#ထောင်ချောက်!#
Vol. 49 Ch. 697
မှန်ပေသည်။ အရာများက မရိုးရှင်းပေ။
လင်းကျိနန် ချီပင်းရေးဆွဲထားသည့် မြေပုံကို လက်ညိုးထိုးပြရင်း မျက်မှောင်ကြုတ်ကာပြောသည်။
"ဒီမြို့ပြတိုက်ပွဲမှာ သုံးဘက်စလုံးက တစ်ဘက်ချင်းစီရဲ့တည်နေရာ ဒါမှမဟုတ် ပတ်ပတ်လည်မြေမျက်နှာသွင်ပြင်ကို မသိကြဘူး"
"ဒီလိုမျက်ကန်းအခြေအနေမှာ သတင်းအချက်အလက်စစ်ပွဲက အရေးအကြီးဆုံးအပိုင်းပဲ" လင်းကျိနန်၏စကားလုံးများကို ကြားသောအခါ ကုရှီ၏စိတ်လှုပ်ရှားနေသည့် နှလုံးသားက ဖြည်းဖြည်းငြိမ်သက်သွားရသည်။
"ဒါကထောင်ချောက်တစ်ခု ဖြစ်နိုင်လောက်တယ်လို့ ဆိုလိုချင်တာလား"
လင်းကျိနန်ခေါင်းညိတ်သည်။
"မှန်တယ်၊ အနည်းဆုံးတော့ ဒါက ထောင်ချောက်ဖြစ်ဖို့ ၇၀ရာခိုင်နှုန်း အလားအလာရှိတယ်၊ ငရဲဂိုဏ်းနဲ့ ကောင်းကင်ပြာမြစ်ဝါနန်းတော်က ရိုးရှင်းတဲ့သူတွေမဟုတ်ဘူး၊ သူတို့ကလည်း သတင်းအချက်အလက်တွေက ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သိကြမယ်လို့ ငါယုံကြည်တယ်၊ တစ်ချိန်တည်းမှာပင် သူတို့ရဲ့ကိုယ်ပိုင် သတင်းအချက်အလက်ကို ကာကွယ်ခြင်းကလည်း အရမ်းအရေးကြီးတယ်၊ ဒါကြောင့် ချီပင်းဒီမြင်ကွင်းကို မြင်တဲ့အခါ ငရဲဂိုဏ်းက လူနှစ်ယောက်က အရာအားလုံးကို အထင်အမြင်သေးနေသလိုမျိုး အတော်လေးမောက်မာပုံဖမ်းပြီး ကောင်းကင်မှာ တမင်သက်သက် ပျံဝဲနေကြတာပဲ"
ထိုနေရာတွင် လင်းကျိနန်နှာခေါင်းရှုံ့သည်။
"ဒါကတစ်ခြားသူတွေကို သူတို့ဆင်ထားတဲ့ ထောင်ချောက်ဆီကို လမ်းညွှန်နေတာပဲ"
ယဲ့ချိုးပိုင်ညင်သာစွာ ခေါင်းညိတ်သည်။
"မှန်တယ်၊ ဒါပေမယ့် ချီပင်းက တဘက်အဖွဲ့ရဲ့မြို့ကို မြင်ခဲ့တာမို့ သူတို့က မြို့ကို တမင်တကာ ထုတ်ဖော်ပြသနေတဲ့ ဖြစ်နိုင်ချေ ၃၀ရာခိုင်နှုန်းရှိတယ်"
ဒါကိုကြားသောအခါ လင်းကျိနန် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ဒါပေမယ့် ဘာလို့ငရဲဂိုဏ်းက ဒီလိုလုပ်ချင်ရသလဲဆိုတာ ငါတကယ်နားမလည်နိုင်ဘူး၊ သူတို့မှာ ငါတို့ရဲ့ တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုထားနိုင်တဲ့ အရံအစီစဉ်တစ်ခုများ ရှိနေတာလား"
စုမုယောင်ပြောသည်။
"ငါတို့ ထပ်ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်မယ်ဆိုရင်ရော"
"ငါတို့သေချာပေါက်လူလွှတ်ရမှာပေါ့" လင်းကျိနန်ခေါင်းညိတ်သည်။
"ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါတို့သူတို့ကို တိုက်ခိုက်ဖို့အတွက်မပို့ဘူး၊ ဒီအစား မြို့တံခါးလေးခုရဲ့ မြေမျက်နှာသွင်ပြင် အနေအထားကို ဆက်လက်စုံစမ်းနေရမယ်"
ထိုအချိန်တွင် ချီပင်းထရပ်သည်။
"ဒီလိုဆိုရင် ငါယူကြဉ်းလာပေးမယ်၊ ဘာပဲဆိုဆို ငါဒါကိုတစ်ခါ ဖြတ်ကျော်ခဲ့ပြီးပြီပဲလေ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် မင်းကိုကျေးဇူးတင်ပါတယ်"
ကုရှီနှင့်ချီပင်းတို့က ခေါင်းညိတ်ကာ ထွက်သွားကြ၏။
လင်းကျိနန်က ချီပင်းရေးဆွဲထားသည့် မြေပုံကို လေ့လာနေဆဲပင်။
ယဲ့ချိုးပိုင် မုဖူရှန်းနေအိမ်သို့သွားလိုက်၏။
တိုးတက်မှုဘယ်လောက်ရှိသလဲဆိုတာ သူကြည့်ချင်သည်။
သူ၀င်လာသောအခါ အဆောင်အများအပြားက မုဖူရှန်းရှေ့တွင် လွင့်မြောမေသည်။ မုဖူရှန်းလက်ထဲက အဆောင်စုတ်တံကမူ ထိုအဆောင်များပေါ်၌ ဆက်လက် ကခုန်နေသေးသည်။
သူက စည်းတံဆိပ်များစွာကို တစ်ကြိမ်တည်းတွင် ရေးထွင်းနိုင်သည်။
အကယ်၍ အပြင်ပက အဆောင်သခင်များကသာ ဒီအခြေအနေကိုမြင်မည်ဆိုပါက သူတို့သေချာပေါက် ထိတ်လန့်သွားကြပေလိမ့်မည်။
အင်မော်တယ်အဆောင်သခင်များပင်လျှင် ဒါကိုမလုပ်နိုင်ကြပေ။
စိတ်ဝိဉာဉ်လိုအပ်ချက်က အတော်လေးမြင့်မားသည်သာမက ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုက ပို၍ပင်တင်းကျပ်သည်။
မုဖူရှန်း ဒီတစ်ချီကို အပြီးသတ်ပြီးနောက်တွင် ယဲ့ချိုးပိုင်အားကြည့်ရင်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ အစ်ကိုကြီး"
ယဲ့ချိုးပိုင်ပြုံးသည်။
"ပြီးစီးဖို့အတွက် မင်းဘယ်နှစ်ရက်ထပ်လိုသေးလဲ"
"သုံးရက်လောက်ပါပဲ"
"သေချာတာပေါ့၊ မင်းကမြန်တာပဲလေ"
မုဖူရှန်း "????"
ဘာလို့အစ်ကိုကြီးရဲ့စကားလုံးတွေမှာ တစ်ခုခုမှားနေတယ်လို့ ကျွန်တော်ခံစားနေရတာလဲ!
ကျွန်တော့်ကိုစော်ကားနေသလိုပဲ!
ထို့နောက် ယဲ့ချိုးပိုင် သူ့ကို ချီပင်းရှာတွေ့ခဲ့တာကို ပြောပြသည်။
မုဖူရှန်းက လင်းကျိနန်နှင့်တူညီသည့်အမြင်ကို ဖော်ပြသည်။
ဒါကထောင်ချောက်တစ်ခုဖြစ်ရပေမည်။
သို့စေကာမူ မုဖူရှန်းရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား လေးနက်စွာပြောသည်။
"နောက်ထပ်ဖြစ်နိုင်ချေတစ်ခုရှိတယ်၊ ကျွန်တော်သိတဲ့အဆောင်တွေထဲမှာ တံလျှပ်လို့ခေါ်တဲ့ အဆောင်တစ်မျိုးရှိတယ်၊ နာမည်ကညွှန်းသလိုမျိုး ဒါက ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်ပြီး ရန်သူကို သူတို့ မြင်စေချင်တာကို မြင်ခွင့်ပေးတယ်"
"ဒါကပုံရိပ်ယောင်အခင်းအကျင်းလိုမျိုးပဲ"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် အနည်းငယ်ကြက်သေသေသွားပြီးနောက် သူ့အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
မုဖူရှန်းပြောတာကမှန်ပါက ချီပင်းမြင်ခဲ့တာက ပုံရိပ်ယောင်လှည့်စားမှုတစ်ခု ဖြစ်နိုင်ချေများသည်။
ချီပင်းနှင့်ကုရှီတို့က အန္တရာယ်ထဲတွင် ရှိနေလေပြီ။
ဒါကိုမြင်သောအခါ မုဖူရှန်းလေးနက်စွာပြောသည်။
"ကျွန်တော်တို့သွားပြီး သူတို့ကို အမြန် စစ်ကူပေးရမယ်"
ထို့နောက် နှစ်ဦးစလုံးက စံအိမ်ထဲက ထွက်လာပြီး လူတိုင်းကိုစုစည်းလိုက်ကြ၏။
သူဖြစ်နိုင်ချေကို ပြောပြလိုက်သည်။
လင်းကျိနန်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။
"ဒီလိုဆိုရင် ငါတို့အတွက် အထောက်အကူပေးဖို့ဆိုတာ အသုံးမ၀င်ဘူး"
"ကုရှီနဲ့ ချီပင်းတို့က မကြာခင်ရောက်သွားကြလိမ့်မယ်၊ သူတို့ခွန်အားအရဆိုရင် အချိန်တိုအတွင်းမှာ သတ်ဖြတ်နှိပ်စက်ခံရနိုင်တယ်"
ယဲ့ချိုးပိုင်ပြောသည်။
"အပြင်ထွက်ပြီး သူတို့ကိုအရင်ဆီးကြိုလိုက်၊ သူတို့လက်ထဲမှာ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ရှိတယ်၊ သူတို့ ချုံခိုတိုက်ခိုက်ခံရရင်တောင် လွတ်မြောက်ဖို့အတွက် အခွင့်အလမ်းရှိမှာပါ"
မျှော်လင့်ထားသည့်အတိုင်းပင် ဒါက အတိအကျ မုဖူရှန်းပြောခဲ့သလိုပင်ဖြစ်သည်။
ချီပင်းအရင်ကမြင်ခဲ့တာက ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
ချီပင်းနှင့်ကုရှီတို့က ပန်ရှီ၊ ကျန်းချန်၊ ဟန်ဟွားနှင့် ယုဟောင်တို့၏ ၀န်းရံခြင်းကို ခံထားရသည်။
ကောင်းကင်မြေအောက်ခန်းမမှ ကွေ့ကောရင်နှင့် ကျန်လေးယောက်က အပေါ်တွင် ရပ်နေကြသည်။
သူအရင်ကမြင်ခဲ့သည့်မြို့ကရော!
ရှေ့တွင် မြို့ဟူ၍လုံး၀မရှိဘဲ သစ်တောတစ်ခုသာရှိသည်။
ဒါကိုမြင်ရသောအခါ ကုရှီနှင့်ချီပင်းတို့၏ အမူအရာများက အတော်လေး ကြည့်ရဆိုးသွားကြ၏။
ထိုအချိန်တွင် ပန်ရှီကျယ်လောင်စွာ လှောင်ပြောင်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ငါတို့ငါးနှစ်ကောင်ဖမ်းမိတာပဲ"
ချီပင်း၏အမူအရာက မည်းမှောင်နေပြီး မေးသည်။
"မင်းတို့ဘယ်လိုလုပ်လိုက်တာလဲ၊ ငါဘယ်အစီအရင်အော်ရာကိုမှ မခံစားမိပါဘူး"
ဓားသမားများက တခြားအော်ရာများအပေါ် အတော်လေးသိလွယ်သည်။
ထို့ကြောင့် ဒါကအစီအရင်တစ်ခုဆိုလျှင်ပင် ချီပင်းအချိန်မီရှာမတွေ့နိုင်လျှင်ပင် အော်ရာအရိပ်အယောင် အနည်းငယ်လေးတော့ ခံစားမိသင့်ပါသည်။
"ဒါကိုဘယ်လိုလုပ်လိုက်တာလဲ၊ ဟုတ်လား" ပန်ရှီပြုံးသည်။
"ငါမင်းကိုပြောပြရင်လည်း ဘာမှမဖြစ်ပါဘူး"
ထိုနေရာတွင် ပန်ရှီလက်ထဲ၌ အလံတစ်ခုပေါ်လာသည်။
အလံပေါ်၌ မရေမတွက်နိုင်လောက်သည့် လက်စားချေလိုကြသောဝိဉာဉ်များ ဟိန်းနေကြသည်။
"ဒါကအစီအရင်တစ်ခုမဟုတ်ဘူး၊ ဒါက လူသေတစ်ယောက်ရဲ့ ဝိဉာဉ်ကို ထုတ်ယူပြီး ရုပ်လုံးပေါ်အောင် လုပ်ထားတာပါပဲ"
ရက်စက်သည့်အပြုံးတစ်ပွင့်က ပန်ရှီမျက်နှာထက်တွင် ပေါ်လာသည်။
"ဒီနည်းလမ်းက ပုံရိပ်ယောင်အစီအရင်တစ်ခုထက် ပိုအဓိပ္ပာယ်ရှိတယ်မလား"
ချီပင်းနှင့်ကုရှီတို့၏ အမူအရာများက ပို၍ပင် ကြည့်ရဆိုးသွားကြသည်။
ထိုအချိန်တွင် ကုရှီတီးတိုးပြောသည်။
"အချိန်မရွေး အဆောင်ကို သုံးပြီး ထွက်ပြေးဖို့ ပြင်ဆင်ထား"
ချီပင်းခေါင်းညိတ်သည်။
နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် သူတို့ဓားများကို ဆွဲထုတ်လိုက်ကြသည်။
ထိုအချိန်တွင် ကွေ့ကောရင် သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်၏။
သံလိုက်အိမ်မြှောင်၌ အပ်တစ်ချောင်းရှိသည်။ ဒါက ဖိနှိပ်ခြင်းစွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။
"မုဖူရှန်းက မင်းတို့အသင်းမှာဆိုတာ ငါသိပါတယ်၊ ဒါကြောင့် သူမင်းတို့ကို လွတ်မြောက်အဆောင်တစ်ချို့ သေချာပေါက်ပေးထားလိမ့်မယ်"
"ဒီတော့ မင်းတို့စွမ်းအင်တွေကို မဖြုန်းတီးနဲ့တော့" ကွေ့ကောရင် ထူးမခြားနားစွာပြောသည်။
"မင်းကောင်းကင်အင်မော်တယ်အဆင့် လွတ်မြောက်အဆောင်ကို မသုံးသေးသရွေ့ ငါ့သံလိုက်အိမ်မြှောက်အောက်မှာ လွတ်မြောက်အဆောင်ကို သုံးလို့မရဘူး"
ကွေ့ကောရင်အရင်က မုဖူရှန်း၏တိုက်ခိုက်မှုကို မြင်ဖူးသဖြင့် သူပြင်ဆင်ထားသည်။
ကုရှီနှင့်ချီပင်းတို့၏အမူအရာက ကြည့်ရဆိုးသွားကြ၏။
ဒီလိုဆိုပါက လွတ်မြောက်နိုင်ဖို့ ဖြစ်နိုင်ချေက သုညနီးပါးပင်ဖြစ်နေလေပြီ။
ပန်ရှီရယ်မောသည်။
"ကောင်းပြီ၊ ငါအသက်ရှုသံတွေကို မင်းတို့ဆီမှာ မဖြုန်းတီးချင်ဘူး၊ မင်းတို့ကျင့်ကြံခြင်းကို မင်းတို့ဖျက်ဆီးပြီး ငါတို့နောက်ကို လိုက်မလား ဒါမှမဟုတ် ငါတို့ကို တိုက်ခိုက်စေချင်လား"
ကုရှီနှာခေါင်းရှုံ့သည်။ ထက်ရှသည့်ဓားဆန္ဒက သူ့လက်ထဲက သုံးပေရှည်ဓားသွားကနေ ထွက်လာခဲ့သည်။
ချီပင်းလက်ထဲကဓားက ဝိဉာဉ်မီးတောက်နှင့် ဖုံးလွှမ်းသွား၏။
"ဓားသမားတွေက မတိုက်ခိုက်ဘဲ မရှုံးဘူး"
"တကယ်လို့ ငါဒီလိုအရှုံးကို ၀န်ခံလိုက်မယ်ဆိုရင် ငါက ဓားသမားတစ်ယောက်လို့တောင် မခေါ်ထိုက်တော့ဘူး...."
အပိုင်း(698) coming။