ခေါင်းဖြတ်ပြီး သတ်
Vol. 8 Ch. 113
ရွှမ်ဝူနန်းတော်ထဲကနေ ထွက်လာပြီး ချန်ရှီကို လာနှုတ်ဆက်တဲ့ သူတွေကတော့ ယန်ရုံ၊ ယန်ဖောင့်နှင့် ယန်မိသားစုမှ တပည့်နှစ်ယောက်ဖြစ်တဲ့ ယန်ကျန့်နဲ့ ယန်ဝူတို့ပဲ ဖြစ်သည်။ ချန်ရှီဆီက အရိုက်နှက်ခံခဲ့ရသော ယန်ချင်းကြောင့် ဆက်ဆံရေး ကောင်းမွန်တဲ့ ယန်ရှော့လည်း ရောက်မလာချေ။
ချန်ရှီ တံခါးကို ဖွင့်လိုက်သောအခါ ယန်မိသားစုမှ ညီအကိုလေးယောက်က တစ်ခွန်းမှ မပြောတော့ဘဲ နတ်ကွန်းအတွင်းက နတ်သန္ဓေသားကို အသက်သွင်းကာ ရွှေအမြုတေများ ထုတ်လွှတ်လိုက်ကြသည်။ ယန်ရုံဟာ ရှင်းရှန်ခရိုင်က ဖုလိန်ရှန်းလို ရွှေအမြုတေကို ကိုးခုမြောက် နန်းတော်အထိ သန့်စင်ထားပြီးလေပြီ။
ဖုလိန်ရှန်းလို အလွတ် စာသင်ခဲ့ရသူများနှင့် မတူဘဲ သူသည် ငယ်စဉ်ကလေး ဘဝကတည်းက ယန်မိသားစုထံမှ အကောင်းဆုံး သွန်သင်ချက်များကို ရရှိခဲ့သည်။ အကောင်းဆုံး ကျင့်စဥ်နဲ့ လေ့ကျင့်ခန်းများကို သင်ယူကာ အကောင်းဆုံး အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးများကို စားသုံးခဲ့သည်။
ထို့အပြင် မိုးကြိုးခရိုင်ကို ရောက်လာရှိပြီး ရွှမ်ဝူနန်းတော်ထဲ ဝင်ရောက်ပြီးနောက် သူသည် ပို၍ပင် လုံ့လစိုက်ထုတ်ခဲ့ပြီး ဖုလိန်ရှန်းထက်တောင် ပိုမိုအားကောင်းလာခဲ့သည်။
ရွှမ်ဝူနန်းတော်ရဲ့ ဂိတ်တံခါးသည် သူ၏ ရွှေအမြုတေ တန်ခိုးအောက်တွင် တခဏချင်း အရည်ပျော်သွားပြီး အစေခံ လူငယ်နှစ်ဦးရဲ့ အဝတ်များ လောင်ကျွမ်းသွားသည်။ ၎င်းတို့ရဲ့ အသားစများနှင့် အသွေးများ အရည်ပျော်သွားကာ အရိုးစုများသာ ကျန်ခဲ့သည်။
သူ့ရဲ့ ရွှေအမြုတေ အစွမ်းက အထင်ကြီးစရာပင်။
သို့သော် နောက်အခိုက်အတန့်တွင် သူသည် မိုးခြိမ်းသံကို ကြားလိုက်ရာ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း၊ ရက်စက်ကြမ်းကြုတ်သောမျက်နှာနှင့် အရပ်ခြောက်ပေခန့်ရှိသော အသွင်အပြင်ကို တွေ့လိုက်ရလေသည်။
"ချန်ရှီ?? သူ ဘယ်လို ကျင့်စဥ်တွေ ရလာတာလဲ?"
ယန်ရုံဟာ ယခုအချိန်တွင် အရပ်ရှည်သော်လည်း ပိန်ပိန်ပါးပါးလေး ဖြစ်သည်။ အစကတည်းက ဆယ်ကျော်သက်အရွယ် ကလေးဖြစ်လို့ သန်မာတဲ့ ကြွက်သားတွေ မရှိချေ။ ယခုအချိန်တွင် ချန်ရှီက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ ခြေထောက်ကြီးကြီးတွေနဲ့ ရောက်လာ၏။
ဒါ့အပြင် ကောင်းကင်ကို ဦးတည်ပျံသန်းနေတဲ့ အနီရောင်ဆံပင်တွေကလည်း တကယ်ကို ဆွဲဆောင်မှုရှိသည်။ သူ့တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ရှိသော်လည်း ကျန်ဦးခေါင်းနှစ်ခုသည် ချီသွေးများ ပေါင်းစပ်ထားရာမှ ပုံသဏ္ဌာန် ပေါ်လာခြင်း ဖြစ်လေသည်။
ချန်ရှီရဲ့ လက်ခြောက်ဖက်တွင် ကိုင်ထားသော လက်နက်များဟာလည်း စွမ်းအင်နှင့် သွေးကို ထိန်းချုပ်ရန် ကွဲပြားသော နည်းလမ်းများဖြင့် ပေါင်းစည်းထားတာ ဖြစ်ကာ စစ်မှန်သော လက်နက်များ မဟုတ်ချေ။
ယန်မိသားစုတွင်လည်း အလားတူနည်းလမ်းများ ရှိသော်လည်း ၎င်းတို့ စုဆောင်းမှုထားတဲ့ မှတ်တမ်းတွေက ဒီလောက်အထိ မရှုပ်ထွေးပေ။ မကြာမီ မိုးခြိမ်းသံနှင့်အတူ ချန်ရှီလက်ထဲမှ ပုဆိန်သည် ယန်ရုံ ခေါင်းပေါ်သို့ ကျလာလေပြီ။ အရှိန်မြန်လွန်းသဖြင့် ယန်ရုံ သတိမမူမိဘဲ နောက်ပြန် လွင့်သွားခဲ့ရသည်။
ဝုန်း!
သူ့အနောက်ဘက်ရှိ နံရံကို ထိမှန်သွားသည်။ ရွှမ်ဝူနန်းတော် တံခါးနှင့် ဆန့်ကျင်ဘက်တွင် တောင်ကုန်းကျောက်တုံးကြီးဖြင့် ထွင်းထုထားသည့် မျက်နှာပြင်နံရံသည် အရှည်ပေ၂၀ခန့် မြင့်၏။ ၎င်းကို ယန်ကျင့်စီး ခရိုင်တရားသူကြီး ဖြစ်လာသောအခါတွင် ကျွမ်းကျင်သော လက်သမားဆရာများကို ငှားရမ်း ပြုပြင်စေခဲ့သည်။
မင်မင်းဆက်၏ လက်ရာမြောက်သော လက်မှုပညာသည် အသက်ဝင်လွန်းတာကြောင့် ငွေအမြောက်အမြား သုံးစွဲခဲ့ရမှာ ထင်ရှားသည်။
သို့သော် ယန်ရုံရဲ့ တိုက်မိမှုကို မခံနိုင်သော တောင်ကုန်းကျောက်တုံးကြီးသည် ယန်ရုံနဲ့အတူ လွင့်လာသော ရွှေအမြုတေကြောင့် ပေါက်ကွဲသွားလေသည်။ မီးတောက်တစ်ခု ချန်ရှီဆီသို့ ပြင်းပြင်းထန်ထန် လွင့်လာသည်။ မီးခိုးလုံးများက နံရံကို အရည်ပျော်သွားစေ၏။
သို့သော် ချန်ရှီက ပုဆိန်လွှဲခုတ်ကာ မီးတောက်ကို အလယ်မှ ဖြတ်တောက်ပစ်ပြီး မီးလှိုင်းနှစ်ခုလို ပြောင်းလဲပစ်ကာ အဝေးသို့ လွင့်သွားစေသည်။ မီးတောက်က ခြောက်ပေမှ ခုနစ်ပေအထိ ကျယ်သော တံခါးနှစ်ချပ်ကို ဖွင့်ပေးလိုက်သကဲ့သို့ တံခါးနှစ်ဘက်စလုံးရှိ နံရံများကို လောင်ကျွမ်းသွားစေသည်။
ယန်ရုံလည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ အင်အားများလွန်းသောကြောင့် သူ့အနောက်မှ ခန်းမတံခါးကို ဝင်တိုက်ကာ သစ်သားတံခါးနှစ်ချပ်ထဲ ဖြတ်ဝင်သွားခဲ့သည်။
ခန်းမသည် ရွှမ်ဝူနန်းတော်၏ သားမြေးများ၊ ခရိုင်တရားသူကြီး သို့မဟုတ် ထင်ရှားကျော်ကြားသော ဧည့်သည်များကို လက်ခံတွေ့ဆုံဖို့ ခမ်းခမ်းနားနား ပြင်ဆင်ထားသော ထိုင်ခုံများကို ရပ်နားထားရာ နေရာဖြစ်သည်။
ဧည့်သည်များသည် ရွှမ်ဝူနန်းတော်ထဲသို့ မကြာခဏ လမ်းလျှောက် မဝင်သွားချင်ပါက အစေခံများကို ခေါ်၍ ဆလွန်းကုလားထိုင်ကို ထမ်းခိုင်းလို့ရသည်။ ထို့နောက် ခန်းမထဲသို့ ဝင်ကာ သခင်ကြီးကို ဂါဝရပြု နှုတ်ဆက်နိုင်၏။
ချန်ရှီသာ် ကြွက်မြီးပြတ်များကို ရောင်းချပြီး စာမေးပွဲ ဝင်ဖြေခဲ့တာမို့ ယန်မိသားစုလို ချမ်းသာသော မိသားစုကို ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပေ။ သူသည် ခြေထောက်နှစ်ချောင်းနဲ့ ရွှမ်ဝူနန်းတော်ထဲ ပတ်သွားကြည့်ရင်တောင် လူတွေဆီက ကဲ့ရဲ့တာကို ခံရပေလိမ့်မည်။
ယန်ရုံ မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် ချန်ရှီရဲ့ လက်နှစ်ဖက်နှင့် ခြေတံရှည်ရှည်ကို လှမ်းမြင်လိုက်ရသည်။ လက်တစ်ဖက်က ယန်ဝူကို သူ့လက်ထဲက ဓားရှည်ဖြင့် ထိုးဖောက်ထားကာ ကျန်တစ်ဖက်က ယန်ကျန့်၏ လည်ပင်းကို ဆွဲညှစ်ထားသည်။ တတိယလက်မှာ ယန်ကျန့် နှလုံးကို ဓားဖြင့်ထား၏။
"ယန်ကျန့်! ယန်ဝူ!"
ယန်ရုံရဲ့ မျက်လုံးများ အက်ကွဲသွားပြီး သွေးများပါ ထွက်ကျလာသည်။ သူ ရှေ့သို့ အရူးအမူး ပြေးသွားသောအခါ ချန်ရှီရဲ့ ခန္ဓာကိုယ်ကြီးပေါ်က လက်ခြောက်ဖက်နှင့် လက်နက်ခြောက်လက်သည် လေပြင်းနဲ့အတူ ယန်ဖောင့်ဆီ ဦးတည်သွားလေ၏။
ထိုအခိုက်တွင် ယန်ကျန်နဲ့ ယန်ဝူတို့ရဲ့ အလောင်းများက ၎င်းတို့၏ ဓားရှည်များနှင့် လှံရှည်များပေါ်တွင် ချိတ်ဆွဲထားဆဲ ဖြစ်သည်။
လေးယောက်ထဲတွင် ယန်ရုံပြီးရင် ယန်ဖောင့်က ဒုတိယဖြစ်သည်။ သူလေ့ကျင့်ထားသော စွမ်းရည်များသည် ယန်မိသားစု၏ "တောင်တံဆိပ်ခန်းမစုစည်းခြင်း" ဖြစ်ကာ ကျစ်ဝူနတ်ဆိုးနတ်ဘုရားဆီက ဆင်းသက်လာခြင်း ဖြစ်သည်။ ယန်မိသားစု၏ ဘိုးဘေးများသည် အနောက်နွားရှင်းကျိုးကို ရောက်လာပြီးနောက် နတ်ဆိုး ဆယ့်နှစ်ကောင်ကို ကြုံတွေ့ရပြီး ၎င်းကို ဖန်တီးခဲ့သည်ဟု ဆိုသည်။
ဒီအတတ်ပညာကို လေ့ကျင့်တဲ့အခါ ဦးခေါင်းကို လည်ပင်းကနေ ခွဲထုတ်ပြီး လေပြွန်နဲ့ သွေးကြောတွေကို ဦးခေါင်းတွေအောက်မှာ ချိတ်ဆက်ပေးထားပါလိမ့်မည်။ ရွှေအမြုတေ အပြည့်အဝ ဖွံ့ဖြိုးပြီးနောက်၊ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ်နှင့် အတွင်းအင်္ဂါများ ကြီးထွားလာလိမ့်မည်။
အခြေတည်ဝိညာဥ် အဆင့်အထိ ပြုစုပျိုးထောင်ပြီးနောက် ၎င်းသည် ခြေလက်အင်္ဂါများ ကြီးထွားလာပြီး နတ်ဆိုးနတ်ဘုရားခန္ဓာဟုလည်း ခေါ်သော ခေါင်းကြီးဝိညာဥ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
နတ်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိသောအခါ အလွန်အစွမ်းထက်သည့် နတ်ဆိုးပုံစံ ဆယ့်နှစ်ပါးအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ယန်မိသားစုမှာ ဒီကျင့်စဥ်ကို လေ့ကျင့်သူတွေက မများပေ။ ဤအတတ်ပညာကို လေ့ကျင့်ရန် ဝိညာဉ်ရိတ်သိမ်းရန် လိုအပ်သောကြောင့်ပင်။
ဝိညာဥ်ရိတ်သိမ်းတယ် ဆိုတာက ထိုကျင့်စဥ်ကို လေ့ကျင့်ရန် သက်ရှိလူများကို သတ်ဖြတ်ရသည်။ ထို့နောက် နတ်ဆိုးနတ်ဘုရား ဆယ့်နှစ်ပါးကို ကျွေးမွေးရ၏။ ယင်းကျင့်စဥ်က ကောင်းကင်နဲ့မြေကြီးကို အန္တရာယ်ပြုနိုင်သလို မလေ့ကျင့်မီ မိုးကြိုးပစ်သလို ဘေးဒုက္ခများနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း အောင်မြင်သရွေ့ တခြားလူတွေကို ကျော်လွန်သွားလိမ့်မည်။
ယန်ဖောင့်က ဤကျွမ်းကျင်မှုကို လေ့ကျင့်ဖို့ နဂါးကို အားကိုးခဲ့တာပဲ ဖြစ်သည်။
ထိုသတ္တဝါက ရွှေအမြုတေကို သန့်စင်ပြီး နဂါးအသွင်ပြောင်းရန်အတွက် မြစ်ကမ်းတစ်လျှောက်ရှိ ရွာများနှင့် မြို့များစွာကို ရေလွှမ်းကာ အကြိမ်တိုင်း လူရာနှင့်ချီ သေဆုံးခဲ့ရသည်။ နဂါးရှောင့်ရှန်ဟာ မြစ်ထဲသို့ မျောပါသွားလို့ ရေနစ်သေဆုံးသွားသော တခြားသူများကို ယန်ဖောင့်အတွက် ချန်ထားခဲ့မှာပင်။
ဤအားသာချက်ဖြင့် ယန်ဖောင့်သည် ခေါင်း၁၂ခု ကျစ်ဝူနတ်ဆိုးနတ်ဘုရား ကျင့်စဥ်ကို ရွှေအမြုတေ အဆင့်၇ အထိ လေ့ကျင့်နိုင်ခဲ့သည်။
ယန်မိသားစု၏ အခြားတပည့်နှစ်ယောက် ဖြစ်တဲ့ ယန်ကျန့်နဲ့ ယန်ဝူတို့က ရွှေအမြုတေ အဆင့်၆နဲ့ အဆင့်၄ တို့ဖြစ်သည်။ တောင်တံဆိပ်ခန်းမစုစည်းခြင်း ကျင့်စဥ်ရဲ့ တန်ခိုးစွမ်းအားသည် ခေါင်း၁၂ခု ကျစ်ဝူနတ်ဆိုးနတ်ဘုရားလောက် အစွမ်းထက်ခြင်း မရှိသော်လည်း ၎င်းတို့သာ မြန်ပါက ချန်ရှီကို တစ်ကြိမ်တွင် သတ်လိုက်ကြသည်။
အလောင်းနှစ်လောင်းကို ကောက်ယူပြီး ချန်ရှီဟာ ယန်ဖောင့်ဘက်သို့ လှည့်သွားခဲ့သည်။ ယန်ဖောင့်က ဆုတ်သွားကာ သူ့အရှေ့နှင့် နောက်တွင် ခေါင်းပေါင်း ဆယ့်နှစ်ခေါင်းက လွင့်မျောနေသည်။ နတ်သန္ဓေသားကလည်း ရွှေအမြုတေကို တံတွေးထွေးသလို ထွေးထုတ်ထား၏။
ရွှေအမြုတေက အလွန်ဆိုးရွားတာမို့ ယန်ကျန့်နဲ့ ယန်ဝူတို့ရဲ့ ခန္ဓာကိုယ်မျာစဟာ ချက်ချင်းပင် အစိမ်းရောင် ရေများ ဖြစ်ကုန်သည်။ ခေါင်းဆယ့်နှစ်ကောင်သည် ရှေ့နှင့်နောက်၊ ဘယ်ညာကို တက်လိုက်ဆင်းလိုက် လုပ်နေသလိုမျိုး မတူညီတဲ့ ဦးတည်ရာအတိုင်း ပျံသန်းသွားကာ ပါးစပ်ကိုဖွင့်၍ အစိမ်းရောင် အလင်းတွေကို ချန်ရှီဆီ ပစ်လွှတ်လိုက်၏။
သူရဲ့ ခေါင်း၁၂လုံး ကျစ်ဝူနတ်ဆိုးနတ်ဘုရားရဲ့ အစွမ်းထက်ဆုံး အချက်မှာ ၎င်း၏ ဆိုးယုတ်သော သဘာဝသည် သက်ရှိနှင့် ရတနာများအားလုံးကို ညစ်ညမ်းစေနိုင်သည်။ ပါးကွာ့အစီအရင် အကာအကွယ် ဖန်တီးထားသော အလင်းတွေကတော့ သူ့ရဲ့မီးစိမ်နဲ့ ရင်ဆိုင်ရရင် လောင်ကျွမ်းသွားလိမ့်မည်။
တစ်ချိန်က သူသည် အလွန်အစွမ်းထက်သော တာအိုအဆောင်ဆွဲ ဆရာတစ်ယောက်ကို မီးရှို့ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။
သို့သော် အစိမ်းရောင်မီးတောက်သည် ချန်ရှီရဲ့ လက်နက်ကို မီးလောင်ဒဏ်ရာ မရစေခဲ့ချေ။ ချန်ရှီ ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားသော်လည်း ထိခိုက်ဒဏ်ရာ ရသွားတာမျိုး မရှိပေ။
ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ် (ထျန်းဖန်ဖူမော်ကျင့်စဥ်) ဟာ ကောင်းကင်ကနေ နတ်ဆိုးကို တုံ့ပြန့်ပေးသည့် ကျင့်စဥ်တစ်ခု ဖြစ်သည်။ နတ်ဆိုးတွေကို သန့်စင်ပေး၊ သတ်ဖြတ်ပေးတဲ့ နေရာမှာ ခမ်းနား မှော်ဆန်သော ကျင့်စဥ် ဖြစ်ပေ၏။ ချန်ရှီရဲ့ လက်ရှိအသွင်အပြင်သည် ပေကျီးချန်း ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာဖြစ်ပြီး ၎င်းကို စက္ကူပေါ်တွင် ခွေးနက်သွေးနှင့် သစ်ကြံပိုးခေါက်ကို သုံး၍ အဆောင်စာလုံးတွေ ထည့်သွင်းထားတာကြောင့် နတ်ဆိုးများကို ဖယ်ရှားရန် အသုံးပြုနိုင်သည်။
ချန်ရှီသည် ခေါင်းဆယ့်နှစ်ခုကြားသို့ ပြေးဝင်သွားသည်။ ယန်ဖောင့် ထပ်မလှုပ်ရှားရသေးခင်မှာပဲ ချန်ရှီက သူ့ပုဆိန်ကို ခုတ်ထစ်ပစ်လိုက်ပြီ။ ယန်ဖောင့်ကို ဦးခေါင်းမရှိသော ခန္ဓာကိုယ်အဖြစ် တစ်ဝက်စီခွဲပစ်လိုက်သည်။
သူ့အမြင်အရတော့ ယန်ဖောင့်ရဲ့ ကျွမ်းကျင်မှုက အပေါက်အပြဲတွေနဲ့ ပြည့်နှက်နေ၏။ ဦးခေါင်းဆယ့်နှစ်ခုက မြင်ကွင်းကျယ်ပေမယ့် သူ့ခန္ဓာကိုယ်က အကာအကွယ်မဲ့ လက်နှစ်ဖက်နဲ့ ခြေနှစ်ချောင်းသာ ရှိသည်။ ရန်သူ့တိုက်ကွက်ကို မတားဆီးနိုင်တာကြောင့် အလွယ်တကူ ဖြတ်တောက်ပစ်နိုင်သည်။
ဒါက ခေါင်း၁၂လုံး ကျစ်ဝူနတ်ဆိုးနတ်ဘုရား ကျင့်စဥ်ရဲ့ အားနည်းချက်လည်း ဖြစ်ပေသည်။
ယန်မိသားစုက ကျင့်စဥ်ကို ပြီးပြည့်စုံအောင် ပြုပြင်ထားပြီး နတ်ဆိုးနတ်ဘုရား ဆယ့်နှစ်ပါး ဖြစ်လာသော်လည်း ယခုအခါ ၎င်းတွင် သာမာန်လူများကို ခြောက်လန့်နိုင်သော ခေါင်းပေါင်း ဆယ့်နှစ်ခေါင်းသာ ရှိသည်။ ချန်ရှီခန္ဓာကိုယ်သည် လှည့်ပတ်ကာ ပုဆိန်နှင့် ခုတ်ပြီးနောက် ဓားဖြင့် တစ်ခါ ထပ်ခုတ်သည်။ ဧကရာဇ် ခေါင်းလောင်းကို လှည့်ကာ လက်နက်ခြောက်လတ်ကို တစ်လှည့်စီ သုံး၍ နံရံကို ဖြတ်ပြီး ခန်းမထဲက တိုင်များကလည်း ဖြိုခွဲပစ်သည်။
ယန်ရုံ ရှေ့သို့ ရောက်လာသော် ရုတ်တရက် ဆိုသလိုပင် ချန်ရှီရဲ့ ခေါင်းသုံးလုံးထိပ်တွင် အနီရောင်ဆံပင်များအပေါ် ပျံဝဲနေသော ဘုံကျောင်းငယ်လေးကို တွေ့လိုက်ရလေ၏။ ဘုရားကျောင်းထဲတွင် အမှန်တကယ် ချီစွမ်းအင်များ စီးဆင်းနေတာကိုလည်း တွေ့ရသည်။
ပြင်းထန်တဲ့ အန္တရာယ်ကို ရုတ်ချည်း ခံစားမိသည်။ တစ်ခုခုမှားနေပြီဟု သိသောကြောင့် ချက်ချင်း ပြန်လှည့်ကာ ပြန်ဆုတ်သွားခဲ့သည်။
ဗုန်း ဗုန်းဗုန်းဗုန်းဗုန်းဗုန်း!
မမြင်နိုင်သော ဓားစွမ်းအင် ခြောက်ခုက ဘုံကျောင်းငယ်ထဲမှ လွင့်ထွက်လာ၏။ ခန်းမထဲရှိ တိုင်များအားလုံး လွင့်ပါသွားကာ အမိုးများ လွင့်ထွက်၊ နံရံများ ပြိုကျသွားသည်။
ချန်ရှီသည် စိတ်ရှုပ်ထွေးနေပုံရသော သက်ပြင်းတစ်ချက်ကို ထုတ်လိုက်ပြီး ခြေတံရှည်များဖြင့် ထွက်ခွာကာ အပျက်အစီးများထဲမှ ပြေးထွက်ပြီး ယန်ရုံ နောက်သို့ အမြန်ပြေးသွားခဲ့သည်။
သူဘာလို့ ဒီလောက် သဘောထား ကြီးနေသေးတာလဲ ဆိုတော့ ယန်ရုံက သူ့ကို နှစ်ခါတွေ့ပြီးတောင်မှ ဘာလို့ မသတ်ခဲ့တာလဲလို့ တွေးနေတာကြောင့်ပါပဲ။
တကယ်က သူ့လမ်းကို နှစ်ခါလောက် ပိတ်ဆို့နိုင်တဲ့သူ မရှိချေ။
နှစ်ယောက်သား ရွှမ်ဝူနန်းတော်ရဲ့ ဝူကျွမ်းခန်းမထဲသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြသည်။ ထိုနေရာသည် ယန်မိသားစု၏ သားသမီးများ အရည်အချင်း လေ့လာကြရာ နေရာဖြစ်၏။ သူတို့ရှေ့မှ လှုပ်ရှားမှုကို မြင်သည်နှင့် ယန်မိသားစု၏ သားသမီးများစွာနှင့် အစေခံတစ်စုသည် နတ်ကွန်းများကို ဖွင့်ရန်ပင် အသင့်ဖြစ်နေပြီ ဖြစ်သည်။
အစေခံ ဆယ့်ခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်လောက်ဟာ ချန်ရှီ အပြေးအလွှား ဝင်လာတာကို မြင်သောအခါ အသီးသီး အော်ဟစ်ကြပြီး သူတို့၏ စစ်မှန်သော ချီစွမ်းအင်ဖြင့် ပျံသန်းနေသော အပ်များကို ထုတ်ကာ ပစ်ခတ်လိုက်ကြသည်။
ချန်ရှီ မရှောင်နိုင်ဘဲ ထိုရာနှင့်ချီသော အပ်များဖြင့် ထိုးသတ်ခံလိုက်သည်။ ထို့နောက် ယန်မိသားစု၏ မှော်ပညာသည် ထျန်းဖန်ဖူမော်ကျင့်စဥ် အောက်တွင် ချက်ချင်းပင် ပျက်စီးကုန်၏။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ကျန်ခဲ့သော်လည်း အများစုမှာ ဓားဒဏ်ရာများ မဟုတ်တဲ့ အပ်ပေါက်ကလေးများသာ။
ယန်မိသားစု၏ သားသမီးများ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ဓားစွမ်းအင်နှင့် တခြားစွမ်းအင်များသည် ချန်ရှီ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွားချင်သော်လည်း အရေပြားကို ထိလိုက်တာနဲ့ တပြိုင်နက် ချန်ရှီ၏ အလွန်ပြင်းထန်သော ချီသွေးများကြောင့် လွင့်စင်သွားခဲ့သည်။
စစ်မှန်သော ချီစွမ်းအင်ကို စုစည်း၍ ဖန်တီးထားသော ပျံသန်းသောအပ်များသာလျှင် သူ့အရေပြားကို ထိုးဖောက်၊ ကြွက်သားများအတွင်းသို့ ဝင်ရောက်နိုင်ပြီး အရိုးများအတွင်းသို့ပင် ထိုးဖောက် ဝင်ရောက်နိုင်လိမ့်မည်။
သူ၏ ချီသွေးများဟာ ပြင်းထန်စွာ ထိုးဖောက်ခံလိုက်ရ၏။ သွေးစက်တွေက သေးငယ်သော စမ်းရေတွင်းတစ်ခုမှ ပေါက်ထွက်လာသလို သူ့ခန္ဓာကိုယ်ထဲမှ စီးကျလာခဲ့သည်။
ဤထိတ်လန့်ဖွယ်ရာ အပ်တစ်ဆယ့်သုံးချောင်းသည် မှော်ခန္ဓာ၊ စစ်မှန်သောကိုယ်ခန္ဓာ၊ ရွှေခန္ဓာကိုယ်နဲ့ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို အကာအကွယ်ပေးသော ရောင်ဝါကို ချိုးဖျက်ရာတွင်လည်း ပြင်းထန်သည်။
ဒါကိုမြင်တော့ အစေခံတွေက ဝူကျွမ်းခန်းမထဲက ချက်ချင်း ပြေးထွက်လာပြီး နောက်တစ်ကြိမ် ထပ်တိုက်ဖို့ ပြင်ကြလေသည်။ ထိုစဥ် ချန်ရှီရဲ့ ခန္ဓာကိုယ်ဟာ လျင်မြန်စွာ ကျုံ့သွားတာကို တွေ့လိုက်ရပြီး မြွေပွေးတစ်ကောင်လို ခြေတစ်လှမ်းနဲ့ လှည့်ထွက်သွား၏။
တစ်ဆက်တည်း လေချွန်သံ တစ်ချက်က လေထုထဲသို့ လွင့်ထွက်သွားပြီး မမြင်နိုင်သော လေလှိုင်းများကို ရိုက်ခတ်ပစ်သည်။
ယန်ရုံ ထိုအကွက်ကို အစောကတည်းက မြင်သည်။ သူ မြေပြင်ပေါ်တွင် ကမန်းကတန်း ဒူးထောက်လိုက်သော်လည်း အစေခံ ဆယ့်ခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်ဟာ ချက်ချင်း အေးခဲသွားကာ အသီးသီး ၎င်းတို့၏ မူလလှုပ်ရှားမှုများကို ထိန်းကာ မလှုပ်ရှားဝံ့ကြပေ။
သူတို့နောက်မှာတော့ ယန်မိသားစုဝင်တွေရဲ့ ခြေလက်တွေဟာ လေပေါ် ပျံဝဲနေပြီး သူတို့ရဲ့ ဦးခေါင်းတွေဟာလည်း နေရာအသီးသီးမှာ ပျံ့ကျဲနေကြသည်။ ချန်ရှီသည် လေသံတစ်ချက်ဖြင့် ဆင်းသက်ကာ ပေသို့ခုနှစ်စင်ကြယ်များပေါ် လှမ်းတက်ကာ ရှေ့သို့ ပြေးသွားရင်း ထိုအစေခံများကြား ဖြတ်သွားခဲ့သည်။
ထိုအစေခံများ မတုံ့ပြန်နိုင်သေးခင်မှာပဲ ချန်ရှီ ဖြတ်ပြေးသွားကာ ၎င်းတို့ခါးပေါ်တွင် အနီရောင်မျဉ်းကြောင်းတစ်ခု ရေးဆွဲပေးလိုက်သည်။ တစ်ခဏအတွင်း ၎င်းတို့ခါးများ ပြတ်တောက်သွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ဖြည်းညှင်းစွာ လျှောကျကာ ခြေထောက်များသာ ကြမ်းပြင်ပေါ်တွင် ရပ်လျက် ကျန်နေခဲ့လေသည်။
ခဏကြာတော့ သူတို့ ခြေထောက်တွေ အားနည်းလာပြီး လဲကျသွားသည်။
ယန်ရုံ ဝူကျွမ်းခန်းမထဲက အမြန်ပြေးထွက်သွားသည်။ တံခါး ပေါက်ကွဲသံနှင့်အတူ ယန်ရုံ ခုန်ချကာ အိမ်နောက်ဖေးသို့ တုန်တုန်ယင်ယင်ဖြင့် ဆက်ပြေးသွား၏။
“နောက်ဖေးက ငါ့အဒေါ်နဲ့ တခြားသခင်မတွေ နေတဲ့နေရာပဲ!"
သူက ချက်ချင်းပဲ ဦးတည်ချက် ပြောင်းပြီး နဂါးရေကန်ဆီ ပြေးသွားသည်။
သူ့နောက်တွင်တော့ ချန်ရှီသည် ပေသို့ခုနှစ်ချက်ထဲက ယွိဟန်ကြယ် အလင်းတန်းများပေါ်မှ ခြေချကာ လိုက်နေ၏။ ယွိဟန်ကြယ်စွမ်းအင်က အရေပြားကို သန့်စင်ရန်အတွက် အသုံးပြုသည့် အဆင့် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ ရာနဲ့ချီတဲ့ အပ်တွေက ကြွက်သားတွေကို ထိုးဖောက်ပြီး အရိုးတွေကိုတောင် ထိခိုက်စေခဲ့ပေမယ့် ဒါတွေက ကြီးကြီးမားမား ပြဿနာတော့ မဟုတ်တော့ပေ။
အဓိကပြဿနာမှာ အရေပြားကွဲသွားရင် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်နေသော နတ်ဆိုးခန္ဓာကိုယ် စွမ်းရည်ကို အသက်မသွင်းနိုင်တော့တာပဲ ဖြစ်သည်။
ဤခန္ဓာသည် ချီစွမ်းအင်နှင့် ချီသွေးတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိသောအခါ ထပ်မံ ပြည့်လျှံလာမှ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းရှိသော နတ်တစ္ဆေခန္ဓာကိုယ်ကို ဖန်တီးနိုင်မှာပဲ ဖြစ်သည်။ ၎င်းက အသွေးအသား မဟုတ်ဘဲ ချီဖြင့် ဖွဲ့စည်းထားသောကြောင့် ခန္ဓာကိုယ်တွင်းရှိ အာရုံကြောများ အားလုံးကို ဖုံးအုပ်ထားပေးသည်။
ထို့ကြောင့် ချန်ရှီသည် သူ၏အရေပြားပေါ်ရှိ ထိုးအပ်ဒဏ်ရာများကို ဦးစွာ ကုစားရလေ၏။ သူတို့နှစ်ယောက်သည် နဂါးရေကန်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားကြသည်။ ချန်ရှီရဲ့ သတ်ဖြတ်ခြင်း စွမ်းရည်အပေါ် ယန်ရုံ ထိတ်လန့်နေသည်။
"ချန်ရှီ လူသတ်နေပြီ! လာကူကြ!"
ရွှမ်ဝူနန်းတော်ထဲက ယန်မိသားစု တပည့်များစွာတို့သည် ထိုစကားကို ကြားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ချန်ရှီ သူ့ခန္ဓာကိုယ်ပေါ်က အပ်ဒဏ်ရာများကို ဖြေရှင်းပြီးပြီမလို့ ပေသို့ခုနှစ်စင်ကြယ်ပေါ် နင်းရင်း နဂါးရေကန်ပေါ်သို့ အလျင်အမြန် ဖြတ်ပြေးသွားစဥ် ဓားစွမ်းအင် ၂ခု ကမ်းဘက်မှ ပြေးဝင်လာသည်။
ဓားစွမ်းအင်နှစ်ခု အရေပြားထဲသို့ ဖြတ်သွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်ရှိ ရွှေအမြုတေက ချက်ချင်း လှုံ့ဆော်ခံလိုက်ရကာ ပြင်းထန်သော ချီစွမ်းအင်နှင့် ချီသွေးများ ပြန့်ကျဲသွားသည်။
သူသည် ရွှေအမြုတေနယ်ပယ် ဒုတိယအဆင့်သာ ရောက်ထားသော်လည်း တခြားလူတွေ ထုတ်လွှတ်နိုင်သော ရွှေအမြုတေ စွမ်းအားနယ်ပယ်နှင့် မတူချေ။ သူ၏ ရွှေအမြုတေ စွမ်းအားနယ်ပယ်သည် ခန္ဓာကိုယ်အတွင်း၌ ရှိပြီး ရုပ်ပိုင်းဆိုင်ရာကလည်း အားကောင်းတာကြောင့် တခြားလူတွေထက် ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
သူသည် အရှေ့နဲ့ အနောက်မှ ပျံသန်းလာနေသော ဓားစွမ်းအင်များကို ရွှေအမြုတေ စွမ်းအားနယ်ပယ်က ခုခံလိုက်ရာ အနီးနားက သစ်ပင်ကြီးတစ်ပင် တစ်စစီ ဖြစ်သွားခဲ့သည်။
ချန်ရှီသည် တောင်ပေါ်မှ ပြေးဆင်းလာသော လူတချို့ကို မြင်လိုက်ရသည်။ ချန်ရှီ ချက်ချင်းပင် ချီစွမ်းအင်နှင့် သွေးများကို စုပ်ယူလိုက်ပြီး ထိုတိုက်ခိုက်မှုများကို တွန်းလှန်ကာ ကျောက်လှေကားထစ်များပေါ် အပြေးအလွှား တက်သွားသည်။ ယန်မိသားစုဝင်တွေရဲ့ ရွှေအမြုတေ ဖိအားကို တွန်းလှန်ကာ လူတစ်ယောက်ရဲ့ ခေါင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တောင်နံရံတစ်ဖက်ကို ရိုက်ချလိုက်သည်။
ဗုန်း
ခေါင်းပြတ်သွားပြီ။
ဗုန်း!
နောက်တစ်ခေါင်း ဖြတ်လိုက်ပြန်ပြီ။
ချန်ရှီ မတ်တပ်ထရပ်ကာ အပေါ်ထပ်မှ ခုန်ပျံ ပြေးလွှားနေသော ယန်မိသားစု သားမြေးတစ်ဦး၏ ခြေထောက်များကို ဖြတ်ကာ လည်ချောင်းကို တစ်ချက် ပိတ်ကန်ခဲ့သည်။
ထိုလူရဲ့အလောင်း ပျံထွက်သွားစဥ် ချန်ရှီသည် အလောင်းအောက်မှ ခုန်ထွက်ကာ အစေခံမိန်းကလေးရဲ့ လည်ချောင်းကို လက်ညိုးဖြင့် ထိုးဖောက်ခဲ့သည်။ သူမသည် အစက အပ်များစွာကို ထုတ်ရန် ကြံစည်ခဲ့သော်လည်း ယန်မိသားစုဝင်ကို ထိခိုက်သွားမှာ စိုးရိမ်သဖြင့် သူမ တုံ့ဆိုင်းသွားစဥ် လည်ပင်းပေါက်ကာ သေဆုံးသွားခဲ့သည်။
ချန်ရှီသည် ကျောက်ခြင်္သေ့ရုပ်ကို ကိုင်ဆောင်ထားသော တိုင်ကို ဖြိုဖျက်ပစ်လိုက်သည်။ ထို့နောက် အင်အားအကြွင်းမဲ့ဖြင့် ယန်မိသားစုဝင်တွေရဲ့ ရင်ဘတ်ကို အပေါက်ဖောက်ပစ်ကာ ရှေ့သို့ အပြေးအလွှား ဆက်ပြေးသွားရင်း လူပေါင်းများစွာကို သတ်ခဲ့သည်။
ယန်ရုံနှင့် အခြားသူများသည် ရွှမ်ဝူနန်းတော် အတွင်းသို့ ဆုတ်ခွာသွားကာ ၎င်းတို့၏ မှော်စွမ်းအင်များကို ပြင်ဆင်ရင်း ချန်ရှီ ဝင်လာမှာကို စောင့်ဆိုင်းနေခဲ့သည်။
ရွှမ်ဝူနန်းတော်ရဲ့ အပေါ်ထပ်၊ အလယ်နှင့် အောက်ကြမ်းပြင် အားလုံးကို အဆောင်လက်ဖွဲ့၊ အစီအရင်များနှင့် တံဆိပ်များဖြင့် ဖုံးအုပ်ထားသည်။ ချန်ရှီ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ သူ မလွတ်မြောက်နိုင်ပါ။
သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ချန်ရှီ ဝင်လာခြင်း မရှိပေ။
ရုတ်တရက် ဟောက်သံနှင့်အတူ ရွှမ်ဝူနန်းတော် နောက်ကွယ်ရှိ ရေဘီးကြီးက ချန်ရှီကို အမြင့်သို့ ပင့်မြှောက်ကာ စက်ဝိုင်းပုံစံ လှည့်ပြီး ရွှမ်ဝူနန်းတော်ထဲ ပျံသန်းသွားခဲ့သည်။