← Chapters

နတ်ဆိုးတွေကို နှိမ်နင်းဖို့ လူသတ်နတ်ဘုရား ဆင်းလာပြီ

Vol. 8 Ch. 112

နတ်ဆိုးတွေကို နှိမ်နင်းဖို့ လူသတ်နတ်ဘုရား ဆင်းလာပြီ

Vol. 8 Ch. 112

ချန်ရှီ မြို့ပြင်သို့ ရောက်ရှိလာပြီး ချောင်ပိတ်သော ထောင့်တစ်ခုကို တွေ့တာနဲ့ ချက်ချင်း ပြေးတော့သည်။ ကောက်ရိုးတုတ်ကို မြေပြင်ပေါ်တွင် ထိုးစိုက်ထားလိုက်သည်။ အနီးနားမှာ ဘယ်သူ့ကိုမှ မတွေ့ရတော့မှ ကိစ္စ ရှင်းလိုက်သည်။

"ငါ့ကိုယ်ငါ အံကြိတ်ထားရတာ သေလုနီးပါးပဲ..."

သူသည် ဟေးကော်နဲ့အတူ ချောင်ဝမ်မြို့သို့ ပြန်ရောက်သောအခါ ချောင်ဝမ်မြို့မှ လူများသည် မျောနေသော အလောင်းကို သင်္ဂြိုဟ်ရာမှ ပြန်လာကြလေ​ပြီ။ ဖုလိန်ရှန်းလည်း အဲဒီလူအုပ်ထဲမှာ ပါလာတာကြောင့် ချန်ရှီ ပြေးနှုတ်ဆက်လိုက်သည်။

"လူကြီးမင်း... အခြေတည် ဝိညာဉ်နယ်ပယ်ရဲ့ ခွန်အားကို မြင်ချင်တယ်"

ဖုလိန်ရှန်းက သူ့ကို လေးလေးနက်နက် ကြည့်ပြီး ခေါင်းညိတ်သည်။

“ငါ့နောက် လိုက်ခဲ့”

သူတို့နှစ်ဦး မြို့ပြင်သို့ ရောက်လာကြသည်။ ဖုလိန်ရှန်း သူ့စွမ်းရည်ကို မြှင့်တင်လိုက်တဲ့အခါ နတ်သန္ဓေသားလေးက ဦးခေါင်း အနောက်ဘက်တွင် အလွန်ကြောက်စရာ ကောင်းသော ဖိအားများ​ဖြင့် ပေါ်ထွက်လာသည်။ ထိုဖိအားတွေက သူ့ပတ်ဝန်းကျင် မြေပြင်ကိုတောင် အနည်းငယ် နစ်မြုပ်သွားစေ၏။

"ငါ့အခြေတည်ဝိညာဥ်က နတ်သန္ဓေသားထဲမှာ ဝှက်ထားတာ... အခြေတည်ဝိညာဥ် ဖွဲ့စည်းရင်း ပိုသန်မာလာအောင် နတ်သန္ဓေသားကို သားအိမ်အနေနဲ့ သုံးထားတာ... ဒါပေမဲ့ ငါက ခန္ဓာကိုယ်ပြင်ပကို အဆင့်တစ်ခုအထိ မလေ့ကျင့်ထားတော့ အခြေတည်ဝိညာဥ်ကို မမြင်နိုင်ဘူး...."

ဖုလိန်ရှန်း သူ့လက်ကို ညင်သာစွာ မြှောက်လိုက်တဲ့အခါ ရုတ်တရက် ချန်ရှီ ခြေဖဝါးအောက်ရှိ မြေပြင်သည် အနည်းငယ် တုန်ခါကာ ကွဲအက်သွားသည်။ အလျား နှစ်ပေ သို့မဟုတ် သုံးပေနှင့် အနံ ရှစ်ပေ ကိုးပေအထိထူသော မြေကြီးက တဖြည်းဖြည်း တက်လာပြီး ချန်ရှီကို မြေပြင်အထက် ဆယ်ပေကျော် လေထဲသို့ သယ်ဆောင်သွား​သည်။

"ငါ့ချီစွမ်းအင်က အားကောင်းပြီး အစွမ်းထက်လာပြီ... ရွှေအမြုတေ ကိုးခုမြောက် နန်းတော်ထက် သာနေပြီ!"

သူသည် သူ့​စွမ်းအင်ကို သေချာ အာရုံစူးစိုက်ထားလိုက်တဲ့အခါ ချန်ရှီသည် အမြင့်ပေတစ်ရာအထိ တဖြည်းဖြည်း ခပ်မြင့်မြင့် ပျံသန်းလာနေသည့် မြေစိုင်ကြီးကို မြင်လိုက်ရပြီး ဖုလိန်ရှန်းရဲ့ ကန့်သတ်ချက်သို့ ရောက်မှသာ ရပ်တန့်သွားသည်။ ထို့နောက် တဖြေးဖြေး ကျဆင်းလာပြီး ခဏအကြာ မူလနေရာသို့ ပြန်​ရောက်သွားလေသည်။

ဖုလိန်ရှန်း : "ငါ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အခြေတည်ဝိညာဉ်က ဖန်တီးထားတဲ့ စွမ်းအားနယ်ပယ်တစ်ခု ရှိတယ်... နတ်သန္ဓေသားရဲ့ စွမ်းအားတွေ အဲဒီထဲကိုဝင်သွားရင် ပြိုင်ဘက်ရဲ့ စွမ်းအား အားလုံးကို ကန့်သတ်ထားလို့ရတယ်... မင်းစမ်းကြည့်လို့ရတယ်..."

"ကောင်းပြီ!"

သူစကားမဆုံးမီတွင် သူ့ခေါင်း အနောက်ဘက်တွင် သေးငယ်သော ဘုံကျောင်းတစ်ခု ပေါ်လာ၏။ ဖုလိန်ရှန်းပင် တုန်လှုပ်ခြောက်ခြားသွားသည့် အရှိန်ဖြင့် ဓားစွမ်းအင်တစ်ခု ပြေးထွက်လာခဲ့သည်။

ဤဓားစွမ်းအင်သည် ဖုလိန်ရှန်းရဲ့ အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်ပယ်ကို ဖောက်ထွင်းသွားသည်။ အရိုးရှင်းဆုံး ဓားစွမ်းအင်ပုံစံကို အသုံးပြုထားပြီး ၎င်းသည် လူတစ်ယောက်က မမြင်နိုင်သော ဓားတစ်လက်ကို ကိုင်ဆောင်ကာ ခွန်အားအားလုံးကို ဓားထဲသို့ လောင်းထည့် ကစားလိုက်သလိုပင်။

ဓားစွမ်းအင်သည် အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်ပယ် အတွင်းသို့ စိမ့်ဝင်သွားစဥ် ရွှံ့ထဲတွင် ပိတ်မိနေသကဲ့သို့ အရှိန်ကလည်း နှေးကွေးလာသည်။ တခဏချင်းတွင် ဓားစွမ်းအင်သည် အပူနဲ့ ပွတ်တိုက်ခံရသလို မီးလောင်ကျွမ်းသွားကာ နောက်ဆုံးတွင် ဖုလိန်ရှန်းရဲ့ လည်ချောင်းရှေ့က သုံးလက်မခန့် အကွာ၌ ရပ်တန့်သွားခဲ့သည်။

ဖုလိန်ရှန်းသည် လည်ချောင်းကို ထိုးဖောက်လုနီးပါး ဓားကို ကြည့်ရင်း ချွေးစအချို့က သူ့ပုခုံးများပေါ် စိုရွှဲသွားလေသည်။

ချန်ရှီ ဒီလောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။ ဓားစွမ်းအင်သည် သူ့ပါးစပ်မှ ထွက်လာတာနဲ့ကို အလွန်ပြင်းထန်လာသည်။ ၎င်း၏ အခြေတည်ဝိညာဥ် စွမ်းအားနယ်ပယ်ကို ဖောက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

'ကံကောင်းသွားတယ်.. ငါ အဲဒါကို တားထားနိုင်လို့ပေါ့... မဟုတ်ရင် လည်ချောင်းကို ဓားနဲ့ ထိုးခံရလိမ့်မယ်...'

သူ စကားပြောခါနီးမှာပဲ ချန်ရှီက ရုတ်တရက် ခြေထောက်​တွေကို လှုပ်ခါလိုက်ပြီး ရှေ့ကို လှမ်းကာ သူ့မျက်နှာကို ထိုးချလိုက်သည်။ လက်သီးရဲ့ အစွမ်းက မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ဖုလိန်ရှန်းရဲ့ နားစည်များ တဟုန်ထိုးမြည်ကာ သူ့စိတ်တွေပါ တုန်လှုပ်သွားခဲ့သည်။ နတ်သားအိမ်ထဲတွင် ဝှက်ထားသော အခြေတည် ဝိညာဉ်တောင် အနည်းငယ် မတည်မငြိမ် ဖြစ်သွားသည်။

'သူ့လက်သီးတွေက ပိုပြင်းထန်ပြီး မိုးခြိမ်းသံတွေပါ ထွက်လာတတ်တယ်... အခြေတည်ဝိညာဥ် နယ်ပယ်မှာရှိတဲ့သူတွေသာ အခြေတည်ဝိညာဥ်ကို ထုတ်ထားရင် တစ်ယောက်ပြီးတစ်ယောက် လက်သီးနဲ့ ထိုးသတ်လိုက်ရမှာ သေချာတယ်!"

ဒါကို သူ တွေးလိုက်ရင်ပဲ ချန်ရှီရဲ့ လက်သီးက သူ့မျက်နှာတစ်ဝိုက်မှာ မီး​တောက်တွေလို ဝေ့ကျလာသည်။ ချန်ရှီအရေပြားအောက်က ကြွက်သားတွေဟာ ဖောင်းပွလာပြီး ချီစွမ်းအင်နဲ့ သွေးတွေက ဓားစွမ်းအင်ထက်တောင် အနည်းငယ် ပိုအစွမ်းထက်လာကာ သူ့မေးစေ့ဆီ ပြန်လှည့်လာသည်။

ဒါပေမဲ့ ဖုလိန်ရှန်းမှာ တစ်ဖက်သားကို ခြိမ်းခြောက်တာတွေ မပြုလုပ်နိုင်ဘဲ ရှေ့ဆက်သွားဖို့လည်း ခက်ခဲနေပြီ ဖြစ်သည်။ ချန်ရှီက ကျယ်လောင်စွာ အော်လိုက်ပြီး ခုနှစ်စင်ကြယ်ပေါ် လှမ်းတက်ကာ သူ့လက်ခြေတို့ကို တွဲသုံးကာ ဖုလိန်ရှန်းကို မုန်တိုင်းကဲ့သို့ တိုက်ခိုက်ခဲ့သည်။

သူလုပ်လိုက်သော လက်သီးနှင့် ကန်ချက်တိုင်းတိုင်း မိုးခြိမ်းသံများနဲ့အတူ အဆက်မပြတ် တုန်ခါနေသည်။ ဖုလိန်ရှန်းခန္ဓာကိုယ်ပေါ်သို့ မရောက်သော်လည်း အ​ခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်ပယ်ကို အဆက်မပြတ် တုန်ခါစေခဲ့ပြီး ဖုလိန်ရှန်းကိုလည်း ခုန်ပျံသွား​စေခဲ့သည်။

ချန်ရှီ အရူးအမူး တိုက်ခိုက်လိုက်တဲ့အခါ သူ၏ စွမ်းအင်နှင့် သွေးများ ပိုမို အားကောင်းလာတော့သည်။ ချန်ရှီ၏ တိုက်ခိုက်မှုအောက်တွင် နောက်ပြန် လွင့်မျောနေသော်လည်း ချန်ရှီက သူ့အား ထိုးနှက်ချက်တိုင်း တကယ် မထိခဲ့ပေ။

ဖုလိန်ရှန်း အံ့သြသွား၏။ ချန်ရှီသာ အစွမ်းကုန် တိုက်ခိုက်နေတယ်လို့ သံသယဝင်မိမယ်ဆိုရင် သူ့ရဲ့ အခြေတည်ဝိဥာဉ် စွမ်းအားနယ်ပယ်က ချန်ရှီကြောင့် ကျိုးသွားလိမ့်မည်။

"သူငါ့ကိုသတ်ချင်နေတာ!"

ဖုလိန်ရှန်းသည် ချန်ရှီ၏ စွမ်းအင်နှင့် သွေးကြောင့် ထိတ်လန့်သွားပြီး ကြောက်စိတ်များပါ ဝင်လာတော့သည်။

"သူ့ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်က ပြင်းထန်လွန်းတယ်... ငါ့ရဲ့ စီရင်ဆုံးဖြတ်နိုင်စွမ်းကိုတောင် ထိခိုက်စေတယ်... ​​ထူးဆန်းလိုက်တာ သူက ကလေးပဲ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး စိတ်ဓာတ် ရှိ​နေရတာလဲ"

ဤအခိုက်အတန့်တွင် ချန်ရှီ၏ ပြင်းထန်သောတိုက်ခိုက်မှု အောက်တွင် လက်သီးချက် သူ့မျက်နှာနားသို့ ရောက်လာရှိခါနီးတွင် ဖုလိန်ရှန်းလည်း ထိုထိုးနှက်ချက်ကို တားဆီးရန် သူ့လက်ကို မြှောက်လိုက်ရတော့သည်။

သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး ချန်ရှီလည်း နောက်ပြန်ဆုတ်သွားသည်။

ဖုလိန်ရှန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ချန်ရှီကို နောက်ပြန်ဆုတ်ခိုင်းနိုင်ပေမဲ့ သူ့ရဲ့ စွမ်းအင်နဲ့ ချီသွေးတွေက အရှိန်အဟုန် ကောင်းနေသေးတာကြောင့် ဖုလိန်ရှန်း မတွေးနိုင်လောက်အောင် တုန်လှုပ်သွားပါ၏။

သူသည် သူ့စွမ်းအင်နှင့် သွေးများကို ငြိမ်သက်သွားအောင် လေအကြာကြီး ရှူထုတ်လိုက်သည်။ ထို့နောက် ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

"ချန်ရှီ... ဒါကတော့ အခြေတည် ဝိညာဉ်ရဲ့ မှော်စွမ်းအားကို စုစည်းဖို့ ငါ ဖန်တီးထားတဲ့ ဖိအားပဲ!"

သူ့လက်ဖဝါးကို မြှောက်လိုက်ချိန်မှာတော့ ချန်ရှီဟာ ကမ္ဘာကြီး လှည့်ပတ်နေသလို ခံစားလိုက်ရလေသည်။ နောက်အခိုက်အတန့်မှာ တွန်းလှန်ဖို့ ဒါမှမဟုတ် ရှောင်တိမ်းဖို့ အချိန်မရှိဘဲ မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့သည်။

ဖုလိန်ရှန်း သူ့လက်ဖဝါးကို ဖိချလိုက်တဲ့အခါ ဖိအားက ချန်ရှီကို ဗဟိုပြုပြီး မြေကြီးကို အရှိန်ပြင်းပြင်း တုန်ခါသွားစေခဲ့သည်။

ဗုန်း!

နှစ်ပေမှ သုံးပေအကွာအဝေးရှိ လက်ဝါးရာကြီး ထင်ထင်ရှားရှား ပေါ်လာသည်။ လက်ဖဝါးအောက်တွင် ချန်ရှီပင်။ ချန်ရှီသည် သူ့လက်များကို မြေကြီးတွင် ကုပ်တွယ်ကာ မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း အခြေတည်ဝိညာဥ်ရဲ့ ဖိအား စွမ်းအားကြောင့် မြေကြီးပေါ်သာ ပြန်ကျသွားခဲ့သည်။

ဖုလိန်ရှန်း အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားကို ပြန်လည် ရုတ်သိမ်းလိုက်မှ ချန်ရှီလည်း မတ်တပ်ရပ်နိုင်ခဲ့သည်။

"ကွာဟချက်က အရမ်းကြီးလွန်းတယ်"

ချန်ရှီ မျက်မှောင်ကြုတ်ပြီး ညည်းညူလိုက်သည်။

ဖုလိန်ရှန်း: "ကမ္ဘာပထမအဆင့်နဲ့ ကောင်းကင်ဘုံ ပထမအဆင့်လိုပဲ... မင်းရဲ့ရွှေအမြုတေက တကယ်တော့ အားနည်းတာလည်း မဟုတ်ဘူး... စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်တွေထက် အများကြီး ပိုအစွမ်းထက်တယ်... ဒါပေမယ့် နယ်ပယ်က အဆင့်တစ်ခုနဲ့ မတူဘူး... မင်းရွှေအမြုတေကို ကိုးအဆင့်အထိ သန့်စင်ထားရင်တောင် အခြေတည်ဝိညာဥ်ကို ယှဥ်မယ်လို့ လိုနေသေးတယ်"

ချန်ရှီသည် သူ ယန်ကျင့်စီးရဲ့ ခြေသံကို ကြားလိုက်ပုံပေါ်ပေမယ့် တစ်ဖက်လူရဲ့ နယ်ပယ်ကို မမြင်နိုင်ခဲ့ပေ။ ဖုလိန်ရှန်းကို ဂရုတစိုက် အာရုံစိုက်လိုက်တော့ အာရုံခံစားနိုင်ခဲ့သည်။

"လူကြီးမင်းဖု... ခင်ဗျားရဲ့ အရိပ်အငွေ့ကို ပြန်သိမ်းထားကြည့်ပါလား"

ဖုလိန်ရှန်းက ထိုစကားကို ကြားသောအခါတွင် ချက်ချင်းပင် အသက်ရှုသွင်းလိုက်သည်။ ချန်ရှီ ဖုလိန်ရှန်းရဲ့ အငွေ့အသက်ကို ကောင်းစွာ ခံစားနိုင်ဆဲဖြစ်သည်။

"ခြေသံကို ကြားရပေမယ့် အငွေ့အသက်ကို မခံစားနိုင်တဲ့လူက အခြေတည် ဝိညာဥ်နယ်ပယ်မှာ ရှိနိုင်လား?"

ဖုလိန်ရှန်း: "ဒါကို ခြောက်ပါးပေါင်းစည်း လို့ ခေါ်တယ်... အနှစ်သာရ၊ စွမ်းအင်နဲ့ ဝိညာဉ်သုံးပါး ပေါင်းစည်းပြီးရင် အခြေတည်ဝိညာဥ်ကို ပြုစုပျိုးထောင်နိုင်ပြီ... လက်နဲ့ မျက်လုံးတွေ ပေါင်းစပ်ပြီး မျက်လုံးနဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်မယ်... ပြီးရင် ခန္ဓာကိုယ်ကို အခြေတည်ဝိညာဥ်နဲ့ ပေါင်းစပ်လိုက်တာပဲ... အဲဒါက ခြောက်ပါးပေါင်းစည်းပဲ... ခြောက်ပါးပေါင်းစည်းကို အောင်မြင်သွားရင် အခြေတည်ဝိညာဥ်က ရုပ်ခန္ဓာတစ်ခု ဖြစ်သွားပြီ...ခြောက်ပါးပေါင်းစည်းက အတွင်းအင်္ဂါတွေကို ခန္ဓာကိုယ်လိုပဲ ထိန်းထားနိုင်ပြီမလို့... အခြေတည်ဝိညာဥ်က ခန္ဓာကိုယ်ရဲ့ အငွေ့အသက်ကို ထိန်းချုပ်ပေးနိုင်ပြီ!"

သူနောက်ထပ် တစ်လှမ်းတိုးပြီး :"တချို့လူရဲ့အခြေတည်ဝိညာဥ်က လေထဲမှာ ထိုင်နေသလိုပဲ စူးစမ်းလာတဲ့ စိတ်စွမ်းအား အားလုံးကို ခုခံနိုင်စွမ်းရှိတယ်... သူ့ခန္ဓာကိုယ်က လေထဲမှာ ထိုင်နေသလိုမျိုး ဥပဒေအားလုံးနဲ့လည်း ဆန့်ကျင်နေလိမ့်မယ်.. ငါလည်း အခြေတည်ဝိညာဥ်နယ်ပယ်ထဲကို ဝင်ပြီးမှ ဒါကိုသိသွားပြီ... အရင်က ငါဒီအကြောင်းကို သိပ်မသိဘူး"

ချန်ရှီ ဖုလိန်ရှန်းကို ဦးညွှတ်လိုက်သည်။

"ကျွန်တော် သင်ခန်းစာ ရလိုက်ပါပြီ... နောက်ကျနေပြီ ဆိုတော့ ကျွန်တော် အိမ်ပြန်​တော့မယ်"

ဖုလိန်ရှန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူက ချန်ရှီ ချန်ယန်တောင်ဆီ လျှောက်သွားနေတာကို ကြည့်ပြီး။

"ချန်ရှီ!"

ချန်ရှီ ရပ်လိုက်သည်။

ဖုလိန်ရှန်း: "လူကြီးလူကောင်းတစ်ယောက်မှာ လုပ်စရာတစ်ခု ရှိတယ် မလုပ်သင့်တာ တစ်ခုလည်းရှိတယ်... မင်းလုပ်နိုင်တာ ဆိုရင် လုပ်လိုက်ပါ... မင်းအဲ့တစ်ခုခုကို လုပ်လို့မရဘူး ဆိုတာသိရင် မလုပ်နဲ့... ဒီစကားကို မုန့်ကျစ် ပြောထားတာ... မင်းသေသေချာချာ နားလည်ထားရမယ်"

နဂိုကတည်းက မျက်နှာမှာ လေးနက်တဲ့ အမူအရာရှိတဲ့ ချန်ရှီက ဒါကိုကြားပြီးနောက် စိတ်အေးလက်အေးနဲ့ ပြန်ဖြေလိုက်၏။

"ပညာရှိရဲ့စကားက အမှန်တရား တစ်ခုတော့ ရှိရမယ်တဲ့... ခင်ဗျားရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း"

ဖုလိန်ရှန်း သက်ပြင်းချကာ ပြုံးပြလိုက်သည်။

"မင်းနားလည်ထားတာ ကောင်းပါတယ်"

ချန်ရှီ ထွက်သွားသည်။

ဖုလိန်ရှန်းလည်း ချောင်ဝမ်မြို့သို့ ပြန်လှည့်လာခဲ့သည်။

"လူကြီးမင်းက အရမ်းသဘောကောင်းတာပဲ... သူက မုန့်ကျစ် သင်ပေးတာကို ကိုးကား​ပြတတ်တယ်... မုန့်ကျစ်က ဆရာကြီးရဲ့ မျိုးဆက်ဖြစ်ရမယ်... ဥာဏ်ကောင်းတယ် လူကောင်းတစ်ယောက်က တိုက်နိုင်ရင် တိုက်မယ် မနိုင်ရင် မတိုက်ဘူး မတိုက်ခင်မှာ သိထားရမှာက ပြိုင်ဘက်က အရမ်းအားကြီးရင် မတိုက်နဲ့... မုန့်ကျစ်က တကယ်ကို ရက်စက်တယ် သူ့​စာအုပ်တွေကို ဝယ်ဖတ်ဦးမှ ထင်တယ်"

ဟေးကော်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားမိပေမယ့် သူပြောတာက အဓိပ္ပာယ်ရှိတာကြောင့် ချေပလို့လည်း မရဘူး ဖြစ်နေသည်။ ချန်ရှီ ဟွမ်ဖောရွာသို့ ပြန်လာပြီး ခွေးနက်သွေးကို ယူကာ တစ်ညလုံး အဆောင်လက်ဖွဲ့တွေ ဆွဲ​နေခဲ့သည်။

ရေးဆွဲထားသော အဆောင်လက်ဖွဲ့များက အမျိုးအစား တစ်ဒါဇင်ကျော်အပြင် မိုးဆုတောင်း အဆောင်လက်ဖွဲ့၊ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့၊ နတ်လမ်းအဆောင်လက်ဖွဲ့၊ ရွှေရောင်အလင်း အဆောင်လက်ဖွဲ့၊ စစ်သူကြီးတစ်ပါး အဆောင်လက်ဖွဲ့၊ စစ်သူကြီးဆယ်ပါး အဆောင်လက်ဖွဲ့၊ နန်းတော်ကိုးပါးအဆောင်လက်ဖွဲ့ စသည်တို့ ဖြစ်သည်။ တစ်ခုစီကို ငါးရွက်ဆီ ဆွဲသည်။

မိုးကြိုးအဆောင်လက်ဖွဲ့ကလည်း ဆယ်မျိုးကျော်သည်။ တစ်မျိုးစီကို ငါးရွက်လောက် ရေးဆွဲခဲ့သည်။

အားလုံး ပြီးသွားသောအခါ ဟေးကော်လည်း ကိုယ်အလေးချိန် ကျပြီး နှေးကွေးလာသည်။ ချန်ရှီ အဆောင်လက်ဖွဲ့ များကို သူ့အဝတ်အစားများပေါ်တွင် သေချာ ကပ်ထားပြီးနောက် သူသည် သူ့အိမ်ထဲရှိ အမွှေးတိုင်များ အားလုံးကို ထုတ်ယူလိုက်သည်။ အချိန်က နှစ်ရက်သာ ကျန်တော့ပြီး ကျန်တာ​တွေကို တစ္ဆေဘုရင်သုံးကို ပူဇော်လိုက်၏။

"အမွှေးနံ့သာတွေ အများကြီး စားပြီးရင် နည်းနည်းတော့ သန်မာလာနိုင်​လောက်ပါတယ်"

ဖုလိန်ရှန်းနဲ့ စတင်တိုက်ခိုက်သောအခါက သူသည် တစ္ဆေဘုရင်သုံးကို ထိန်းချုပ် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေ။ နတ်သန္ဓေသားအဖြစ် ဝင်နေသော တစ္ဆေဘုရင်သုံးနဲ့ ပူးပေါင်းလိုက်ရင် သူရဲ့ တိုက်ခိုက်ရေးစွမ်းအားများ တဟုန်ထိုးတက်လာပြီး ဖုလိန်ရှန်းကတောင် အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်မည် မဟုတ်ပေ။

နတ်ဘုရင်သုံးသည် ချန်ရှီထံမှ အမွှေးတိုင်ကို လက်ခံခဲ့သည်။ သို့သော် အမွှေးတိုင်များစွာကို တွေ့လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွား၏။

"ခေါင်း​မဖြတ်ခင် ထမင်းကောင်းကောင်း ကျွေးနေတာလား... ဒါက ခေါင်းဖြတ်ထမင်းလား... ခေါင်းဖြတ်ချန်တော့ ကြီးကြီးမားမား ပြဿနာကြီး လုပ်ပစ်မှာ ကြောက်ရတယ်... ငါ မလုပ်နိုင်ဘူး ငါပြန်သွား​ပြီး သက်ရှည်ထမင်း စားတာပဲ ပိုကောင်းမယ်"

မကောင်း​တော့မှန်း သိသဖြင့် ချန်ရှီရဲ့ ဘုံကျောင်းငယ်လေးမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

"အမှားတစ်ခုက ထာဝရမုန်းတီးမှုကို ဦးတည်စေလိမ့်မယ်တဲ့... ဒီနံ့သာတိုင် နည်းနည်းလေး အတွက်နဲ့ ငါ လောဘမတက်သင့်ဘူး... ငါအရမ်းမိုက်မဲတာပဲ..."

အဲဒီညမှာ အမွှေးတိုင်တွေက တောက်လောင်နေပေမယ့် တစ္ဆေဘုရင်သုံးကတော့ ပိုပိုပြီး စိတ်မသက်မသာ ဖြစ်လာခဲ့လေသည်။

နောက်တစ်နေ့နံနက်တွင် ချန်ရှီ စောစောထကာ ကန့်ညောင်ကို သွားကန်တော့သည်။ ထို့နောက် ကျူးရှို့ချိုင်ကို အမွှေးတိုင်လေးပေးကာ ဘုရင်ကျန်း ဂူသင်္ချိုင်းဆီသို့ တည့်တည့် ထွက်သွားခဲ့သည်။ သင်္ချိုင်း အပြင်ဘက်သို့ ရောက်သောအခါ ချန်ရှီ ခဏ ငြိမ်သက်သွား၏။ သူသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို မထုတ်ယူဘဲ နတ်တစ္ဆေဘုံထဲ ဝင်ရောက်ကာ သင်္ချိုင်းရှေ့ရှိ စမ့်တောအုပ်ဆီသို့ ဦးတည်ဝင်သွားခဲ့သည်။

သူ့ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေကြီးရဲ့ ပုံပန်းသဏ္ဌာန်က ရုတ်ချည်း ပြောင်းလဲသွားကာ ကျောက်ရုပ်တုများကလည်း တစ်ခုပြီးတစ်ခု အသက်ဝင်သွားသည်။ ၎င်းတို့က သူတော်စင် သံတမန်သည် တောထဲသို့ ပြေးဝင်သွားသည်ကို ထိတ်လန့်စွာ ကြည့်နေကြ၏။ ထျန်းဖန်ဖုနတ်ဆိုးကျင့်စဥ် ကျောက်စာတန်းများကို စိုက်ကြည့်ကာ အမြန်ဖတ်လိုက်သည်။

သင်္ချိုင်းတွင်းကို နှိပ်ကွပ်ခံထားရသော သားရဲများသည် ပြင်းထန်သော မောက်မာမှုဖြင့် ထိုနေရာတွင် ထိုင်နေကြပြီးနောက် သူတော်စင် သံတမန်က အရှိန်အဟုန်ဖြင့် ပြန်ပြေးထွက်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာကို ကြည့်နေကြလေ၏။

"ထူးခြားဆန်းပြားတဲ့ ဒီသူတော်စင် သံတမန်က အမြဲတမ်း လာပြီးရင် အမြန် ထွက်သွားတယ်"

ထျန်းလုက သမ်းပြီးပြော၏။

"သူက ငါတို့ကို နှိုးတုန်းက နှိုးသွားပြီးတော့ စကားတစ်ခွန်းမှ မပြောဘူး"

"သူတော်စင် သံတမန်က အလုပ်များလွန်းနေလို့ ဖြစ်လိမ့်မယ်"

သို့နှင့် တစ်ကောင်ပြီး တစ်ကောင် ကျောက်ရုပ်တုတွေ ပြန်ပြောင်းကာ ဆက်အိပ်ကြတော့သည်။

ချန်ရှီသည် ဘုရင်ကျန်း၏ သင်္ချိုင်းမှ လွတ်မြောက်ပြီးနောက် ပျော့ပျောင်းသော တောင်ကုန်းသို့ ပြန်သွားခဲ့သည်။ သူ့မျက်လုံးများကတော့ စိတ်လှုပ်ရှားစွာဖြင့် မည်းမှောင်သွား၏။

"ရပြီ ငါရပြီ နောက်ဆုံးတော့ ထျန်းဖန်ဖူ နတ်ဆိုးရဲ့ မှော်ပညာကို ငါရပြီ.... ငါ ဒဏ်ရာမရဘဲ လွတ်လာသလိုပဲနော်.."

ယန်ဖောင့်ရဲ့ ပျံသန်းနေသော ခေါင်းပေါင်း ဆယ့်နှစ်ကောင်နှင့် အခြားသော မကောင်းတတ်သည့် ရှဲ့ကျင့်စဥ်များကို တွေ့ပြီးနောက် ဘုရင်ကျန်းရဲ့ ဂူသင်္ချိုင်းမှာ သွားလေ့လာကြည့်ခဲ့သည်။ သူရရှိလာတဲ့ အရာက တန်ပြန်တိုက်ခိုက်နိုင်သော အတတ်ပညာ တစ်ခုဖြစ်သည်။

ထျန်းဖန် ဆိုတာဟာ မြောက်ဝင်ရိုးစွန်းအရှင်၊ ဖော့ကျွင်းကြယ်ဟုလည်း သိကြသော ပေသို့ခုနှစ်စင်ကြယ်ထဲက ရောင်ကွမ်းကြယ်နှင့် သက်ဆိုင်​လေသည်။

ဒီကျင့်စဥ်က သူ ကျင့်ဖူးတဲ့ အလင်းသုံးပါးကျင့်စဥ်နဲ့ တူညီသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ၎င်းတို့အနက်မှ ပေသို့သန့်စင်မှု ခုနစ်ချက်နှင့် ရောင်ကွမ်း သန့်စင်မှုနည်းလမ်းကလည်း ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ်နဲ့ အတိအကျ ကိုက်ညီမှု ရှိတယ်လို့ ဆိုနိုင်သည်။

ချန်ရှီသည် လည်ပင်း ကောက်ကွေးနေသော မိုးမခပင်အောက်တွင်ထိုင်ကာ ဤကျင့်စဥ်ကို အသေအချာ လေ့လာသော်လည်း ၎င်းက အလင်းသုံးပါးကျင့်စဥ်ထက် များစွာပိုမိုရှုပ်ထွေးကြောင်း တွေ့လာရသည်။ ၎င်းသည် မှော်ပညာဖြင့် ပြုလုပ်ထားသော ကျင့်စဥ်ဖြစ်လို့ စတင်ရန် ခက်ခဲ၏။ အလင်းသုံးပါးကျင့်စဥ်လောက်လည်း မလွယ်ကူချေ။

သို့သော် ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ်က အနီးကပ် တိုက်ခိုက်ရေးနည်းလမ်း တစ်ခုလည်းဖြစ်တာကြောင့် သူနဲ့လည်း အလွန်လိုက်ဖက်ပါသည်။

"ဒီကျင့်စဥ်က ငါ့ကို ပေါ့ပါးတဲ့ အဝတ်အစားတွေကို ၀တ်ခိုင်းနေသလိုပဲ..."

ချန်ရှီ ခဏလောက်စဉ်းစားပြီး သူ့အဝတ်အစားများကို ချွတ်ကာ သပ်သပ်ရပ်ရပ် ဘောင်းဘီတိုလေး ကောက်ဝတ်ကာ ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ်ကို တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။

ဒီလိုနဲ့ တစ်နေ့တာ လေ့ကျင့်ပြီးနောက် အောင်မြင်မှုတစ်ခု ရသွားပြန်သည်။

ညဘက်တွင်တော့ ချန်ရှီ ညစာပြီးသည်နှင့် ဆေးရေချိုးပြီး ခြံထဲတွင် လေ့ကျင့်ရန် ပြန်ထွက်လာခဲ့သည်။ သူလေ့ကျင့်တဲ့ ဆူဆူညံညံ အသံတွေကြောင့် ရွာသားတွေလည်း သည်းမခံနိုင်တော့ဘဲ ကြိမ်ဖန်များစွာ ကျိန်ဆဲကြတော့၏။

နံနက်စောစောတွင် ချန်ရှီထပြီး ရေချိုးလိုက်သည်။ ထုံးစံအတိုင်း သူ့ကန့်ညောင်ကို ရှိခိုးပူဇော်ကာ ကျူးရှို့ချိုင်အား ယဇ်ပူဇော်သည်။ ပြီးတာနဲ့ နံနက်စာစားကာ ဟေးကော်ကို အပြင်ထွက်ဖို့ ခေါ်သည်။

ချောင်ဝမ်မြို့သို့ ရောက်သောအခါတွင် ဟေးကော်ကို ဝိညာဥ်အသားနှစ်ကျင် ဝယ်ကျွေးပြီး မိုးကြိုးခရိုင်သို့ ဦးတည်သွားခဲ့သည်။ မိုးကြိုးခရိုင်က လက်ဖက်ရည်ဆိုင်ကို ရောက်သောအခါ အဖျော်ဆရာက သူ့ကို လက်ဖက်ရည်ဆိုင် နောက်ဖေးသို့ ခေါ်သွား၏။ ခြံထဲတွင် ဝက်၊ ခွေး၊ နွား၊ သိုး တစ်ဒါဇင်ကျော်ရှိပြီး အကုန်လုံးက ဗိုက်ကြီးသည်တွေချည်းပင်။

"ဟေးကော်... ငါ့ကိုယ်စား သူတို့ကို စောင့်ကြည့်ထား... မပျောက်စေနဲ့..."

ဟေးကော်ကို အမိန့်ပေးကာ ဗိုက်ကြီးသည် တိရစ္ဆာန်များကို ခေါ်ကာ ရွှမ်ဝူနန်းတော်ဆီ ပြုံးပြုံးကြီး လှမ်းကြည့်လိုက်သည်။

ရွှမ်ဝူနန်းတော်မှာတော့ ယန်မိသားစု၏ ကလေးများနှင့် အစေခံများသည် နန်းတော် အပြင်ဘက်မှ လန်းဆန်း​​နေသော လူငယ်လေးရဲ့ အသံကို ကြားလိုက်ကြရ၏။

"လူကြီးမင်းယန် ဒီမှာရှိလား... ကျွန်တော်က ချန်ရှီပါ... ခင်ဗျားရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ဒီနေ့ ခင်ဗျားအတွက် ကျေးလက်ဒေသက ဟင်းပွဲတချို့ ယူလာပေးတာ!"

ဒီအသံကိုကြားတော့ ယန်ရုံနဲ့ တခြားသူတွေလည်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

ယန်ဖောင့်: "ဒီကလေးကို မနေ့ကမှ ငါ့ဦးလေး ထိန်းထားတာလေ... ဒီနေ့ ဘယ်က သတ္တိတွေရပြီး ရောက်လာတာလဲ.. သူ ဘာထူးထူးဆန်းဆန်းတွေ ယူလာ​ပြန်တာလဲ...."

ယန်ရုံ: "ဘာမှစိတ်မပူပါနဲ့... သူဘာတွေ ကြံနေလဲ အရင်ကြည့်ရအောင်"

ထို့​နောက် အားလုံးက ချန်ရှီနဲ့ တွေ့ဖို့ ပြင်ဆင်ပြီး ထွက်လာကြသည်။ ထိုအချိန်တွင် ကောင်းကင်က မိုးရွာချတော့မလို ရုတ်တရက် မှောင်လာ၏။ အားလုံး တစ်ပြိုင်တည်း မျှော်ကြည့်ရင်း အံ့ဩသွားကြသည်။

"အခုနကတင် နေတောက်နေပါသေးတယ်... အခု ဘာလို့ ရုတ်တရက်ကြီး တိမ်ထူလာတာလဲ"

ချန်ရှီသည် ရွှမ်ဝူနန်းတော် အပြင်ဘက်တွင် ရပ်ကာ သူ့ပုခုံးကို လှုပ်ယမ်းရင်း သူ့စွမ်းအင်နှင့် ချီသွေးများကို အသက်သွင်းကာ နတ်မန္တန်တစ်ခုကို ရွတ်ဆို​နေခဲ့သည်။

"မြတ်သောမိုးကောင်းကင်... ကိုးယွမ် လူဆိုးကောင်၊ တင်းစစ်ငါးကောင်၊ ကောင်းတျောက်ပေဝမ်း၊ လက်နက် ခုနစ်ပါးနဲ့ ဝိညာဥ်ရှစ်ပါး၊ တန်ခိုးကြီးသော မကောင်းဆိုးဝါး၊ ခေါင်းရှည်ဘီလူးကြီး၊ ဧကရာဇ် ခေါင်းလောင်းကို ကိုင်ဆောင်လျက်!"

ရွှေအမြုတေက သူ့ခန္ဓာကိုယ်ထဲတွင် တောက်ပနေသည်။ ချီစွမ်းအင်က ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားကာ အရိုးများ ကြီးထွားလာပြီး ကြွက်သားများလညိး တဖြည်းဖြည်း ဖောင်းလာသည်။

ချီစွမ်းအင်နှင့် ချီသွေးများ ပြင်းထန်လာတဲ့အခါ သွေးရောင်စွမ်းအင်များက လျှံထွက်လာသည်။ မျက်ခုံးမွှေး၊ အစွယ်များ၊ အသားများနှင့် ပြည့်နေသော မျက်နှာ၊ ကြမ်းတမ်းသော မျက်နှာတို့နှင့်အတူ တခြားဦးခေါင်းနှစ်ခုရဲ့ အရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ချန်ရှီခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲလာသည်။ အရပ်ပိုရှည်လာပြီး သူ့လက်နှစ်ဖက်အောက်တွင် လက်သစ်များ ထွက်လာစဥ် တစ်ချိန်တည်းမှာပင် သူ့လက်မောင်းများမှာလည်း ကြီးထွားလာကာ လက်ချောင်းတွေ ပိုရှည်လာသည်။

"နတ်ဘုရားသုံးပါး.... နဂါးကိုစီးပြီး တန်ခိုးကြီးတဲ့ဓားနဲ့ နတ်ဘုရင်ကို သတ်ပြီး သဲလွန်စအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်... ခရမ်းရောင်စွမ်းအင်တွေက ကောင်းကင်မှာ တက်လာပြီး တိမ်နီတွေက ရှေ့ကို ပြေးလာတယ်.... နတ်ဆိုးတွေ သရဲတစ္ဆေတွေကို မျိုချလိုက်ပြီး ခန္ဓာကိုယ်အနှံ့ လေကို သောက်တယ်.."

ချန်ရှီ ရှေ့သို့ တိုးလာသည်။ သူ၏ ချီစွမ်းအင်နှင့် သွေးများက ပိုတိုးလာ၏။ မြင့်မားတဲ့ ခန္ဓာကိုယ်ပေါ်က လက်ခြောက်ဖက်၌ လက်နက်များကို ကိုင်ထားသည်။ လက်နက်များမှာ ပုဆိန် ၊လေးနှင့် မြှား၊ ဓား၊ ခေါင်းလောင်း၊ ကျီ၊ ဆော်တို့ကို ကိုင်ဆောင်ထားသည်။

"​နေဧကရာဇ်ရဲ့ ပြင်းထန်တဲ့သွေး၊ ပေသို့ရဲ့ မီးလောင်နေတဲ့ အရိုးတွေ၊ အလင်းလေးပါး ကျိုးပဲ့သွားတာနဲ့ ကောင်းကင်ဘုံ နတ်ဘုရားများက မျိုးစိတ်အားလုံးကို ဖျက်ဆီးပစ်မည်! နတ်ဓားတစ်ချောင်းတည်းနဲ့ သရဲတစ္ဆေများအားလုံး ပြိုလဲသွားရမယ်"

ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုနဲ့အတူ ချန်ရှီရဲ့ ချီစွမ်းအင်များ မြင့်တက်လာခဲ့သည်။ သူဆံပင်ကို ချည်နှောင်ထားသော ဖဲကြိုးနီက လွင့်မျောသွားတာကြောင့် သွေးနီရောင်ဆံပင်များ တဖျပ်ဖျပ်ခတ်ကာ ခြေတစ်လှမ်းကျော်အထိ လွင့်နေလေသည်။

စွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲကာ အရှိန်ပြင်းပြင်းနဲ့ လည်ပတ်နေသည်။ ချီသွေးများက သူ့ရှေ့နှင့်နောက်တွင် ထူထဲသော အနီရောင် ချပ်ဝတ်တန်ဆာများ ဖြစ်လာသည်။ ချန်ရှီအင်္ကျီကို ခပ်ပွပွ ၀တ်ထားသော်လည်း မလုံလောက်ချေ။

ညစ်ညမ်းသော လေထုကို သယ်ဆောင်လာသော နတ်ဆိုးတစ်ကောင်လိုပင်။

ဝုန်း!

ရွှမ်ဝူနန်းတော်ရဲ့ ပင်မတံခါးကြီး ရုတ်တရက် ပြိုကျသွားသည်။ ချန်ရှီ တံခါးကို ကန်ထုတ်လိုက်တော့ နှေးကွေးသော အစေခံနှစ်ယောက် လွင့်ထွက်သွား၏။ ပြေးထွက်လာခဲ့သည်။ တံခါးကို ဖွင့်တော့မယ့် ယန်ရုံ၊ ယန်ဖောင့်တို့ဟာ ကောင်လေးနှစ်ယောက် လွင့်လာတာကို တွေ့တော့ လန့်ဖျပ်သွားကာ အလျင်စလို ရှောင်လိုက်ကြသည်။

ချန်ရှီ ခန်းမထဲသို့ ခုန်ဆင်းလာ​၏။

"ဒီ​နေ့ ကျွန်​​တော်​ ခရိုင်​တရားသူကြီးကို လိုက်​ပို့ပေးမယ်!"

All Chapters