← Chapters

လူသေခါနီးအချိန်မှာ စကားအကောင်း ပြောတယ်

Vol. 8 Ch. 115

လူသေခါနီးအချိန်မှာ စကားအကောင်း ပြောတယ်

Vol. 8 Ch. 115

ခရိုင်တရားသူကြီး ယန်ကျင့်စီး သူ့မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အကြည့်များ ရှိနေသေး၏။ သူ့မျက်လုံးများက မလိုလားသော အရိပ်အယောင်အချို့ ရှိနေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်က သေဆုံးသွားပြီ။ မကျေမနပ် ဖြစ်နေရင်တောင်မှ သိုးမလေးရဲ့ဝမ်းကို မခွဲနိုင်တော့ပါဘူး။

သူ့လက်ရှိခွန်အားနဲ့ဆို လူဝင်စားနိုင်တဲ့ နေရာကို ကျရောက်ပြီးနောက်တွင် သူသည် အခြေတည်ဝိညာဉ်ကို ခန္ဓာကိုယ်မှ စွန့်ထုတ်ပြီး သိုးမဝမ်းကို ဖောက်ထုတ်နိုင်သေးသည်။ သိုးဝမ်းထဲကို ဝင်ပြီးပြီမလို့ လွတ်မြောက်သွားရင်တောင် သေခြင်းတရားကပဲ သူ့ကို ကြိုဆိုနေလိမ့်မည်။

ထို့အပြင် သူ့အလောင်းသည် ချန်ရှီလက်ထဲ၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်ရှီ သန္ဓေသားအတွက် အဆောင်စာရွက် တစ်ခုကို ထုတ်ယူလိုက်သည်။ အချို့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မီးဖွားသည့်နေ့ ရောက်လာသောအခါ ချောချောချူချူ မွေးနိုင်ဖို့ အဆောင်လက်ဖွဲ့ သုံးကြ၏။

လူဝင်စားခြင်းမှာ အချိန်ကန့်သတ်ချက်ရှိပြီး အကြာကြီး မနှောင့်နှေးသင့်ကြောင်း အဘိုးက ပြောဖူးသည်။ အချိန်အကြာကြီး နှောင့်နှေးနေပါက အချိန်မှတ်ပြီးနောက် လူဝင်စားသော ဝိညာဉ်သည် လူဝင်စားခြင်းကို လွတ်သွားပါက ၎င်းသည် ပြန်သွားပြီး သေဆုံးသော ကလေးအဖြစ် မွေးဖွားလာမည် ဖြစ်သည်။ ထို့ကြောင့် မွေးဖွားချိန် ရောက်သောအခါတွင် ကလေး မမွေးနိုင်ပါက သားအိမ်အတွင်း၌ သန္ဓေသား မသေသွားစေရန် လှုံ့ဆော်ပေးရမည်။

သို့သော်လည်း စစကြားခါစက အတည်မပြုရသေးတာကြောင့် ချန်ရှီလည်း မှန်လားမှားလား မသိခဲ့ပေ။ အဘိုးပြောတုန်းကတော့ ဒဏ္ဍာရီဆန်ဆန်ပဲ ပြောပြခဲ့တာပင်။

ချန်ရှီ သိုးငယ်၏ ဝမ်းဗိုက်ပေါ်တွင် သန္ဓေအောင်ခြင်း အဆောင်လက်ဖွဲ့ကို တင်လိုက်ရာ သိုးဝမ်းထဲမှ လူ့အသံတစ်သံ ထွက်လာသည်။

"ချန်ရှီ... ဘာလို့လဲ"

ချန်ရှီ: "ဘာကိုလဲ?"

"ငါ့ကို ဘာလို့သတ်တာလဲ... မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးရန်စ မရှိပါဘူး ယန်မိသားစုရဲ့အမိန့်အရ မင်းတို့ အဘိုးနဲ့မြေးကို စောင့်ကြည့်ဖို့လာတာ... မင်းကို ဘာမှမလုပ်ဖူးဘူး မနေ့တုန်းက မင်း ရွှမ်ဝူနန်းတော်ကို ရောက်လာပြီး လူသတ်ချင်စိတ်တွေ ပုန်းအောင်းနေတာ... ဒါပေမဲ့ မင်းကို ငါဘယ်တော့မှ မထိခဲ့ဘူး... ဒီနေ့လည်း မင်းကို အရမ်းသနားဖို့ စီစဉ်ခဲ့တယ်... မင်း အခုလိုလုပ်ရတဲ့ အကြောင်းရင်းကို သိလို့ရမလား..."

ချန်ရှီ: "ခင်ဗျား မွေးမြူထားတဲ့ နဂါးက သူကျင့်ကြံနိုင်ဖို့ လူတွေသတ်တယ်... သတ်တာမှ အများကြီးပဲ...ကျွန်တော် သည်းမခံနိုင်ဘူး အဲဒီကောင်ကို သတ်ပြီးတော့ ခင်ဗျားကို သတ်ဖို့ လာခဲ့တာ.... ခင်ဗျား အသက်ရှင်နေချိန်မှာလည်း လူတွေ သေခဲ့တာ အရမ်းများတယ်မလား"

ယန်ကျင့်စီး ခဏမျှ တိတ်ဆိတ်သွားပြီး "ဒီအကြောင်းကြောင့် မင်းက ငါ့ကို သတ်လိုက်တာလား"

ချန်ရှီ ခေါင်းညိတ်ပြပေမယ့် ယန်ကျင့်စီးက သူ့ကို မမြင်နိုင်ဘူးလို့ ခံစားမိတာကြောင့် စကားပဲ ပြောလိုက်သည်။

"ဟုတ်တယ်... အဲဒါက အကြောင်းပြချက်ပဲ ခင်ဗျား မကျေနပ်ဘူးလား?"

"မကျေနပ်ဘူး!"

ယန်ကျင်းရှုက ဒေါသထွက်လာသည်။

"ငါ ငယ်ငယ်လေးကတည်းက အရမ်းထူးချွန်ခဲ့တယ်.... ယန်မိသားစုက စုဆောင်းထားတဲ့ တာအိုကျင့်စဥ်တွေကို တစ်ချက်လောက် ကြည့်ရုံနဲ့ကို နားလည်နိုင်တယ်... ကောင်းကောင်းနားလည်တယ် ဒါပေမယ့် မိသားစုထဲက လူတွေက မင်းတို့မြေးအဘိုးကို ကြောက်နေကြတာ... သူတို့က မင်းတို့မြေးအဘိုးကို စောင့်ကြည့်ဖို့ ဆိုပြီး တောရိုင်းဓလေ့တွေရှိတဲ့ ရှင်းရှန်လို တောရွာကြီးကို ပို့လိုက်တာ!! ငါ့ရဲ့ အနာဂတ်ကို ဆယ်နှစ်လောက် ဒီနေရာမှာ မြှုပ်နှံခဲ့ရတယ်! ငါ့မိသားစုက ငါ့​ကို တန်ဖိုးမထားမှန်း ငါသိတယ်... အဲဒါကြောင့်လည်း ငါ့တပည့်တွေကို တန်ဖိုးမထားတဲ့သူတွေဆီကနေ အကောင်းဆုံး အမွေတွေ ယူပြီး ဂရုတစိုက် သွန်သင်ဆုံးမတာ..... ငါက ငါ့ဘိုးဘေးတွေဆီက ကောင်းချီရဖို့ ထိုက်တန်တယ် ငါ့ရဲ့ ကုသိုလ်ကောင်းမှုတွေ ရှိတာ ငါ့ကို သတ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ?"

"ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ... ခင်ဗျားက တရားသူကြီး မဟုတ်ဘူးလား..."

ချန်ရှီက ပဟေဠိဆန်နေသလိုမျိုး ပြန်​ဖြေသည်။

"ခင်ဗျားရဲ့နဂါးက လူတွေ အများကြီးကို သတ်ပစ်လိုက်တာမမို့ ကျွန်တော်ကလည်း ခင်ဗျားကို ပြန်သတ်တာ... ခင်ဗျားကို အနိုင်မယူနိုင်ဘူး... ဒါကြောင့် ခင်ဗျားကို နည်းမျိုးစုံနဲ့ သတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားလိုက်တာ ဒါပဲ!"

ယန်ကျင့်စီး အလွန်ဒေါသထွက်လာပြီး "မင်းငါ့ကိုသတ်တာ မတရားဘူးကွ... လူတွေက တိရစ္ဆာန်နဲ့ ကောက်ပဲသီးနှံတွေလိုပဲ...မင်းက တိရစ္ဆာန်နဲ့ ကောက်ပဲသီးနှံအတွက် ငါ့လိုပညာရှင်ကို သတ်လိုက်တာ ဘာအကြောင်းပြချက်မှ အသုံးမဝင်ဘူး"

ချန်ရှီ: "လူတစ်ယောက် သေခါနီးအချိန်မှာ သူ့စကားက ကောင်းတယ်လို့ ဆရာကြီးက ပြောခဲ့တယ်... ခင်ဗျား ကျွန်တော့်လက်ထဲမှာ သေပြီးတာတောင် စကားတွေက မနှစ်မြို့စရာ ကောင်းနေတုန်းပဲ... လူသားတစ်ယောက်အနေနဲ့ ခင်ဗျားလောက် ဘယ်ဟာကမှ မနိမ့်ကျဘူး"

"ငါက မြင့်မြတ်တဲ့မိသားစုမှာ မွေးဖွားခဲ့တာ... ငါ့ရဲ့ ဘိုးဘေးတွေက မင်းသားတွေ မှူးမတ်တွေ...ငါ့မှာ မြင့်မြတ်တဲ့သွေးသား ရှိတယ် သာမန်လူတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ..."

ချန်ရှီက ကဲ့ရဲ့ပြီး "သာမန်လူတွေထဲမှာ ဘယ်ဘိုးဘေးက အချုပ်အခြာ အာဏာသုံးပါးနဲ့ ဧကရာဇ်ငါးပါးမှ မဟုတ်ဘူး... တူညီတဲ့သွေးပဲ စီးဆင်းနေတာ... မြင့်မြတ်တယ် ဆိုတဲ့ စကားက ဘယ်လိုမှ မဖြစ်နိုင်ဘူး"

သိုးကလေးရဲ့အသံက ပိုကျယ်လောင်လာပြီး "မင်းငါနဲ့ ငြင်းခုံချင်​နေတာလား ဒီနေ့ မင်းနဲ့ ငါကောင်းကောင်း ဆွေးနွေးမယ်... စည်းစိမ်ဥစ္စာတွေ မြင့်မြတ်မှုတွေ မရှိရင် ဘုရင်နဲ့ မှူးမတ်တွေက ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ... မဟုတ်ရင် မင်းဧကရာဇ်ကရော ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ... မှူးမတ်တွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ... ဘုရင်မင်းမြတ်ရဲ့ သွေးသားနဲ့ သာမန်လူတွေရဲ့ သွေးက ကွာခြားမှု မရှိဘူးလား"

စီးပွားရေးသမားတစ်စု လမ်းမပေါ် ရောက်လာပြီး သိုးဝမ်းထဲက လူ့အသံကို ကြားတော့ ရုတ်တရက် ထိတ်လန့်ကုန်သည်။

"နတ်ဆိုး! ဒီသိုးက နတ်ဆိုး ဖြစ်သွားပြီ!"

ယန်ကျင့်စီး: "ဒီလူမိုက်တွေက သေဖို့ ထိုက်တန်ပါတယ်... အရာရှိတစ်ယောက်အနေနဲ့ သွန်သင်ပေးတာက သီးနှံစိုက်တာနဲ့ အတူတူပဲ...ပိုရိတ်သိမ်းရင် ငွေပိုရလိမ့်မယ်... ရိတ်သိမ်းမကောင်းရင် ငွေနည်းမယ် ရာသီဥတုက မှန်းလို့မရပေမယ့် ရိတ်တာနည်းရင်တော့..."

ကုန်သည်တွေ တက်လာပြီး သိုးငယ်ကို သတ်ဖို့ ပြင်ဆင်နေကြပြီ။ ချန်ရှီ သူတို့ကို အမြန်လှမ်းတားလိုက်သည်။

"ဒါက သိုးရဲ့ဝမ်းထဲမှာ နတ်ဆိုးတွေပါ... သိုးအမေနဲ့ ဘာဆိုင်လို့လဲ... သူမွေးလာတဲ့အထိ စောင့်လိုက်!"

ချန်ရှီသည် သိုးမလေး၏ မွေးခြင်းတံခါးကို ဖွင့်ပေးလိုက်တဲ့အခါ သိုးမလေးက သိုးငယ်ကို မွေးဖွားလိုက်တော့သည်။ သိုးကလေးသည် မွေးဖွားလာနဲ့ ခြေထောက်၄ ချောင်းဖြင့် ချက်ချင်း ရပ်ကာ အော်လေ၏။

"ငါက မိုးကြိုးခရိုင်က တရားသူကြီး ယန်ကျင့်စီး... မင်းတို့မိဘတွေရဲ့..."

သူ စကားမဆုံးခင်မှာ ကျောက်ခဲတစ်လုံးက သူ့ကို မြေပြင်ကို ခေါက်ချပစ်တော့သည်။ သိုးငယ်လည်း ထိတ်လန့်ကာ ဒေါသလည်း ထွက်လာ၏။

"ငါက ယန်မိသားစုမှာ မွေးဖွားခဲ့...."

ကျောက်ခဲတွေက မိုးရွာချသလိုပဲ လျင်မြန်စွာ ဆင်းသက်လာသည်။ ထိုသိုးထဲက ယန်ကျင့်စီးကြီး အသက်ပြန်ရှင်လာပြီး သူတို့အိမ်တွေ မီးရှို့ခံရမှာကို လူတိုင်း ကြောက်နေကြသည့်အတိုင်းပင်။

ခဏကြာတော့ သိုးသားကင်၏ အမွှေးအကြိုင် ရနံ့များ ထွက်ပေါ်လာ​လေသည်။ အားလုံးက ချန်ရှီ တိရိစ္ဆာန်ပေါက်စတွေနဲ့ ထွက်သွားတာကို တွေ့တော့ တစ်ယောက်ကို တစ်ယောက် ကြောင်အစွာ ကြည့်လိုက်မိကြ၏။

……

ချန်ရှီသည် ဟေးကော်ကို တိရိစ္ဆာန်အမေများကို ကြည့်ခိုင်းထား၏။ သို့သော် ဟေးကော်မှာ နောက်ခြေထောက်နှစ်ချောင်းပေါ် မတ်တပ်ရပ်နေပြီး ထိုတိရစ္ဆာန်အမများဆီသို့ ကလေးများကို ပို့ဆောင်ပေးရင်း အလုပ်များနေတာ တွေ့ရသည်။ မြေကြီးပေါ်တွင် တိရစ္ဆာန်ငယ် များစွာရှိနေ၏။ အကောင်ရေအများဆုံးမှာ ဝက်ကလေးများဖြစ်ပြီး ၎င်းတို့မွေးလာသောအခါတွင် အလွန်တက်ကြွကာ ပြေးလွှားကြသည်။

ချန်ရှီ ဤတိရိစ္ဆာန်က​​လေးများကို ကြည့်ကာ စိတ်ပူသွားသည်။

လူတစ်ယောက်နဲ့ ခွေးတစ်ကောင်သည် ခန္ဓာကိုယ်ပေါ်က သွေးစွန်းနေတာတွေကို သန့်စင်ရန် မြစ်ထဲ ခုန်ဆင်းလိုက်သည်။ ဟေးကော်သည် ၎င်း၏ ရင်ဘတ်နှင့် နောက်ကျောမှ သွေးစွန်းနေတာကို ပွတ်တိုက်နေရာမှ ရုတ်ချည်း ရပ်ကာ ချန်ရှီကို ပြန်ကြည့်လိုက်သည်။

ချန်ရှီလည်း သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ရေချိုးရန် မြစ်ထဲသို့ ခုန်ဆင်းလာစဥ် ဟေးကော် လုပ်နေတဲ့ အမူအရာကို မြင်တော့ ထူးဆန်းသလို ခံစားမိသွား၏။ ဟေးကော် ရှင်းပြခါနီးတွင် ချန်ရှီ သံသယစိတ်တွေနဲ့ တီးတိုးဆိုလိုက်သည်။

"ဟေးကော်ကတော့ တစ်ခုခုမှားနေ​ပြန်ပြီ... ခွေးက ရေချိုးနေရင်း ခေါင်းနောက်ကို မဆေးနိုင်လောက်ဘူး"

သူက လမ်းလျှောက်သွားပြီး ခွေးခေါင်းနောက်ဘက်မှာရှိတဲ့ သွေးတွေကို သန့်စင်သွားအောင် ကူညီ​ ဆေးကြောပေးလိုက်သည်။ ဟေးကော်မှာ ချန်ရှီ သူ့ကိုကူညီပေးလာတာ တွေ့တော့ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားမိလာ၏။ အဲဒီနောက် သူကလည်း ချန်ရှီကျောကို ပွတ်သပ်ပေးခဲ့သည်။

လူတစ်ဦးနှင့် ခွေးတစ်ကောင်ကို ဆေးကြောပြီးနောက် ချန်ရှီ အဝတ်အစားများကို ​ပြန်ဝတ်ဆင်သည်။ ထိုအခိုက် မြစ်ကမ်းနားက ဖြတ်သွားသော လှေတစ်စင်းသည် တိရိစ္ဆာန်ငယ်များကို လှမ်းကြည့်နေတာ တွေ့ရတဲ့အခါ ချန်ရှီလည်း အမြန်လက်ကို ဝှေ့ယမ်းလိုက်ပြီး

"လှေဆရာ... လှေဆရာ... ခင်ဗျား ကန်းကျစ်ရွာကို သွားနေတာလား?"

လှေသမားက လှေကို ကမ်းနား ကပ်လာခဲ့သည်။ အစကတော့ သူဘယ်နှစ်ယောက် တင်နိုင်မလဲ တွေးနေခဲ့ပေမယ့် ခဏကြာတော့ လှေပေါ်မှာ တိရစ္ဆာန်တွေနဲ့ ပြည့်ကုန်၏။ လှေသမားမှာ လှေနစ်မြုပ်သွားမှာကို စိုးရိမ်သောကြောင့် လမ်းကြောင်းကို ဂရုတစိုက် ထိန်းချုပ်ခဲ့သည်။

ကန်းကျစ်ရွာနားကို ရောက်တဲ့အခါ ချန်ရှီ တိရစ္ဆာန်တွေကို ကမ်းပေါ်ကို မောင်းထုတ်ပြီး အဖွားရှားရဲ့ ခြံထဲအထိ တွန်းပို့ခဲ့သည်။

"အဖွား... တစ်ညစာလောက် ကျွေးပေးပါဦး"

အဖွားရှားမှာ ခြံအတွင်းရှိ တိရစ္ဆာန်များကို ကြည့်လိုက်စဥ် သူမဦးခေါင်းက ရေပုံးကြီးလောက်ကို ကြီးလာခဲ့၏။ တစ်ညတည်း ဆိုပေမယ့် ထိုအကောင်ငယ်လေးများရဲ့ အော်သံကြောင့် တစ်ညလုံး အိပ်မရခဲ့ချေ။

နောက်တစ်နေ့တွင် ချန်ရှီသည် ဟွမ်ဖောရွာမှ လူများနှင့်အတူ ရောက်လာပြီး အကောင်ငယ်များကို သယ်ထုတ်သွား၏။ မိသားစုတိုင်းသည် အလွန်ပျော်ရွှင်​နေကြပြီး စာသင်သားချန်ရှီရဲ့ ရက်ရောမှုကို ချီးကျူးကာ ထိုတိရစ္ဆာန်များကို သယ်သွားကြသည်။

ပညာရှင်ကြီး ချန်ရှီရဲ့ မျက်နှာက အနည်းငယ် ညိုမဲနေပြီး မသေချာမရေရာသော အနေအထိုင်ဖြင့် ရွတ်နေသည်။

"ဒီလူတွေကို လယ်အလုပ်တွေ ပိုလုပ်နိုင်အောင် သူတို့အတွက် ပိုကောင်းတဲ့ ငါးနဲ့ အသားတွေ ရနိုင်အောင် လုပ်ရမယ်... အဲ့ကျမှ ငါ့ရဲ့ကြင်နာမှုအတွက်လည်း ချီးကျူးကြမှာ!"

အဘွားရှားအတွက်လည်း ဝက်ကလေးတစ်ကောင် ချန်ထားခဲ့သည်။ အဘွားရှားက အလွန်ပျော်ရွှင်စွာ ပြုံးပြလေ၏။

"ငါတို့ ဒီည အသားကင်ရပြီ!"

အဘွားအိုသည် ​မိန်းမကြမ်းကြီးပီပီ ဝက်ကလေးကို မွေးမြူထားရန် အစီအစဉ်မရှိပေ။

"မိုးကြိုးခရိုင်ရဲ့ တရားသူကြီး သေပြီ"

ဖုလိန်ရှန်းမှာ ဒီသတင်းကိုကြားတော့ တစ်ညလုံး အိပ်မပျော်နိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။ မိုးကြိုးမြို့ကို အမြန်သွားမေးလိုက်တော့ ခရိုင်တရားသူကြီး ယန်ကျင့်စီး တကယ် ကွယ်လွန်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။

ယန်ကျင့်စီးဟာ ကြင်နာမှုကင်းသော အရာရှိတစ်ဦးဖြစ်ပြီး လူတွေကို ဒုက္ခရောက်စေတဲ့ နဂါးတစ်ကောင်ကို မွေးထားခဲ့သည်။ သူ့နဂါးက မြစ်ကမ်းစပ်တွင် လူများစွာကို ရေနစ်​သေစေခဲ့သည်။ ရှီးကျင်းကလည်း ဤပြစ်မှုကို ပွင့်ပွင့်လင်းလင်း စုံစမ်းရန် သံတမန်များ စေလွှတ်ခဲ့သည်။

ယန်ကျင့်စီးက ရှီးကျင်းသံတမန်ကို လုပ်ကြံသတ်ဖြတ် ချင်ခဲ့သော်လည်း မြစ်ကမ်းနား၌ သူ့ကို ရှီးကျင်းသံတမန်က သတ်ဖြတ်သွားခဲ့သည်။ ဖုလိန်ရှန်း အံ့အားသင့်စွာဖြင့် လက်ဖက်ရည်ဆိုင်တွင် ယန်မိသားစုအတွင်း ခိုက်ရန်ဖြစ်ပွားမှုများနှင့် ရွှမ်ဝူနန်းတော်ထဲက လူအများအပြား သေဆုံးခဲ့ကြောင်း သတင်းတွေကို နားထောင်နေသည်။

လက်ဖက်ရည်ဆိုင်က အဖျော်ဆရာမှာ သူ့မျက်လုံးနဲ့ပဲ မြင်ခဲ့ရသလိုမျိုး အကျယ်တဝင့် ပြောပြနေသည်။ ဖုလိန်ရှန်း လက်ဖက်ရည်သောက်ပြီး စေ့စေ့နားထောင်နေ၏။

"ဒါက ရှီးကျင်းသံတမန်လား ဒါမှမဟုတ် ချန်ရှီလား? ရှီးကျင်းက ချန်ရှီအတွက် ဖုံးကွယ်မ​ပေး​လောက်ဘူး... ဟုတ်တယ်... ဒီလိုနည်းနဲ့ ထိပ်ပိုင်းက ကောင်းနေသေးပေမယ့် အောက်ပိုင်း အရာရှိတွေက ဆိုးနေတာပဲ ဖြစ်မယ်"

ဤတော့မှ ပိုသက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ် အပြုံးတစ်ခုနဲ့။

"ရှီးကျင်းသံတမန်က ယန်ကျင့်စီးကို ဖြေရှင်းလိုက်ပြီဆိုတော့ ချန်ရှီ အသက်စွန့်ဖို့ မလိုတော့ဘူး... ဒီကလေးက အခြေတည်ဝိညာဥ်က ဘယ်လောက်တောင် အစွမ်းထက်လဲ မသိဘူး... သူက အရမ်းရဲတင်းနေတာ!"

အဘွားရှားက ဖုလိန်ရှန်းထက် နှစ်ရက်နောက်ကျပြီးမှ သတင်းရခဲ့သည်။ အဘွားအိုက မုတ်ဆိတ်မွေးနဲ့ ချင်းယန်ကို အမြန်သွားတွေ့ပြီး ဒီကိစ္စကို ပြောပြလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့လုံခြုံရေးအတွက် မင်းတို့ထဲက ဘယ်သူ လိုက်သွားလဲ?"

မုတ်ဆိတ်မွေးနဲ့ ချင်းယန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းယမ်းသည်။

ချင်းယန်: "လောင်ဟူ... ငါကမင်း သူ့နောက်ကို လိုက်သွားတယ်လို့ ထင်နေလေ..."

မုတ်ဆိတ်မွေး: "မင်း သူ့နောက်ကို လိုက်နေတယ်ထင်လို့ ငါမသွားတာ!"

အဘွားရှား လန့်ပြီး အသံပျောက်သွားသည်။

"ငါတို့ သူ့ကို မကာကွယ်ပေးခဲ့ဘူး... မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီကလေးက ပြဿနာကြီးကို လုပ်ချလိုက်ပြီ! ဘယ်သူမှ မကြည့်နေရင် သူဘယ်လိုသေသွားမှန်း မသိဘဲ သေသွားမှာ... ရွှေအမြုတေနယ်ပယ်လေးနဲ့ အခြေတည်ဝိညာဥ် နယ်ပယ်က ခရိုင်တရားသူကြီးကို သတ်ရဲတယ်... ဘယ်လောက်တောင် ရဲတင်း​​နေတာလဲ!"

ချင်းယန် ပြုံးပြီး: "အဆောင်ဆွဲဆရာတွေက အခြေတည်ဝိညာဥ်ကို တိုက်ဖို့ ရွှေအမြုတေကို သုံးတတ်တဲ့ မှတ်တမ်းရှိတယ်လေ... အဘွား ခင်ဗျား ဘာလို့ ဒီလောက် စိတ်ပူနေတာပဲ"

"ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် နယ်ပယ်ကြားက တိုက်ပွဲကို ချန်ယင်တုပဲ လုပ်နိုင်တာ!"

အဘွားရှားက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

"အဲဒီ အခြေတည်ဝိညာဥ် နယ်ပယ်ကို ကိုင်တွယ်ဖို့ အဘိုးကြီးချန်က ခွေးနက် အကောင် နှစ်ဆယ်ကို သတ်ခဲ့တာ... ဆယ့်ရှစ်ရက်လောက် အဆောင်လက်ဖွဲ့ မျိုးစုံ ရေးတယ်... ယဇ်ပလ္လင်တွေ တပ်ဆင်ပြီး ပြိုင်ဘက်ကို ခြုံခိုတိုက်ခိုက်ဖို့ တွန်းအားပေးခဲ့ရတာ... အဲဒီအခြေတည်ဝိညာဥ်က ဒဏ်ရာရသွားသလို ချန်ယင်တုလည်း ဒဏ်ရာရသွားခဲ့တယ်... အခု ချန်ရှီက ယန်ကျင့်စီးကို သတ်ပစ်ပြီ!"

ချန်ရှီသာ မအောင်မြင်ခဲ့ရင် သေသွားမှာ ကြောက်ရသည်။ ချန်ရှီသေဆုံးသွားရင် သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးတွေ ထွက်လာပြီး လှည့်လည်သွားလာနေလိမ့်မည်။

အနိမ့်ဆုံး နတ်ဆိုးဘုရားလောင်း အဆင့်ရှိ နတ်ဆိုး ရာပေါင်းများစွာက နေရာတိုင်းမှာ ပြေးလွှားနေလိမ့်မည်။

အဖွားရှားက သက်ပြင်းချလိုက်ပြီး "အခု ငါတို့က ကန့်ညောင်တွေ မဟုတ်ပေမယ့် ကန့်ညောင်ထက်ကို ပိုဆိုးနေပြီ... တစ်ဆယ်လေး အတွက်လည်း အရမ်းစိတ်ပူရတယ်... လောင်စန်းလည်း ဘာဖြစ်သွားတာလဲ မသိဘူး..."

သူမ ဒေါသမထွက်အောင် မထိန်းနိုင်ခဲ့။

"ဒီလို အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတင်းပို့ဖို့တောင် ပြန်မလာဘူး!"

သူမသည် အထပ်ထပ် ဆင့်ခေါ်သော်လည်း တစ္ဆေဘုရင်သုံးကို မခေါ်နိုင်တော့ချေ။

"လောင်စန်း အရိုက်ခံလိုက်ရတာလား.. ဒါမှမဟုတ် ချန်ရှီ စားပစ်လိုက်တာလား..."

ကြေးမုံအိုင်အိမ်တော် အပြင်ဘက်တွင် ဟေးကော် အစောင့်အကြပ် တာဝန်ကျနေကာ အတွင်းထဲသို့ အခါအားလျော်စွာ လှမ်းကြည့်နေပါသည်။ ချန်ရှီသည် ထျန်းဖန်ဖူနတ်ဆိုးကျင့်စဥ်ကို သုံးကြိမ်တိုင်တိုင် အသုံးပြုခဲ့တာကြောင့် ချီစွမ်းအင်နှင့် သွေးများ အလွန်အကျွံ ဆုံးရှုံးခဲ့ရသည်။ သူ့အသားအရေက အလွန် ကြည့်မကောင်း​တော့သောကြောင့် အခေါင်းထဲတွင် ခဏအိပ်နေခဲ့ရသည်။

အခု အခေါင်းထဲမှာ နှစ်ရက်ရှိပြီ။ မထွက်လာသေးချေ။

ထိုအချိန်တွင် ခြေသံတချို့ ကြားလိုက်ရတာကြောင့် ဟေးကော် အသံလာရာဘက်ကို လိုက်ကြည့်ရင်း အနည်းငယ် အံ့သြသွားမိသည်။ ကြေးမုံအိုင်အိမ်တော်က သွားလာ၍မရသော နေရာဖြစ်ပြီး ဤမှောင်မည်းသော နေရာကို ဘယ်သူကမှ လာချင်မည်မဟုတ်။

ထိုအချိန်တွင် အမျိုးသမီး နှစ်ဦး လမ်းလျှောက်လာ၏။ အရှေ့က တစ်ယောက်ဟာ ပန်းချီကားမှ ဆင်းလာသော အမျိုးသမီးတစ်ဦးနှယ် အောက်ခံ အနီရောင် ဖိနပ်တစ်ရံ၊ အောက်ခံ အဖြူစကတ်ရှည်နှင့် အပြာရောင် ရင်ပတ်နှစ်ထပ် အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတွင်တော့ အနက်ရောင်ဆံပင်များကို တောက်ပြောင်စွာ ချည်နှောင်ထားသည်။

ဆံညှပ်တွေကတော့ ရှုပ်ထွေးသည်။ ခေါင်းပေါ်မှာ ထိုးထားတာက ဖီးနစ်ဆံထိုး ဖြစ်ပေမည်။ သို့သော် ၎င်းတွင် ပုတီးစေ့များစွာ တွဲလောင်းကျနေကာ အနည်းငယ် တုန်ယင်နေပုံက ရေစက်ကလေးတွေလိုပင်။ အရွက်တွေကြားက ဖြတ်လာသော နေရောင်ကြောင့် ပုလဲလုံးလေးတွေက သက်တံကဲ့သို့ အရောင်အသွေးများ စုံလင်နေကာ သူမ နားတွင်လည်း နားကပ်များရှိသည်။

ဖီးနစ်ဆံထိုးနှင့် အမျိုးသမီးနောက်တွင် အစိမ်းဖျော့ဖျော့ အဝတ်အစား အစေခံမိန်းကလေး တစ်ယောက် ပါလာသည်။ အပြာရောင် အထည်အိတ်ကို သူမရင်ခွင်ထဲတွင် ကိုင်ဆောင်ထား၏။ ပုံသဏ္ဌာန်အရ အိတ်ထဲတွင် စောင်းတစ်လုံး ရှိနိုင်သည်။

"ခွေးလည်း ရှိတယ်!" အစေခံမလေးက အံ့သြစွာပြောသည်။

အမျိုးသမီးက ဟေးကော်ကို ငုံ့ကြည့်ကာ အနည်းငယ် ပြုံးပြသည်။

"ဟေးကော် မတွေ့ရတာ ကြာပြီ... မင်း အသက်ရှင်သေးသားပဲ"

ဟေးကော်က ခေါင်းငုံ့ကာ မြေပြင်ကိုသာ ကြည့်လိုက်သည်။

ဖီးနစ်ဆံထိုးနဲ့ အမျိုးသမီးက မေးသည်။

"တစ်ယောက်ယောက် ဝင်သွားပြီလား?"

ဟေးကော် ခေါင်းညိတ်လိုက်သည်။

ဖီးနစ်ဆံထိုးပါသော အမျိုးသမီးသည် အထဲသို့ ဝင်သွားရန် အလျင်စလို မလုပ်ခဲ့ချေ။ အလွန်ပင် သိက္ခာရှိစွာဖြင့် အိမ်တော်အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

မကြာခင်မှာပဲ အတွင်းထဲမှာ ခေါင်းတလားဖွင့်သံ ကြားလိုက်ရသည်။ ချန်ရှီက ခေါင်းတလားအဖုံးကို ဖယ်လိုက်ပြီး ခေါင်းတလားထဲက ထွက်လာခဲ့၏။ အားအင်တွေ ပြည့်နေပြီး သွေးတွေကလည်း ပြန်ကောင်းလာပြီ။

"ငါ နည်းနည်း အရပ်ပိုရှည်လာတယ်.. ဒီအိမ်က နည်းနည်းကျဉ်းနေပြီ...ငါ့တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဖြစ်အောင် မလုပ်ပေးနိုင်တော့ဘူး... ပိုကြီးတဲ့ အိမ်တစ်လုံးကို မှာဖို့ တစ်ယောက်ယောက်ကို ရှာရတော့မယ်"

အိမ်ထဲက ထွက်လာတော့ အစေခံမိန်းကလေးက သူမခြေထောက်တွေကို ကမန်းကတန်း ကွေးပြီး နှုတ်ဆက်လိုက်သည်။

"သခင်လေးချန်ကို ဂါဝရပြုပါတယ်"

ဖီးနစ်ဆံထိုးနဲ့ အမျိုးသမီးက ချန်ရှီကို အနည်းငယ် ခေါင်းညိတ်ပြပြီး မျက်လုံးတွေ ကွေးညွတ်သွားတဲ့အထိ ပြုံးပြလိုက်သည်။

"တစ်ဆယ်လေး မတွေ့တာ ကြာပြီနော်..."

ချန်ရှီ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ နှစ်ယောက်သားက ဦးညွှတ် နှုတ်ဆက်​နေတာ တွေ့တော့ တော်တော် အံ့သြသွား၏။

"မိန်းကလေးက ကျွန်တော့်ကို သိလား?"

ဖီးနစ်ဆံထိုးနဲ့ အမျိုးသမီးကလည်း တော်တော်အံ့သြသွားပုံဖြင့်။

"ဆရာကြီးချန်က မင်းကို မပြောပြထားဘူးလား?"

"အဘိုးက သူ့သူငယ်ချင်းဟောင်း​တွေ အကြောင်း တစ်ခါမှ မပြောဖူးဘူး"

အမျိုးသမီးက ပြုံးပြီး ထပ်ပြော၏။

"သူ့မှာ စိုးရိမ်စရာ​တွေ ရှိနေလို့ဖြစ်မယ်.. မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်မကောင်းလာသေးပုံပဲ မင်းအဘိုး အဆင်ပြေရဲ့လား"

ချန်ရှီ ခေါင်းယမ်းပြီး "အဘိုးဆုံးသွားပြီ"

ဖီးနစ်ဆံထိုးနဲ့ အမျိုးသမီးက ဝမ်းနည်းစွာနဲ့ ပြန်ပြောပါသည်။

“သူတောင် ထာဝရအသက် မရှင်နိုင်ဘူးတဲ့လား”

နွေးထွေးသော မျက်လုံးများဖြင့် သူမသည် ချန်ရှီကို ကြည့်ရင်း သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။

"ရေမီးအဂ္ဂိရတ် သန့်စင်နည်းက သေခြင်းတရားကို တကယ် ပြောင်းပြန် လှန်ပေးနိုင်ပါ့မလား?"

ချန်ရှီသည် ဖီးနစ်ဆံထိုးပါသော အမျိုးသမီး ကြေးမုံအိုင်အိမ်တော်ထဲသို့ ဝင်သွားတာကို လှမ်းကြည့်လိုက်ဖြင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ လှပသော အစေခံမိန်းကလေးက အပြင်ဘက်တွင် ရပ်ကာ ချန်ရှီကို အပြုံးဖြင့် ကြည့်နေသည်။

ချန်ရှီ: "မင်းရဲ့ သခင်မလေးကို ဘယ်လိုခေါ်လဲ"

“သခင်မဟွာလီ”

"ဒါဆို သူ အိမ်ထောင်ကျပြီးပြီပေါ့"

ချန်ရှီ အနည်းငယ် စိတ်ပျက်သွားပြီး "မင်းကိုရော ဘယ်လိုခေါ်ရမလဲ?"

အစေခံမိန်းကလေး ပြုံးလိုက်တဲ့အခါ သူမမျက်လုံးတွေက လခြမ်းတွေလို ကွေးသွားသည်။

"ကျွန်မနာမည်က တင်းတင်း..."

ချန်ရှီလည်း ရယ်လိုက်သည်။ ဒီမိန်းကလေးရဲ့ အပြုံးက ကူးစက်တတ်တယ်လို့တောင် ခံစားမိလာသည်။

"မင်းမှာ တန်းတန်းဆိုတဲ့ ညီမလေးများ ထပ်ရှိသေးလား"

အစေခံမိန်းကလေးက ရယ်မောရင်း လက်နှစ်ဖက်ကို နောက်ပစ်ရင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်း ထားကာ ပြုံးလိုက်သည်။

"ထင်တာမှားနေပြီ...ကျွန်မမောင်လေးရဲ့ နာမည်က တင်းတန်း!"

ချန်ရှီ သူ့ခေါင်းကို ကုတ်လိုက်ပြီး။

"လတ်စသတ်တော့ အဲ့လိုကိုး... ညီမတင်းတင်း.. အပြင်မှာနေရမှာလား သခင်မဟွာလီက ဒဏ်ရာရနေပုံပဲ... သူမဒီမှာ ဆယ်ရက်ကျော်လောက် နေသွားရတယ်... မင်း သွားစရာမရှိရင် ငါ့ရွာကို လိုက်ခဲ့လို့ရတယ်လေ.. ငါ့မှာ အခန်းလွတ်တွေ ကျန်သေးတယ်"

All Chapters