တောင်နှင့်မြောက်အကြား အငြင်းပွားမှု
Vol. 8 Ch. 119
တင်းတင်းမှာ ချန်ရှီဘက်သို့ လျှောက်သွားရင်းမှ ထိုနှစ်ယောက်သား ထိပ်တိုက်တွေ့နေကြတာကို မြင်လိုက်ရသောအခါ ရပ်သွားခဲ့၏။ သူတို့နှစ်ယောက်ကြား အရှိန်အဟုန်က ပိုမိုပြင်းထန်လာသည်။ ဟေးကော်က သူမ အနားရောက်လာပြီး သူမနဲ့အတူ ရပ်ကာ ချန်ရှီတို့ဘက်ကို ညွှန်ပြရင်း ညင်သာစွာ ခေါင်းညိတ်ပြလာသည်။
တင်းတင်း အံ့ဩသွားသော်လည်း ဟေးကော် အနားမှာ လာရပ်နေတဲ့အခါ သူမနှလုံးသားထဲတွင် နားမလည်နိုင်လောက်အောင် လုံခြုံမှုကို ခံစားလိုက်ရသည်။
"ဒီလူက စန်းဟဲရွာက လူတစ်ထောင်ကျော်ကို သေအောင်လုပ်.... ကန့်ညောင်ကို နတ်ဆိုး ဖြစ်သွားစေတဲ့ တရားခံပဲ...သူက သခင်လေးချန်ကို ဘာလို့ ရန်စခဲ့တာလဲ"
တင်းတင်း စဥ်းစားကြည့်နေသည်။
"သခင်လေးချန်ရှီကို မနှိုးဆော်မိရင် သူ စန်းဟဲရွာမှာ ဒုစရိုက်မှုတွေ ဆက်လုပ်နေနိုင်တယ်... သခင်လေးကလည်း သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး... ဧကန္တ စန်းဟဲရွာရဲ့ ကန့်ညောင်ကို ချေမှုန်းပစ်ဖို့ သခင်လေးချန်ရဲ့လက်ကို သုံးချင်တာလား"
ခယ်ကျောင်သစ်ပင်ရဲ့ ကန့်ညောင်ဟာ ဤစာပေ ပညာရှင်ကြောင့် နတ်ဆိုးဖြစ်လာပြီး သူမသည် စာပေ ပညာရှင်ဖန်တီးထားသော နတ်ဆိုးများကို သတ်ပစ်ခဲ့သည်။ အမှန်ပင် ၎င်းတို့နှစ်ဦးကြားတွင် နက်နဲသော ဆန့်ကျင်ဘက် လမ်းတစ်ခုရှိသည်။
"ဟင့်အင်း! ခယ်ကျောင်သစ်ပင်ရဲ့ ကန့်ညောင်က အရမ်းအစွမ်းထက်ပြီး အရမ်းထူးဆန်းပေမယ့် သူ့ကို ခြိမ်းခြောက်လို့မရပါဘူး သူ့ရဲ့ပစ်မှတ်က သခင်လေးချန်ပဲ... သခင်လေးချန်နဲ့ ကန့်ညောင်တို့ကြားတိုက်ပွဲမှာ သခင်လေးရဲ့ ခွန်အားအစစ်ကို စမ်းသပ်ချင်လို့ ဒီကို ခေါ်လာခဲ့တာ...."
တင်းတင်း စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသလို ခံစားလိုက်ရပြီး ဒီအတွေးက သူမအရင်က သိချင်တဲ့ မေးခွန်းကို အတိအကျ အဖြေပေးလိုက်လေသည်။
ဒါပေမယ့် ဒီအတွေးက သူမရဲ့ ကိုယ်ပိုင်အတွေးလား?
သူမ စိတ်ထဲရောက်လာအောင် တစ်ယောက်ယောက်က အတင်းအကြပ် တွန်းပို့နေသလို ခံစားလာခဲ့ရသည်။ သူမ ထိုအတွေးကို လုံးဝ မတွေးခဲ့ပေ။ တင်းတင်း ထိတ်လန့်သွားသည်။
"ငါ့မေးခွန်းကို ဖြေဖို့ ဒီအတွေးကို ဘယ်သူပေးခဲ့တာလဲ"
တစ်ဆက်တည်း ခွေးနှင့် ဝေးရာသို့ တိတ်တဆိတ် ရွေ့သွားခဲ့သည်။ ဟေးကော်က သူ့ခေါင်းကို မော့ပြီး သူမကို ဒေါသတကြီး ကြည့်နေ၏။ တင်းတင်းက အနီးနားကို ပြန်ကပ်လာပြီး ထပ်တွေးပြန်သည်။
"ခွေးက ပုံမှန်ပါပဲ...ငါ အရမ်းတွေးနေမိတာ ဖြစ်မယ်... မနေ့ညက ကောင်းကောင်း အိပ်မပျော်တော့ အမြဲလိုလို သံသယတွေချည်း ဝင်နေတာ ... ခဏစောင့် ဒီအကြံက ငါ့စိတ်ကူးလား ဒါမှမဟုတ် ဟေးကော်ပေးတဲ့ အကြံတစ်ခုလား "
ခြားနားချက်ကို သူမ ခဏတာအတွင်း မပြောနိုင်ခဲ့ချေ။
ခွေးက ဘယ်လိုလုပ် ကန့်ညောင်ထက် ပိုဆိုးနေတာလဲ။
"ချန်ရှီ....ငါ မင်းနဲ့ ရန်ငြိုးရန်စ မရှိပါဘူး မင်းကို လာသတ်ဖို့ တစ်ယောက်ယောက်က တာဝန်ပေးလိုက်လို့..."
အစိမ်းရောင်ဝတ် စာပေ ပညာရှင်က ခပ်ဖွဖွ ပြုံးပြသည်။
"ငါ့ကိုတာဝန် အပ်ထားတဲ့သူက ရှီးကျင်းရဲ့သားသတ်သမားကို အရမ်းကြောက်နေပုံရတယ်... သူသေတာကို အတုအယောင် ဖြစ်နေမှာပဲလို့ သံသယဝင်နေကြတာ...အဲဒါကြောင့် ရှီးကျင်းရဲ့သားသတ်သမားကို မျှားထုတ်ဖို့ ငါ့အကူအညီကို ယူလိုက်တာတဲ့... သူတကယ် အသက်ရှင်သေးရင် သူ့မြေး သေတော့မယ် ဆိုတာနဲ သူမလာဘဲ မနေဘူး!"
ချန်ရှီက ဒါကိုကြားပြီး "ငါ့အဘိုးတကယ်အသက်ရှင်နေတယ်ဆိုရင် မင်းအသက်အန္တရာယ် ရှိသွားမှာ မဟုတ်ဘူးလား"
စာပေ ပညာရှင်က :"သူတို့က ငါ့ကို အများကြီး ပေးတယ်... မငြင်းနိုင်လောက်အောင် များလွန်းတယ်... နောက်ပြီး မင်းကို တွေ့ရတာ ငါ အရမ်းပျော်တယ်... ငါမင်းဆီပ မြောက်ပိုင်းကျောင်းရဲ့ လျှို့ဝှက်အဆောင် စာလုံးရေးနည်းကို သင်ယူချင်တယ်"
"မြောက်ပိုင်းက စာပေတွေလား?"
ချန်ရှီ နားမလည်ချေ။
"ဒီကမ္ဘာပေါ်က အဆောင်လက်ဖွဲ့တွေကို ကျောင်းနှစ်ကျောင်း ခွဲထားကြတယ်... လူအိုချန်ယန်ရဲ့ မြောက်ပိုင်းဂိုဏ်းကို စစ်မှန်အဆောင်လက်ဖွဲ့ဂိုဏ်းလို့ ခေါ်တယ်....အဲဒါက တာအိုဘာသာက ဆင်းသက်လာတာ... နတ်သဏ္ဌာန်၊ နတ်နာမည်နဲ့ နတ်ဘာသာစကား ဆိုပြီး သက်ဆိုင်တဲ့ တာအိုဘာသာတွေနဲ့လည်း ခွဲခြားထားသေးတယ်"
စာပေ ပညာရှင်က သူ့လက်ကို နောက်သို့ ပစ်ထားပြီး ပြောပြသည်။
"မြောက်ပိုင်းကျောင်းကို တည်ထောင်သူ လူအိုချန်ယန် ပြုစုထားတဲ့ 'အဆောင်လက်ဖွဲ့စုစည်းမှု' ကို အင်ပါယာတရားရုံးက သုံးတယ်... အဲဒီစာအုပ်က ဝိညာဥ်စွမ်းအင် လေ့ကျင့်ဖို့အတွက် အမြဲဖတ်ကိုဖတ်ရမယ့် စာအုပ်တစ်အုပ်ပဲ... ဆောင်းဦးခရိုင်စာမေးပွဲနဲ့ နွေဦးစာမေးပွဲတွေမှာ အဲ့ထဲက အကြောင်းအရာတွေကို စမ်းသပ်မှာ.... မဟုတ်ရင် စာမေးပွဲ မဖြေနိုင်ဘူး... ချန်ရှီ မင်းက မြောက်ပိုင်းဂိုဏ်းဝင် ကျင့်ကြံသူတစ်ယောက်ပဲ... အဆောင်လက်ဖွဲ့ စုစည်းမှုထဲက အကြောင်းအရာတွေကို ကျွမ်းကျင်တယ်.. မင်းရဲ့ အဆောင်လက်ဖွဲ့တွေက ပျံသန်းနေသလိုမျိုး လှုပ်နေတာကို ငါမြင်လိုက်တယ်... ဝိညာဉ်စွမ်းအင်နဲ့ စိတ်ဝိညာဉ်က စုတ်တံနဲ့ မှင်လို လေထဲမှာ ဝဲနေတာ...မြောက်ပိုင်းဂိုဏ်းဆရာရဲ့ အငွေ့အသက်လည်း ရှိပြီးသား... မင်းသာ စမ်းသပ်မှုကို သွာဖြေရင် တတိယချပ်ဝတ်တန်ဆာ အဆင့်မှာ ရှိနေမှာ သေချာတယ်!!"
ချန်ရှီ သူ့ရင်ဘတ်ကို ဖြောင့်ဖြောင့်ထားပြီး ဂုဏ်ယူနေပေမယ့်။
"ငါရဲ့ အရည်အချင်းက သာမာန်ပဲ ငါ့အတွက်ငါ အကောင်းဆုံးက စာပေစာမေးပွဲပဲ... ဒီတော့ တောင်ပိုင်းကျောင်းကရော ဘယ်လို ကျောင်းမျိုးလဲ"
အစိမ်းရောင်ဝတ် စာပေ ပညာရှင်က :"တောင်ပိုင်းဂိုဏ်းက ငါ့ရဲ့ အကိုင်းအခက် လျှို့ဝှက်ဂိုဏ်းပဲ... တောင်ပိုင်းဂိုဏ်းရဲ့ အဆောင်၊ လက်ဖွဲ့ နဲ့ တံဆိပ်တွေက မြောက်ပိုင်းဂိုဏ်းရဲ့ အချည်အနှောင်တွေကနေ လွတ်ကင်းတယ်.. မြောက်ပိုင်းဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့တွေက တောင့်တင်းပြီး ခွဲခြားလို့ မရဘူး.. တောင်ပိုင်းဂိုဏ်းရဲ့ အဆောင်လက်ဖွဲ့ ပုံပန်းသဏ္ဌာန်တွေကျတော့ ဘယ်လိုမှ ပြောင်းလဲပစ်လို့မရဘူး... ပြီးတော့ ငါတို့ တောင်ပိုင်းဂိုဏ်းက အသက်၊ နတ်တွေ၊ နတ်ဆိုးတွေကိုတောင် ဖန်တီးတတ်တယ်... ငါတို့က နတ်တွေကို ထိန်းချုပ်နိုင်ပြီး သူတို့ထက်သာအောင် လုပ်နိုင်တယ်"
သူက ဂုဏ်ယူစွာပြုံးလိုက်ပြီး "ငါတို့တောင်ပိုင်းဂိုဏ်းမှာ လူအိုဝူဟူရှန်းက တည်ထောင်သူပဲ... လူအိုဝူဟူရှန်းက ငါတို့ တောင်ပိုင်းဂိုဏ်းရဲ့ အမြင့်မြတ်ဆုံးရတနာဖြစ်တဲ့ အဆောင်လက်ဖွဲ့ဖန်တီးရတနာ ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့တဲ့လူပဲ...."
ဒါကို ကြားတော့ တင်းတင်းလည်း အံ့ဩသွားသည်။
"လူအိုဝူဟူ? ဒီနာမည်က နည်းနည်း ရင်းနှီးနေပါတယ်... သခင်မ ပြောတာ ကြားဖူးနေသလိုပဲ"
ချန်ရှီ: "လူတစ်ယောက်က သေခါနီးမှာ စကားကောင်းတွေ ပြောတတ်တယ်တဲ့... မင်းက ငါအရင်ကသတ်ခဲ့တဲ့ လူတွေထက် စကားပိုပြောတတ်တယ်... မင်းနာမည် ဘာတဲ့လဲ"
စာပေ ပညာရှင်မှာ ထိုစကားကို ကြားလိုက်ချိန်၌ သူ့အမြင်အာရုံက မှောင်မိုက်သွားကာ ချန်ရှီအရိပ်သည် သူ့ရှေ့သို့ ခြေတစ်လှမ်းအတွင်း ရောက်ရှိလာခဲ့၏။ သူ၏ ညာဖက်ခြေထောက်သည် တုန်လှုပ်နေသော ချီစွမ်းအင်များနှင့် ချီသွေးများ ပြည့်နှက်နေပြီး ကောင်းကင်နန်းတော်ရဲ့ ထောက်တိုင်ကြီးလောက်ကို ထူထဲနေသည်။
"ဒီလောက်မြန်လား?"
အစိမ်းရောင်ဝတ် စာပေ ပညာရှင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အကြည့်များ ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ချန်ရှီ ခြေဖဝါးမှ အလင်းရောင်များ ထွန်းတောက်လာကာ မြေပြင်ပေါ်တွင် ထူးဆန်းသော သတ္တုတစ်မျိုး ပေါ်လာ၏။
သူ့နားထဲတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ချန်ရှီရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းပြီး လေထဲမှ လွင့်ထွက်သွားသလိုမျိုး မိုးခြိမ်းသံကို လွှင့်ထုတ်ပစ်လိုက်သည်။
ဗုန်း!
မိုးခြိမ်းသံ တုန်ခါသွားစဥ် စိတ်ဝိညာဉ်ကလည်း တုန်လှုပ်သွားကာ ခြေဖဝါးအောက်မှ အဆောင်လက်ဖွဲ့က အသက်ဝင်သွားပြီ။ အချိန်တိုလေးအတွင်းမှာ ချန်ရှီရဲ့ ခြေထောက်က သူ့လည်ပင်းကို တိုက်ခိုက်နေပြီပဲ ဖြစ်သည်။
"အရမ်းလေးတယ်!"
စာပေ ပညာရှင်သည် သူ့လည်ပင်းမှ အရိုးများ ကျိုးသွားသည့် အသံကို ကြားလိုက်ရသောအခါ တောင်ပိုင်းတွေ မြောက်ပိုင်းတွေကို ဂရုမစိုက်နိုင်တော့ဘဲ အဆောင်လက်ဖွဲ့ တစ်ခုကို အလျင်အမြန် သုံးလိုက်သည်။
ဝုန်း!
ချန်ရှီရဲ့ ကန်ချက်ကြောင့် သူ့ဦးခေါင်းသည် လေထဲတွင် လွင့်ပျံသွားပြီး သစ်သားခေါင်းတစ်ခေါင်း အသွင်း ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်က မက်မွန်သီး အပင်တစ်ပင် ဖြစ်သွားသည်။ ခြေဖဝါးကြောင့် ကျန်ခဲ့တဲ့ သူ့ပုံသဏ္ဌာန်က သွေးချောင်များစီးကာ လည်ပင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားလေသည်။
သူ့ရဲ့ရပ်တည်မှုက အနည်းငယ် နှေးကွေးနေသေးပြီး ချန်ရှီခြေထောက်ရဲ့ စွမ်းအားကြောင့် ဟန်ချက်ကို လုံးလုံး မထိန်းနိုင်သေးချေ။
ချန်ရှီ: "အစားထိုးအဆောင်လက်ဖွဲ့! မင်း တောင်ပိုင်း ဂိုဏ်းက မဟုတ်ဘူးလား ဘာလို့ မြောက်ပိုင်း အဆောင်လက်ဖွဲ့ကို လာသုံးနေတာလဲ"
ချန်ရှီ အသံထွက်လာလို့ ခေါင်းမော့ကြည့်လိုက်ပေမယ့် မျက်လုံးများရှေ့တွင် ကြယ်တွေလတွေ ပျံသန်းနေတာသာ တွေ့လိုက်ရလေသည်။ ထို့နောက် မျက်လုံးများ အမှောင်ကျသွားကာ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပုံမှန်မဟုတ်တဲ့ အမြင်အာရုံကို မနည်း ထိန်းထားလိုက်ရ၏။
"တကယ်သာ အထိုးခံလိုက်ရရင် သေလိမ့်မယ်!"
သူသည် မူလက ချန်ရှီနဲ့ အဆောင်ဆွဲ ဆရာများကြား ပြိုင်ပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် ချန်ရှီ ပြေးထွက်လာတဲ့ အရှိန်သည် အလွန်လျင်မြန်သည်။ သူသည် လေထဲတွင် အဆောင်လက်ဖွဲ့များ ရွတ်နိုင်လောက်အောင် မြန်ဆန်သော်လည်း ချန်ရှီရဲ့ လက်သီးနှင့် ခြေများက များစွာ မြန်ဆန်နေ၏။
ဗုန်း!
မိုးခြိမ်းသံ တစ်ချက်နဲ့ လေထုကြီး တုန်ခါနေချိန်တွင် ချန်ရှီရဲ့ လက်သီးချက်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ့ရှေ့သို့ ရောက်ရှိလာပြန်သည်။ အစိမ်းရောင်ဝတ် စာပေ ပညာရှင်လည်း ကြီးမားသော စွမ်းအားကြောင့် ပြိုလဲသွားကာ ရွှေခေါင်းလောင်းအဆောင်လက်ဖွဲ့ကို ထုတ်လိုက်သည်။ လက်သီးချက်ကြောင့် အလင်းတန်း ကန့်လန့်ကာသည် လေထုထဲ ကွဲအက်သွားသည်။
သူ့တွင် တောင်ပိုင်း အဆောင်လက်ဖွဲ့ သုံးရန် အချိန်မရသေးသဖြင့် ချန်ရှီရဲ့ တိုက်ခိုက်မှုကို တားဆီးရန် မြောက်ပိုင်း အဆောင်လက်ဖွဲ့ကိုသာ သုံးနိုင်သည်။ ချန်ရှီ သူ့ကို မော့ကြည့်လိုက်ချိန် သူ့ခေါင်းနောက်က အလင်းရောင်ဟာ ဖျတ်ခနဲလင်းသွားပြီး လေထုက ချက်ချင်း မှုန်ဝါးသွား၏။
အစိမ်းရောင်အဝတ်အစားနဲ့ ပညာရှင်ဟာလည်း ဒီအခြေအနေကို မြင်လိုက်ရတော့ တစ်ခုခုမှားနေပြီ ဆိုတာ သိသွားကာ သူ့ကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့ အားလုံးကို ချက်ချင်း ဖွင့်လိုက်တော့သည်။
နောက်အခိုက်အတန့်တွင် အသက်ကယ် အဆောင်လက်ဖွဲ့ အသက်ဝင်သွားသည်။
ဗုန်း!
အသက်ကယ် အဆောင်လက်ဖွဲ့ ပျက်စီးသွားပြီ။
ဝုန်း!
ပါးကွာ့ အဆောင်လက်ဖွဲ့ကို လှုံ့ဆော်လိုက်စဥ် ပါးကွာ့ အဆောင်လက်ဖွဲ့လည်း ပျက်စီးသွားသည်။ စာပေ ပညာရှင်ကြီးရဲ့ ခန္ဓာကိုယ်က အလွန်တုန်လှုပ်သွားကာ ကြီးမားသော စွမ်းအားများဖြင့် ဖိနှိမ်ခံလာရတာကြောင့် သူ့ကိုယ်ပေါ်ရှိ အသက်ကယ် ရေးလက်စ အဆောင်လက်ဖွဲ့ အမျိုးမျိုးကို လျင်မြန်စွာ အသက်သွင်းလိုက်ရလေသည်။
သူ့ကို ရှက်ပြီး ဒေါသထွက်စေခဲ့တာက တောင်ပိုင်းက အဆောင်လက်ဖွဲ့တွေကို မသုံးနိုင်တော့ဘဲ အမြဲတမ်း မထီမဲ့မြင်ပြုခဲ့တဲ့ မြောက်ပိုင်းက အဆောင်လက်ဖွဲ့တွေဟာ သူ့အသက်ကို ကယ်တင်ခဲ့ခြင်းပင်။ သူ့ရုပ်လွှာသည် ချန်ရှီရဲ့ ရိုက်ခတ်မှုကြောင့် ပေတစ်ရာအထိ ပျံသန်းသွားခဲ့ရာ စန်းဟဲရွာ အပြင်ဘက်အထိ လွင့်သွားသည်။
ချန်ရှီသည် ခရိုင်စာမေးပွဲ စစ်ဆေးမှုတွင် ဓားစွမ်းအင်ကို စမ်းသပ်ခဲ့ပြီးပြီ။ ၈၆ ပေ အကွာအဝေးတွင် လွှတ်တင်နိုင်ခဲ့ပြီး ယခုအခါ ပေတစ်ရာအကွာအထိ လွှတ်ထုတ်နိုင်ပြီပဲ ဖြစ်သည်။ သူသည် ယခုအချိန်တွင် မမြင်နိုင်သော ဓားစွမ်းအင်တစ်ခု ပြုတ်ကျလာပြီး အစိမ်းရောင်ဝတ်ပညာရှင်ရဲ့ ခြေထောက်နှစ်ချောင်းကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ခြေထောက် ကျိုးသွားသော အစိတ်အပိုင်းများမှ သွေးများ စီးကျလာသည်။ သူ့ခြေထောက်များကို ဖြတ်သွားသော ဓားစွမ်းအင်သည် သွေးစွန်းသော အလင်းရောင်ဖြင့် ပေတစ်ရာကျော်အကွာသို့ လွင့်ထွက် ပြန့်ကျဲသွား၏။
အစိမ်းရောင်ဝတ် စာပေပညာရှင်ရဲ့ ခြေသလုံးတွေက မြေကြီးပေါ် ဒုန်းကနဲ ထိသွားတဲ့အခါ ထိုလူလည်း တုန်လှုပ်သွားသည်။ သူ့ပါးစပ်မှ ထွက်လာသော သွေးများကို လက်ဖြင့် ဖိကာ ပါးစပ်မှ မန္တာန်တစ်ခုကို တိတ်တဆိတ် ရွတ်လိုက်သည်။
ချက်ချင်းပင် သွေးက လမ်းကြောင်းပေါင်းစုံသို့ စီးဆင်းသွားပြီး တခဏချင်းတွင် မြေပြင်ပေါ်တွင် အဆောင်လက်ဖွဲ့ တစ်ခုကို ဆွဲရန် သူ့ကိုယ်ပိုင်သွေးကို သုံးလိုက်ရ၏။ အနောက်ကနေ သူ့နောက်ကို လိုက်နေတဲ့ ချန်ရှီအရှိန်က အရမ်းကို မြန်သည်။
စာပေပညာရှင်၏ နဖူးပေါ်တွင် အေးစက်သော ချွေးစိမ်းများ စီးကျလာနေပါပြီ။ သူ မသေချင်ကာ။
သူ့ဘဝတွင် မိမိကိုယ်ကို အလွန်လေးစားမှုရှိပြီး သူသင်ထားသော ပညာရပ်များ၊ အရည်အချင်းများကြောင့် စာမေးပွဲများကို မထီမဲ့မြင် ပြုခဲ့သည်။ သူသင်ယူခဲ့သော တောင်ပိုင်း အဆောင်လက်ဖွဲ့ဟာ ကမ္ဘာပေါ်တွင် တန်ခိုးအရှိဆုံး စာလုံးတွေဖြစ်ပြီး နယ်ချဲ့စာမေးပွဲကတောင် သူ့စွမ်းရည်ကို လုံးဝ မစမ်းသပ်နိုင်ပေ။
သူသည် ချန်ယင်တုကိုပင် စမ်းသပ်ကြည့်ချင်လာ၏။ သူက ပိုးကောင်တစ်ကောင်ကို ဆွဲထုတ်ပြီး မြောက်ပိုင်း မှော်ဆရာ ချန်ယင်တုက သူ့ရဲ့ ချည်ဆွဲပိုးကောင်ကို ဖြေရှင်းနိုင်မလား သိချင်နေသည်။ အမှန်တကယ်တော့ ချန်ယင်တုက ချည်ဆွဲပိုးကောင်ကို ဖယ်ရှားရန် ပျက်ကွက်ခဲ့ပြီး နှစ်ပေါင်းများစွာ ရှင်သန်ခွင့်ပေးခဲ့သည်။
၎င်းကြောင့် သူ့ကိုယ်သူ ဂုဏ်ယူခဲ့ပြီး သူ့ရဲ့ အဆောင်ဆွဲ စွမ်းရည်သည် ရှီးကျင်းက သားသတ်သမားထက် သာလွန်သည်ဟု ယုံကြည်ခဲ့သည်။ သူ့မှာ စိတ်ကူးမယဉ်သေးတဲ့ ရည်မှန်းချက်တွေ ရှိနေတုန်းပဲ။ တောင်ပိုင်း အဆောင်ဆွဲဆရာတွေရဲ့ တန်ခိုးကို ကမ္ဘာက မြင်ရအောင်၊ မြေကြီးပြိုကျအောင် ဘာတစ်ခုမှ မလုပ်ရသေးချေ။
သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြောက်ပိုင်း အဆောင်ဆွဲဆရာ ချန်ရှီကို တောင်ပိုင်း အဆောင်လက်ဖွဲ့ရဲ့ အစွမ်းက ဘာလဲ ပြသချင်လို့ပင်။
သူ မသေချင်ဘူး!
ချန်ရှီက သူနဲ့ မယှဉ်သာဘူးဟုသာ ထင်ခဲ့သည်။ လက်သီး၊ ခြေထောက်နဲ့ အဆောင်ဆွဲချက်တွေက သူ့ကို ယှဥ်နိုင်နေမယ်လို့ ဘယ်လိုမှ မမျှော်လင့်ထားခဲ့ချေ။ သူ့ခန္ဓာကိုယ်က တွန့်လိမ်နေပြီး သူ့ခြေထောက်တွေ ကျိုးနေတဲ့ အစိတ်အပိုင်းတွေဆီကနေ သွေးတွေက အဆက်မပြတ် စီးကျလာနေသည်။
ချန်ရှီက သူ့နောက်ကို ကျားတစ်ကောင်လို လိုက်လာနေ၏။ ချန်ရှီစိတ်ထဲမှာ အာရုံထွေပြားတဲ့ အတွေးတွေ မရှိဘဲ ပြိုင်ဘက်ကို အမြန်ဆုံးသတ်ပစ်ချင်တဲ့ စိတ်ကူးသာ ရှိနေခဲ့သည်။ တကယ်လို့သာ ချန်ရှီက သူနဲ့ နှိုင်းယှဥ်ပြိုင်ဖို့ လာပြောလို့ လက်ခံလိုက်မိရင် သူတကယ် ငတုံးတစ်ယောက် ဖြစ်သွားလိမ့်မည်။
'ပြိုင်ဘက်က လက်ဗလာနဲ့ လာပြီး ပြိုင်ချင်တဲ့အခါ မင်းလက်ထဲမှာ ဓားတစ်ချောင်း ကိုင်ထားရင် ပိုကောင်းမယ်' လို့ အဘိုးက ပြောဖူးသည်။ ပြိုင်ဘက်က ဓားတစ်လက်ကို ကိုင်ထားပြီး မင်းနဲ့ပြိုင်ချင်တဲ့အခါ၊ မင်းဘက်က မျက်လုံးမီးသေနတ်ကို ဆောင်ထားသင့်တယ်လို့လည်း သတိပေးဖူး၏။
ထို့ကြောင့် အစိမ်းရောင်ဝတ် စာပေပညာရှင်က မြောက်ပိုင်းနှင့် တောင်ပိုင်း မှော်ပညာများကို သုံးလာတဲ့အခါက သူ့ဘက်က မိုးကြိုး လက်သီးနှင့် မိုးကြိုး ကန်ချက်များကို အသုံးပြုခဲ့သည်။ ချန်ရှီ ရွာထဲမှ ပြေးထွက်လာစဥ် အစိမ်းရောင်ဝတ် စာပေပညာရှင်ရဲ့ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖြောင့်စင်းလာတာ တွေ့လိုက်ရသည်။
ထိုသူသည် ဖြူဖျော့ဖျော့နှင့် သူ့ဆီသို့ ပြေးလာနေသော ချန်ရှီကို ကြည့်နေသည်။
သူ့အပေါ်ပိုင်းက လူ့ခန္ဓာကိုယ် ဖြစ်သော်လည်း အောက်ပိုင်းကတော့ ချည်ဆွဲပိုးကောင်ရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူလေသည်။ ၎င်းသည် နဂါးကိုယ်ခန္ဓာကဲ့သို့ ထူသော်လည်း အရိုးဆစ်ဖွဲ့စည်းပုံမှာ တစ်နေရာမှာ ခြေနှစ်ချောင်းနဲ့ ခြေဖဝါးများစွာ ရှိသည်။
စာပေ ပညာရှင်သည် အားပြန် ထည့်သွင်းနေရင်း ချန်ရှီကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ တုံ့ဆိုင်းမနေတော့ဘဲ ခြေထောက် သုံးဆယ့်လေးချောင်းနဲ့အတူ လေထဲသို့ ခုန်တက်သွား၏။
ချန်ရှီလည်း ခုန်တက်လာသည်။ သူ့ခေါင်းအနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးဆီမှ လေချွန်သံတစ်ခု ထွက်ပေါ်လာပြီး ဓားစွမ်းအင် တစ်ခု လွင့်ထွက်လာသည်။ အစိမ်းရောင်ဝတ်ပညာရှင်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ အဆုံးတွင် ပြတ်ထွက်ပြီး လဲကျသွားခဲ့သည်။
သူ့ခန္ဓာကိုယ်က မတောင့်တင်းသော ကင်းခြေများကဲ့သို့ပင်။ သူ့ကိုယ်၏ အစိတ်အပိုင်းကို ဖြတ်တောက်ခံထားရပေမယ့် အသက်ရှင်နေသေး၏။
"ချန်ရှီ! ငါက မင်းနဲ့ တရားမျှတတဲ့ ပြိုင်ပွဲလုပ်ချင်ခဲ့တာ... ဒါပေမဲ့ မင်း စည်းမျဥ်းတွေကို ချိုးဖျက်ဖို့ ငါ မမျှော်လင့်ထားဘူး... ငါ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ မင်းကို ငါလာရှာမယ်!"
ချန်ရှီသည် ရှေ့သို့ ပြေးသွားသော်လည်း အစိမ်းရောင်အဝတ်အစားဝတ် ပညာရှင်၏ ရုပ်သွင်က ပျောက်သွားသည်။ သာမန်မျက်စိဖြင့် မမြင်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် ချန်ရှီ လက်လျှော့လိုက်ရသည်။
တင်းတင်းက သူ့နောက်သို့ လိုက်လာကာ ဖီဖာစောင်းကို သူ့လက်နှစ်ဖက်ဖြင့် ပိုက်ထား၏။
"ဒီပညာရှင်က သူ့ဒဏ်ရာတွေ ပြန်သက်သာလာတာနဲ့ ကလဲ့စားချေဖို့ သေချာပေါက် လာလိမ့်မယ်.... ဟေးကော် မင်းသူ့အနံ့ကို ခြေရာခံနိုင်လား?"
ချန်ရှီ ဟေးကော်ဘက် လှည့်ပြောလိုက်၏။ ဟေးကော်က သွေးများကို ရှူရှိုက်ရင်း ခေါင်းယမ်းလိုက်သည်။
အစိမ်းရောင်အဝတ်အစား ဝတ်ထားသော ပညာရှင်သည် ပိုးကောင်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ပျံတက်သွားတာကြောင့် သူ့အနံ့က ပျောက်သွာယရ. ရှာမတွေ့နိုင်တော့ပေ။
သူ့ခန္ဓာကိုယ်ကို လှီးဖြတ်ထားသော်လည်း အသက်ရှင်နေသေးတဲ့ လူနဲ့ ပထမဆုံးအကြိမ် ကြုံဖူးသောကြောင့် ချန်ရှီအတွက် အနည်းငယ် ဆန်းကြယ်သွားသည်။
"တောင်ဘက် အဆောင်လက်ဖွဲ့တွေက တကယ့်ကို သန်မာပြီး ကိုင်တွယ်ရတာ မလွယ်ဘူးပဲ.... နောက်တစ်ကြိမ်ကျရင် သူ့ခေါင်းကို ဖြတ်နိုင်အောင် ကြိုးစားရမယ်..."
ဒါကို သူတွေးနေတုန်း တင်းတင်းက အနားရောက်လာသည်။
"သခင်မ ပြောဖူးတယ် သခင်လေးချန်ရဲ့အဖိုးက တရားရုံးကထွက်ပြီး သိုင်းလောကမှာ သီးသန့်နေခဲ့တယ်တဲ့... ဒါကြောင့် သူ့ကိုယ်သူ လူအိုဝူဟူလို့ ခေါ်တာတဲ့..."
ချန်ရှီ စိတ်ထဲ တုန်လှုပ်သွားသည်။ သူ့အသိစိတ် ပြန်ဝင်လာဖို့ အချိန်အတော် ကြာသွား၏။
"ငါ့အဘိုးက လူအိုဝူဟူ ဆိုတဲ့ ဝူဟူရှန်းရန်လား... တောင်ပိုင်း အဆောင်လက်ဖွဲ့ ဂိုဏ်းဆရာက တကယ်ပဲ ငါ့အဖိုးလို့ ပြောနေတာလား..."
တင်းတင်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"ဆရာကြီးချန်က သူ့ကိုယ်သူ ဝူဟူရှန်းရန်လို့ မခေါ်ခင်မှာ သူက တရားရုံးမှာ ဂန္တဝင်စာတွေကို ပြုစုပြီး လူအိုချန်ယန် (ချန်ယန်ရှန်းရန်) လို့ ခေါ်ခဲ့သေးတယ်တဲ့"
ချန်ရှီ ထိုသတင်းကြောင့် အလွန် တုန်လှုပ်ကာ စိတ်ရှုပ်သွားသည်။
တောင်ပိုင်း အဆောင်လက်ဖွဲ့များနဲ့ မြောက်ပိုင်း အဆောင်လက်ဖွဲ့ ဆရာသမားတွေက အပြင်းအထန် တိုက်နေကြသည်။ သို့သော် မြောက်ပိုင်းနှင့် တောင်ပိုင်း ဂိုဏ်းခွဲများရဲ့ တည်ထောင်သူများမှာ သူ့အဘိုး ဖြစ်နေ၏။
အဘိုးက တခြားဘာတွေလုပ်ခဲ့သေးလဲ။
တင်းတင်း: "သခင်မက သခင်လေးချန်ကို သီးသန့် စုဝေးတဲ့ပွဲမှာ တွေ့ဖူးတယ်တဲ့... အဲဒါကြောင့် ကြေးမုံအိုင်အိမ်တော်မှာ တွေ့တော့ နှုတ်ဆက်တာလေ... အဲဒါကို နင် မမှတ်မိဘူးလား?"
ချန်ရှီ နားရွက်များ တုန်ခါနေပြီး နှုတ်ခမ်းများ ခြောက်လာတာကြောင့် အာခေါင်ကပါ ခြောက်လာသည်။
"ဘယ်အချိန်တုန်းက တွေ့ဖူးတာလဲ"
"ဆယ်နှစ်တစ်ကြိမ် လူတစ်ဦးချင်း စည်းဝေးပွဲမှာ..."
တင်းတင်း သိပ်မရှင်းတာမို့ "သခင်မ ဒီတစ်ကြိမ် ဒဏ်ရာရသွားတော့ အဖွဲ့ဝင်တစ်ဦးချင်းတွေ့ဆုံဖို့အတွက် ကြေးမုံအိုင်အိမ်တော်ကို လာခဲ့တာ... ဒါနဲ့ ရှင့်ကို နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖြစ်ကောင်းဖြစ်နိုင်ပါ့မလား"
ချန်ရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ အဘိုးက သူ့ကို သီးသန့်စုဝေးပွဲ တက်ခိုင်းခဲ့တာလား။
အဘိုးက သူ့ဆီကနေ ဖုံးကွယ်ထားတဲ့ အရာတွေ ဘယ်လောက်တောင်များ ရှိနေတာလဲ။