← Chapters

မက်မွန်ပွင့်ကံ အတွက် မက်မွန်ပွင့်အဆောင်စာရွက်

Vol. 8 Ch. 116

မက်မွန်ပွင့်ကံ အတွက် မက်မွန်ပွင့်အဆောင်စာရွက်

Vol. 8 Ch. 116

အစေခံမိန်းကလေးက တခဏမျှ တုံ့ဆိုင်းနေပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူတို့သည် တစ်စုံတစ်ယောက်ရဲ့ အိမ်တွင် နေထိုင်ရန် အကြောင်းပြချက် အနည်းငယ်မျှ လိုသေးသည်။ သူမ တုံ့ဆိုင်းနေတာကို မြင်တော့ ချန်ရှီက ပြုံးလိုက်သည်။

"တင်းတင်း... မင်းငါ့ကို လူဆိုးလို့ ထင်လား"

တင်းတင်းက သူ့ခေါင်းကို ခါလိုက်ပြီး "အဲဒီလို မဟုတ်ပါဘူး"

"ငါက လူဆိုးတစ်ယောက်လို့ မထင်ရင် မင်းက ဘာကိုကြောက်​နေတာလဲ... ငါက ရွာမှာ အရမ်းလေးစားပြီး လူသိများတဲ့ လူကောင်းတစ်ယောက်ပါ ညီမလေးတင်းတင်း... ငါ့ခွေးက ချက်တတ်တယ်နော်... တော်တယ် ညနေကျရင် ဟင်းနည်းနည်း ချက်ခိုင်းလို့ရတယ်"

တင်းတင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဟေးကော်ကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်သည်။

"ဟင်းချက်နိုင်တယ်လား"

ချန်ရှီ: "သူက အသီးအရွက်တွေကို လှီးဖြတ်၊ ဟင်းချက်၊ ကြော်လှော်တတ်တယ်... အရမ်း ကောင်းတယ်...မင်း ငါ့အိမ်မှာ မနေဘဲ ဒီမှာ တစ်ည တည်းနေချင်တာလား"

တင်းတင်း အတွင်းထဲကို လှမ်းကြည့်လိုက်ပြီး အပြာရောင် ​စောင်းအိတ်ကို သူ့ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပိုက်ထားသည်။ သူမ စိတ်ထဲမှာတော့ ကြောက်ရွံ့မှု အနည်းငယ် ခံစားလိုက်ရသည်။

ချန်ရှီ လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

"အတူတူ သွားကြရအောင်ပါ... သခင်မဟွာလီကို ရက်နည်းနည်းကြာမှ ထပ်လာတွေ့လည်း နောက်ကျမှာ မဟုတ်ဘူး"

တင်းတင်းလည်း သူ့သွားတွေကို အံကြိတ်ပြီး အမြန်လိုက်သွားရတော့သည်။ သူတို့နှစ်ယောက်နှင့် ခွေးတစ်ကောင် တောင်ပေါ်မှ ဆင်းလာခဲ့စဥ် တင်းတင်း တိုးတိုးတိတ်တိတ်လေး မေးလိုက်သည်။

"ဟေးကော်က ဟင်းကို တကယ် ချက်တတ်တာလား"

သခင်မဟွာလီသည် ယခုအချိန်တွင် အခေါင်းထဲတွင် လဲလျောင်းနေပြီး နှစ်ယောက်သားရဲ့ စကားစမြည်ကို နားစွင့်ရင်း ခေါင်းကို ငုံ့ကာ ရယ်လိုက်သည်။

"ချန်ရှီက ဟိုတုန်းက သူ့အဖိုးလိုပဲ... နှုတ်ချိုပြီး မိန်းကလေးတွေကို လှည့်စားတဲ့ နေရာမှာ အတော်ဆုံးပဲ...."

သူမ သူတို့ကို တားဖို့ ဘာမှ မပြောခဲ့ဘဲ တင်းတင်းကို ခေါ်သွားခွင့်ပြုလိုက်သည်။

ချန်ရှီကတော့ သူပြောတဲ့အတိုင်း ဟွမ်ဖောရွာကို ခေါ်ချသွားသည်။ ရွာသားများသည် ချန်ရှီရဲ့ အမူအရာကို ကြည့်ကာ ရွှေဥသောကြက်မ သယ်လာရသူကို ကြည့်နေရသလိုပင်။

"အရမ်းလှတဲ့ ကလေးမလေးပဲ... မင်းကို အနိုင်ကျင့်တဲ့ သူတွေဆီက လှည့်စားမခံရစေနဲ့နော်..."

အဘွားကြီးဝူကျူက ချန်ရှီကို သူ့မျက်နှာပေါ်က အပြုံးဖြင့် ကြည့်ပြီး တင်းတင်းအား တိုးတိုးလေး ပြောလိုက်သည်။

“အခွင့်အရေးရရင် ပြေး!” နောက်ထပ် အဘွားအိုကလည်း အံကြိတ်ကာ ပြုံးပြသည်။

"မင်း ငါတို့ကို အစိုးရရုံးကို သတင်းပို့ထား​စေချင်လား"

လူတစ်ယောက်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ပင် အနားသို့ တိတ်တဆိတ် ရောက်လာပြီး ရွာလူကြီးကို ပြုံးပြကာ အသံတိုးတိုးဖြင့် မေး၏။

"အရာရှိတွေဆီ သတင်းမပို့နဲ့... အရာရှိတွေကိုပါ သူက စားပြီး သတ်ပစ်လိုက်လိမ့်မယ်"

"မင်း လှည့်စားခံတာလား လုယက်ခံလာရတာလား"

……

နောက်ဆုံးတွင် တင်းတင်းသည် စိတ်အားထက်သန်သော ရွာသားများကို ဖယ်ရှားလိုက်ပြီး ချန်ရှီအိမ်သို့ လိုက်သွားခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ ဟေးကော်က ကြမ်းပြင်ကို လှည်းကျင်းနေတာကြောင့် တင်းတင်းမှာ ခွေးကို အံ့အားသင့်စွာ စိုက်ကြည့်ခဲ့ပေမယ့် ခဏအကြာမှာတော့ ဒါဟာ ပုံမှန်ပဲလို့ ယူဆလိုက်၏။ သူမရဲ့ တုံ့ပြန်မှုက လွန်ကဲစွာ ပုံမှန်မဟုတ်တာကို ခံစားခဲ့ရပါသည်။

ချန်ရှီက ထွက်သွားပြီး ဆီ၊ ဆား၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အိမ်ပေါက်စေ့ ချေးငှားသည်။ ရွာသူရွာသားများ အချင်းချင်း နွေးထွေးစွာ နှုတ်ခွန်းဆက်စကားများ ပေးပို့ကြပြီး အလွန်စိတ်အားထက်သန်ကြသည်။

ဟေးကော်ဟာ အဝတ်စကို ခါးမှာချည်ထားပြီး အသီးအရွက်တွေကို လှီးဖြတ်၊ ဆေးကြောကာ သေသေသပ်သပ် စီ​နေတာကို တွေ့လိုက်ရပြန်၏။

"တင်းတင်း....သူ့ကို မကြည့်နဲ့တော့ ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ရအောင်"

ချန်ရှီ လှမ်းအော်လိုက်တော့ တင်းတင်းလည်း အသိဝင်လာခဲ့သည်။ ထို့နောက် နှစ်ယောက်သား ဧည့်ခန်းကို သန့်ရှင်းရေးလုပ်ပြီး အိပ်ယာကိုလည်း အတူတူ စီစဉ်လိုက်သည်။

ချန်ရှီက အိပ်ယာကို သစ်သားဘောင်ပေါ်တွင် တင်ကာ အိပ်ယာအောက်ရှိ အမွှေးနံ့သာပေါင်း တစ်ဒါဇင်ကျော်ကို ချထားသာ်။ အမွှေးနံ့သာမျိုးများသည် ငန်းသစ်တော်၊ စန္ဒကူးနံ့သာလို အမွှေးအကြိုင် အမျိုးပေါင်း တစ်ဒါဇင်ကျော် ရှိပါသည်။ မွှေးကြိုင်သော နံ့သာပေါင်းကို အမွှေးတိုင်လေးထဲ ရောစပ်ထားလိုက်ရင် စိတ်ကို အေးချမ်းစေကာ အိပ်ရာဝင်တိုင်း အေးချမ်းစွာ အိပ်ပျော်သွားစေနိုင်သည်။

တင်းတင်းက အနံ့ကို ရှူလိုက်ပြီး ပြုံး၏။

"တော်တော် မွှေးတာပဲ!"

ချန်ရှီ အရမ်းပျော်ပြီး ကုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။

"မင်းကြိုက်သလောက် နေလို့ရတယ်... အိမ်မှာ ငါနဲ့ အိုးမည်းလေးပဲ ရှိတာ... ပျင်းတယ် ညီမလေးတင်းတင်း စကားစမြည် ပြောကြမလား"

တင်းတင်းလည်း ထိုင်ချလိုက်ပြီး သူမနှလုံးသားတွေ တဆတ်ဆတ် ခုန်နေတော့သည်။

ချန်ရှီက သူကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ်အရာများအကြောင်း၊ သူ့အဖိုးရဲ့ ဖယောင်းတိုင် စားတာနဲ့ မီးဖိုအထိ၊ မီးဖိုမှ နတ်ဘုရားလောင်းအထိ နတ်ဆိုးများအထိ၊ တောင်ပေါ်ရှိ စည်းမျဥ်းစည်းကမ်းများ၊ နတ်ဆိုးအမျိုးမျိုးအကြောင်းနှင့် နတ်ဆိုးကိုးကွယ်နည်းများအကြောင်း ပြောဆိုကြသည်။

စိတ်ပါဝင်စားစွာဖြင့် သူရေးဆွဲခဲ့သော နတ်ဆိုးအမျိုးမျိုး၏ လျှို့ဝှက်မှတ်တမ်းများကို ထုတ်နှုတ်ကာ စာမျက်နှာ တစ်ခုပြီးတစ်ခု လှန်ပြသေး၏။ တင်းတင်းဘက်သို့ လှည့်ပြီးနောက် ဤနတ်ဆိုးများအကြောင်း အသိပညာ၏ အဓိကအချက်များကိုပါ ရှင်းပြခဲ့သည်။

တင်းတင်းမှာ ချန်ရှီ သူမနဲ့ ပို၍ နီးကပ်လာသလိုတောင် ခံစားလာရသည်။ သူမ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေသလို ခံစားလိုက်ရသည်။ နောက်ကျရင် တစ်ခုခု ဖြစ်လာတော့မလိုပင် အမြဲလိုလို ခံစားမိလာ၏။

ချန်ရှီက ရေးဆွဲထားတဲ့ နတ်ဆိုးလျှို့ဝှက်မှတ်တမ်းကို ပိတ်ပြီး ပြောလိုက်သည်။

"ငါ့အိမ်မှာ နေရင် ပျင်းရမှာကို စိတ်ပူစရာ မလိုပါဘူး... ငါက အဆောင်ဆွဲ ဆရာတစ်ယောက်ပဲ ... နတ်ဆိုးတွေကို သုတ်သင်ဖို့ ငါမင်းကို ခေါ်သွား​ပေးနိုင်တယ်... အခုတလောတော့ စီးပွားရေးက သိပ်မကောင်းသေးဘူး"

သူ နည်းနည်း စိတ်ပူသွားသည်။

မူလက ချန်ယန်တောင်တွင် နတ်ဆိုးများစွာ ရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့အားလုံးဟာ ဘယ်နေရာမှ ပျောက်ကွယ်သွားသလဲ မသိ။ တစ်ကောင်တစ်​လေ ရှာရန်ပင် ခက်ခဲသွားခဲ့သည်။

"တောင်ပေါ်မှာ နတ်ဆိုးကြီးတစ်ကောင် ပေါ်လာပြီး တခြားနတ်ဆိုး​တွေကို မောင်းထုတ်ခဲ့တာများလား?"

တင်းတင်း စိတ်ထဲ၌: "ညီအစ်မတွေ ပြောတဲ့အတိုင်း သူငါ့ကို တစ်ခုခုလုပ်ရမယ့်အချိန်ရောက်ပြီ မဟုတ်ဘူးလား?"

ထိုစဥ် ချန်ရှီက မတ်တပ်ထရပ်ပြီး ပြောလာသည်။

"ဟေးကော်က အစားအသောက်တွေ အဆင်သင့် ပြင်ပြီးပြီ ထင်တယ်... ငါတို့ကို ခေါ်နေပြီ"

တင်းတင်းလည်း အံ့အားသင့်သွားသည်။

"သူက တကယ် လူကြီးလူကောင်းပဲ... ငါ သူ့ကို အထင်လွဲမိသွားတယ်"

တွေးပြီး ချန်ရှီနောက်ကို အမြန်လိုက်သွားခဲ့သည်။ ဟေးကော်သည် အသားနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင် ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်မျိုးကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။

နှစ်ယောက်သား စားပွဲထဲသို့ ဝင်လိုက်သည်နှင့် ဟေးကော်သည် သူ့ခါးစည်းကို ချွတ်ကာ ရေတစ်ပုံးယူရန် ရေတွင်းသို့ လျှောက်သွားလေသည်။ သူက သူ့ခြေသည်းများကို ဆေးကြောရင်း စားသောက်နေသော ဆယ်​ကျော်သက်အရွယ် ကောင်လေးနှင့် ကောင်မလေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

သခင်ကြီးက မရှိတော့ပေ။ ဒီမိသားစုက ဘယ်လောက်ကြာကြာ ရှိနေနိုင်မလဲ မသိနိုင်ချေ။

ညမိုးချုပ်ချိန်တွင် တင်းတင်းသည် သူ့ကိုယ်သူ ဆေးကြောကာ တံခါးကို သော့ခတ်ပြီး အိပ်ယာပေါ် တက်သွားခဲ့သည်။

"သူရောက်လာရင် တံခါးဖွင့်​ပေးရမလား.. ငါမဖွင့်ဘူး... သူတောင်းဆိုရင် ဘာလုပ်ရမလဲ... ငါဖွင့်သင့်လား မဖွင့်သင့်ဘူးလား..."

ခြံထဲတွင် လှုပ်ရှားနေသည့် တစ်စုံတစ်ခုကို ကြားလိုက်သောအခါတွင် သူမ စတင် တွေးတောနေမိသည်။

သူမ တိတ်တဆိတ် ထလိုက်ပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ အပြင်မှာ တောက်ပနေတဲ့ လရောင်အောက်၌ ချန်ရှီသည် ဆေးဖက်ဝင်ပြီး ရေချိုးနေ၏။ ထို့နောက် အဖြူရောင် ဘောင်းဘီရှည်ကို ၀တ်ထားပြီး အင်္ကျီမဲ့ဖြင့် ခြံထဲမှာ လေ့ကျင့်နေသည်။

ကျင့်ကြံနေရတာက မွန်မြတ်တဲ့ အရာတစ်ခုလိုပဲ လူငယ်လေးရဲ့ အမူအရာသည် အလွန်တရာ ကိုင်းရှိုင်း​နေသည်။

သူသည် ကျားတစ်ကောင်လို လှုပ်ရှားကာ တိုက်ပွဲဝင်နေသည်။ တွန်းမတိုက်နိုင်သော စိတ်ဖြင့် ရှေ့သို့ တိုးလာစဥ် ကြယ်အလင်းရောင်များ ပေါက်ကွဲကာ အရေပြား မျက်နှာပြင်ပေါ်ရှိ ကြွက်သားများထဲ ဖြတ်သန်း စီးဆင်းသွားသည်။

သူ့ခေါင်းအနောက်တွင် သေးငယ်သော ဘုံကျောင်းတစ်ခု လွင့်မျောနေ၏။ ဘုံကျောင်းငယ်သည် နေရောင်ခြည်ရဲ့ အဝါရောင် အလင်းရောင်ကဲ့သို့ တောက်ပနေပုံသည်။ ဘုံကျောင်းထဲမှာ နေ၊ လနဲ့ ကြယ် သုံးလုံးရဲ့ အလင်းတန်းတွေဟာ တဟုန်းဟုန်း တောက်တဲ့ အလင်းတန်းတွေအဖြစ် ပြောင်းလဲပြီး ချန်ရှီကိုယ်ထဲ စီးဝင်သွားသည်။

ဘုံကျောင်းရဲ့ နတ်ကွန်းထဲတွင်တော့ တစ္ဆေဘုရင်သုံးသည် အတန်ငယ်မြင့်မြတ်သော ဗုဒ္ဓရုပ်တုတစ်ဆူကဲ့သို့ ထိုင်နေ၏။

ဒီရက်ပိုင်းမှာ ချန်ရှီဟာ ကြောက်စရာကောင်းလာပြီး သူ့ကို နတ်သန္ဓေသားအဖြစ် အမြဲမှတ်ယူထားပေမယ့်လည်း အများကြီး အကျိုးပြုခဲ့ပြီး ကျင့်ကြံမှု စွမ်းအင်ကလည်း အရမ်းတိုးတက်လာခဲ့ပါ၏။

အထူးသဖြင့် တစ္ဆေစွမ်းအင်နှင့် မကောင်းသော စွမ်းအင်များကို အများကြီး သန့်စင်ထားသောကြောင့် မဟာတ​စ္ဆေဘုရင်ကို ကျော်လွန်ကာ တစ်ရှိန်ထိုး ခေါင်းဆောင် ဖြစ်လာရန် ပြင်းထန်သော အရှိန်အဝါပါ ရှိလာလေပြီ။

ချန်ရှီသည် လေ့ကျင့်ခန်းအချို့ကို လေ့ကျင့်ပြီး သူ့အခန်းသို့ ပြန်သွားခဲ့သော်လည်း ညဘက်တွင် တင်းတင်းကို မတိုက်ခိုက်ခဲ့ပေ။ တင်းတင်း အနည်းငယ် စိတ်ပျက်ကာ သမ်းဝေသွားရင်း ကုတင်ပေါ်လှဲချကာ ခဏအကြာ၌ အိပ်ပျော်သွားခဲ့သည်။

ခြံထဲမှာ ဟေးကော်လည်း သက်ပြင်းတစ်ချက် ချလိုက်၏။

ဝက်များက ဂေါ်ဖီထုပ် စိုက်ပျိုးနည်းကို မသိကြချေ။

တင်းတင်းသည် ချန်ရှီအိမ်တွင် တစ်ညတာ အိပ်စက်နိုင်ခဲ့သည်။ အိပ်ရာက နိုးလာသောအခါတွင် ဟေးကော် မနက်စာ ချက်ပြုတ်နေသည်ကို တွေ့လိုက်ရသော်လည်း ချန်ရှီက အိမ်မှာ မရှိပေ။

သူမသည် အခြားသူများကိုသာ ကျွေးမွေးစောင့်ရှောက်လေ့ ရှိသော်လည်း ယခုအခါတွင် ခွေးတစ်ကောင်ဆီက ပြုစု ကျွေးမွေးတာကို ကျင့်သားမရသလို ခံစားလာရသောကြောင့် အကူအညီပေးရန် လျင်မြန်စွာ ရှေ့တိုးလာခဲ့သည်။

လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​တို့သည်​ တစ်​ချိန်​တည်းတွင်​ ဟင်းချက်​ရင်း စကား​ပြော​နေကြသည်​။ မိဘများ၏ ချို့ယွင်းချက်​များ အကြောင်း ​ပြော​နေကာ အလွန်​​ပျော်​ရွှင်​​နေကြသည်​။ အချိန်အတော်ကြာပြီးနောက် တင်းတင်း ရုတ်တရက် သတိဝင်လာသည်။

"ချန်ရှီရဲ့ခွေးက စကားပြောနေတာလား? ထူးဆန်းလိုက်တာ... ငါ့မှာ ဘာလို့ အဲဒီမှတ်ဉာဏ် မရှိရတာလဲ.... မရေရာတဲ့ အရိပ်တွေ... နေဦး အခုနက ငါ ဘယ်သူနဲ့ စကားပြောနေတာလဲ"

သူမ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး ဟေးကော် သူမကို ကြည့်ပုံကလည်း အနည်းငယ် ထူးဆန်းသလို ခံစားမိလာသည်။ ကံကောင်းထောက်မစွာ သူမသည် ဤကိစ္စကို ဟေးကော် မျက်လုံးများထဲ မဖမ်းမိအောင် အလျင်အမြန် အာရုံလွှဲခဲ့၏။

ချန်ရှီသည် ကန့်ညောင်ကို ကန်တော့ပြီး မနက်စာလေ့လာကာ တင်းတင်းနဲ့ မနက်စာစားဖို့ အိမ်ပြန်လာခဲ့သည်။ ပန်းကန်တွေကို ဆေးကြောပေးပြီးနောက် ချန်ရှီ ဓားတစ်ချောင်းထုတ်ကာ ဟေးကော်ဆီက သွေးနည်းနည်း ယူလိုက်သည်။ ပြီးတာနဲ့ သစ်သားလှည်းရဲ့ သံချပ်ကာ မြင်းအဆောင်လက်ဖွဲ့ရဲ့ အရာတွေကို ပြန်ဆွဲလိုက်သည်။

တင်းတင်း အိုးများနှင့် ပန်းကန်များကို ဆေးကြောပြီးတဲ့အခါ ချန်ရှီက လှည်းကို ပြင်ဆင်ပြီးလေပြီ။ တင်းတင်း အပြာရောင် အထည်အိတ်ကို ကိုင်လျက် ချန်ရှီလှည်းပေါ် တက်သွားခဲ့သည်။ နှစ်ယောက်သား လှည်းပေါ်တက်ထိုင်ကြပြီး ဟေးကော်က အရှေ့မှ လမ်းပြရင်း ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

"ချန်ယန်တောင်မှာ နတ်ဆိုးတွေ မရှိတော့ဘူး...ငါ ချန်ယန်တောင်မှာ လုပ်စရာ ဘာကိစ္စမှ မရှိဘူး.... မဟူရာတောင်ကိုတော့ သွားစရာ မလိုဘူး ငါ အဲဒီနေရာကို အရမ်းသန့်သန့်ရှင်းရှင်း လုပ်ခဲ့ပြီးသား..."

ချန်ရှီဟာ သူ့အိမ်ရဲ့ ဘဏ္ဍာတွေ အတွက် ခွဲခြမ်းစိတ်ဖြာနေသည်။

"ရှင်းရှန်ခရိုင်က ခရိုင်တရားသူကြီးကလည်း နှစ်ကြိမ်ပြောင်းပြီးပြီ... အကြီးဆုံးနတ်ဆိုးတွေကို ငါသတ်ခဲ့ပြီးပြီ ကျန်တာတွေက ကြီးကြီးမားမားတော့ မဟုတ်ဘူး... မိုးကြိုးခရိုင်က ငါ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာ ဆိုတော့ မသွားဘူး။ ရေနွားခရိုင်လား... ငါမသွားဘူး... အခုစီးပွားရေး လုပ်နိုင်တဲ့ တစ်ခုတည်းသော နေရာက ဖေ့ခရိုင်ပဲ..."

ဖေ့ခရိုင်၏ ခရိုင်ရုံးသည် ချန်ယန်တောင်များမှ မိုင် 200 ကျော် ကွာဝေးသည်။ ၎င်းက ချန်ယန်တောင်များ၏ အနောက်တောင်ဘက်ထောင့်တွင် တည်ရှိပြီး ၎င်းသည် ရှင်းရှန်ပြည်နယ်မှ မဟုတ်ဘဲ ကုံကျိုးပြည်နယ် အပိုင်းထဲ၌ ဖြစ်သည်။

သို့သော် သူတို့သွားမယ့် နေရာသည် ခရိုင်မြို့ကို မဟုတ်ဘဲ ဖေ့ခရိုင်ထဲက ရွာများနှင့် မြို့ငယ်များပဲ ဖြစ်သည်။ တစ်ခုမှာ အဆောင်လက်ဖွဲ့များ ရောင်းရန်ဖြစ်ပြီး နောက်တစ်ခုမှာ နတ်ဆိုးများကို ဖယ်ရှားရန် ဖြစ်လေ၏။

ဆင်းရဲသော မိသားစုမှ ကလေးအနေဖြင့် ချန်ရှီဟာ ငွေအများကြီး သုံးစွဲခဲ့ပြီးပြီ။ ဇနီးတစ်ယောက်နဲ့ လက်ထပ်ရန် ငွေစုထားချင်ခဲ့သော်လည်း ချန်ယန်တောင်ရှိ နတ်ဆိုးအများစုက လွတ်မြောက်သွားကာ သူ့အား အလုပ်လက်မဲ့ ဖြစ်သွားစေသည်။ ဒါကြောင့် ယခုအချိန်တွင် ဖေ့ခရိုင်ကို သွားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

တစ်ချိန်က အဘိုးသည် ထိုအပြုအမူမျိုးအား ငါးမျှားခြင်းဟု ခေါ်ဝေါ်ကြောင်း ပြောပြဖူးသည်။ ရွယ်တူချင်းများက နှိမ့်ချကာ အခြား တာအိုဆရာများက မထီမဲ့မြင်ပြုကြသော်လည်း ချန်ရှီကတော့ ကြိုးအဆုံးကို ရောက်နေပြီမလို့ ငွေရှာရန် ဖေ့ခရိုင်ကိုသာ သွားနိုင်သည်။

အဘိုးလက်ထဲက သစ်သားလှည်းသည် အမြဲတုံ့ဆိုင်းနေပြီး ဖြည်းညှင်းစွာ ရွေ့လျားနေသော်လည်း ချန်ရှီလက်ထဲတွင်တော့ လေပြင်းလို ဟောက်နေကာ သံချပ်ကာ မြင်းအဆောင်လက်ဖွဲ့က လွန်ကဲစွာ အသက်ဝင်လာကာ စာတိုက်လမ်းတစ်လျှောက် ပြေးထွက်သွားလေသည်။

နာရီဝက်အကြာတွင် ဖေ့ခရိုင်ရှိ ရှင်းလုံမြို့သို့ ရောက်ရှိလာကြသည်။

ချန်ရှီ မြို့လယ်ခေါင်တွင် သူ့လှည်းကို ရပ်ထားလိုက်ပြီး သူဆွဲထားပြီးသား အဆောင်လက်ဖွဲ့ အမျိုးမျိုးကို ချပြထားသော်လည်း ဘယ်သူမှ လာရောက် ကြည့်ရှုခြင်း မရှိသေးချေ။

တင်းတင်း: "ဒါက မက်မွန်ပွင့်အဆောင်စာရွက်မလား... သခင်လေး ကျွန်မအပေါ် သုံးဖူးလား"

ချန်ရှီ သူ့ခေါင်းကို ခါလိုက်ပြီး "ဒါကို သုံးဖို့ ငါက ငယ်သေးတယ်"

တင်းတင်းက သူ့လျှာကို ထုတ်ပြီး ပြုံးပြသည်။

"ကျွန်မ တစ်ရွက် သုံးလို့ရမလား?"

ဘာကိစ္စမှမရှိတာကို မြင်တော့ ချန်ရှီလည်း တစ်ရွက် ယူပြီး သူမကို ပေးလိုက်သည်။

"ဘယ်လိုသုံးရမလဲ?"

"မင်းမှာ အ​မွှေးအိတ်ရှိလား... မင်း ဆံပင်တစ်ပင်ကိုယူ... အဆောင်လက်ဖွဲ့ကို ရစ်ပြီး အမွှေးအိတ်လေးထဲ ထည့်ထားလိုက်...."

တင်းတင်းက သူပြောတဲ့အတိုင်း လုပ်ကာ အမွှေးအိတ် အိတ်ကိုထုတ်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် လှည့်မေးလာသည်။

"ဒါဆို ​ပြီးပြီလား?"

ကောင်မလေး ပြုံးလိုက်သောအခါတွင် ချန်ရှီသည် ကမ္ဘာကြီးက ပိုမိုတောက်ပလာပြီး ထူးထူးခြားခြား စွဲမက်ဖွယ် အရောင်အသွေးများဖြင့် တောက်ပလာသလို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူ့နှလုံးသားကို ကြိုးတစ်ချောင်းက ထိန်းချုပ်ကာ ရိုင်းစိုင်းစွာ ခုန်ခိုင်းနေသလိုပင်။

အလုပ်များသော ရှင်းလုံမြို့မှ ဖြတ်သွားသော လူတိုင်းသည် တင်းတင်းဆီကနေ အလိုအလျောက် ဆွဲဆောင်ခံလိုက်ရပြီး သူမဆီကနေ အဝေးကို အကြည့်လွှဲဖို့ အတော်လေး ခက်ခဲသွားသည်။

တင်းတင်း လန့်သွားပြီး ချန်ရှီရဲ့လက်ထဲကို အမွှေးအိတ်လေး အမြန် ပစ်ထည့်​ပေးလိုက်၏။ ချန်ရှီ အိတ်ကို ကိုင်လိုက်သည်နှင့် တပြိုင်နက် တင်းတင်းရဲ့ မျက်လုံးများက သူ့ဆံပင်များကို နွေဦးလေနုအေး မှုတ်ထုတ်နေသလို ခံစားလိုက်ရပြီး သူမမျက်နှာမှာ နီရဲသွားသည်။

အမျိုးသမီးအချို့သည် အရပ်ရပ်မှ တက်လာပြီး သူတို့ဆိုင်ရှေ့တွင် ရပ်လိုက်ရာ ချန်ရှီလည်း အိတ်ကို အမြန်ဖယ်လိုက်ရ၏။

"ဆရာ....ကျွန်မ ရှင့်ရဲ့ မက်မွန်ပွင့်အဆောင်စာရွက် လိုချင်တယ်"

"ကျွန်မကိုလည်း မက်မွန်ပွင့်အဆောင်စာရွက် တစ်ခုပေးပါ!"

"ကျွန်မ သုံးခု လိုချင်တယ်!"

……

ခဏလောက်တော့ လူအုပ်ကြီးက ရှေ့ကို တဖြည်းဖြည်း တိုးလာပြီး တစ်ယောက်ပြီး တစ်ယောက် ပိုက်ဆံတွေ ထုတ်ကာ ဝယ်နေကြသည်။ ချန်ရှီ ဝမ်းသာအားရ ပြုံးပြရင်း တင်းတင်းနဲ့အတူ ပိုက်ဆံအများကြီး စုဆောင်းမိသွားသည်။

ဒါကို မြင်လိုက်တာနဲ့ ဟေးကော် နည်းနည်း လန့်လာသည်။

"သခင်ငယ်ရဲ့ လက်မှုပညာကပဲ တိုးတက်လာတာလား ဒါမှမဟုတ် ငါ့ရဲ့ သွေးနဲ့ ယန်စွမ်းအင်တွေကပဲ ပိုအားကောင်းလာတာလား... ဧကန္တ... ငါက ငါ့ရဲ့ ပုံစံအစစ်အမှန်ကို ပြရတော့မှာလား"

အဆင်မပြေပါ။

ချန်ရှီ စျေးဆိုင်ရှိ အဆောင်လက်ဖွဲ့များ လျင်မြန်စွာ ကုန်သွားခဲ့သည်။ သူသည် အလွန်ပျော်နေသဖြင့် သစ်သားလှည်းကို မောင်း၍ တင်းတင်းကို အရသာရှိတာတွေ ဝယ်ကျွေးကာ၊ မိန်းကလေးများ သဘောကျသော ပစ္စည်းများကို ဝယ်ပေးရန် ခေါ်ဆောင်သွားခဲ့သည်။

နှစ်ယောက်သား သစ်သားလှည်းဆီကို ပြန်ရောက်တော့ အစိမ်းရောင် အဝတ်အစားနဲ့ စာပေ ပညာရှင်တစ်ယောက် ဖြစ်ဟန်တူသော လူက အလျင်အမြန် ဦးညွှတ်လာသည်။

“ဆရာကြီး.... ကျုပ်တို့ရွာမှာ နတ်ဆိုးတစ်ကောင် သောင်းကျန်းနေလို့ အကူအညီ လာတောင်းတာပါ”

ချန်ရှီ ပြုံးပြီး :"တခြားဆရာတွေရော? ကျွန်တော်က နယ်မြေ ကျူးကျော်ခဲ့ပြီးပြီ တခြားသူတွေရဲ့ လုပ်ငန်းကို ဝင်မနှောင့်ယှက်ချင်တော့ဘူး"

စာပေ ပညာရှင်က ခဏတာ တုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ပြောပြလာခဲ့သည်။

"အဆောင်ဆွဲ ဆရာတွေ သေသွားရတာ သုံးယောက် ရှိနေပါပြီ"

ချန်ရှီက ခပ်တည်တည်နဲ့ "ဒီကိစ္စက အနိမ့်ဆုံး...."

သူ အံကြိတ်ကာ ငွေအချောင်း နှစ်ဆယ်ဟု လက်ဟန်ပြလိုက်သည်။ ခြင်္သေ့ပါးစပ်နှင့်တူသော ငွေအချောင်းနှစ်ဆယ်ကြောင့် သူ့စိတ်နှလုံးကလည်း မသာမယာ ဖြစ်လာသည်။ တစ်ဖက်က တန်ပြန်ကမ်းလှမ်းမှု လုပ်သရွေ့ သူသဘောတူမယ်လို့ သူ့စိတ်ထဲ ထည့်ထားလိုက်စဥ်။

"အဆင်ပြေတယ်!"

စာပေ ပညာရှင်က ဝမ်းသာအားရ ပြောလိုက်တာမို့ ချန်ရှီတောင် အံ့ဩသွားသည်။ တင်းတင်းက သူ့နားရွက်ကို ယားယံသွားစေတဲ့ လေပူတွေကို မှုတ်ထုတ်ရင်း တိုးတိုးလေး ပြောလိုက်ပါ၏။

"ရှင် အများကြီး မလိုချင်ပါဘူးနော်"

........

ရှင်းရှန်​ပြည်နယ်၊ လီမိသားစု၌။

လီရှောက်ကျန့်သည် ရှီးကျင်းအတွင်းပိုင်းမှ အမိန့်ကို ရရှိခဲ့သည့်အခါ သူ့ဘေးက ရှဝေးရင်းကို ပြောပြလိုက်သည်။

"ရှင်းရှန်ခရိုင်ရဲ့ ခရိုင်မှူးကန်ချွမ်းကို ကျန်းမိသားစုက စေလွှတ်ခဲ့တာ... ချန်ရှီ ကန်ချွမ်းကို သတ်ပစ်ပေမယ့် ကျန်းမိသားစုက လက်စားချေရန် လုံးဝ မတောင်းဆိုခဲ့ဘူး... သူတို့က နတ်ဆိုးတစ်ကောင်ကို ခရိုင်လမ်းပေါ် သွားချပေးခဲ့တာ... အခု ချန်ရှီက မိုးကြိုး ခရိုင်တရားသူကြီး ယန်ကျင့်စီးကို ထပ်သတ်ခဲ့ပြန်ပြီ.... ယန်ကျင့်စီးက ဒုသခင်မရဲ့ ယန်မိသားစုက... ရလဒ်အနေနဲ့ ယန်မိသားစုကလည်း အဲ့ကိစ္စကို လျစ်လျူရှုလိုက်တယ်... သူ့ရဲ့ ချို့ယွင်းချက်တွေပါ ဖော်ထုတ်ပြီး ယန်ကျင့်စီးအတွက် ရာဇ၀တ်မှုတစ်ခုတောင် စီစဉ်ပေးခဲ့သေးတယ်... ဘေးအန္တရာယ်အတွက် လမ်းပိတ်နေကြတာ..."

သူက အမိန့်ကို မှတ်တမ်းတင်ပြီး။

"ရှင်းရှန်မြို့ဝန် ငါ့ကိုလည်း ချန်ရှီက ဘယ်တော့လောက် လာသတ်မလဲမသိဘူး... အဲ့ကျရင် အစိုးရအဖွဲ့က ငါ့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခဲ့လောက်လား... ရှင်းရှန်ပြည်နယ်ရဲ့ အရာရှိတွေကို ချန်ရှီကြောင့် အစားထိုးပြီးသွားပြီ"

ရှဝေးရင်းက ရယ်မောလိုက်ပြီး "သခင်ကြီး... ဒါက ချန်ယင်တု မသေမှာကို စိုးရိမ်နေတာကြောင့်ပဲ မဟုတ်ဘူးလား... တခြားသူတွေက သူ့ကို စမ်းသပ်ချင်လို့ စောင့်နေကြတာပဲ"

လီရှောက်ကျန့်လည်း ခါးသက်စွာ ပြုံးပြလာ၏။

"ဒီလူကြီးတွေက ဒီစိတ်ကူးကြောင့် ငါတို့လီမိသားစုကို ဦးဆောင်ခွင့် ပေးလိုက်တာပဲဆိုတာ ငါသိတယ်... ဒါပေမယ့် ငါ့မှာ ထူးထူးခြားခြား သီလ ရှိတယ် လှည့်စားမှာ မဟုတ်ဘူး... ချန်ရှီက ​သတ်ဖြတ်ရတာ ကြိုက်တယ် လွှတ်ထားလိုက်... ငါတို့လီမိသားစုက မင်မင်းဆက် ရတနာသင်္ဘောကိုပဲ ဦးတည်မယ်"

ရှဝေးရင်း: "ဒီရက်ပိုင်း မင်မင်းဆက် ရတနာသင်္ဘောဆီက ဘာသတင်းရသေးလဲ?"

လီရှောက်ကျန့် မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက သက်ပြင်းချလေသည်။

"လူသုံးဆယ်ကျော် သေသွားပြီ"

ရှဝေးရင်း အံ့သြထိတ်လန့်သွားသည်။

လီရှောက်ကျန့်: "အဲဒီရတနာသင်္ဘောရဲ့ အနီးကို သွားတာက ပြဿနာမရှိပါဘူး ဒါပေမဲ့ ထိတွေ့မိရင် သရဲနဲ့ နတ်ဘုရားတွေရဲ့ လျှို့ဝှက်ထားတဲ့ နတ်တစ္ဆေဘုံကို ချက်ချင်း လွှတ်ထုတ်ပေးလိမ့်မယ်... လီမိသားစုရဲ့ သားသမီးတော်တော်များများက လွတ်မြောက်ဖို့ အချိန်မရသေးခင် ကျောက်ရုပ်တုတွေ ဖြစ်ကုန်တာ... အခု ငါ့ရဲ့ညီ၇နဲ့ တခြားသူတွေက ကျောက်သင်္ဘောရဲ့ ကန့်သတ်နယ်မြေကို ရှာဖွေဖို့ စမ်းသပ်နေကြပါပြီ"

ရှဝေးရင်းက အနည်းငယ် မျက်မှောင်ကြုတ်ပြီး "ကန့်သတ်ချက်ကို တိုင်းတာရင်တောင် သင်္ဘော​​ပေါ် မတက်နိုင်ရင် ကျွန်မတို့ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

"မြေကြီးနဲ့မထိဘဲ သင်္ဘောတက်ဖို့ နည်းလမ်းရှိတယ်...ငါကိုယ်တိုင် သင်္ဘောပေါ်တက်ပြီး နတ်တစ္ဆေဘုံရဲ့ အလယ်ဗဟိုကို ရှာတွေ့မှ ရမှာ!"

ထိုနေ့မွန်းလွဲပိုင်းတွင် လီရှောက်ကျန့် လူအုပ်တစ်အုပ်နဲ့အတူ ရတနာသင်္ဘော ရှိရာသို့ ထွက်သွားလေသည်။

ညနေခင်းတွင် လီရှောက်ကျန့်၏ တုန်လှုပ်ခြောက်ခြားဖွယ် သတင်းသည် လီအိမ်တော်သို့ ရောက်ရှိလာပြီး လီအိမ်တော် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတော့၏။

All Chapters