ပြင်ဆင်ခြင်း
Vol. 6 Ch. 77
အကျိုးဆောင်မှုတွင် ထိပ်ဆုံးဆယ်ယောက်ဝင်ခဲ့သည့် အသည်းကွဲကမ်းပါးမှ နှစ်ဦးလုံးပါသည်။ နှစ်ယောက်လုံးက မတူညီသည့် ကျင့်ကြံဆင့်တွင်ရှိကြသောကြောင့် အသည်းကွဲကမ်းပါး အနိုင်ရမည့်ဖြစ်နိုင်ချေက မြင့်သည်။
ပြိုင်ပွဲအတွက် နောက်ဆုံးလေးယောက်က ရွေးချယ်ခံရမည်။ ကျန်းဟောင်သာ ထိပ်ဆုံးသုံးဦးထဲဝင်ပါက အစေ့အား ရွေးချယ်နိုင်ပေမည်။
တပည့်အများစုက အစေ့ကို အဖိုးမတန်ဟုယူဆကြသည်။
"ဆရာ ဆုတွေကို ဘယ်လိုစီစဥ်ထားပါသလဲ"
"နေကိုးစင်းဆေဘာ၊ တာအိုဝတ်ရုံ၊ မန္တန်နည်းစနစ်၊ ပြီးမှ ကျင့်ကြံခြင်းနည်းစနစ်၊ အစေ့ကတော့ နောက်ဆုံးပဲ"
"ကောင်းကင်ဘုံအရုဏ်ဦးစိတ်ဝိညာဥ်နည်းစနစ်က အဆင့် လေးပဲလား" သူ အံ့အားသင့်သွား၏။
"နေကိုးစင်းဆေဘာကတော့ ပြောစရာမလိုအောင် ပထမနေရာပဲ အခြေခံတည်ဆောက်ခြင်းအဆင့်သာမဟုတ်ဘူး ရွှေအမြုတေအဆင့်ထိပါ အသုံးပြုနိုင်တယ် ကောင်းကင်ဘုံအရုဏ်ဦးစိတ်ဝိညာဥ်နည်းစနစ်က ကောင်းပေမဲ့ သင်ယူဖို့ခက်တယ် နေကိုးစင်းမီးတောက်မန္တန်နဲ့လည်း သိပ်မကွာဘူး အစေ့ကတော့ ဘာမှန်းမသိလို့ နောက်ဆုံးမှာ ထားထားရတာပဲ " ခူဝူကန်း ပြောသည်။
"ငါကြည့်ရသလောက် အစေ့ရဲ့ အသက်စွမ်းအားက အရမ်းနည်းပြီး အသုံးမဝင်ဘူး အသက်သွေးသန့်စင်ခြင်းအဆင့်အတွက်တော့ အနည်းငယ်အသုံးဝင်လောက်ပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်တော့ ဘာမှမျှော်လင့်လို့ မရသလောက်ပဲ"
ရှင်းပြမှုအတွက် ကမ်းပါးသခင်အား ကျေးဇူးတင်သည်။ ပြိုင်ပွဲမတိုင်ခင် သင်ယူရန် နည်းစနစ်အသစ်တခုအား တောင်းဆိုခဲ့သည်။
အခြားတပည့်များက အစမ်းပြိုင်ပွဲများဝင်ပြိုင်ရန်လိုသော်လည်း အကျိုးဆောင်မှုပြုခဲ့သည့် ကျန်းဟောင်မှာမူ အဓိကပြိုင်ပွဲဆီ တိုက်ရိုက်ဝင်ပြိုင်နိုင်မည်ဖြစ်သည်။
ခူဝူကန်းက သူ့ကို စာအုပ်အချို့ပေးသည်။ "ဒါကို မိုင်ထောင်ချီ မိစ္ဆာအသံလို့ခေါ်တယ် မိစ္ဆာအသံခုတ်ချက်နဲ့ တူညီတဲ့အခြေခံရှိတယ်"
ကျန်းဟောင်လည်း ကျေးဇူးတင်စကားဆို၍ ထွက်ခွာလာခဲ့သည်။ မိုင်ထောင်ချီမိစ္ဆာအသံအား တတ်နိုင်သမျှ မြန်မြန်သင်ယူရပေမည်။
နောက်တစ်ရက်
အသည်းကွဲကမ်းပါးမှ တပည့်တချို့က လေ့ကျင့်ရန် ပြိုင်ကွင်းတခုတည်ဆောက်လိုက်ကြသည်။ ကျန်းဟောင်က သူတို့နဲ့အတူ လိုက်ပါလာကြသည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်အဖြစ်သာရှိ၍ အခြားသူများက ရွှေအမြုတေအဆင့်ဖြစ်ကြသည်။
ကျန်းဟောင် သူတို့နဲ့လိုက်ပါလာခြင်းမှာ ၎င်းတို့ မည်မျှအစွမ်းထက်သည်ကိုကြည့်၍ ပြင်ဆင်ထားလိုခြင်းပင်။
အခြားတပည့်များနဲ့အတူ ရက်အချို့လောက်ထိ လိုက်ပါနေခဲ့သည်။ ရွှေအမြုတေအဆင့် တပည့်များက အစွမ်းကုန် မထုတ်ဖော်ကြကြောင်း သတိထားမိသည်။ ကျန်းဟောင်က သူတို့ကို ရှီယုဖြင့် ကောင်းကင်ဆေဘာနှစ်ကွက်ကိုသုံးပြီး အနိုင်ယူနိုင်သည်။
ကျန်းဟောင်က သူတို့နဲ့ တိုက်ခိုက်ရန် မကြိုးစားပေ။ သူ၏ ခွန်အားကိုမပြသတာကောင်းမည်။ လူများက သန်မာလေ မောက်မာကြလေဖြစ်၏။
ညတွင် ဝမ်ထန်းက မိုင်ထောင်ချီမိစ္ဆာအသံအား လေ့ကျင့်ပြီး အလွန်လျင်မြန်သောနှုန်းဖြင့် တောအုပ်အား ဖြတ်သန်းနေသည်။ အဖြူရောင်အရိပ်တခုက သူ့ကို ကျော်ဖြတ်နေသည်။
အဖြူရောင်အရိပ်မှာ သူ၏ သားရဲဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ကို ကျော်ဖြတ်ပြီးနောက် ပိုသန်မာပြီး မြန်ဆန်လာခဲ့သည်။
လည်ပတ်အသစ်လိုချင်ကြောင်း ကျန်းဟောင်အား တတွတ်တွတ်ပြောနေသည်။ လည်ပတ်အသစ်က ဈေးကြီးသောကြောင့် လောလောဆယ် သူ မဝယ်ပေးနိုင်သေးပေ။
မုချီထံမှ ဝိညာဥ်ကျောက်တုံးများရပြီးနောက် သူ ချမ်းသာနေသင့်သည်။ သို့သော် အရင်တိုင်း မွဲနေဆဲသာဖြစ်၏။။
ဆေးပင်အတော်များများရှိသော်လည်း ဈေးကောင်းကောင်းဖြင့် ရောင်းမရပဲ သားရဲကိုပေးခြင်းဖြင့်သာ အဆုံးသတ်သွားသည်။
"အင်း အဆောင်တွေပိုလုပ်သင့်ပြီထင်တယ်"
ကျန်းဟောင်က ဓားတစ်သိန်းအဆောင်များကို ထပ်မံပြုလုပ်ချင်သည်။ သန်မာသည့် ရန်သူများအား အဆောင်ဖြင့် ဆက်တိုက်ရင်ဆိုင်နိုင်သည်။
စွမ်းအင်သုံးစွဲမှုကို သတိထား၍ ကောင်းကင်ဆေဘာ ပထမအကွက်နှင့် ဒုတိယအကွက်ကို လေ့ကျင့်ခဲ့သည်။
သုံးပတ်ကြာပြီးနောက် ဟန်မင်က သူ့ကို လာတွေ့ဆုံသည်။
"စီနီယာအစ်ကိုကျန်းနဲ့ ပြိုင်ပွဲကြရင်တွေ့မယ်"
ထိုသို့ပြောပြီး ထွက်သွားခဲ့သည်။ ဒီတကြိမ်တော့ ယုံကြည်မှုရှိနေဟန်ရသည်။
ဟန်မင်က အစမ်းပြိုင်ပွဲတွင် အားလုံးကို အနိုင်ယူခဲ့သည်။ အခြားအခွဲက လူများပင်ပါ၏။
ကျန်းဟောင် သက်ပြင်းချ၏။ တောင်တန်းနဲ့ မြစ်တို့နှစ်သက်ခံရသူက အဆင့်လျင်မြန်စွာတက်ရန်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။
ကျန်းဟောင် ခြံထဲတွင်ထိုင်ပြီး ဆေဘာအား သန့်စင်နေသည်။ အနက်ရောင်ဆေဘာက ရှီယုနှင့် အရှည်ချင်းတူသည်။ အလေးချိန်ကလည်း အတော်ပဲဖြစ်သည်။ ဖန်တီးသူက အတော်လေးတော်သည်။ ကျိန်းသေပေါက် နာမည်ကြီးသူ၏ လက်ရာဖြစ်ရပေမည်။
ကောင်းကင်ဆေဘာ ပထမနှင့် ဒုတိယအကွက်၊ မိုင်ထောင်ချီမိစ္ဆာအသံ၊ ဓားတစ်သိန်းအဆောင် ၅၀ ဒီလောက်ဆို တတိယနေရာလောက်ရရန် လုံလောက်သင့်သည်။
သို့သော် ပြိုင်ဖက်များအား လျှော့မတွက်ပါချေ။ သူတို့လည်း ပြင်ဆင်လာကြမည်မှာ သေချာသည်။
နောက်တစ်ရက် ကျန်းဟောင် နိုးလာပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရေလောင်းသည်။ သားရဲက သူ့နားကပ်လာသည်။ "သခင် ကျနော့်ကို ပြိုင်ပွဲဆီခေါ်သွားပါလား"
"ဘာလို့လဲ"
"ကျနော်ကူညီနိုင်တယ်လေ ကျနော့်အမြန်နှုန်းနဲ့ဆို ရန်သူကပ်လာတာနဲ့ လက်သည်းနဲ့ကုတ်ပြီး ဒဏ်ရာရစေနိုင်တယ် "
"ငါမရှိတုန်း မင်းကို ဆေးဥယျာဥ်မှာထားခဲ့ဖို့တွေးနေတာ" ကျန်းဟောင် ပြော၏။
"ကောင်းပြီ ဒါလည်း အဆင်ပြေပါတယ် "
ပြိုင်ပွဲကို ကောင်းကင်ရှင်းလင်းဂိုဏ်းအလယ်တွင် ကျင်းပမည်ဖြစ်သည်။
ထိုနေရာတွင် ပြိုင်ကွင်းများစွာရှိ၏။ အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ရွှေအမြုတေအဆင့်နှင့် မူလဝိညာဥ်အဆင့်ဟူ၍ သုံးမျိုးခွဲခြားထားလေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် စာရင်းတွင် လူ ၁၃ ဦးပါ၏။
ဟန်မင်က အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်လုနီးပါးဖြစ်သည်။ အစစ်အမှန်တပည့် ပီသပါလေ၏။
စာရင်းကိုကြည့်လိုက်ရာ သူနှင့် မိုးကြိုးမီးတောင်ထွတ်မှ ရှင်းယုယွီနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းတွေ့ရသည်။ ထိုနာမည်က ရင်းနှီးနေသည်။ ကျန်းဟောင် နတ်ဆိုးအသိုက်ကို သွားရစဥ် သူမလည်း ပါဝင်ခဲ့သည်။
သူမက အခြေခံတည်ဆောက်ခြင်းအဆင့်ကို လျင်မြန်စွာ ရောက်သွားမည်မထင်ထားပေ။
ရှင်းယုယွီက ပြိုင်ပွဲစာရင်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေသည်။ သူမက အလယ်အလတ်အဆင့်သို့ တက်ကာစဖြစ်သော်လည်း မိုးပြာတောင်တန်းနှင့် တိုက်ပွဲမှ အကျိုးအမြတ်များရခဲ့သည်။
သူမလက်ထဲ ကြေးခွံနီဓားရှိပြီး လရေခဲဝတ်ရုံကို ခြုံထားသည်။ အသုံးပြုနိုင်သည့် အဆောင်လည်း များစွာရှိသည်။ ကောင်းကင်ဘုံအရုဏ်ဦးစိတ်ဝိညာဥ်နည်းစနစ်ကို ရရန် ပြိုင်ပွဲအတွက် အသေအချာပြင်ဆင်ထားလေသည်။
"ဂျူနီယာညီမရှင်းရဲ့ အတွေ့အကြုံနဲ့ဆို အနိုင်ရဖို့က ခက်ခဲမှာမဟုတ်ဘူး" စီနီယာတစ်ဦးက ပြောသည်။
မကြာခင် နာမည်စာရင်းကိုမြင်ရသောအခါ သူမ၏ ပြိုင်ဖက်က အသည်းကွဲကမ်းပါးမှ ကျန်းဟောင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ မယုံနိုင်ဖြစ်၏။ "သူက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းမဟုတ်လား ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် အဆင့်တက်သွားတာလဲ"
သူမ ယုံကြည်မှုပျောက်မလိုဖြစ်သွားပေမဲ့ စီနီယာက အားပေးသည်။
"ကျန်းဟောင်လား ဂျူနီယာညီမရှင်း ငါကြားရသလောက် သူက ကံကောင်းပြီး အခွင့်အလမ်းတချို့ရထားရုံပဲတဲ့ သူ့မှာ တိုက်ပွဲအတွေ့အကြုံမရှိပါဘူး ဂျူနီယာညီမ ကျိန်းသေနိုင်မှာပါ"
ရှင်းယုယွီလည်း သွားတင်းတင်းစေ့၍ အံကြိတ်လိုက်၏။ကောင်းကင်ဘုံအရုဏ်ဦးစိတ်ဝိညာဥ်နည်းစနစ်အတွက် သူမ တိုက်ခိုက်ရပေမည်။