသွားခဲ့တာ"
လမ်းတစ်လျှောက်တွင် ယဲ့ချိုးပိုင် အလောင်းများကို မြင်ခဲ့သဖြင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ ကျန်သောသူများကို ရှာရန် အချိန်အနည်းငယ် အသုံးပြုခဲ့သည်။
ဒါက ခရီးစဉ်၌ အနည်းငယ်နှောင့်နှေးသွားစေခဲ့သည်။
"ဒါပေမယ့် ဘာလို့သူတို့အားလုံး ဒီမှာ မလှုပ်မရှားဘဲ ရှိနေရတာလဲ"
မုဖူရှန်းခေါင်းခါယမ်းသည်။
"ကျွန်တော်လည်းမသေချာဘူး" ထို့နောက် မမြင်ရသည့်အလင်းဖန်သားပြင်တစ်ခု ရှိသည့် ရှေ့ကိုညွှန်ပြသည်။
"ကျွန်တော်တို့ ဘယ်လိုပဲတိုက်ခိုက်ပါစေ၊ အဲဒီအလင်းဖန်သားပြင်ကို မချိုးဖျက်နိုင်ဘူး၊ ဒါကအရင်ကစည်းမျဉ်းအတိုင်းပဲလို့ ကျွန်တော်ယုံတယ်၊ လူတိုင်းဒီမှာ မရှိဘူးဆိုရင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး"
ရှောင်ဟိုင်ခေါင်းကုတ်လိုက်သည်။
"ဒါပေမယ့် လူအများကြီးကျန်တော့မယ် မထင်ဘူး၊ အရမ်းကြာနေပြီလေ"
သူတို့ခေါင်းညိတ်ကြသည်။
ယဲ့ချိုးပိုင်လှည့်ကြည့်လိုက်သည်။
ထောင်ချီသောကျင့်ကြံသူများက သေမင်းဝိဉာဉ်မြို့ထဲသို့ ၀င်ခဲ့ကြသော်လည်း ယခုတွင်မူ တစ်ရာကျော်သာ ကျန်ခဲ့သည်။
ဒါကနေ ဒီနေရာက ဘယ်လောက်ထိ ရက်စက်သလဲဆိုတာကို မြင်နိုင်ပါသည်။
ထိုအချိန်တွင် ပန်ရှီက ငရဲဂိုဏ်းမှ ကျန်သုံးယောက်ကို ဦးဆောင်ခေါ်လာခဲ့သည်။
အပိုင်း(693) coming။