#စတင်တပ်ဖြန့်ခြင်း
Vol. 49 Ch. 695
ယခုလေးထူထောင်လိုက်သည့် အဖွဲ့အစည်းများက အောက်ပါအတိုင်းဖြစ်သည်။
ငရဲမြို့: ငရဲဂိုဏ်း၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်!
ကြယ်တိမ်တိုက်မြို့: လဲ့ကျန်းချီက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအုပ်စုကို ဦးဆောင်သွားသည်!
မြေအောက်သရဖူမြို့: ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ မုဖူရှန်း၊ လင်းကျိနန်၊ ကုရှီ၊ စုမုယောင်၊ အင်မော်တယ်မျောက်ဝံကျေးရွာ၊ ချီပင်း!
ယဲ့ချိုးပိုင်တို့မဟာမိတ်အဖွဲ့က အရေအတွက် သို့မဟုတ် အပေါ်ယံအင်အား၌ အသာသီးရပုံရသော်လည်း တကယ်တမ်းက လဲ့ကျန်းချီအား ကိုယ်စားပြုထားသည့် တစ်ကိုယ်တော်ကျင့်ကြံသူမဟာမိတ်အဖွဲ့ပင်။ သူတို့ခွန်အားက ထူးခြားပြီး တစ်ဦးချင်းစီ၏စွမ်းအားက ထိပ်တန်းဂိုဏ်းများ၏ ပါရမီရှင်များနှင့်ပင် ယှဉ်၍ရသည့် တည်ရှိမှုမျိုးဖြစ်သည်။
ငရဲမြို့တွင် လူဦးရေအနည်းဆုံးဖြစ်သည်။
လမ်း၌ လင်းကျိနန် ဒီပြဿာနာကို တွေးနေသည်။ သူမေ့စေးပွတ်ရင်း တွေးမိသည်။
"ဒီအရေအတွက်ဆိုင်ရာအားနည်းချက်ကို ဘယ်လိုပြင်နိုင်မလဲ"
"တကယ်လို့ ဒါက မြို့တစ်မြို့တိုက်ပွဲဖြစ်ပြီး ခွန်အားအရာ၌ ကြီးမားတဲ့ကွာဟမှုမရှိဘူးဆိုရင် အရေအတွက်တွေရဲ့ အသာစီးရမှုက ထင်ရှားစွာ ပေါ်လွင်နေလိမ့်မယ်"
လူအများကြီးရှိသောအခါ သူတို့တွင် တိုက်ခိုက်ရန်ဖြစ်စေ၊ ချီတက်ရန်ဖြစ်စေ၊ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ရှုထောင့်များစွာမှ ကာကွယ်ရန်ဖြစ်စေ၊ အသာစီးရမှုတစ်ခုရှိသည်။
ယဲ့ချိုးပိုင်ကလည်း ဒီမေးခွန်းကိုတွေးနေသည်။
"အီအချိန်က မြို့တိုင်းမှာ လူဦးရေအကန့်အသတ်မရှိကြောင်း စည်းမျဉ်းတွေမှာ ဖော်ပြခဲ့တယ်၊ ဒီတော့ မြို့တစ်မြို့ကိုသာ ရွေးချယ်ကြမယ်ဆိုရင် မတိုက်ခိုက်ဘဲ ဆုလာဘ်ကိုရနိုင်မှာမဟုတ်ဘူးလား"
မုဖူရှန်းခေါင်းခါယမ်းသည်။
"ဒါအထူးဆန်းဆုံးအချက်ပဲ၊ တခြားသူတွေရဲ့ အဆိုအရဆိုရင် သေမင်းဝိဉာဉ်မြို့က အတော်လေးအန္တရာယ်များတဲ့နေရာပဲ၊ ဒါက ပထမစမ်းသပ်မှုနှစ်ခုကနေ မြင်နိုင်တယ်"
"ဒီတော့ ဒီနောက်ဆုံးအဆင့်က သေချာပေါက်ရိုးရှင်းမှာ မဟုတ်ဘူး"
"ဖြစ်နိုင်တာက....."
ရုတ်တရက် လင်းကျိနန်နှင့် မုဖူရှန်းတို့ တစ်ချိန်တည်းတွင် ရေရွတ်လိုက်ကြသည်။
"တကယ်လို့ ငါတို့နှစ်ဘက်လုံးကသာ မြို့တစ်မြို့ကို ရွေးရင် သေမင်းဝိဉာဉ်မြို့က စမ်းသပ်မှုကို ငါတို့ကို အလွယ်တကူ သေချာပေါက် ဖြတ်ကျော်ခွင့်ပေးမှာမဟုတ်ဘူး၊ ဒါကိုအစားထိုးဖို့ တခြားမြို့တွေရှိမှာသေချာတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"တစ်နည်းပြောရရင် လူနည်းတဲ့ဘက်က သေမင်းဝိဉာဉ်မြို့က ထောက်ပံ့ပေးတဲ့ အထောက်အပံ့တွေကို ခံစားနိုင်လောက်တယ်"
ဒါကိုကြားသောအခါ လူတိုင်း ဉာဏ်အလင်းပွင့်သွားကြသည်။
ဒါကစည်းမျဉ်းများအတွက် တစ်ခုတည်းသောရှင်းလင်းချက်ပင်။
လမ်းတစ်လျှောက်တွင် အထူးရှုခင်းမြင်ကွင်းဟူ၍မရှိဘဲ သစ်တောကို ဖြတ်ပြီးနောက် သူတို့ကန္တာရတစ်ခုနှင့် ဆုံခဲ့သည်။
နောက်ဆုံး၌ သူတို့ မြေကြီးက လုံး၀မည်းနက်နေသည့်တိုင် နတ်ဆိုးနက်ချီဖြင့် ပြည့်နှက်နေသည့် လွင်ပြင်တစ်ခုကို ရောက်လာကြသည်။
သူတို့ဒီနေရာကိုရောက်လာသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မြို့လေးတစ်မြို့၏ ပုံကြမ်းကိုပင် မြင်နေရလေပြီ။
၀င်ပြီးနောက် မြို့၌ထူးခြားတာဘာမှမရှိပေ။
သို့စေကာမူ အလယ်တွင် မိုးနှင့်မြေကို ထိုးဖောက်နေသည့် ကျောက်တိုင်သုံးတိုင်ရှိပြီး စည်းတံဆိပ်၏ ဖိနှိပ်ခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသည်။
ဒီနေရာက စည်းတံဆိပ်၏ ဖိနှိပ်ခြင်းစွမ်းအားက အပြင်ပက ဖိနှိပ်ခြင်းစွမ်းအားထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။
မြို့တစ်မြို့လုံးက စတုရန်းပုံရှိပြီး မြို့ရိုးများနှင့်၀န်းရံထားကာ နေရာတိုင်းတွင် မြို့တံခါးများရှိသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ မြောက်တံခါးဆီသို့ လျှောက်သွားသောအခါ မြို့တံခါးက အလိုလိုပွင့်လာသည်။
"၀င်ကြမယ်"
ယဲ့ချိုးပိုင်တို့ မြို့တံခါးထဲ၀င်လိုက်ကြ၏။
သူတို့မြို့တံခါးထဲသို့ ၀င်လိုက်သည့်အခိုက်အတန့်၌ သူတို့လက်များနောက်ဘက်က ဦးခေါင်းခွံပုံကြမ်းများက 'နတ်ဆိုး'ဟူသော စာလုံးဖြင့် ပြည့်နှက်သွားတာကို သတိထားလိုက်မိကြသည်။
ဒီအမှတ်အသားကို ဒီမြို့ကိုပိုင်သောသူက မြို့၏သင်္ကေတကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုခဲ့တယ်ဆိုတာ သိသာထင်ရှားနေသည်။
ထိုအချိန်တွင် လင်းကျိနန်ပြောသည်။
"ငါတို့ကြိုတင်ပြောသင့်တဲ့အရာတစ်ချို့ရှိတယ်"
လူတိုင်း လင်းကျိနန်ကိုလှည့်ကြည့်သည်။
လင်းကျိနန်ရှင်းပြသည်။
"တကယ်လို့ဒါက မြို့ပြတိုက်ပွဲဆိုရင် ငါတို့သခင်နဲ့စစ်တပ်ကို ရွေးချယ်ရမယ်၊ ခေါင်းဆောင်မရှိဘဲ ငါတို့တစ်ဦးချင်း တိုက်ခိုက်မယ်ဆိုရင် သဘောထားကွဲလွဲတဲ့ အခြေအနေကို ကျရောက်သွားလိမ့်မယ်၊ ဒီလိုဆိုရင် တဘက်လူအတွက် ဟာကွက်တွေရှာဖို့ ပိုလွယ်သွားပြီး ငါတို့ကို တစ်ယောက်ချင်း အနိုင်ယူပစ်လိမ့်မယ်"
စုမုယောင်မျက်လုံးပင့်ကာမေးသည်။
"နင်ခေါင်းဆောင်ဖြစ်ချင်လား"
"မဟုတ်ဘူး၊ မဟုတ်ဘူး" လင်းကျိနန် အလျင်အမြန်လက်ဝှေ့ယမ်းကာ ပြုံးသည်။
"မမလေးစုရယ်၊ ငါ့ကိုထိခိုက်အောင် မလုပ်ပါနဲ့၊ နင်ကငါ့ကို ငါအာဏာအတွက် တိုက်ခိုက်ချင်စိတ်ပေါ်အောင် လုပ်နေသလိုပဲ"
"ဒီလိုဆိုရင်ဘယ်သူလုပ်မလဲ"
လင်းကျိနန် ယဲ့ချိုးပိုင်အားပြုံးပြသည်။
"အစ်ကိုယဲ့၊ မင်းလုပ်ရင်ရော"
ဒါကမြှောက်ပင့်ခြင်းမဟုတ်ပါ။
လင်းကျိနန်ရှင်းပြသည်။
"အစ်ကိုယဲ့က ညီလေးရှောင်ဟိုင်နဲ့ ညီလေးမုတို့ရဲ့အစ်ကိုကြီးပဲ၊ ဒါ့အပြင်မင်းတို့က ငါတို့ကို အရင်က အနိုင်ယူခဲ့တယ်"
"မင်းတို့ခွန်အားကို ငါတို့အသိအမှတ်ပြုပါတယ်"
"ဒီတော့မင်းဘယ်လိုထင်လဲ၊ အစ်ကိုယဲ့"
ယဲ့ချိုးပိုင် ကျန်သောသူများကို ကြည့်လိုက်၏။
ကျန်သောသူများကလည်း သူတို့ကိုယ်သူတို့ ကြည့်ကြသည်။ သူတို့တွင် ကန့်ကွက်ရန်အတွက် ရည်ရွယ်ချက်မရှိကြပေ။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ အသင်းခေါင်းဆောင်ရာထူးကို ငါယာယီယူလိုက်ပါမယ်၊ ဒါပေမယ့် မင်းတို့တစ်ခုခုမှားတယ်လို့ ခံစားရတာနဲ့ အချိန်မရွေးပြောကြပါ"
လင်းကျိနန်ပြုံးသည်။
"ကောင်းပြီး၊ ဒီလိုဆိုရင် အစ်ကိုယဲ့၊ ခင်ဗျားတာ၀န်တွေစပေးလို့ရပါပြီ"
ယဲ့ချိုးပိုင် တခဏမျှတွေးတောပြီးနောက် စတင်ပြောလေတော့သည်။
"လင်းကျိနန်၊ မင်းက စစ်ရေးအကြံပေးဖြစ်ရမယ်"
"မုဖူရှန်း၊ မင်းက နောက်ခံအထောက်အကူဖြစ်ရမယ်၊ အဆောင်တွေကိုရေးထွင်းပြီး မြို့ရဲ့အကာအကွယ်ကို အရင်တည်ဆောက်ပါ"
မုဖူရှန်းနှင့် လင်းကျိနန်တို့က ခေါင်းညိတ်သည်။
ဒါက သူတို့ကျွမ်းကျင်ရာနယ်ပယ်များပင်။
"စုမုယောင်၊ အရှေ့တံခါးကိုစစ်ဆေးဖို့အတွက် လူတစ်ချို့ကိုခေါ်သွားပါ"
"ရှောင်ဟိုင်၊ မင်းကတော့......"
ယဲ့ချိုးပိုင် ရှောင်ဟိုင်ကိုကြည့်သောအခါ ရှောင်ဟိုင် အလယ်က ကျောက်တိုင်သုံးတိုင်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
ဒါကိုမြင်ပြီးနောက် ယဲ့ချိုးပိုင်ပြောသည်။
"ရှောင်ဟိုင်၊ မင်းတခုခုလိုချင်တာရှိရင် အရင်သွားကြည့်လိုက်ပါ"
ရှောင်ဟိုင်ငြင်းမနေဘဲ ချက်ချင်းပြေးသွားသည်။
ကျောက်တိုင်သုံးတိုင်၏ ဖိနှိပ်မှုအောက်တွင် သူလိုအပ်တာ တစ်ခုခုရှိနေသည်ဟု သူခံစားနေရသည်။
ဒါကသူ့ဝိဉာဉ်ကို လမ်းညွှန်နေသည့်အသွင်။
သူရှေ့တိုးလေလေ၊ သူ့အသိစိတ်ပင်လယ်ထဲက မှတ်ဉာဏ်အပိုင်းအစများ အရူးအမူး လင်း၀င်းလာတာကို ပို၍ခံစားမိလေလေဖြစ်သည်။
ဖြစ်နိုင်တာက သူ့ဝိဉာဉ်အပိုင်းအစတစ်ခုက အလယ်ဗဟိုတွင်ရှိပြီး ကျောက်တိုင်သုံးတိုင်၏ ဖိနှိပ်ခြင်းကို ခံထားရခြင်းဖြစ်ရပေမည်။
ရှောင်ဟိုင် ဘာဖြစ်နေသလဲဆိုတာကို နားလည်ရန် လိုအပ်သည်။
ယဲ့ချိုးပိုင် တာ၀န်များကိုစီစဉ်နေသည်။
ပထမဆုံးအနေနှင့် သူက မြေအောက်သရဖူမြို့၏ တည်ဆောက်ပုံကို နားလည်ရန် လိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က မြေအောက်သရဖူမြို့၏ တည်ဆောက်ပုံကို နားမလည်ကြသေးပါ။
သူက မြို့တစ်မြို့၏တည်ဆောက်ပုံကို အပြည့်အ၀နားမလည်ပါက ဘယ်လိုမျိုး ကာကွယ်မည်နည်း။
ထိုအချိန်တွင် ရန်သူများ လျှိုပေါက်တွေကိုတွေ့သွားပြီး တစ်ချက်တည်းနှင့် ဖောက်ခွဲပစ်ပါက သူတို့အပြီးသတ်သွားပေလိမ့်မည်။
မုဖူရှန်းအတော်လေးတိတ်ဆိတ်သည့် စံအိမ်တစ်လုံးကို တွေ့ခဲ့သဖြင့် အဆောင်များကို ရေးထွင်းရန် ပြင်ဆင်လိုက်၏။
ဒီနေရာကိုရွေးချယ်ခြင်းက မြို့ရိုးလေးခုကို အချိန်မီစီမံကိုင်တွယ်နိုင်ရန်ဖြစ်သည်။
တာ၀န်အားလုံးက ဖြည်းဖြည်းချင်း ဆက်လက်တိုးတက်လာနေသည်။
တခြားတစ်ဘက်တွင် ရှောင်ဟိုင် ကျောက်တိုင်သုံးတိုင်အောက်သို့ ရောက်လာခဲ့သည်။
အောက်တွင် ဂူကြီးတစ်လုံးရှိသည်။
ဂူအပြင်ဘက်တွင် ကျောက်တိုင်သုံးတိုင်က ဂူ၀င်ပေါက်ကို တစ်ချိန်တည်းတွင် ဖိနှိပ်ထားကြ၏။
ရှောင်ဟိုင် ဒါကိုရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
နတ်ဆိုးနက်ချီအမျှင်တန်းများက ဂူထဲကနေ အဆက်မပြတ်စီးထွက်နေသည်။
ကျောက်တိုင်၏ဖိနှိပ်မှုအောက်တွင် နတ်ဆိုးနက်ချီက လုံး၀မထွက်ခာနိုင်သော်လည်း အနည်းငယ်တော့ ထုတ်လွှတ်နေဆဲပင်။
နည်းနည်းလေးထိလိုက်ရုံနှင့် ရှောင်ဟိုင် တူညီသောအရင်းအမြစ်ကနေ လာသည့် အော်ရာကို ခံစားမိပါသည်။
ဒီအော်ရာက သူ့သွေးကိုဆူပွက်စေသည်။
ဒါကရှောင်ဟိုင်ကို ဂူအောက်တွင် နောက်ထပ်ဝိဉာဉ်အပိုင်းအစတစ်ခုကို ဖိနှိပ်ထားတာကို ပို၍သေချာသွားစေသည်။
သို့စေကာမူ သူကျောက်တိုင်၏စည်းတံဆိပ်ကို ချိုးဖျက်နိုင်စွမ်းမရှိသေး။
ယဲ့ချိုးပိုင်လျှောက်လာပြီးမေးသည်။
"ဒီအောက်မှာ မင်းလိုချင်တာတစ်ခုခုရှိတယ်မလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"မစိုးရိမ်ပါနဲ့၊ တစ်ခြားမြို့နှစ်မြို့ ပြိုကွဲသွားသရွေ့ ဒီတံဆိပ်က သဘာ၀အတိုင်း ပျောက်ကွယ်သွားလိမ့်မယ်ထင်တယ်...."
အပိုင်း(696) coming။