#ငရဲတံခါးနောက်ကွယ်က မြို့သုံးမြို့#
Vol. 49 Ch. 694
လူတိုင်းရှေ့က အတားအဆီးက စတင်တုန်ခါလာပြီး ဝေဝါးလာသောအခါ ဒါက သေမင်းဝိဉာဉ်မြို့ အလယ်ဗဟိုကို ၀င်ရန်အတွက် အရည်အချင်းပြည့်မီသည့် ကျင့်ကြံသူအားလုံးက ရောက်လာပြီဟု ဆိုလိုနေခြင်းပင်။
မလာခဲ့သည့်တစ်ခြားသူများကမူ သူတို့လာလမ်းအတိုင်းပြန်သွားတာ သို့မဟုတ် လမ်း၌ သေသွားခြင်းဖြစ်ရပေမည်။
သူတို့ထဲက အများစုက ဒီနေရာတွင် မရှိပါက ဒီဖြစ်စဉ်၌ သေသွားပေလိမ့်မည်သာ။
သေမင်းဝိဉာဉ်မြို့အလယ်ဗဟို၌ ဘာတွေကို ဖုံးကွယ်ထားသလဲဆိုတာ ဘယ်သူမှ မသိကြပါ။
သို့စေကာမူ အလယ်ပိုင်းဒေသတွင် ယခုလို အစွမ်းထက်အမွေအနှစ်တစ်ခုရှိသည်။
ထို့ကြောင့် သေမင်းဝိဉာဉ်မြို့၏ ဗဟိုတွင်ရှိသည့် အရာများက ဘယ်လိုလုပ် ဆိုးရွားနိုင်မည်နည်း။
ကျင့်ကြံသူအများစုက ဒီဖျားယောင်မှုကို ခုခံနိုင်စွမ်းမရှိကြပေ။
ချုလန်၏စရိုက်အရ သူကလည်း ထိုထဲက တစ်ယောက်ဖြစ်ရပေမည်။
သို့သော် သူလူအုပ်ထဲတွင် မရှိလေရာ ဒါက သူသေခြင်းတရားကို ကြုံခဲ့ရသည်ဟု ဆိုလိုနေခြင်းပင်။
ယခုခု ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှ ကျွင်းကျိတုံနှင့်ချူလန်တို့က အသတ်ခံခဲ့ရသည်။
ချီပင်း လေးလံသည့်အမူအရာဖြင့် တိတ်ဆိတ်နေသည်။
ယဲ့ချိုးပိုင် ချီပင်း၏ပခုံးကိုပြတ်ကာ သူ့အားနှစ်သိမ့်ပေးသည်။
"အခုဒါကိုတွေးနေရမယ့် အချိန်မဟုတ်ဘူး၊ သေမင်းဝိဉာဉ်မြို့ရဲ့ ကျန်ရှိနေတဲ့ လမ်းကြောင်းအတိုင်း သွားပြီး မင်းခွန်အားကို မြှင့်တင်ဖို့အတွက် အမွေအနှစ်ကို ရယူကြရအောင်၊ ဒီလိုဆိုမှ ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့ လူငယ်မျိုးဆက်တွေက အားနည်းနေမှာ မဟုတ်တော့ဘူး"
"အချိန်ကျလာတဲ့အခါကျရင် ငါမင်းကို ဂိုဏ်းကို ကူညီထောက်ပံ့ပေးဖို့အတွက် ထားခဲ့ရမှာ"
ချီပင်း ယဲ့ချိုးပိုင်ကိုကြည့်ပြီးမေးသည်။
"ဂိုဏ်းချုပ်က ဂိုဏ်းကို မင်းကို အပ်ခဲ့တာမဟုတ်ဘူးလား"
ယဲ့ချိုးပိုင်က ဂိုဏ်းချုပ်ဟောင်ကျန်းဟန်ခန့်အပ်ထားသည့် ဓားသားတော်ပင်။
ဟောင်ကျန်းဟန်နှုတ်ထွက်ပြီးနောက်တွင် ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အငြင်းပွားဖွယ်ရာမရှိသည့် ဂိုဏ်းချုပ်အသစ်ဖြစ်လာပေလိမ့်မည်။
ယဲ့ချိုးပိုင်ပြုံးသည်။
"စီနီယာဟောင်နဲ့ ငါက အရင်ကတည်းက ဂိုဏ်းကို လက်လွှဲမယူဖို့ သဘောတူပြီးပါပြီ"
ချီပင်းခေါင်းညိတ်သည်။
"အစ်ကိုကြီး၊ စကားမပြောနဲ့ဦး"
မုဖူရှန်း ရုတ်တရက်ရှေ့ကို လက်ညိုးထိုးပြီး လေးနက်စွာပြောသည်။
"ဟိုမှာကြည့်ပါဦး"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် မုဖူရှန်းညွှန်ပြနေသည့် နေရာဘက်သို့ ကြည့်လိုက်၏။
ရုတ်ချည်းဆိုသလို သူ့မျက်လုံးများက ဖြည်းဖြည်းချင်းကျယ်လာပြီး အံ့ဩသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယဲ့ချိုးပိုင်တို့တင်မကဘဲ လင်းကျိနန်၊ စုမုယောင်၊ ကုရှီ၊ လဲ့ကျန်းချီနှင့် ကျန်သောသူများတွင်လည်း လေးနက်သော အမူအရာများ ကိုယ်စီရှိနေကြသည်။
ငရဲဂိုဏ်း၏ပန်ရှီနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်မှ ကွေ့ကောရင်တို့သာလျှင် ဒီအခြေအနေကို သိထားသည်မှာ ကြာနေပြီဖြစ်သည့်အလား တည်ငြိမ်နေလေသည်။
အတားအဆီးပျောက်ကွယ်သွားပြီးနောက် သူတို့မြင်လိုက်ရတာက ဧရာမတံခါးကြီးတစ်ချပ်ပင်။
တံခါးကကျယ်ပြောစွာ ပွင့်နေပြီး တံခါးအထက်တွင် မိစ္ဆာဝိဉာဉ်ရုပ်တုတခုရှိသည်။
အနီးကပ်ကြည့်မည်ဆိုပါက ဒီမိစ္ဆာဝိဉာဉ်က ပါးစပ်ကိုဖွင့်လျက် သူတို့ထံဟိန်းကာ သူတို့ အသက်အရင်းအမြစ်များကို စုပ်ယူနေသည့်အလား။
ခရက်ခ်......ခရက်ခ်.....!
ရုတ်တရက် မိစ္ဆာရုပ်တု၏ပါးစပ်က ဖြည်းဖြည်းချင်းပွင့်လာသည်။
၎င်းက အချိန်အကြာကြီးမရွေ့ဘဲ နေခဲ့သဖြင့် သံချေးတက်နေစဉ် အားသုံးဖွင့်ခံလိုက်ရသည့်အလား နားကွဲနီးပါးအသံတစ်ခုကို ထုတ်လွှတ်သည်။
ငရဲ၏အနက်ရှိုင်းဆုံးနေရာက ထွက်လာပုံရသည့်အသံက လူတိုင်း၏နားထဲတွင် ဝိဉာဉ်များကို ဆင့်ခေါ်နေသည့် မိစ္ဆာဝိဉာဉ်တစ်ထုအခား ပဲ့တင်ထပ်မြည်ဟီးနေသည်။
"ငရဲတံခါး၊ ဆယ်ယောက်၀င်နိုင်တယ်၊ ဒါပေမယ့် တစ်ယောက်ပဲ ပြန်နိုင်မယ်"
"ငရဲတံခါးကို ၀င်ပြီးရင် ခြေလှမ်းတိုင်းက သေခြင်းရဲ့အဆုံးသတ်ပဲ၊ အခုနောက်ဆုတ်မယ်ဆိုရငိ အသက်ရှင်ကျန်နိုင်သေးတယ်"
"မင်းတို့ သေမင်းဝိဉာဉ်မြို့ရဲ့ တကယ့်ဗဟိုချက်ကို ၀င်ချင်ရင် ဒီတံခါးကို ကျော်ဖြတ်ဖို့လိုတယ်...."
ဒီကြောက်မက်ဖွယ်ရာအသံကို ကြားရသောအခါ လူတိုင်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
သို့စေကာမူ မည်သူမှမထွက်သွားချင်ကြပါ။
ဒီနေရာကို ရောက်လာနိုင်သောသူများက ဂိုဏ်းနှင့်အင်အားစုအသီးသီးမှ ပါရမီရှင်များဖြစ်ကြသည်။
သူတို့က ကျင့်ကြံသူများအကြား ထိပ်တန်းအဆင့်ပုံရိပ်များဖြစ်လေရာ သူတို့ထဲက ဘယ်သူက ဂုဏ်မယူ၊ မမောက်မာဘဲ နေသနည်း။
ဒါ့အပြင်သူတို့က ဒီခြေလှမ်းအထိ ရောက်လာပြီဖြစ်ကာ အဆုံးသတ်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။ စကားတစ်ခွန်းလေးနှင့် မိစ္ဆာဝိဉာဉ်ရုပ်တုက သူတို့ကို ဘယ်လိုလုပ် ကြောက်လန့်စေမည်နည်း။
ပထမဆုံးလှုပ်ရှားသူက ပန်ရှီဦးဆောင်သည့် ငရဲဂိုဏ်းဖြစ်သည်။
သူတို့လေးယောက်မ၀င်ခင် ယဲ့ချိုးပိုင်တို့သုံးယောက်ကို သတ်ဖြတ်ခြင်းဆန္ဒဖြင့် စိုက်ကြည့်လိုက်ကြ၏။
ဒါက သူတို့အရင်ဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မည်ဟု ပြောနေသည့်အလား။
ယဲ့ချိုးပိုင်တို့သုံးယောက်က ဒါကို လျစ်လျူရှုထားကြသည်။
သူတို့ဒီလိုအကြည့်မျိုးကို အရင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း တစ်ကြိမ်တစ်ခါမှ နောင်တရမရခဲ့ဟု ဆို၍ရသည်။
ထို့နောက် ကောင်းကင်ပြာမြစ်ဝါနန်းတော်က ချက်ချင်း၀င်သွားသည်။
အင်အားစုနှစ်ခု၀င်ပြီးနောက် ကျန်သောသူများကလည်းစတင်၀င်လာကြသည်။
ထို့ထဲတွင် လဲ့ကျန်းချီနှင့် ကျန်သော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများလည်း ပါ၀င်သည်။
လင်းကျိနန်ပြုံးသည်။
"အစ်ကိုယဲ့၊ စုမုယောင်၊ ကျန်ခရီးအတွက် ငါတို့မဟာမိတ်ဖွဲ့ကြမယ်ဆိုရင်ရော"
စုမုယောင်ညင်သာစွာခေါင်းညိတ်သည်။
ငရဲတံခါးနောက်တွင် ဘယ်လိုအန္တရာယ်မျိုးတွေရှိသလဲဆိုတာ ဘယ်သူမှမသိကြသဖြင့် မဟာမိတ်ဖွဲ့ခြင်းက ကောင်းသောရွေးချယ်မှုတစ်ခုပင်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကလည်း စိတ်ထဲမထားဘဲ သဘောတူလိုက်ကြ၏။
အုပ်စုသုံးစုက အသီးသီးဂိုဏ်းများကို ငရဲတံခါးကနေ ဦးဆောင်သွားကြသည်။
သို့စေကာမူ ငရဲတံခါးထဲသို့ ၀င်လိုက်သည်နှင့်တပြိုင်နက် အလင်းနက်တစ်ခုက လူတိုင်းလက်နောက်ဘက်တွင် ကျလာသည်။
သူတို့ဖြတ်လျှောက်သွားရင်း လက်နောက်ဘက်ကို ငုံ့ကြည့်စဉ် သူတို့လက်များနောက်၌ ဦးခေါင်းခွံတစ်ခု၏ ပုံကြမ်းများရှိနေတာကို တွေ့လိုက်ရသည်။
ပုံကြမ်းထဲတွင် စကားလုံးတစ်ချို့ သို့မဟုတ် ပုံရိပ်အနည်းငယ် ရှိသင့်သော်လည်း ယခုတွင်မူ ဗလာဖြစ်နေသည်။
ဒါက နောက်ပိုင်းစမ်းသပ်မှုများနှင့် ဆက်စပ်နေလောက်သည်။
ငရဲတံခါးနောက်တွင် ရှည်လျားမှောင်မိုက်သည့် လမ်းကြောင်းတစ်ခုရှိသည်။
အမည်မသိအချိန်ကာလတစ်ခုအထိ လျှောက်သွားနေစဉ် အလင်းက လူတိုင်းအပေါ်သို့သာ တောက်ပထွန်းလင်းနေသည်။
ဒါကကောင်းကင်ပေါ်ရှိ တောင်ပနေသော ကြယ်စင်စုမှ ကြယ်ရောင်အလားပင်။
သို့စေကာမူ သူတို့ရှေ့ကမြင်ကွင်းက လူတိုင်းကို ထပ်မံထိတ်လန့်သွားပြန်စေသည်။
သူတို့ရှေ့၌ လမ်းကြောင်းသုံးခုရှိနေပြီး လမ်းကြောင်းတစ်ခုစီ၏ရှေ့တွင် ကျောက်ပြားတစ်ခုစီရှိကာ ကျောက်ပြားပေါ်၌ ရှေးဟောင်းစာလုံးများ ရေးသားထားသည်။
ဘယ်ဘက်တွင် ငရဲမြို့ရှိပြီး ညာဘက်က ကြယ်တိမ်တိုက်မြို့ဖြစ်သည်။
အလယ်တွင်မူ မြေအောက်သရဖူမြို့ရှိသည်။
လမ်းကြောင်းတိုင်းက မြို့တစ်မြို့စီကို ဦးတည်နေတာလား!
ကုရှီအနည်းငယ်မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးနေသည့်အသွင်မေးသည်။
"ဘာကိုဆိုလိုချင်တာလဲ"
"အဓိပ္ပာယ်ကတော့ရှင်းပါတယ်" လင်းကျိနန် ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြသည်။
လမ်းသုံးကြောင်းအထက်တွင် အလင်းဖန်သားပြင်တစ်ခုရှိပြီး စာလုံးများ ထွင်းထုထားသည်။
လူတိုင်းက ကိုယ့်မြို့ကိုယ်ရွေးရမည်။ မြို့များတွင် လူဦးရေကန့်သတ်ချက်မရှိပါ။
မြို့တစ်မြို့ကို ရွေးချယ်သောအခါ အထဲကလူများက မဟာဖိတ်ဖွဲ့ရမည်။
လူတိုင်းရွေးချယ်ပြီးနောက် မြို့သုံးမြို့က အချင်းချင်းတိုက်ခိုက်ရမည်။ နောက်ဆုံးမြို့က သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်ကို ရနိုင်ပေလိမ့်မည်။
မြို့တွေရဲ့စစ်ပွဲလား!
လင်းကျိနန်ညင်သာစွာပြုံးသည်။
"စိတ်၀င်စားစရာပဲ"
စုမုယောင်နှင့် ကုရှီတို့က လင်းကျိနန်ကို ကြည့်လိုက်ကြ၏။
အကယ်၍ သူတို့သာမြို့ကို ဗဟိုပြုပြီး တခြားသူများကို တိုက်ခိုက်ပါက ဒါက လင်းကျိနန်၏ အိမ်ကွင်းဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူကအတွေးဘုရင်ဟု လူသိများသော ပုံရိပ်တစ်ခုပင်။
"ဒီလိုဆိုရင်ရော၊ အစ်ကိုယဲ့၊ မဟာမိတ်ဖွဲ့တာကို ဆက်လုပ်သင့်လား" လင်းကျိနန် ယဲ့ချိုးပိုင်ကို ပြုံးပြသည်။
ယဲ့ချိုးပိုင်မေးသည်။
"ဘယ်လမ်းကိုရွေးမလဲ"
လင်းကျိနန် လက်အစုံကိုဖြန့်လိုက်၏။
"သဲလွန်စမရှိဘူး၊ သဲလွန်စမရှိဘူး၊ ဘယ်လမ်းကိုမဆို ရွေးလို့ရပါတယ်၊ ဒါပေမယ့် ငရဲမြို့အတွက်ကတော့ ငရဲဂိုဏ်းနဲ့ ကောင်းကင်ပြာမြစ်ဝါနန်းတော်တို့ ယူပြီးနေလောက်ပြီ"
သူစကားပြောပြီးနောက်တွင် လဲ့ကျန်းချီက ရုတ်တရက် ကြယ်တိမ်တိုက်မြို့လမ်းကြောင်းသို့ လျှောက်သွားလေတော့သည်။
သူ့နောက်တွင် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူအုပ်စုတစ်စုရှိသည်။
ဒီကျင့်ကြံသူများကလည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ကျော်ကြားပြီး အစွမ်းထက်တည်ရှိမှုများ ဖြစ်ငြသည်။
"ကြည့်ရတာ ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေက မဟာမိတ်ဖွဲ့ဖို့ ပြင်ဆင်နေပုံရတယ်"
ထိုအချိန်မှာပင် ရှောင်ဟိုင်ရုတ်တရက် ထွက်လာပြီး မြေအောက်သရဖူမြို့သို့ ဦးတည်နေသည့် လမ်းကိုပြသည်။
"ကျွန်တော်အဲကိုသွားချင်တယ်"
ယဲ့ချိုးပိုင် အရမ်းကြီးမတွေးတောတော့ဘဲ ပြုံးကာခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ဒီလမ်းကိုရွေးကြတာပေါ့"
မုဖူရှန်းဂရုမစိုက်သည့်အသွင်ပြောသည်။
"အစ်ကိုအပေါ် မူတည်ပါတယ်"
ရှောင်ဟိုင်ဆုံးဖြတ်ချက်ချရန်အတွက် မတ်တပ်ရပ်ခဲသည်။
သူဆုံးဖြတ်ချက်တစ်ခုချပြီးတာနှင့် ဒါက သူ့တွင် ကိုယ်ပိုင်အတွေးများရှိသည်ဟု ဆိုလိုနေခြင်းပင်။
ဒီဆုံးဖြတ်ချက်ကို ချပြီးနောက် မဟာမိတ်အဖွဲ့ကိုလည်း အတည်ပြုပြီးပြီဖြစ်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက မြေအောက်သရဖူမြို့သို့ လျှောက်သွားကြလေတော့သည်။
အပိုင်း(695) coming။