← Chapters

လူကိုသတ်တာ မြက်ခုတ်သလိုပဲ၊ ဓားကိုမမြင်ရဘဲ သွေးကိုသာမြင်ရ

Vol. 8 Ch. 111

လူကိုသတ်တာ မြက်ခုတ်သလိုပဲ၊ ဓားကိုမမြင်ရဘဲ သွေးကိုသာမြင်ရ

Vol. 8 Ch. 111

"ကိုယ်ဝန်ဆောင်တိရစ္ဆာန်လား?"

လက်ဖက်ရည်ဆိုင်က လူမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချန်ရှီ လက်ဖက်ရည်အိုး အောက်တွင် ဝှက်ထားသော ငွေစက္ကူက ရက်ရောလွန်းလှသည်။

"ဧည့်သည်က ဘယ်တော့​လောက် လိုချင်တာလဲ... အကောင် တစ်ဒါဇင်ကျော်ဆို ပြင်ဆင်ရတာ မလွယ်ဘူး"

ချန်ရှီက ခဏလောက်စဉ်းစားပြီး အဖြေပြန်ပေးသည်။

"သဘက်ခါ မနက်စောစော ပြီးနိုင်မလား"

ထိုလူက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

"သဘက်ခါ မနက်ကျရင် ဆိုင်နောက်ဖေးမှာ ကျုပ်ကို လာတွေ့ပါ...."

ချန်ရှီ လက်ဖက်ရည် သောက်လိုက်တော့မှ အမူးပြေသွားသည်။ သူ တစ်သက်လုံး သေရည်ကို နည်းနည်းမှ မသောက်ဖူးဘဲ ဒါ ပထမဆုံး အကြိမ် အရမ်းသောက်ချပစ်လိုက်တာပဲ ဖြစ်သည်။

"ယန်ကျင့်စီးက နားလည်ရခက်တဲ့ လူတစ်ယောက်ပဲ... ပွဲအပြီးအထိ သူငါ့ကို လုံးဝ မစမ်းသပ်ဘူး ယန်ရုံကလည်း သူနဲ့တူတယ်။ သူတို့နှစ်ယောက်က ငါ့ကို ဘာမှမလုပ်ကြဘူး... တခြားသူတွေက?"

ချန်ရှီ လက်ဖက်ရည်သောက်ပြီး အပြင်ဘက်လမ်းကို လှမ်းကြည့်လိုက်သည်။

"ဒီလိုအခွင့်အရေးကောင်းကို တခြားသူတွေကရော စွန့်လွှတ်မှာလား"

လူတွေက စိတ်ထားမျိုးစုံနဲ့ ​မွေးလာပြီး ပန်းတွေကလည်း အရောင်မျိုးစုံနဲ့ ဖူးပွင့်ကြသည်။ အားလုံးက ယန်ကျင့်စီးလို အေးအေးဆေးဆေး လုပ်နေရင် ဒီကမ္ဘာကြီးက ဘယ်လိုလုပ် ပျော်စရာကောင်းတော့မလဲ။

ယန်မိသားစုထဲတွင် လူများစွာ ​ရှိသဖြင့် သူ့ကို မတိုက်ခိုက်ဘဲ သည်းခံနိုင်သူ မရှိလောက်ဘူးဆိုတာ သေချာသည်။ လက်ဖက်ရည် အရသာကို မြည်းစမ်းပြီး ခဏအကြာတွင် သူ့ပါးစပ်မှ အရက်နံ့များ ပျောက်ကွယ်သွားကာ လက်ဖက်ရည်ရဲ့ အမွှေးအကြိုင် ရနံ့များသာ ကျန်ခဲ့၏။

"လက်ဖက်ရည် သောက်ရတာ ကောင်းတယ်... လက်ဖက်ရည်က စိတ်ကို တည်ငြိမ်သွားအောင် ကူညီပေးနိုင်တယ်"

ချန်ရှီ အလုံအလောက် သောက်ပြီးနောက် ပိုက်ဆံပေးချေလိုက်သည်။ အောက်ထပ်သို့ ခုန်ဆင်းသွားသော်လည်း သူ့ခန္ဓာကိုယ်မှာ မူးနေသေးပြီး သူ့လက်နှင့် ခြေများက အနည်းငယ် အဆင်မပြေ ဖြစ်နေဆဲပင်။ ဒီခံစားချက်ကို သဘောကျတဲ့အတွက် အပြစ်ကို ခံယူရင်း ခြေလှမ်းတစ်လှမ်းချင်း လှမ်းထွက်သွားခဲ့၏။

လမ်းပေါ်က လူများမှာ သူ့ရဲ့ယိုင်ထိုးနေတဲ့ ပုံစံကို မြင်သောအခါ မျက်မှောင်ကြုတ်ကုန်သည်။

"ဘယ်သူ့ကလေးက အရက်တွေ ဒီလောက် သောက်နေတာလဲ... လူကြီးတွေက ဂရုမစိုက်ဘူးလား မသိဘူး"

"ငယ်ငယ်လေးနဲ့ ဒီလိုတွေ သောက်နေတာ အသက်ကြီးလာရင် သွားပြီ! သေချာပေါက် အမူးသမားပဲ ဖြစ်လာလိမ့်မယ်... မူးပြီး အိပ်မက်မက်ထဲ သေသွားမှာတောင် ကြောက်ရတယ်"

ချန်ရှီကတော့ အဲဒီလူတွေကို လျစ်လျူရှုပြီး မသိလိုက်ဘဲ ရှေ့ကို လျှောက်သွားလေသည်။

“ကတ်ကြေးနဲ့ ဖြတ်... ဓားနဲ့ ခုတ်လိုက်--”

ထို့နောက် အော်ဟစ်သံမျိုးစုံသည် သူ့နားထဲသို့ ရုတ်တရက် ပေါက်ကြားလာသည်။ လမ်းသွားလမ်းလာများက ပိုများလာကာ ချန်ရှီတစ်ယောက် လူအုပ်ကြီးကြောင့် ရေနစ်သေဆုံးသွားတော့မလို ဖြစ်လာ၏။

"အစပ်ကြော်.....စွပ်ပြုတ် ---"

"လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ ပေါင်းမုန့်....ပေါင်းထားတဲ့ ပေါက်ဆီနော်.. ..."

"အဆောင်လက်ဖွဲ့တွေ ရောင်းတယ်.... အဆောင်လက်ဖွဲ့တွေ ရောင်းတယ်.... အကောင်းဆုံးက ခွေးနက်သွေးနဲ့ ရေးထားတာတွေနော်... မက်မွန်ပွင့်က ကံကောင်းစေတယ် ​​ဝိညာဉ်ခေါ်အဆောင်လက်ဖွဲ့က အဖေအမေကို ပြန်ခေါ်တွေ့လို့ ရတယ်..."

"တောင်ဘက်ကလာပြီး မြောက်ကိုသွားတဲ့သူတွေ ရပ်ပြီးကြည့်ကြပါ.... ရင်ဘတ်ပေါ် ကျောက်တုံးတင်ပြီး ခွဲပြမှာနော်... ရှောင်လျောင်! လာ သူတို့ကို တစ်ချက်လောက် လုပ်ပြလိုက်စမ်း!"

……

နေ့ခင်းဘက်ဆို ဒီလမ်းမှာ ရွှေတူးသူတွေဟာ ပိုက်ဆံပေါတာကြောင့် ကုန်ပစ္စည်းမျိုးစုံ လာဝယ်ကြသည်။ မြို့ထဲ မိုင်ရာချီ ကုန်ထမ်းလာရတဲ့ ကျေးလက်က လူတွေကလည်း သယ်လာတဲ့ တောင်ပေါ်ပစ္စည်းတွေကို ရောင်းချကြသည်။ ထို့နောက် မြို့ထဲမှာ ပစ္စည်းတွေဝယ်ပြီး ရွာကိုပြန်ကြ၏။

နေ့လယ်စာ စားပြီးအချိန်က အတက်ကြွဆုံးအချိန် ဖြစ်သည်။ သို့သော် တစ်နာရီသာကြာပြီးနောက် တိတ်ဆိတ်တဲ့ နေရာ ဖြစ်လာခဲ့သည်။

ချန်ရှီသည် စည်ကားသောမြို့ထဲသို့ လျှောက်သွားရင်း သူမူးနေသေးသော်လည်း သူ့ဆီးကို ထိန်းထားနိုင်သေးတယ်လို့ ခံစားမိသောကြောင့် ဟေးကော်နဲ့ လမ်းလျှောက်လာခဲ့သည်။ သေရည် သောက်ကြူးသူအချို့သည် မြို့လယ်အနီးရှိ လမ်းကြားထဲသို့ ဝင်ကာ နံရံကို သေးပန်းတတ်ကြ၏။ ချန်ရှီ မြို့ထဲမှာ ဒီလို တစ်ခါမှ မလုပ်ဖူးတဲ့အတွက် ဆုပ်ကိုင်ပြီး ရှေ့ကို ဆက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

ငါးရောင်းသူများ၊ လိပ်ရောင်းသူများနှင့် အသားရောင်းသူများ အပါအဝင် လမ်းပေါ်၌ စွန်ရဲဆိုင်ကလေးများဖြင့် စည်ကားနေသည်။ အထည်ရောင်းသူများ အနောက်မှ ပြေးလွှား လိုက်နေကြသည့် ကလေးငယ်များ၊ ပိုးဖဲများကို ကိုင်လျက် လမ်းပေါ်ထွက်ကာ အော်ဟစ် ရောင်းနေသူ၊ မီးပုံးရောင်းသူများကလည်း လှပသော အရောင်အသွေးနှင့် ခြယ်သထားသော ပုံစံများကို ပြသလျက် ရှိကြသည်။

တခြားသူများကလည်း ကြက်များကို တောင်းကြီးဖြင့် သယ်လာ၏။ ချန်ရှီသည် ဘဲနှင့် ငန်းများရောင်းသည့် အမျိုးသားတစ်ဦးကိုလည်း တွေ့လိုက်ရသောကြောင့် သူသည် ဘဲ၊ ငန်းတွေက လူမဟုတ်ကြောင်း အတည်ပြုရန် အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက်မှ ထွက်သွားခဲ့သည်။

လမ်းမပေါ်တွင် စီးပွားရေးလုပ်ငန်း မျိုးစုံရှိသည်။ ထောင့်တစ်နေရာ၌ အမျိုးသမီးကို စိုက်ကြည့်နေသော ရွှေတူးသူအနည်းငယ်ကို တွေ့ရ၏။

"ဘာကြည့်နေတာလဲ... ရှင်တို့မှာ ပိုက်ဆံမရှိရင် ရွှေတူးသွားလိုက်... ပိုက်ဆံရှိရင် ကျွန်မ ရှင်တို့အတွက် အလုပ်လုပ်​ပေးနိုင်တယ်!"

ချန်ရှီ ဖြတ်လျှောက်သွားရင်း သူ့ဗိုက်က ပိုပိုဖောင်းလာသလို ခံစားလိုက်ရသည်။

သူ့နောက်တွင် အင်္ကျီအတို ဝတ်ထားသော ရွှေတူးသမားက လက်ထဲတွင် ရွှေသဲအိတ်ငယ်ကို ကိုင်ဆောင်ကာ ထောင့်စွန်းမှ အမျိုးသမီးကို ကြည့်နေ၏။ ထိုစဥ် နတ်ကွန်းထဲက နတ်သန္ဓေသားလေး ထွက်ပေါ်လာပြီး သိမ်မွေ့သော ဓားစွမ်းအင်တစ်ခု ခုန်ထွက်လာသည်။

ထိုဓားစွမ်းအင်သည် လူအုပ်ကြားတွင် ဖြတ်သန်းသွားလာနေသော်လည်း ဓားစွမ်းအင်က တစ်ခါတစ်ရံ ရပ်တန့်သွားသည်။ တစ်စုံတစ်ဦးကိုမျှ မထိမိပေ။ ချန်ရှီရဲ့ အနောက်ဘက်သို့ ရောက်ရှိလာစဥ် ချန်ရှီဆံပင်ရှိ ဖဲကြိုးနီလေးက လေနှင့်အတူ လွင့်သွားသည်။

ရွှင်း!

ဓားစွမ်းအင်က ပြတ်သားတဲ့ အသံတစ်ချက် ထွက်​ပေါ်လာပြီး စွမ်းအင်က ချန်ရှီကို အန္တရာယ်မဖြစ်စေဘဲ ပျံ့သွားတော့၏။

အင်္ကျီအတိုဝတ်ထားသော ရွှေတူးသမားရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုလူသည် သူ့ရှေ့က ပြည့်တန်ဆာရဲ့ တောင်းဆိုမှုကို လျစ်လျူရှုကာ ချန်ရှီရဲ့ ခြေရာလက်ရာများကို ရှာဖွေဖို့ လူအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။

ဒါပေမယ့် လမ်းမပေါ်မှာ လူများလွန်းသလို နေရာတိုင်းမှာလည်း လူတွေရှိနေတာကြောင့် ချန်ရှီက ခဏအတွင်း ပျောက်သွားသည်။ တစ်ဖက်ကို ကြည့်လိုက်တော့ ချန်ရှီရ သူ့ဆီရောက်လာ​နေတာ ရုတ်တရက် မြင်လိုက်ရ၏။ ချန်ရှီရဲ့ ခြေထောက်များက ယိမ်းယိုင်နေသော်လည်း ထိုလူကို သိုင်းကွက် ပြင်ဆင်ချိန် မပေးချေ။

ချန်ရှီသည် ထိုသူ၏ညာလက်ကို ဖယ်ထုက်ကာ လက်ညိုးနှင့် လက်ခလယ်ကို ဆန့်၍ တစ်ဖက်လူရဲ့ ရင်ဘတ်ကို လျှပ်စီးလက်သလို ထိုးလိုက်လေသည်။ ထိုလူဟာ ဘာအားကိုမျှ ခံစားရပုံမပေါ်သော်လည်း အင်္ကျီ နောက်ကျောဘက်ကတော့ ပေါက်ကွဲထွက်ကာ ပန်းကန်လုံးအရွယ် အပေါက်တစ်ခု ကွဲသွားခဲ့သည်။

လက်သီးက အရှေ့ဘက်မှ ထိုးလိုက်ပေမယ့် သူ့နောက်ကျောမှာရှိတဲ့ နံရိုးတွေက ကျိုးသွားသည်။ နောက်ကျောကလည်း ကြေးနီအရေခွံကို ကော့ကာ လန်သွား၏။ ထိုသူသည် တုန်တုန်ယင်ယင်ဖြင့် ပြည့်တန်ဆာဆီသို့ လျှောက်သွားကာ သူမကို လှမ်းမှီရင်း မြေပေါ်သို့ လဲကျသွားသည်။

"မြန်လိုက်တာ!"

သူ့စကားက အဆုံးသတ်တာနဲ့ နှလုံးက ကွဲကြေသွားလေပြီ။

ပြည့်တန်ဆာရဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ သူမသည် ထိုလူဟာ အရူးအမူး တွန်းဖယ်ပစ်သည်။ သူမက လူအုပ်ထဲသို့ လျှောက်ဝင်သွားကာ အရှေ့က လျှောက်သွားနေသော ချန်ရှီ စိုက်ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် လူအုပ်ကြီးတွေဟာ ပိုမိုထူထပ်လာပုံရပြီး ထိုလူတွေက ချန်ရှီထံ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ချဉ်းကပ်နေကြသည်။

"စွန်လွှတ်နေတယ်... ငါ့စွန်ကို သတိထား!"

ကလေးအနည်းငယ်က ထိုနေရာတွင် အရူးအမူး ပြေးလွှားနေကြသည်။ စွန်များကို ဆွဲကာ မြို့ထဲမှာ စွန်လွှတ်ဖို့ စီစဉ်​နေကြ၏။ တစ်ချိန်တည်းမှာပင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော ချည်မျှင်များစွာက ပါးလွှာသော မြွေတွေကို လူအုပ်ထဲသို့ ကူးခတ် ဝင်ရောက်လာခဲ့သည်။

ထို့အပြင် အရပ် သုံးလက်မမှ လေးလက်မအရွယ် ရုပ်သေးရုပ်များစွာတို့သည် တင်းတင်းမာမာ​ကြီး ဖြစ်​နေသော်လည်း လျင်မြန်စွာ လှုပ်ရှားနေကြ၏။ ၎င်းတို့က လူအုပ်ထဲ ရောဝင်ရင်း အိတ်ဆောင် ဓားရှည်များကို လက်ထဲတွင် ကိုင်ဆောင်ကာ အလွန်ရက်စက်တော့မယ့် ပုံစံများဖြင့် ချန်ရှီထံ ချဉ်းကပ်လာခဲ့ကြသည်။

ဟေးကော် လူအုပ်ကြားထဲ ပြေးဝင်သွားသည်။

မမြင်နိုင်သော ဓားစွမ်းအင်တစ်ခုက ချန်ရှီ နောက်ကျောကို ဦးတည် တိုက်ခိုက်လာ၏။ ချန်ရှီက ရုတ်တရက် ခေါင်းငုံ့ရင်း ဓားစွမ်းအင်ကို ရှောင်လိုက်သည်။ ငုံ့ကြည့်လိုက်စဥ် သကြားလုံးများကို လုယူပြေးလာသော ကလေးမလေးလက်မှ နောက်ဆုံး သကြားလုံးလေးကို ယူစားလိုက်သည်။

ပြည့်တန်ဆာသည် သူမရဲ့ဓားစွမ်းအင် မအောင်မြင်တာကို မြင်သောအခါ အခြားလမ်းသွားလမ်းလာများကို သတ်မိမှာ ကြောက်သောကြောင့် သူမ ဓားစွမ်းအင်ကို အလျင်အမြန် ရပ်တန့်လိုက်ရသည်။ ရုတ်တရက် ဦးညွှတ်နေသော ချန်ရှီကို တိုက်ခိုက်လုဆဲဆဲတွင် ရုတ်ခြည်း သေးငယ်သော ဝါးချောင်းလေးက သူမရင်ဘတ်ထဲသို့ ထိုးထည့်လိုက်လေ​ပြီ။

ချန်ရှီသည် ဝါးချောင်းတစ်ချောင်းကို ဆွဲထုတ်ပြီး ဘယ်ဘက်ကနေ သူမ ခါးအောက်ပိုင်းသို့ ထိုးသွင်းကာ ညာဘက်ခြမ်းကနေ ဖောက်ထွက်သွားစေခဲ့သည်။ ထို့နောက် လူအုပ်ထဲသို့ လျှောက်သွားခဲ့သည်။

ပြည့်တန်ဆာရဲ့ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူမအမြင်အာရုံများက ခဏလေးအတွင်း မှုန်ဝါးသွားသည်။ သူမ ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ လဲကျချင်လာသည်။ မြေပြင်ပေါ်ရှိ ရုပ်သေးများစွာကလည်း ၎င်းတို့၏ဓားများကို ဆွဲထုတ်ကာ ချန်ရှီ ခြေထောက်ကို ဓားဖြင့် ထိုးချင်သော်လည်း ပစ်မှတ်ကို အကြိမ်ကြိမ် လွဲချော်နေတာကြောင့် သူ့နောက်မှလိုက်ကာ မဆုတ်မနစ် ဓားနဲ့ လိုက်ထိုးရတော့သည်။

"ဝူး......"

သကြားလုံးတွေကို အလုခံလိုက်ရတဲ့ ကလေးမလေးက ကျယ်လောင်စွာ အော်ဟစ်ရင်း ချန်ရှီ ထွက်ခွာသွားတဲ့ ဘက်သို့ သူ့အမေကို လက်ညှိုးထိုးပြနေသည်။

"အဲ့ကိုကိုကြီး... သမီးရဲ့ ချိုချဥ်ကို လုသွားတယ်!"

လမ်းထောင့်ရှိ ဈေးဆိုင်တစ်ခုတွင် အဘိုးအိုတစ်ဦးသည် လက်တစ်ဖက်စီတွင် ပိုးချည်ကြိုးများဖြင့် ပတ်ထားသော သစ်သားဘုတ်ပြားကို ကိုင်ဆောင်ကာ ရုပ်သေးရုပ်ကို ပျော်ရွှင်စွာ ကပြနေသည်။

ထိုအဘိုးကြီးသည် ချန်ရှီ အေးအေးဆေးဆေး လျှောက်သွားတာကို မြင်သောအခါ သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းသွားလေသည်။ သူက လက်ချောင်းဆယ်ချောင်းကို လွင့်ပျံသွားကာ တင်းကုပ်ရှေ့မှ အရုပ်များကို လှည့်ကြည့်လိုက်သည်။ ရုပ်သေးတွေရဲ့ မျက်နှာများက ပြင်းထန်လာကာ ဓားရှည်များကို ဆွဲပြီး ခုန်ဆင်းသွားကြ၏။

ချန်ရှီနောက်တွင်တော့ ရုပ်သေးရုပ်လေးများသည် အရှိန်အဟုန်ပြင်းစွာဖြင့် လိုက်နေကြသည်။

ချန်ရှီ ရှေ့သို့ လျှောက်လာစဉ်တွင် သူ့ညာလက်မကို လက်သန်းလေးနှင့် လက်သူကြွယ်တို့အပေါ် ဖိထညးကာ လက်ညိုးနှင့် လက်ခလယ်ကို တည့်တည့် ဆန့်ထားသည်။ ရုတ်တရက် သူ့ခေါင်းနောက်ဘက်တွင် လျှပ်စီးလတ်သွားသလို သေးငယ်သော ဘုံကျောင်းတစ်ခု ပေါ်လာပြီး ပျော့ပျောင်းသော စွမ်းအင်တစ်ခု ဘုရားကျောင်းထဲမှ လွင့်ထွက်လာသည်။

ဝုန်း!

ဓားစွမ်းအင်က ကြိုးတွေကို တစ်ခုပြီးတစ်ခု ဖြတ်လိုက်တာကြောင့် ရုပ်သေးရုပ်တွေကလည်း တစ်ရုပ်ပြီးတစ်ရုပ် မြေပြင်ပေါ် လဲကျသွား၏။ သို့သော် ဓားစွမ်းအင်က မရပ်သွားဘဲ အဘိုးအိုရဲ့ မျက်ခုံးတွေကြား ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

အဘိုးအိုသည် အလိုအလျောက် နောက်ကနံရံကို မှီချလိုက်သည်။ နံရံက အနည်းငယ် တုန်ခါသွားကာ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးတွေ ပျံ့သွား၏။ ရုပ်သေးရုပ်တွေ အားလုံးကလည်း မလှုပ်တော့ချေ။

"ကြိုးမျှင်က ခေါင်းလောင်းသံတွေလိုပဲ... ခင်ဗျားသာ ဒီကျင့်စဥ်နဲ့ ဓားထိန်းချုပ်မှုကို ပိုလေ့ကျင့်ထားရင် ကျွန်တော့်ကို သတ်နိုင်ခဲ့တာကြာပြီ!"

ဒါပေမဲ့ အဘိုးကြီးက ဒီစကား မကြားနိုင်တော့ပေ။

ချန်ရှီသည် လူအုပ်ထဲသို့ ညှစ်ဝင်ကာ သူ့လက်ချောင်းများကို ကောက်ကွေးရင်း ပြေးလွှားနေသော ကလေးငယ် ကိုင်ထားသည့် စွန်ကြိုးကို ဖြတ်၍ မမြင်နိုင်သော ဓားစွမ်းအင်ကို စွန်လွှတ်လိုက်သည်။ သို့သော် စွန်ကြိုးကို ဖြတ်တောက်ပစ်လိုက်တဲ့ ချန်ရှီရဲ့ ချီစွမ်းအင်က အော်ဟစ်လိုက်သော လူတစ်ယောက်၏ ရင်ဘတ်ကို ဖြတ်ဝင်သွားခဲ့သည်။

ထိုလူသည် ကလေးငယ်ရဲ့ ဖခင်လိုအမူအရာဖြင့် ချန်ရှီထံ ရောက်လာသည်။ ထိုလူက သူ့ရင်ခွင်ထဲတွင် ဝှက်ထားသော ဓားစွမ်းအင်ကို ထုတ်တော့မယ့် အခိုက်မှာပဲ ရုတ်တရက် ပြိုလဲကျသွားသည်။

ချန်ရှီ လက်တစ်ဖက်ကို ကျောနောက်သို့ ပစ်ထား၏။ ဓားစွမ်းအင်ကို လက်တစ်ဖက်ထဲတွင် ထိန်းချုပ်ထားပြီး စွန်ကြိုးကို ဖြတ်တောက်ပစ်ခဲ့သည်။ စွန်ကြိုးက မမြင်နိုင်သော ငွေဆေးထိုးအပ်များဖြင့် ချည်နှောင်ထားလေသည်။ ကြိုးဖြတ်ခံလိုက်ရချိန် ချည်မျှင်များက ထိုသူ့နှလုံးသားတစ်ဝိုက်တွင် လျင်မြန်စွာ ယက်လုပ်ကာ မကြာမီမှာပင် သူ့နှလုံးတစ်ဝိုက်ကို လှောင်အိမ်တစ်ခုလို ရစ်ပတ်ပစ်သည်။

"မင်းရဲ့ နှလုံးခုန်သံကို ထိန်းချုပ်... မင်းရဲ့ နှလုံးခုန်သံကပဲ မင်းရဲ့နှလုံးကို အပိုင်းပိုင်း ဖြတ်ပစ်နိုင်တယ်..."

ချန်ရှီ သူ့ဓားကျွမ်းကျင်မှုကို လက်နောက်ပြန် ဝေ့ယမ်းလိုက်တဲ့အခါ လည်ပင်းမှာ လာချည်နှောင်တော့မယ် ပိုးထည်ကြိုးက လွင့်ထွက်သွားသည်။ တစ်ချိန်တည်းမှာပဲ အရှေ့က ကလေးကလည်း နောက်လှည့်၍ သူ့ဆီ ပြေးလာလေ၏။

"ကျစ်ဝူရှဲ့သတ်ဓား တိမ်တိုက်ဓားကွက်?"

ကလေးဟာ သူ့ခြေဖဝါးအောက်က မမြင်ရတဲ့ ချည်မျှင်တွေနဲ့အတူ ချန်ရှီဆီ ပြေးလာသည်။ လုရွှမ်ရဲ့ ဓားစွမ်းအင်လည်း အသွင် ပြောင်းသွားပြီး အလွန်ထက်မြက်လာသည်။ ကလေးပါးစပ်မှ ထူထဲသော အသံနက်ကြီး တစ်သံ ထွက်လာ၏။ အသံက အလွန်ကြမ်းတမ်းလှသည်။

"မင်းရဲ့ ကျစ်ဝူရှဲ့သတ်ဓားက အသုံးမဝင်ပေမယ့် အနိမ့်ဆုံးအဆင့်နဲ့ မှော်ဆန်တုန်းပဲ... ဘယ်သူဓားက ပိုမြန်လဲဆိုတာ ကြည့်ရအောင်!"

ချန်ရှီ ဓားကြိုးကို ရွှေ့လိုက်ရာ တစ်ဖက်လူရဲ့ လည်ပင်းက ရုတ်တရက် တင်းကြပ်သွားကာ ခေါင်းတစ်ခေါင်း လွင့်ထွက်သွားသည်။

"မလုပ်နဲ့!"

ထိုယောက်ျားက ပါးစပ်ကို ဖွင့်ပြောနေစဉ်မှာပင် နှလုံးက အက်ကွဲသွားကာ သွေးတပွတ်ပွတ် အန်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့​လေသည်။

"သတ်မယ်လေ!"

ထိုအချိန်တွင် ပြည့်တန်ဆာရဲ့ ခန္ဓာကိုယ်သည်လည်း ပြိုလဲသွား၏။ ချက်ချင်းဆိုသလို လူအုပ်ကြီးလည်း တုန်လှုပ်ခြောက်ခြားသွားကာ အချင်းချင်း တွန်းထိုးကြိတ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။

ချန်ရှီက လူစုလူဝေးကို ရှောင်နေသလို လမ်းလျှောက်လာရင်း ရုတ်တရက် လက်သီးဆုပ်ကာ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် လက်ဝဲဘက်ရှိ အမျိုးသမီးကို လက်သီးဖြင့် ထိုးသတ်ခဲ့သည်။ သူမ လည်ပင်းကို ဓားမြှောင်ဖြင့် ထပ်ထိုး၍ လည်ပင်းကို တစ်ချက် လှည့်​ပေးလိုက်တာနဲ့ အရိုးများက ကျိုးသွားသည်။

သူ့ရှေ့တွင်တော့ တစ်ပေခန့်မြင့်သော ရွှေရောင်အလင်းတန်းကြီးတစ်ခုက လေးလံသော ခြေလှမ်းများ လှမ်းရင်း ပြေးလာနေပြီ။ အရှိန်က ပိုမြန်လာကာ ရွှေရောင် အလင်တန်းကလည်း ပိုကြီးလာသည်။

အဝါရောင် ကြေးဝါ စက္ကူစုတ် အပိုင်းအစများသည် ဧရာမခန္ဓာကိုယ်​​ကြီးဆီမှ ပေါက်ကွဲထွက်လာ၏။ ရွှေရောင် အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို အကာအကွယ်ပေးကာ သူ့ခွန်အားကို လွန်ကဲစွာ မြှင့်တင်ပေးလိုက်သည်။

ဗုန်း!

သူသည် ချန်ရှီခန္ဓာကိုယ်နှင့် ဝင်တိုက်မိပြီးနောက် ဆယ်ပေကျော် အကွာအထိ လွင့်သွားကာ အိမ်ခေါင်မိုးကို တစ်ချက် ဝင်တိုက်မိရုံဖြင့် ခါးကျိုးသွားတော့သည်။ အလောင်းက ခေါင်မိုးပေါ် ချိတ်ဆွဲလျက်သားဖြင့် အသက်မဲ့သွားခဲ့သည်။

ချန်ရှီ ထိုလမ်းရှည်ကြီးမှ ထွက်ခွာလာစဉ် လမ်းထောင့်တွင် သကြားလုံးရောင်းသူ တစ်ဦးသည် လမ်းထဲသို့ ထိတ်လန့်တကြား လှမ်းကြည့်ရင်း ဘာဖြစ်သွားသလဲ သိချင်နေသည်။

"သကြားတုတ်လေးက စျေးဘယ်လောက်လဲ"

"တစ်ချောင်း ငွေငါးစ"

သကြားလုံးရောင်းသူက လမ်းထဲသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး မေးသည်။

"လူကို သတ်နေတာ... လူသတ်​နေတာပဲ လူငယ်လေး အထဲမှာ လူသတ်သမား ရှိ​နေတာလား"

"တစ်ယောက်ယောက်ကို သတ်လိုက်တာ...တစ်စည်း ပေးပါ!"

ချန်ရှီ ငွေငါးစ ပေးလိုက်သည်။

သကြားလုံးရောင်းသူသည် ကောက်ရိုးထုပ်ထဲမှ သကြားလုံး တစ်စည်းကို ဆွဲထုတ်ပြီး သူ့အား ကမ်းပေးသည်။ မျက်လုံးက အစောကနေရာကို လှမ်းကြည့်လိုက်သေး၏။

“လမ်းပေါ်မှာ လူသတ်တာ အရမ်းရက်စက်တယ်... တရားသူကြီး မိသားစုက လူတွေကို အနိုင်ကျင့်ခံရပြန်ပြီလား မသိဘူး… လူငယ်လေး... ဘာဖြစ်လို့ မပြေးသေးတာလဲ မင်းက အရမ်း တည်ငြိမ်တာပဲ!"

ချန်ရှီ သကြားလုံးကို ယူကာ သူ့ကို ဖြတ်ပြေးသွားသော အမျိုးသမီးတစ်ဦးထံသို့ ပြန်ပေးလိုက်သည်။ ကလေးမလေးက တုတ်ထိုး ချိုချဥ်လေးကို ကိုင်လျက် ပျော်လွန်းလို့ မျက်ရည်တွေပါ ကျလာတော့သည်။

"မေမေ... ကိုကိုကြီးက သမီးအတွက် သကြားလုံးလေး ပြန်ပေးတယ်.... ကိုကိုကြီးက အရမ်းတော်တာပဲ!"

ချန်ရှီက နောက်ထပ် ငွေတွေကို ထုတ်ယူပြီး သကြားလုံးရောင်းသူ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ခင်ဗျားရဲ့ သကြားလုံးတွေ အကုန်ယူမယ်.. ဒီကောက်ရိုးခြောက် တုတ်ချောင်းတွေလည်း ပေးပါ"

အရောင်းသမားက အံ့သြသွားသည်။ ဝမ်းသာအားရနဲ့ ပိုက်ဆံယူသွားပြီး ချန်ရှီကို ကျေးဇူးအများကြီးတင်ကြောင်း ထပ်ခါထပ်ခါ ပြောသွားသေး၏။ ချန်ရှီ ကောက်ရိုးတုတ်ကို ပုခုံးပေါ်ထမ်းကာ လက်တစ်ဖက်တွင်တော့ သကြားလုံးတုတ်ကို ကိုင်ထားလေသည်။ ချန်ရှီ ချိုချဥ် အလုံးကြီးတစ်လုံးကို စားကာ အမျိုးသမီးကို လိုက်တော့သည်။

ထိုအမျိုးသမီး ရင်ခွင်ထဲမှ ကလေးမလေးသည် သကြားလုံးများကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာ စားနေသောလည်း ချန်ရှီပုခုံးပေါ်မှ သကြားလုံးများ ပြည့်နေသော ကောက်ရိုး တုတ်ချောင်းကို တွေ့လိုက်သောအခါတွင် သူမက ရုတ်တရတ် မပျော်မရွှင် ဖြစ်လာသည်။

ချန်ရှီသည် လောဘကြီးသော ကလေးမလေးကို ချိုချဥ်အနည်းငယ် ထပ်ပေးရင်း ကျယ်လောင်စွာ ရယ်မောကာ ဟေးကော်ကို ခေါ်ရင်း မြို့ထဲက ထွက်ခွာသွားခဲ့သည်။

"ယန်မိသားစုက နည်းနည်းတော့ ရှက်နေသေးတာ ဖြစ်မယ်... သူတို့ကိုယ်တိုင်တောင် မလှုပ်ရှားရဲဘူး... အဆင့်နိမ့် လူသတ်သမားတွေကို ငှားတယ်... ဒီလူသတ်သမားတွေက ငါ့အစွမ်းအစကို ဘယ်လိုလုပ် စမ်းသပ်နိုင်မှာလဲ"

မလှမ်းမကမ်းတွင်ရှိ ယန်ချင်းနဲ့ ယန်ရှော့သည် ချန်ရှီတစ်ယောက် မြို့ထဲကနေ ထွက်ခွာသွားတာကို ရင်တထိတ်ထိတ်ဖြင့် မလှုပ်မယှက် ရပ်ကြည့်နေမိကြ၏။

သူတို့ရဲ့ ရည်ရွယ်ချက်က ချန်ရှီရဲ့ အဘိုး အသက်ရှင်နေသေးလား သိချင်တာပင်။ ချန်ရှီ အန္တရာယ်တစ်ခုခု ကြုံတွေ့ခဲ့ရင် သူ ကယ်ဆယ်ဖို့ လာမှာ သေချာပါ၏။ အကယ်၍ ချန်ရှီအဘိုးသာ အသက်မရှင်​တော့ပါက သူတို့သည် ဤစည်ကားသော မြို့လယ်၌ ချန်ရှီကို သတ်ပစ်လိုက်မှာပဲ ဖြစ်သည်။

မထင်မှတ်ပဲ ဒီလမ်းမှာ ပုန်းနေတဲ့ လူသတ်သမားအားလုံးဟာ ချန်ရှီရဲ့လက်ထဲမှာပဲ သေဆုံးသွားခဲ့ပြီး ဘယ်သူမှ အသက်ရှင် မကျန်ရစ်ခဲ့ပါဘူး။ ပိုကြောက်စရာကောင်းတာက ချန်ရှီဟာ မသက်ဆိုင်တဲ့ လမ်းသွားလမ်းလာတွေကို မထိခိုက်စေခဲ့တာပါပဲ။

သူ့တိုက်ခိုက်မှုများ၏ တိကျမှုနှင့် ရက်စက်မှုတွေက အသက်၁၁ နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် လုံးဝ မတူချေ။

ဤအတွေ့အကြုံရှိ လူသတ်သမားများသည် ပြည်နယ်ရှိ အကောင်းဆုံး လူသတ်သမားများ ဖြစ်ကြ၏။ သူတို့နယ်ပယ်က မမြင့်သော်လည်း အဆင့်မြင့် ကျင့်ကြံသူတွေလိုပင်။ မမျှော်လင့်ဘဲ လမ်းပေါ်၌ ဆုံတွေ့မှုတွင် သူတို့အားလုံး ချန်ရှီလက်ထဲတွင် သေဆုံးသွားခဲ့ကြသည်။

"သူသေနေတာ နှစ်အတော်ကြာနေပြီမလား... သူ မြေအောက်ကမ္ဘာမှာ သူ့လူသတ် စွမ်းရည်ကို လေ့ကျင့်နေခဲ့တာများလား"

ယန်ချင်းက ရောင်ကိုင်းနေသော မျက်နှာကို ကိုင်ရင်း ဆို​လိုက်သည်။

All Chapters