← Chapters

ဆုရခြင်း

Vol. 6 Ch. 80

ဆုရခြင်း

Vol. 6 Ch. 80

ဥပဒေခန်းမ၊ နင်ဝမ်ပင်း

ကျန်းဟောင် အံ့သြသွား၏။ သူက ဥပဒေခန်းမက လူနဲ့ပြိုင်ရမှာလား။

သူ အနည်းငယ် စိုးရိမ်မိသွား၏။ ဥပဒေခန်းမက လူကို မဆန့်ကျင်ချင်ပါချေ။ သို့သော် ဒါက ပြိုင်ပွဲဖြစ်သည့်အတွက် ဥပဒေခန်းမက အငြိုးထားလောက်မည်မဟုတ်ဟု ထင်သည်။

ကျန်းဟောင်တွင် ရန်သူများစွာရှိနေသည်။ အတွင်းရန်သူဆိုလျှင် ကောင်းကင်ရွှင်ပျော်စံအိမ်ဖြစ်သည်။ သူတို့သာ နောက်ထပ်ကိုယ်စားရှာမတွေ့လျှင် သူ့ကို ပစ်မှတ်ထားနေဦးမည်ဖြစ်သည်။

လေးကြော့ပြီးနောက် အနိုင်ရသူများက ဆုကိုရွေးချယ်နိုင်မည်ဖြစ်သည်။

လူငယ်တဦးက ကွင်းထဲသို့ရောက်လာသည်။ အနက်ရောင်ဝတ်ထားပြီး မျက်လုံးများက လှုပ်ရှားမှုကင်းမဲ့နေသည်။

သေချာစူးစမ်းပြီးနောက် ပြိုင်ဖက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ဖြစ်ကြောင်း တွေ့ရသည်။ အလွန်သန်မာပြီး အော်ရာထုတ်ဖော်လိုက်သည်နှင့် အရိုးကွဲလောက်သည့် အအေးဓာတ်က နေရာတိုင်းကို ပျံ့နှံ့သွားလေသည်။ တကယ့်ကို သာမန်လူမဟုတ်ချေ။

ထိပ်ဆုံးလေးနေရာအတွင်း ဝင်နိုင်သူများမှာ သာမန်မဟုတ်ကြပါချေ။

ဟန်မင်က တောင်တန်းနှင့်မြစ်တို့၏ ကောင်းချီးပေးခံရထားရသည့်တိုင် ထိပ်ဆုံးသုံးဦးထဲမဝင်နိုင်ခဲ့ရာ ဤလူက အလွန်သန်မာရပေမည်။

"နာမည်ပြောပါ "

ကျန်းဟောင်က ရွှေအမြုတေအဆင့် စီနီယာကိုမြင်ပြီး အံ့အားသင့်သွားပြန်သည်။ အခြားသောပြိုင်ပွဲများတွင်လည်း တူညီသည့်ဒိုင်ကို အသုံးပြုသလား တွေးနေမိသည်။

"ဥပဒေခန်းမ၊ နင်ဝမ်ပင်း"

"အသည်းကွဲကမ်းပါးက ကျန်းဟောင်ပါ"

ပြိုင်ဖက်က တိုက်ခိုက်ရန် အလျင်မလိုသောကြောင့် ကျန်းဟောင်လည်း စောင့်နေလိုက်သည်။

ပြိုင်ဖက်က အရှိန်အဟုန်မြှင့်ရန် အချိန်ယူနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ချက်ချင်းဆိုသလို ၎င်း၏ စွမ်းအင်များက ကျန်းဟောင်ဆီ ရောက်လာခဲ့သည်။

ဆေဘာဆန္ဒဖြင့် တိုက်ခိုက်မှုအား ကာလိုက်သည်။ နင်ဝမ်ပင်း၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုက မြန်ဆန်ကြမ်းတမ်းသော်လည်း ကျန်းဟောင်က ကာကွယ်လိုက်နိုင်သည်။

အပြင်လူများအပြင်တွင် သူတို့က ဒီတိုင်းရပ်နေခြင်းဖြစ်သည်။ သို့ပေသိ တကယ်တမ်းက စိတ်ဝိညာဥ်နှင့် အော်ရာချင်း ရင်ဆိုင်နေခြင်းဖြစ်သည်။

"အသည်းကွဲကမ်းပါးက စီနီယာအစ်ကိုကျန်း ဘယ်လောက်ကြာကြာတောင့်ခံနိုင်မယ်ထင်လဲ"

"မသိဘူး တခြားပြိုင်ပွဲသွားကြည့်ရအောင် ဒါကြီးက ပျင်းစရာကောင်းလွန်းတယ်"

"ကောင်းပြီ သွားစို့"

လူအချို့ ထထွက်သွားကြသည်။

ထွက်သွား၍ သိပ်မကြာခင်တွင် ကွင်းထဲမှ ပေါက်ကွဲသံကြားရသဖြင့် လှည့်ကြည့်လိုက်ကြသည်။

နင်ဝမ်ပင်းက ဒူးတစ်ဖက်ထောက်၍ ဓားကျိုးဖြင့် အားပြုနေရကြောင်း အံ့သြဖွယ် တွေ့မြင်လိုက်ကြရသည်။ သူက တုန်ယင်ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်၏။

"ဘာဖြစ်သွားတာလဲ"

ထထွက်သွားသူများမှာ အရေးကြီးအခိုက်အတန့်ကိုလွတ်၍ စိတ်ပျက်သွားကြသည်။ နင်ဝမ်ပင်း ဘယ်လိုကြောင့် ရှူံးသွားတာလဲ။

ကျန်းဟောင် သက်ပြင်းချသည်။ အရှိန်အဟုန်ကိုမြင့်မားစွာ မြှင့်တင်ခြင်းက လျင်မြန်စွာအားကုန်စေကြောင်း သူ နားလည်ထားသည်။ မဟုတ်ပဲ တိုက်ပွဲသာကြာနေပါက သူ၏ ကျင့်ကြံခြင်းအဆင့်က ပေါ်သွားနိုင်လေသည်။

ပြိုင်ဖက်က ဝိညာဥ်စွမ်းအင်ဖြင့် ဓားကိုသုံးသည်တွင် သူက ဆေဘာဖြင့် သုံးချက်ခုတ်ခဲ့သည်။ ပထမဓားချက်က ရန်သူနဲ့ရင်ဆိုင်ရာတွင် အသုံးမဝင်ခဲ့ပေ။ ဒုတိယဓားချက်က နင်ဝမ်ပင်း၏ ဓားကိုကျိုးစေခဲ့သည်။ ကျန်းဟောင်သာ တတိယဓားချက်ကို မလျှော့ပေးခဲ့ပါလျှင် နင်ဝမ်ပင်း သေသွားနိုင်လေသည်။

"ကျေးဇူးတင်ပါတယ်" ကျန်းဟောင် ပြောပြီး ဦးညွတ်သည်။

"အတူတူပါပဲ" နင်ဝမ်ပင်း ထရပ်လိုက်၏။

ကျန်းဟောင်သာ နောက်ဆုံးတိုက်ကွက်အား မလျှော့ပေါ့ပေးခဲ့ပါလျှင် သူ သေသွားမည်ဖြစ်ကြောင်းသိလေသည်။

စီနီယာက သူ့အနားရောက်လာပြီး အနိုင်ရသူအဖြစ် ကြေညာပေးသည်။ သူက ကျန်းဟောင်ကို ပြုံးကြည့်လိုက်သည်။

"ဆုကို ဘယ်အချိန်ရွေးချင်လဲ" ကျန့်လဲ့က မေးသည်။

ကျန်းဟောင်၏ တိုက်ပွဲများကို အစကတည်းက ကြည့်ခဲ့ရသည့်အတွက် ဤဂျူနီယာက နှိမ့်ချပြီး အားကောင်းသူဖြစ်ကြောင်း သိလေသည်။

ကျင့်ကြံမှုက ခိုင်မာပြီး ဓမ္မရတနာကလည်း အားကောင်းသည်။ တိုက်ခိုက်ရေးနည်းစနစ်များကလည်း သန်မာ၏။

"အခုလုပ်လို့ရမလား "

"ဒါပေါ့ တခြားသူတွေကတော့ တရားဝင်ကြေညာပြီးမှဖြစ်နိုင်တယ် မင်းက အနိုင်ရသူဆိုတော့ အခုရွေးနိုင်တယ်"

ကျန့်လဲ့က သူ့ကို ဆုများပြသထားသည့်နေရာကို ခေါ်သွား၏။" ရွေးပေတော့"

ကျန်းဟောင်က ဆုများကို သေချာကြည့်ဟန်ပြုပြီးမှ အစေ့အား ရွေးချယ်လိုက်သည်။

"ဒါကိုယူမှာသေချာလား" ကျန့်လဲ့က ပြောသည်။ "ကြိုက်တာ ရွေးလို့ရတယ်နော် ပြိုင်ပွဲဖြစ်တဲ့အတွက် တစုံတယောက်ကို ဆန့်ကျင်မိမှာ စိတ်ပူစရာမလိုဘူး ရတနာတွေအားလုံးကို ဂိုဏ်းကပိုင်တယ် "

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ဒါက ကျနော့်အတွက် သင့်တော်မယ်ထင်ပါတယ်"

ဒီအစေ့က သူလိုချင်နေသည့်အရာဖြစ်သည်။ ၎င်းအတွက်ကြောင့်ပဲ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်၏။

ကျန့်လဲ့က ဘာမှမပြောတော့ပဲ အစေ့ပါသည့်ဘူးကို သူ့အား ပေးသည်။

ကျန်းဟောင်လည်း အသည်းကွဲကမ်းပါးကိုပြန်လာခဲ့သည်။ ၎င်းကို ကောင်းကင်ဘုံရနံ့တာအိုပန်းနား စိုက်ပျိုးရန်လိုသည်။ ခုနစ်ရက်ကြာပြီးပါက ပိုကျယ်ဝန်းသည့် နေရာကို ပြောင်းရွေ့နိုင်သည်။

ကျန့်လဲ့က ကျန်းဟောင် ထွက်သွားသည်ကိုကြည့်ပြီး သက်ပြင်းချသည်။ ပြိုင်ပွဲကိုနိုင်သူက အသုံးမကျဆုံးဆုဖြင့် အဆုံးသတ်သွားသည်။ အခြားသူများအတွက်တော့ ကံကောင်းသည်ပင်။

ဒုတိယရသူက အပျော်ဆုံးဖြစ်မှာ သေချာသည်။

ဒါပေမဲ့ လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသောကြောင့် သူ ဘာမှမပြောပေ။

အစေ့ကိုစိုက်ပျိုးပြီးနောက် ထရပ်ကာ အဝတ်ပေါ်က ဖုန်များကိုခါလိုက်သည်။

"နောက်ခုနစ်ရက်စောင့်ဖို့လိုတယ်"

ထို့နောက် ဆေးဥယျာဥ်ကိုသွားလိုက်သည်။ လွန်ခဲ့သည့် ရက်အချို့က ဥယျာဥ်ထဲက ပျက်စီးနေသည့် မြေနေရာနဲ့ပတ်သတ်ပြီး မေးမြန်းခိုင်းထားသည်။

"စီနီယာအစ်ကိုကျန်း အဲ့နေရာမှာ အရိုးတစ်ရာတောအုပ်က အရိုးပန်းရှိတယ်ဆိုတာ ရှာတွေ့ပါတယ်"

"ဘယ်လိုသိတာလဲ"

"ဒီမနက် ဦးလေးယုန်က အခြားနေရာတခုမှာ ပြဿနာထပ်တွေ့ခဲ့တယ် ကျနော်တို့ စစ်ဆေးကြည့်တော့ အာဟာရဓာတ်တွေ ပျက်စီးနေတယ် ဆင်တူတာက နေရာနှစ်ခုလုံးမှာ အရိုးပန်းတွေ စိုက်ပျိုးထားတာပဲ"

"ငါ့ကို ခေါ်သွားပေး" ကျန်းဟောင် ပြော၏။

သူက ဆေးဥယျာဥ်ကို စောင့်ရှောက်ရသူဖြစ်သည်။ စိုက်ပျိုးထားသည့် အပင်များနဲ့ပတ်သတ်ပြီး ဆေးဥယျာဥ်တခုခုဖြစ်ပါက သူ အပြစ်တင်ခံရပေမည်။ အလုပ်ကို သေချာမလုပ်ဟု သတ်မှတ်ခံရမည်။

All Chapters