ကြေးဓားနဲ့ နတ်ဆိုးနဂါးကိုသတ်
Vol. 8 Ch. 107
မုတ်ဆိတ်မွေးကလည်း ခေါင်းကုတ်သည်။
"နတ်ဆိုးကို စိတ်ညစ်အောင် လုပ်နေတာ ချန်ရှီလို့ပဲ ထင်နေတယ်... ဒီကလေးက ညသန်းခေါင်မှာတောင် မအိပ်ဘဲ ထဆော့နေတာ... ဒီရက်ပိုင်း သူ မဖျားသေးဘူး... ချန်ယင်တုက မြေအောက်ကမ္ဘာမှာ အလုပ်ကောင်းကောင်း လုပ်နေတယ် ထင်တယ်... ငါ ပြန်အိပ်တော့မယ်"
အဘွားရှား: "မအိပ်နဲ့... ဘာမှမသိလိုက်ခင် ကြီးကြီးမားမား ဖြစ်သွားနိုင်တယ်"
ချင်းယန်လည်း ချန်ရှီကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
"ဒီကလေးက ပြဿနာ ကြီးကြီးမားမား တစ်ခုခု လုပ်လိမ့်မယ်လို့ ငါ တစ်ချိန်လုံး ခံစားနေရတယ်!"
"မင်းက နေ့တိုင်း သူ ကြီးကြီးမားမား တစ်ခုခုလုပ်တော့မယ်လို့ ခံစားနေရတာမလား... မင်း နေ့တိုင်း စိတ်တွေ လှုပ်ရှားနေတာလေ... မြေအောက် က ပြန်လာ ကတည်းက ငါလည်း အိပ်မပျော်တဲ့ ညတွေက များနေပြီ"
မုတ်ဆိတ်မွေးက ဒေါသတကြီးနဲ့ တူနေသည်။
"မင်းနဲ့မတူဘူး... ငါဂရုစိုက်ဖို့ ချောမောလှပတဲ့ မောင်းမမိဿံတွေ အများကြီးရှိတယ်... ငါမပြန်ရင် ငါ့မိသားစုက ငါးပါး မှောက်သွားလိမ့်မယ်!"
တကယ်တော့ အဘွားရှားလည်း ပင်ပန်းနေပါပြီ။ ဒီရက်တွေမှာ သူမ ပြေးလွှားနေရသည်။ ချန်ရှီ ဒုက္ခရောက်မှာကို သတိထားရမှာဖြစ်ပေမယ့် သူမရဲ့ မိသားစုက အခုဆို ချမ်းသာမှု ကင်းမဲ့ပြီး အနားယူဖို့ အချိန်ကလည်း မရှိတော့ချေ။
သူမက လူအိုတစ်ယောက်ဖြစ်ပြီး သူမရဲ့ စွမ်းအင်တွေက အရင်ကလိုလည်း မကောင်းမွန်တော့ပေ။ သူမက ပြုံးပြီးပြောလိုက်သည်။
"ချန်ရှီက ဒီရက်ပိုင်းမှာ မကောင်းမှုတွေ အများကြီးလုပ်ခဲ့ပေမယ့် သူ့တာဝန် သူယူတယ်... ကြီးကြီးမားမား မလုပ်သေးဘူး.. တောင်တန်းအရှင်က သူ့ဘုံကျောင်းလေးထဲမှာ မရှိတော့ဘူး ဆိုတော့ စိတ်အေးလို့ရပြီလို့ ပြောရမယ်... ချန်ရှီသွားတဲ့ လမ်းကို စောင့်ကြပ်ထားဖို့ တစ္ဆေဘုရင် တစ်ပါး ထားခဲ့လိုက်မယ်"
သူမသည် တစ္ဆေဘုရင်တစ်ပါးကို ချန်ထားခဲ့ကာ အမိန့်ပေးခဲ့သည်။
"ချန်ရှီ ဒုက္ခရောက်ရင် ဒါမှမဟုတ် ပြဿနာ ရှာရင် လာလာပြီး သတင်းပို့..."
တစ္ဆေဘုရင်ငါးပါးထဲက တတိယမြောက် ဘုရင်က သူ့လက်ကို ဖြန့်ကာ ဂါဝရပြုလိုက်သည်။
“အမိန့်နာခံပါ့မယ်”
ထိုစကား ပြောပြီးနောက် သူသည် အရိပ်များထဲတွင် ရပ်ကာ ချန်ရှီကို အဝေးကနေပဲ ကြည့်ခဲ့သည်။
အဘွားရှားတို့ သုံးယောက်သားက သီးခြားစီ ထွက်သွားကြသည်။
ထိုညမှာတော့ တစ္တေသတို့သမီးမှာ အလွန်ညှဉ်းပန်း နှိပ်စက်ခံနေရ၏။ အနီရောင်ထိုင်ခုံကြီးပေါ်ရှိ လူသည် သတို့သမီးမဟုတ်တော့ဘဲ ချန်ရှီ ဖြစ်နေသည်။ မင်္ဂလာဝေါယာဥ်ကြီးက နေရာတိုင်းတွင် တီးမှုတ်သီဆိုကာ ချန်ရှီကို ခေါ်ဆောင်သွားဆဲ ဖြစ်သည်။
ထိုညတွင် သူ့ကို တွေ့သူများက ဟွမ်ဖောရွာမှ ဆရာကြီးချန်ဟာ ဝေါယာဥ်ပေါ်တွင် ထိုင်ကာ သတို့သား အဝတ်အစားများကို ဝတ်ထားကြောင်း၊ သူ့ပုံစံက အလွန်ပျော်ရွှင်ပြီး ကြောက်စရာကောင်းနေကြောင်း ပြောကုန်ကြသည်။
ဒီသတင်း ပျံ့နှံ့သွားတဲ့အခါ ဆရာကြီးချန်ရှီက သရဲသတို့သမီးနဲ့ လက်ထပ်ပြီးပြီမလို့ မကြာခင်မှာပဲ ရုတ်တရက် သေဆုံးသွားလိမ့်မယ်လို့ လူတွေက ပြောလာကြပြန်သည်။ သို့သော်လည်း အချိန်အတော် ကြာပြီးတဲ့အထိ နေကောင်းပြီး ကြည့်ကောင်းနေဆဲပါ။
ဒါပေမယ့် လူတွေက တစ္ဆေသတို့သမီးကိုတောင် နောက်ထပ် ထပ်မတွေ့ရတော့ချေ။
"ဆရာချန်က တစ္ဆေသတို့သမီးကို ရိုက်ပစ်လိုက်တာ!"
ဈေးကိုသွားတဲ့ လမ်းမှာတော့ ယွိကျူရဲ့အဖွား၊ အဘွားကြီးဝူကျူသည် အနောက်ရွာက အဘွားကြီးဝမ်ကို လေးနက်တဲ့ အမူအရာနဲ့ ပြောပြနေ၏။
"သတို့သမီးက ဝေါယာဥ်ပေါ်ကနေ ဇောက်ထိုးကြီး ပြုတ်ကျလာတာ... အော်လိုက်တာမှ သနားစရာတောင် ကောင်းနေသေးတယ်...သူက အော်ရင်း အဝတ်တွေကို စုတ်ဖြဲနေသေးတာ!"
"ဆရာချန်က အဲ့လောက်တောင် အစွမ်းထက်တာလား?"
"မှန်တယ်... သူက ပညာရှင်လေ... စာပေလောကက ဆင်းသက်လာတဲ့ ကြယ်တစ်ပွင့်"
အဘွားကြီးဝူကျူက ပြောနေသည်။
"တစ္ဆေသတို့သမီးနဲ့ ပက်သက်မိရင် ကံကြမ္မာဆိုးကြီး ငါးခု ကြုံရတတ်တယ်တဲ့.... ဒီတစ်ခါတော့ ဆရာချန်က တစ္ဆေသတို့သမီးကို နှိမ်နင်းဖို့ အထူးသီးသန့် ဆင်းလာခဲ့တာ ဖြစ်မယ်...ဆရာချန်က မကြာခင် ကောင်းကင်ဘုံကို ပြန်တက်တော့မလား မသိဘူး!"
အချိန်အတော် ကြာတဲ့အထိ ကျေးလက်မှာ ချန်ရှီနဲ့ တစ္ဆေသတို့သမီးအကြောင်း ကောလာဟလတွေ ပြည့်နှက်နေခဲ့သည်။ ချန်ရှီ တစ္ဆေသတို့သမီးကို လွှတ်လိုက်ပေမယ့် တစ္ဆေသတို့သမီး အစာရှာ ထွက်လာတာကို ရက်အတော်ကြာတဲ့အထိ မတွေ့ခဲ့ရပေ။
နောက်ပိုင်း ညဉ့်နက်သန်းခေါင်တွင် နတ်ဆိုးများနှင့်တွေ့ပြီး ညှဉ်းပန်းနှိပ်စက် ပေးလိုက်မှ တခြားနတ်ဆိုးများထံမှ သတင်းရခဲ့သည်။ သူမဟာ ပျက်စီးနေသော ဘုံကျောင်းတစ်ကျောင်းကို တွေ့တော့ စိတ်ပြောင်းကာ ကန့်ညောင် ဖြစ်လာခဲ့ပြီတဲ့။
ချန်ရှီသည် မူလက သတို့သမီးကို အလွန် သဘောကျနေခဲ့သည်။ သူမကို နတ်သန္ဓေသားအဖြစ် သုံးလိုက်တုန်းက တခြားနတ်ဆိုးများထက် ပိုမိုလျင်မြန်စွာ လေ့ကျင့်နိုင်ခဲ့သည်။ သို့သော် တစ္ဆေ သတို့သမီးက စိတ်နှလုံး သာသာယာယာဖြင့် ကန့်ညောင် ဖြစ်သွားလေပြီ။
အချိန်အတော် ကြာပြီးနောက် နတ်ဆိုးများသည် ဤအနီးနားတွင် နတ်ဆိုးကြီး တစ်ကောင်ရှိနေကြောင်းကို သတင်းဖြန့်လိုက်ရာ ကျန်နတ်ဆိုးများလည်း ထိတ်လန့်ကုန်တော့၏။ သူတို့ဟာ ဖမ်းမိပြီးနောက် ထူးဆန်းသော အိမ်ထဲသို့ ပစ်ချခံရကာ မမြင်နိုင်သော ကြိုးများဖြင့် ချည်နှောင်ခံရတတ်သည်။
တံခါးဖွင့်ထားသော်လည်း မလှုပ်နိုင်။
ထို့နောက်တွင် ထူးဆန်းသော အပူရှိန်သည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာပြီး အခြားနတ်ဆိုးများကို တိုက်ခိုက်ရန် ထူးဆန်းသော ကိုယ်ဟန်အနေအထားများ လုပ်ရတော့သည်။ သူတို့ကိုယ်သူတို့ ဘယ်လိုမှ မထိန်းချုပ်နိုင်ကြချေ။
ချန်ယန်တောင်အနီးတွင် နတ်ဆိုးများ နည်းပါးပြီး အချို့မှာ ညတွင်းချင်းပင် ပြောင်းရွှေ့သွားကြသည်။ အချို့မှာ ပုန်းရှောင်နေကြကာ အချို့မှာ နတ်ဆိုးအသစ်ကို ရှောင်ရှားရန် ကျောက်ဆောင်များနှင့် သစ်ပင်များပေါ်တွင် တွယ်ကပ်နေကြ၏။ လူတွေကို အချိန်မရွေး စားနိုင်ပေမယ့် နတ်ဆိုးကြီးဆီမှာ ဖမ်းမိသွားရင်တော့ အရှက်ပါကုန်လိမ့်မည်။
တချို့ နတ်ဆိုးများက မယုံကြသဖြင့် ညဘက် လထွက်လာတာနဲ့ အစာရှာထွက်ကြရာ ပျောက်သွားကြပြန်၏။ ရက်အနည်းငယ် ကြာပြီးနောက် ပြန်ဆုံတွေ့သောအခါတွင် ထိုနတ်ဆိုးဟာ ညှင်းပန်းနှိပ်စက် ခံနေရသကဲ့သို့ ညစ်ပတ်လာသည်။
ပိုထူးဆန်းတာက ချန်ရှီ ဖမ်းမိတဲ့ နတ်ဆိုးတွေက သူ့ဘုံကျောင်းငယ်လေးမှ အမွှေးတိုင်တွေကို ရှူရှိုက်ရင်း လူသားစားတဲ့အပေါ် စိတ်ဝင်စားမှုက အလွန်လျော့ကျသွားပြီး အမွှေးတိုင်ကို ပိုစိတ်ဝင်စားလာကြတာပဲ ဖြစ်၏။
နတ်ဆိုးအချို့သည် ရှေးဟောင်းသစ်ပင်များအတွင်း သို့မဟုတ် တောင်ကုန်း၊ ထူးဆန်းသော ကျောက်ဆောင်များ အတွင်း၊ ကြုံရာကျပန်း ပျက်စီးသွားသော ရှေးဟောင်း ကျောက်ရုပ်တုများကို ရှာကာ လမ်းသွားလမ်းလာများကို ကာကွယ်ကာ နံ့သာပေါင်းကို ရှာဖွေလာကြသည်။
တစ်လခွဲမပြည့်မီတွင် ချန်ယန်တောင်ရှိ နတ်ဆိုးအများစု လျော့ကျသွားလေ၏။ ဆန့်ကျင်ဘက် အနေဖြင့် ကာကွယ်ရသည့် ပိုလုံခြုံသော နေရာများကသာ များလာသည်။
အခြားအရပ်မှ ထွက်ပြေးလာသော ရွာသားတချို့ဆို ချန်ယန်တောင်ကို ရောက်လာကာ ပိုင်ရှင်မဲ့နတ်များကို တွေ့သည်နှင့် အမွှေးတိုင်များဖြင့် ပူဇော်ကြပြီး သူတို့ကန့်ညောင်အဖြစ် ကိုးကွယ်ကြသည်။ ဒါ့အပြင် ရွာသစ်၏ ရှေ့ပြေးပုံစံအဖြစ် ကန့်ညောင် အနီးနားတွင် အိမ်များပါ ဆောက်လာကြ၏။
"ချန်ရှီက ကြီးကျယ်ခမ်းနားတဲ့ ကိစ္စကို လုပ်နေသလိုပဲ.."
ချန်ယန်တောင်တန်းဒေသမှာ ရွာတွေ ပိုများလာတာကို တွေ့လိုက်ရတော့ အဘွားရှားလည်း အံ့သြနေရသည်။
"သူ့ဘုံကျောင်းငယ်လေးက အံ့သြစရာကောင်းတယ်... ဒီဘုံကျောင်းငယ်လေးက နတ်ဆိုးတွေကို အမွှေးတိုင်တွေ လက်ခံပြီး လူတွေကို အန္တရာယ်ပေးမယ့် ကပ်ဘေးကို ပြောင်းလဲပစ်နိုင်တာ ဖြစ်မယ်... နတ်ဆိုးတွေကနေ လူတွေကို အကာအကွယ်ပေးတဲ့ ကန့်ညောင်တွေ ဖြစ်သွားစေတာ... ဒီလိုကိစ္စမျိုးကို ငါ့တစ်ဘဝလုံး တစ်ခါမှတောင် မကြားဖူးဘူး.. တစ်ဆယ်လေးရဲ့ ကန့်ညောင်က ဘယ်သူလဲ? ဘယ်လိုမျိုး ဖြစ်တည်မှုမျိုးနဲ့မလို့ တစ်ဆယ်လေးကို ဘုံကျောင်းငယ်တစ်ခု ပေးလိုက်တာများလဲ?"
သူမ ပဟေဌိဖြစ်သွားခဲ့သည်။
"ကျောက်ပြားကန့်ညောင်ရဲ့ နောက်ခံသမိုင်းကြောင်းကို သိတဲ့သူက ချန်ယန်တောင်ရဲ့ တောင်တန်းအရှင် တစ်ယောက်ပဲ ရှိမှာပဲ ဒါပေမဲ့ တောင်တန်းအရှင်က ငါတို့အမွှေးတိုင်တွေ ပူဇော်ပြီး ခေါ်တာတောင် ဘယ်လိုမှ ပြန်မတုံ့ပြန်ဘူး"
သူမသည် ချန်ရှီရဲ့ ကန့်ညောင် အကြောင်း ပို၍ပင် သိချင်နေခဲ့သည်။
"ထူးဆန်းလိုက်တာ.... လောင်စန်းကလည်း ချန်ရှီ ဘယ်ရောက်နေတယ်ဆိုတာကို သတင်းမပို့တာ တော်တော်ကြာနေပြီ"
သူမသည် သူမကိစ္စနှင့်သူမ အလုပ်ရှုပ်နေသဖြင့် တစ္ဆေဘုရင်သုံးဆီက သတင်းပို့မလာတာကို အခုမှ သတိရကာ အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ထိုကိစ္စကို နောက်ကွယ်တွင် ထားခဲ့ကာ သိုးဦးချိုမီးအိမ်ဖြင့် မြေအောက်ကမ္ဘာကို ဆက်လက်ရှာဖွေခဲ့သည်။
ချန်ယန်တောင်တန်း ဒေသရှိ ရွာသူရွာသားများသည် ယခုအခါ နတ်ဆိုးများကို တွေ့နေရတာလည်း အလွန်နည်းသွားသည်။ အလွန်မြန်သော ရေပေါ်ဦးခေါင်းများကိုပင် တွေ့ရခဲလာသည်။
သူတို့သည် ညဘက်တွင် အပြင်ထွက်၍ ရွာတစ်ရွာမှ တစ်နေရာသို့ သွားလာသော်လည်း နတ်ဆိုးတစ်ကောင်မျှပင် မတွေ့ရပေ။ လယ်ကွင်းများထဲတွင် အလုပ်သွားလုပ်သောအခါတွင် နတ်ဆိုးများဆီက ကျူးကျော်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘဲ စိတ်အေးလက်အေး ဖြစ်လာသည်။
နောက်ပိုင်းတွင် ချန်ယန်တောင်ကို ဖြတ်သွားသော နတ်ဆိုးများပင်လျှင် ချန်ယန်တောင်ပေါ်မှ ထွက်ခွာပြီးနောက် မကောင်းမှုမလုပ်ဘဲ ကန့်ညောင်အလုပ်ဖြင့် အခြေချကုန်ကြသည်။ ဤနေရာတွင် နတ်ဆိုးကြီးချန် ဟုခေါ်သော နတ်ဆိုးတစ်ကောင် ရှိနေကြောင်း သတင်းမွှေးနေ၏။ ၎င်းက ရောက်လာသမျှ နတ်ဆိုးများကို ဖမ်းဆီးကာ ထူးဆန်းသော အိမ်ထဲတွင် အကျဥ်းချထားလိမ့်မည်။
ချန်ရှီ ကြီးကျယ်ခမ်းနားသော လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပြီ ဖြစ်သော်လည်း အဘွားဝူကျူရဲ့ မျှော်လင့်ချက်လိုမျိုး ကောင်းကင်သို့ မတက်နိုင်သေးတာကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
သူ့ရဲ့ ရွှေအမြုတေက ဒုတိယအဆင့်သို့ ရောက်ရှိသွားကာ အသက်ရင်းမြစ်က ကျူးလင်နန်းတော် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ကြားဖူးတဲ့အတိုင်း ရွှေအမြုတေက ကျူးလင်နန်းတော် အဆင့် ရောက်သွားတဲ့အခါ ဘီးပါတဲ့ ရထားလုံးလို လှည့်ပတ်လျက်ရှိသည်။
သူ့အသက်ရင်းမြစ်ထဲတွင် ဘီးပုံသဏ္ဌာန်အိုး၏ အလယ်တွင် ရွှေအမြုတေလေးက နေရာယူထား၏။ မီးတောက်များက သွေးကြောများလို ဝိုင်းရံကာ ရွှေအမြုတေထဲ အဆက်မပြတ်စီးဆင်းကာ အလွန်တောက်ပနေပါသည်။
ပထမအဆင့်မှ ဒုတိယအဆင့် ရွှေအမြုတေကို ခုန်တက်ရန် တစ်လသာလိုတော့သည်။ အရမ်းမြန်တယ်လို့ ဆိုရမည်။ သူ့အရှိန်က နတ်သန္ဓေသားရှိသော လူများနှင့် ယှဉ်နေပြီပဲ ဖြစ်သည်။
သို့သော် သူ့အဖိုးက ကျင့်ကြံမှု နက်ရှိုင်းလာသည်နှင့်အမျှ သူနေ့စဉ်သောက်သော ဆေးဝါးများကလည်း ထပ်တိုးမည်။ ဆေးဖက်ဝင်ဟင်းရည်အိုး အတွက် အသုံးပြုရသည့် ဆေးဖက်ဝင် ပစ္စည်းများကိုလည်း နှစ်ဆတိုးရန် လိုအပ်ကြောင်း ပြောခဲ့ဖူးသည်။
ဒီလိုဆိုရင် သုံးစွဲရမယ့် ငွေကလည်း နှစ်ဆတိုးလိမ့်မည်။
ချန်ရှီ သက်ပြင်းချမိသည်။ အခုက နတ်ဆိုးတွေ နည်းပါးလာပြီး ကန့်ညောင်တွေက ပိုများလာတာကြောင့် သူ့စီးပွားရေးတွေကလည်း အခြေအနေ ပိုဆိုးလာ၏။ ဆေးဝယ်ရန် ခရိုင်မြို့သို့ မကြာခဏ သွားခဲ့ရရာ ဆေးဖိုးမှာ တစ်ရက်လျှင် ငွေဆယ်ချောင်းလောက် ကုန်ကျလာပြီပဲ ဖြစ်သည်။
"တစ်နှစ်အတွင်းမှာ ငါ ချင်ထျန်းလို ညံ့ဖျင်းတဲ့လူ ဖြစ်လာလိမ့်မယ်... အဲ့လိုဆို ကျင်းလေးက ငါ့ကို လက်မထပ်တော့ဘဲ နေလိမ့်မယ်"
ဒီရက်ပိုင်းမှာ သူ ပိုက်ဆံတွေ ပိုသုံးလာပေမယ့် ပိုက်ဆံက မရှာတတ်တော့ဘူး ဖြစ်နေသည်။
"ကျင်းလေးကလည်း ဆင်းရဲတယ် ငါတို့ နှစ်ယောက်လုံး ဆင်းရဲနေရင် ငါတို့ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ... ကျင်းလေးနဲ့ ငါရဲ့ကလေးကို ဘယ်လိုခေါ်ရမလဲ.... ငါတို့ရဲ့ ကလေးကို ချင်ထျန်းကို အဖေခေါ်ခိုင်းလိုက်ရမလား"
အမွှေးတိုင်သုံးချောင်းကို ထုတ်၍ မီးညှိကာ သူ့ရှေ့တွင် ထားလိုက်သည်။ ယခုအချိန်တွင် ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲမှ တစ္ဆေလက်က ထွက်လာပြီး နံ့သာသုံးချောင်းကို ကိုင်ကာ ဘုံကျောင်းငယ်ထဲသို့ ပြန်ဆုတ်သွားလေသည်။ အဘွားရှား၏ တစ္ဆေဘုရင်သုံးသည် ချန်ရှီရဲ့ ဘုံကျောင်း နတ်ကွန်း၌ ထိုင်လျက် နံ့သာပေါင်းကို ရှူရှိုက်ရင်း လွန်စွာ ပျော်ရွှင်နေလေသည်။
မူလက ချန်ရှီကို အဝေးမှ စောင့်ကြည့်နေခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် ချန်ရှီရဲ့ ခွေးနက်ကို လိုက်ဖမ်းခဲ့ရာမှ ချန်ရှီဆီမှာ အဖမ်းခံလိုက်ရသည်။ ထို့နောက် ချန်ရှီ လေ့ကျင့်နိုင်ရန် ဘုံကျောင်းငယ်လေးထဲ ပစ်ထည့်ခံလိုက်ရလေ၏။
တစ္ဆေဘုရင်သုံးသည် အစကတော့ ရုန်းကန်ခုခံသော်လည်း ချန်ရှီပေးသော အမွှေးတိုင်က အလွန်များသောကြောင့် သူလည်း နာခံပြီး ချန်ရှီ သိုင်းလေ့ကျင့်ရာမှယ ကူညီပေးခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင်၌ ချန်ရှီဟာ အကြိမ်ပေါင်းမနည်း လေ့ကျင့်ခဲ့ပြီး ၎င်းကိုလည်း ထွက်ခွာသွားဖို့ သူဘယ်သောအခါမှ မပြောခဲ့ပေ။
"ချန်ရှီကို အဝေးကနေ စောင့်ကြည့်တာက ဘုံကျောင်းထဲမှာ ထိုင်ပြီး စောင့်ကြည့်တာနဲ့ မတူဘူး"
တစ္ဆေဘုရင်သုံးက အမွှေးတိုင်ကို လက်ခံပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။
"ဘုံကျောင်းထဲကနေဆို ပိုရှင်းရှင်းလင်းလင်း မြင်ရတယ်.... အဘွားသာသိရင် ထက်မြက်တဲ့တစ္ဆေဆိုပြီး ချီးကျူးမှာ သေချာတယ်!"
.......
ဖုလိန်ရှန်းရဲ့ ကိုယ်ပိုင်ကျောင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်က ချောင်ဝမ်မြို့၌ ဖွင့်လှစ်ခဲ့သည်။ လူကြီးလူကောင်းက အလွန်ပျော်ရွှင်နေသောကြောင့် ချန်ရှီကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့သည်။
"ငါ အခြေတည်ဝိညာဥ်ကို မသန့်စင်နိုင်သေးတော့ မင်းကို ကျေးဇူးမတင်နိုင်သေးဘူး"
ချန်ရှီက သူ့အတွက် ဝမ်းသာအားရ ဖြစ်နေဆဲ။
"လူကြီးမင်း...အခြေတည်ဝိဥာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာသွားရင် ကိုယ်ဝန်ဆောင်ဖို့ အလားအလာရှိတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေကို ရှောင်ရမယ်နော်"
ဖုလိန်ရှန်း: "ဘာဖြစ်လို့လဲ?"
ထို့နောက် ချန်ရှီသည် သူအရင်က ဆရာတပည့်နှစ်ယောက်အား ဆုံတွေ့ခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။ သူတို့ရဲ့ အခြေတည်ဝိညာဥ်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ မတော်တဆ ဝင်ရောက်လာသောအခါ ပြန်လမ်းမဲ့သွားလေပြီ။
"အခြေတည်ဝိညာဥ်က မိခင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားမိရင် ဘယ်လိုပဲဖြစ်ဖြစ် သေမှာ...ခရမ်းမြစ်ပုခက်က မွေးရာပါဖူတုံ၊ ချက်ကြိုးက နိုင်ဟယ်တံတားပဲ... ရေမြွှာပေါက်ရင် သွားပြီ....အခြေတည်ဝိညာဥ်က မိခင်ဝမ်းတွင်းထဲမှာတုန်း အတိတ်ဘဝကို မှတ်မိနေနိုင်ပေမယ့် မွေးလာပြီးလို့ အကျယ်ကြီး အော်ငိုလိုက်ရင်၊ ငါးနှစ်ကြာသွားတဲ့အထိ စကားမပြောရရင် အတိတ်ဘဝက မှတ်ဉာဏ်တွေလည်း ပျောက်ကွယ်သွားလိမ့်မယ်...."
ဖုလိန်ရှန်း အံ့အားသင့်သွားပြီး "ဒီလိုဖြစ်တတ်တာလား... အခြေတည်ဝိညာဥ် မွေးမြူဖို့ အန္တရာယ်မရှိသွားဘူးလား?"
"ပြီးတော့ ကောင်းကင်က မိုးခြိမ်းသံလည်း ရှိသေးတယ်... အခြေတည်ဝိညာဉ်က ယန်စွမ်းအင်....အဲဒါကြောင့် ကောင်းကင်က မိုးခြိမ်းသံကို ဆွဲဆောင်နိုင်တယ် မိုးကြိုးမုန်တိုင်းတွေ ပစ်ခတ်နိုင်တဲ့ နေရာမှာ ခန္ဓာကိုယ်ကို ချန်မထားခဲ့နဲ့.... အခြေတည်ဝိညာဉ်က မတည်မငြိမ်ဖြစ်နေရင် လေတိုက်ရာအတိုင်း လွင့်သွားတတ်တယ်... လေထဲမှာ ကြာကြာမနေနိုင်ဘူး... လေထဲမှာ အကြာကြီး လွင်နေရင် ပိုအားနည်းလာလိမ့်မယ်"
ချန်ရှီဟာ အခြေတည်ဝိညာဥ်နယ်ပယ်က တားမြစ်ချက်များကို ရှင်းပြနေသည်။
"ဒါတွေကို ခင်ဗျား မသိဘူးလား?"
ဖုလိန်ရှန်းက ပြုံးပြသည်။
"ငါကဘယ်လိုလုပ် သိမှာလဲ ငါတို့က စာပေသမားတွေလေ... ငါတို့မှာ စွန့်စားမှုမရှိဘူးဆိုရင် ငါတို့ ဘယ်တော့မှ အဲ့လိုပညာရှင်မျိုး ဖြစ်လာမှာ မဟုတ်ဘူး... ငါ့မှာ အကောင်းဆုံးအရည်အချင်းတွေ လုံးဝ မရှိတော့ဘူး ရွှေအမြုတေ ဖွဲ့နိုင်တာကတင် အံ့သြစရာကောင်းနေပြီ... အခြေတည်ဝိညာဥ်ကို ဖွဲ့နိုင်ရင်တောင် မင်းငါ့ကိုမပြောပြရင် တကယ် ငါသေသွားလိမ့်မယ်"
သူသည်မူလက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်သော်လည်း ကျေးလက်ဒေသသို့ တစ်လကျော်ကြာ ရောက်ရှိပြီးနောက် ဒေသဓလေ့ထုံးစံများကို လိုက်နာဆောင်ရွက်နေပြီ ဖြစ်သည်။ သူအခု သာမန်ဖြစ်ရပ် တစ်ခုကို ဆွေးနွေးနေသလိုပင်။
တချို့ကျင့်ကြံသူများသည် ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ချက်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ ဆိုတဲ့ ခန္ဓာ ငြိမ်းအေးစေမည့် အဆင့်ကို မကျော်နိုင်ဘဲ ရွှေအမြုတေအဆင့်၌ တစ်သက်လုံး ပိတ်မိနေတတ်သည်။
ကျော်လွှားနိုင်သူများက မြင့်မြတ်သောမိသားစုထဲက မိသားစုဝင်များ၊ ထိုမိသားစုထဲသို့ဝင်ရောက်ကာ ကျွန်အဖြစ် တာဝန်ဆောင်သော လူကြီးမင်းကျန်းလို လူတွေသာ ရာထူးတိုးလာသောအခါ အခြေတည်ဝိညာဉ်ကို မွေးမြူနိုင်တာပဲ ဖြစ်သည်။
ချန်ရှီ: "ကျင့်ကြံတာက တရားမျှတတယ်လို့ ထင်ထားတာ... ဒီလိုလည်း မတရားသလိုကြီး ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။"
ဖုလိန်ရှန်းကလည်း ထပ်တူခံစားနေရပုံဖြင့် ခေါင်းညိတ်ပြသည်။
"ချန်ယန်တောင်တန်းသားတွေက ချမ်းသာတဲ့မိသားစုတွေကနေ ဆင်းရဲနှိမ့်ချတဲ့ ကလေးတွေတောင် လေ့ကျင့်နိုင်တဲ့ အဆင့်အထိ ကောင်းကင်ဘုံနှလုံးသားလို ဖြောင့်မတ်တဲ့ နည်းလမ်းကို သုံးကြတယ်.. ဒါပေမဲ့ ကောင်းကင်နှလုံးချီကျင့်စဥ်က ရွှေအမြုတေ အဆင့်အထိပဲ ပံ့ပိုးပေးနိုင်ပးတယ်... ဆင်းရဲနွမ်းပါးပြီး နိမ့်ကျတဲ့ကလေးတွေက ဒီထက်ပိုတက်ချင်ရင် ကောင်းကင်ဘုံကို တက်နေသလိုမျိုး ခက်ခဲမှာပဲ... လုပ်နိုင်တဲ့သူက လူအိုချန်ယန်ပဲ ရှိတယ်"
သူက မှုန်ကုပ်ကုပ်နဲ့ ကြည့်နေသည်။
လူအိုချန်ယန်က ဆင်းရဲနွမ်းပါးပြီး နှိမ့်ချသူများ အားလုံးအတွက် ထာဝရအထိမ်းအမှတ် တစ်ခုဖြစ်သည်။ သူ့နာမည်အရင်းနဲ့ အသွင်အပြင်ကို ဘယ်သူမှ မသိတာ နှမြောစရာ ကောင်းလှသည်။ မဟုတ်ရင် သူ့ရဲ့ ကျော်ကြားမှုက အခုခေတ်အထိ အလွန်ရေပန်းစားသွားလိမ့်မည်။
ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။ လူအိုချန်ယန်ရဲ့ ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို ဖြည့်စွမ်းနိုင်မည်ဟု ခံစားနေရသည်။
"ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ ဆိုတဲ့ ကျင့်စဥ်ထဲက အကြောင်းအရာတွေကို ပေါင်းထည့်လိုက်ရင် ရွှေအမြုတေကို အခြေတည်ဝိညာဥ် အထိ အဆင့်မြှင့်တင်နိုင်လောက်တယ်! ဒါကို ဘေးကင်းကင်း လေ့ကျင့်ဖို့ဆိုရင် ဘယ်လို ထည့်သွင်းရမလဲ"
သူ တွေးနေတုန်း ရုတ်တရက် ချောင်ဝမ်မြို့ရဲ့ ခေါင်းလောင်းသံများ လျင်မြန်စွာ မြည်လာသည်။ လူတစ်ယောက်ကလည်း အသံကျယ်ကြီးဖြင့် အော်ဟစ်နေသည်။
"နံ့သာပေါင်းကို မြန်မြန်မီးရှို့.... နံ့သာပေါင်းကို မြန်မြန်မီးရှို့....ကန့်ညောင်ကို ကိုးကွယ်ကြ!"
ချန်ရှီ ပြေးထွက်ကြည့်လိုက်တော့ မြို့သူမြို့သားက မြို့လယ်သို့ တည့်တည့်သွားနေကြသည်။ လက်ထဲမှာလည်း အသီးသီးကဘအမွှေးနံ့သာများ ကိုင်ဆောင်ကာ မြို့ကန့်ညောင်ကို ဦးညွှတ်နေကြ၏။
ဤမြို့၏ ကန့်ညောင်သည် နဂါးဦးခေါင်းနှင့် လူ့ခန္ဓာကိုယ်ရှိ ကျောက်ဆင်းတုတော် ဖြစ်သည်။ ၎င်းက ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သည်။ ရှေးဟောင်း ဘုံကျောင်းတစ်ခုထဲတွင် ထိုင်နေသော နဂါးမင်းကြီး အတိုင်းပင်။ ခန္ဓာကိုယ်တစ်ဝက်မျှသာ ကျန်ရှိတော့သော်လည်း လူသုံးယောက် ငါးယောက်စာလောက် အရပ်ရှည်ပြီး အလွန်အစွမ်းထက်လှသည်။
ချောင်ဝမ်မြို့သည် မိုးရွာသော နေ့များတွင် ရေကြီးလေ့ရှိသောကြောင့် နဂါးဘုရင်ကျောက်စာရုပ်ထုရှေ့၌ အမွှေးတိုင်များကို လူတိုင်းလိုလို လာရောက် ပူဇော်ကြသည်။
ထိုစဥ် လှိုင်းသံများလည်း တဝုန်းဝုန်း အသံကြားလာရ၏။ ချန်ရှီသည် မြစ်ဆီသို့ လှမ်းကြည့်လိုက်ရာ မြစ်ကမ်းပါးထက် တစ်ပေ သို့မဟုတ် နှစ်ပေမြင့်သော ရေသည် မမြင်နိုင်သော တံတိုင်းတစ်ခုဖြင့် ပိတ်ဆို့ထားခံရကာ ချောင်ဝမ်မြို့ကို လွှမ်းမိုးသွားမလို ဖြစ်သွားသည်။
သို့သော်လည်း မြစ်ရေကြီးမှုကြောင့် လူအများအပြား ရေနစ်မြုပ်ခဲ့ရပြီး အိမ်များနှင့် သစ်ပင်များကိုလည်း လှိုင်းလုံးများက ရိုက်ခတ်သွားတာကြောင့် အကုန်လုံး မြစ်အောက်သို့ မျောပါသွားခဲ့သည်။ ရွာတစ်ရွာ ရေမြုပ်သွားပြီး လူတစ်ရာ နှစ်ရာလောက် မျောပါသွားပုံပါပဲ။
ထိုလူများဟာ ရေနစ်သေဆုံးသွားခဲ့ပြီး တချို့မှာ ချောင်ဝမ်မြို့၏ မမြင်နိုင်သော နံရံကို ထိမှန်သွားသေးသည်။ ၎င်းတို့ဟာ အသက်ရှင်နေသေးသလို နံရံတွင် ချိတ်ဆွဲထားကြသည်။ မြို့တွင်းရှိ လူများကို မျက်လုံးကျယ်ကျယ်ဖြင့် စိုက်ကြည့်ပြီးနောက် ရေနောက် ပါသွားကြပြန်သည်။
ချန်ရှီ ထိုအချိန်၌ မြစ်ထဲတွင် ရေကူးနေသည့် အရာကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက တံတားအောက်မှ ဖြတ်သွားနေတာပင်။
"တဲကျန်းထဲမှာ တစ်ခုခုရှိတယ်!"
ဒါကို သူတွေးပြီးချိန်မှာပဲ ဖုလိန်ရှန်းက ပြောပြလာသည်။
"ဒီတဲကျန်းမြစ်ထဲမှာ နဂါးတစ်ကောင် မြစ်ကို ဖြတ်ကူးနေတာ... ဒီရက်ပိုင်း မိုးသည်းသည်းထန်ထန် ရွာသွားတာကို အခွင့်ကောင်းယူပြီး သွားနေတာ... ရေကြီးမှုကြောင့် နှစ်ဖက်စလုံးမှာ ခြောက်ရွာ၊ ခုနစ်ရွာလောက် မျောပါသွားတယ်"
"နဂါးက မြစ်ကိုဖြတ်ကူးတယ်?"
ချန်ရှီ ဇဝေဇဝါ ဖြစ်သွားသည်။
"ဒီအနီးအနားမှာ နဂါးရှိလို့လား"
ဖုလိန်ရှန်း: "အဲဒါက ကျောင်းလုံ (နဂါးတစ်မျိုး) ဖြစ်မယ်... အသွင်ပြောင်းတဲ့ အကြိုနေ့ပဲ သူက နတ်ဆိုးအမြုတေကို အားကောင်းလာအောင်လုပ်ဖို့ လူ့ဝိညာဉ်တွေနဲ့ သန့်စင်ရတယ်... "
ဖုလိန်ရှန်းလည်း မသေချာတော့သလို ဖြစ်လာသည်။
"မွန်းတည့်တိုင်း မြစ်ကို ဖြတ်သွားလိမ့်မယ်... ဒီတစ်ခါတော့ ရွာတွေကိုပါ ဖျက်ဆီးသွားတယ်... နောက်တစ်ခါဆို ထပ်အားကောင်းလိမ့်မယ်လို့ ထင်တယ်"
ချန်ရှီ ရေလွှမ်းမိုးမှုကို ကြည့်လိုက်သော်လည်း ရေလှိုင်းက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မြစ်ရေကြီးက ပြန်လည် ကြည်လင်လာတယကို တွေ့လိုက်ရသည်။ ချောင်ဝမ်မြို့ရဲ့ ကျောက်ခုံးတံတားကို လှမ်းကြည့်ကာ ငွေစက္ကူတစ်ရွက် ထုတ်လိုက်သည်။
"ကျေးဇူးပြုပြီး.... မြို့ထဲက ဆိုင်ကိုသွားပြီး ကြေးဒင်္ဂါးနဲ့ လဲလှယ်ပေးပါဦး"
ဖုလိန်ရှန်း စိတ်ရှုပ်သွားသော်လည်း ငွေစက္ကူကိုယူကာ ကြေးဒင်္ဂါးများနှင့် လဲလှယ်ပေးခဲ့သည်။ ချန်ရှီ ကြေးနီဒင်္ဂါးများကို ပန်းပဲဆိုင်သို့ ယူဆောင်သွား၏။ ကြေးနီဒင်္ဂါးများစွာကို အဝါရောင်တောက်နေသော ကြေးနီဓားတစ်လတ် ဖြစ်သွားအောင် ထုလုပ်ခိုင်းလိုက်သည်။
ခွေးနက် သွေးကို သစ်ကြံပိုးခေါက်နှင့် ရောကာ၊ ကြေးဓားပေါ်တွင် အဆောင်စာလုံးပုံစံ အမျိုးမျိုးကို ရေးထွင်းလိုက်သည်။ ထို့နောက် မီးထဲထည့်ကာ ထပ်ခါထပ်ခါ သွန်းလိုက်တဲ့အခါ ကြေးဓားရဲ့ မူလအသွင်အပြင်ကို မမြင်နိုင်တော့ပေ။
ချန်ရှီသည် လှေစီးကာ တံတားအောက်သို့ ဆင်းသွား၏။ တံတားအပေါက်ထဲတွင် ကြေးဓားကိုဆွဲကာ ဖုလိန်ရှန်းအား လှမ်းပြောပြလိုက်သည်။
"ကျွန်တော့်အဘိုးက အရင်က နဂါးတွေကို သတ်တဲ့အတတ်ပညာကို သင်ပေးခဲ့ဖူးတယ်... ဒါပေမယ့် အောင်မြင်နိုင်မလားတော့ မသိပါဘူး... ကျွန်တော် အောင်မြင်နိုင်ရင် ခင်ဗျားတို့ရဲ့ ချောင်ဝမ်မြို့ကတော့ ငွေဆယ်ချောင်း ပေးရမယ်"
ဖုလိန်ရှန်းဟာ ထိုစကားကို ကြားသောအခါ မြို့လူကြီးများထံ ချက်ချင်းသွားပြီး ထိုကိစ္စကို ပြောပြလိုက်သည်။
မျိုးနွယ်စုအကြီးအကဲက "တကယ်အဆင်ပြေရင် ဆယ်ချောင်းက ပြဿနာ မရှိဘူး!"
နောက်တစ်နေ့ နေ့လယ်တွင် ရေပြန်တက်သဖြင့် မြစ်ရေသည် တာတမံကို လျှံတက်လာပြီး မြင့်မားလာသည်။
တံတားအဆုံးတွင် အဝါရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာရာ မြစ်ရေက ရုတ်တရက် သွေးနီရောင်ပြောင်းသွားကာ မြစ်ထဲတွင် နဂါးတစ်ကောင်ကဲ့သို့ ကြီးမားသော သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
ရေကြီးတာတွေလည်း လျော့သွား၏။
နောက်တစ်ရက် နေ့လယ်တွင် ရေလျှံခြင်း မရှိတော့ပေ။ ချန်ရှီ ဖုလိန်ရှန်းဆီ ရောက်လာတော့ ထိုလူက အလွန်တုန်လှုပ်နေသည်။
"ချန်ရှီ.... မင်းအဖိုးရဲ့ နောက်ခံက ဘာလဲ သူ့မှာ နဂါးတွေကို သတ်နိုင်တဲ့ နည်းတွေ ဘယ်လိုလုပ် ရှိနေတာလဲ။"
"သာမာန်လူအိုတစ်ယောက်ပဲ... ဒီနဂါးရဲ့ ဇာစ်မြစ်ကဘာလဲ?"
လူများစွာကို ကြည့်ရှုရန် ဆွဲဆောင်သွားခဲ့သော နဂါးအလောင်းက မြစ်အောက်ပိုင်းက ကမ်းစပ်မှာ တင်နေ၏။ နဂါး၏ ဦးခေါင်းထောင့်က ဦးချိုပေါ်၌ အဆောင်စာလုံးများစွာ ထွင်းထုထားတာ တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဒါက ကျောင်းလုံ နဂါးတစ်ကောင်ပဲ... တောရိုင်းကောင် မဟုတ်ဘူး!"
ဖုလိန်ရှန်း တိုးတိုးလေးပြောပြီး "အိမ်ကထွက်ပြေးလာတဲ့သူ ဖြစ်နိုင်တယ်... ငါတို့ဒုက္ခရောက်တော့မှာလား!"
ချန်ရှီ: "နဂါးကို ဘေးဥပဒ်တစ်ခု ဖြစ်အောင် လွှတ်ပေးတယ် ရွာသားတွေ အများကြီး သေဆုံးခဲ့တယ်... တစ်ဖက်လူကမှ ဒုက္ခပေးခဲ့သူပဲ မဟုတ်ဘူးလား.."
ဖုလိန်ရှန်း ခေါင်းယမ်းပြီး သူ့ကို ဆွဲထုတ်လာသည်။
"နဂါးတွေကို မွေးမြူနိုင်တဲ့သူတွေဟာ လူနည်းစုတွေမဟုတ်ဘူး.... ငါတို့လို သာမန်လူတစ်ယောက်က အမှားအမှန်ကို ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ..... မြန်မြန် သွားကြရအောင်ပါကွာ...."