← Chapters

#ပဏာမ#

Vol. 49 Ch. 696

#ပဏာမ#

Vol. 49 Ch. 696

‌မြို့ပြစစ်ပွဲကန့်သတ်ချက်: ပြင်ပမှငှားရမ်းထားသည့် ပစ္စည်းများ၏အဆင့်က မြေအင်မော်တယ်နယ်ပယ်အပါအ၀င် မြေအင်မော်တယ်နယ်ပယ်ကို ကျော်၍မရပေ။

တစ်နည်းအားဖြင့် မုဖူရှန်း အများဆုံး အင်မော်တယ်တပိုင်းနယ်ပယ်အဆောင်များကိုသာ အသုံးပြုနိုင်သည်။

ယဲ့ချိုးပိုင်ကလည်း လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို မသုံးနိုင်ပေ။

စုမုယောင်က နဂါးမြိုဒယ်စောက်ကိုမသုံးနိုင်ပေ။

မြေအောက်သရဖူမြို့၏ တပ်ဖြန့်မှုကို စနစ်တကျ စေလွှတ်ခဲ့သည်။

မြို့တစ်ခုလုံးကို စစ်ဆေးပြီးနောက် နောက်ထပ်ယိုပေါက်မရှိတော့တာကို သူသိလိုက်ရသည်။ မြေအောက်သရဖူမြို့ရှေ့နောက် ၀င်ပေါက်ငါးခုတည်းသာရှိပြီး မြို့ရိုးလေးခု၏ဂိတ်များအပါအ၀င် မြေအောက်သရဖူမြို့၌ လွင့်မြောနေသည်။

တပ်ဖြန့်ရေးအစည်းအဝေးအတွင်း မုဖူရှန်း အကြောင်းအရာတစ်ခုယူလာသည်။

"ဒီမှာ ‌လေကြောင်းကန့်သတ်ချက်တွေ မရှိဘူးဆိုရင် မြို့ရိုးတွေက အသုံးမ၀င်ဘူး"

"တဘက်လူရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အားမနည်းဘူး၊ သူတို့က မြေပြင်ကိုမသုံးဘဲ မြို့တံခါးကို ချိုးဖျက်နိုင်တယ်၊ ပြီးတော့ မြို့ကို ဘက်ပေါင်းစုံကနေ လာရောက် တိုက်ခိုက်နိုင်တယ်"

"ဒီလိုဆိုမှတော့ မြို့ရိုးတွေရဲ့အကာအကွယ်ကို အားကောင်းအောင်လုပ်တာက ငါတို့အတွက် အဓိပ္ပာယ်မရှိဘူး"

လူတိုင်းလေးနက်စွာ ခေါင်းညိတ်သည်။

နောက်ဆုံးစမ်းသပ်မှုက မြို့ပြစစ်ပွဲဖြစ်သော်လည်း မြို့ပြတိုက်ပွဲများက တခြားမြို့ကြီးတိုက်ပွဲများနှင့် ခြားနားသည်။

မြို့ကြီးတိုက်ပွဲများ၌ ကုန်းတွင်းပိုင်းတပ်ဖွဲ့များ သေချာပေါက်တိုက်ခိုက်လာမည်ဖြစ်သလို တစ်ချိန်တည်းတွင် လေကြောင်းကနေလည်း တိုက်ခိုက်လာနိုင်သည်။

ဒါကအလုံစုံသော တိုက်ခိုက်မှုတစ်ခုကို စတင်ရန်ဖြစ်သဖြင့် တိုက်ခိုက်သူအားလုံးကို လူစုလူဝေးမဟုတ်ဘဲ မြို့ထဲကို အောင်မြင်စွာ ကျူးကျော်၀င်နိုင်သလို တိုက်ခိုက်မှု၏ စည်းချက်ကိုလည်း နှေးအောင်လုပ်နိုင်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် နှစ်ဘက်စလုံးတွင် တိုက်ခိုက်သူပိုများသောကြောင့်ပင်။

သေမင်းဝိဉာဉ်မြို့က မြို့ပြတိုက်ပွဲအတွက်မူ လူအနည်းငယ်သာရှိသည်မှာ သိသာထင်ရှားနေသည်။

မြို့ကိုတိုက်ခိုက်လာသောအခါ စဉ်းစားနေစရာမလိုပေ။ လူများလွန်းသောအခါ အတော်လေးလူစုလူဝေးဖြစ်စေပြီး တိုက်ခိုက်မှုအရှိန်ကို နှေးစေသည်။ သူတို့လိုတာက ပျံသန်းကာ တိုက်ခိုက်ရန်ပင်။

ယဲ့ချိုးပိုင် မုဖူရှန်းကျောကို ပုတ်ရင်း ဒေါသတကြီးပြောသည်။

"ကောင်းပြီ၊ ငါ့ကိုစိုးရိမ်ရအောင်လုပ်မနေနဲ့၊ မင်းဒါကိုပြောလာတယ်ဆိုမှတော့ မင်းမှာ အဖြေတစ်ခု စဉ်းစားမိတာ ရှိရမယ်"

မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။

ကျွန်တော့်ရဲ့နောက်ထပ်အပြုအမူအတွက် အုတ်မြစ်လေးချခွင့် မပေးနိုင်ဘူးလား!

အရမ်းမိုက်အောင်ပြုမုနိုင်တာကလည်း စွမ်းရည်ပဲလေ!

အရင်က ပြင်ဆင်မှုတွေသာမရှိဘူးဆိုရင် ကိုယ်ဟန်ပြတဲ့ကာလမှာ လေထုကို ဘယ်လိုလောင်မြိုက်အောင် လုပ်နိုင်မလဲ!

တိုက်ခိုက်သွားလုပ်ရင် ခြောက်သွေ့သွားမှာပဲမလား!

မုဖူရှန်းချောင်းဟန့်လိုက်သည်။

"အဟမ်း၊ ပျံသန်းမှုကို လုံး၀တားမြစ်လို့မရပေမယ့် ငါအနည်းဆုံးတော့ ပြိုင်ဘက်ကို ငါးကီလိုမီတာပတ်လည်အတွင်း ၀င်ခွင့်မပေးနိုင်အောင် ကန့်သတ်ထားနိုင်တယ်"

ဒါကိုကြားသောအခါ လင်းကျိနန်၏ မျက်လုံးများက တောက်ပသွား၏။

"ဒါလုံလောက်ပါပြီ"

စုမုယောင် မုဖူရှန်းကို ရှုပ်ထွေးနေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

ပျံသန်းမှုကိုတားမြစ်တဲ့အဆောင်လား!

ဒီလိုအရာမျိုးကို လုပ်နိုင်စွမ်းရှိခြင်းက ဒီအဆောင်သခင်၏အောင်မြင်မှုက ဘယ်လောက်ပင် ကြောက်စရာကောင်းလေသနည်း။

မုဖူရှန်းပြောသည်။

"ဒါပေမယ့် ငါပစ္စည်းတွေအများကြီးလိုတယ်၊ ဒါကို တစ်ယောက်တည်း မလုပ်နိုင်လောက်ဘူး...."

တစ်နည်းပြောရရင် ငါကအခုငွေနည်းနည်းချွေတာနေတာမို့ မင်းတို့ကူညီရမယ်!

သူအလကားမပေးနိုင်ပေ။

လူတိုင်းဒါကိုကြားသောအခါ သူတို့နားလည်ကြသဖြင့် ပြောလာကြသည်။

"ဘယ်လိုပစ္စည်းတွေလိုအပ်လဲ၊ ငါတို့မှာ ရှိနေသရွေ့ မင်းကိုအကုန်လုံးပေးပါမယ်"

ယခုအချိန်တွင် သူတို့က ကြိုးတစ်ချောင်းတည်းတွင် အချည်ခံထားရသည့် နှံကောင်များပမာ။ အကောင်းအဆိုး အရာအားလုံးအတွက် သူတို့က ချည်နှောင်ခံထားရသည်။

မုဖူရှန်းလိုအပ်သည့်ပစ္စည်းများကို စာရင်းပြုစုလိုက်သည်။

သူတို့ဒါကိုမြင်သောအခါ နှုတ်ဆိတ်သွားကြ၏။

ဒါကဘာလို့ နည်းနည်းပိုများနေပုံရတာလဲ!

မုဖူရှန်းချက်ချင်းပြောသည်။

"အထင်မလွဲပါနဲ့၊ ငါအလွဲသုံးစားလုပ်ဖို့ စဉ်းစားနေတာမဟုတ်ပါဘူး၊ ဒါက ပျံသန်းခြင်းတားမြစ်အဆောင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေတင်မဟုတ်ဘဲ မြို့ရိုးအကာအကွယ်နဲ့ မြို့ကိုကာကွယ်တဲ့အချိန် အသုံး၀င်တဲ့ အဆောင်အများစုအတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်းဖြစ်တယ်"

ယဲ့ချိုးပိုင် သိုလှောင်လက်စွပ်ထဲက ပစ္စည်းများကို ပထမဆုံးချပေးလာပြီး မုဖူရှန်းအား ပေးသည်။

ထို့နောက် လင်းကျိနန်၊ ကုရှီနှင့် အင်မော်တယ်မျောက်ဝံကျေးရွာက လာပေးကြသည်။

အားလုံးကို ကြည့်ရှုပြီးနောက် မုဖူရှန်းမျက်မှောင်ကြုတ်သည်။

"သွားရမယ့်လမ်းကရှည်သေးတယ်"

"ငါ့ဟာတွေနဲ့ဆိုရင်တော့ ဒါအဆင်ပြေမှာပါ"

စုမုယောင် သိုလှောင်လက်စွပ်တစ်ကွင်းကို မုဖူရှန်းလက်ထံသို့ ပစ်ပေးလိုက်၏။

မုဖူရှန်းတစ်ချက်ကြည့်လိုက်စဉ် ဆွံအသွားလေတော့သည်။

ထို့နောက် သူချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ကို လှမ်းကြည့်လိုက်သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးတကယ်ပဲ မမလေးစုကို မစဉ်းစားတော့ဘူးလား"

သူမကချမ်းသာသည့်အမျိုးသမီးတစ်ဦးပင်။

ကောင်းကင်ဘုံရတနာများစွာနှင့် သူလက်ကျန်ပစ္စည်းများကို ဖြည့်နိုင်သည်သာမက သူ့အတွက် ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တစ်ချို့ကို ရေးထွင်းရန်ပင် လုံလောက်နေလေပြီ။

တစ်နည်းအားဖြင့် ဒီချမ်းသာသည့် အမျိုးသမီးစုမုယောင်ကိုသာ သူသိမ်းသွင်းနိုင်ပါက အနာဂတ်တွင် လိုအပ်သည့်ပစ္စည်းများအတွက် စိုးရိမ်နေစရာလိုတော့မည်မဟုတ်။

ကံဆိုးချင်တော့ မြို့ပြစစ်ပွဲများ၌ ကန့်သတ်ချက်ရှိနေသည်။ ကောင်းကင်အင်မော်တယ်အဆင့်အဆောင်ကို မဆိုထားနဲ့၊ မြေအင်မော်တယ်အဆင့်အဆောင်ကိုပင် သုံး၍မရပေ။

ယဲ့ချိုးပိုင်၏မျက်ခုံးများက ရှုံ့တွသွား၏။

စုမုယောင်၏ တင့်တယ်သည့်မျက်နှာလေးက မပြောင်းလဲသွားသော်လည်း သူမ၏ နားရွက်ဖျားများကမူ အတိနီရဲနေသည်။

လင်းကျိနန် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်နှာမည်းမှောင်သွားသည်။

"ငါ့အတွက်ဒီနေရာကိုစွန့်ခွာပြီး တစ်ခြားမြို့ကို ၀င်ဖို့ အရမ်းနောက်ကျသွားပြီလား"

ထို့နောက် နံရံလေးခုပေါ်က အစောင့်များကိုလည်း တာ၀န်ပေးခဲ့ကြသည်။

မြို့တံခါးအရှေ့ဘက်: စုမုယောင်၊ ယွမ်ဟန်!

တောင်ပိုင်းမြို့တံခါး: ကုရှီ၊ ယွမ်ကျူ!

အနောက်ပိုင်းမြို့တံခါး: ယွမ်ဟူ!

မြောက်ပိုင်းမြို့တံခါး: ရှောင်ဟိုင်!

ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က ဗဟိုကို စောင့်ကြပ်ပြီး အကာအကွယ်ကို အားဖြည့်ပေးကြသည်။

တခြားတစ်ဘက်တွင် မုဖူရှန်းက အဆောင်များကို ရေးထွင်းရင်း ကောင်းကင်ကို မျက်နှာမူရန် အဓိကတာ၀န်ယူခဲ့သည်။

ဒါက ကာကွယ်ရေးတစ်ခုတည်းအတွက် ဖြစ်သည်။

အဆောင်အားလုံးကို ရေးထွင်ပြီးနောက် မုဖူရှန်းက ပတ်၀န်းကျင်မြေမျက်နှာပြင်ကို စုံစမ်းရန်နှင့် မြို့နှစ်မြို့ဘယ်မှာရှိသလဲဆိုတာကို ရှာဖွေရန် စေလွှတ်ခံရသည်။

ဒီမတိုင်ခင်က ချီပင်းက ပတ်၀န်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်။

ဘယ်အရာကိုမှမသိသည့်အခြေအနေတွင် သတင်းအချက်အလက်များက အလွန်အမင်းအသုံး၀င်သည်။ သတင်းအချက်အလက်များကို အရင်ဆုံးရနိုင်သည့် ဘယ်သူမဆို ဒီမြို့ပြစစ်ပွဲတွင် ပဏာမခြေလှမ်းလှမ်းနိုင်ပေလိမ့်မည်။

သို့စေကာမူ အချိန်က တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် တောင်တန်းတစ်ခု၌ လျှောက်နေသည့် ချီပင်းက လက်ထဲ၌ မြေပုံတစ်ခု ရေးဆွဲနေသည်။

ချီပင်း နေရာတစ်ခြကို ဖြတ်လျှောက်သွားတိုင်း ဒါကိုမှတ်တမ်းတင်ထားတတ်သည်။

ဒါကမြို့ပြစစ်ပွဲများအတွက် အတော်လေးအသုံး၀င်သည့် မြေမျက်မှာပြင်အနေအထားကို မှတ်တမ်းတင်ရန်ပင်။

သို့စေကာမူ ယခုအချိန်၌ ချီပင်းရုတ်တရက် ဘောပင်နှင့်စာရွက်ကို သိမ်းဆည်းကာ ဧရာမသစ်ပင်တစ်ပင်အောက်တွင် လျှို့၀င်ရင်း ချက်ချင်းပုန်းလိုက်သည်။

ထို့နောက် မုဖူရှန်းသူ့ကိုပေးခဲ့သည့် အဆောင်ကို ထုတ်ယူကာ အော်ရာကို ဖုံးကွယ်ထားလိုက်သည်။

တစ်ယောက်ယောက်ရှိနေသည်။

တောင်ထိပ်ပေါ်က ကောင်းပင်၌ ပုံရိပ်နှစ်ခုဖြတ်သန်းနေသည်။

ချီပင်းအနီးကပ်ကြည့်သောအခါ တဘက်လူက မိစ္ဆာအော်ရာတစ်ခုဖြင့် ပြည့်နှက်နေတာကို သဘောပေါက်လိုက်ရသည်။

သူတို့က ငရဲဂိုဏ်းက ဟန်ဟွားနှင့်ယုဟောင်တို့ဖြစ်သည်။

ချီပင်း တခဏမျှတွေးလိုက်ပြီး သူတို့နောက်မှ တိတ်တဆိတ်လိုက်သွားသည်။

လမ်းတစ်လျှောက်တွင် သတိမထားမိသည့်နေရာများ၌ သူအတော်လေးသိမ်မွေ့သပ်ရပ်သော အမှတ်အသားတစ်ခုစီ ချန်ထားခဲ့သည်။

ထို့နောက် သူနေ့တစ်၀က်ကြာသည့်တိုင် အနီးကပ်လိုက်ပါသွားခဲ့ပြီးနောက်တွင် ချီပင်းအံ့အားသင့်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရှေ့တွင် သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည့် မြို့တစ်မြို့ရှိနေသောကြောင့်ပင်။

ယုဟောင်နှင့်ဟန်ဟွားတို့က တိုက်ရိုက်ပင် ပျံသန်းသွားကြသည်။

တွေ့ပြီ!

ဒါကိုမြင်ပြီးနောက် ချီပင်းဆက်မနေတော့ဘဲ လာရာလမ်းအတိုင်း ပြန်လာခဲ့သည်။

ဒီသတင်းအချက်အလက်ကို သူချက်ချင်းပြန်ယူသွားရန် လိုအပ်သည်။

ဒီသတင်းအချက်အလက်နှင့်ဆိုပါက သူတို့ပထမဆုံးအကြိမ်တိုက်ခိုက်မှုကို စတင်ကာ သူတို့ကို မမျှော်လင့်ထားစေဘဲ သတိလက်လွတ်ဖြစ်စေနိုင်သည်။

ချီပင်း မြေအောက်သရဖူမြို့ကို ပြန်ရောက်လာသောအခါ လူတိုင်းကို ဒီသတင်းအချက်အလက်နှင့်ပတ်သက်၍ ပြောပြလိုက်သည်။

ကုရှီဒါကိုကြားသောအခါ ချက်ချင်းပြုံးသည်။

"မှန်တယ်၊ ဒီလိုဆိုရင် ငါတို့အရင်ဆုံးတိုက်ခိုက်လို့ရပြီ"

"ငါတို့ငရဲမြို့ကိုအရင်ဖျက်ဆီးမယ်၊ ကျန်ရှိနေတဲ့ ကြယ်တိမ်တိုက်မြို့က အများကြီး ပိုလွယ်သွားလိမ့်မယ်"

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။

အရာများက ရိုးရှင်းပုံမရပေ။

အပိုင်း(697) coming။

All Chapters