နတ်စွမ်းရည်အသစ်
Vol. 6 Ch. 82
"အရိုးပန်းမှာ ပြဿနာရှိနေတယ်" ကျန်းဟောင် ပြောသည်။ "ဆေးဥယျာဥ်ကို ဖျက်ဆီးနေတယ် အမြစ်မနုတ်ရင် ဒီထက်ပိုပြီး ပျက်စီးလိမ့်မယ်"
"အရိုးတစ်ရာတောအုပ်က ဆေးဥယျာဥ်ကို ဖျက်ဆီးချင်နေတယ်လို့ပြောနေတာလား" လီကိုင်က ဆိုသည်။ "ဘာလို့ မင်းတယောက်တည်း ပြဿနာဖြစ်နေရတာလဲ တခြား ဆေးဥယျာဥ်တွေဆို ငါတို့လူမလာမခြင်း အရိုးပန်းတွေကို လွှတ်ထားပေးကြတယ် မင်းက လုံလောက်အောင် အားကောင်းနေလို့ ငါတို့ကို ဂရုစိုက်စရာမလိုဘူးလို့ တွေးနေတာလား"
"ငါတို့ ဆေးဥယျာဥ်မှာ အရိုးပန်းတွေစိုက်တော့ ဘယ်သူမှ ပြဿနာရှိတယ်လို့ မပြောခဲ့ကြဘူး အရိုးပန်းအရွယ်ရောက်ခါနီးမှသာ မင်းဆီက စောဒကတက်သံကြားရတယ် အရိုးပန်းမှာ တကယ်ပဲပြဿနာဖြစ်နေတာလား ဒါမှမဟုတ် မင်းကပဲ ငါတို့နဲ့ ပြဿနာရှိနေတာလား"
အပြစ်တင်မှုများက ကျန်းဟောင်ဆီ ရောက်လာ၏။ အသုံးမဝင်သောကြောင့် သူ့အနေနဲ့ တန်ပြန်အငြင်းပွားနေခြင်းမပြုပေ။
"ကျုပ် နှစ်ခါလာရှာခဲ့တယ်" ချန်ချိုးက ကျန်းဟောင်ဖက်ကနေ ဝင်ပြောသည်။ "ပြဿနာကို အသေးစိတ်ပြောပြခဲ့ပေမဲ့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး ကိစ္စတွေကိုသာ ဒီလောက်ထိအချိန်မဆွဲခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး"
"ဟမ့်" လီကိုင်က ချန်ချိုးကို စိုက်ကြည့်လိုက်ပြီး "အရိုးတစ်ရာတောအုပ်က အရိုးပန်းတွေကို ဂရုစိုက်ဖို့ မင်းကို ခန့်ထားတာ မင်းခေါ်တိုင်းလာရအောင်များမှတ်နေလား နောက်ပြီး ငါတို့မှာ အရေးပေါ်ကိစ္စရှိတယ်လို့ မင်းကိုပြောခဲ့ပြီးပြီ ရက်အနည်းငယ်လောက် စောင့်ပေးရတာ သာမန်မဟုတ်ဘူးလား ဒီလိုမျိုး အရိုးပန်းတွေကို ဖျက်ဆီးပစ်လိုက်တာ အဆင်ပြေတယ်ပေါ့"
ကျန်းဟောင်လည်း ချန်ချိုးအား လုပ်စရာရှိတာဆက်လုပ်ရန် ပြောသည်။ ချန်ချိုးလည်း ထွက်ခွာသွားခဲ့သည်။
"စီနီယာအစ်ကိုလီက ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်တာပါလဲ ပြီးခဲ့တာကပြီးခဲ့ပြီပဲ အကျယ်အကျယ်မဖြစ်တာ ပိုကောင်းမယ်မဟုတ်လား "
"ကောင်းပြီလေ အရွယ်ရောက်ပြီးသား အရိုးပန်းက ဝိညာဥ်ကျောက်တုံး ၅ တုံးတန်တယ် အရိုးပန်း ၅၀၀ အတွက် ဝိညာဥ်ကျောက်တုံး ၂၅၀၀ ပေးရမယ်"
"အရိုးပန်းက ဝိညာဥ်ကျောက်တုံး ၃ တုံးပဲတန်တာမဟုတ်ဘူးလား "
"အဲ့ဒါက အရင်ကလေ မိုးပြာတောင်တန်းနဲ့ တိုက်ပွဲဖြစ်ပြီးတော့ အားလုံးဈေးတက်သွားပြီ နောက်ပြီး မင်း ဂိုဏ်းအတွက် အတော်လေး အကျိုးဆောင်ခဲ့တယ်လို့ကြားတယ် ဒီအတွက် ဝိညာဥ်ကျောက်တုံး အဆင်ပြေမှာပါ ဟုတ်တယ်မလား "
လီကိုင်က ကျန်းဟောင်ကိုသိသည်။ သူ မလာခင် မန်လုံကို ကျန်းဟောင်ကူညီခဲ့သည်အား သိရှိထားလေသည်။
မန်လုံက ဉာဏ်ကောင်းသည်။ ဆုကို သူယူပေမဲ့ ကောင်းကင်နက်ဂိုဏ်းမှလူကို ဖမ်းနိုင်ခြင်းအတွက် အဓိကလုပ်ဆောင်သူကိုမူ ကျန်းဟောင်ဆီ တွန်းပို့ခဲ့သည်။
ဤနည်းအားဖြင့် ကောင်းကင်နက်ဂိုဏ်းမှ လူများက ကျန်းဟောင်ကို အဓိကပစ်မှတ်အဖြစ် သဘောထားကြပေမည်။
ကျန်းဟောင် တိတ်နေ၏။ သူ့တွင် ဝိညာဥ်ကျောက်တုံး ၂၅၀၀ မရှိပါချေ။
"စီနီယာအစ်ကိုလီ အရိုးပန်းတွေကိုရောယူသွားမှာလား" ကျန်းဟောင်က ပုံထားသည့် အရိုးပန်းပုံကြီးအား ကြည့်လိုက်သည်။
"ဒါပေါ့ ပန်းက ငါတို့ ဥစ္စာပဲ ပြန်ယူသွားရမှာပေါ့" လီကိုင်က ပြောသည်။
"ဒါဖြင့် ဈေးနည်းနည်းမလျှော့ပေးနိုင်ဘူးလား"
"အရိုးပန်းက အစတည်းက ငါတို့ဟာ၊ လျော်ကြေးက မင်းဖျက်ဆီးလို့ပေးရတာပဲ ဒီနှစ်ခုက ဘာမှမဆိုင်ဘူး မင်း လျော်ကြေးကို တခါတည်းပေးမှာလား မပေးနိုင်ရင် သုံးလခွဲပေးနိုင်တယ် ငါက ကျိုးကြောင်းကျတဲ့လူပါ သုံးလမရရင် ခြောက်လပေးနိုင်တယ် အတိုးတော့ ရှိမှာပေါ့"
လီကိုင်က သူ့ကို တမင်ရည်ရွယ်နေကြောင်း သိလိုက်သည်။
"ကောင်းပါပြီ" သူက ဝိညာဥ်ကျောက်တုံး ၅၀၀ ကိုထုတ်ပြီး လီကိုင်အား ပေးသည်။ "ဒါကို လောလောဆယ် လက်ခံထားပေးပါ ကျန်တာကို နောက်သုံးလအတွင်း ပေးပါမယ် "
"ကောင်းပြီလေ မင်းနဲ့ ပြောဆိုရလွယ်သားပဲ ဂျူနီယာညီလေးကျန်း " လီကိုင်က လှောင်ပြုံးသည်။ "မင်းရဲ့ ဥယျာဥ်က အာဟာရဓာတ်တွေထိခိုက်သွားတယ်လို့ကြားတယ် ငါ့မှာ အာဟာရဓာတ်ပြန်ဖြည့်တင်းပေးနိုင်တဲ့ ရတနာရှိတယ် မင်းကို ဝိညာဥ်ကျောက်တုံး ၁၀၀၀ နဲ့ရောင်းပေးမယ် တခြားလူဆို အဲ့ဈေးနဲ့မရဘူးနော် "
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်" ကျန်းဟောင် ခေါင်းညိတ်သည်။
ကျန်းဟောင်က ပုလဲနက်နှစ်လုံးကိုကိုင်ထားပြီး လီကိုင် ထွက်သွားသည်အား ကြည့်နေသည်။ ထို့နောက် အကဲဖြတ်စွမ်းရည်အား အသုံးပြုလိုက်သည်။
[လီကိုင်၊ အရိုးတစ်ရာတောအုပ်၏ အတွင်းစည်းတပည့်၊ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသည်၊ မင်ဇိုချွမ်၏ ညွှန်ကြားချက်အရ အရိုးပန်းကိုယူပြီး သင့်အား ငွေညှစ်ခြင်းပင်၊ သင့်ကို တုံးအပြီး ချမ်းသာသည်ဟုတွေးနေခြင်းကြောင့် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်၊ ခုနစ်ရက်ကြာပြီးနောက် မင်ဇိုချွမ်အား သတင်းပို့ရမည်ဖြစ်သည်]
"မင်ဇိုချွမ်"
ထိုနာမည်အား သူ ဝိုးတိုးဝါးတား မှတ်မိသည်။ ၎င်းက အရိုးတစ်ရာတောအုပ်၏ အစစ်အမှန်တပည့်ဖြစ်သည်။
"ပိုင်ရီ ပေါ်မလာခဲ့ဘူး"
ခုနစ်ရက်ကြာပြီးနောက် မင်ဇိုချွမ်အား သွားရှာရန် ဆုံးဖြတ်လိုက်သည်။
ချန်ချိုးကိုရှာပြီး အဆင်ပြေလားမေးသည်။ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ပုလဲနှစ်လုံးကို အရိုးပန်းများစိုက်ထားသည့် နေရာတွင် မြုပ်နှံခဲ့သည်။
အာဟာရဓာတ်များပြည့်လာပေမဲ့ အရင်လို မြေသြဇာမကြွယ်ဝတော့ပေ။ ထိုနေရာအား အရင်လိုပြန်ဖြစ်စေလိုပါက တစုံတခုကိုရှာရပေမည်။
ထို့နောက် အိမ်ပြန်လာပြီး ကောင်းကင်ဆေဘာ ဒုတိယအကွက်အား လေ့လာသည်။ ကျန်းဟောင်က အချိန်များကို အိမ်နှင့် ဆေးဥယျာဥ်တွင်သာအသုံးချ၍ အလုပ်လုပ်နေသည်။
ခုနစ်ရက်မြောက်နေ့ သူ စောစောနိုးလာပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းအား ရေလောင်းသည်။ ပန်း၏ မွှေးရနံ့က သူ့စိတ်ကို ကြည်လင်စေ၏။
သို့သော် သူ့အာရုံကိုဆွဲဆောင်ထားသည်က ကောင်းကင်ဘုံရနံ့တာအိုပန်းမဟုတ်ပဲ အင်မော်တယ်မက်မွန်ပင်ဖြစ်သည်။
မြေလွှာကိုထိုးဖောက်ပြီး ဖူးသစ်စအရွက်များက လှပနေကြသည်။ ထို့အပြင် ခရမ်းရောင်ပူဖောင်းကလည်း သူ့အနားတွင်ရှိနေသည်။
နတ်စွမ်းရည်အပိုင်းအစ +၁
ရွှေရောင်မဟုတ်ပေမဲ့ သူ ပျော်နေဆဲဖြစ်၏။ ခရမ်းရောင်ပူဖောင်းအား အတော်ကြာအောင်စောင့်နေခဲ့ရသည်။ သူ့အနေနဲ့ နတ်စွမ်းရည်အသစ်ရနိုင်မည်မဟုတ်ပါလော။
သူ အလျင်မလိုပေ။ ထို့အစား အကဲဖြတ်စွမ်းရည်အား အပင်ပေါက်ပေါ် အသုံးပြုလိုက်သည်။
[မက်မွန်သီးပင်ပေါက်၊ အင်မော်တယ်မက်မွန်ပင်နှင့် သက်ဆိုင်သည်၊ အသီးသီး၍ ကိုးကြိမ်ပြန်မွေးဖွားလာပြီးနောက် အင်မော်တယ်မက်မွန်သီးပင်အဖြစ်သို့ အပြည့်အဝရောက်ရှိပေလိမ့်မည်၊ နတ်ရတနာနားတွင်ထားပြီး နေ့တိုင်း ရေလောင်းပါ၊ ကြီးထွားနှုန်းမြန်ဆန်ပြီး မက်မွန်သီးများရပေမည်]
"ရေလောင်းရမယ်"
ကျန်းဟောင် အံ့သြသွား၏။ အစေ့ကိုဖောက်ရန် အတော်လေးလုပ်ဆောင်ခဲ့ရပြီး ဝိညာဥ်ကျောက်တုံး ၉၉ တုံးဖြင့် ဝန်းရံခဲ့ရသည်။ သို့သော် အမြစ်တွယ်ပြီးနောက် ဂရုစိုက်ရလွယ်သွားခဲ့သည်။
ကျန်းဟောင် သိချင်သွားမိ၏။ ပိုများတဲ့ ဝိညာဥ်ကျောက်တုံးတွေနဲ့ဆို ကွာခြားသွားနိုင်မလား။။
နတ်ရတနာနားတွင် ထားရန်အတွက်မူ စိုးရိမ်စရာမရှိပါချေ။ ၎င်းက ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် ပေါက်နေသည်မဟုတ်ပါလား။
သူ အခန်းကိုပြန်လာခဲ့၏။
နတ်စွမ်းရည် ၃/၃ (ရရှိနိုင်)
စွမ်းရည်ကိုရယူရန် ရွေးချယ်လိုက်သည်။
သူ့အတွေးများ ပြန့်ကြဲသွားပြီး စိတ်ဝိညာဥ်စွမ်းအင်များမှာ နဖူးအလယ်တွင် စုဝေးသွားကြသည်။ သူ၏ စွမ်းရည်အသစ်က ထိုနေရာတွင် တည်ရှိကြောင်း နားလည်သွားရသည်။
ခဏကြာပြီးနောက် စွမ်းရည်အသစ်၏ နာမည်အား သိလိုက်ရသည်။
ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း