ဘယ်သူမှ မလွတ်မြောက်ခဲ့ဘူး
Vol. 8 Ch. 118
တင်းတင်းသည် မိန်းကလေးများစွာ နောက်မှလိုက်ကာ လှေကားပေါ်တက်ပြီး မကြာမီ ဒုတိယထပ်သို့ ရောက်ရှိလာခဲ့သည်။ သူမ ခေါင်းငုံ့ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သော်လည်း တာဝန်ခံက ဆွဲကိုင်ကာ တစ်ဖက်သို့ ညွှန်ပြလာခဲ့သည်။
ထိုမှသာ ကန့်လန့်ကာအောက်ရှိ တီးဝိုင်းတစ်ခုနှင့် ၎င်းဘေးတွင် ထိုင်ခုံအလွတ်တစ်လုံးကို သူမ တွေ့လိုက်ရသည်။ တင်းတင်း ထိုင်ပြီးတာနဲ့ မြေပြင်ပေါ် ခြေချော်လဲလုနီးပါး ဖြစ်သွား၏။ အကြောင်းမှာ ထိုင်ခုံအနောက်၌ ခေါင်းမပါတဲ့ အလောင်းတစ်လောင်း ရှိနေသည်။
အေးစက်စက် လေတစ်ချက် တိုက်ခတ်လာသောအခါတွင် သူမနှလုံးသားက တဒိန်းဒိန်း ခုန်သွား၏။ ကန့်လန့်ကာ နောက်ကွယ်တွင် လူသေအလောင်းများစွာကို ချထားသည်။
သူ့ဘေးနားက ကောင်မလေးတစ်ယောက်က တိုးတိုးလေး ကပ်ပြောလာသည်။
"ကြိုးတွေကို မြန်မြန်ညှိထား... နောက်ဆုံးသေသွားတဲ့ ဖီဖာစောင်းတီးတဲ့ ကောင်မလေးက သူ့စောင်းသံက မတိကျလို့ ခေါင်းကို အဖယ်ခံလိုက်ရတာ... သူမအခု ဟိုမှာ ငါတို့ကို စောင့်ကြည့်နေတယ်!"
တင်းတင်းလည်း ထိုမိန်းကလေး လက်ညိုးညွှန်ရာသို့ လှမ်းကြည့်လိုက်ရာ မှောင်မဲနေသော ပရိသတ်အများအပြားကိုသာ မြင်တွေ့ရလေသည်။ ပွဲကြည့်ချင်နေသော လူတစ်စုကိုသာ မြင်တွေ့ခဲ့ရပြီး မိန်းကလေး ပြနေတဲ့ ခေါင်းပြတ်က ဘယ်တစ်ယောက်လဲ မပြောနိုင်ပေ။
သူမ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို မျိုသိပ်ကာ ကြိုးများကို ချိန်ညှိလိုက်သည်။ သူမ ဒီလိုမျိုး လုပ်တတ်ပါသေး၏။ ဖီဖာစောင်းက သူမ မဟုတ်ဘဲ သခင်မဟွာလီရဲ့ ပစ္စည်းဖြစ်ကာ နာမည်တစ်ခုလည်း ရှိသေးသည်။ "ကြိုးကြီးများဟာ အလျင်လို မိုးသံကဲ့သို့ ဆူညံနေသည်" ဟူသည့် ကဗျာမှ ဆင်းသက်လာသော "အလျင်လိုမိုး" ဟုခေါ်တွင်သည်။
သခင်မဟွာလီသည် သူမရဲ့ ဖီဖာစောင်းကြောင့် တစ်ကမ္ဘာလုံးတွင် ကျော်ကြားသူ ဖြစ်သည်။ သူမသည် သခင်မဟွာလီဆီမှ ကြိုးချိန်ညှိတာမျိုး၊ လက်ညှိုးလေး လှုပ်ကာ တီးခတ်နည်းများကို မကြာခက သင်ယူခဲ့ဖူးသည်။
အသံကို ချိန်ညှိထားပြီး အောက်မှလာသော တီးတိုးသံများကို ကြားလိုက်ရသည်။ ဒါက ကြည့်ရှုရမည့် အစီအစဉ်ကို ဆွေးနွေးနေသူများ အချင်းချင်း စကားပြောနေကြတာပါပဲ။
"စစ်လျောင်က သူ့အမေဆီ လာလည်တယ်.... ယောင်မိသားစုရဲ့ စစ်သူကြီးအတွက် သီချင်းဆို...."
"ဒါက အမိန့်ပဲ!"
ပြဇာတ်တေးသံတစ်ခု ထွက်ပေါ်လာပြီး တေးသံမျိုးစုံသည် ချက်ချင်းပင် တီးခတ်သံများကလည်း ထွက်ပေါ်လာ၏။ တင်းတင်းလက်များ အေးစက်စက်ဖြင့် တုန်လာသည်။ ဒီ 'သူ့မိခင်ထံ လာလည်သော' သီချင်းကို သူမ သင်ယူခဲ့ဖူးသည်။
ကံကောင်းထောက်မစွာ အဖွဲ့ထဲတွင် ဖီဖာစောင်းတီးသူ မိန်းကလေးတစ်ယောက် ရှိနေ၏။ သူမ ထိုမိန်းကလေး၏ လက်ချောင်းများကို စိုက်ကြည့်ကာ ကောင်မလေးက တီးခတ်လိုက်သောအခါတွင် သူမသည်လည်း ဂီတသံအတိုင်း တီးခတ်လိုက်လေသည်။
မထင်မှတ်ပဲ လက်ချောင်းထိပ်များက လှုပ်ရှားလိုက်သောအခါ သံမြင်းတစ်ကောင်က သူမဆီသို့ လာနေသကဲ့သို့ စောင်းသံသည် လူအုပ်ကို ကျော်တက်သွားပြီး အခြားတူရိယာအားလုံးရဲ့ အသံကိုပါ ဖုံးအုပ်ပစ်ခဲ့သည်။
တခြားတူရိယာများက ထိန်းမနိုင်တော့ဘဲ ရုတ်တရက် အသံတိတ်သွား၏။
ဂီတသမားအားလုံးသည် ဖုန်မှုန့်များ ကပ်ညိနေကဲ့သို့ ဖြူဖျော့နေသော မျက်နှာများနှင့်အတူ စင်ပေါ် တက်လာသော အမျိုးသမီး သရုပ်ဆောင်ကလည်း အသံ ပျောက်ဆုံးသွားကာ သူ့ကိုယ်သူ “ငါ့အသက် အန္တရာယ် ကျရောက်နေပြီ” ဟူသည့် မျက်နှာထားတွေ ဖြစ်ကုန်သည်။
တင်းတင်း နှလုံးခုန်သံ တစ်ချက်နဲ့အတူ ရုတ်တရက် နားလည်သွားသည်။
"အလျင်လိုမိုးက သခင်မရဲ့ ရတနာ... သာမန် ဂီတတူရိယာတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ... ဒီစောင်းက တခြားအသံထွက် တူရိယာတွေရဲ့ အသံကို ဖိနှိပ်ပြီး မြင်ကွင်းကိုလည်း ပျက်စီးစေနိုင်တယ်"
ထိုအချိန်တွင် ပရိသတ်အများအပြားက ဘေးကိုကြည့်ကာ တစ်ပြိုင်တည်း ရွတ်ဆိုလာသည်။
"မကောင်းရင် ရပ်လိုက်ပါတော့... ဒီကလေးမလေးကိုပဲ ဆက်တီးခိုင်းလိုက်!"
အားလုံးလည်း စိတ်သက်သာရာ ရသွားကြပြီး စင်ပေါ်မှ အမြန် ဆင်းသွားခဲ့ကြသည်။
တင်းတင်း စင်မြင့်ပေါ်တွင် တစ်ဦးတည်းသာ ကျန်တော့၏။ သူမသည် ရုတ်တရက် သူမ တီးခတ်မယ့် တေးသံကို ငြိမ်သက်စွာ စောင့်နေသော ပရိသတ်အားလုံး၏ မျက်လုံးများကို ထိတ်လန့်စွာ ဝေ့ကြည့်လိုက်သည်။
တင်းတင်း အံကြိတ်ကာ မရပ်မနား တီးခတ်ခဲ့သည်။ သူမသည် သီချင်းများစွာကို မသင်ခဲ့ရသော်လည်း အနည်းငယ်မျှသာ သိသော "အတိတ်သီချင်း" ကို စတင်တီးခတ်ခဲ့သည်။ တေးသံကို ကြားရသောအခါ လူတိုင်း ခေါင်းယမ်းကြပြီး အားလုံးက "ဝမ်းနည်းတယ်၊ အိမ်လွမ်းတယ်.. သီချင်းကောင်းတယ်" စသဖြင့် ချီးကျူးခဲ့ကြသည်။
ခေါင်းကြီးကြီး: "ဒီမိန်းကလေးက နည်းနည်းလေး စိတ်လေနေတယ်... သူ တခြားအရာတွေကို စဉ်းစားနေတာပဲ"
"သူ ဆက်ပြီး တွေးမေရင်တော့ ငါသူမကို ခေါင်းဖြတ်ပစ်လိုက်မယ်!"
ဒါကိုကြားတာနဲ့ တင်းတင်းလည်း သူ့ရဲ့ အာရုံထွေပြားနေတဲ့ အတွေးတွေကို ဖယ်ထားပြီး ဆက်တီးခတ်လိုကိသည်။
ချန်ရှီ အဆောင်လက်ဖွဲ့ တစ်ဒါဇင်ကျော်ကို အမြန် ဆွဲထုတ်လိုက်သည်။ အပေါ်ထပ်မှ သရုပ်ဆောင်များသည် ၎င်းတို့၏ မိတ်ကပ်များ သို့မဟုတ် အမျိုးမျိုးသော အရာဝတ္ထုများကို ဖယ်ရှားဖို့တောင် စိတ်မ၀င်စားတော့ဘဲ အချင်းချင်း တွန်းတိုက်ရင်း အပြေးအလွှား ထွက်သွားကြသည်။
"စန်းဟဲရွာကို သေတောင် မလာတော့ဘူး!"
ချန်ရှီသည် ထိုသရုပ်ဆောင်များ၏ ဦးခေါင်းပေါ်ရှိ ဦးထုပ်များကို မြင်နေရသည်။ အနှီ ဦးထုပ်များက အော်ပရာ ဦးထုပ်များ မဟုတ်ဘဲ ရွာသားများရဲ့ ဦးထုပ်တွေလိုပဲ အနက်ရောင် ဦးထုပ်တွေ ဖြစ်နေတာ တွေ့ရလို့ အနည်းငယ် ထိတ်လန့်သွားမိသည်။
သရုပ်ဆောင်တွေက အမြန်ပဲ ပြေးထွက်သွားကြ၏။ ချန်ရှီ တံခါးဆီသို့ အမြန်ပြေးကာ အနက်ရောင် ကန့်လန့်ကာကို ဖွင့်၍ အပြင်ကို လှမ်းကြည့်လိုက်သည်။
အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ ပညာရှင်က စိုးရိမ်တကြီးနဲ့ ပြေးလာကာ။
"ဆရာချန်.... ဘာကိုစောင့်နေတာလဲ ဘာလို့ နတ်ဆိုးတွေကို မသတ်သေးတာလဲ။"
ချန်ရှီက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ဖြေသည်။
"ကျွန်တော် ကန့်ညောင်ရဲ့ အသွင်အပြင်ကို ရှာနေတာ!"
အစိမ်းရောင် အဝတ်အစားနှင့် စာပေပညာရှင်လည်း အနည်းငယ် လန့်ဖျပ်သွားသည်။
"ကန့်ညောင်ရဲ့ အသွင်လား?"
ချန်ရှီ: "ကန့်ညောင်တွေရဲ့ အသွင်က ထူးခြားတဲ့တန်ခိုးနဲ့ ဖွဲ့စည်းထားတာ... သူ့အသွင်က ကန့်ညောင်ရဲ့ မှော်စွမ်းအားနဲ့ ဝိညာဉ်စွမ်းအင်တွေကို သယ်ထားတာ"
ချန်ရှီ ထိုကန့်ညောင် ပုန်းအောင်းရာနေရာကို ဆက်လက်ရှာနေသည်။
"စန်းဟဲရွာရဲ့ ကန့်ညောင်က နတ်ဆိုးဖြစ်သွားပြီး အရမ်း အစွမ်းထက်တယ်... သူ့ကို ရှာတွေ့နိုင်ရင် ရင်ဆိုင်ဖို့ ရိုးရှင်းသွားပြီ"
သူ့မျက်လုံးများသည် အလွန်ထူးဆန်းသော သရဲတစ္ဆေများနှင့် နတ်များကို မြင်နိုင်ပြီး သာမန်လူများ မမြင်နိုင်သော ကမ္ဘာကြီးကိုလည်း မြင်နိုင်သည်။ ခယ်ကျောင်သစ်ပင်ရဲ့ အရိပ်အယောင်ကို လိုက်ရှာသော်လည်း အပင်တစ်ဝိုက်တွင် အနက်ရောင် လေထုကိုသာ လှမ်းမြင်လိုက်ရပြီး နတ်ဆိုး အငွေ့အသက်တွေက ပိုပြင်းထန်လာသည်။
သူရဲ့ သေးငယ်သော ဘုံကျောင်းငယ်သည် ရုပ်ပျက်ဆင်းပျက် ဝိညာဉ်များနှင့် အသွေးအသား မရှိသော နတ်ဆိုးများကိုသာ လက်ခံနိုင်သည်။ အသွေးအသားရှိတဲ့ အရာတွေက ဘုံကျောင်းငယ်ထဲမှာ ကန့်ညောင်ရဲ့ အသွင်အပြင်ကို ရှာတာက ဒီပြဿနာကို ဖြေရှင်းရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်မည်။
စင်ပေါ်တွင် တင်းတင်းသာ ကျန်တော့သည်။ ကောင်မလေးသည် ရပ်တန့်ရန် မဝံ့ရဲဘဲ 'အိမ်သို့ပျံသန်းခြင်း' ဟူသော သီချင်းကို ချက်ချင်း တီးခတ်လိုက်သည်။ ဒါပေမဲ့ ဒီသီချင်းက ပိုခက်တာကြောင့် သူမ တီးတာ နည်းနည်း အဆင်မပြေသလို ဖြစ်လာသည်။
ခေါင်းကြီးနဲ့ လူတစ်ယောက်က စအော်လိုက်သည်။
"မတီးတော့နဲ့! ဆင်း! ဆင်း!"
တင်းတင်း ပိုထိတ်လန့်လာပြီး အမှားတွေ ပိုလုပ်လာတဲ့အတွက် ပရိသတ်တွေကလည်း သူမကို ဆင်းသွားဖို့ ပိုလို့တောင် အော်ဟစ်လာခဲ့ကြပါ၏။
"မစောင့်နိုင်တော့ဘူး!"
ချန်ရှီ ရှာဖွေချင်နေတဲ့ အတွေးတွေကို ဖယ်လိုက်ပြီး တင်းတင်းကို ကယ်တင်ရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ထိုအခိုက် ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။
"နံ့သာရောင် သိသိသာသာ လျော့ကျသွားလို့ စန်းဟဲရွာရဲ့ ကန့်ညောင်ရဲ့ လရောင်ကို မနှိမ်နင်းနိုင်တော့ဘဲ နတ်ဆိုး ဖြစ်သွားတာ...ဒါပေမဲ့ စန်းဟဲရွာရဲ့ အမွှေးတိုင် အငွေ့အသက်က သိသိသာသာ ပြင်းထန်နေပါတယ်..."
သူ စင်ပေါ်တက်ခါနီးမှာ ဒါကိုတွေးပြီး တုံ့ဆိုင်းသွားသည်။ ဒီရွာမှာ အမွှေးတိုင်တွေက နေရာတိုင်းမှာ ရှိနေကာ ရွာသူရွာသားတွေဟာလည်း အလွန်တရာမှ ကိုးကွယ်ယုံကြည်မှု အားကောင်းတာကြောင့် အမွှေးတိုင်တွေကသာ ပိုအားကောင်းလာလိမ့်မည်။
အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ ပညာရှင်က တိုးတိုးလေး ပြောလာသည်။
"ဆရာချန်... အဲဒီနတ်ဆိုးကို သွားသတ်လိုက်ပါတော့... စင်ပေါ်က ကလေးမလေးက ဆက်မထိန်းနိုင်တော့ဘူး!"
ပရိသတ်များထံမှ အော်ဟစ်သံများက ထွက်ပေါ်လာဆဲပင်။
"ဆင်းသွား ဆင်းသွား!"
"သူ့ခေါင်းကိုဖယ်ပြီး ငါတို့နဲ့အတူ လာကြည့်ခိုင်းလိုက်!"
ထိုအချိန်တွင် သစ်သားလှည်းအောက်မှ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ ချန်ရှီနှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။
"ဟေးကော် လှည်းအောက်မှာ!"
ဟေးကော်ကလည်း လှည်းအောက်သို့ ဝှစ်ကနဲ ပျံဝဲသွားသည်။ လှည်းအောက်က အရာမှာ မလွတ်မြောက်နိုင်ဘဲ ခွေးဆီမှာ အကိုက်ခံလိုက်ရလေ၏။ ချန်ရှီ အမြန်ပြေးကာ ဟေးကော် ပါးစပ်ထဲက အရာကို ကြည့်လိုက်ရာ ခေါင်းတစ်ခေါင်း ဖြစ်နေတာ တွေ့လိုက်ရသည်။
အဲဒီဦးခေါင်းမှာ အဘိုးကြီးတစ်ယောက်ရဲ့ မျက်နှာနဲ့ ဦးခေါင်းပင်။ သူ့မျက်နှာမှာ အရေးအကြောင်းတွေ အများကြီးရှိကာ ခေါင်းပေါ်မှာတော့ အနက်ရောင် ဦးထုပ်ကို ၀တ်ထားသည်။
အဘိုးအို၏ ဦးခေါင်း လည်ပင်းအောက်တွင် လက်ဖဝါးနှင့်တူသော အရာများ ရှိသည်။ လက်ဆယ်ချောင်းနှင့်တူသော ခြေနှစ်ချောင်းလို အစိတ်အပိုင်းက ကခုန်နေသလိုမျိုး ဟေးကော်ရဲ့ မျက်လုံးနှင့် နှာခေါင်းကို ပိတ်ထား၏။ ကြည့်ရတာ ဒီအရာကြောင့် အလွန်လျင်မြန်စွာ တွားသွားနိုင်တာပဲ ဖြစ်ရမည်။
ရွာထဲကို ဝင်လာတုန်းက ငိုသံတွေလို မသဲမကွဲ အသံတွေက ဒီအကောင်တွေ သစ်သားလှည်းအောက်ကို ဝင်ပြီး ဝါးစားနေတာပဲ ဖြစ်လိမ့်မည်။
"နတ်ဆိုးတစ်ကောင်ပဲ!"
ချန်ရှီ အံ့သြသွားသည်။
အဘိုးအိုရဲ့ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သောအခါတွင် ၎င်းက ပါးစပ်ကိုဖွင့်ကာ ချန်ရှီလက်ကို လှမ်းကိုက်သည်။ ချန်ရှီလက်ဝါးထဲ ချီသွေးတွေ ရုတ်ချည်း စီးဝင်သွားသဖြင့် ထိုအဘိုးအိုရဲ့ သွားများ ကျိုးကုန်၏။
"အဘိုးက ဒီလိုနတ်ဆိုးအကြောင်း ငါ့ကို တစ်ခါမှ မပြောပြဖူးဘူး... နတ်ဆိုးအသစ် ဖြစ်နိုင်လား... မဟုတ်ဘူး မဟုတ်ဘူး ဒီလိုခေါင်းမျိုးကို... ခယ်ကျောင်သစ်ပင်က ကောက်လိုက်တာပဲ ဖြစ်မယ်"
ချန်ရှီစိတ်ထဲတွင် အတွေးတစ်ခုဖြင့် ခယ်ကျောင်သစ်ပင်က လူသတ်နေတာလို့ တွေးမိသည်။ ဒီနတ်ဆိုးကန့်ညောင်က လူတွေကို သတ်တာလား။ ဒါမှမဟုတ် နတ်ဆိုးတွေကို သတ်နေတာလား။
"ဆရာချန်... စင်ပေါ်မှာက ကလေးမလေးနဲ့ ကန့်ညောင်နဲ့ ရန်ဖြစ်နေကြပြီ!"
စာပေ ပညာရှင်သည် လှေကားထစ်အနားသို့ ပြေးကြည့်ကာ စိုးရိမ်တကြီးနဲ့ ပြောသည်။
"မင်း မတက်သေးဘူးလား"
စင်ပေါ်တွင်တော့ တင်းတင်းသည် သူမလက်ထဲတွင် ဖီဖာစောင်းကို ကိုင်ထား၏။ စောင်းသံက စူးရှပြီး လူသတ်ချင်တဲ့ အငွေ့အသက်ဖြင့် လေထဲတွင် လှိမ့်နေသော သစ်မြစ်များကို ဖြတ်တောက်ပစ်လိုက်သည်။
စောင်းသံစွမ်းအားက မမြင်ရတဲ့ ဓားစွမ်းအင်လိုမျိုး အကိုင်းအခက်များစွာကို ဖြတ်သွားခဲ့သည်။
အနက်ရောင် စွမ်းအင်များ ပြည့်နှက်နေသော ဦးခေါင်းများက တစ်ခေါင်းပြီးတစ်ခေါင်း လွင့်ပျံလာသည်။ မကောင်းသော စွမ်းအင်များက သူမဦးနှောက်ထဲသို့ ဖျန်းခနဲ ပြေးဝင်မလာနိုင်အောင် တင်းတင်းဟာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားကာ ခေါင်းအနောက်ဘက်တွင် နတ်အလင်းတစ်ခု လင်းလက်သွားသည်။ နတ်သန္ဓေသားလေးက အနက်ရောင် စွမ်းအင်များကြားက ထွက်လာသည်။
ထိုအနက်ရောင် စွမ်းအင်သည် သတိရှိနေသလိုမျိုး အရူးအမူး ခုန်တက်သွားကြစဥ် ရွှေအမြုတေရဲ့ ထက်မြက်သော အစွမ်းသတ္တိက အချိန်အခါအားလျော်စွာ ပြန်၍ တွန်းထုတ်နေသည်။ တဖြည်းဖြည်းနဲ့ ရွှေအမြုတေရဲ့ အလင်းရောင်များဟာ အလွန်ပျက်စီးပြီး မှိန်ဖျော့လာသည်။ နတ်ဆိုးတွေရဲ့ ညစ်ညမ်းမှုကြောင့် ရွှေအမြုတေရဲ့ အစွမ်းက အရင်ကလောက် မပြင်းထန်တော့ချေ။
တင်းတင်း စိတ်ရှုပ်လာပြီး မကောင်းဆိုးဝါး အငွေ့အသက်တွေဘက် လှည့်လာသည်။
"ကလေးမလေးက နတ်ဆိုး ဖြစ်တော့မယ်!"
ချန်ရှီဟာ တင်းတင်းကို ကယ်တင်ရန် မသွားပေ။ သူက ဇာတ်ရုံတံခါးကို တွန်းဖွင့်ကာ ခေါင်းကို ကိုင်လျက် ထွက်ချသွားသည်။
"ဒီရွာမှာ လူတွေ ဒီလောက်များတာ ဘာလို့ ကန့်ညောင်က နတ်ဆိုး ဖြစ်သွားရသေးတာလဲ ဆိုတာ ငါ နောက်ဆုံးတော့ သဘောပေါက်သွားပြီ!"
သူ့လက်ထဲက အဆောင်လက်ဖွဲ့တွေ အရပ်ရပ်ကို ပျံသွားသည်။ တစ်ရွက်က တင်းတင်းကို ထိသွား၏။ သူမဟာ စောင်းကို တီးခတ်နေသော်လည်း သူမရဲ့လူသတ်စိတ်တွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဘာလို့လဲဆိုတော့ ဒီရွာကလူတွေက လူသားတွေ မဟုတ်တော့လို့ပဲ"
ချန်ရှီ အဘိုးအို၏ ဦးခေါင်းပေါ်ရှိ ဦးထုပ်ကို ချွတ်လိုက်ပြီး ဦးထုပ်ကို ဖွင့်လိုက်သောအခါ ဦးခေါင်းခွံမှာ ပွင့်နေပြီ။ ခေါင်းထဲတွင် အဆစ်များစွာရှိသော အင်းဆက်ငယ်လေး ရှိနေတာ တွေ့လိုက်ရသည်။ ထိုအကောင်လေးက ခေါင်းထဲမှာ ထိုင်နေကာ ချန်ရှီကို ပြန်ကြည့်နေ၏။
သူသေသေချာချာ ကြည့်လိုက်တော့ ဒီပိုးကောင်ဟာ ချည်ဆွဲပိုးကောင်နဲ့ တူတယ်လို့ ခံစားလာရလေသည်။ သူ့ရဲ့ဝမ်းဗိုက်အောက်က အသွင်အပြင်ဟာ အစီအရင်စာလုံးတွေနဲ့ ခပ်ဆင်ဆင် တူသည်။
အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ စာပေ ပညာရှင်က ပြဇာတ်ရုံထဲက ထွက်လာပြီး အံ့သြစွာနဲ့ မေးလိုက်ပါ၏။
“ဒီလူ့ခေါင်းထဲမှာ ဘာပိုးကောင် တစ်ကောင်ရှိနေတာလဲ”
ချန်ရှီဟာ ရွာက တခြားရွာသားတွေကို ကြည့်ပြီး။
"ဒီအဘိုးကြီးရဲ့ ခေါင်းမှာတင် မဟုတ်ဘူး... တခြားလူတွေရဲ့ ခေါင်းတွေမှာလည်း ပိုးကောင်တွေ ရှိနေတယ်... စန်းဟဲရွာက လူတွေက နတ်ဆိုးတွေ ဖြစ်နိုင်တယ်... ဒီမှာ အမွှေးတိုင်တွေ အရမ်းချမ်းသာပေမယ့် ရွာရဲ့ ကန့်ညောင်က လရောင်ထဲက သဘာဝ နတ်ဆိုးစွမ်းအင်တွေကို မခံနိုင်တော့ဘဲ ရွာထဲက လူတွေကလည်း မကောင်းဆိုးဝါးတွေ ဖြစ်သွားတယ်... ဒီရွာသားတွေက သူမရဲ့ သားသမီးတွေ မဟုတ်တော့တဲ့ နတ်ဆိုးတွေ ဖြစ်ကုန်ပြီ... ရှဲ့၊ ဆွေ့ နတ်ဆိုးတွေရဲ့ နံ့သာကို သူမ ဘယ်လိုလုပ် စုပ်ယူနိုင်မှာလဲ?"
အစိမ်းရောင်ဝတ် စာပေ ပညာရှင်သည် သူ့အနားသို့ လာ၍ လက်ထဲမှ အဘိုးအို၏ ခေါင်းကို သံသယဝင်လာသည်။
"ဒါဆို ကန့်ညောင်က ဘာလို့ နတ်ဆိုး ဖြစ်သွားရတာလဲ... ငါတို့ရွာက ဦးထုပ်တွေ ဆောင်းထားတဲ့ လူတွေက ဒီပိုးကောင်တွေ ကပ်နေတဲ့ နတ်ဆိုးတွေ တကယ် ဖြစ်သွားကုန်ပြီလား?"
ချန်ရှီ ခေါင်းညိတ်ပြလိုက်သည်။
"ကန့်ညောင်က နတ်ဆိုး ဖြစ်သွားပြီ ဒါပေမယ့် သူ့အရင် အသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားတုန်းပဲ... သူမ ရွာကို ကာကွယ်ချင်တာကြောင့် ကပ်ပါးရွာသားတွေကို သတ်ပစ်မယ်... တကယ်တော့ ရွာသားတွေ သေသွားတာက ကြာခဲ့ပြီမို့လို့ သတ်တာလို့ ယူဆလို့လည်း မရဘူး"
အမှန်တော့ တစ်ရွာလုံးမှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေခဲ့သူက ကန့်ညောင် ဖြစ်ကာ သူမကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ ဖြစ်သည်။
ကန့်ညောင်ဟာ သဘာဝလွန် စွမ်းအားများ ရှိသော်လည်း သူမသည် ဤနတ်ဆိုး အမျိုးအစားသစ်ကို အရင်ရှာတွေ့ရန် ပျက်ကွက်ခဲ့သဖြင့် သူမ လူများကို မကာကွယ်နိုင်ခဲ့ပေ။
လေထဲတွင် အညှာအတာမဲ့ အိမ်ဖျက်သော အဆောင်လက်ဖွဲ့များ ပေါ်လာသည်။ စန်းဟဲရွာ ၏ နေရာတိုင်းတွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ကောင်းကင်အထက်မှာ လောင်ကျွမ်းသွားခဲ့သည်။ အဆောင်လက်ဖွဲ့ မီးလောင်သွားသောအခါ လေထဲတွင် ရိုက်နှိပ်ထားသကဲ့သို့ ရွှေရောင် အစီအရင်ပုံစံသာ ကျန်တော့သည်။
စန်းဟဲရွာထဲက မရေမတွက်နိုင်သော ရွာသားများသည် စူးစူးဝါးဝါး အော်ဟစ်ရင်း အိမ်ထဲမှ ပြေးထွက်လာကြကာ ချန်ရှီဆီသို့ အပြေးအလွှား ပြေးချလာခဲ့သည်။ ရှေ့ကို အပြေးအလွှား ပြေးလာသူတွေကတော့ စင်မြင့်ပေါ်ကို တက်လှမ်းခဲ့ဖူးတဲ့ အဖွဲ့တွေပါပဲ။
အခုတော် အော်ဟစ်နေကြပြီ။ သူတို့ ဦးခေါင်းပေါ်ရှိ အနက်ရောင် ဦးထုပ်များက စောင်းနေပြီး နတ်ဆိုးအငွေ့အသက်တွေက အတော်လေး သိသာလှသည်။
ဖောင်း!
လူတစ်ယောက်ရဲ့ ဦးခေါင်းပေါ်ရှိ ဦးထုပ်က ပေါက်ကွဲပြီး သူ့ခန္ဓာကိုယ်က ပြုတ်ကျသွားသည်။
ဖောင်း!
ဗုန်း!
လူတွေ လဲကျသွားပြီး တခဏအတွင်းမှာပဲ စန်းဟန်ရွာမှာရှိတဲ့ လမ်းမတွေ အားလုံးပေါ်မှာ အလောင်းတွေနဲ့သာ ပြည့်နှက်ကုန်သည်။
တစ်ချိန်တည်းမှာပင် တောင်ကြီးငါးခု အဆောင်လက်ဖွဲ့ဟာ ရွှေရောင် အလင်းရောင်နှင့်အတူ ထွန်းပလာသည်။ တောင်ကြီးက ခယ်ကျောင်သစ်ပင်ပေါ် ဖိချဖြိုခွင်းလိုက်ရာ ကျယ်လောင်သော မြည်ဟည်းသံကြီး ရိုက်ခတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ မကောင်းဆိုးဝါး ဖိအားများ ကြေမွသွားကာ အနက်ရောင်စွမ်းအင်များ လွင့်စင်သွားလေသည်။
စင်ပေါ်မှာ တင်းတင်းသည် မျက်လုံးတွေ မှိတ်ပြီး သေမှာကို စောင့်ဆိုင်းနေခဲ့၏။ သို့သော် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အလောင်းတွေကို နေရာတိုင်းမှာ တွေ့လိုက်ရပြီး သရဲခြောက်နေတဲ့ သစ်ပင်ကလည်း မြေပြင်မှာ လဲလျောင်းနေပြီ။
ဒါက အဆောင်ဆွဲဆရာ တစ်ယောက်ရဲ့ စွမ်းအားလား။
တင်းတင်းရဲ့ ခြေထောက်များသည် အနည်းငယ် တုန်ရီနေပြီး စင်ပေါ်မှ ခုန်ဆင်းလိုက်တဲ့အခါ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
ချန်ရှီ သူ့လက်ဖဝါးကို မြှောက်လိုက်သည်နှင့် သူ့အင်္ကျီလက်ထဲမှ လေပြေလေညှင်းများ ဖြည်းညှင်းစွာ ပြေးထွက်သွားကာ စန်းဟဲရွာအထက် ကောင်းကင်ယံမှ အစိမ်းရောင် မီးခိုးငွေ့များက တဖြည်းဖြည်း လွင့်စင်သွားလေသည်။
ကောင်းကင်မှ နေရောင်ခြည်များ ထိုးဖောက်လာတဲ့အခါ ရွာရှိ ညစ်ညမ်းသော လေထုက ချေမှုန်းခံလိုက်ရ၏။
အစိမ်းရောင်ဝတ် စာပေ ပညာရှင်က ဝမ်းနည်းဟန်ဖြင့် ပြောလာသည်။
"သူတို့အားလုံး သေသွားကြမယ်လို့ မမျှော်လင့်ထားဘူး... တစ်ရွာလုံးမှာ ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်..."
ချန်ရှီ လှည့်ပြီး ထိုသူ့ကို ကြည့်လိုက်သည်။ အစိမ်းရောင်အဝတ်အစား ဝတ်ထားတဲ့ ပညာရှင်က
"ငါ့ခေါင်းမှာ ဦးထုပ် မဆောင်းထားဘူး... ကပ်ပါးပိုးမရှိလို့ အသက်ရှင်နေသေးတာ ဖြစ်မယ်"
ချန်ရှီ ပြုံးပြီး :"ဟုတ်တယ် မင်းက သက်ရှိလူသားပဲ... မင်း ငါ့ချန်ယန်တောင်ဆီကို ပိုးကောင်တွေ လွှတ်ပေးခဲ့သေးလား"
အစိမ်းရောင် အဝတ်အစားဝတ်ထားတဲ့ ပညာရှင်က အနည်းငယ် လန့်ဖျပ်သွားပြီး သံသယဖြင့် ပြန်မေးသည်။
“ဘယ်လို ပိုးကောင်မျိုးလဲ”
ချန်ရှီ လက်ခုပ်တီးလိုက်တော့ ဟေးကော်က စုတ်တံနဲ့ စာရွက်ကို ကိုက်လျက် ပြေးချလာသည်။ ချန်ရှီ စုတ်တံကို ယူလိုက်ပြီး ချည်ဆွဲပိုးကောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အဆောင်စာလုံး ပုံသဏ္ဌာန်များကို ဆွဲပြလိုက်သည်။
"ဒါကို ရင်းနှီးလား"
အစိမ်းရောင်အဝတ်အစားဝတ် ပညာရှင်က စာရွက်ပေါ်ရှိ အဆောင်စာလုံးတွေရဲ့ ရှုပ်ထွေးလှတဲ့ အကွေ့အကောက်တွေကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ ချန်ရှီလည်း လူ့ဦးခေါင်းထဲသို့ ဝင်သွားသော အင်းဆက်ပိုးကောင်ပေါ်ရှိ အဆောင်ဆွဲစာလုံးတွေကို စက္ကူပေါ်တွင် ဆွဲငင်ငင်ငင် ရေးဆွဲပြလိုက်သည်။
"ဒီဖွဲ့စည်းပုံက ဘာလဲ... ရင်းနှီးလား"
ထိုစာပေ ပညာရှင်က ခေါင်းခါပြန်သည်။
"ဆရာချန်... ကျုပ်က နှိမ့်ကျတဲ့ စာပေသမားပါ...ရှို့ချိုင် ပညာရှင် စာမေးပွဲကိုတောင် မအောင်ဘူး... ဘယ်လို ရေးနိုင်မှာလဲ"
ချန်ရှီ ပြုံးပြီးပြောလိုက်သည်။
"ကျွန်တော် သိပ်သတိမထားမိဘဲ ခင်ဗျားကို အထင်လွဲသွားမိတယ်... ခင်ဗျားရဲ့ အဆောင်စာလုံး မဟုတ်မှတော့ ကျွန်တော့်ဟာပဲ ဖြစ်သွားပြီပေါ့... ကျွန်တော်လည်း ဒီအဆောင်စာလုံးတွေနဲ့ မကောင်းမှုတွေလုပ်ပြီး ကမ္ဘာကို လှည့်စားကြည့်ရမယ်"
သူက လှည့်ထွက်ကာ တင်းတင်းဆီသို့ လျှောက်သွားခဲ့လေသည်။
သူ့နောက်တွင် အစိမ်းရောင်ဝတ်ထားသော ပညာရှင်က ခေါင်းငုံ့ကာ တဆက်ဆက် ခေါင်းယမ်းရင်း ပြုံးနေခဲ့သည်။
"ချန်ရှီ... မင်း ငါ့အဆောင်စာလုံးတွေကို ယူသွားပြီး ထွက်သွားချင်သေးတာလား"
ချန်ရှီ ရပ်သွားသည်။
အဝတ်စိမ်းဝတ် ပညာရှင်က ပြုံးပြီး :"ရှီးကျင်းက သားသတ်သမား သင်ပေးတဲ့ ကလေးပညာရှင်တစ်ယောက်က မျှော်လင့်ထားသလိုပဲ ဉာဏ်ကောင်းလွန်းတယ်... ရှီးကျင်းရဲ့ သားသတ်သမား သေသွားပြီး မင်းကို မကာကွယ်နိုင်တော့တာ သနားစရာပဲ"
ချန်ရှီကလည်း လှည့်ကြည့်ကာ တစ်ဝက်တစ်ပျက် ပြုံးပြလိုက်သည်။
"မင်းသိလား? ဒီဘဝမှာ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒက ငါ့ရဲ့ အသက်ကြီးပြီး အားနည်းသွားတဲ့ အဘိုးကို ကာကွယ်ဖို့ပဲ"
.