← Chapters

#မဟာမိတ်!

Vol. 49 Ch. 693

#မဟာမိတ်!

Vol. 49 Ch. 693

"ဒီအဆင့်အထိ ရောက်လာခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"

ပန်ရှီ မိစ္ဆာဆန်စွာပြုံးရင်း ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်အနားသို့ ချဉ်းကပ်လာသည်။

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က ပန်ရှီကို တစ်ပြိုက်တည်းကြည့်လိုက်ကြသည်။

သူတို့တွင် ငရဲဂိုဏ်းအပေါ် အမြင်ကောင်းမရှိပါ။

ပထမအချက်က သူတို့နည်းလမ်းများက ရက်စက်လွန်းပြီး သူတို့နှလုံးသားများကလည်း အညှာတာကင်းမဲ့သောကြောင့်ပင်။ သူတို့ကလုံး၀ မိစ္ဆာကျင့်ကြံသူများဖြစ်ကြသည်။

ဒုတိယအချက်က သူတို့က ရန်သူဖြစ်နေသည့်အတွက် ငရဲဂိုဏ်းက တစ်ခါက သတ်ရန်ပင် ကြိုးစားခဲ့‌သောကြောင့်ပင်။

"ဘာလို့လဲ၊ ဒီနေရာမှာ မင်းရဲ့အစွယ်တွေကို ပြဖို့အတွက် မစောင့်နိုင်လောက်တော့တဲ့အထိ စိတ်မရှည်ဖြစ်နေပြီလား"

ပန်ရှီလက်ဝှေ့ယမ်းသည်။

"နားလည်မှုမလွဲနဲ့၊ ငါဒီနေရာမှာ တိုက်ခိုက်ဖို့အတွင် လာတာမဟုတ်ဘူး"

တိုက်ဖို့အတွက် လာတာမဟုတ်ဘူးလား!

မုဖူရှန်းနောက်တစ်လှမ်းဆုပ်ရင်း လက်တစ်ဖက်ကို ကျောတွင်ထားလိုက်၏။ သူ့လက်ချောင်းများကြား၌ သတ်ဖြတ်ခြင်းအဆောင်တစ်ခုရှိသည်။

ဒီပုံစံက သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရုံတင်က တဘက်လူက ဒီအဆောင်၏ တိုက်ခိုက်မှုအကွာအဝေးအတွင်း ရှိနေစေရန်အတွက် သေချာစေရန်လည်းဖြစ်သည်။

ဒါကိုမြင်သောအခါ မုဖူရှန်းလက်ထဲတွင် ထိခိုက်ခဲ့ဖူးသည့် ပန်ရှီ မျက်မှောင်ကြုတ်သည်။

"မုဖူရှန်း၊ ငါမင်းနဲ့တိုက်ခိုက်ဖို့ ဒီမှာရှိနေတာမဟုတ်ဘူး၊ မင်းနောက်ကျောက အဆောင်ကို သိမ်းထားလိုက်ပါ"

အမှန်ပြောရပါက မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့အနက် အင်မော်တယ်ဓားဆန္ဒကို ထုတ်လွှတ်နိုင်သည့် ယဲ့ချိုးပိုင် သို့မဟုတ် အစွမ်းထက်သွေးကြောတစ်ခုရှိသည့် ရှောင်ဟိုင်ကို ပန်ရှီအရမ်းကြီးမကြောက်ပါ။

သူအကြောက်ဆုံးက မရေမတွက်နိုင်လောက်သည့် အရံအစီအစဉ်များစွာရှိပုံရသော ဒီမုဖူရှန်းဖြစ်သည်။

မုဖူရှန်းပြုံးရင်း ကျောကလက်ကို သူ့ရှေ့တွင် ပြန်ထားပြီး အဆောင်ကို ပန်ရှီရှေ့တွင် ထားထားသည်။

သို့စေကာမူ ကျန်သောအဆောင်တစ်ခုက မုဖူရှန်းနောက်တွင် မျောလွင့်နေပြီဖြစ်ကာ ရှာဖွေရခက်သည့် နတ်ဝိဉာဉ်အမျှင်တန်းတစ်ခုက အဆောင်နှင့် ဆက်စပ်နေသည်။ အတွေးတစ်ချက်နှင့် ဒါက အချိန်မရွေး ပေါက်ကွဲနိုင်သည်။

ပန်ရှီပြုံးလိုက်သည်။

"ဒီလိုဖြစ်နေရမှာ၊ အခုအချိန်က ငါ့တို့အတွက် အရှုပ်တော်ပုံကြီးတစ်ခုလုပ်ရမယ့် အချိန်မဟုတ်ဘူးလေ၊ အနာဂတ်အန္တရာယ်တွေကို ကိုင်တွယ်ဖို့အတွက် ငါတို့စွမ်းအင်ချွေတာထားသင့်တယ်"

မုဖူရှန်း ယဉ်ကျေးရည်မွန်သည့်အသွင် ဟန်ဆောင်သည်။

"မှန်တာပေါ့၊ မှန်တာပေါ့၊ မင်းပြောတာ မှန်ပါတယ်"

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့က ဆွံအနေကြ၏။

အနာဂတ်မှာ ငါတို့မုဖူရှန်းရဲ့ ပေါက်ကရစကားတွေကို တခွန်းမှ ယုံလို့နရဘူး!

"ဒါကြောင့် ငါမင်းတို့နဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်"

"ဘာများလဲ" ယဲ့ချိုးပိုင်မေးသည်။

"မဟာမိတ်ဖွဲ့ကြရအောင်"

မဟာမိတ်ဖွဲ့မယ်!

အမှန်ပြောရပါက ယဲ့ချိုးပိုင်တို့သုံးယောက် ဒီရလဒ်ကို မျှော်လင့်မထားခဲ့ကြပေ။

ဒါကလုံး၀ကို စိတ်ကူးယဉ် ပုံဖော်ကြည့်၍ပင် မရနိုင်သည့် လမ်းကြောင်းတစ်ခုပေတည်း။

ပန်ရှီ လက်အစုံကိုဖြန့်ကြက်ရင်း ဆိုးယုတ်စွာပြုံးသည်။

"တိုက်ပွဲများစွာအပြီးမှာ မင်းတို့ခွန်အားကို သာမန်အသိနဲ့ ကြည့်လို့မရဘူး၊ ဒါကြောင့် ငါတို့ပူပေါင်းနေသရွေ့ သေမင်းဝိဉာဉ်မြို့က ဘယ်အင်အားစုမှ ငါတို့ပြိုင်ဘက်ဖြစ်လာမှာမဟုတ်ဘူး"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ခပ်ရေးရေးပြုံးရင်းမေးသည်။

"အိုး၊ မင်းနဲ့မဟာမိတ်ဖွဲ့တာက ငါတို့အတွက် ဘာအကျိုးကျေးဇူးတွေရှိလဲ"

"သေချာပေါက် အကျိုးကျေးဇူးတွေ အများကြီးရှိတာပေါ့" ပန်ရှီပြုံးသည်။

"ငါတို့ပန်းတိုင်က တစ်ခုတည်းပဲ၊ ငါတို့လိုချင်တဲ့ အရာတစ်ခုကို ရနေသရွေ့ ကျန်တဲ့ အမွေအနှစ်တွေ၊ ဒါမှမဟုတ် ရတနာတွေအားလုံးက မင်းတို့ဟာတွေပဲ"

"ငါတို့ငရဲဂိုဏ်းက သေချာပေါက် အဲဒါတွေအတွက် တိုက်ခိုက်မှာမဟုတ်ဘူး"

"ငါတို့ငရဲဂိုဏ်းကို သံသယမဖြစ်ပါနဲ့၊ ငါတို့က မိစ္ဆာကျင့်ကြံသူတွေ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် ငါတို့က မိစ္ဆာကျင့်ကြံသူတွေ ဖြစ်တာမို့ စစ်အကျိုးအမြတ်တွေကို ဖြန့်ဝေမှုက ရိုးရှင်းပြီးမျှတတယ်၊ အရာအားလုံးကို ခွန်အားအရ ဖြန့်ဝေပေးတယ်" ထိုနေရာတွင် ပန်ရှီနှာခေါင်းရှုံ့ရင်း သူ့နောက်က အဓိကဂိုဏ်းများမှ ကျင့်ကြံသူများကို ကြည့်လိုက်၏။

"ငါတို့က အတော်လေးဂုဏ်သိက္ခာရှိပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပုံ ပေါ်ပေမယ့် အလုပ်တွေလုပ်တဲ့အခါ အရမ်းကြည့်ရဆိုးစွာ လုပ်တတ်တဲ့ အဲဒီကိုယ့်ကိုကိုယ် ဖြောင့်မတ်မှန်ကန်တယ်လို့ ကြေညာထားတဲ့ ဂိုဏ်းတွေလိုမဟုတ်ဘူး"

သူပြောတာကမှန်ပါသည်။

ကျော်ကြားသည့် ရှေးရိုးစွဲဂိုဏ်းအသီးသီးမှ တစ်ချို့ကျင့်ကြံသူများက ဒီလိုဖြစ်သည်။

မုဖူရှန်းပြုံးသည်။

"ကြည့်ရတာ ဒါကအရမ်းဆွဲဆောင်မှုရှိပုံပဲ"

"အစ်ကိုကြီးရဲ့ရွေးချယ်မှုကဘာလဲ"

မုဖူရှန်းနှင့်ရှောင်ဟိုင်တို့က ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က သူတို့၏ အစ်ကိုကြီးဖြစ်သည်။

သူတို့အပြင်တွင်ရှိနေစဉ် သူ့ဆရာမရှိပါက အရေးကြီးကိစ္စတစ်ချို့နှင့်ပတ်သက်၍ အစ်ကိုကြီးယဲ့ချိုးပိုင်ကိုသာ မေးမြန်းရပေမည်။

ယဲ့ချိုးပိုင်ပြုံးကာ တုံ့ဆိုင်းမနေဘဲ ခိုင်မာစွာပြောသည်။

"မင်းတို့က အရမ်းရုပ်ဆိုးတယ်လို့ ငါထင်တယ်"

ပန်ရှီ၏ကတိက ဆွဲဆောင်အားကောင်းသည်။

သို့စေကာမူ တဘက်လူ၏ဟန်ပန်အမူအရာနှင့် လုပ်ရပ်များက သူတို့က ယုံကြည်ရသည့် အဖော်မဟုတ်တာကို သက်သေပြနေပြီးသားပင်။

"မင်းသေချာလား၊" ပန်ရှီ၏မျက်နှာပေါ်က ဆိုးယုတ်သည့်အပြုံးက ဖြည်းဖြည်းချင်း မှိန်သွားသည်။

"မင်းတို့မဟာမိတ်ဖွဲ့ဖို့ သဘောမတူဘူးဆိုရင် သေမင်းဝိဉာဉ်မြို့ကနေ အသက်ရှင်လျက် ထွက်နိုင်မှာမဟုတ်ဘူး...."

ယဲ့ချိုးပိုင်မျက်နှာပေါ်က အပြုံးက ပို၍ပင် နက်ရှိုင်းလာသည်။

"ဒါကိုကြားရတော့ ငါစိတ်သက်သာရာ ရသွားပါပြီ"

"ဘာက်ုဆိုလိုတာလဲ"

ယဲ့ချိုးပိုင်ခါးက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို ထိရင်း မျက်လုံးကျဉ်းလိုက်မိသည်။

"ဒီလိုဆိုရင် ငါမင်းတို့ကိုသတ်တဲ့အခါ ၀န်ထုပ်၀န်ပိုးဖြစ်မနေရတော့ဘူးလေ"

"မင်းက ကြီးကြီးကျယ်ကျယ် အရမ်းပြောတာပဲ"

"မင်းတို့မဟာပြိုင်ပွဲမှာ နိုင်ခဲ့တော့ရော ဘာအရေးလဲ"

"အတိတ်ကိုပြောနေစရာမလိုဘူး၊ သေမင်းဝိဉာဉ်မြို့က အရင်ကနဲ့မတူပါဘူး" ရှောင်ဟိုင် ရှေ့တစ်လှမ်းတိုးပြီး ထူးမခြားနားစွာပြောသည်။

"မင်းငါ့ကို သေမင်းဝိဉာဉ်မြို့မှာ မနိုင်နိုင်ပါဘူး"

ပန်ရှီ၏မျက်နှာက ကြည့်ရဆိုးသွားသည်။

သူယဲ့ချိုးပိုင်တို့သုံးယောက်ကို လက်ညိုးထိုးလိုက်၏။

"ငရဲဂိုဏ်းရဲ့အခြေခံအုတ်မြစ်နဲ့နည်းလမ်းတွေက မင်းတို့စိတ်ကူးယဉ်နိုင်တဲ့ အရာတစ်ခုမဟုတ်ပါဘူး၊ အချိန်ကျလာတဲ့အခါကျရင် ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့"

"မင်းတို့ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရဖို့ ငါမျှော်လင့်ပါတယ်"

ထို့နောက် သူကျန်းချန်နှင့်ကျန်နှစ်ယောက်ကို ဦးဆောင်ကာထွက်သွားသည်။

လမ်းတွင် ကျန်းချန်မေးသည်။

"စီနီယာအစ်ကိုပန်၊ ဘာလို့သူတို့နဲ့ မဟာမိတ်ဖွဲ့ချင်ရတာလဲ၊ ကျွန်တော်တို့ သေမင်းဝိဉာဉ်မြို့ အလယ်ဗဟိုကို ရောက်တဲ့အခါ ကောင်းကင်ပြာမြစ်ဝါနန်းတော်နဲ့ အတူဆိုရင် သူတို့ကဘယ်လိုလုပ် ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာပဲ၊ ဒါ့အပြင် သူတို့ကိုသတ်ပြီး သူတို့ဝိဉာဉ်တွေကို နှုတ်ယူလိုက်ရုံပဲမလား"

ပန်ရှီ၏အမူအရာက မည်းမှောင်နေပြီး ပြုံးလိုက်သည်။

"သူတို့ခွန်အားက ပုံသေမဟုတ်ဘူးဆိုတု မှန်တယ်၊ ဒါကြောင့်သူတို့ကို မကိုင်တွယ်ခင် သူတို့နဲ့အရင် ပူးပေါင်းဖို့ ငါစဉ်းစားနေတာပဲ"

"ဒါပေမယ့် အခုတော့ ဒီလူသုံးယောက်က သူတို့အတွက် ဘာကပိုကောင်းသလဲဆိုတာကို မသိကြဘူး၊ သူတို့ကိုအတူတကွ ကိုင်တွယ်ကြတာပေါ့"

ထို့နောက် ငရဲဂိုဏ်းက လူလေးယောက်က ထွက်သွားကြလေတော့သည်။

ဝိဉာဉ်အင်မော်တယ်နန်းတော်က ကုရှီ၊ လင်းကျိနန်နှင့် စုမုယောင်တို့ ဖြတ်လျှောကိလာသည်။

ချီပင်းနှင့် အင်မော်တယ်မျောက်ဝံကျေးရွာက ယွမ်ဟန်လည်း ရောက်လာသည်။

လင်းကျိနန်မေးသည်။

"ဘာလို့လဲ၊ ငရဲဂိုဏ်းက အဲကောင်တွေက မင်းတို့ကို ပြဿာနာလာရှာတာလား"

ယဲ့ချိုးပိုင် ခေါင်းညိတ်ရင်းပြုံးသည်။

"သူငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တယ်လို့ ပြောခဲ့တာ၊ ဒါပေမယ့် ငါငြင်းလိုက်တယ်"

မဟာမိတ်ဖွဲ့ချင်တာလား!

သူတို့အနည်းငယ်ကြက်သေသေသွားကြ၏။

စုမုယောင် အေးစက်သည့်အမူအရာဖြင့် ခေါင်းညိတ်သည်။

"ငြင်းလိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ၊ အခု ငါတို့က တိတ်တဆိတ် မဟာမိတ်တစ်ခုကိုစတင်ဖွဲ့စည်းပြီး လူတွေစုစည်းနေကြပြီ၊ ငါတို့ငရဲဂိုဏ်းရဲ့ အတွင်းပိုင်းကို ရှာတွေ့သရွေ့ သေမင်းဝိဉာဉ်မြို့ အဆုံးသတ်သွားတဲ့အခါကျရင် အရေးယူကိုင်တွယ်လို့ရတယ်"

မဟာပြိုင်ပွဲအပြီးတွင် အဓိကဂိုဏ်းများနှင့် လျှို့ဝှက်ဂိုဏ်းများက အချင်းချင်းစတင် တိတ်တဆိတ် ဆက်သွယ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ငရဲဂိုဏ်းက ထပ်မံကြီးထွားလာသည် မဟုတ်ပေလော။

ဒါပေါက်ကွဲသွားတာနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

အပြည့်အ၀မရင့်ကျက်လာသေးခင် သူတို့ဒါကို အဖူးကနေ အညွှန့်ချိုးပစ်ရမည်။

ယဲ့ချိုးပိုင် ချီပင်းကိုကြည့်ပြီးမေးသည်။

"ချူလန် မင်းနဲ့အတူရှိနေတာမလား"

ချီပင်းခေါင်းခါယမ်းရင်း ပြန်မေးသည်။

"စီနီယာအစ်ကိုကျွင်းရော"

ယဲ့ချိုးပိုင်အခြေအ‌နေကိုရှင်းပြသည်။

ချီပင်း တိတ်ဆိတ်စွာခေါင်းညိတ်ရင်း သူ့အမူအရာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။

ယဲ့ချိုးပိုင်ကလည်း နူးညံ့စွာသက်ပြင်းချသည်။ ချူလန်ကလည်း သေချာပေါက် ကျရှုံးခဲ့လောက်ပေသည်။

"ဒါပေမယ့် လူတွေအားလုံး မကြာခင် ရောက်လာတော့မှာမလား"

နောက်ထပ်ရက်တစ်၀က်ခန့် ကုန်သွားပြီးနောက် အဝေးကနေ လူသုံးယောက် လျှောက်လာသည်။ သူတို့သုံးယောက် လျှောက်လာစဉ် အတားအဆီးက စတင် တုန်ခါလာသည်။ သူတို့ထဲက တစ်ယောက်က လဲ့ကျန်းချီဖြစ်ပြီး ကျန်နှစ်ယောက်ကြားတွင်လည်း ချူလန်၏ လက္ခဏာမရှိပါ။

အပိုင်း(694) coming။

All Chapters