← Chapters

#ငရဲဘိုးဘေး#

Vol. 49 Ch. 699

#ငရဲဘိုးဘေး#

Vol. 49 Ch. 699

အငယ်၍ ငရဲမြို့အပြင်တွင် တစ်ယောက်ယောက်ရှိနေမည်ဆိုပါက သူတို့က သေချာပေါက် မေ့မရနိုင်သည့် မြင်ကွင်းတစ်ခုကို မြင်ကြပေလိမ့်မည်။

ထိုအချိန်တွင် ငရဲမြို့အပေါ်တွင် သွေးရောင်အလင်းတိုင်တစ်တိုင်က ငရဲမြိုအလယ်ဗဟိုကနေ ကောင်းကင်သို့ ပစ်၀င်သွား၏။

ဧရာမသွေးရောင်အလင်းတိုင်တစ်တိုင်က ချိပ်ပိတ်ထားသည့် ကျောက်တိုင်သုံးခုကို လွှမ်းခြုံသွားပြီး အဆုံးမဲ့သွေးအလင်းက သေမင်းဝိဉာဉ်မြို့တစ်ခုလုံး၌ ပြည့်နှက်သွားပုံရသည်။

သွေးချီကပေါက်ကွဲသွားသည်။

သတ်ဖြတ်ခြင်းဆန္ဒက လေထဲတွင်ပြည့်နှက်လာကာ လေထုက သွေးနံ့များနှင့် ပြည့်နှက်လာသည်။

သွေးနီရောင်အလင်းတိုင်အတွင်း အဆက်မပြတ် မြည်ဟီးနေသည့် ဝိဉာဉ်တစ်ခုရှိသည်။

ကြယ်တိမ်တိုက်မြို့က လဲ့ကျန်းချီနှင့် ကျန်သောသူများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့အမူအရာများက လေးနက်သွားကြ၏။

"ဒီအော်ရာ၊ ဒီဖိအား.... အဲမှာတကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ"

"ဒါ့အပြင် ဒီအော်ရာက ငရဲဂိုဏ်းက အဲဒီကောင်တွေနဲ့ အတော်လေးဆင်တူပုံပဲ"

"တကယ်လို့ဒါက ငရဲဂိုဏ်းက ထုတ်လွှတ်တဲ့ အော်ရာတစ်ခု တကယ်ဖြစ်နေရင်တော့ ငါတို့အစီအစဉ်တွေကို ပြောင်းရတော့မယ်"

"မှန်တယ်၊ ဒီအော်ရာက ငါတို့ခုခံနိုင်တဲ့အရာတစ်ခု မဟုတ်ဘူး၊ ငါတို့မဟာမိတ်ဖွဲ့ဖို့လိုနေပြီ"

"မြောင်ပန်းတုံ စုံစမ်းစစ်ဆေးတာကနေ လာပြီလား"

မြောင်ပန်းတုံက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့တိုက်ခိုက်ရေးစွမ်းအားက ထိပ်တန်းအဆင့် မဟုတ်သော်လည်း သူ့အသိစွမ်းရည်က ဒီနေရာတွင် ပြိုင်ဘက်ကင်းသည်။

လဲ့ကျန်းချီ တခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြောသည်။

"အစ်ကိုမြောင်ကို မြေအောက်သရဖူမြို့ကို ရှာခွင့်ပေးလိုက်ပါ၊ ငရဲဂိုဏ်းက အရမ်းအန္တရာယ်များတယ်၊ ငါတို့ သူတို့ကိုကိုင်တွယ်ဖို့အွက် မြေအောက်သရဖူမြို့နဲ့ မဟာမိတ်ဖွဲ့ရမယ်"

လူတိုင်းခေါင်းညိတ်သည်။

တခြားတစ်ဘက်တွင် မြေအောက်သရဖူမြို့၌ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း ကောင်းကင်ပေါ် ထိုးတက်လာသည့် သွေးရောင်အလင်းတိုင်ကို မြင်ပါသည်။

"ဒါကရိုးရာဓလေ့တစ်ခုခုလား"

"ဒါပေမယ့် ဒါကငါတို့ကို လူရှာဖို့အတွက် အချိန်သက်သာစေတာပေါ့၊ အဲဒီနေရာက ငရဲမြို့တည်ရှိနေတဲ့နေရာဖြစ်ရမယ်..."

ထိုအချိန်တွင် ငရဲမြို့၌ ပန်ရှီ၊ ကျန်းချန်၊ ဟန်ဟွားနှင့် ယုဟောင်တို့က ရောင်စုံအလင်းတိုင်ရှေ့တွင် ဒူးထောက်နေကြပြီး သူ့တို့မျက်နှာများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေကြ၏။ သူတို့ သွေးရောင်အလင်းတိုင်ထဲက ပွင့်လာသည့်သေတ္တာကိုကြည့်ရင်း မျက်လုံးအစုံက လေးစားမှုများဖြင့် ပြည့်လျှမ်းနေသည်။

ကွေ့ကောရင် ဒါကိုမြင်သောအခါ အနည်းငယ် အံ့ဩသင့်သွားရသည်။

"ဒီလိုအခြေအနေမျိုးမှာတောင် ဒီလိုအစွမ်းထက်အော်ရာတစ်ခုရှိတာဆိုတော့ ဒီငရဲဂိုဏ်းဘိုးဘေးက တကယ်ကို အစွမ်းထက်တာပဲ"

နှစ်ရက်အကြာတွင် သေတ္တာထဲကနေ အိုမင်းပြီး မနှစ်မြို့ဖွယ်ရာအသံတစ်သံ ထွက်လာသည်။

"ငါ့ကိုဘယ်သူနိုးထစေတာလဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သွေးနီရောင်အလင်းတိုင်က သေတ္တာထဲတွင် အဆက်မပြတ် စုပ်ယူခံရပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲကာ သေတ္တာကနေ လွတ်သွားသည်။

သွေးမြူများကစုစည်းရင်း လူသားပုံသဏ္ဍာန်ပုံရိပ်တစ်ခုကို ဖန်တီးသည်။

ဒါက အရိုးများသာကျန်ရှိနေသည့်အလား မျက်လုံးများချိုင့်၀င်ကာ ပါးလွှာသည့် ကိုယ်ခန္ဓာနှင့် အဖိုးအိုတစ်ဦးဖြစ်သည်။

ဒီအဖိုးအိုကိုမြင်သောအခါ ပန်ရှီနှင့်ကျန်သုံးယောက်က သူ့ကိုလျှော့မတွက်ရဲပေ။

သူချက်ချင်းပင် မြေပေါ်ခေါင်းမြှုပ်ရင်း ကျယ်လောင်စွာပြောသည်။

"ငရဲဂိုဏ်းတပည့်ပန်ရှီက ဘိုးဘေးကို နှုတ်ဆက်ပါတယ်"

"အိုး" အဖိုးအိုအနည်းငယ် မျက်မှောင်ကြုတ်ရင်း ပန်ရှီကိုကြည့်လိုက်၏။

"မင်းငါ့ကိုနိုးခဲ့တာလား"

"ဟုတ်ကဲ့၊ ကျွန်တော်ပါ"

"ခေါင်းမော့ကြပါ"

ဒါကိုကြားသောအခါ ပန်ရှီနှင့်ကျန်သောသူများက ချက်ချင်းခေါင်းမော့လိုက်ကြသည်။

အဖိုးအိုကပြောသည်။

"မင်းတို့ငါ့ကိုနိုးထစေပြီး ဒီသေတ္တာကနေ ထုတ်လွှတ်ပေးခဲ့တော့ ဘိုးဘေးလို့ခေါ်လို့ရတယ်"

ပန်ရှီနှင့်ကျန်သောသူများက အလွန်အမင်း ပျော်သွားကြသည်။

"ငရဲဂိုဏ်းရဲ့တပည့်တစ်ယောက်က ငါ့ကို လွှတ်ပေးခဲ့တာဆိုတော့ ဒါက ငရဲဂိုဏ်း ပြန်ပေါ်လာပြီလို့ ဆိုလိုနေတာပဲမလား"

ပန်ရှီခေါင်းညိတ်သည်။

"ဟုတ်ကဲ့ ဘိုးဘေး"

အေးစက်သည့်အပြုံးတစ်ပွင့်က ဘိုးဘေးမျက်နှာထက်တွင် ပေါ်လာခဲ့သည်။

"ဒီလိုဆိုမှတော့ ငါ့ခွန်အားကိုပြန်ရတဲ့အခါကျရင် အဲဒီဂိုဏ်းတွေနဲ့ စာရင်းရှင်းဖို့ အချိန်ကျပြီ"

"ဒါပေမယ့်ဒီမတိုင်ခင် မင်းငါ့အတွက် ခန္ဓာတစ်ခု ရှာပေးရမယ်"

"သာမန်ခန္ဓာတွေက ငါ့ဝိဉာဉ်ကို မခံနိုင်ဘူး"

ပန်ရှီချက်ချင်းပြောသည်။

"ဘိုးဘေး၊ ကျွန်တော်သင့်တော်သူတစ်ယောက် ရှာတွေ့ထားပါပြီ"

ထို့နောက် သူကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ပြီး လေထဲတွင် ပစ်လိုက်၏။

ပုံရိပ်တစ်ခုက ကျောက်စိမ်းဆွဲသီးထဲတွင် ပေါ်လာခဲ့သည်။ ထို့ထဲတွင် ရှောင်ဟိုင်၏ တိုကွဲမြင်ကွင်းဖြစ်သည်။

အဖိုးအိုဖတ်ရှုပြီးစီးသောအခါ ချက်ချင်းပြောသည်။

"ဒီလိုဆိုရင် ဒီလူရဲ့ခန္ဓာကို ငါယူလိုက်မယ်"

"ငါ့မှာရုပ်ခန္ဓာတစ်ခုရှိနေသရွေ့ ဒီကျောက်တိုင်က ဒီနေရာမှာငါ့ကိုထပ်ပြီး ချိပ်ပိတ်နိုင်မှာမဟုတ်တော့ဘူး"

"ငါလည်းဒီမြို့က ထွက်ခွာလို့ရတယ်"

ထိုနေရာတွင် အဖိုးအိုက ပန်ရှီအား ကြည့်ရင်းမေးသည်။

"မင်းရဲ့ အဲဒီခန္ဓာကဘယ်မှာလဲ"

ဒါကိုကြားသောအခါ ပန်ရှီသတိအပြည့်ဖြင့်ဖြေသည်။

"ကျွန်တော်ကအဲလူရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး"

"ဟမ်" ငရဲဘိုးဘေးမျက်မှောင်ကြုတ်သည်။

သူ့တွင်ရုပ်ခန္ဓာမရှိဘဲ ဝိဉာဉ်ကိုယ်ထည်သာရှိပြီး ခွန်အားကလည်း မကောင်းမွန်သေးသည့်တိုင် ဒီမျက်မှောင်ကြုတ်မှုက ပန်ရှီအား ချွေးအေးများပင် စိုရွှဲသွားစေပြီး ထပ်မံမြေပေါ်သို့ ခေါင်းမြှုပ်လိုက်ပြန်သည်။

"ဘိုးဘေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ အဲဒီလူကိုယ်ထဲက သွေး‌ကြောက တကယ်ပဲအရမ်းအားကောင်းသလို သူ့ခန္ဒာကလည်း အရမ်းအစွမ်းထက်ပါတယ်၊ ကျွန်တော်တစ်ယောက်တည်းက သူ့ပြိုင်ဘက်မဟုတ်ပါဘူး"

ဒါကိုကြားသောအခါ ငရဲဘိုးဘေးနှာခေါင်းရှုံ့သည်။

"အနာဂတ်မျိုးဆက်‌သစ်တွေက မျိုးဆက်တိုင်းမှာ ပိုဆိုးလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ငါမင်းကိုနည်းလမ်းနှစ်ခုပေးမယ်"

ထို့နောက် ငရဲဘိုးဘေးက လက်ကိုဆန့်ထုတ်ကာ ညွှန်ပြလိုက်စဉ် ချက်ချင်းဆိုသလို သွေးအလင်းလေးခုက ပန်ရှီနှင့် တခြားသူများ၏ နဖူးထဲပစ်၀င်သွား၏။

"ဒါကငါ့ရဲ့ဝိဉာဉ်စွမ်းအားပဲ၊ ဒါကိုအသုံးပြုပြီးရင် မင်းနယ်ပယ်ကို နာရီ၀က်အတွင်းမှာ မြေအင်မော်တယ်နယ်ပယ်အထိ တိုးမြှင့်ပေးနိုင်တယ်"

"မင်းအဲဒီခန္ဓာကို မရနိုင်သေးဘူးဆိုရင် သူတို့ကို ငရဲမြို့ကို မျှားခေါ်ဖို့အတွက် ဒုတိယနည်းလမ်းကိုသုံးတော့၊ အချိန်ကျလာတဲ့အခါကျရင် ငါကိုယ်တိုင်ကိုင်တွယ်မယ်"

လက်ရှိငရဲဘိုးဘေးက သေတ္တာချိပ်စည်းကနေ လွတ်မြောက်လာခဲ့သော်လည်း ဝိဉာဉ်ကိုယ်ထည်က သေမင်းဝိဉာဉ်မြို့၏ ဖိနှိပ်မှုကို ခံနေရဆဲပင်။

ဒီကျောက်တိုင်သုံးတိုင်၏ ဖိနှိပ်မှုကနေ သူမလွတ်မြောက်နိုင်ပါ။

ပန်ရှီနှင့် ကျန်သုံးယောက်က သဘောတူသည့်အသွင် ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ၊ မြန်မြန်သွားကြတော့"

ထို့နောက်ငရဲဘိုးဘေးက လေထဲတွင် တင်ပလ္လင်ခွေထိုင်ရင်း ပန်ရှီနှင့်ကျန်သောသူများကို လျစ်လျုရှုထားလိုက်သည်။

ပန်ရှီတို့ထွက်သွားသည်။

"မင်းဘာလုပ်မှာလဲ" ကွေ့ကောရင်မေးသည်။

"သူတို့ဘယ်မှာလဲဆိုတာ ငါတို့မသိသေးဘူး"

"သူတို့ဘယ်မှာလဲဆိုတာ ငါတို့သိစရာမလိုပါဘူး"

ပန်ရှီနှာခေါင်းရှုံ့ရင်းလျှောက်လာသည်။

"ယဲ့ချိုးပိုင်တို့ဖြစ်စေ၊ ကျန်တဲ့တစ်ကိုယ်တော်ကျင့်ကြံသူအုပ်စုဖြစ်စေ သူတို့က ခုနကလေးက သွေးရောင်အလင်းတိုင်ကို မြင်ကြမှာအသေအချာပဲ၊ သူတို့ သေချာပေါက် ငါတို့ကိုလာကြည့်ကြလိမ့်မယ်၊ ဒီတော့ ငါတို့လုပ်စရာဆိုလို့ တစ်ခုပဲရှိတယ်၊ ငါတို့ဒီမှာ တိတ်တဆိတ်စောင့်ရမယ်"

"သူတို့ကိုယ်သူတို့ အသေခံဖို့အတွက် ရောက်လာတာကို စောင့်ကြတာပေါ့"

ကွေ့ကောရင်သတိပေးသည်။

"အရင်ဆုံးပြင်ဆင်မှုတစ်ချို့ကို လုပ်တာပိုကောင်းတယ်၊ အဲဒီလူတွေက ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ မင်းသိပါတယ်"

ပန်ရှီအထင်အမြင်သေးစွာပြောသည်။

"သူတို့အားကောင်းတော့ရော ဘာအရေးလဲ၊ သူတို့နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်ပေမယ့် ငါတို့မြေအင်မော်တယ်နယ်ပယ်ကို ရောက်ရင်ရော"

"ဘိုးဘေးပေးတဲ့ ဝိဉာဉ်စွမ်းအားနဲ့ဆိုရင် သူတို့ မြေအင်မော်တယ်ကျွမ်းကျင်သူ လေးယောက်ကို ခုခံနိုင်မယ်ဆိုတာ ဖြစ်နိုင်လား"

"ဒါ့အပြင် ဘိုးဘေးက ဒီမှာစောင့်ကြပ်နေတော့ သူတို့အခြေအနေကို ဘယ်လိုပြောင်းနိုင်မလဲ"

ဒါကိုမြင်သောအခါ ကွေ့ကောရင် သူ့ကိုထပ်ပြီး နားချရန် မကြိုးစားတော့ပါ။

"မင်းလုပ်မယ့်အရာက မင်းအပေါ်မူတည်တယ်ဆိုတာ ငါသတိပေးရုံပဲ၊ မင်းရဲ့ငရဲဂိုဏ်းက ကတိကိုမမေ့ဘူးလို့ ငါမျှော်လင့်ပါတယ်"

"မဟုတ်ရင် ငါ့ရဲ့ကောင်းကင်ပြာမြစ်ဝါနန်းတော်က မင်းတို့အားလုံးကို ထပ်ပြီး ဖျက်ဆီးပစ်နိုင်တယ်"

ဒါကိုကြားသောအခါ ပန်ရှီ၏မျက်လုံးများက ဆိုးယုတ်သည့်အလင်းဖြင့် လင်း၀င်းသွားခဲ့သည်။

"မစိုးရိမ်ပါနဲ့"

အပိုင်း(700) coming။

All Chapters