← Chapters

#ကြယ်တိမ်တိုက်မြို့ရောက်လာခြင်း#

Vol. 49 Ch. 700

#ကြယ်တိမ်တိုက်မြို့ရောက်လာခြင်း#

Vol. 49 Ch. 700

မုဖူရှန်း အဆောင်ရေးထွင်းပြီးစီးပြီးနောက် ကာကွယ်ရေးအဆောင်နှင့် သတ်ဖြတ်ခြင်းအဆောင်များကို မြို့ရိုးလေးခုတွင် နေရာချနေသည်။

တစ်ချိန်တည်းမှာပင် သူက မြေအောက်သရဖူမြို့၏ ထောင့်လေးထောင့်ကို အခြေစိုက်စခန်းများအဖြစ် သုံးကာ ပျံသန်းခြင်းတားမြစ်အဆောင်များကို နေရာချခဲ့သည်။

အဆောင်လေးခုက အစီအရင်တစ်ခုပမာ အပြန်အလှန်ဆက်နွှယ်နေကြ၏။

မြေအောက်သရဖူမြို့ ငါးကီလိုမီတာအတွင်း ကောင်းကင်၌ ကြည်လင်သည့် အလင်းဖန်သားပြင်တစ်ခု ဖုံးလွှမ်းနေသည်။

ရန်သူအထဲကိုပျံသန်းလာသရွေ့ ပျံသန်းခြင်းတားမြစ်အဆောင်အောက်၌ သူတို့ ဖိနှိပ်ခံရပေလိမ့်မည်။

သူကခွန်အားအပြည့်အ၀ကို မထုတ်လွှတ်နိုင်တော့ဘဲ အနည်းဆုံး၃၀ရာခိုင်နှုန်းထိ ဖိနှိပ်ခံရမည်။ ယခုလိုကျယ်ပြန့်သည့် အကွာအဝေးကို ဖုံးရန်အတွက် အဆောင်စွမ်းအားကို အသုံးပြုခြင်းက အစီအရင်၏ သက်ရောက်မှုအပေါ် အောင်မြင်လုနီးပါးပင်။ ဒါကအတော်လေး ကြောက်စရာကောင်းနေပြီဟု ဆို၍ရသည်။ မည်သို့ပင်ဆိုစေကာမူ အဆောင်များနှင့် အစီအရင်များက လုံး၀ကွဲပြားသည့် စွမ်းအားနှစ်ခုဖြစ်နေသည် မဟုတ်ပေလော။ ထို့ကြောင့် အသုံး၀င်မှုကလည်း လုံး၀ကွဲပြားသည်။

အဆောင်က သယ်ရလွယ်ပြီး ပုံသေနေရာတစ်ခုတွင် ပေါက်ကွဲနိုင်သည်။ ဒါ့အပြင် ဒါကိုသုံးသောအခါ တခြားမည်သည့်ဝိဉာဉ်ချီကိုမှ ကုန်ခမ်းနေစရာမလိုပေ။

ဒါကသုံးရန်အတွက် ကန့်သတ်ချက်က အလွန်အမင်းနိမ့်ကျသည်။

တခြားတစ်ဘက်တွင် အစီအရင်များက ရွေ့လျားရန်ခက်ခဲသည်။ ၎င်းတို့က တစ်နေရာတည်းကိုသာ ကာကွယ်ပေးထားကြသည်။ ဒါတွေကို အသုံးပြုသောအခါ အစီအရင်တစ်ခုကို ချမှတ်ရန်အတွက် သဘာ၀ရတနာများစွာ သို့မဟုတ် လူတစ်ယောက်၏ ဝိဉာဉ်ချီအများအပြား လိုအပ်သည်။

သို့စေကာမူ အကွာအဝေးက အဆောင်ထက် အများကြီးပိုကြီးမားသည်။

အသုံးပြုမှုအတွက် အကန့်အသတ်ပမာဏကိုလည်း အကြီးအမားပင် တိုးလာစေသည်။

ထို့ကြောင့် မုဖူရှန်းအဆောင်အတွက် ယခုလိုသက်ရောက်မှုမျိုး ရရှိရန်ဟူသည် မလွယ်ကူပေ။ ဒါ့အပြင် သူတို့ဘက်က လူများက ပျံသန်းခြင်းတားမြစ်အဆောင်၏ သက်ရောက်မှုကိုမခံရပါ။

အဆောင်အားလုံးကို နေရာချပြီးနောက် ရုတ်တရက် မြေအောက်သရဖူမြို့(နတ်ဆိုးဘုရင်မြို့)ရှိ လူတိုင်းက စုမုယောင်၏ အသံပို့လွှတ်မှုကို ရရှိလိုက်ကြသည်။

တစ်နည်းအားဖြင့် မြို့ရိုး၏ အရှေ့ဘက်ခြမ်းတွင်ဖြစ်သည်။

"ကြယ်တိမ်တိုက်မြို့ကလူတွေ ဒီကို ရောက်နေကြတယ်၊ သူတို့ ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် ဆွေးနွေးချင်တယ်လို့ ပြောတယ်"

ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ယဲ့ချိုးပိုင် ချက်ချင်းအသံပို့လွှတ်သည်။

"တခြားမြို့ရိုးတွေကို စောင့်ကြပ်နေကြတဲ့ သူတွေကို အခုမလှုပ်ရှားခိုင်းနဲ့၊ တစ်ဘက်က ညှိုနှိုင်းမှုလုပ်ရာကနေတဆင့် တစ်ခြားဘက်တွေကနေ မြို့ကို ချိုးဖျက်ခြင်းကနေ တားဆီးကာကွယ်ကြ"

လူတိုင်းသဘောတူကြသည်။

ယဲ့ချိုးပိုင်နှင့်လင်းကျိနန်တို့က ချက်ချင်းပင် အရှေ့ဘက်မြို့ရိုးသို့ ဦးတည်လိုက်ကြသည်။

ထိုအချိန်တွင် မြို့ရိုးအပြင်ဘက်၌ လူသုံးယောက်ရပ်နေကြသည်။

စုမုယောင်ရှေ့ကလူသုံးယောက်ကို ကြည့်လိုက်စဉ် ချက်ချင်းမှတ်မိသွားသည်။

သူတို့ထဲကတစ်ယောက်က မျက်နှာ၌ အပြုံးရှိသည့် လူပိန်လေးတစ်ယောက်ပင်။ သူ့နာမည်က မြောင်ပန်တုံဖြစ်သည်။ သူက တစ်ကိုယ်တော်ကျင့်ကြံသူများအကြား သတင်းအချက်အလက်များစုဆောင်းရာ၌ ကျော်ကြားသည့် ကျင့်ကြံသူဖြစ်သည်။

သူတို့ မြေအောက်သရဖူမြို့၏ တည်နေရာကိုလည်း ရှာတွေ့ခဲ့သည်ဟု ယူဆ၍ရသည်။

ဘယ်ဘက်က လှံကိုင်ထားသည့်သူက လေနှင့်မိုးကြိုးစွမ်းအားနှင့်အတူ လှံပညာရပ်၌ ကျော်ကြားသည့် ချန်ဟွီဖြစ်သည်။ သူ့နယ်ပယ်က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်နေလေပြီ။

အလယ်က ဗျပ်စောင်းပေါ်လက်တင်ထားသည့် အဖြူ၀တ်လူကမူ မှတိမိရန်ပိုလွယ်သည်။ သူက ဓားလမ်းစဉ်ကို ဂီတနှင့်အတူ ၀င်ခဲ့သည့် လဲ့ကျန်းချီပင်။

"ဒီမှာဘာလာလုပ်ကြတာလဲ" စုမုယောင်မေးသည်။

ချန်ဟွီမျက်ခုံးပင့်ရင်း စုမုယောင်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာပြောသည်။

"မြေအောက်သရဖူမြို့ကို မင်းဦးဆောင်တာလား၊ ဒီလိုဆိုရင်တော့ မြို့တံခါးကို ဖွင့်ပေးပါ၊ ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး၊ ငါတို့ ဒီကို ငရဲမြို့ကို ဆန့်ကျင်မယ့် စစ်ဆင်ရေးအကြောင်း ဆွေးနွေးဖို့အတွက် လာတာပါ"

စုမုယောင်တစ်ခုခုပြောရန်ပြင်လိုက်စဉ် ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က အတူတကွ ရောက်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့မြို့ရိုးကို ရောက်လာသည်။

ဒါကိုမြင်သောအခါ စုမုယောင်တည်ငြိမ်စွာပြောသည်။

"ငါကတာ၀န်ရှိတဲ့သူမဟုတ်ပါဘူး၊ သူပါ" ထို့နောက် သူမ ယဲ့ချိုးပိုင်အား လက်ညိုးထိုးပြသည်။

"အိုး"

ချန်းဟွီနှင့် မြောင်ပန်တုံတို့က ယဲ့ချိုးပိုင်အား အနည်းငယ်မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူတို့၏မျက်လုံးများက အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေသည်။

စုမိသားစု၏ သမီးကြီးဖြစ်သည့် စုမုယောင်က စုမိသားစုအနာဂတ် ခေါင်းဆောင်ဖြစ်သည့်တိုင် ဒီလူအုပ်စု၏ ခေါင်းဆောင်မဟုတ်ပေ။

ယင်းအစား ဒီအရည်အချင်းကို သူမတစ်ခြားအမည်မသိလူတစ်ယောက်ကို ပေးခဲ့သည်။

လင်းကျိနန်က ခေါင်းဆောင်ဆိုလျှင်ပင် သူတို့နားလည်နိုင်ပါသေးငည်။

သို့စေကာမူ နှစ်ယောက်စလုံးက ဘယ်သူမှ ခေါင်းဆောင်ရာထူးကို မယူထားသဖြင့် ဒါက ချန်ဟွီနှင့်မြောင်ပန်တုံကို အံ့ဩသင့်စေသည်။

ဒီလူက ဒါနဲ့ထိုက်တန်အောင် ဘာများလုပ်ခဲ့တာလဲ!

သူက အင်မော်တယ်တပိုင်းနယ်ပယ်ကိုပင် မရောက်သေး။

လဲ့ကျန်းချီ၏ အမူအရာသာလျှင် အနည်းငယ်မျှပင် အတက်အကျမရှိဘဲ တည်ငြိမ်နေသည်။

သူကဒါကြောင့် အံ့အားသင့်ပုံမပေါ်ပေ။

ယဲ့ချိုးပိုင်မေးသည်။

"မင်းတို့မဟာမိတ်ဖွဲ့ချင်တာလား"

တခဏကြာဆွံအနေပြီးနောက်မှသာ ချန်ဟွီတုံ့ပြန်လာသည်။ သူယဲ့ချိုးပိုင်အား ကြည့်ကာ ခပ်ပေါ့ပေါ့ပြောသည်။

"မှန်ပါတယ်၊ အဲဒီတုန်းက သွေးရောင်အလင်းတိုင်ကို မင်းလည်းတွေ့ခဲ့မှာပါ၊ ဒါကို ငရဲဂိုဏ်းကလူတွေ ဖန်တီးခဲ့တယ်ဆိုတာကိုလည်း မင်းသိမှာပါ"

"တစ်ဘက်အဖွဲ့ရဲ့ နည်းလမ်းတွေက အရမ်းရက်စက်ပြီး ခွန်အားက အားကောင်းတယ်၊ ငါတို့အင်အားစုနှစ်ခု ငရဲမြို့ကို အရင်ရှင်းပစ်မယ်ဆိုရင် ငါတို့အတွက် ဒါက ပိုအကျိုးရှိမယ်လို့ ငါယုံကြည်တယ်"

ယဲ့ချိုးပိုင်နှင့် လင်းကျိနန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့ပြောတာမှန်ပုံရသည်။

ဒီကြောက်မက်ဖွယ်ရာ သွေးရောင်အလင်းတိုင်ကို မြင်ပြီးနောက် တစ်ဘက်တွင် မဟာမိတ်ဖွဲ့ရန်အတွက် အတွေးများပင် ရှိလာခဲ့လေပြီ။

သို့စေကာမူ သတိထားရန် လိုအပ်ပါသေးသည်။

ယဲ့ချိုးပိုင်မေးသည်။

"မင်းတို့ တကယ်ပဲ မဟာမိတ်ဖွဲ့ချင်နေတယ်ဆိုတာ ငါတို့ဘယ်လိုယုံရမလဲ"

ဒါကိုကြားသောအခါ ချန်ဟွီအနည်းငယ် မျက်မှောင်ကြုတ်သည်။

"မင်းငါတို့ကို ဘယ်လိုသက်သေပြစေချင်တာလဲ၊ ဒါ့အပြင် မင်းက သွေးပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲလေ၊ မင်းဘေးက လူနှစ်ယောက်နဲ့ ဒီအကြောင်းကို မဆွေးနွေးသင့်ဘူးလား"

"မဟာမိတ်ဖွဲ့မှုက ကျရှုံးပြီး မင်း ငရဲမြို့ကို တစ်ယောက်တည်းရင်ဆိုင်ရမှာကို မကြောက်ဘူးလား"

ယဲ့ချိုးပိုင်ပခုံးတွန့်သည်။

"မင်းဒီလိုမဟာမိတ်ဖွဲ့ဖို့အတွက် ဆန္ဒရှိမနေဘူးဆိုရင် မင်းရဲ့စေ့ဆော်မှုတွေကို သံသယ၀င်ရမယ့် အကြောင်းပြချက် ငါ့မှာရှိတယ်"

ပြင်ပရန်သူရှိနေသည့်အခြေအနေတွင် ကြောက်စရာအကောင်းဆုံးက ရန်သူ၏ ခွန်အားက အရမ်းအားကောင်းနေခြင်းမဟုတ်ပေ။

အစိုးရိမ်ရဆုံးအရာက မဟာမိတ်တစ်ယောက်က သူတို့နှလုံးသားကို နောက်ကနေ ရုတ်တရက် ဓားနှင့်ထိုးစိုက်ပစ်ခြင်းပင်။

ဒါကသေစေလောက်သည့်အရာပေတည်း။

လင်းကျိနန်နှင့် စုမုယောင်တို့ကလည်း ယဲ့ချိုးပိုင်၏ လုပ်ရပ်များကို သဘောတူကြပြီး ဘာမှ မပြောကြပေ။

ချန်ဟွီလှံကိုပို၍တင်းတင်း ဆုပ်ကိုင်ကာ လေနှင့်မိုးကြိုးစွမ်းအားကို လှံထိပ်တွင် စတင်လှည့်ပတ်စေပြီး ရှေ့တစ်လှမ်းတိုးကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ် လဲ့ကျန်းချီ သူ့လမ်းကို ပိတ်ဆို့လိုက်သည်။

"မဆင်မခြင်မလုပ်နဲ့"

ချန်ဟွီအနည်းငယ်မျက်မှောင်ကြုတ်သည်။

"သူက သွေးပြောင်းလဲခြင်းနယ်ပယ်က ဓားသမားတစ်ယောက်ပဲလေ၊ မင်းငါ့ကို ဘာလို့ တားနေရတာလဲ"

သို့စေကာမူ လဲ့ကျန်းချီခေါင်းခါယမ်းသည်။

"ဒီလူကို မင်းနယ်ပယ်အရ ကြည့်လို့မရဘူး၊ သူက သာမန်လူတစ်ယောက်မဟုတ်ဘူး"

ချန်ဟွီအနည်းငယ်ကြက်သေသေသွားသည်။

ယှဉ်၍မရနိုင်လောက်အောင် မောက်မာတဲ့ လဲ့ကျန်းချီကတောင် ဒီလိုပြောလာတာလား!

ချန်ဟွီ မျိုးဆက်တစ်ခုတည်းက လူအများအပြားကို အရမ်းကြီးမြင့်မြင့်မတွေးတောထားဟု ပြော၍ရသည်။

တိုက်ဆိုင်စွာပင် သူမြင့်မြင့်တွေးသည့်သူများထဲတွင် လဲ့ကျန်းချီက တစ်ယောက်အပါအ၀င်ဖြစ်သည်။

ထို့နောက်တွင်သာ ချန်ဟွီလှံကို သိမ်းလိုက်ပြီး လေနှင့်မိုးကြိုးစွမ်းအားကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီ ယဲ့ချိုးပိုင်ကိုကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"မင်းလည်း အဲဒီသွေးရောအလင်းတိုင်ရဲ့ အန္တရာယ်ကို ခံစားမိမယ်လို့ ငါယုံတယ်၊ ငရဲဂိုဏ်းအခု ဘာတွေလုပ်နေသလဲဆိုတာ ငါတို့မသိဘူး၊ ဒါပေမယ့် ဒါက ငါတို့နှစ်ဘက်စလုံးအတွက် ကောင်းတဲ့အရာတစ်ခု မဟုတ်တာတော့ သေချာတယ်"

"ဒါ့အပြင် ငရဲဂိုဏ်းရဲ့နည်းစနစ်တွေက အရမ်းရက်စက်လွန်းပြီး သူတို့က အလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးရဲ့ ရန်သူတွေဖြစ်ကြတယ်၊ ငါတို့မျှတစွာ မတိုက်ခိုက်ခင် ငရဲဂိုဏ်းကို အရင် ဖျက်ဆီးပစ်မယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

"မင်းငါ့ကိုမယုံဘူးဆိုရင် ငါမင်းနဲ့ညှိနှိုင်းဆွေးနွေးဖို့ တစ်ယောက်တည်းလာခဲ့မယ်၊ ဒီလိုဆိုရင်ရော"

ဒါကိုကြားသောအခါ လင်းကျိနန် ယဲ့ချိုးပိုင်ကိုပြောသည်။

"ဒါမှန်လောက်ပါတယ်"

ယဲ့ချိုးပိုင်ညင်သာစွာ ခေါင်းညိတ်ရင်း လဲ့ကျန်းချီအား စိုက်ကြည့်သည်။

"၀င်လာခဲ့ပါ"

ထို့နောက် သူလက်ဝှေ့ယမ်းကာ အရှေ့ဘက်က မြို့ရိုးတံခါးကိုဖွင့်ပေးသည်။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီ ဖြည်းဖြည်းချင်း ၀င်လာသည်။

"မင်းဘယ်လိုမဟာမိတ်ဖွဲ့ချင်လဲ"

"ချက်ချင်းလှုပ်ရှားပြီး ငရဲဂိုဏ်းကို ရှင်းပစ်ရမယ်" လဲ့ကျန်းချီ မဆိုင်းမတွပြောလာသည်။

"ပိုမြန်လေလေ၊ ပြိုင်ဘက်ရဲ့ပြင်ဆင်ချိန်က ပိုတိုတောင်းလေလေပဲ....."

အပိုင်း(701) coming။

All Chapters