← Chapters

တစ်ချက်တည်းနဲ့ အနိုင်ဆုံးဖြတ်ခြင်း

Vol. 6 Ch. 78

တစ်ချက်တည်းနဲ့ အနိုင်ဆုံးဖြတ်ခြင်း

Vol. 6 Ch. 78

ကွင်းထဲတွင် ကျန်းဟောင်က ငြိမ်သက်စွာစောင့်နေသည်။ ပရိတ်သတ်က အများကြီးမရှိပေ။ သူရော ရှင်းယုယွီပါ နာမည်ကြီးသည် မဟုတ်ပေ။

သာမန်အားဖြင့် ပရိတ်သတ်များက အဆင့်မြင့်သူများ၏ တိုက်ပွဲကိုသာကြည့်ရှုချင်ကြသည်။ ကျန်းဟောင်လည်း အတူတူဖြစ်၏။ အဆင့်နိမ့်သူများ၏ တိုက်ပွဲအားကြည့်ပြီး အချိန်ကုန်မခံချင်လိုပါချေ။

ရှင်းယုယွီက အနားကပ်လာ၏။ သူမဆံပင်ကို ပိုနီတေးလိုချည်နှောင်ထားပြီး မျက်လုံးများက စိတ်ဆုံးဖြတ်ထားမှုများဖြင့် လေးနက်နေကြသည်။

အခြားအချိန်သာဆို ကျန်းဟောင်လည်း တိုက်ပွဲအား ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် သူ အစေ့အားလိုအပ်နေ၏။

"စီနီယာအစ်မရှင်း မတွေ့ရတာကြာပြီ "

"ဂျူနီယာမောင်လေးကျန်း ဒီလောက်မြန်မြန်အဆင့်တက်လာမယ်မထင်ထားဘူး "သူမက ခါးသက်သက်ပြော၏။

ဤတိုက်ပွဲအတွက် များစွာယုံကြည်မှုရှိထားသော်လည်း နတ်ဆိုးအသိုက်တွင် သူမ ထိတ်လန့်ခဲ့ရသူနှင့် ရင်ဆိုင်ရလိမ့်မည် မထင်ထားပေ။

"ကံကောင်းသွားတာပါ" ကျန်းဟောင် ပြော၏။

ရှင်းယုယွီကို အားပေးသူအချို့၏ အသံအား ကြားနေရသည်။

ရွှေအမြုတေအဆင့်ရှိ စီနီယာတစ်ဦးက မှတ်စုစာအုပ်ဖြင့် ရောက်လာသည်။" နာမည်ပြောပါ"

"မိုးကြိုးမီးတောင်ထွတ်၊ ရှင်းယုယွီပါ "

"အသည်းကွဲကမ်းပါး၊ ကျန်းဟောင်"

"စလို့ရပြီ"

ချက်ချင်းပဲ စိတ်ဝိညာဥ်ဓားတစ်လက်က ပျံသန်းလာကြောင်း သူ သတိထားမိလိုက်သည်။

ချွမ်

လခြမ်းဆေဘာအသစ်ကိုထုတ်၍ တိုက်ခိုက်မှုအား ခုခံ၏။ ပြိုင်ဖက်က ဘက်ပေါင်းစုံကနေ အဆက်မပြတ် ဖိအားပေးတိုက်ခိုက်နေသည်။

ကျန်းဟောင်မှာ အကောင်းဆုံး ခုခံကာကွယ်နေ၏။

ပြိုင်ဖက်မှာ ရပ်တန့်ရန်စိတ်ကူးမရှိပုံရသည်။ ခုတ်ပိုင်းချက်များက ပိုမိုပြင်းထန်လာခဲ့သည်။

စိတ်ဝိညာဥ်စွမ်းအားလှုပ်ခတ်မှုကို ကျန်းဟောင်ခံစားရ၏။ အမည်မဲ့ကျင့်စဥ်မှ စိတ်ဝိညာဥ်စွမ်းအားပြောင်းလဲမှုများကို အာရုံခံနိုင်ရန် သင်ယူခဲ့ရသည်မဟုတ်ပါလော။

ထိန်းချုပ်မှုအတွင်းရှိနေသည့် ခံစားချက်က အလွန်အံ့သြစရာကောင်းသည်။ ကျန်းဟောင်မှာ တချိန်လုံး သတိအပြည့်ထားသော်လည်း တိုက်ကွက်မရောက်လာခင်ကပင် စွမ်းအားအပြောင်းအလဲကိုအာရုံခံ၍ ကြိုသိနေသည်ဖြစ်ရာ အလွယ်တကူ ကာဆီးနိုင်လေသည်။

ရှင်းယုယွီမှာ အားကုန်သုံး၍ အဆက်မပြတ်တိုက်ခိုက်နေသော်လည်း ကျန်းဟောင်မှာပြာမသွားပဲ အလိုက်သင့် စီးမျောနေလေ၏။

ရှင်းယုယွီက မိုးကြိုးဓားသိုင်းကို အသုံးပြုလိုက်သည်။

ကျန်းဟောင်လည်း ဆေဘာဖြင့်ကာသည်။ ဒီတကြိမ် မိစ္ဆာအသံခုတ်ချက်ကို အသုံးပြုလိုက်သည်။ ကျယ်လောင်သည့် အသံနဲ့အတူ ဖုန်များ နေရာအနှံ့လွင့်ပျံသွားခဲ့သည်။

ဆေဘာက မိုးကြိုးဓားကို နှစ်ပိုင်းဖြတ်လိုက်သည်။ ဓားသွားက သူမ၏ လည်ပင်းနှင့် လက်မအနည်းငယ်အကွာမှဖြတ်သွားသည်။

သူမ တုန်လှုပ်သွား၏။ ထို့နောက် အသက်ပြင်းပြင်းရှူ၍ တည်ငြိမ်စေကာ ကျန်းဟောင်အား ဦးညွတ်သည်။

ကျန်းဟောင်လည်း ပြန်ဦးညွတ်သည်။ "အလျှော့ပေးလို့ ကျေးဇူးပါ စီနီယာအစ်မ"

ရှင်းယုယွီက ခါးသက်သက်ပြုံးပြီး ထွက်ခွာသွားခဲ့သည်။

သူမကိုအားပေးနေသူများ အနောက်ကနေလိုက်ပါသွားကြသည်။

ရွှေအမြုတေအဆင့် စီနီယာက ပြန်ရောက်လာသည်။ "အသည်းကွဲကမ်းပါးက ကျန်းဟောင် နိုင်တယ်"

နောက်ပြိုင်ပွဲမှ နေ့လယ်မှ ဖြစ်သည်။ ယနေ့ ထိပ်ဆုံးလေးယောက်ကို ရွေးချယ်မည်ဖြစ်သည်။ မနက်ဖြန်ကျမှ သုံးယောက်တည်းကျန်သည်အထိ တိုက်ခိုက်ရပေမည်။ ထိုထိပ်ဆုံးသုံးယောက်သည်လည်း အဆင့်ဆင့်ရင်ဆိုင်ရမည်။

ကျန်းဟောင် တွက်ချက်ထားမှုအရ သူ့အနေနဲ့ နောက်သုံးကြော့လောက် တိုက်ခိုက်ရန်လိုသည်။ ရှင်းယုယွီက အားမနည်းသလို ဟန်မင်လည်း အတူတူဖြစိ၏။

မိုးပြာတောင်တန်းနှင့် ရင်ဆိုင်ပြီးနောက် သူ အတော်လေးသန်မာလာပုံရသည်။

ထို့နောက် ကျန်းဟောင်က ဆေးဥယျာဥ်ကို ပြန်ခဲ့သည်။

အသက်သွေး +၁

စိတ်ဝိညာဥ် +၁

ခွန်အား +၁

ခံနိုင်ရည် +၁

ပူဖောင်းများကိုရတိုင်း သူ စိတ်ချမ်းသာရသည်။ ၎င်းတို့က ပြောင်းလဲမှုကြီးမားစွာမဖြစ်စေသော်လည်း အကျိုးတော့ မယုတ်ပေ။

စိတ်ဝိညာဥ်ကလည်း အဆင့်တူခြင်းတွင် ပိုသန်မာသည်။ ထို့အပြင် မကြာခင် ရွှေအမြုတေအဆင့် နှောင်းပိုင်းကို တက်နိုင်တော့မည်ဖြစ်၏။

ဆေးပင်များမှာ သူ၏ တိုးတက်မှုအတွက် အဓိကကျသည့် အရာများဖြစ်သောကြောင့် သေချာဂရုစိုက်လေသည်။

"ပြိုင်ပွဲရှုံးသွားတာလား" ချန်ချိုးက ရောဂ်လာသည်။

"မဟုတ်ပါဘူး"

"ဒါဖြင့် နောက်ပြိုင်ပွဲအတွက် အနားယူနေရမှာမဟုတ်ဘူးလား"

"မလိုပါဘူး ရတယ်"

ချန်ချိုးလည်း ဘာမှမပြောတော့ပဲ ဆေးပင်များနှင့် အလုပ်ရှုပ်နေတော့သည်။

ကျန်းဟောင်က လူများကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ အပြန်အလှန်အားဖြင့် သူတို့ကလည်း ကျန်းဟောင်ကို အောင်မြင်စေချင်ကြသည်။

သားရဲက သူ့ဘေးနားကို စွေ့ခနဲရောက်လာသည်။ "သခင် ဥယျာဥ်ထောင့်မှာ တခုခုမှားနေတာတွေ့ခဲ့တယ်"

"ဘယ်မှာလဲ"

သားရဲက သူ့ကိုခေါ်သွားပြီးပြသည်။ ကျန်းဟောင် စစ်ဆေးကြည့်ရာ ထိုနေရာရှိ မြေဆီလွှာများ၏ အာဟာရဓာတ်များက ခန်းခြောက်နေသည်။ ဒါက သာမန်မဟုတ်ပေ။ တစုံတယောက်က ကြီးထွားနှုန်းမြန်ဆန်စေရန် အရှိန်မြှင့်တင်ခဲ့ခြင်းဖြစ်ပေမည်။

"ချန်ချိုးကိုသွားရှာပြီး ဒီမှာ ဘာစိုက်ခဲ့လဲမေးခဲ့" သားရဲအား စေလွှတ်လိုက်သည်။

အပင်များကို သာမန်အတိုင်းစိုက်ပျိုးပါက အာဟာရဓာတ်များက နည်းလမ်းအမျိုးမျိုးဖြင့် ပြန်ပြည့်တင်းနိုင်သည်။

ချန်ချိုးတယောက် စုံစမ်းနေစဥ် ကျန်းဟောင်မှာ ပြိုင်ပွဲဆီ ပြန်ရောက်လာ၏။ သူ၏ ပြိုင်ဖက်အား ရှာဖွေလိုက်ရာ အဖြူရောင်လရေကန်မှ ကျိုးချန်ဖြစ်နေလေသည်။

"စီနီယာအစ်မကျိုးချန်လား"

ကျန်းဟောင် မယုံနိုင်ဖြစ်သွားမိ၏။ သူ ကွင်းထဲရောက်သွားသောအခါ ကျိုးချန် ရောက်နေပြီဖြစ်ကြောင်း သတိထားမိသည်။

"တကယ်ပဲ ဂျူနီယာမောင်လေးကျန်းကိုး အစက နာမည်တူတယ်ထင်နေတာ နောက်ဆုံးတွေ့ခဲ့တုန်းက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းပဲရှိသေးတာလေ" ကျိုးချန်က ပြုံးသည်။

ကျန်းဟောင်လည်း ရင်းနှီးစွာ တုံ့ပြန်သည်။ "ကျနော်ကံကောင်းသွားခဲ့တာပါ အဖြူရောင်လရေကန်က ပါရမီရှင်တွေပြည့်နေတယ်ကြားတာ အမှန်ဖြစ်ပုံပဲ"

ကျိုးချန်က ပြုံးပြီး "ကောလာဟလတွေက အမှန်မဟုတ်ပါဘူး အဖြူရောင်လရေကန်က လူနည်းနည်းပဲ ပြိုင်ပွဲမှာပါကြတယ် ငါက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ရှိတဲ့ တစ်ဦးတည်းသောလူလေ"

"အာ အဲ့လိုလား"

"နာမည်ပြောပါ" မှတ်စုစာအုပ်နှင့် စီနီယာက ရောက်လာပြန်သည်။

All Chapters