← Chapters

အင်မော််တယ်မက်မွန်သီးပင်၏ အစေ့

Vol. 6 Ch. 76

အင်မော််တယ်မက်မွန်သီးပင်၏ အစေ့

Vol. 6 Ch. 76

[မင်ယီ၊ ကောင်းကင်သူတော်စင်ဂိုဏ်း၏ အစားထိုးသူတော်စင်မ၊ အစောပိုင်း ရွှေအမြုတေအဆင့်၊ ကောင်းကင်ရှင်းလင်းဂိုဏ်း၏ တိုးတက်လာသည့် အကြောင်းရင်းအား ရှာဖွေလိုသူ၊ ရန်ဟွားပျောက်ဆုံးသွားခြင်းက ကောင်းကင်သူတော်စင်ဂိုဏ်း၏ ကိစ္စအား ရှုပ်ထွေးစေခဲ့သည်၊ ရန်ဟွားက မိုင်းတွင်း၏ လျှို့ဝှက်ချက်များကိုရှာတွေ့ပြီး ထွက်ပြေးသွားသည်ဟု ယူဆထားသည်၊ သင်သည်လည်း အလိုပါဟုတွေးနေသည်၊ လောလောဆယ် သင့်ကိုလွှတ်ထားပြီး အစီအစဥ်ပျက်စီးစေသူအား အရင်ဆုံးသတ်ရန် ဆုံးဖြတ်ထားသည်]

ကျန်းဟောင် ယခင်က သူမကို အကဲဖြတ်ခဲ့သည်အား အမှတ်ရသွား၏။

[ရက်စက်သည့်စိတ်ထား၊ အပြုံးနောက်တွင် ဓားသွားဝှက်ထားသူ]

ကောင်းကင်သူတော်စင်ဂိုဏ်းက ပိုပြီးအန္တရာယ်များကြောင်း ခံစားမိသည်။ ရန်ဟွား၏ ပျောက်ဆုံးမှုအတွက် သူတို့အလေးထားသည်မှာ သာမန်ဖြစ်သည်။ ကျန်းဟောင်ကို ခြိမ်းခြောက်မှုအဖြစ် ယူဆသည်ကသာ အံ့အားသင့်စရာဖြစ်သည်။

ဥပဒေခန်းမ၏ သံသယစာရင်းတွင်ရှိနေရန်အတွက် ရန်ဟွားပျောက်မသွားခင် တွေ့ခဲ့ကြောင်း ဝန်ခံထားခဲ့သည်။ မဟုတ်ပါက သူ့ကို သံသယဝင်ကြမည်မဟုတ်ပေ။

ကျန်းဟောင် သက်ပြင်းချ၏။ နေရာတိုင်းတွင် သူ၏ ရန်သူများရှိနေသည်။

ကံကောင်းတာက ကောင်းကင်သူတော်စင်ဂိုဏ်းက သူနဲ့ပတ်သတ်ပြီး မသေချာသေးခြင်းပင်။ အခုတော့ ဝမ်ထန်းက သူတို့၏ ဦးစားပေးမဟုတ်ပါချေ။

ကျန်းဟောင် သူမဆီလျှောက်သွားလိုက်၏။" စီနီယာအစ်မ ဒါက စီနီယာအစ်မရဲ့အပင်ပါ အခုတော့ အဆင်ပြေသွားပါပြီ"

"ကျေးဇူးပါပဲ ဂျူနီယာမောင်လေး ငါအကူအညီလိုရင် လာရှာမယ်နော် စိတ်မရှိဖို့ မျှော်လင့်ပါတယ်"

သူမက အနုနည်းဖြင့် ချဥ်းကပ်နေကြောင်းသိသည်။ သူ့အနေနဲ့ ဘာမှမသိသလို ဟန်ဆောင်နေရပေဦးမည်။

သူ ဂူအဆိပ်မိနေကတည်းက ဤသို့သောဆွဲဆောင်မှုမျိုးကို မသက်ရောက်ခံရပေ။

ကျန်းဟောင်လည်း မိုင်းတွင်းကိုမသွားနိုင်သေးသောကြောင့် ဆေးဥယျာဥ်မှာသာ အလုပ်လုပ်နေရသည်။ သူ့အနေနဲ့ ပူဖောင်းရမည့်အခွင့်အရေးသာရှိမည်ဆိုလျှင် မည်သည့်အလုပ်မဆို လုပ်ရန် ဆန္ဒရှိပေသည်။

ကျန်းဟောင် အလုပ်များနေစဥ် သားရဲက ဥယျာဉ်အနှံ့လျှောက်သွားပြီး လူများအား စကားလိုက်ပြောနေသည်။ လူတိုင်းက သားရဲကို အရှင်ယုန် ဟု နောက်ပြောင်ခေါ်ကြသည်။

ကျန်းဟောင် မိုင်းတွင်းကနေပြန်လာတာ တစ်လရှိသွားလေပြီ။ ဆေဘာဝယ်တုန်းက ပြဿနာဖြစ်ခဲ့သည်ကလွဲရင် အားလုံးအဆင်ပြေသည်။

အမည် ကျန်းဟောင်

အသက် ၂၁

ကျင့်ကြံခြင်းအဆင့် အလယ်အလတ်ရွှေအမြုတေအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၁၈/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၂၂/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၂/၃ (မရနိုင်)

သူက ဖြည်းဖြည်းချင်း တိုးတက်နေသည်။ အမည်မဲ့ကျင့်စဥ်ကို နေ့တိုင်းလေ့လာပြီး သားရဲကို မကြာခဏ အကဲဖြတ်သည်။ ပြောင်းလဲမှုတော့မရှိပေ။ သူ့အနေနဲ့ ဝိညာဥ်ကျောက်တုံးများအား ပုံမှန်ကျွေးသည်။

သားရဲကိုအကဲဖြတ်ရခြင်းအကြောင်းက စွမ်းအင်သုံးစွဲခြင်းနှင့် ဖုံးကွယ်ခြင်းအား နားလည်ရန်ဖြစ်သည်။

ရက်အနည်းငယ်ကြိုးစားပြီးနောက် သူ ခံစားမိခဲ့သည်။ အမည်မဲ့ကျင့်စဥ်ပြောရန်ကြိုးစားနေသည်အား နားလည်သွား၏။ သူ၏ စွမ်းရည်ကိုသုံးတိုင်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခွန်အားကုန်ဆုံးသည်ကို အာရုံခံမိသည်။

ဟုန်ယွီယဲ့က ဒီလို ပြောင်းလဲမှုလေးကိုတောင် အာရုံခံနိုင်တာလား။

ကုန်ဆုံးမှုက သေးငယ်ပြီး တကယ့်ကို သတိမထားမိနိုင်ဖွယ်ဖြစ်သည်။ သူသာ ၎င်းကို ဖုံးကွယ်ထားနိုင်ပါက မည်သည့်စွမ်းရည်ကိုသုံးသည်ဖြစ်စေ မည်သူမှ ထောက်လှမ်းမိနိုင်မည်မဟုတ်တော့ချေ။

ဟုန်ယွီယဲ့နှင့် ထပ်မံစမ်းသပ်ချင်သော်လည်း သူ့အား ငရဲပို့လိုက်မည်ကို စိုးရိမ်နေသည်။

ကျန်းဟောင်တယောက် ဥပဒေခန်းမဆီသွားသည်။ မနေ့က ဆုလာဘ်များကို ဖန်သေတ္တာများထဲပြသထားသည်အား မြင်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်ဖြစ်၏။ ယနေ့ပြသမည်က ရွှေအမြုတေအဆင့်အတွက်ဖြစ်လေသည်။

သူက ရွှေအမြုတေအဆင့်အတွက် မပြိုင်ဆိုင်နိုင်သော်လည်း ဆုကိုမြင်ချင်သေး၏။

ကျန်းဟောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ဆုများရှေ့ရပ်နေသည်။ ပထမဆုံးက နေကိုးစင်းဆေဘာဖြစ်၏။ သူ့တွင် ရှီယုရှိနေသောကြောင့် သိပ်စိတ်မဝင်စားပေ။

ဒုတိယနဲ့ တတိယဆုများက စာအုပ်များဖြစ်ပြီး ဂရုမစိုက်ပေ။ စတုတ္ထကလည်း သူ့အတွက် အသုံးမဝင်သည့် တာအိုဝတ်ရုံဖြစ်သည်။

နောက်ဆုံးတော့ သေတ္တာငယ်တခုအားမြင်ရသည်။ အဖုံးတစ်ဝက်ဟပြီး အနက်ရောင်အစေ့တခုအား ပြသထားသည်။ ဥတစ်လုံးအရွယ်ရှိပြီး ရှုပ်ထွေးသည့် အမှတ်အသားများဖုံးလွှမ်းနေသည်။ ၎င်းမှ ခပ်ဖျော့ဖျော့ စိတ်ဝိညာဥ်စွမ်းအားများထွက်ပေါ်နေကြောင်း သတိပြုမိသည်။

ကျန်းဟောင်လည်း စွမ်းအင်သုံးစွဲမှုကိုဖုံးကွယ်ပြီး အကဲဖြတ်စွမ်းရည်အား အသက်သွင်းသည်။ မည်သူမှ မထောက်လှမ်းနေသော်လည်း သူလေ့လာထားသည်အား အသုံးပြုချင်နေလေသည်။

[အင်မော််တယ်မက်မွန်သီးပင်၏ အစေ့၊ အသက်စွမ်းအားကုန်ဆုံးကာနီး အင်မော်တယ်မက်မွန်ပင်၏ အစေ့ဖြစ်သည်၊ ရှေးဟောင်းနတ်သစ်ပင် အင်မော်တယ်မက်မွန်ပင်၏ အူတိုင်မှဖြစ်လာသည့် အစေ့၊ ၎င်းတွင် နတ်သစ်ပင်၏ အငွေ့အသက်ပါသည်၊ အမြစ်ပေါက်၊ အညှောက်တွယ်၊ အသီးသီးပြီး ကိုးကြိမ်ပြန်လည်မွေးဖွားပြီးပါက ပြီးပြည့်စုံသည့် နတ်သစ်ပင်ဖြစ်လာပေမည်၊ အစေ့အား ကယ်တင်ရန် နတ်ရတနာနားတွင်ထားပြီး ခုနစ်ရက်အားဖြည့်ပါ၊ ထို့နောက် ဝိညာဥ်ကျောက်တုံး ၉၉ တုံးဖြင့် ဝန်းရံပြီး နေ့တိုင်းရေလောင်းရမည်၊ ကိုးရက်ကြာပြီးနောက် အမြစ်တွယ်လာပေမည်]

ကျန်းဟောင် စိတ်ဆုံးဖြတ်လိုက်၏။ အစေ့က အရေးကြီးမှတော့ သူရအောင်လုပ်ရပေမည်။

အစေ့က နတ်ရတနာနားတွင်ထားပြီး အားဖြည့်ရန်လိုသည်။ အခြားသူများအတွက် ခက်ခဲနိုင်ပေမဲ့ ကျန်းဟောင်တွင် ရှီယုနှင့် ကောင်းကင်ဘုံရနံ့တာအိုပန်းရှိသည်။

ပြိုင်ပွဲက တစ်လအတွင်းစမည်ဖြစ်ကြောင်း သိရှိသွား၏။

"ဆုလာဘ်ကိုရွေးချယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့လိုတယ် "

ကမ်းပါးသခင်အား သူသွားရှာလိုက်၏။

"တခုခုလိုအပ်လို့လား" ခူဝူကန်းက မေးသည်။

"ဟုတ်ပါတယ် ဆုတွေထဲက တခုကိုရွေးဖို့အတွက် ဘယ်အဆင့်မျိုးလိုအပ်လဲဆိုတာ မေးချင်လို့ပါ"

"ကောင်းပြီ"

"ပထမဆုကရော" သူမေး၏။

"အဲဒါက အနိုင်ရသူအတွက်ပဲ ဒါပေမဲ့ မင်းနိုင်ရင် တခြားဆုတွေကိုလည်း ရွေးနိုင်တယ်"

"ပဉ္မမဆုကရော"

"ထိပ်ဆုံးသုံးယောက်ထဲဝင်ရင် တတိယ၊ စတုတ္ထနဲ့ ပဉ္မမဆုတွေထဲက ရွေးချယ်နိုင်တယ်" ကမ်းပါးသခင်ပြောသည်။ "အားလုံးပေါင်း ပြိုင်ပွဲဝင် ၁၃ ယောက်ရှိတယ် မင်း သုံးကြော့နိုင်ရင် လုံလောက်ပြီ "

All Chapters