← Chapters

ဘာမှမဖြစ်ဘူး၊ နောက်ဘဝမှာ သတိထားပေါ့

Vol. 8 Ch. 114

ဘာမှမဖြစ်ဘူး၊ နောက်ဘဝမှာ သတိထားပေါ့

Vol. 8 Ch. 114

ရေဘီးသည် နှစ်ပေ သို့မဟုတ် သုံးပေခန့်​လောက်အထိ အမြင့်ရှိပြီး ၎င်းတွင် နဂါးဘုရင် ပြေးလွှားနေသလို အဆောင်စာလုံးနဲ့ ရေထိန်းချုပ်အဆောင်လက်ဖွဲ့တွေ ပါဝင်လေသည်။ ၎င်းက တန်ခိုးကြီးမားသော ရွှမ်ဝူနန်းတော်သို့ ပျက်ကျသွားသည်။

မရေမတွက်နိုင်သော သစ်သားပြားများ ပျံသန်းသွားပြီး ရွှမ်ဝူနန်းတော် ပထမထပ်ကို ရေဘီးဖြင့် ထိုးဖောက် ဖျက်စီးလုနီးပါး ဖြစ်ကုန်သည်။ သစ်သားတိုင်များ ကျိုးသွားကာ ရေဘီးများလည်း ကွဲသွားခဲ့သည်။

ရွှမ်ဝူနန်းတော်ရဲ့ သစ်သားဟာ အမျိုးမျိုးသော အဆောင်စာလုံးများဖြင့် ရေးထွင်း ပုံဖော်ထားသော်လည်း အများစုမှာ အတွင်းထဲကလူတွေ အပြင်က လူများကို နှိမ်နှင်းဖို့သာ အသုံးပြုကြသည်။ ထို့အပြင် ရေဘီးသည် အလွန်အားကောင်းပြီး ၎င်းကိုသာ တိုက်မိပါက အတူတကွ သေဆုံးသွားလိမ့်မည်။

ပထမထပ်မှာ စောင့်နေတဲ့ ယန်မိသားစုရဲ့ တပည့်တွေနဲ့ အစေခံမိန်းကလေးတွေ မတုံ့ပြန်ခင်မှာ သူတို့ရဲ့ အရိုးနဲ့ အရွတ်တွေ ကျိုးပဲ့ကာ အပြင်ဘက်ကို လွင့်ထွက်သွားလေပြီ။ ယန်ရုံဟာ လူအုပ်ကြားတွင် ဝင်ရောနှောရင်း ထိတ်လန့်တုန်လှုပ်နေသည်။

"ချန်ရှီက ငါတို့ကို ဘာလို့ သတ်ချင်​နေတာလဲ... မနေ့ကသူ့ကို လုပ်ကြံဖို့ ယန်ချင်း လူသတ်သမား​တွေကို ဝယ်ခဲ့တာ ဖြစ်နိုင်တယ်...အဲဒါကြောင့် ဒီနေ့ ကလဲ့စားချေဖို့ ရောက်လာတာ"

ဒါကို သူတွေးလိုက်ချိန်မှာပဲ စူးရှတဲ့ လေချွန်သံက ရုတ်တရက် ထွက်ပေါ်လာပြီး မလှမ်းမကမ်းက ယန်ချင်းရဲ့ ခန္ဓာကိုယ်ကို သစ်သားတစ်စက ဖောက်ဝင်သွားလေပြီ။ ထိုသစ်သား အပိုင်းအစက အခုနက ရေဘီးကြောင့် ပေါက်ကွဲသွားသော သစ်သားတိုင်က အစဖြစ်ပေမည်။

"ဓားထိုးတဲ့ ပုံစံက!"

ယန်ရုံသည် ချန်ရှီရဲ့ ဓားထိုးမှုပုံစံသည် အလွန်အစွမ်းထက်လှကြောင်း ဝန်ခံမိသည်။ ယန်ချင်းဟာ ရွှေအမြုတေ အဆင့်၄ ဖြစ်နေတာတောင် လုံးဝ မတားဆီးနိုင်ခဲ့ပေ။ အသတ်ခံရသော လူအားလုံးသည် ကျင့်ကြံသူတွေ မဟုတ်ကြဘဲ သာမန်လူတွေအလား ဖြစ်သွားသည်။ အများစုမှာ အသက်ရှင်နေသေးသော်လည်း လေထဲ၌ပင် သစ်သားတုတ်များက ဓားပျံများအဖြစ် ပြောင်းလဲ ထိုးသတ်ခံခဲ့ရသည်။

ထိုသစ်သား အပိုင်းအစများနောက်တွင် ချန်ရှီက ပျံသန်းကာ လေထဲသို့ လှမ်းဝင်လိုက်သလိုမျိုး လှုပ်ရှားသွားသည်။ ကြယ်ရောင်က သူ့ခြေဖဝါးအောက်မှာ အစုလိုက်အပြုံလိုက် ပေါက်ကွဲထွက်ကာ ​ကြယ်အလင်းရောင်က သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။

ထိုအချိန်၌ ခေါင်းသုံးလုံး လက်ခြောက်ဖက်၊ နီရဲသော ဆံပင်များက လှုပ်ယမ်းနေ၏။ နတ်တစ္ဆေလို ခန္ဓာကို တစ်ဖန် စုစည်းမိသည်နှင့် လက်ခြောက်လက်ဖက်က ပုဆိန်၊လေးနှင့် မြှားစသော လက်နက်များကို မဆုပ်ကိုင်ထားဘဲ ဓားတွေကိုသာ ဝေ့ယမ်းလေသည်။

ကျစ်ဝူရှဲ့သတ်ဓားရဲ့ ဓားသိုင်းခြောက်ခုပါပဲ။ ဆူး၊ ခုတ်၊ ဖြတ်၊ ကောက်၊ တိမ်တိုက်၊ သုတ်သင် စတဲ့ ဓားသိုင်းကွက်တွေက ရှေ့သို့ထိုးလိုက်၊ မြှောက်လိုက်၊ အလျားလိုက်ဖြတ်လိုက်၊ ဒေါင်လိုက်ခုတ်လိုက်၊ တိမ်များကို ဖြတ်လိုက်ဖြင့် ဝေ့ယမ်းပစ်သည်။ စစ်မှန်သော ချီစွမ်းအင်သည် သစ်သားစတစ်ခုစီကို ဓားစွမ်းအင်အဖြစ် ပြောင်းလဲကာ ကြောက်စရာအကောင်းဆုံး လက်နက် ဖြစ်လာ​စေသည်။

ချန်ရှီသည် လေထဲတွင် ရိုင်းစိုင်းစွာ ပြေးနေသည်။ ပေသို့ခုနှစ်စင်ကြယ်ကြောင့် သူ၏ ခြေလှမ်းများသည် ဖြောင့်တန်းစွာ လျှောက်နေခြင်း မရှိသည့်အပြင် သူ၏ လက်ခြောက်ချောင်းထဲက ဓားနည်းပညာများကလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။

ယန်ရုံသည် ကောင်းကင်က သစ်သားအပိုင်းအစများ ပျံထွက်လာတာ မြင်လိုက်ရသောအခါ ယခုက သေရေးရှင်ရေး အခွင့်အရေး ဖြစ်ကြောင်း သိလိုက်သည်။ ဒါကြောင့် ရွှေအမြုတေကို မဆိုင်းမတွ ချက်ချင်း အသက်သွင်းလိုက်​တော့၏။

သူသည် လေထုထဲတွင် လှည့်ပတ်ကာ ချန်ရှီကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူ၏ ချီစွမ်းအင်များကို အလွန်အမင်း မြှင့်တင်ကာ ချန်ရှီကို အောက်ဖက်ရှိ နဂါးမွေးရေကန်ထဲသို့ ကျသွားအောင် ရိုက်ထုတ်ပစ်သည်။

ရုတ်တရက် ချန်ရှီရဲ့ လက်ခြောက်ချောင်းထဲက ဓားသိုင်းအားလုံးဟာ ဓားထိုးသတ်မယ့် အနေအထားလို ပြောင်းလဲသွားပြီး လက်ခြောက်ချောင်းစလုံးက တစ်ချိန်တည်းတွင် ရှေ့သို့ တိုးသွားသည်။

ဟူး--!

ရွှမ်ဝူနန်းတော်ကို ထောက်ပေးထားတဲ့ တိုင်တစ်ခုလုံး လွင့်ပျံသွားပြီး ချန်ရှီအတွက် ဓားတစ်လက် ဖြစ်သွား၏။ ထိုတိုင်သည် ယန်ရုံရဲ့ ရွှေအမြုတေ စွမ်းအားနယ်ပယ်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး အဆက်မပြတ် ပေါက်ကွဲကာ ပြင်းထန်သော မီး​တောက်ကြီးအောက်၌ ချက်ချင်းဆိုသလို လောင်ကျွမ်းသွားခဲ့သည်။

ယန်ရုံ သက်ပြင်းတစ်ချက် မချနိုင်မီတွင် မမြင်နိုင်သော ဓားစွမ်းအင်တစ်ခုက ထောက်တိုင်ရဲ့ ပြာများထဲမှ ရုတ်တရက် ပြေးထွက်လာလေပြီ။ ဓားစွမ်းအင်က ရွှေအမြုတေ စွမ်းအားနယ်ပယ်ကို ထိုးဖောက်ပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

"မင်းက ငါကြုံဖူးတဲ့ ပထမဆုံး ခက်ခဲတဲ့ ရန်သူပဲ... အရမ်းရှားတယ်...."

ချန်ရှီ၏ ခြေလှမ်းများသည် လေထဲတွင် ခြောက်လှမ်း သို့မဟုတ် ခုနစ်လှမ်း ဆက်တိုက် ပျံသန်းသွားကာ နဂါးမွေး ရေကန်ပေါ်၌ ဆင်းသက်ခဲ့သည်။ ယန်ရုံရဲ့ ခန္ဓာကိုယ်က လေထဲတွင် ဆယ်ပေကျော်ကျော် ပျံတက်သွားပြီး ကိုယ်ခံပညာခန်းမအပြင်ဘက် နံရံတွင် သံရိုက်ထားသလို ပြေးစိုက်နေ၏။

ချန်ရှီ ခြေထောက်များက ရေမျက်နှာပြင်ထဲ အနည်းငယ်သာ နစ်မြုပ်သွားခဲ့သည်။ သူသည် အေးဆေးသော အမူအရာဖြင့် ရေပေါ်တွင် ရပ်ကာ ပြိုကျနေသော ရွှမ်ဝူနန်းတော် ပထမအထပ်ကို လှည့်ကြည့်​နေသည်။

နန်းတော် ပထမထပ် ပြိုကျတာနဲ့ ဒုတိယထပ်နှင့် တတိယထပ်ကလည်း ပြိုကျကုန်တာကြောင့် အတွင်းထဲက လူများ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ အဲဒီလူတွေဟာ မူလက ချန်ရှီကို ဆန့်ကျင်ဖို့ ကြံစည်ခဲ့ပေမယ့် အဆောက်အဦး ပြိုကျသွားရင် အဆောက်အဦးထဲမှာ မြုပ်သွားလိမ့်မည်။

"ယန်ကျင့်စီး အဲဒီမှာနေတာလား?"

ချန်ရှီ သူ့အဝတ်အစားအောက်တွင် ချိတ်ဆွဲထားသော ကမ္ပည်း အမျိုးမျိုးကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားသည်။

ထိုအချိန်တွင် ဟေးကော်သည် မွေးတော့မည့် ဝက်များ၊ ခွေးများ၊ သိုးများကို မောင်းထုတ်လာ၏။ ထိုတိရစ္ဆာန်များက နတ်ဆိုး ဝင်ပူးနေသည့်မလား တိုက်ပွဲမြင်ကွင်းကို လုံးဝ မျက်ကွယ်ပြုထားလေသည်။

အမှန်တော့ ချန်ရှီနှင့် တခြားလူများကသာ နတ်ဆိုးဝင်ပူးထားသလိုမျိုး ဟေးကော်ရဲ့ ပုံမှန်မဟုတ်မှုကို မျက်ကွယ်ပြုထားတာပင်။ ပိုကြောက်စရာကောင်းသည်မှာ အခုနတုန်းက စွမ်းအင်တွေဟာ ထိုတိရစ္ဆာန်များပေါ်တွင် အလင်းတစ်စတောင် မကျရောက်ခဲ့ခြင်းပါပဲ။

ချန်ရှီ၏ ချီစွမ်းအင်နှင့် သွေးများက တဖြည်းဖြည်း အားပျော့လာသည်။ သူ့ခန္ဓာကိုယ်က ပုလာပြီး ကျန်ဦးခေါင်းနှစ်ခုနဲ့ လက်လေးချောင်းတို့က အစောက ပုံစံအတိုင်း ပြန်မစုစည်းနိုင်တော့သဖြင့် ကြမ်းပြင်တစ်ခုလုံးပေါ် ပြင်းထန်စွာ ပြိုကျသွားသည်။

နတ်ဆိုးကို နှိမ်နင်းခြင်း နည်းလမ်းသည် နတ်တစ္ဆေတစ်ကောင်လို ပြောင်းလဲနိုင်ပေမယ့် ချီ စွမ်းအင်၊ ချီသွေးများ ကုန်ဆုံးသွားပါက ဖုံးအုပ်ထားသော ခန္ဓာကိုယ်က ကွယ်ပျောက်သွားလိမ့်မည်။

ဒါကြောင့် ဒီတိုက်ခိုက်ရေး စွမ်းရည်ကို အလွယ်တကူ မသုံးသင့်ချေ။

"ယန်ကျင့်စီး ခရိုင်အစိုးရရုံးမှာ ရှိနေရင်တောင် သတင်းကြားပြီးရင် ဒီကို အခုပဲ ရောက်လာသင့်ပြီ"

ချန်ရှီရဲ့ ပစ်မှတ်မှာ ယန်ရုံ၊ ယန်ချင်းနဲ့ တခြားသူများမဟုတ်ဘဲ မိုးကြိုးခရိုင်ရဲ့ တရားသူကြီး ယန်ကျင့်စီး ဖြစ်သည်။ သို့သော် ယန်ကျင့်စီး သာ ဤနေရာ၌ ရှိနေခဲ့ပါက သူသည် အဆောင်လက်ဖွဲ့များ အားလုံးကို အသက်သွင်းပြီး မိုးခြိမ်းသံကို နှိုးဆော်နိုင်စေရန် လုပ်ပြီးလောက်ပြီ။

သူသည် ကမ်းပေါ်သို့ လှမ်းတက်ကာ အဝတ်အစားများကို ခါ၍ ကျောက်လှေကားထစ်များပေါ်သို့ တက်လာခဲ့သည်။ ခဏအတွင်း ကျောက်ဆောင်ထိပ်သို့ ရောက်သွားကာ အပြင်ကို လှမ်းကြည့်လိုက်သည်။

ခရိုင်အစိုးရရုံး၏ ညွှန်ကြားမှုအတိုင်း ဝိညာဥ်တစ်သောင်းအလံသည် လေထဲတွင် လွင့်နေသေးပြီး ၎င်းကို ဘယ်သူမှ အသုံးမပြုသေးပေ။

"ယန်ကျင့်စီးက မိုးကြိုးမြို့မှာ မဟုတ်ဘူးလား!"

ချန်ရှီ ပြန်ဆင်းလာသည်။

လမ်းတစ်လျှောက်တွင် ယန်မိသားစု၏ အထင်ကြီးစရာ မရှိသော တပည့်များစွာက သူ့ကို တိုက်ခိုက်ချင်သော်လည်း ဘာစွမ်းအင်မှ မထုတ်ရသေးခင် မမြင်နိုင်သော ဓားစွမ်းအင်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

ချန်ရှီ အစေခံမိန်းကလေးတွေကို တွေ့သော်လည်း သူတို့က ထိတ်လန့်စွာ အော်ဟစ်ကာ အရပ်ရပ်သို့ ထွက်ပြေးသွားခဲ့သည်။ ချန်ရှီက သူတို့ကို လိုက်သတ်ဖို့အထိ စိတ်မဝင်စားချေ။ သူ့ပစ်မှတ်မှာ ယန်ကျင့်စီး ဖြစ်တာကြောင့် သူ့ကို လာမခြိမ်းခြောက်သရွေ့ ကရုဏာစိတ်ဖြင့် ဘေးဖယ်ထားလိုက်မည်။

ချန်ရှီသည် ရွှမ်ဝူနန်းတော် နောက်ဖေးသို့ မဝင်မီတွင် လည်ချောင်းကို ရှင်းထုတ်ပြီး။

"သခင်မကြီး အိမ်မှာရှိလား... အငယ်တန်း ချန်ရှီပါ... ခရိုင်တရားသူကြီး ဘယ်မှာလဲ"

အိမ်နောက်ဖေးတွင်တော့ ထိတ်လန့်တကြား ဖြစ်နေကြသည်။ အမျိုးသမီးတွေမှာ အထိတ်တလန့်ဖြင့် နေရာအနှံ့၌ ပုန်းအောင်းနေကြသည်။ ခဏအကြာတွင် အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရ၏။

"သခင်ကြီးက မနေ့ကတည်းက ထွက်သွားပြီ... သူ့အလုပ်ကိစ္စ အစီရင်ခံဖို့ ပြည်နယ်မြို့တော်ကို သွားတယ်... အခု ရှင်းရှန်ပြည်နယ်မှာ ခရိုင်မှူးအသစ် တစ်ယောက်ရှိတယ် သူကလည်း ယန်မိသားစုရဲ့ ဆွေမျိုးသားချင်းတစ်ယောက်ပဲ...သူ့အလုပ်တွေကို သတင်းပို့ရင်း ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီလည်း သွားလည်တာ ဖြစ်မယ်"

"ကျေးဇူးတင်ပါတယ် သခင်မ..."

ချန်ရှီ ဦးညွှတ်ပြီး :"ခရိုင်တရားသူကြီး ခရိုင်မြို့တော်ကနေ ပြန်လာတဲ့အခါ ဒီအငယ်တန်းက အရင်က ဒီမှာရှိခဲ့ဖူးတဲ့ ခရိုင်တရားသူကြီးကို ပြောပြဖို့ နှောင့်ယှက်မိခဲ့ပေမယ့် ဒီမှာ မရှိတာကို တွေ့ရတော့ ဝမ်းနည်းစွာနဲ့ ထွက်သွားခဲ့ပါတယ်လို့... ခရိုင်တရားသူကြီး စိတ်ဝင်စားရင် ရှန်းရှန်ခရိုင် ဟွမ်ဖောရွာမှာ ကျွန်တော့်ကို လာရှာလို့ရတယ်လို့ ပြောပေးပါ"

အမျိုးသမီးက နံရံကိုဖြတ်ပြီး “သခင်ကြီးကို သေချာပြောပြလိုက်ပါ့မယ်”

ချန်ရှီ လှည့်ထွက်လာခဲ့သည်။ ဟေးကော်ကလည်း ဝက်၊ ခွေးများ၊ နွားများနှင့် သိုးများကို ခေါ်ကာ သူနဲ့အတူ ထွက်လာခဲ့သည်။

ခရိုင်မြို့၌ ရွှမ်ဝူနန်းတော်ထဲမှ ထွက်ပေါ်လာသော တိုက်ပွဲသံကို အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်နေသော လူကောင်းတချို့က စိတ်ဝင်စားနေကြသည်။

“ခရိုင်မှူးကို သတ်ဖို့လာတာလား?"

ချန်ရှီက ခေါင်းယမ်းပြီး "မဟုတ်ဘူး... ခရိုင်တရားသူကြီးရဲ့ မိသားစုကို တိရစ္ဆာန်တွေ ပို့ပေးဖို့ လာတာ"

“အထဲမှာ ဘာဖြစ်တာလဲ” ဟု နောက်လူက လှမ်းမေးသည်။

"ယန်မိသားစုရဲ့ သားသမီးတွေက အချင်းချင်း တိုက်ခိုက်ရင်း လူတွေအများကြီးကို သတ်ပစ်ခဲ့တာလေ ဖယ်ပေးပါဦး ဖယ်ပေးပါဦး!"

ချန်ရှီ ထိုလူအုပ်ကြီးထဲက ညှစ်ထွက်ကာ ဟေးကော်နှင့်အတူ ခရိုင်မြို့မှ ထွက်လာခဲ့သည်။

မိုးကြိုးခရိုင်မှ ခြောက်မိုင် သို့မဟုတ် ခုနစ်မိုင်အကွာသို့ ရောက်သောအခါ ဟေးကော်သည် ရုတ်တရက် ဟိုဟိုဒီဒီ ဟောင်လာရာ ထိုအကောင်တွေ မွေးဖွားတော့မယ် ဆိုတာ သဘောပေါက်လိုက်၏။

ချန်ရှီသည် လျင်မြန်စွာ ရပ်လိုက်ပြီး မြက်ခြောက်များနှင့် သစ်ရွက်များကို ယူကာ သိုးမကို နေရာချပေးလိုက်သည်။ သိုးမက အနည်းငယ် မောဟိုက်နေပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကာ ရံဖန်ရံခါ ပြန်​ပြန်ကြည့်​နေသည်။

ချန်ရှီနဲ့ ဟေးကော်မှာ နာရီဝက်ခန့် စောင့်ပြီးနောက် အနည်းငယ် စိတ်မရှည်တော့ပေ။ ထိုအခိုက် သိုးမကလည်း သိုးကလေးကို စတင်မွေးဖွားလေ၏။ မွေးကင်းစ သိုးသငယ်​​လေး နှစ်ကောင်က နှင်း​တွေလို ဖြူစွပ်​နေသည်။

ချန်ရှီ မီးထွန်းညှိကာ ဓားကိုပိုးသတ်ပြီး ချက်ကြိုးတွေကို ဖြတ်​ပေးလိုက်သည်။ သိုးသငယ်နှစ်ကောင်၏ချက်ကြိုးတွင် ထုံးဖွဲ့ထားသည်။

အဲဒီအချိန်မှာ နွားတစ်ကောင်ကလည်း လှဲအိပ်လိုက်လေ၏။

"ဒီနွားကလည်း မွေးတော့မှာလား"

ချန်ရှီ လှည့်ကြည့်လိုက်စဥ် ဝမ်းဗိုက်သည် နောက်ထပ် နှစ်ကောင်ကလည်း လှဲအိပ်ချင်နေပြီ။ ခွေးမတစ်ကောင်က လဲလျောင်းပြီးပြီ ဖြစ်ကာ ၎င်းအနောက်ဖက်ကို ကြည့်ရင်း မွေးခါနီး ညည်းညူသံဖြင့် အသံပေးနေ၏။

"သွားရော! အဖျော်ဆရာ အလုပ်လုပ်တာကလည်း အရမ်းကောင်းတာပဲ... ထင်ထားတဲ့အတိုင်း အကုန်လုံး မွေးတော့မယ့် တိရစ္ဆာန်တွေချည်းပဲ"

ချန်ရှီ ဤတိရိစ္ဆာန်ကလေးများကို မွေးထုတ်ပေးရန် ချက်ချင်း အလျင်အမြန် လုပ်ဆောင်ခဲ့ရသည်။ ဟေးကော်မှာလည်း မြက်ခြောက်များကို ရှာဖွေကာ မွေးကင်းစသိုးသငယ်များကို ပြုစုစောင့်ရှောက်ရင်း အလုပ်များသွားသည်။

လူတစ်ဦးနှင့် ခွေးတစ်ကောင်သည် အလွန်အလုပ်များနေ၏။ ကလေးမွေးဖွားတဲ့ ရောဂါက ကူးစက်နိုင်သလိုမျိုး တခြားဝက်၊ ခွေး၊ နွားနှင့် သိုး ဒါဇင်တစ်ဝက်ခန့်က မြေကြီးပေါ် လဲလျောင်းပစ်ကြသည်။

ချန်ရှီလက်များသည် သူ့ခန္ဓာကိုယ်အတိုင်း သွေးများ စွန်းထင်းနေသော်လည်း မဝေးသောနေရာက မြစ်ထဲကို ပြေးပြီး တိရိစ္ဆာန်များရဲ့ ကလေးငယ်များကို ရေဆေးပေးနိုင်သေးသည်။

ချန်ရှီ ဝက်မကြီး ကလေးမွေးနိုင်အောင် ဗိုက်ကို နှိပ်ပေးနေစဥ် ဝက်မကလေး၏ နောက်ခြေထောက်နှစ်ချောင်းကြားမှ ဝက်ကလေးတစ်ကောင် ထွက်လာသည်။ ထိုစဥ် မြင်းခွာသံကို ကြားလိုက်ရတယကြောင့် လှမ်းကြည့်လိုက်ရာ မြင်းနှစ်ကောင် ဆွဲလာသော ရထားလုံးတစ်စီးက မိုးကြိုးခရိုင်ဆီသို့ ဦးတည်သွားနေတာ မြင်လိုက်ရ၏။

ချန်ရှီ သူ့အကြည့်ကို ရုတ်သိမ်းကာ ဝက်ကလေး၏ နောက်ခြေထောက် နှစ်ချောင်းကို ဆုပ်ကိုင်၍ ဆွဲထုတ်ပေးလိုက်သည်။ ဝက်ကလေး၏ ကျောဘက်တွင် အဖြူနှင့် အမည်းကွက်များရှိသည်။

ဒါပေမဲ့ တစ်ကောင်မွေးပြီးတာနဲ့ နောက်တစ်ကောင်က ခြေထောက်တွေကို ဆန့်ချထားပြီ။

ချန်ရှီ ဝက်ခြေထောက်ကို အလျင်စလို ဆွဲကိုင်လိုက်စဥ် ရထားလုံးက ရပ်သွားတာ တွေ့လိုက်ရသည်။ ရထားလုံးရဲ့ ကန့်လန့်ကာများ အနည်းငယ်ပွင့်သွားကာ ရထားလုံးပေါ်ရှိ လူများက သူတိရစ္ဆာန်လေးတွေ မွေးထုတ်ပေးနေတာကို အလွန်စိတ်ဝင်စားနဲ့ ကြည့်နေခဲ့သည်။

သူ ဝက်ကလေးကို ထုတ်ပြီးတာနဲ့ တတိယဝက်ကလေးက သူ့ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပြန်၏။ ဝက်မကြီးရဲ့ဗိုက်ကို ကြည့်လိုက်တော့ စတုတ္ထတစ်ကောင်လည်း ရှိပုံရသည်။

ရထားလုံးပေါ်ရှိလူများက ဤအရာကို စိတ်ဝင်စားပုံ မပေါ်တော့သဖြင့် ရထားထိန်းက နှင်တံကို မြှောက်ကာ မိုးကြိုးခရိုင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

သို့သော် ချန်ရှီ တတိယ ဝက်ကလေး၏ ခြေကို ကိုင်လိုက်ကာ ရုတ်တရက် အေးခဲသွားကာ အရှေ့က ရထားလုံးကို မော့ကြည့်လိုက်သည်။ သူ့နှလုံးသားက ရုတ်တရတ် ပြင်းထန်စွာ ခုန်လာ၏။

ရထားလုံးထဲမှာ ဘယ်သူ့အနံ့အသက်မှ မရှိချေ။

ရထားထိန်းရဲ့ အသက်ရှုသံကို သူ ခံစားလိုက်ရသော်လည်း ရထားလုံးထဲမှာ လုံးဝ ဗလာဖြစ်နေသည်။ အထဲကနေ တစ်ယောက်ယောက်က ကန့်လန့်ကာ ဖွင့်လိုက်တာ သိသာပေမယ့် လူရှိနေတာကို မခံစားမိချေ။

ယန်ကျင့်စီး အပေါ်ထပ်ကို တက်လာချိန်တုန်းက သူ့ခြေသံကို ကြားခဲ့ရပေမယ့် အငွေ့အသက်ကတော့ လေလုံးလေးလို ရှူရှိုက်လို့မရတဲ့ မြင်ကွင်းကို ပြန်သတိရမိသွားသည်။

"ဟေးကော်!"

လူသတ်အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ချန်ရှီဟာ ရုတ်တရက် ထရပ်ပြီး တဖြည်းဖြည်း အရှိန်မြှင့်လာတဲ့ ရထားလုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ သူသည် တစ္ဆေတစ်ကောင်လို ရှေ့ကို လှမ်းပြီး ဝက်မကြီးကို ကျော်ခွသွား၏။

"မင်း က​လေးကို လာမွေးပေးလိုက်!"

ဟေးကော် မျက်လုံးများ ပြူးကျယ်သွားကာ သူ့ကို ဗြောင်ကျကျ ​ပြန်ကြည့်​နေသည်။

ထိုစဥ် ချန်ရှီရဲ့ ခြေသံများက ပျောက်သွားချေပြီ။ သူ့အင်္ကျီလက်ထဲမှ မိုးခေါ်အဆောင်လက်ဖွဲ့၊ လေပြင်းအဆောင်လက်ဖွဲ့၊ လျှပ်စီးအဆောင်လက်ဖွဲ့၊ မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့တွေ တစ်ခုပြီးတစ်ခု ပျံတက်ကာ လောင်ကျွမ်းသွားသည်။ ၎င်းတို့က ကောင်းကင်သို့ ခဏအတွင်း လွင့်မျောသွား၏။

ပြီးနောက် ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်မည်းများ တဖြည်းဖြည်း စုစည်းလာသည်။

ရထားထိန်း မော့ကြည့်လိုက်သည်။ ကောင်းကင်၌ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ ဖြာထွက်နေသည်။ မိုးကြိုးများက လင်းလက်တောက်ပနေသော ကောင်းကင်ယံမှ တွဲလောင်းကျသည်။

အစောကတင် လေ မတိုက်နိုင်သလို လျှပ်စီးလည်း မလတ်နေခဲ့ဘူး မဟုတ်လား။

ရထားထိန်းက အံ့အားသင့်ပြီး ညည်းညူလိုက်သည်။

"အခုနတုန်းကတင် ကောင်းကင်က လင်းနေပါသေးတယ်... မိုးခြိမ်းသံက ဘယ်လိုဖြစ်တာလဲ?"

ချန်ရှီ ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ပိုမိုမြင့်မားလာပြီး သန်မာလာသည်။ ချီစွမ်းအင်နှင့် ချီသွေးများသည် သူ့ခြေထောက်ပေါ်ရှိ နတ်ဘုရားလမ်းလျှောက်ခြင်း အဆောင်လက်ဖွဲ့နဲ့ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ တစ်ဒါဇင်လောက်ကို အသက်သွင်းလိုက်သည်။

သူသည် တတိယခြေလှမ်းကို လှမ်းခါနီးတွင် မွေးခါနီး နောက်ထပ် အမတစ်ကောင်ကို ကောက်ယူကာ ထွက်ပြေးသွားပြီ ဖြစ်သည်။

ရွှေရောင်အလင်း၊ နန်းတော်ကိုးခု၊ မဟာမိတ်စွမ်းအား၊ ပါးကွာ့အစီအရင်၊ စစ်သူကြီးတစ်ပါး အဆောင်လက်ဖွဲ့၊ စစ်သူကြီးဆယ်ပါး အဆောင်လက်ဖွဲ့၊ တခြားအဆောင်လက်ဖွဲ့များ အားလုံးကို စတင် အသက်သွင်းနေပြီပဲ ဖြစ်သည်။

သူ့ခန္ဓာကိုယ်က ခြောက်ပေ မြင့်လာသည်။ သူ့တစ်ကိုယ်လုံးမှာ စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအားတွေနဲ့ ပြည့်နေပြီး ရွှမ်ဝူနန်းတော်ထဲ ဝင်ခဲ့တုန်းကထက် ဆယ်ဆ ပိုအားကောင်းလာ၏။

သူ့ချီစွမ်းအင်နှင့် သွေးများသည် ဦးခေါင်းနှစ်လုံးနှင့် လက်လေးချောင်းအဖြစ် ပြောင်းလဲသွားသည်။ သူ့အနောက်မှ လက်နှစ်ဖက်ဟာ သိုးတစ်ကောင်ကို ဆုပ်ကိုင်ထားကာ ပဉ္စမခြေလှမ်းကို လှမ်း၍ ရထားလုံးနောက်သို့ လိုက်သွားခဲ့သည်။

ချန်ရှီရဲ့ ကြီးမားသော လက်နှစ်ဖက်လုံးမှ ထွက်လာပြီး ရထားလုံးပေါ်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဗုန်း!

ရထားလုံး ကွဲထွက်သွားသည်။

ရုပ်ပုံတစ်ခု ရှေ့သို့ခုန်တက်လာကာ နတ်သန္ဓေသားလေး ထွက်ပေါ်လာသည်။ နတ်သန္ဓေသား၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာကာ ရထားလုံးနှင့် မြင်းတို့က ရထားထိန်းနဲ့အတူ လွင့်ထွက်သွားသည်။ ၎င်းတို့က ကြောက်မက်ဖွယ် ကောင်းသော အခြေတည်ဝိညာဉ်ရဲ့ စွမ်းအားနယ်ပယ်ကြောင့် အမှုန့်ဖြစ်ကုန်၏။

ယန်ကျင့်စီးသည် တာအို၀တ်စုံကို ၀တ်ဆင်ထားပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ရပ်နေသည်။ သူ့ကို တိုက်ခိုက်ခဲ့သူမှာ ချန်ရှီ ဖြစ်နေပေမယ့် တုန်လှုပ်သွားခြင်း မရှိပေ။

သူ့ရဲ့တာအိုနှလုံးသားသည် အလွန်မာနကြီးတာကြောင့် ဘယ်အရာကမှ မတုန်လှုပ်စေနိုင်ချေ။

ချန်ရှီက သူ့ကို တိုက်ခိုက်ပြီး သတ်လိုက်တာပဲ ဖြစ်ဖြစ်၊ ချန်ယင်တု အသက်ရှင်နေသေးသည်ဖြစ်စေ သေသည်ဖြစ်စေ သူ့ကို တိုက်ခိုက်နေသမျှ သူ့ပြိုင်ဘက်ကို သတ်ပစ်ဖို့ ထွက်လာမှာပင်။

သူ၏ အခြေတည်ဝိညာဉ်သည် ကောင်းကင်မှ တွဲလောင်းကျနေသော မိုးကြိုးများကြား၌ နတ်သန္ဓေသားရှေ့တွင် ရပ်နေသည်။ မိုးကြိုးတွေ၊ နေကိုးစင်းမိုးကြိုးမီးနဲ့ တခြားမိုးကြိုး မှန်သမျှက သူ့အခြေတည်ဝိညာဥ်ကို သေစေနိုင်သော်လည်း ယခု အခြေတည်ဝိညာဥ်က နတ်ကွန်းတစ်ခုထဲတွင် ရပ်နေပြီး မိုးကြိုးကို ဂရုမစိုက်ပေ။

သူသည် သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ကျိုးပဲ့နေသော အမှုန်အမွှားများကြားမှ ရထားထိန်းနှင့် မြင်းနှစ်ကောင်ကို နဂါးအသွင် ဆောင်ကာ ချန်ရှီဆီသို့ ပစ်လွှတ်လိုက်သည်။

ချန်ရှီ ဒေါသတကြီးဟောက်ကာ လက်သီးဖြင့် ရှေ့သို့ထိုးလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲက တစ္ဆေဘုရင်သုံးသည် ရှည်လျားသော မြစ်တစ်စင်းလိုပင် ၎င်းခန္ဓာကိုယ်ကို လှည့်ပတ်လာကာ ချန်ရှီနောက်ကို လိုက်၍ လက်သီးတစ်ချက် ထိုးချလိုက်၏။

လက်သီးက တုန်လှုပ်သွားသည်။ ၎င်းက ချန်ရှီရဲ့ လက်သီးထဲကို စီးဝင်သွားသော တစ္ဆေဘုရင်သုံးရဲ့ ကြောက်မက်ဖွယ်ကောင်းပြီး နားမလည်နိုင်သော စွမ်းအားတစ်ခုပဲ ဖြစ်သည်။ လက်သီးထဲက စွမ်းအားဟာ အ​ခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်ပယ်ကို ထိုးဖောက်သွားခဲ့သည်။

သွေးနီရောင် နဂါးက လက်သီးနှင့်တွေ့ပြီး ကွဲထွက်သွားသည်။ ဒီထိုးဖောက် ပြီးပြီးချင်းမှာပဲ မမြင်နိုင်တဲ့ ဓားစွမ်းအင်တွေက ဘုံကျောင်းထဲက ထွက်လာသည်။ ဓားအလင်းတန်းက ယန်ကျင့်စီးရဲ့ မျက်ခုံးတွေကို တိုက်ရိုက် တိုက်ခိုက်လေ၏။

ယန်ကျင့်စီးရဲ့ မျက်နှာက အလွန်ငြိမ်သက်နေခဲ့သည်။ ချန်ရှီလက်သီးများကြားက ကြီးမားသော စွမ်းအားများ ထွက်လာတာနဲ့ သူလည်း သူ့လက်ကို မြှောက်လိုက်သည်။

ချန်ရှီရဲ့ မပျက်စီးနိုင်သော ဓားစွမ်းအင်က ယန်ကျင့်စီး မျက်ခုံးများဆီသို့ မရောက်မီတွင် ကြောက်မက်ဖွယ်ကောင်းသော အခြေတည် ဝိညာဉ်စွမ်းအားနယ်ပယ်ကြောင့် ရပ်တန့်သွားပြီး တစ်လက်မမျှ မတိုးနိုင်တော့ပေ။

ချန်ရှီက တစ်ချက် ပြုံး​ပြပြီး သူ့နောက်မှာ ကိုင်ထားတဲ့ သိုးမလေးကို ယန်ကျင့်စီးရှေ့ တွန်းပို့ပေးလိုက်သည်။ သိုးမလေးက အင်မတန် ကြောက်လန့်နေတာကြောင့် ချွေးတွေ​တောင် ထွက်နေ၏။ သိုးမလေးရဲ့ အော်သံက နူးညံ့သိမ်မွေ့သော်လည်း ယန်ကျင့်စီးနားထဲတွင်တော့ မိုးခြိမ်းသံကဲ့သို့ ဖြစ်နေခဲ့သည်။

နောက်အခိုက်အတန့်တွင် သူ့အတွေးတွေ လှည့်ပတ်သွားကာ အခြေတည်ဝိညာဉ်က သိုးဝမ်းထဲသို့ ဝင်သွားတော့သည်။

ရွှင်း!

ဓားအလင်းတန်းတစ်ခုကလည်း သူ့မျက်ခုံးမွှေးကြားထဲ ဖောက်ဝင်သွားသည်။

"ခင်ဗျားက ခရိုင်မှူးဖြစ်ဖို့ ထိုက်တန်ရဲ့လား... နောက်ဘဝကျရင်တော့ သတိထားပြီး ကျွန်​တော့်ရှေ့မှာ မကောင်းမှု​တွေ မလုပ်မိ​စေနဲ့ပေါ့!"

ချန်ရှီ သိုးမလေးကို ပွေ့ချီထားလိုက်သည်။

"ငါမင်းကို သားဖွားကူမယ်... မင်းက သားရဲလေးကို မွေးထုတ်လိုက်!"

All Chapters